မိုးကောင်းကင်အင်မော်တယ်များကိုလိုက်ဖမ်းခြင်း
Vol. 28 Ch. 390
အခန်း (၃၉၀) မိုးကောင်းကင်အင်မော်တယ်များကိုလိုက်ဖမ်းခြင်း
ကျန်းလန်က တစ္ဆေတိုင်းပြည်နှင့် မိတ်ဆွေဖြစ်ထားသည့်အတွက် နာမ်လောကမှ တစ္ဆေစစ်သည်တော်များကို တစ်ကြိမ် ခေါ်ထုတ်ခွင့်ရှိသည်။
ဤအခွင့်အရေးကို တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားကိုယ်တိုင် ပေးအပ်ထားခြင်း ဖြစ်၏။ အသုံးမဝင်လှဟု သူ ထင်မှတ်ခဲ့သော်လည်း ယနေ့ အသုံးဝင်လာမည်ဟု တွေးမထားခဲ့ပေ။
ထို့ပြင် သူ့နောက်ကွယ်တွင် ရှိနေသူမှာ တစ္ဆေတိုင်းပြည်ဖြစ်သည်ဟု အချို့က တိုက်တိုက်ဆိုင်ဆိုင် ထင်မှတ်သွားကြပေမည်။ တစ္ဆေတိုင်းပြည်ကလည်း နတ်မိစ္ဆာများနှင့် ဆက်ဆံရေးကောင်းမွန်သည် မဟုတ်ပေ။
ထို့ကြောင့် နတ်မိစ္ဆာများကို ဆန့်ကျင်ရန် ဤနည်းလမ်းကို အသုံးပြုရသည်က မဆိုးလှပေ။
ပြီးတော့ ပုန်းကွယ်နေသည့် တန်ခိုးစွမ်းအားရှင်များ ရှိနေမည်ဆိုလျှင် ထွက်လာစေရန်အတွက် ကျန်းလန်က ပြဿနာရှာလိုက်ခြင်း ဖြစ်၏။
မိုးကောင်းကင်အင်မော်တယ်အထက် တန်ခိုးစွမ်းအားရှင် မရှိဘူးဆိုလျှင် သူက ရန်သူများကို တစ်ယောက်ချင်း သတ်ဖြတ်ပစ်မည် ဖြစ်သည်။
ရှိခဲ့မည်ဆိုလျှင်တော့ သူ ဤနေရာမှ ထွက်ခွာသွားပြီး ခွန်လွန်တောင်သို့ပြန်ကာ ဤအကြောင်းများကို ဆရာဖြစ်သူကို ပြောပြရပေမည်။ နာမ်လောကမှ တစ္ဆေစစ်သည်တော်များ ရောက်ရှိလာသည့်အကြောင်းကိုတော့ ရှင်းပြရန် အတော်လေး ခက်ခဲပေလိမ့်မည်။
သို့သော် သူ အခြားနည်းလမ်းတစ်ခု စဉ်းစားထား၏။
နာမ်လောကမှ တစ္ဆေစစ်သည်တော်များကို မခေါ်ယူမီ ကျန်းလန်က ဤနေရာ၏ ယေဘူယျ ဖွဲ့စည်းပုံနှင့် အရေးကြီးသည့်နေရာများကို ကြည့်ရှုအကဲခတ်လိုက်သည်။
သို့မှသာ တန်ခိုးစွမ်းအားရှင်များ ရှိ မရှိ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ တန်ခိုးစွမ်းအားမြင့်မားသူများက ဗဟိုဌာနများတွင် စခန်းချတတ်လေ့ ရှိသည်။
"ဒီတော့ ငါ ဖေးယွမ်နောက် လိုက်သွားသင့်လား ၊ အဲဒီ ကျောက်တုံးမိစ္ဆာတွေနောက် လိုက်သွားသင့်လား"
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျန်းလန်သည် ကျောက်တုံးမိစ္ဆာများနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့ အားလုံးက တူညီသည့် နေရာတစ်ခုတည်းသို့ ဦးတည်နေခြင်းလည်း ဖြစ်နိုင်သည်။ တစ်ယောက်က ဖြတ်လမ်းကိုအသုံးပြုပြီး အခြားတစ်ယောက်ကတော့ အဓိကလမ်းမကို အသုံးပြုခြင်း ဖြစ်နိုင်သည်။
သယ်ယူပို့ဆောင်ရေးဆိုသည်က ဖြတ်လမ်းမှသွား၍ ခရီးမတွင်ပေ။ ကြီးမားကျယ်ပြန့်သည့် အဓိကလမ်းကို ဖြတ်သန်းသွားမှသာ လွယ်ကူမည် မဟုတ်ပါလား။
မကြာမီ ကျန်းလန်က ကျောက်တုံးမိစ္ဆာများနောက်သို့ လိုက်သွားသည်။
ကျောက်တုံးများအရည်ပျော်သွားသည့်အခါ နက်ရှိုင်းသည့် ရေတွင်းကြီးအတွင်းသို့ စီးဝင်သွားကြသည်။
ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ဤနေရာကို စောင့်ကြပ်နေသူ များစွာရှိသော်လည်း မိုးကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မတွေ့ရပေ။
မကြာမီ ကျန်းလန်က ချော်ရည်ပူများစီးဆင်းနေသည့်နေရာသို့ ရောက်ရှိလာသည်။ သူ၏ ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကို အသုံးမပြုလျှင် သူ လွယ်ကူစွာ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။
ကျန်းလန် ပေါ့ပေါ့ဆဆ မနေဝံ့ပေ။ သတိတစ်ချက်လစ်သွားသည်နှင့် ဤနေရာမှ အပြင်ပြန်ထွက်နိုင်မည် မဟုတ်တော့ပေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျန်းလန်က ပိုပြီးနက်ရှိုင်းသည့် ဂူအတွင်းသို့ ရောက်လာသည်။ တံခါးဝသို့ရောက်သောအခါတွင် ဖေးယွမ် နှင့် ချင်းယွီလည်း ရှိနေသည်ကို တွေ့လိုက်ရသည်။
မလှမ်းမကမ်းတွင် အပေါ်သို့တက်သည့်လမ်းတစ်ခု ရှိနေသည်ကို တွေ့မြင်လိုက်ရသည်။
"ကြည့်ရတာ ဒီလူနှစ်ယောက်က အပေါ်ကနေ ဆင်းလာတဲ့ပုံပဲ…"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် သူက ကျောက်ဂူကို စတင်လေ့လာလိုက်သည်။ မျက်လုံးဖြင့် မြင်မြင်သမျှတွင် ကျောက်ရည်ပူများက အလယ်ဗဟိုတွင် စုစည်းနေကြသည်။
အစီအရင်များကလည်း နေရာတိုင်းတွင် ရှိနေသည်။ မရမတွက်နိုင်သည့် အစီအရင်များက ထိုအထဲသို့ ပေါင်းစပ်သွားသည်။
"အရင်ကတွေ့ဖူးတဲ့ ရေတွင်းနဲ့ တော်တော်ဆင်တူတယ်"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် သူက ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ရာ ဤနေရာကို ကာကွယ်ပေးထားသည့် အစီအရင်တစ်ခု ရှိနေကြောင်း သဘောပေါက်လိုက်သည်။
သူ ချက်ချင်းမဝင်နိုင်သေးပေ။ မဟုတ်ပါက အလစ်တိုက်ခိုက်ခံရနိုင်သည်။
ကျန်းလန်က ဖြတ်လမ်းဥမင်အတိုင်း ပြန်လည်ဆုတ်ခွာသွားပြီး အပေါ်ဘက်ရှိ ပွင့်နေသောနေရာလွတ်သို့ ပြန်လာခဲ့သည်။
အတန်ကြာစဉ်းစားပြီးနောက် သူက ပတ်ဝန်းကျင်ကို အတည်ပြုနိုင်ရန် လှည့်ပတ်ကြည့်ရှုလိုက်သည်။ အချိန်အတော်ကြာပြီးနောက် အခြားသူများကို တွေ့ရှိရခြင်း မရှိပေ။
ဤနေရာတွင် မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူ နှစ်ယောက်သာ ရှိပုံရသည်။
သို့သော် တန်ခိုးစွမ်းအားရှင်များဆိုသည်က ပုန်းအောင်းနေနိုင်သည်။ ထို့ကြောင့် သူက နာမ်လောကမှ တစ္ဆေစစ်သည်တော်များကို အရင်ဆုံး ခေါ်ထုတ်သင့်လေသည်။
ခဏအကြာတွင်…
ကျန်းလန်သည် လူသူမရှိသော ကျောက်တုံးသစ်တော၏ မြောက်ဘက်တွင် ရပ်နေသည်။
သူက အတော်အတန်ဝေးလံသည့် နေရာတစ်ခုသို့ ရောက်ရှိသည်နှင့် တစ္ဆေတံခါးကိုဖွင့်ရန် အစီအရင်တစ်ခုကို ပြုလုပ်လိုက်သည်။
"ဟူး…"
ကြီးမားသည့်တံခါးကြီးက လျှင်မြန်စွာ သိပ်သည်းဖြစ်တည်လာသည်။ တစ္ဆေချီစွမ်းအား ထွက်ပေါ်လာပြီး တစ္ဆေတံခါး ပွင့်လာသည်။
အရင်က သူတွေ့ရှိခဲ့ဖူးသည့် တစ္ဆေတံခါးထက် ပိုမိုမြန်ဆန်သည်။ တူညီသည့်လုပ်ဆောင်မှု မဟုတ်သောကြောင့် ဖြစ်နိုင်လေ၏။
ယခင်က တစ္ဆေတိုင်းပြည်က ခွန်လွန်တောင်တွင် ဖွင့်ခြင်းဖြစ်သောကြောင့် အရှိန်ကို ထိန်းချုပ်ထားခြင်း ဖြစ်နိုင်သည်။
ခဏကြာသည့်အခါ တံခါးကြီးတစ်ခု ထွက်ပေါ်လာသည်။
"ခရက်…"
တံခါးပွင့်လာ၏။
ကျန်းလန်က နောက်ပြန်ခုန်လိုက်ပြီး လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး အခြေအနေများကို အကဲခတ်နေလိုက်သည်။ သူ့တွင် တစ္ဆေတိုင်းပြည်မှ တစ္ဆေကျင့်ကြံသူများကို အမိန့်ပေးနိုင်သည့် ခံစားချက် ရှိနေသည်။
ထိုအချိန် မရေမတွက်နိုင်သော တစ္ဆေကျင့်ကြံသူများ တစ္ဆေတံခါးကို ဖြတ်ကျော်ထွက်ခွာသွားကြသည်။
တစ္ဆေကျင့်ကြံသူများက အဆုံးအစမရှိ များပြားလွန်းသည်ကို တွေ့လိုက်ရသဖြင့် ကျန်းလန် အံ့အားသင့်သွားသည်။ ဤသည်က သူမျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။
တစ္ဆေကျင့်ကြံသူများထဲတွင် မိုးကောင်းကင်အင်မော်တယ်အဆင့်များ ပါဝင်ခြင်း မရှိသော်လည်း အစစ်အမှန်အင်မော်တယ်နှင့် လူသားအင်မော်တယ်အဆင့်များ ပါဝင်သည်။
ဤသည်က…
"တစ္ဆေတိုင်းပြည်က ပေးတဲ့ခင်မင်မှုက အတော်လေးတော့ ရိုးဖြောင့်တာပဲ"
တစ္ဆေတိုင်းပြည်၏ စိတ်ရင်းကို ကျန်းလန် ခံစားနိုင်ခဲ့သည်။
ထိုခဏတွင်…
ကောင်းမွန်သည့် အခွင့်အရေးတစ်ခုကို ဖြုန်းတီးလိုက်မိသည်လားဟုပင် သူ ခံစားလိုက်မိသည်။ သို့သော် ထိုခံစားချက်က ခဏတာမျှသာပင်။
ကိစ္စသေးသေးလေးအတွက် ကြီးမားသည့်စွမ်းအား အသုံးပြုသလို ဖြစ်သွားသည်ဆိုလျှင်လည်း အရေးမကြီးပေ။ သူ့အတွက် အသုံးဝင်လျှင် အဆင်ပြေလေသည်။
အရေးကြီးသည်က အလဟသဖြစ်မသွားဘဲ သူ အန္တရယ်ကင်းစေဖို့ပင် ဖြစ်သည်။
ကျန်းလန်က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး တစ္ဆေစစ်သည်တော်များကို မြေအောက်ဥမင်သို့ ပို့ဆောင်လိုက်သည်။ ထိုခဏတွင် တစ္ဆေချီစွမ်းအားများက ပျံ့နှံ့လာပြီး နာမ်လောကမှတစ္ဆေစစ်သည်တော်များက လမ်းအတိုင်း ချီတက်သွားကြသည်။
ချီတက်သွားဟန်က အလွန်ခမ်းနားပြီး သူတို့ဖြတ်ကျော်သွားရာနေရာတွင် မြက်တစ်ပင်မျှပင် မကျန်ရစ်ခဲ့တော့ပေ။
ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ကျန်းလန်သည်ပင် အနည်းငယ် ထိတ်လန့်သွားရသည်။ ထိုတစ္ဆေစစ်သည်တော်များကို သူ ရင်ဆိုင်ရမည်ဆိုလျှင် အတော်လေး ကြိုးစားအားထုတ်ရပေလိမ့်မည်။
ဤအဖြစ်အပျက်က တာ့လော်အင်မော်တယ်အဆင့် တန်ခိုးစွမ်းအားရှင်ကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ တာ့လော်အင်မော်တယ်မရှိပါက မိုးကောင်းကင်အင်မော်တယ်များကို ကျန်းလန်က တစ်ယောက်ချင်း သတ်ပစ်ရန် စီစဉ်ထားသည်။
ပြီးလျှင်တော့ ဤနေရာမှ အရာအားလုံးကို ဖျက်စီးပစ်မည်။
နတ်မိစ္ဆာများရှိနေသရွေ့ ငရဲတံခါးကို ဒုက္ခပေးနေကြမည် ဖြစ်သော်လည်း သူကတော့ ဤနေရာကို ဖျက်စီးပစ်လိုသည်။ ထိုအရာက နဝမတောင်ထွတ်ကို အန္တရယ်ကျရောက်စေမည့်အရာဖြစ်ကြောင်း သိမြင်ပြီးမှတော့ သူ လျစ်လျူမရှုနိုင်ပေ။
ကျန်းလန်က တစ္ဆေစစ်သည်တော်များကို ကြည့်လိုက်ပြီး သူတို့အနောက်ဘက်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူက မရဏလှံရှည်ကို ကိုင်ဆောင်ရင်း တစ္ဆေကျင့်ကြံသူများကြား ပုန်းလျှိုးကွယ်လျှိုးလိုက်ပါသွားတော့သည်။
သူက ထိုလှံရှည်ဖြင့် ရန်သူကို သတ်ဖြတ်ရန် မရည်ရွယ်ပေ။ လိုအပ်ပါက ရန်သူအနားတွင် ထိုလှံရှည်ကို ထားရှိပြီး သူတို့၏ လှုပ်ရှားမှုများကို လွှမ်းမိုးရန် ဖြစ်သည်။
ဤနည်းဖြင့် သူသည် အနိုင်ရရန် အခွင့်အလမ်း ပိုများသည်။
ဉာဏ်ရည်မမီသော တစ္ဆေကျင့်ကြံသူများကိုတော့ မရဏလှံရှည်၏ အငွေ့အသက်များက ထိခိုက်ဟန် မရှိပေ။ တစ်နည်းဆိုရသော် မရဏလှံရှည်သည် တစ္ဆေတိုင်းပြည်အတွက် အသုံးမဝင်ပေ။
"ဘုန်း"
မြေအောက်ဥမင်အတွင်းမှ အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
"ဘာကြောင့် ဒီမှာ တစ္ဆေတိုင်းပြည်က တိုက်ခိုက်လာတာလဲ ၊ သခင်ဖေးယွမ်ကို အမြန်အကြောင်းကြားပါ"
နတ်မိစ္ဆာတစ်ယောက်က ချက်ချင်းအော်ဟစ်လိုက်သည်။
ကျန်းလန်က ထိုနတ်မိစ္ဆာကို စိတ်မဝင်စားဘဲ တစ္ဆေကျင့်ကြံသူတွေနောက်သို့သာ ဆက်လိုက်သွားသည်။ အခွင့်အရေးရသည်နှင့် မိုးကောင်းကင်အင်မော်တယ်များကို သတ်ဖြတ်ပစ်ပြီး ဤနေရာမှ အရာအားလုံးကို ဖျက်စီးပစ်မည်။
***
ကျောက်ဂူအတင်းဝယ်…။
ဖေးယွမ်က မျက်မှောင်ကြုတ်ပြီး အပြင်သို့ လှမ်းကြည့်လိုက်သည်။
"ဒါ တစ်ယောက်ယောက်လက်ချက်လား"
ချင်းယွီက…
"ဒါပေမဲ့ ဒီကို ဘယ်သူကလာမှာလဲ"
သူတို့ ဤနေရာတွင် ရောက်နေသည်မှာ ကြာပြီဖြစ်ပြီး မည်သူမှ အရင်က ရောက်မလာဖူးပေ။ ယခု မည်သူက ရောက်လာရပါသနည်း။
ထို့ပြင် တစ်ဖက်လူက တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်သည်။
"သခင်ဖေးယွမ်၊ သခင်မချင်းယွီ ၊ ဒါဟာ နာမ်လောကက တစ္ဆေစစ်သည်တွေရဲ့ တိုက်ခိုက်မှုပဲ ၊ သူတို့တွေ ကျွန်တော်တို့ဆီ ရောက်လာတာ"
စစ်ယန် ချက်ချင်းရောက်လာပြီး အကြောင်းကြားသည်။ ထိုစကားကို ကြားသည့်အခါ သူတို့ (၂)ယောက်လုံး အံ့အားသင့်သွားကြသည်။
"တစ္ဆေတိုင်းပြည် ဟုတ်လား"
ဖေးယွမ် စိတ်ရှုပ်သွားသည်။
"သူတို့ စစ်မတိုက်ဘဲ ပြန်သွားကြပြီ မဟုတ်ဘူးလား ၊ ပြီးတော့ ဒါက အနောက်ဘက်စွန့်ပစ်နယ်မြေလေ ၊ ခွန်လွန်တောင်နဲ့လည်း နီးကပ်တယ် ၊ သူတို့ ဒီကိုရောက်လာစရာ အကြောင်းကိုမရှိဘူး ၊ ကျုပ်တို့နေရာကိုရှာတွေ့ဖို့ဆိုတာ ဝေလာဝေးပဲ"
ချင်းယွီက…
"ဒီနေရာကို သူတို့ ဘယ်လိုရှာလို့တွေ့တာလဲ ၊ သူတို့က ဉာဏ်လည်းသိပ်မကောင်းကြပါဘူး ၊ ပြီးတော့ ရောက်လာတာကလည်း ရုတ်တရက်ကြီး"
နာမ်လောကမှ တစ္ဆေစစ်သည်တော်များ ရောက်လာသည်မှာ နည်းလမ်း (၂)မျိုး ရှိသည်။
ပထမတစ်မျိုးမှာ တစ္ဆေတိုင်းပြည်ကို တစ္ဆေတံခါးဖွင့်ပြီး စစ်ချီလာကြခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ လက်ရှိနေရာတွင် တစ္ဆေတံခါးပွင့်သွားပြီး တစ္ဆေစစ်သည်တာ်များ ရောက်လာခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤသို့ ရောက်ရှိလာကြသည်က ရှားပါးဖြစ်ရပ်ပင်။
"ဒီကိစ္စနောက်ကွယ်မှာ တစ္ဆေတိုင်းပြည်က ပတ်သက်နေနိုင်တာ ငြင်းမရပေမယ့် ဒီလောက်ဝေးကွာတဲ့နေရာကို သူတို့ လွယ်လွယ်နဲ့ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကြည့်ရတာ တစ်ယောက်ယောက်က လျှို့ဝှက်လုပ်ဆောင်နေတာပဲ ဖြစ်ရမယ် ၊ ဒါပေမဲ့ တစ္ဆေတိုင်းပြည်ကလူတွေ ဘယ်တုန်းက ဉာဏ်ကောင်းသွားရတာလဲ"
ဖေးယွမ်က မျက်မှောင်ကြုတ်ရင်း ဆိုသည်။
တစ်ခုခုလွဲနေပြီဟု သူခံစားမိသည်။
ချင်းယွီက…
"ကျွန်မ အပြင်ကို သွားကြည့်လိုက်ဦးမယ် ၊ တကယ်လို့ အဆင်မပြေရင် ဒီနေရာက ထွက်သွားကြတာပေါ့"
ဖေးယွမ်က…
"ကောင်းပြီ၊ ပြဿနာတစ်ခုခုရှိရင် ကျုပ်ကို အကြောင်းကြားပါ"