← Chapters

ကျန်းလန်ကအသုံးမကျဘူးလား

Vol. 28 Ch. 389

ကျန်းလန်ကအသုံးမကျဘူးလား

Vol. 28 Ch. 389

အခန်း (၃၈၉) ကျန်းလန်ကအသုံးမကျဘူးလား

လက်ထဲတွင် မရဏလှံရှည်ကိုကိုင်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံး မရဏအငွေ့အသက်များ ဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။

သူ့စိတ်က အဆက်မပြတ်တုန်လှုပ်နေသည်။ သတိထားကာ စိတ်ထိန်းမထားလျှင် သူ့စိတ်အတက်အကျများစွာ ဖြစ်ပေါ်လာနိုင်သည်။

တစ်ချိန်တည်းမှာပင် အဆုံးမရှိသည့် အသူရာချောက်နက်ကြီးအတွင်းမှ အော်သံများထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

တစ်စုံတစ်ရာမှားယွင်းသွားသည်နှင့် အခြေအနေများက ပြောင်းပြန်ဖြစ်သွားပြီး အန္တရယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

“ယှဉ်ပြောရမယ်ဆိုရင် ငရဲတံခါးထက်တောင်ပိုပြီး အန္တရယ်များသေးတယ်”

ကျန်းလန် တွေးလိုက်သည်။

သူက မရဏလှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မရဏအငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားလေသည်

ထို့ပြင် လှံရှည်က ကြီးမားသည့် တန်ခိုးစွမ်းအားများကိုလည်း ထုတ်လွှတ်နိုင်စွမ်း ရှိသည်။

သူက ပိုမိုတည်ငြိမ်လေလေ တန်ခိုးစွမ်းအားက ပိုမိုမြင့်မားလာလေလေ ဖြစ်ပြီး လှံရှည်၏ မရဏအငွေ့အသက်များက ဧရိယာတစ်ခုလုံးသို့ သက်ရောက်မှုရှိသည်။

"နွားရိုင်းကိုးကောင်စွမ်းအားနဲ့ယှဉ်ရင်တော့နည်းနည်းနိမ့်တယ် ၊ ဒါပေမဲ့ တန်ခိုးစွမ်းအားက မတိမ်းမယိမ်းပဲ ၊ အထူးသဖြင့် ဒီလှံရှည်က ဧရိယာတစ်ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိတယ်”

မရဏလှံရှည်ကို အချိန်အတန်ကြာ သုတေသနပြုပြီးနောက် ကျန်းလန် နားလည်သွားတော့သည်။

မရဏလှံရှည်က အနက်ရောင်အတိဖြစ်ပြီး အေးစက်သည့်အငွေ့အသက်များထုတ်လွှတ်လျှက် ရှိသည်။ ရင်ဆိုင်ရသူအားလုံး၏ရင်ထဲတွင် အကြောက်တရားကို စွဲထင်စေမည် ဖြစ်သည်။

အမှန်တကယ်ပင် အန္တရယ်များလွန်းသည့် မှော်ဝင်လက်နက်တစ်ခု ဖြစ်သည်။ ထိုလှံရှည်အနားတိုးကပ်မိသည်နှင့် ချက်ချင်းပင် ကိုယ်တွင်းမိစ္ဆာ မွေးဖွားလာမည် ဖြစ်သည်။

စိတ်စွမ်းအားကောင်းသည့် ကျန်းလန်အပေါ်တွင်တော့ မရဏအငွေ့အသက်များက သက်ရောက်မှုမရှိပေ။ သို့သော် ထို အငွေ့အသက်များက ရန်သူမိတ်ဆွေမခွဲခြားဘဲ ကျန်းလန်နံဘေးမှ လူများအားလုံးကို ထိခိုက်စေမည် ဖြစ်သည်။

"ကြည့်ရတာ ငါတစ်ယောက်တည်း တိုက်ခိုက်တဲ့အချိန်မှာပဲ အသုံးပြုရမယ်ထင်တယ်… ဒါပေမဲ့…"

သူနှင့်အတူတူ တိုက်ခိုက်ပေးမည့်သူလည်း တစ်ယောက်မှ မရှိပေ။

အရင်ကတော့ လုကျန်းတို့အုပ်စုနှင့်အတူတူ တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် သူနှင့်အတူ အမြဲတမ်း လက်တွဲတိုက်ခိုက်မည့်သူ မရှိပေ။

သူက အမြဲတမ်း တစ်ယောက်တည်းတိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအား အသုံးပြုထားသည်ဖြစ်လေရာ လက်တွဲတိုက်ခိုက်မည့်မိတ်ဆွေ မရှိပေ။

သူနှင့် အတော်အတန် ရင်းနှီးသူမှာ အဋ္ဌမမင်းသားသာလျှင် ရှိသည်။ သို့ပေသိ အဋ္ဌမမင်းသားက သူ့ကို အလွန်ကြောက်သလို အရမ်းလည်း လိမ္မာသည်။

ခွန်လွန်တောင်တွင်တော့ ကျန်းလန်က လူပေါင်းများစွာကို သိရှိခြင်း မရှိပေ။ ရင်းနှီးသူ အနည်းငယ်မျှသာ ရှိသည်။

အဋ္ဌမမင်းသား ၊ သေရည်ဆိုင်မှ ကောင်ငယ်လေး ၊ လုကျန်းနှင့် အခြားသူများ။ ပြီးတော့ ကျင်းထင်တို့အုပ်စုကို သိရှိလေသည်။

ကျင်းထင်တို့အုပ်စုကတော့ ယခုအချိန်ဆိုလျှင် အင်မော်တယ်များ ဖြစ်နေလောက်ပေပြီ။ မဟုတ်လျှင်လည်း အင်မော်တယ်ဖြစ်လာရန် အနည်းငယ်မျှသာ လိုအပ်ပေတော့မည်။

အတွေးများနှင့်အတူ ကျန်းလန် ပစ္စည်းများကို သိမ်းဆည်းပြီး မြေတွင်းထဲမှ ထွက်ခွာလာခဲ့သည်။ အပေါ်ဘက်တွင် ရှိနေသည့် နတ်မိစ္ဆာ (၂)ယောက် မသိအောင် တိတ်တိတ်လေး ထွက်လာခြင်း ဖြစ်၏။

ထိုသူ (၂)ယောက်က တန်ဖိုးမရှိလေရာ သူတို့ကို မေးမြန်းနေပါက အချိန်ကုန်ရုံသာရှိပေလိမ့်မည်။ အနီးပတ်ဝန်းကျင်တွင် အခြားမည်သူတွေ ရှိနေဦးမည်လဲ သူ သိချင်သည်။

နတ်မိစ္ဆာများ၏ ဌာနချုပ် မည်သည့်နေရာတွင် ရှိသလဲကို စုံစမ်းရမည် မဟုတ်ပါလား။

***

နောက်တစ်နေ့ နေ့လည်ခင်း။

လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တော မြောက်ဘက်ပိုင်းတွင် ကျန်းလန် ပေါ်လာသည်။ ဤနေရာတွင် ကျောက်တုံးများကို ရွှေ့နေသည့် ကျောက်တုံးမိစ္ဆာအချို့ရှိသည်။

ထိုသူများနောက်လိုက်သွားခြင်းဖြင့် နတ်မိစ္ဆာများစခန်းချရာနေရာကို ခြေရာခံနိုင်မည် ဖြစ်သည်။

"သူတို့ထဲက အများစုက မရှိမှုအာကာသ ၊ ဒါမှမဟုတ် မူလဝိညာဉ်အဆင့် ကျင့်ကြံသူတွေပဲ ၊ သိပ်တော့ အားမနည်းကြဘူး ၊ ဘယ်အဆင့်က တန်ခိုးစွမ်းအားအမြင့်ဆုံးရှိမလဲဆိုတာ သိချင်လိုက်တာ"

ထိုမေးခွန်းကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီး ကျန်းလန်က ကျောက်တုံးမိစ္ဆာများနောက်သို့ ခြေရာခံရင်း မြောက်ပိုင်းနယ်စပ်တွင် ရှိသော မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုဆီ လိုက်သွားခဲ့တယ်။

ထိုနေရာက အတော်လေး ကျယ်ပြန့်သည့် မြေအောက်နေရာလွတ်ကြီးတစ်ခု ဖြစ်သည်။ အစီအရင်များစွာလည်း ရှိနေပြီး ကျောက်သားထောက်တိုင်ကြီးများဖြင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းတစ်ခု ဖြစ်သည်။

"အားလုံးသတိထားကြ"

ရှေ့ဆုံးမှ စစ်ယန်က ပြောလိုက်သည်။

ထို့နောက် သူက ကျောက်တုံးနတ်မိစ္ဆာများကို အောက်ဘက်သို့ ဝင်ရောက်ရန် ညွှန်ကြားလိုက်သည်။

ကျန်းလန်က စစ်ယန်ကို တစ်ချက်အကဲခတ်လိုက်သည်။ ထိုသူက လူသားအင်မော်တယ်အဆင့်ဖြစ်ပြီး ကျောက်တုံးများကို သယ်ဆောင်ရာတွင် ကြီးကြပ်ရသူဖြစ်သည်။

"သူ့ကိုမေးမယ်ဆိုရင်တော့ အများဆုံးသိနိုင်မယ်"

ကျန်းလန် တွေးလိုက်သည်။

စစ်ယန်ကို မေးခွန်းအချို့ မေးကြည့်ရမည် ဖြစ်သည်။

သို့သော် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားမည်စိုးသောကြောင့် နေရာကောင်းကို ရှာဖွေရသည်။ မကြာခင် ကျန်းလန် ထောင့်ချိုးတစ်နေရာသို့ ရောက်ရှိလာသည်။

အခြားပြဿနာမရှိလျှင် သူ လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။

သို့သော် သူ စစ်ယန်နောက်သို့ ရောက်လာပြီး လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ် ချက်ချင်းပင် သူ့လက်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။

သူက ဘေးဘက်သို့ ဆုတ်သွားပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အမြင့်ဆုံးအဆင့်ထိ အသုံးပြုကာ ဖုံးကွယ်ထားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် နတ်မိစ္ဆာ (၂)ယောက် ရောက်လာသည်ကို အာရုံခံလိုက်မိသောကြောင့် ဖြစ်သည်။

လူရွယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက် ဖြစ်သည်။ လူရွယ်က အနက်ရောင်ဆံပင်များရှိပြီး ငှက်မွှေးဝတ်ရုံကို ဝတ်ဆင်ထားသည်။ မိန်းမပျိုကတော့ ဆံပင်အနက်ရောင်ရှိပြီး အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထား၏။

"သခင်ဖေးယွမ် ၊ သခင်မချင်းယွီ"

စစ်ယန်သည် ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်သည်။

ဖေးယွမ်နှင့် ချင်းယွီတို့က စစ်ယန်ကို အရေးမစိုက်ဘဲ ရှေ့သို့သာ ဆက်လျှောက်သွားကြသည်။

ဖေးယွမ်က…

"ငရဲတံခါးက မရဏအငွေ့အသက်တွေ ထပ်ပြီး ပေါက်ကွဲထွက်ခါနီးနေပြီ ၊ ကံမကောင်းတာက ကျုပ်တို့မှာ လမ်းကြောင်းကိုဖွင့်ဖို့ ပိုကောင်းတဲ့နည်းလမ်း မရှိဘူး ၊ နောက်နှစ်အနည်းငယ်ဆိုရင်တော့ နည်းလမ်းတစ်ခုလောက်ရှိလာမလား မပြောတတ်ဘူး ၊ ဒါပေမဲ့ အောင်မြင်မှုနှုန်းမြင့်မားမယ်လို့တော့ မထင်ဘူး ၊ အောင်မြင်ဖို့ အလွယ်ကူဆုံးကတော့ ခွန်လွန်တောင်မှာ အတွင်းလူရှိနေဖို့ပဲ"

ချင်းယွီက စိတ်ဝင်တစားဖြင့်…

"အတွင်းလူ… ဟုတ်လား"

ခွန်လွန်တောင်တွင် အတွင်းလူ မည်သို့ထားရမည်ကို သူမ သိချင်နေမိသည်။

ဖေးယွမ်က ပြုံးလိုက်ရင်း…

"ခွန်လွန်တောင် ၊ နဝမတောင်ထွတ်မှာ ကျန်းလန်လို့ခေါ်တဲ့ တပည့်တစ်ယောက် ရှိတယ် ၊ သူက မော့ကျန်းသုန့် အရမ်းတန်ဖိုးထားတဲ့ တပည့်လည်း ဖြစ်တယ် ၊ ခွန်လွန်တောင်အတွက်လည်း အရေးပါတဲ့သူဖြစ်လို့ ခွန်လွန်ကလည်း သူ့ကို တန်ဖိုးထားတယ် ၊ ငရဲတံခါးကို ချဉ်းကပ်မယ်ဆိုရင် သူက ကျုပ်တို့ အသုံးချဖို့ အသင့်တော်ဆုံးလူလည်း ဖြစ်တယ် ၊ သူသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ်ဆိုရင် ငရဲတံခါးကို လုံး၀ ဖွင့်နိုင်မှာပဲ"

ကျန်းလန်ကို သူတို့ဘက်ပါအောင် စည်းရုံးနိုင်မည်ဆိုလျှင် လက်ရှိအခြေအနေများကို ပြောင်းလဲနိုင်မည် ဖြစ်သည်။

ချင်းယွီ အတော်လေး စိတ်ဝင်စားသွားသည်။

"ကျန်းလန် ဟုတ်လား"

သူမက ဆက်ပြောသည်။

"အဲဒီလူကို သခင်ဖေးယွမ် အရင်က ဆုံဖူးတယ် မဟုတ်လား ၊ သူက နဝမတောင်ထွတ်က တစ်ဦးတည်းသောတပည့်ဖြစ်သလို ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်တဲ့ နဂါးမင်းသမီးနဲ့ စေ့စပ်ထားတဲ့သူလည်း ဖြစ်တယ်လေ ၊ ဒီတော့ သူက ဘယ်လိုလူစားမျိုးလဲ"

ဖေးယွမ်က…

"သူ့ရဲ့အရည်အချင်းက သာမန်ပဲဆိုပေမယ့် အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့တော့ခက်တယ် ၊ ဒါပေမဲ့ ခွန်လွန်တောင်ကတော့ သူ့ကို အင်မော်တယ်ဖြစ်လာအောင် သေချာပေါက် လုပ်ဆောင်ပေးမှာပဲ ၊ အဲဒီအတွက်လည်း သူတို့က ဘယ်လောက်တန်ဖိုးမဆို ပေးဆပ်ကြမှာပဲ ၊ သူက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ထပ်ရမယ့်သူဆိုတော့ တန်ဖိုးတစ်ခုတော့ ရှိရမယ်လေ"

ဖေးယွမ်က ခေါင်းခါယမ်းရင်း ဆက်ပြောသည်။

"ဒါပေမဲ့ သူကတော့ ခွန်လွန်တောင်ရဲ့ရုပ်သေးရုပ်ဖြစ်လာမှာပေါ့ ၊ သူက အရည်အချင်းမှ မရှိတာ ၊ ခြုံပြောရရင် သူက အတော်လေး ကံကောင်းပေမယ့် အရည်အချင်းကသာမန်ပါပဲ ၊ သူက စိတ်စွမ်းအားကောင်းတယ် ၊ ပွင့်ပွင့်လင်းလင်းလည်းရှိတယ် ၊  ကျုပ် သူ့ကို စည်းရုံးဖို့ ကြိုးစားခဲ့ဖူးတယ် ၊ စိတ်မကောင်းစရာက သူက တစ်ချက်မှစိတ်ယိုင်မသွားဘူး ၊ ပြောရရင် သူက ဆိုးတော့ မဆိုးပါဘူလေ"

ချင်းယွီက…

"ဒါဖြင့် သူက အသုံးမကျဘူးလို့ ဆိုလိုတာလား"

"ဟားဟား… အဲဒီလိုလည်း မဟုတ်ပါဘူး"

ဖေးယွမ်က ရယ်မောရင်း ပြောလိုက်သည်။

"ကျုပ်တို့ဘက်က ရည်ရွယ်ချက်ရှိရှိနဲ့တော့ သူ့ကို နှိမ့်ချလို့မရပါဘူးလေ ၊ ဒါပေမဲ့ ကျုပ်မျက်စိထဲတော့ သူ့ကို သိပ်မတွေ့ပါဘူး ၊ မရှိမှုအာကာသအဆင့်ဆိုတာက ဒီနေရာမှာ ကျောက်တုံးသယ်တဲ့အဆင့်လောက်ပဲ ရှိတာလေ ၊ ဒါပေမဲ့ သူ့ရဲ့တန်ဖိုးက သူ ဘယ်သူလဲဆိုတာပါပဲ ၊ သူက အားနည်းတယ်ဆိုရင်တောင်မှ ကျုပ် သူ့ကို စည်းရုံးချင်တဲ့ဆန္ဒ ရှိနေပါသေးတယ်"

သူက ဆက်ပြောသည်။

"ကျန်းလန်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတော့ ခွန်လွန်တောင်ကလည်း သူ့ကို ကာကွယ်ပေးထားမှာပဲ"

ချင်ယွီသည် သူမ၏ သွယ်လျသောလက်လေးကို အသာမြှောက်လိုက်ရင်း…

"ဒါပေါ့ ၊ ကျွန်မ သူ့ကို လက်နဲ့တောက်လိုက်ရင်တောင် သူက တစ်စစီကွဲသွားနိုင်လောက်တဲ့အဆင့်ဆိုတော့ ခွန်လွန်က သူ့ကိုကာကွယ်ပေးဖို့ လိုအပ်မှာပေါ့လေ"

သူမက ဆက်ပြောသည်။

"ဒီအတိုင်းသာဆိုရင် သူ့ဘဝတစ်လျှောက်လုံး ခွန်လွန်တောင်ရဲ့ ရုပ်သေးရုပ်အဖြစ်ပဲ ရှိနေမှာပါ ၊ ဒီလိုသာဆိုရင်တော့ ကျွန်မတို့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး ၊ သူ့ကိုလည်း စည်းရုံးနိုင်မှာ မဟုတ်ဘူး"

ဖေးယွမ်က…

"နည်းနည်းလောက်တော့ ထပ်စောင့်ကြည့်ကြတာပေါ့လေ ၊ အခွင့်အရေးတစ်ခုခု ရကောင်းရမှာပါ ၊ အခုအချိန်မှာတော့ အသစ်လုပ်ထားတဲ့ မှော်ဝင်ရေတွင်းနက်ကို ပိုပြီး ခိုင်မာအောင်လုပ်တာ အကောင်းဆုံးပါပဲ"

သူက ဆက်ပြောသည်။

"ဒီ ကျောက်တုံးတောအုပ်က တကယ့်ကို လျှို့ဝှက်ဆန်းကျယ်တယ် ၊ အထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိကောင်းရှိတယ် ၊ ကျုပ်တို့ တစ်ခုခု ရှာတွေ့ရင် ခွန်လွန်ကိုဖြတ်ပြီး ငရဲတံခါးရဲ့ လမ်းကြောင်းကို ဖွင့်စရာတောင် လိုမှာမဟုတ်တော့ဘူး"

ထို့နောက် သူတို့ (၂)ယောက်သည် စကားပြောရင်း လမ်းကွေ့တစ်နေရာသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကျန်းလန်က ငြိမ်သက်စွာမတ်တတ်ရပ်ရင်း ထို (၂)ယောက် ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။

"ဖေးယွမ်က ရွှေခန္ဓာကျင့်စဉ် အောင်မြင်ထားပြီးပြီ"

ကျန်းလန် ရေရွတ်လိုက်သည်။

ဖေးယွမ်က အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားလွန်းသည်။ အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုလျှင်ပင် သေချာပေါက် အောင်နိုင်မည်ဟု အာမမခံနိုင်ပေ။

ချင်းယွီကတော့ ရွှေခန္ဓာကျင့်စဉ် အောင်မြင်ခြင်း မရှိသေးသည့် မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်သည်။

"ချင်းယွီကတော့ ငါနဲ့ အဆင့်တူပဲ ၊ ဒါပေမဲ့ သူ့မှာ ငါ့လိုပဲ ကျင့်ကြံခြင်းအဆင့်ကို ယာယီမြှင့်တင်ပေးနိုင်တဲ့ လျှို့ဝှက်နည်းပညာ ၊ ဒါမှမဟုတ် ဆေးဝါးတွေရှိမလားဆိုတာ ငါ မသိဘူး"

ကျန်းလန် စဉ်းစားလိုက်သည်။

သူ့အနေဖြင့် သတိရှိရန် လိုသည်။

ကျန်းလန်အနေဖြင့် မိုးကောင်းကင်အင်မော်တယ်များကို ရင်ဆိုင်ရန်မှာ ဖြစ်နိုင်သည်။ သို့သော် တာ့လော်အင်မော်တယ်တစ်ယောက် ရှိနေမည်ဆိုလျှင်တော့…

တစ်ဖက်လူက သူ၏ပြိုင်ဘက်မဟုတ်သည်မှာ သေချာသည်။

တာ့လော်အင်မော်တယ်ရှိနေမည်ဆိုလျှင်တော့ ချက်ချင်း ထွက်ခါာရမည်ဖြစ်ပြီး နောက်တစ်ကြိမ်မှ သူ ထပ်လာရပေလိမ့်မည်။

သို့မဟုတ် ဆရာဖြစ်သူကို အကျိုးအကြောင်းပြောပြပြီး ကိုင်တွယ်ဖြေရှင်းမည်လား မေးမြန်းရမည်။ ဆရာဖြစ်သူက ခွန်လွန်တောင်မှ ထွက်ခွာရန် မဖြစ်နိုင်သော်လည်း အခြားသောတောင်သခင်များလည်း ရှိလေသည်။

"နည်းနည်းလောက် ဆူဆူညံညံဖြစ်အောင်လုပ်ပြီး တန်ခိုးစွမ်းအားရှင် ဘယ်လောက်ရှိမလဲ ကြည့်လိုက်မယ်"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် သူက တစ္ဆေတိုင်းပြည်မှ ရရှိထားသောအခွင့်အရေးကို အသုံးပြုကာ တစ္ဆေတံခါးကိုဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခွင့်အရေးက နတ်ဘုရားရာထူးအတွက် အပေးအယူလုပ်စဉ်က ရရှိထားခြင်း ဖြစ်၏။

"တစ္ဆေတိုင်းပြည်ရဲ့ ခင်မင်မှုက အသုံးတော့ဝင်လောက်ပါတယ် ၊  ဒီနေရာမှာပဲတစ္ဆေတံခါးကို ဖွင့်လိုက်တော့မယ်"

All Chapters