မရဏလှံရှည်
Vol. 28 Ch. 388
အခန်း (၃၈၈) မရဏလှံရှည်
ကျန်းလန် ခွန်လွန်တောင်မှ ထွက်လာသည်မှာ (၁၄) နှစ်ရှိပြီ ဖြစ်သည်။
ယနေ့တော့ သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး တန်ခိုးစွမ်းအားမျာကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်သည်။
ထိုခဏတွင် သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပွင့်လန်းထွက်ပေါ်လာသည်။ သူ၏ အသွေး ၊ အသား ၊ သွေးကြောဆုံချက်များနှင့် အရိုးများအားလုံး ရွှေရောင်အလင်းတန်းများဖြင့် ဖုံးအုပ်သွား၏။
သူ့ခန္ဓာကိုယ်က အတွင်းအပြင် အပြစ်ကင်းစင်လျှက် ရှိသည်။
သူ၏ ရွှေခန္ဓာကျင့်စဉ် အဆင့်တက်သွားပြီး နတ်ဘုရားဝိညာဉ်နယ်မြေသို့ ဝင်ရောက်ခဲ့သည်။ ထိုသို့ဖြင့် သူသည်လည်း မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ခြေလှမ်းနိုင်ခဲ့သည်။
"မဟာတာအိုကို နားလည်သွားတာကြောင့် ငါ့ရဲ့ရွှေခန္ဓာကျင့်စဉ်က အဆင့်တက်သွားတဲ့ လက္ခဏာတွေပြလာတာပဲ ၊ အဲဒါက နောက်ဆုံးအဆင့်ဖြစ်တဲ့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ဦးတည်သွားမယ်ထင်တယ်"
ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်သည်။
ထို့ကြောင့်လည်း သူက ဤနေရာတွင် အချိန်အနည်းငယ်ဆက်လက်နေထိုင်ပြီး တစ်ယောက်တည်းကျင့်ကြံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကတည်းက သူ ထွက်ခွာသွားမည် ဖြစ်သည်။
ထိုအချိန်ကပင် သူက မိုးနဲ့မြေမှ သူ၏ကိုယ်ပိုင်တာအိုလမ်းစဉ်ကို အသိအမှတ်ပြုမှု ရရှိခဲ့ပြီးပြီ မဟုတ်ပါလား။ သူ၏ မဟာတာအိုက ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
သို့သော် ကိုယ်ပိုင်တာအိုလမ်းစဉ်အသိအမှတ်ပြုခံရခြင်းက ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားစေမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
သူ မျှော်လင့်ထားသည်ထက်ပင် အချိန်စောပြီး မိုးကောင်းကင်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ သို့သော် ယခု အောင်မြင်ခြင်းက အရင်အတိတ်ကနှင့် မတူကွဲပြားသည်။
ရွှေခန္ဓာကျင့်စဉ်မှာ အဆင့်တက်သွားသော်လည်း ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် တာအိုကို နားလည်ခြင်းကတော့ ပြီးပြည့်စုံသွားပြီ ဖြစ်သည်။
"ခွန်လွန်တောင်မှာ ဆုံခဲ့ရတဲ့ ဟိုနတ်မိစ္ဆာနဲ့ယှဉ်ရင် အများကြီးအားနည်းသေးတယ်လို့ ခံစားရတယ် ၊ ကြည့်ရတာ မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ဖို့က ရွှေခန္ဓာအပေါ် ပိုပြီး အာရုံစိုက်တာ ဖြစ်ရမယ်"
ကျန်းလန် သူ့လက်များကို ငုံ့ကြည့်လိုက်ရင်း သူ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားများကို ခံစားကြည့်လိုက်သည်။
သို့သော် သူ၏ တန်ခိုးစွမ်းအားများက ခွန်လွန်တော်ငတွင် သူ့ကို လာရောက်နှုတ်ဆက်စကားဆိုသည့် နတ်မိစ္ဆာဖေးယွမ်နှင့်ယှဉ်လျှင် များစွာ နိမ့်ကျနေသေးသည်ဟု ခံစားမိသည်။
"ကြည့်ရတာ အဲဒီလူက ရွှေခန္ဓာအောင်မြင်ထားတာ ဖြစ်ရမယ် ၊ သူ လိုအပ်နေတာက သူ့ရဲ့တာအိုလမ်းစဉ်ကို မိုးနဲ့မြေအသိအမှတ်ပြုမှုပဲ"
ကျန်းလန်သဘောပေါက်သွားသည်။
ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးနဲ့မြေအသိအမှတ်ပြုခံရသည့်အဆင့်တွင် အဆင့်မတက်နိုင်ဘဲ မျာစွာပိတ်မိနေကြပေလိမ့်မည်။
မဟာတာအိုကို အပြည့်အဝနားလည်ပြီး ရွှေခန္ဓာကျင့်ကြံအောင်မြင်ခြင်းမရှိသေးသည့် သူလိုလူများလည်း ရှိကြမည်ပင်။ သို့သော် အနည်းစုသာ ဖြစ်ပေလိမ့်မည်။
ကျင့်ကြံသူတစ်ယောက် တစ်စိုက်မတ်မတ် ကြိုးစားနေသရွေ့ အချိန်တန်လျှင် ရွှေခန္ဓာကတော့ ကျင့်ကြံအောင်မြင်သွားမည်ပဲ ဖြစ်သည်။
ရွှေခန္ဓာကျင့်ကြံအောင်မြင်သည့်အဆင့်က အနည်းနှင့်အများ အန္တရယ်တော့ ရှိမည်ပင်။
အခြားဘက်တွင်တော့ မဟာတာအိုကို အပြည့်အဝနားလည်ခြင်းကတော့ အန္တရယ် မရှိပေ။ သို့သော် ကံကောင်းမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။
အချို့ကတော့ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ရှာဖွေနိုင်မည် ဖြစ်သော်လည်း အချို့ကတော့ ဘယ်သောအခါမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မိုးနဲ့မြေ အသိအမှတ်ပြုစေရန်ကတော့ ပြောနေစရာပင် မလိုတော့ပေ။
"ကြည့်ရတာ ငါ အတော်လေး ကံကောင်းပုံရတယ်"
မဟာတာအိုကို နားလည်သည့်အဆင့်ရောက်ရှိရန်မှာ လုံလောက်သည့်ကြိုးစားအားထုတ်မှုအပြင် ကံကောင်းရန်လည်း လိုအပ်သည်။
တစ်ခါတစ်ရံ ကံကောင်းခြင်းများ ရောက်လာခဲ့သည့်တိုင် လုံလောက်သည့် ကြိုးစားအားထုတ်ခြင်း မရှိပါက အခွင့်အလမ်းများ ဆုံးရှုံးသွားမည်သာပင်။ အသင့်ပြင်ထားသူများအတွက်သာ အခွင့်အလမ်းက စောင့်နေခြင်း ဖြစ်၏။
ကျန်းလန် တွေးနေစဉ်မှာပင် အပြင်ဘက်မှ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို သတိပြုလိုက်မိသည်။
ယခု နှစ်များတစ်လျှောက် သူ့အနားချဉ်းကပ်လာသည့် သားရဲအချို့ ရှိခဲ့သော်လည်း အစီအရင်အတွင်းသို့ပင် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ကြပေ။ ယခု ရောက်ရှိလာသူကတော့ အဘယ့်ကြောင့် အစီအရင်ထဲသို့ ဝင်ရောက်လာရပါသနည်း။
"အခု ရောက်လာတဲ့သူက အစီအရင်ပညာ ကျွမ်းကျင်တဲ့သူများလား"
ကျန်းလန်သည် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူ့အစီအရင်ကို တစ်စုံတစ်ယောက်က အနှောက်အယှက် ပေးနေသလို ခံစားလိုက်ရ၏။
မြူခိုးများက အန္တရယ်ပေးခြင်းလား။
ချက်ချင်းပင် လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တောထဲတွင် ပေါ်လာလေ့ရှိသည့် မြူခိုးများအကြောင်း ကျန်းလန် တွေးလိုက်မိသည်။
ဤနေရာတွင် မြူခိုးများက အနည်းငယ် ထူးဆန်းသော်လည်း ကျန်းလန် မလှုပ်ရှားသရွေ့ ထိခိုက်မည် မဟုတ်ပေ။ ပြင်ပသို့ မထွက်ခွာခင် သူ့ထံသို့ ရောက်ရှိလာမည့်လူများကို ကျန်းလန် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မည်သည့်အန္တရယ်မှ မရှိလျှင် သူ ခွန်လွန်တောင်သို့ ပြန်မည်။ ထို့နောက် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အောင်မြင်ခဲ့ပြီး အင်မော်တယ်ဖြစ်လာခဲ့ပြီဟု ပြောမည်။
နောက်ပိုင်းကိစ္စများကတော့ တောင်သခင်များ၏ အစီအစဉ်အတိုင်း မီးစင်ကြည့်ကရန်သာ ရှိသည်။
ယခုဆိုလျှင် သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၈၄) နှစ် ရှိပြီ ဖြစ်သည်။ ပါရမီရှင်တစ်ယောက်နှင့်ယှဉ်လျှင် အင်မော်တယ် ဖြစ်ရန်အတွက် သူက အနည်းငယ် ပိုမိုမြန်ဆန်နေသည်။
သို့သော် ဤသည်က အံ့သြစရာတော့ မဟုတ်ပေ။
လူသားပါရမီရှင်အများစုသည် နှစ်ပေါင်း(၆၀၀)ခန့်အတွင်း အင်မော်တယ် ဖြစ်လာတတ်ကြသည်။ ထိုအချိန်ကာလမတိုင်ခင် အင်မော်တယ်ဖြစ်သူ အလွန်နည်းပါးသည်။
အချိန်စောပြီး အင်မော်တယ်ဖြစ်လာရန်အတွက် အခွင့်အလမ်းများနှင့် ရင်းမြစ်များစွာ လိုအပ်သည်။
"သူတို့ဝင်လာကြပြီ"
အစီအရင်အတွင်းသို့ ဝင်ရောက်လာသူမှာ လူ (၂)ယောက်ဖြစ်ကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။ ကျန်းလန်က မြေကြီးတွင်းထဲမှနေပြီး အပေါ်ဘက်မှ လူ (၂)ယောက်ကို အကဲခတ်ကြည့်လိုက်သည်။
"နတ်မိစ္ဆာ (၂)ယောက်ပဲ ၊ နှစ်ယောက်လုံးက မရှိမှုအာကာသအဆင့် ရှိကြတယ်"
ထိုသူ (၂)ယောက်က မိုးကောင်းကင်အင်မော်တယ်များလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိသည့်တိုင် ကျန်းလန်ကတော့ သတိဖြင့်သာနေသည်။ သူနေထိုင်သည့်နေရာသို့ ယခုလို ချဉ်းကပ်လာခြင်းမှာ အန္တရယ်ကို ကိုယ်စားပြုသည်။
ထို့ကြောင့် အလေးအနက် ထားရမည်ပင်။
"ဒီနေရာက ဘာလဲ"
အပေါ်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ရောက်လာသည့် ကျောက်တုံးမိစ္ဆာ (၂)ယောက်က ပတ်ဝန်းကျင်မှ အပျက်အစီးများကို လှည့်ပတ်ကြည့်ရှုနေကြသည်။ ထိုနတ်မိစ္ဆာ (၂)ယောက်မှာ မြူခိုးများ၏ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရပြီး ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။
သူတို့ အနည်းငယ် အံ့အားသင့်နေကြပြီး လက်ထဲတွင်လည်း သယ်ဆောင်လာသည့် ကျောက်တုံးများကို ကိုင်ထားဆဲပင်။ နှစ်ပေါင်းများစွာ ကျောက်တုံးသယ်သည့်အလုပ်လုပ်ခဲ့ပြီးနောက် အကျင့်ပါနေခဲ့ခြင်းလည်း ဖြစ်သည်။
အမည်မသိနေရာတစ်ခုသို့ ရော်ကနေသည့်တိုင် ကျောက်တုံးများကို လွှတ်မချကြသေးပေ။
အရပ်ရှည်ရှည်နှင့် ကျောက်တုံးနတ်မိစ္ဆာက…
"စောစောက ကျုပ်တို့ကို မြူခိုးတွေက ဆွဲခေါ်သွားတာ မဟုတ်လား ၊ ဒါပေမဲ့ ဒီနေရာမှာ ရုတ်တရက် ရပ်သွားတယ် ၊ ကျုပ်တို့ မြူခိုးတွေထဲက ပြုတ်ကျပြီး မျက်စိလည်ကုန်တာ ဖြစ်ရမယ်"
ခပ်သေးသေး ကျောက်တုံမိစ္ဆာက…
"နေဦး ၊ ဒီနေရာမှာ လမ်းလျှောက်ရတာလည်း စက်ဝိုင်းထဲ လျှောက်သွားနေရသလိုပဲ ခံစားရတယ်"
အရပ်ရှည်ရှည်နှင့် ကျောက်တုံးမိစ္ဆာက လက်ထဲမှ ကျောက်တုံးကို အောက်သို့ချရန် ကြိုးစားလိုက်ရင်း…
"ခဏလောက် နားကြရအောင်ကွာ"
ခဏအကြာတွင်တော့ သူတို့ ဘေးဘက်တွင် မတ်တတ်ရပ်ရင်း ဟိုကြည့်ဒီကြည့် လုပ်နေကြသည်။ ဤနေရာတွင် ကြီးမားသည့် ကျောက်တုံးများစွာ မရှိသော်လည်း ကျောက်စရစ်ခဲများစွာ ရှိသည်။
သို့သော် သူတို့၏အရင်နေရာက မည်သည့်နေရာတွင်ဖြစ်ကြောင်း ခန့်မှန်းမရနိုင်ဖြစ်နေသည်။
အရပ်ရှည်ရှည်နှင့် ကျောက်တုံးမိစ္ဆာက…
"ပြန်လမ်းမရှာခင် ခဏနားမယ်ကွာ"
"အင်း…"
သေးငယ်သည့် ကျောက်တုံးမိစ္ဆာက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက မေးခွန်းထုတ်လိုက်၏။
"ဘာလို့ ကျောက်တုံးတွေကို နေ့ရောညပါ သယ်နေရတာလဲ"
"ပြီးခဲ့တဲ့တစ်ခေါက်က ကျုပ် အနားကို ရောက်သွားတယ်ကွ သိလား ၊ အဲဒါ ရေတွင်းလိုအရာမျိုးတစ်ခုပဲ ၊ ဒါပေမဲ့ အရမ်းကြောက်စရာကောင်းတယ် ၊ နောက်တော့ သူတို့စကားပြောနေတာ ကျုပ်ကြားတာက…"
အရပ်ရှည်ရှည်နှင့် ကျောက်တုံးမိစ္ဆာက ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာလိုက်ပြီးမှ စကားဆက်ပြောသည်။
"မရဏလောကလို့ လူသိများတဲ့ အဆုံးမဲ့အသူရာချောက်နက်ကြီးကို ဆက်သွယ်ဖို့ ဒီကျောက်တုံးတွေကို အသုံးပြုနေတာတဲ့ကွ ၊ ဒါပေမဲ့ အဲဒါ မှန်လား မှားလားတော့ ကျုပ်လည်း မသိဘူး"
"ဒါပေမဲ့ကွာ… အဲဒါက ကျုပ်တို့လို နတ်မိစ္ဆာငယ်တွေ နားလည်နိုင်တဲ့အရာ မဟုတ်ပါဘူး ၊ ကျုပ်တို့တာဝန်က ကျောက်တုံးတွေ ရွှေ့ပေးဖို့ပဲ မဟုတ်လား"
အပေါ်ဘက်မှ ပြောနေသည့် စကားသံများကို ကြားသည့်အခါ ကျန်းလန် မျက်ခုံးပင့်လိုက်မိသည်။ ထို နတ်မိစ္ဆာ (၂)ယောက်က တမင်ရည်ရွယ်ချက်ရှိရှိဖြင့် ပြောနေသည်လား။
သို့သော်…
နတ်မိစ္ဆာ ၊ ရေတွင်း ၊ မရဏလောက…။
ထိုစကားလုံးများကို ဆက်စပ်ကြည့်သည့်အခါ နတ်မိစ္ဆာများက မရဏလောကသို့ လမ်းကြောင်းတစ်ခုဖွင့်ရန် ကြိုးစားနေသည်ဆိုသည့် အဓိပ္ပါယ် သက်ရောက်သည်။
"ဒီနတ်မိစ္ဆာနှစ်ကောင်က ငါရှိနေတာကို မသိဘူးပဲ"
ကျန်းလန်၏ အမှန်တရားမျက်လုံးအောက်တွင် ဟန်ဆောင်မှုများအားလုံးကို သိမြင်နိုင်သည်။ ယခုအချိန်ထိ ထိုနတ်မိစ္ဆာများ တစ်ခုခုကို ဖုံးကွယ်ထားသည်ကို သူ မတွေ့ရသေးပေ။
"တကယ်လို့ တစ်ယောက်ယောက်က တမင်သက်သက် စီစဉ်တာဆိုရင်တော့ သူတို့က ငါ ဒီနေရာမှာ ရှိနေတာကို အာရုံခံနိုင်လို့ ဖြစ်ရမယ် ၊ ဒါပေမဲ့ ငါ့ရဲ့ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကတော့ ငါ့ကို အာရုံခံကြည့်တဲ့သူ ရှိနေတယ်လို့ မတုန့်ပြန်ဘူး"
"ပြီးတော့ ငါကိုယ်တိုင်ကလည်း ဘာမှ အာရုံမခံမိဘူး ၊ အစီအရင်တွေကလည်း ဘာမှ မတုံ့ပြန်ဘူး ၊ ဆိုတော့ သူတို့ ဒီနေရာကိုရောက်လာပြီး တမင်သက်သက် လုပ်ကြံဇာတ်ဖန်တီးဖို့ဆိုတာက ဖြစ်နိုင်ခြေ သုညပဲ"
ဧကရာဇ်ရှီးဟယ်ဆိုလျှင် သူ၏ တည်နေရာကို ချောင်းမြောင်းကြည့်ရှုပါက သိကောင်းသိနိုင်သည်။ သို့သော် လောကတွင် ဧကရာဇ်ရှီးဟယ်ထက်သာလွန်သူ အနည်းငယ်မျှသာ ရှိသည်။
ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန် စုံစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ နတ်မိစ္ဆာများက ငရဲတံခါးကို ထပ်မံတိုက်ခိုက်ဦးမည်မှာ သေချာသလောက်ပင်။
စိတ်ထဲ ထိုသို့တွေးမိသည်နှင့် ကျန်းလန် ပြင်ဆင်မှုအသစ်များ ပြုလုပ်လိုက်သည်။
သူက မန္တန်ပညာအားလုံးကို ကျွမ်းကျင်ပြီး ဖြစ်သည်။ ထို့ကြောင့် ပြဿနာ မရှိလှပေ။
သူ့တွင်ရှိနေသည့် မှော်ဝင်ပစ္စည်းများကိုလည်း စစ်ဆးကြည့်လိုက်သည်။ သူ့ကို လွတ်မြောက်အောင် ကူညီပေးမည့်အရာများ ၊ ဒဏ်ရာဆေးကုသပေးမည့် အရာများနှင့် တန်ခိုးစွမ်းအား ယာယီ တိုးတက်လာစေသည့် ဆေးဝါးများ ဖြစ်သည်။
ကျန်းလန် ထိုအရာများအားလုံးကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
သူ နဝမတောင်ထွတ်မှာကတည်းက နတ်မိစ္ဆာများ၏ အကြံအစည်ကို သိရှိပြီးသားပင်။ ဘာပဲဖြစ်ဖြစ် အန္တရယ်ရှိလျှင်တော့ ရှင်းပစ်ရမည် ဖြစ်သည်။
သို့သော်…
ရန်သူနှင့် မယှဉ်နိုင်လျှင်တော့ သူ့ကိုယ်သူ အတင်းဖိအားပေးကာ ရင်ဆိုင်မည် မဟုတ်ပေ။ သို့သော် လိုအပ်သည့်လှုပ်ရှားမှုကိုတော့ ပြုလုပ်ရန် ဆုံးဖြတ်ထားသည်။
ထို့နောက် ဤနေရာတွင် စနစ်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်သည်။ ရောက်ကတည်းက ကျင့်ကြံခြင်းကို အာရုံစိုက်နေသည့်အတွက် စနစ်တွင် မှတ်ပုံမတင်ရသေးပေ။
စနစ်မှတ်ပုံမတင်သည်မှာ ဆယ်စုနှစ်တစ်စုကျော်သွားပြီ ဖြစ်လေရာ ပစ္စည်းကောင်းတစ်ခုခု ရရှိနိုင်သည်။ ထို့ပြင် သေချာသည့် နေရာများတွင် သေချာသည့် ပစ္စည်းများ ရရှိနိုင်သည်။
အကယ်၍ ငရဲတံခါးနှင့် တစ်စုံတစ်ရာပတ်သက်နေပါက ငရဲတံခါးနှင့်ပတ်သက်သည့် ပစ္စည်းတစ်ခုခု သေချာပေါက် ရရှိမည် ဖြစ်သည်။
"စနစ်၊ ဒီနေရာမှာ မှတ်ပုံတင်မယ်"
ခဏအကြာတွင်တော့ မကြားရသည်မှာ ကြာပြီဖြစ်သည့် အသံတစ်သံကို ကြားလိုက်ရသည်။
[ဒင်!]
[စနစ်မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်တဲ့လက်ဆောင်ကို ရတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ မှော်ဝင်လက်နက်တစ်ခုဖြစ်တဲ့ မရဏလှံရှည်ကို ရရှိပါတယ်]
[မရဏလှံရှည် : ဒီလှံရှည်က မရဏလေကာအနက်ရှိုင်းဆုံးနေရာတွင် ကံတရားအတိုင်း ဖြစ်တည်လာတဲ့ မှော်ဝင်လက်နက်တစ်ခု ဖြစ်တယ် ၊ စမ်းသပ်ခံရခြင်းများကို ရင်ဆိုင်ခဲ့ရပြီး တိုက်တိုင်းအောင်သည့် လက်နက်တစ်ခုလည်း ဖြစ်တယ် ၊ ထိုလှံရှည်ကို ထိကိုင်မိသူတိုင်း မရဏလောကသို့ ရောက်ရှိသွားသလို ခံစားရမှာ ဖြစ်တယ် ၊ ကိုယ်တွင်းမိစ္ဆာဝင်ရောက်မှာကို မကြောက်ရွံ့တဲ့သူမျိုးသာလျှင် ဒီလှံရှည်ကို ထိန်းချုပ်နိုင်လိမ့်မယ်]
ကျန်းလန် အံ့အားသင့်သွားသည်။
သူရရှိသည့် ပစ္စည်းက ငရဲတံခါးနှင့်ဆက်စပ်မနေသော်လည်း မရဏလောကနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ တစ်နည်းဆိုရသော် ဤ လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တောသည် မရဏလောကနှင့် ဆက်စပ်နေဟန် ရှိသည်။
ဤသို့သောနေရာတွင် မရဏလောကနှင့် ချိတ်ဆက်မည့် နက်ရှိုင်းသောရေတွင်းတစ်ခု တည်ဆောက်ခြင်းသည် အခြေအမြစ်ရှိသည်ဟု ဆိုနိုင်သည်။
"ငါ သွားတော့ ကြည့်သင့်တယ် ၊ ဒီ မရဏလှံရှည် ဘယ်လောက်အစွမ်းထက်လဲဆိုတာ စမ်းကြည့်တာပေါ့"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် လှံရှည်ကို အသုံးမပြုခင် ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်လိုက်သည်။ သို့မှသာ တကယ်တမ်း အသုံးပြုသည့်အချိန်တွင် မတော်တဆအန္တရယ်ဖြစ်ခြင်းမှ ကင်းဝေးပေလိမ့်မည်။
ဤလှံရှည်က အသုံးမကျလျှင်တော့ နွားရိုင်းကိုးကောင်စွမ်းအားကိုသာ အသုံးပြုရပေလိမ့်မည်။