← Chapters

အခန်း (၇၇၁-၇၇၂)

Vol. 78 Ch. 771-772

အခန်း (၇၇၁-၇၇၂)

Vol. 78 Ch. 771-772

အခန်း (၇၇၁) - ကိုယ်ကျင့်တရား၊ နတ်ဝိညာဉ်ခိုင်းစေခြင်း တန်ခိုးကို အသုံးပြုခြင်းနှင့် ငါ့မြေးလေးကို တွေ့မိကြသလား

ဝေ့လျန်က ခေါင်းခါယမ်းလိုက်ရင်း

"ဘာမှမဖြစ်ပါဘူး... ကျောက်မိန်းကလေးက သူ့ခေါင်းကို ရုတ်တရက်ကြီး အပြင်ထုတ်လိုက်လို့ လန့်သွားတာပါ"

လီယန်ချူး လှည့်ကြည့်လိုက်ရာ ဆီစိမ်စက္ကူထီးအတွင်းမှ ကျောက်ရှောင်မန်သည် ခေါင်းလေးကိုသာ ပြူထွက်နေသည်ကို တွေ့လိုက်ရသည်။

"ထွက်လာမယ်ဆိုရင်လည်း တစ်ကိုယ်လုံး ထွက်ခဲ့စမ်းပါ။ ဒီလောက်လေး ပြူကြည့်နေတာ ဘယ်သူ့ကို ပြနေတာလဲ"

လီယန်ချူးက ငေါက်လိုက်သည်။

ကျောက်ရှောင်မန်က လျှာလေးထုတ်ကာ မြင်းလှည်းအတွင်းသို့ တစ်ကိုယ်လုံး ပျံထွက်လာပြီး ထိုင်နေလိုက်သည်။

"ဝေ့ဦးလေးက ဒီအရွယ်ကြီးရှိနေပြီ၊ နင်က ဒီလိုမျိုး ထပ်ခြောက်နေရင် တစ်ခုခုဖြစ်သွားဦးမယ်"

လီယန်ချူးက ဆူပူလိုက်သည်။

ကျောက်ရှောင်မန်သည် လီယန်ချူးကို အလွန်ကြောက်ရွံ့သဖြင့် ခေါင်းငုံ့ကာ စကားပင် မဟရဲတော့ပေ။ ဤတာအိုဆရာလေးမှာ ပြတ်သားရက်စက်ပြီး ထူးခြားသော တန်ခိုးစွမ်းအားများ ရှိကြောင်း သူမ သိထားသဖြင့် မတော်တဆ မှားယွင်းမိပါက ဝိညာဉ်ပါ အဖျက်ဆီးခံရမည်ကို စိုးရိမ်နေရှာသည်။

သို့သော် လီယန်ချူးက ဆူပူပြီးနောက် ဘာမှဆက်မပြောတော့ဘဲ ရှေးဟောင်းကျောက်ပြားကိုသာ အာရုံစိုက်၍ လေ့လာနေတော့သည်။ လီယန်ချူး ဆက်မဆဲတော့သည်ကို မြင်မှ ကျောက်ရှောင်မန်က ခေါင်းလေးအသာမော့ကြည့်ကာ ဝေ့လျန်ကို ပြုံးပြလိုက်သည်။

ဤမိန်းကလေးမှာ အလွန်အမင်း လှပလွန်းသူမဟုတ်ဘဲ ချစ်စဖွယ်မျက်နှာလေး ရှိရုံသာ ဖြစ်သော်လည်း ဆွဲဆောင်မှုရှိသော မူနွဲ့သည့် အငွေ့အသက်လေး တစ်မျိုးတော့ ရှိနေသည်။ ဝေ့လျန်ကမူ သူမကို သမီးအရွယ် မိန်းကလေးတစ်ဦးကဲ့သို့သာ သဘောထားခဲ့သော်လည်း ယခုမူ အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ သူမမှာ... သရဲမတစ်ကောင်ပင်။

သို့သော် ဝေ့လျန်၏ စိတ်ထဲတွင် သူမအပေါ် မသင့်လျော်သော အတွေးမျိုး လုံးဝမရှိခဲ့ပေ။ ဤဦးလေးကြီးမှာ သားဖြစ်သူ ပွေကပ်လုပ်သည်ကို သိသည်နှင့် မြစ်ဝါမြစ်တောင်ဘက်အထိ လိုက်လံနှိမ်နင်းသူ ဖြစ်သဖြင့် အချို့ကိစ္စများတွင် အလွန် ရှေးရိုးစွဲဆန်လှသည်။

ကျောက်ရှောင်မန်၏ အပြစ်ကင်းစင်သော အပြုံးကို မြင်သောအခါ ဝေ့လျန်မှာ ကြောက်စိတ်များ လျော့ပါးသွားရသည်။

"ဝေ့ဦးလေး မကြောက်ပါနဲ့၊ ကျွန်မ ဦးလေးကို မထိခိုက်စေပါဘူး"

ဟု ကျောက်ရှောင်မန်က ဝမ်းနည်းသံလေးနှင့် ပြောသည်။

"ငါ သိပါတယ်၊ သရဲဆိုတာ တစ်ခါမှ မမြင်ဖူးလို့ပါ"

ဝေ့လျန်က ရယ်လျက် ပြန်ပြောသည်။

ကျောက်ရှောင်မန်က လျှာလေးထုတ်ကာ

"သရဲဆိုတာလည်း လူကဖြစ်လာတာပဲလေ ဝေ့ဦးလေးရဲ့။ ဒီတစ်ခေါက် ဦးလေးသာ ဒီပြဿနာကို မဖြေရှင်းနိုင်လို့ သေသွားရင် ဦးလေးလည်း သရဲဖြစ်လာမှာပဲ၊ အဲဒီကျရင် ကျွန်မတို့ နှစ်ယောက်က အတူတူပဲ ဖြစ်သွားမှာပေါ့"

ဝေ့လျန် - ".........."

အပြင်ဘက်တွင် မြင်းလှည်းမောင်းနေသော ဝေ့ရှန်းမှာ လိုက်ကာကို လှန်၍ ခေါင်းပြူလာကာ

"ဒါနဲ့... ငါ့အဖေကို မကျိန်ဆဲပါနဲ့လားဗျာ"

ကျောက်ရှောင်မန်က သူ့ကို မျက်စောင်းထိုးကြည့်ရင်း

"ငါက အမှန်အတိုင်း ပြောတာပါ၊ ဘယ်မှာ ကျိန်ဆဲလို့လဲ"

နှစ်ဦးသား အပြန်အလှန် စကားများနေသည်ကို မြင်သောအခါ ဝေ့လျန်က သားဖြစ်သူ၏ ခေါင်းကို ရိုက်လိုက်ပြီး

"မြင်းလှည်းကို သေချာမောင်းစမ်းပါ၊ အပိုတွေ လျှောက်မပြောနဲ့"

ဝေ့ရှန်းမှာ ရင်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း အပြင်ထွက်ကာ မြင်းလှည်းကိုသာ ဆက်မောင်းနေရတော့သည်။ မတတ်နိုင်ပေ၊ သူ၏ဖခင်မှာ သူ အပြင်တွင် တရားမဝင် သားတစ်ယောက်ရှိနေသည်ဟု သိကတည်းက သူ့ခြေထောက်ကို ရိုက်ချိုးချင်နေခဲ့သည် မဟုတ်ပါလား။ ယခုတစ်ခေါက် သူ၏ ပြုမူဆောင်ရွက်ချက်များက ဖခင်ဖြစ်သူကို စိတ်လှုပ်ရှားစေခဲ့သဖြင့် ယခုအချိန်အထိ အထိအခိုက်မရှိသေးခြင်း ဖြစ်သည်။

သို့သော် ဝေ့ရှန်းမှာ မြင်းလှည်းမောင်းရင်း တွေးနေမိသည်။

'ငါ့ကို ဘာလို့ ရိုက်ချင်နေရတာလဲ။ ငါသာ ဒီလိုမျိုး မလုပ်ခဲ့ရင် ဝေ့မိသားစုအတွက် မျိုးဆက် ကျန်ခဲ့မှာ မဟုတ်ဘူး။ ငါတို့ သားအဖနှစ်ယောက် သေသွားရင် ဝေ့မိသားစုက ပြတ်သွားပြီလေ' ဤသို့ တွေးမိသောအခါ အားငယ်နေသော ဝေ့ရှန်း၏ ကျောပြင်မှာ ပြန်လည် မတ်သွားတော့သည်။

မြင်းလှည်းအတွင်း၌ ကျောက်ရှောင်မန်နှင့် ဝေ့လျန်တို့မှာ စကားလက်ဆုံ ကျနေကြသဖြင့် ဝေ့လျန်၏ စိတ်ထဲမှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အဓိကမှာ ကျောက်ရှောင်မန်မှာ ဆံပင်ဖားလျားနှင့် မျက်နှာတွင် လောက်ကောင်များ ထွက်နေသည့် ပုံစံမျိုး မဟုတ်ဘဲ သာမန် ဝိညာဉ်တစ်ခုသာ ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် သူမတွင် တစ်စုံတစ်ခုသော ကံထူးမှု ရှိပုံရသဖြင့် လူသားနှင့် မခြားနားဘဲ မြင်းလှည်းအတွင်း၌ပင် အေးစက်သော အငွေ့အသက်များ မခံစားရပေ။

လီယန်ချူးကမူ ထိုကိစ္စများကို စိတ်မဝင်စားဘဲ တောင်ကို ထမ်းခြင်း တန်ခိုးကျင့်စဉ်ကို ဖတ်ရှုနေသည်။ တစ်ခေါက်မျှ ဖတ်ရုံဖြင့် ဤတန်ခိုးကို သူ နားလည်သွားခဲ့ပြီ။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ သို့မဟုတ် သွေးဆူပွက်ခြင်းများ ထွက်ပေါ်မလာသော်လည်း ခန္ဓာကိုယ်အတွင်း၌မူ ပင်လယ်လှိုင်းများ ထန်နေသကဲ့သို့ စွမ်းအားများက တရဟော စီးဆင်းနေတော့သည်။

အကယ်၍ လူ့ခန္ဓာကိုယ်ကို ကမ္ဘာငယ်တစ်ခုအဖြစ် သတ်မှတ်ပါက လီယန်ချူး၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာမှာ မြေလှန်ပြောင်းလဲမှုများ ဖြစ်ပေါ်ကာ ကဏ္ဍပေါင်းစုံတွင် ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်သည်။ ဝေ့လျန်ကမူ သာမန်လူဖြစ်သဖြင့် ဘာမှ မခံစားရသော်လည်း သရဲမလေး ကျောက်ရှောင်မန်မှာမူ လီယန်ချူးကို ကြည့်ကာ မြင့်မားလှသော တောင်ကြီးတစ်လုံးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

လီယန်ချူး၏ ကိုယ်ပေါ်မှ အငွေ့အသက်မှာ လုံးဝ ပျောက်ကွယ်မသွားသေးဘဲ အလွန်အားနည်းသော အငွေ့အသက်အချို့ လွင့်ပျံ့နေသည်။ ၎င်းမှာ နက်ရှိုင်းလှသော ချောက်ကမ္ဘာ သို့မဟုတ် မြင့်မားသော တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားလှသော်လည်း ထိုခံစားချက်မှာ ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

"ကျောက်မိန်းကလေး၊ ဘာလို့ ကြမ်းပြင်ပေါ်မှာ ဝပ်နေတာလဲ"

ဝေ့လျန်က ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်နေသော ကျောက်ရှောင်မန်ကို ကြည့်ကာ မေးလိုက်သည်။

"မ... မဟုတ်ပါဘူး... ခြေထောက်တွေ ခဏ အားပျော့သွားလို့ပါ"

ဝေ့ရှန်းက အပြင်မှ နားစွင့်နေရင်း

'ဒါက ဘယ်လို အဓိပ္ပာယ်တွေလဲ။ ငါ့အဖေ အထဲမှာ ဘာတွေလုပ်နေတာလဲ။ လီတာအိုဆရာ ရှေ့မှာတောင်မှပဲ...'

သားဖြစ်သူက အပြင်မှာ မြင်းလှည်းမောင်းနေရပြီး ဖခင်ဖြစ်သူက အထဲတွင် သရဲမလေးနှင့် စကားပြောနေခြင်းမှာ ဝေ့ရှန်းအတွက်တော့ အလွန် ထူးဆန်းနေတော့သည်။ ဝေ့ရှန်းမှာ ထိုသို့ လျှောက်တွေးရင်း မြင်းလှည်းမောင်းလာရာ မကြာခင်မှာပင် တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤတောအုပ်ကို ဖြတ်ကျော်ပြီးပါက တောင်ထဲသို့ စတင်ဝင်ရောက်ရတော့မည် ဖြစ်သည်။

တောအုပ်အတွင်း၌ သစ်ပင်များမှာ ထူထပ်လှပြီး ယင်အငွေ့အသက်များမှာ အလွန် ပြင်းထန်လှသည်။ ကြည့်လိုက်ရာ အရပ်မျက်နှာအားလုံးမှာ မှောင်မည်းနေပြီး သစ်ရွက်များ လှုပ်ခတ်သံမှာ သရဲများ လက်ခုပ်တီးနေသကဲ့သို့ပင်။ သို့သော် ဝေ့ရှန်းမှာ သူ၏ ရင်ဘတ်အတွင်းရှိ အဆောင်ကို စမ်းကြည့်လိုက်ရာ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာသည်။

ဤအဆောင်မှာ လီယန်ချူးက တည်းခိုခန်းတွင် သူဌေးသားကို ပေးခဲ့သော ဘေးရန်ကင်း အဆောင် ဖြစ်သည်။ ၎င်းမှာ အလွန် သာမန်ကျလှသော်လည်း သာမန်ကျလေလေ အသုံးဝင်လေလေ ဖြစ်သည်။ မည်သည့် သရဲမိစ္ဆာမျိုးကိုမဆို နှိမ်နင်းနိုင်စွမ်းရှိပြီး ၎င်း၏ စွမ်းအားမှာ ရေးဆွဲသူ၏ ကျင့်စဉ်အပေါ်တွင်သာ မူတည်သည်။ ထိုအဆောင်မှ ထွက်ပေါ်လာသော နွေးထွေးသော ခံစားချက်က ဝေ့ရှန်းကို စိတ်အေးချမ်းစေသဖြင့် ရှေ့မှ တောအုပ်ကြီးမှာလည်း ယခင်ကကဲ့သို့ မကြောက်စရာတော့ပေ။

ညရောက်သောအခါ လေးဦးသား သို့မဟုတ် သုံးယောက်နှင့် သရဲတစ်ကောင် သည် မြင်းလှည်းဘေးတွင် မီးဖိုကာ အစာစားကြသည်။ သူတို့သည် ဆိတ်ခြေထောက်တစ်ချောင်းကို မီးဖိုပေါ်တွင် ကင်နေကြရာ ဆိတ်သားနံ့မှာ မွှေးပျံ့နေတော့သည်။

ဝေ့သားအဖနှစ်ဦးမှာ စရိုက်ချင်း ဆန့်ကျင်ဘက် ဖြစ်သော်လည်း (ဖခင်က ရှေးရိုးစွဲပြီး သားက လေပွေဖြစ်သော်လည်း) အချို့ကဏ္ဍများတွင် တူညီကြသည်။ ဥပမာ - စိတ်နှလုံး ကြီးမားခြင်းပင်။ သေခြင်းနှင့် ရှင်ခြင်း ကြားတွင် ရှိနေသော်လည်း အစားကောင်းကောင်း စားနိုင်သေးသည်။

လီယန်ချူး၏ ခံတွင်းမှာလည်း ကောင်းမွန်လှသည်။ သူသည် တန်ခိုးစွမ်းအား နှစ်ရပ်စလုံးကို ဖတ်ရှုပြီးသည်နှင့် တတ်မြောက်သွားခဲ့ပြီ။ တောင်ကို ထမ်းခြင်း အတတ်မှာ သူ့အတွက် အထူးဖန်တီးထားသကဲ့သို့ပင်။ အကယ်၍ ရှေးဟောင်း မိစ္ဆာနတ်ဆိုးများနှင့် ပြန်လည် ဆုံတွေ့ပါက ရတနာများကို အသုံးမပြုဘဲ ခန္ဓာကိုယ် ခွန်အားဖြင့်ပင် နှိမ်နင်းနိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။

နတ်ဝိညာဉ်ကို ခိုင်းစေခြင်း တန်ခိုးမှာမူ လီယန်ချူးအတွက် အလွန် အသုံးဝင်လှသည်။ ထိုခေတ်ကာလတွင် တောင်စောင့်နတ် သို့မဟုတ် မြေစောင့်နတ်များကို ရှာတွေ့ရန် ခက်ခဲလှသော်လည်း ဤတန်ခိုးဖြင့် မန္တန်အမှတ်အသားတစ်ခုကို ပြုလုပ်နိုင်ကြောင်း သူ တွေ့ရှိခဲ့သည်။ သူသည် ကျောက်ရှောင်မန်၏ ကိုယ်ပေါ်တွင် စမ်းသပ်၍ အမှတ်အသားတစ်ခု ပြုလုပ်လိုက်ရာ ကျောက်ရှောင်မန်၏ အသက်မှာ သူ၏ စိတ်အာရုံတစ်ခုတည်းဖြင့်ပင် ဆုံးဖြတ်နိုင်သလို သူမ၏ အတွေးများကိုလည်း သူ ထိန်းချုပ်နိုင်သွားသည်။

လီယန်ချူးက ကျောက်ရှောင်မန်ကို ထိန်းချုပ်၍ မြေပြင်ပေါ်တွင် ချော်လဲအောင် လုပ်လိုက်သော်လည်း သူမမှာ အထိန်းချုပ်ခံထားရသည်ဟု မခံစားရဘဲ သူမဘာသာ ခြေချော်သွားသည်ဟုသာ ထင်မှတ်နေရှာသည်။ ဤသည်မှာ သူမ၏ ကျင့်စဉ်မှာ အလွန်နိမ့်ပါးလွန်းသောကြောင့် ဖြစ်သည်။

'ဒီတန်ခိုးက မဆိုးဘူးပဲ။ နောင်ကျရင် တောင်ပေါ်ရောက်တဲ့အခါ မြေကြီးကို တစ်ချက်နင်းပြီး မြေစောင့်နတ်ကို ခေါ်ပြီး လမ်းမေးလို့ ရတာပေါ့'

ဟု လီယန်ချူး တွေးလိုက်သည်။

ဆိတ်သားကင် စားနေစဉ် လီယန်ချူးသည် သူ၏ ဝိညာဥ်မျက်စိဖြင့် ဝေ့သားအဖကို ကြည့်လိုက်ရာ ဝေ့လျန်၏ ကိုယ်ပေါ်တွင် သွေးရောင်အမှတ်အသား ရှိနေသေးသော်လည်း ဝေ့ရှန်း၏ ကိုယ်ပေါ်တွင်မူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မူလက အမှတ်အသားရှိသူတိုင်း သေဆုံးရမည်ဖြစ်သော်လည်း ဝေ့ရှန်း၏ ကိုယ်ပေါ်မှ အမှတ်အသားမှာ အဘယ်ကြောင့် ပျောက်သွားသည်ကို လီယန်ချူး နားမလည်နိုင်ပေ။ ၎င်းမှာ သွေးသားတော်စပ်မှုကြောင့် ဖြစ်နိုင်သည်ဟုသာ သူ ကောက်ချက်ချလိုက်သည်။

သရဲမလေး ကျောက်ရှောင်မန်မှာလည်း အစာစားနိုင်သည်။ သို့သော် သူမ၏ စားသောက်ပုံမှာ လီယန်ချူးတို့နှင့် မတူဘဲ အစားအစာ၏ အဆီအနှစ်ကိုသာ စုပ်ယူခြင်း ဖြစ်သည်။ ဝေ့ရှန်းက သူမကို ဆိတ်သားတစ်တုံး ပေးလိုက်ရာ သူမ စားပြီးနောက် ထိုဆိတ်သားမှာ ချက်ချင်းပင် ပုပ်သိုးသွားတော့သည်။

ကျောက်ရှောင်မန်၏ နောက်ကြောင်းနှင့် ပတ်သက်၍ လီယန်ချူးမှာ သံသယ ရှိနေဆဲပင်။ ယခင်က ကောင်းပုရွာမှ ဝိညာဉ်များကို ဝိညာဉ်အိတ်ထဲ ထည့်ထားသော်လည်း အကုန်လုံး ပျောက်ကွယ်သွားခဲ့ဖူးသဖြင့် ယခုတစ်ခေါက်တွင်မူ ကျောက်ရှောင်မန်ကို သူ၏ ဘေးနားတွင်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဝုန်း...

ဟိန်းသံတစ်ခု ထွက်ပေါ်လာရာ တောတွင်းမှ သားရဲတစ်ကောင်မှာ မီးရောင်ကြောင့် ဆွဲဆောင်ခံလိုက်ရပုံရသည်။ ဝေ့ရှန်းမှာ တုန်တုန်ရင်ရင်ဖြင့်

"ဒါက ဘယ်လို သားရဲလဲ" ဟု မေးလိုက်သည်။

လီယန်ချူးက ဆိတ်သားတစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်ပြီး အရက်တစ်ငုံ သောက်ကာ အသာအယာ ကြည့်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ တောဝက်မိစ္ဆာ တစ်ကောင်ပါ"

"ဪ... အဲဒါလား... ဘာ တောဝက်မိစ္ဆာ "

ဝေ့ရှန်းမှာ လီယန်ချူး၏ တည်ငြိမ်သော လေသံကြောင့် စိတ်အေးသွားသော်လည်း နောက်မှ သတိဝင်လာကာ ထိတ်လန့်သွားသည်။ မိစ္ဆာတဲ့လား လီတာအိုဆရာက ဘယ်လိုလုပ် ဒီလောက် အေးအေးဆေးဆေး ပြောနိုင်ရတာလဲ။ သို့သော် လီယန်ချူး၏ တည်ငြိမ်သော အမူအရာကို မြင်သောအခါ သူ၏ မျက်လုံးများ တောက်ပလာပြီး

"အဲဒါကို စားလို့ရလား"

ဝေ့လျန် - ".........."

ကျောက်ရှောင်မန် - ".........."

လီယန်ချူးက ရယ်မောလိုက်ပြီး

"စားလို့ရမရက အသာထားပါဦး၊ ဝေ့ရှန်း... ဒီည ဟိုမိစ္ဆာက မင်းတို့ဆီ ထပ်လာဦးမှာ၊ မင်းက တကယ့်ကို စိတ်နှလုံး ကျယ်ပြန့်တာပဲ"

"လီတာအိုဆရာတောင် ကျွန်တော်တို့ကို မကယ်နိုင်ရင် ကျွန်တော်တို့ စိုးရိမ်နေလည်း အပိုပဲလေ"

ဟု ဝေ့ရှန်းက လက်ကာပြကာ ပြောသည်။ ကြောက်တာက ကြောက်တာပဲ၊ ဒါပေမဲ့ သူက အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မြင်နေသည်။

လီယန်ချူး ခဏမျှ ဆွံ့အသွားပြီးမှ ခေါင်းညိတ်လိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

ဤကဲ့သို့ အခြေအနေမျိုးတွင် ဤမျှ ပေါ့ပေါ့ပါးပါး နေနိုင်ခြင်းမှာ ထိုသူဌေးသားလေးမှာလည်း သာမန်လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေသည်။

ပေါင် ၅၀၀၊ ၆၀၀ ခန့်ရှိသော တောဝက်ကြီးတစ်ကောင်မှာ တဖြည်းဖြည်း လျှောက်လာသည်။ ၎င်း၏ စူးရှသော အစွယ်များမှာ အေးစက်စွာ တောက်ပနေပြီး နီရဲသော မျက်လုံးများဖြင့် လေးဦးသားကို ကြည့်နေသည်။ ဝေ့သားအဖမှာ ချက်ချင်း ထရပ်လိုက်ကာ တောဝက်ကြီးကို ကြောက်လန့်တကြား ကြည့်နေမိသည်။

စိတ်လျှော့ထားသည် ဆိုသော်လည်း ဤမျှ ကြီးမားသော တောဝက်ကြီးကို မြင်သောအခါ ကြောက်ရွံ့မှုကတော့ ရှိနေဆဲပင်။ ကျောက်ရှောင်မန်မှာလည်း ထိတ်လန့်သွားကာ ဝေ့လျန်၏ နောက်ကွယ်တွင် ပုန်းနေတော့သည်။

"နင်က သရဲမပဲဟာ၊ ဘာကို ကြောက်နေတာလဲ"

ဟု ဝေ့ရှန်းက မေးသည်။

"သရဲဖြစ်တော့ ဘာဖြစ်လဲ၊ သရဲက မကြောက်ရဘူးလား"

ဟု ကျောက်ရှောင်မန်က တိုးတိုးလေး ပြန်ပြောသည်။

လီယန်ချူးက တောဝက်ကြီးကို လှည့်ကြည့်ကာ

"လူသားအသားကို စားရတာ စွဲလမ်းနေတာလား"

ဟု အေးစက်စွာ မေးလိုက်သည်။

တောဝက်ကြီးက ဟိန်းဟောက်ကာ မြေကြီးကို ခြေထောက်ဖြင့် ယက်လိုက်သည်။ ၎င်း၏ မျက်လုံးထဲတွင် လှောင်ပြောင်မှုနှင့် လောဘရိပ်များ ရှိနေသည်။ ဤတောဝက်မှာ မိစ္ဆာအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လီယန်ချူး၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး တောဝက်ကြီး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။ လက်ဖဝါးဖြင့် အသာအယာ ရိုက်လိုက်ရာ အရေပြား မာကျောလှသော ထိုတောဝက်ကြီးမှာ ချက်ချင်းပင် အရိုးအဆစ်များ ကြေမွကာ လဲကျသွားတော့သည်။

ဝေ့သားအဖ - ".........."

ကျောက်ရှောင်မန် - ".........."

လီယန်ချူးက မျက်မှောင်ကြုတ်လိုက်မိသည်

"ဟူး... အားနည်းလွန်းတယ်။ တန်ခိုးစွမ်းအား အသစ်ရဲ့ ခြားနားချက်ကိုတောင် မသိလိုက်ရဘူး"

ယခင်ကလည်း ထိုတောဝက်မျိုးကို သူ ဤကဲ့သို့ သတ်နိုင်ခဲ့ဖူးသည်။ သူက ခွန်အားကို အနည်းငယ်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက တောဝက်ကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားမည်ဖြစ်ပြီး အနားတွင် ထမင်းစားနေသူများအတွက် မြင်ကွင်းက အလွန် ရွံစရာကောင်းသွားပေလိမ့်မည်။

လီယန်ချူး ပြန်လာထိုင်ပြီးမှ တစ်ခုခုကို သတိရဟန်ဖြင့် ဝေ့ရှန်းကို ပြောလိုက်သည်။

"ဒါကို မစားဖို့ ငါ အကြံပေးချင်တယ်။ သူ့ကိုယ်ပေါ်မှာ မိစ္ဆာအငွေ့အသက်တွေ ရှိနေလို့ လူစားမိရင် ရူးသွားနိုင်တယ်"

"ဗျာ ဟုတ်ကဲ့... မစားတော့ပါဘူး "

ဝေ့ရှန်းက အလန့်တကြား လက်ခါပြသည်။

အမှန်စင်စစ် လီယန်ချူးမှာ လျှောက်ပြောနေခြင်းသာ ဖြစ်သည်။ သူကိုယ်တိုင်လည်း မိစ္ဆာသားကို မစားဖူးဘဲ မိစ္ဆာဘုရင်များကို ဆေးဖော်စပ်ရန်သာ အသုံးပြုခဲ့ဖူးသည်။ လီယန်ချူးက လက်ညှိုးကို တောက်တစ်ချက် ခတ်လိုက်ရာ ယန်မီးတောက် တစ်ခု ထွက်ပေါ်လာပြီး တောဝက်ကြီးကို ပြာဖြစ်အောင် လောင်ကျွမ်းစေလိုက်သည်။

ကုသိုလ်အမှတ် ၃၀၀ ရရှိလိုက်သည်။ လီယန်ချူးသည် ကုသိုလ်အမှတ် နည်းပါးသည်ဟု မထင်ဘဲ ထိုတောဝက်ကိုပင် ကျေးဇူးတင်မိသေးသည်။ အစာစားနေချိန်တွင် ကုသိုလ်မှတ် ၃၀၀ လာပေးသော မိစ္ဆာကို မည်သူက မကောင်းပြောနိုင်မည်နည်း။

အစာစားပြီးနောက် လေးဦးသားမှာ မြင်းလှည်းအတွင်းသို့ ဝင်ရောက်ကြသည်။ ဤမြင်းလှည်းမှာ အလွန်ကျယ်ဝန်းသဖြင့် ရှစ်ယောက် ထိုင်လျှင်ပင် မကျပ်ပေ။ လီယန်ချူးက ရှစ်ခွင်မှန်ကို မြင်းလှည်းအတွင်း၌ ချထားလိုက်သည်။ ရှစ်ခွင်မှန်မှာ ယခုအခါ အသိစိတ်ရှိသော ရတနာတစ်ခု ဖြစ်နေပြီဖြစ်ရာ တစ်ခုခု ထူးခြားသည်နှင့် အလင်းတန်းများ လွှတ်ထုတ်မည် ဖြစ်သည်။ ထို့အပြင် ရှစ်ခွင်မှန်၏ စူးစမ်းနိုင်စွမ်းမှာ လီယန်ချူး၏ မျက်လုံးထက်ပင် ပိုမို တိကျလှသည်။

လီယန်ချူးက တရားထိုင်နေစဉ် ကျောက်ရှောင်မန်ကမူ အမျိုးသားများနှင့် တစ်ခန်းတည်း အတူနေရသည်မှာ ရှက်စရာကောင်းသည်ဟု ဆိုကာ အခိုးအငွေ့အဖြစ် ပြောင်းလဲ၍ ဆီစိမ်စက္ကူထီးအတွင်းသို့ ဝင်သွားတော့သည်။ ဝေ့ရှန်းမှာ တွေးနေမိသည်။

'နေ့ခင်းကလည်း ငါတို့ သုံးယောက် အတူတူပါပဲ၊ အခု ငါပါလာမှပဲ ရှက်နေရသလား။ ငါ့ရဲ့ အချောဆုံး မျက်နှာလေးကြောင့် ခက်နေပြီ'

ဟု ဝေ့ရှန်းက သက်ပြင်းချလိုက်သည်။

သန်းခေါင်ယံအချိန်တွင် ဝေ့သားအဖ၏ ဝိညာဉ်များမှာ ကိုယ်ပေါ်မှ လွင့်ထွက်ရန် ပြင်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ လီယန်ချူးမှာ မျက်လုံးပင် မဖွင့်တော့ပေ။ ရှစ်ခွင်မှန်က အလိုအလျောက် ပျံတက်သွားပြီး အလင်းတန်း နှစ်ခု လွှတ်ထုတ်ကာ ထိုအမည်းရောင် အရိပ်များကို ဖျက်ဆီးပစ်လိုက်သည်။

ဝိညာဉ်များလည်း ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားကြသည်။ သူတို့ သားအဖမှာ အရက်ကလေး သောက်ထားသဖြင့် မိမိတို့ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့သည်ကိုပင် မသိလိုက်ကြပေ။ မသိခြင်းမှာလည်း တစ်မျိုးတော့ ပျော်စရာကောင်းလှသည်။

ထိုအမည်းရောင် အရိပ်များကို နှိမ်နင်းပြီးနောက်မှ လီယန်ချူး မျက်လုံးဖွင့်လိုက်ကာ

"ထပ်ပြီး ဖြစ်ပေါ်လာနိုင်သေးတာလား။ တကယ့်ကို ထူးဆန်းတဲ့ စုန်းအတတ်ပဲ"

ဟု ရေရွတ်ကာ မျက်လုံး ပြန်ပိတ်လိုက်သည်။ သူသည် ယန်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ကျင့်ကြံခြင်းကိုမူ အလွန် အလေးထားသူ ဖြစ်သည်။

သူသည် ကျင့်ကြံနေရင်း နတ်ဝိညာဉ်ကို ခိုင်းစေခြင်း တန်ခိုးကို အသုံးပြုလိုက်ရာ ဤအနီးအနားရှိ မြေစောင့်နတ်များကို ခေါ်မရဘဲ ကြောက်မက်ဖွယ် ဝိညာဉ် နှစ်ခုနှင့် ကျားမိစ္ဆာ တစ်ကောင်သာ ရောက်ရှိလာသည်။ ထိုဝိညာဉ်နှစ်ခုမှာ တောင်ထဲတွင် အသတ်ခံခဲ့ရသော ရန်ငြိုးကြီးသူများ ဖြစ်ကြပြီး ကျားမိစ္ဆာမှာမူ ထိုတောဝက်ကြီး၏ ရန်ဘက်ဖြစ်ကာ ယနေ့မှ မတော်တဆ လီယန်ချူး၏ တန်ခိုးဖြင့် အခေါ်ခံလိုက်ရခြင်း ဖြစ်သည်။

ထိုသုံးကောင်စလုံးမှာ ဟိန်းဟောက်၍ ခြောက်လှန့်ရန် ပြင်လိုက်သော်လည်း မြင်းလှည်းအတွင်းမှ သုံးရောင်ခြယ်မီးတောက် ထွက်ပေါ်လာပြီး သူတို့ကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ကုသိုလ်အမှတ် ၁၀၀၀ ထပ်မံ ရရှိလိုက်သည်။ လီယန်ချူးသည် ဆယ်မိုင်ပတ်လည်ရှိ မိစ္ဆာများကို စုစည်းလိုက်သော်လည်း ဤသုံးကောင်သာ ရှိတော့သည်။

"သိပ်မများဘူး ထင်ရပေမဲ့ တကယ်တော့ မိစ္ဆာတွေ ပေါ်ထွက်နှုန်းက တော်တော် မြင့်နေတာပဲ"

အဓိကမှာ ဝေ့လျန်မှာ ကံဇာတာ နိမ့်ပါးနေသဖြင့် ဤကဲ့သို့သော အရာများနှင့် ဆုံတွေ့နေရခြင်း ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက် ကံဆိုးနေချိန်တွင် တိတ်ဆိတ်သော နေရာများသို့ မသွားသင့်ပေ။

လီယန်ချူးသည် တန်ခိုးစွမ်းအားများကို ဆက်လက် လေ့ကျင့်နေသည်။ တန်ခိုးများကို တတ်မြောက်ရုံနှင့် မပြီးဘဲ ၎င်းတို့၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် လိုအပ်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း တောင်ကို ထမ်းခြင်း အတတ်ကြောင့် ပိုမို အားကောင်းလာခဲ့သည်။

ကံကောင်းသည်မှာ ခန္ဓာကိုယ် သန်မာလာသော်လည်း ကိုယ်လုံးကိုယ်ပေါက်မှာ ပြောင်းလဲမသွားခြင်းပင်၊ မဟုတ်ပါက သူသည် ကြွက်သားစိုင်ကြီးများနှင့် လူသန်ကြီး တစ်ယောက် ဖြစ်သွားပေလိမ့်မည်။

သူတို့အဖွဲ့ လော့ဟွန်းတောင်သို့ ရောက်ရှိသောအခါ လီယန်ချူးမှာ လမ်းတစ်လျှောက် ကုသိုလ်အမှတ် ၄၀၀၀ ခန့် ရရှိခဲ့ပြီ ဖြစ်သည်။ မိစ္ဆာများ ပေါ်ထွက်နှုန်း မြင့်မားလှသဖြင့် ဝေ့သားအဖနှင့် ကျောက်ရှောင်မန်တို့မှာ ထိတ်လန့်နေကြသည်။

"အဖေ... အဖေက ဒီတောင်ထဲကနေ ဘယ်လိုများ လွတ်အောင် လာခဲ့တာလဲ"

ဟု ဝေ့ရှန်းက တုန်တုန်ရင်ရင် မေးသည်။

ဝေ့လျန်ကိုယ်တိုင်လည်း မိမိကိုယ်ကို အံ့သြနေမိသည်။ ဤတောင်ထဲတွင် မိစ္ဆာများ ဤမျှ များပြားနေပါလျက် သူက အဘယ်ကြောင့် ဘေးကင်းခဲ့သနည်း။

"ငါတို့ ဘိုးဘွားတွေ ကုသိုလ်ကောင်းမှု လုပ်ခဲ့လို့ပဲ ဖြစ်မှာပါ"

ဟု ဝေ့လျန်က ရိုးသားစွာ ဖြေသည်။

လော့ဟွန်းတောင်သို့ ရောက်သောအခါ ကျောက်ရှောင်မန်က

"ဒါက လော့ဟွန်းတောင်ရဲ့ အပြင်ဘက်ပဲ ရှိသေးတယ်"

ဟု ပြောသည်။

လီယန်ချူးက တောင်ကြီးကို ကြည့်ကာ သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ တောင်အတွင်း၌ သူ၏ စိတ်အာရုံကို ကန့်သတ်ထားသော ထူးဆန်းသည့် တားမြစ်ချက်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

"အင်း... ဒီနေရာက တကယ့်ကို အန္တရာယ်များတဲ့ နေရာပဲ"

လီယန်ချူးက လေးနက်စွာ ပြောလိုက်သည်။

ဝေ့သားအဖမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤနေရာက အန္တရာယ်များမှန်း သူတို့ သိကြသည်၊ သို့သော် လီတာအိုဆရာ၏ မျက်နှာက အဘယ်ကြောင့် စိတ်လှုပ်ရှားနေသကဲ့သို့ ဖြစ်နေရသနည်း။

"ကဲ... သွားကြစို့၊ ကံကောင်းတာ ဖြစ်ဖြစ်၊ ကံဆိုးတာ ဖြစ်ဖြစ် ရှောင်လွှဲလို့ မရဘူး။ ငါတို့ ဝင်ကြည့်ကြတာပေါ့"

ဟု လီယန်ချူးက ရှေ့မှ လှမ်းဝင်သွားတော့သည်။

လော့ဟွန်းတောင်အတွင်းသို့ ဝင်လိုက်သည်နှင့် အပူချိန်မှာ ချက်ချင်း ကျဆင်းသွားသည်။ အကယ်၍ ဤနေရာက မခြောက်လှန့်ပါက နွေရာသီတွင် အေးအေးဆေးဆေး နေရန် အလွန်ကောင်းသော နေရာ ဖြစ်ပေလိမ့်မည်။

ယင်လေများ တိုက်ခတ်နေပြီး မြူခိုးများ ဖုံးလွှမ်းနေသလို အဆိပ်ရှိသော ပိုးမွှားများလည်း ရှိနေသည်။ သို့သော် တောရိုင်းတိရစ္ဆာန်များမူ မရှိပေ။ ဤမျှ ကြောက်စရာကောင်းသော နေရာတွင် တိရစ္ဆာန်များမှာ အစာသာ ဖြစ်သွားနိုင်သောကြောင့်ပင်။

သူတို့အဖွဲ့ ခဏမျှ လျှောက်လာပြီးနောက် တိရစ္ဆာန်အရိုးစုများကို တွေ့လိုက်ရသည်။ အချို့မှာ အကိုက်ခံထားရသည့် လက္ခဏာများ ရှိပြီး အချို့မှာမူ ဖြူဖွေးနေသော အရိုးစုများသာ ဖြစ်သည်။ လေထုထဲတွင် သွေးညှီနံ့များ ရနေပြီး တစ်စုံတစ်ယောက်က မိမိတို့နောက်ကို လိုက်ကြည့်နေသကဲ့သို့ ခံစားချက်မျိုး ရနေသည်။ ဝေ့ရှန်းမှာ အသက်ပင် မရှူရဲတော့ဘဲ တစ်စုံတစ်ယောက်က သူ၏ ကျောပြင်ကို အေးစက်သော လေဖြင့် မှုတ်နေသကဲ့သို့ ခံစားနေရသည်။

"ဒီနေရာမှာ တကယ်ပဲ သရဲရှိတာလား"

ဟု ဝေ့ရှန်းက မေးရာ

"ရှိတာပေါ့၊ တကယ့်ကို ရှိတာ"

ဟု ကျောက်ရှောင်မန်က ပြန်ဖြေသည်။ ဝေ့ရှန်းမှာ သတိဝင်လာမှ ကျောက်ရှောင်မန်ကိုယ်တိုင်လည်း သရဲဖြစ်သည်ကို သတိရကာ ကြောက်စိတ်ကြောင့် လီယန်ချူး၏ အနားသို့ ပိုမို ကပ်သွားတော့သည်။

သူတို့ တောင်ထဲသို့ သုံးလေးမိုင်ခန့် ဝင်လာသောအခါ အဝတ်အစား နွမ်းပါးလှသော အဘွားအို တစ်ဦးကို တွေ့လိုက်ရသည်။ ဆံပင်ဖြူဖြူ၊ မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော ထိုအဘွားအိုကို တောနက်ထဲတွင် တွေ့လိုက်ရသဖြင့် ဝေ့သားအဖမှာ ထိတ်လန့်သွားကြသည်။

"ငါ့မြေးလေးကို တွေ့မိကြသလား..."

အဘွားအို၏ အသံမှာ အေးစက်လှပြီး သူမ၏ မျက်နှာမှာလည်း မည်သည့် ခံစားချက်မှ မရှိဘဲ မှောင်မည်းနေသော တောအုပ်ကြီးထဲတွင် ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်ဖော်နေတော့သည်။

အခန်း (၇၇၂) - အစွမ်းထက်လှသော ခြေမှုန်းခြင်း၊ ကျန်းလင်း၊ ထိုက်ဖိန်ကျမ်း

ဘေးနားရှိ ကျောက်ရှောင်မန်မှာလည်း ကြောက်လန့်တကြား တုန်လှုပ်သွားကာ ဝေ့ဦးလေး၏ လက်မောင်းကို မသိမသာ ဆွဲကိုင်ထားမိသည်။

သူမသည် ဤသက်လတ်ပိုင်းအရွယ် ဦးလေးကြီးအပေါ် အထူးတလည် ရင်းနှီးခင်တွယ်မှုကို ခံစားနေရခြင်းဖြစ်ရာ ဤအချက်ကို မိန်းမပွေသည့် ဝေ့ရှန်းက ရိပ်မိပြီးသား ဖြစ်သည်။

'ငါ မချောလို့ မဟုတ်ဘူး၊ ငါ့အရွယ်က ငယ်နေသေးလို့ပဲ ဖြစ်မှာပါ'

ဟု ဝေ့ရှန်းက တွေးလိုက်သည်။

သို့သော် ဝေ့ရှန်းမှာ လက်ရှိအခြေအနေတွင် အနည်းငယ် စိတ်ပျက်မိသွားသည်။

'နင်ကလည်း သရဲမတစ်ကောင်ပဲဟာ ဟိုအဘွားကြီးက သရဲဆိုရင်တောင် နင်က ဘာလို့ ဒီလောက် ကြောက်နေရတာလဲ။ အပေါ်တက်ပြီးသာ ချပစ်လိုက်စမ်းပါ' ဟု စိတ်ထဲမှ တွေးနေမိသည်။

သို့သော် အမှန်တကယ်တွင်မူ လူကို အသတ်နိုင်ဆုံးမှာ လူသားချင်း ဖြစ်သကဲ့သို့ပင်၊ သရဲတစ္ဆေများကို အညှာတာဆုံး သတ်ဖြတ်နိုင်သူမှာ ဘုန်းကြီး သို့မဟုတ် တာအိုဆရာများ မဟုတ်ဘဲ ပိုမိုအစွမ်းထက်သော ဝိညာဉ်ဆိုးများသာ ဖြစ်သည်။

ထို့ကြောင့် အဆင့်အတန်းတူ၍ တစ်ဖက်ကို မနှိမ်နင်းနိုင်သော ဝိညာဉ်များမှလွဲ၍ ဝိညာဉ်လောကတွင် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးမျိုးမှာ အလွန်ရှားပါးလှသည်။ အချင်းချင်း ဝါးမြိုကာ ကျင့်စဉ်ကို မြှင့်တင်ကြသည်သာ များလေသည်။

အဘွားအိုသည် မည်သူမှ ပြန်မဖြေသည်ကို မြင်သောအခါ အေးစက်တောင့်တင်းသော အသံမှာ ပို၍ပင် စူးရှလာပြီး အေးစက်မှုများကလည်း တိုးလာခဲ့သည်။

"ငါ့မြေးလေးကို တွေ့မိကြသလား..."

ဝေ့သားအဖနှင့် ကျောက်ရှောင်မန်တို့မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။ အဘွားအို၏ ကိုယ်ပေါ်မှ အေးစက်သော ယင်အငွေ့အသက်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ သစ်ရွက်များမှာလည်း သရဲများ လက်ခုပ်တီးနေသကဲ့သို့ သို့မဟုတ် သရဲများ ရယ်မောနေသကဲ့သို့ တရှဲရှဲ မြည်ဟည်းနေတော့သည်။

တိတ်ဆိတ်မှုက စိုးမိုးနေဆဲပင်။ မည်သူမျှ ပြန်မဖြေကြချေ။

အဘွားအိုသည် အလွန်တောင့်တင်းသော အမူအရာဖြင့် လီယန်ချူးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မှုန်ဝါးနေသော မျက်လုံးများထဲတွင် လီယန်ချူး၏ တည်ကြည်ခန့်ညားသော မျက်နှာလေးမှာ အရိပ်ထင်ဟပ်နေသည်။ ဤတစ်ကြိမ်တွင်မူ သူမသည် လီယန်ချူးကို တိုက်ရိုက်ပစ်မှတ်ထား၍ မေးလိုက်ခြင်း ဖြစ်သည်။

"မင်း... ငါ့မြေးလေးကို တွေ့မိသလား"

အဘွားအို၏ လေသံမှာ ရုတ်တရက် စူးစူးဝါးဝါး ဖြစ်သွားကာ မျက်လုံးများမှာလည်း အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားသည်။ ပြင်းထန်လှသော သရဲအငွေ့အသက်များ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာသည်။ ဤအဘွားအိုမှာ ကျင့်စဉ်အလွန်မြင့်မားသော ဝိညာဉ်ဆိုးကြီး ပင် ဖြစ်သည်။

"ငါ့ကို မေးနေတာလား"

လီယန်ချူးက အေးစက်စွာ ပြုံးလိုက်သည်။ ပြီးနောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ပြင်းထန်လှသော ယန်သွေးကြွစွမ်းအားများ ပေါက်ကွဲထွက်သွားတော့သည်။

ဗုန်း

ထိုအဘွားအိုမှာ ချက်ချင်းပင် ပြာအဖြစ် ကြေမွပျက်စီးသွားခဲ့သည်။ သူမ ပျောက်ကွယ်သွားသည့် ခဏချင်းမှာပင် သူမ၏ ကျောပေါ်တွင် အသားအရောင်မှာ ညိုပုပ်နေပြီး အစွယ်များ ထွက်နေသည့် ကလေးငယ်တစ်ဦး ပေါ်လာသည်။ ၎င်းမှာ ဝိညာဉ်နှစ်ခု ပူးကပ်နေခြင်းပင် သို့သော် ထိုကလေးဝိညာဉ်မှာ ပေါ်လာသည်နှင့် အဘွားအိုထက်ပင် ပိုမိုမြန်ဆန်စွာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

"ကုသိုလ်မှတ် ခြောက်ထောင်"

လီယန်ချူး၏ စိတ်ထဲတွင် ရင်းနှီးနေသော တာအိုလမ်းစဉ်၏ အသိပေးမှုကို ခံစားလိုက်ရသဖြင့် မျက်လုံးများ တောက်ပသွားသည်။

"ဝင်လာရုံရှိသေးတယ်၊ ကုသိုလ် ခြောက်ထောင် ရပြီပဲ"

သူသည် ဤနေရာကို ရုတ်တရက် အလွန်စိတ်ဝင်စားသွားတော့သည်။ ခုနက 'တစ်ခုဝယ် တစ်ခုလက်ဆောင်' ရသကဲ့သို့ ဝိညာဉ်နှစ်ကောင်စလုံးမှာ ရန်ငြိုးကြီးမားလှပြီး လူမည်မျှသတ်ခဲ့သည်ကို မသိနိုင်ပေ။ လီယန်ချူး၏ လက်သီးတစ်ချက်တည်းဖြင့် ဝိညာဉ်နှစ်ခုစလုံးကို သတ်ဖြတ်ကာ ကုသိုလ်မှတ် ၆၀၀၀ ရယူပြီးနောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"အင်း... အသံအကျယ်ကြီး မလုပ်မှဖြစ်မယ်၊ ဒီသရဲတွေကို ကြောက်ပြီး ပြေးကုန်ရင် မကောင်းဘူး"

သူသည် သူ၏ အငွေ့အသက်များကို သိမ်းဆည်းလိုက်ရာ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် ကျန်သုံးယောက်ကို ခေါ်၍ ခရီးဆက်လိုက်သည်။

"ခုနက... လီတာအိုဆရာ ပြုံးလိုက်တာလား"

ဝေ့ရှန်းမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သည်။

လူအုပ်စုမှာ လော့ဟွန်းတောင်အတွင်းသို့ ဆက်လက်ဝင်ရောက်လာခဲ့ရာ လီယန်ချူးမှာ ဤနေရာ၏ နာမည်ကြီးမှုမှာ အလကားမဟုတ်ကြောင်း သတိထားမိလိုက်သည်။ ဤနေရာရှိ ထူးဆန်းသော ပတ်ဝန်းကျင်မှာ အလွန်ပြင်းထန်လှပြီး အထူးတလည် ဖန်တီးထားသော အစီရင်တစ်ခုလည်း ရှိနေသည်။

သာမန်လူများသာဆိုပါက ဤနေရာတွင် လမ်းမှားကာ သရဲလမ်းချော် ဖြစ်နေပေလိမ့်မည်။ လီယန်ချူးကဲ့သို့သော အဆင့်မြင့်ကျင့်ကြံသူအတွက်မူ ၎င်းကို ဖြေရှင်းရန်မှာ အလွန်လွယ်ကူလှသည်။ ဝိညာဥ်မျက်စိဖြင့်ဖြစ်စေ၊ ရှစ်ခွင်မှန်ဖြင့်ဖြစ်စေ၊ တာအိုမန္တန်များဖြင့်ဖြစ်စေ ဤနေရာရှိ လှည့်စားမှုများကို ဖြိုခွဲနိုင်သည်။ လီယန်ချူးသည် လူများကို ဦးဆောင်ကာ မိစ္ဆာများကို ခြေမှုန်း၍ ရှေ့သို့ ဆက်တိုးလာခဲ့သည်။

ရှပ်

ဓားအလင်းတန်းတစ်ခု ဖြတ်သန်းသွားရာ မြေပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာပြီး ကျောက်စိုင်ကျောက်ခဲများ လွင့်စင်သွားသည်။ အသားအရောင်မှာ နှင်းကဲ့သို့ ဖြူဖွေးပြီး အရပ်ရှည်ရှည်နှင့် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးသည် ထူးဆန်းသော လက်မောင်းတစ်ခုကို စိုးရိမ်တကြီး စိုက်ကြည့်နေသည်။ ထိုလက်မောင်းမှာ တစ်စုံတစ်ယောက်၏ ပခုံးရင်းမှ ပြတ်ကျနေသကဲ့သို့ ရှိပြီး ဖြူဖျော့တောင့်တင်းနေကာ ကြောက်မက်ဖွယ် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသည်။

လက်မောင်းသည် ဓားအရှိန်ကို ရှောင်တိမ်းပြီးနောက် ထိုအမျိုးသမီးကို ပြန်လည် တိုက်ခိုက်လာသည်။ အမျိုးသမီးသည် လက်ထဲမှ ရှည်လျားသော ဓားကို ဝေ့ယမ်းလိုက်ရာ ဓားသွားပေါ်တွင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး လေထဲတွင် လခြမ်းကွေးပုံစံအတိုင်း ထိုလက်မောင်းကို ခုတ်ပိုင်းလိုက်ပြန်သည်။ လက်မောင်းမှာ လေထဲတွင် အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းနေပြီး ခန့်မှန်းရခက်လှသည်။

ယခင်တစ်ကြိမ်က ဤအမျိုးသမီး၏ ဓားဒဏ်ကြောင့် ထိခိုက်ခဲ့ဖူးသဖြင့် ယခုတစ်ခေါက်တွင် လက်မောင်းမှာ မြေပြင်တွင် ကပ်လျက် ပျံသန်းလာခဲ့သည်။ အမျိုးသမီးသည် မြေကြီးကို အသာနင်းကာ မန္တန်များကို ရွတ်ဆိုလိုက်ရာ သူမ၏ ခြေထောက်အောက်တွင် ဆန်းကြယ်သော သင်္ကေတများ ပေါ်လာတော့သည်။

၎င်းမှာ ရွှေငါးလေးတစ်ကောင်ကဲ့သို့ပင်

ရှူး... ရှူး... ရှူး

လက်မောင်းပေါ်မှ မည်းနက်သော ယင်အငွေ့အသက်များ ပေါက်ကွဲထွက်လာပြီး ရွှေငါးနှင့် ထိတွေ့မိသောအခါ အခိုးအငွေ့များ ထွက်လာသည်။ ဤထူးဆန်းသော လက်မောင်းမှာ လော့ဟွန်းတောင်အတွင်းရှိ မိစ္ဆာတစ်ခု ဖြစ်သည်။ ခုနကပင် တာအိုဆရာတစ်ဦးအသွင် ဆောင်ကာ ဤအမျိုးသမီးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ ကိုယ်ပေါ်တွင် ကာကွယ်ရေး ရတနာရှိနေသဖြင့်သာ တိုက်ခိုက်မှုကို ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးသည် အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် လက်မောင်းကို သတ်ဖြတ်နိုင်ခဲ့သော်လည်း သူမ၏ ကိုယ်တွင်းမှ စွမ်းအားများမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူမသည် ဒူးတစ်ဖက်ထောက်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။

"လော့ဟွန်းတောင်ထဲက မိစ္ဆာတွေက အရမ်းကြမ်းတာပဲ။ ဝင်လာတာ ဘယ်လောက်မှ မရှိသေးဘူး... ဒီတစ်ခေါက် နဝယိုမြက် ကို ရှာဖို့ကတော့ မျှော်လင့်ချက် မရှိတော့ဘူး ထင်ပါရဲ့"

အမျိုးသမီးမှာ ဖြည်းဖြည်းချင်း ထရပ်ကာ အသက်ရှူနှုန်းကို ထိန်းညှိပြီး ရင်ဘတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်စားလိုက်ရာ မျက်နှာမှာ ပြန်လည် လန်းဆန်းလာသည်။ ထိုစဉ် သူမ၏ ကျောပြင်မှ အေးစက်သော အငွေ့အသက်တစ်ခု တက်လာသည်ကို ခံစားလိုက်ရသဖြင့် ချက်ချင်း ရှေ့သို့ ခုန်ထွက်လိုက်သည်။ လှည့်ကြည့်လိုက်သောအခါ သူမ၏ စိတ်ထဲမှာ လေးလံသွားတော့သည်။

ဆံပင်ဖားလျားနှင့် ဦးခေါင်းခွံတစ်ခုကို တွေ့လိုက်ရသည်။ ထိုဦးခေါင်း၏ မျက်နှာတစ်ခုလုံးမှာ လှီးဖြတ်ခံထားရသကဲ့သို့ သွေးချင်းချင်းနီနေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ် ဦးခေါင်းကို မြင်သောအခါ အမျိုးသမီးမှာ အသက်ကို ပြင်းပြင်းရှူကာ မန္တန်အမှတ်အသား ပြုလုပ်လိုက်ပြီး တောက်ပသော မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

ဟူး...

မီးတောက်မှာ အလွန်ပြင်းထန်သော အပူရှိန်ရှိသော်လည်း ထိုဦးခေါင်းပေါ်သို့ ကျရောက်သွားသောအခါ ဘာမှမဖြစ်ပေ။ ထိုဦးခေါင်းမှာ သူမ၏ မန္တန်များကို ခုခံနိုင်စွမ်း ရှိနေပုံရသည်။ အမျိုးသမီး၏ စိတ်ထဲတွင် စိုးရိမ်မှုများ တိုးလာသည်။ ဦးခေါင်းက ရုတ်တရက် ပြေးဝင်လာရာ သူမသည် ဓားဖြင့် ခုတ်ချလိုက်သည်။

ဒေါင်

လက်ထဲမှ ဓားမှာ ကျောက်တုံးကို ခုတ်မိသကဲ့သို့ အပိုင်းပိုင်း ပြတ်ထွက်သွားကာ မီးပွားများ လွင့်စင်သွားသည်။ ထိုဦးခေါင်းမှာမူ သူမဆီသို့ တည့်တည့် တိုးဝင်လာခဲ့သည်။ အမျိုးသမီး၏ ကိုယ်ပေါ်တွင် စိမ်းပြာရောင် အလင်းတစ်ခု တောက်ပလာပြီး ဆန်းကြယ်သော မန္တန်သင်္ကေတများ ပေါ်လာသည်။

ဗုန်း

သူမသည် ထိုဦးခေါင်း၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားကာ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်နှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။ အမျိုးသမီးမှာ ပါးစပ်မှ သွေးများ ထွက်လာကာ ဤထူးဆန်းသော ဦးခေါင်းကို ကြောက်လန့်တကြား ကြည့်နေမိသည်။ သူမ၏ ကာကွယ်ရေး ရတနာပေါ်တွင်ပင် အက်ကြောင်းများစွာ ပေါ်နေပြီ ဖြစ်ရာ နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတော့မည် မဟုတ်ပေ။

သူမသည် ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ ဖွင့်လိုက်ရာ စာအုပ်ပေါ်တွင် ရွှေရောင်စာလုံးများ ပေါ်လာသည်။

ရှပ် ရှပ် ရှပ်

အလင်းတန်း နှစ်ခု ထွက်ပေါ်လာကာ လေထဲတွင် ဖြူဖွေးသော ဓားသွားများအဖြစ် ပြောင်းလဲ၍ ခုတ်ပိုင်းလိုက်သည်။ ထိုထူးဆန်းသော ဦးခေါင်းမှာ အကြိမ်ကြိမ် နောက်ဆုတ်သွားရပြီး ၎င်း၏ အငွေ့အသက်များလည်း အားနည်းသွားသည်။

"ငါ့ရဲ့ ထိုက်ဖိန်ကျမ်း နဲ့တောင် ဒီဦးခေါင်းကို မသတ်နိုင်ဘူးလား"

အမျိုးသမီးမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ စာအုပ်ဟောင်းကို ဆက်လက် လှန်လိုက်ပြန်သည်။ ရွှေရောင်စာလုံးများ ထပ်မံ ပေါ်လာပြန်သည်။ ဦးခေါင်းမှာလည်း ထိုအချိန်တွင်ပင် တိုက်ခိုက်လာခဲ့သည်။ အမျိုးသမီး၏ ကိုယ်ပေါ်မှ စိမ်းပြာရောင် အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ လှိုင်းအသွင်ဖြင့် ရိုက်ခတ်လိုက်သည်။

ဗုန်း

ဤဦးခေါင်းမှာ သူမ၏ မန္တန်များနှင့် ဓားများကို ခုခံနိုင်သော်လည်း သူမ ရင်ဘတ်ထဲမှ စာအုပ်ဟောင်းနှင့် တွေ့သောအခါတွင်မူ အနှိမ်ခံနေရပုံရသည်။ ဦးခေါင်းမှာ လွင့်ထွက်သွားသော်လည်း အမျိုးသမီးမှာ နောက်တစ်ကြိမ် သွေးအန်လိုက်ရပြန်သည်။ သူမ၏ ရင်ဘတ်ထဲမှ စာအုပ်ဟောင်းမှာ ဆန်းကြယ်သော မန္တန်များ ရေးသားထားသည့် ရတနာတစ်ခု ဖြစ်သည်။ သို့သော် သူမ၏ ကျင့်စဉ်အဆင့်ဖြင့်မူ မန္တန်နှစ်မျိုးကိုသာ အနိုင်နိုင် အသုံးပြုနိုင်သည်။

ဦးခေါင်းမှာ နောက်တစ်ကြိမ် တိုက်ခိုက်လာပြန်ရာ "ဂျွတ်" ခနဲ အသံနှင့်အတူ သူမ၏ ကာကွယ်ရေး ရတနာမှာ ကြေမွသွားတော့သည်။ အမျိုးသမီးမှာ မန္တန်အမှတ်အသား ပြုလုပ်ကာ ဘေးသို့ အမြန်ရှောင်လိုက်သည်။ သူမ၏ လှုပ်ရှားမှုမှာ ခန့်မှန်းရ ခက်ခဲလှသည်။

ဦးခေါင်း၏ တိုက်ခိုက်မှုမှာ လွဲချော်သွားသော်လည်း လက်မလျှော့ဘဲ ဆက်လက် လိုက်လံတိုက်ခိုက်နေဆဲပင်။ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ မျက်လုံးများ ပြူးသွားရသည်။ အလွန်စိုးရိမ်စရာကောင်းသော ထိုခဏ၌ မီးတောက်တစ်ခု ပျံသန်းလာခဲ့သည်။

စစ်မှန်သော ယန်အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ ထိုထူးဆန်းသော ဦးခေါင်းမှာ ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

".........." အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ ဆွံ့အသွားရသည်။

သစ်ပင်များ ကြားမှ လူလေးဦး ထွက်လာခဲ့သည်။ ရှေ့ဆုံးမှ လာသူမှာ အရပ်ရှည်ရှည်၊ ကိုယ်ဟန်အနေအထား ကောင်းမွန်လှပြီး ထူးခြားသော အရှိန်အဝါရှိသည့် တာအိုဆရာလေး တစ်ဦး ဖြစ်သည်။ သူ၏ ခါးတွင် ရှေးဟောင်းဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။ သူ၏ နောက်တွင်မူ သာမန် အမျိုးသားကြီး တစ်ဦး၊ လူငယ်တစ်ဦးနှင့် မိန်းကလေးငယ် တစ်ဦးတို့ ပါလာကြသည်။

အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တာအိုဆရာလေးထံသို့သာ အကြည့်ကို အမြန်ပို့လိုက်သည်။

'ဒီတစ်ခါလည်း မိစ္ဆာက ပြောင်းလဲထားတာ မဟုတ်ပါစေနဲ့' ဟု သူမ စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။ အကယ်၍ ဤသူကသာ မိစ္ဆာဆိုပါက ဤမျှ ချောမောသော တာအိုဆရာအဖြစ် ပြောင်းလဲထားခြင်းမှာ အလွန်ပင် လက်ရာမြောက်လွန်းလှသည်။

သူမ ကျေးဇူးတင်စကား မပြောရသေးခင်မှာပင် တာအိုဆရာလေးက မျက်မှောင်ကြုတ်ကာ

"ခုနက... အဲဒီခေါင်းမှာ မျက်နှာမပါဘူး မဟုတ်လား"

ဟု မေးလိုက်သည်။

နောက်မှပါလာသော မျက်ခုံးထူထူနှင့် သူဌေးသားလေးက

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်လည်း မြင်လိုက်တယ်၊ မျက်နှာတစ်ခုလုံး လှီးဖြတ်ခံထားရသလိုပဲ"

"ဒီလောက် တိုက်ဆိုင်စရာလား... အဲဒါ ခုနက လူမျက်နှာ အသားအရေများ ဖြစ်နေမလား"

တာအိုဆရာလေးက ပြောသည်။

"လီတာအိုဆရာက လက်မြန်လွန်းလို့ပါ၊ မဟုတ်ရင် သေချာ ကြည့်လို့ရတာပေါ့"

ဝေ့ရှန်းက စဉ်းစားရင်း ပြောလိုက်သည်။

ထိုအခါမှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ အခွင့်အရေးရကာ ရှေ့သို့ တိုးလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် တာအိုဆရာ၊ အကူအညီပေးတဲ့အတွက်"

ရုတ်တရက် ပေါ်လာသူများမှာ လော့ဟွန်းတောင်အတွင်း လှည့်လည်နေသော လီယန်ချူးတို့ အဖွဲ့ပင် ဖြစ်သည်။ ခုနကပင် သူသည် မိစ္ဆာအငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သုံးရောင်ခြယ်မီးတောက် တစ်ခုကို ပစ်လွှတ်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးကို ကယ်တင်လိုက်နိုင်ခြင်း ဖြစ်သည်။

"ကိစ္စမရှိပါဘူး" လီယန်ချူးက အေးစက်စွာ ပြောလိုက်သည်။

စကားပြောပြီးနောက် သူသည် ခရီးဆက်ရန် ပြင်လိုက်ရာ အမျိုးသမီးမှာ ကြောင်သွားပြီး ဘေးနားရှိ ကျောက်ရှောင်မန်ကို ကြည့်ကာ အော်ပြောလိုက်သည်။

"တာအိုဆရာ သတိထားပါ ဒီမိန်းကလေးက သရဲမပါ "

သူမသည် မတော်တဆမှု မဖြစ်ရအောင် မန္တန်ဖြင့် စစ်ဆေးကြည့်လိုက်ရာ ဆီစိမ်စက္ကူထီးကို ကိုင်ထားသော ဤမိန်းကလေးမှာ လူသားနှင့် မခြားနားသော်လည်း အမှန်တကယ်တွင်မူ သရဲမတစ်ကောင် ဖြစ်နေကြောင်း တွေ့လိုက်ရခြင်းပင်။

"သတိပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်တော် သိပါတယ်"

လီယန်ချူးက အမျိုးသမီးကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေး ပြန်ပြောသည်။

အမျိုးသမီးမှာ ဆွံ့အသွားရပြီး ထပ်မမေးတော့ပေ။

"ကျွန်မ နာမည်က ကျန်းလင်း ပါ။ တာအိုဆရာကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ ဘယ်လို ခေါ်ရမလဲဟင်"

ကျန်းလင်းက ပြုံး၍ မေးလိုက်သည်။

"ငါ့ကို လီယန်ချူး လို့ ခေါ်တယ်"

"ဪ... လီတာအိုဆရာကိုး။ လီတာအိုဆရာ လော့ဟွန်းတောင်ကို လာတာက နဝယိုမြက် ကို ရှာဖို့လားဟင်"

"နဝယိုမြက်"

လီယန်ချူးက ခေါင်းခါလိုက်ပြီး

"မဟုတ်ပါဘူး။ ငါ့သူငယ်ချင်းက တောင်ထဲက မိစ္ဆာရဲ့ ခြောက်လှန့်တာကို ခံနေရလို့ အရင်းအမြစ်ကို ရှာဖို့ လာခဲ့တာပါ"

ကျန်းလင်းသည် လီယန်ချူးနောက်မှ ဝေ့သားအဖကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"လော့ဟွန်းတောင်မှာ နဝယိုမြက် ရှိတာပဲ၊ မင်းက ပိုင်လင်းဆေးလုံး ဖော်စပ်ချင်လို့လား"

လီယန်ချူးက ရုတ်တရက် မေးလိုက်သည်။

လီယန်ချူးသည် ကျင့်ကြံခြင်းဆိုင်ရာ အတတ်ပညာလေးမျိုးဖြစ်သည့် ဆေးဖော်စပ်ခြင်း၊ အဆောင်ရေးဆွဲခြင်း၊ အစီရင်ချခြင်းနှင့် ရတနာပြုလုပ်ခြင်းတို့ကို ဆရာဖြစ်သူထံမှ သင်ကြားခဲ့ဖူးသဖြင့် အခြေခံဗဟုသုတ ရှိထားသည်။

ကျန်းလင်းသည် လီယန်ချူးကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်၊ ကျင်းရွှေမြို့က မြို့သူမြို့သားတွေက ထူးဆန်းတဲ့ ရောဂါတစ်ခု ဖြစ်နေကြတယ်။ လူတွေက တဖြည်းဖြည်း ပိန်ချုံးလာပေမဲ့ ဝမ်းဗိုက်ကတော့ တဖြည်းဖြည်း ကြီးလာတယ်။ အဆိပ်ဖြေဆေးတွေ သုံးလည်း မရဘူး။ 'ပိုင်လင်းဆေးလုံး' က ကိုယ်တွင်းအင်္ဂါတွေကို ပြန်လည် အားဖြည့်ပေးနိုင်တယ်လို့ စီနီယာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အဓိက လိုအပ်တဲ့ 'နဝယိုမြက်' မရှိလို့ ဒီတောင်ထဲကို ဆေးလာရှာတာပါ"

ဝမ်းဗိုက်ဖောင်းလာတဲ့ရောဂါ... လီယန်ချူး မျက်မှောင်ကြုတ်လိုက်မိသည်။

"နဝယိုမြက် ဘယ်မှာရှိလဲဆိုတာ မင်း သိလား"

"အဲဒီစီနီယာ ပြောတာတော့ နဝယိုမြက်က ပေါက်တဲ့နေရာ အရမ်းရှားတယ်၊ မြစိမ်းရောင် ရေကန်အေး ဘေးမှာပဲ ပေါက်တာတဲ့။ လော့ဟွန်းတောင်ထဲမှာ မြစိမ်းရောင် ရေကန်အေး တစ်ခု ရှိတယ်၊ သားရဲကြီး စောင့်နေတဲ့ ရေကန်ကို ရှာတွေ့ရင် နဝယိုမြက်ကို တွေ့လိမ့်မယ်လို့ ပြောပါတယ်"

ဟု ကျန်းလင်းက ဆိုသည်။

"ငါ ခုနက ရောက်မလာရင် မင်း သေသွားနိုင်တယ်"

လီယန်ချူးက တွေးရင်း ပြောလိုက်သည်။

ကျန်းလင်း မျက်နှာလေး နီသွားကာ ခေါင်းညိတ်ပြသည်။

"ကျွန်မက ဒီတောင်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ မိစ္ဆာတွေ မရှိဘူး ထင်ခဲ့တာ။ ခုနက ဦးခေါင်းက အရမ်းထူးဆန်းလွန်းတယ်၊ ကျွန်မရဲ့ မန္တန်တွေ အများကြီးက သူ့အပေါ် အလုပ်မဖြစ်ဘူး"

"ဒါက သာမန် ဝိညာဉ်ဆိုး မဟုတ်ဘူး၊ လော့ဟွန်းတောင်ရဲ့ သီးသန့် မိစ္ဆာပဲ"

လီယန်ချူးက ပြောသည်။

"လီတာအိုဆရာ၊ ကျွန်မ ရှင်တို့နဲ့ အတူတူ လိုက်ခဲ့လို့ ရမလားဟင်။ လော့ဟွန်းတောင်က အရမ်းထူးဆန်းလွန်းတော့ ကျွန်မ ကျင့်စဉ်နဲ့ဆိုရင် နဝယိုမြက်ကို ရဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ။ ဒါဆိုရင် ကျင်းရွှေမြို့က လူတွေလည်း ဒုက္ခရောက်ကုန်လိမ့်မယ်"

ကျန်းလင်းက ခဏစဉ်းစားပြီး မေးလိုက်သည်။

"ရတယ်၊ လိုက်ချင်ရင် လိုက်ခဲ့ပေါ့"

လီယန်ချူး ခေါင်းညိတ်လိုက်သည်။

ကျန်းလင်း၏ မျက်လုံးများ တောက်ပသွားသည်။ ဤမျှ အေးစက်ပုံရသော လီတာအိုဆရာမှာ စကားပြောရ အလွန်လွယ်ကူမည်ဟု သူမ မထင်ထားခဲ့ပေ။

"ကျေးဇူးအများကြီးတင်ပါတယ် လီတာအိုဆရာ ရှင်က ရုပ်လည်းချောသလို စိတ်ထားလည်း အရမ်းကောင်းတာပဲ"

".........." လီယန်ချူးမှာ ဆွံ့အသွားရသည်။

ဤသို့ဖြင့် သူတို့အဖွဲ့ထဲတွင် အရပ်ရှည်ရှည်နှင့် ချောမောလှပသော မိန်းကလေးတစ်ဦး ထပ်မံ တိုးလာခဲ့သည်။ ကျန်းလင်းမှာ အနက်ရောင်ဝတ်စုံနှင့် အသားဖြူဖြူဖြစ်ရာ အလွန်ပင် တည်ငြိမ်အေးစက်သော အလှမျိုး ရှိသည်။ ဝေ့ရှန်း၏ အမြင်တွင်မူ ထိုအလှမျိုးမှာ လှပသော အမျိုးသမီးများ ပေါများလှသည့် မြစ်ဝါမြစ် တောင်ဘက် မြို့တော်ကြီးတွင်ပင် ထိပ်တန်းအဆင့် ဖြစ်ပေလိမ့်မည်။

ကျန်းလင်းမှာ အားလုံးနှင့် မိတ်ဆက်ပြီးနောက် လီယန်ချူး၏ ဘေးမှ ကပ်လျက် စကားပြောကာ လိုက်လာခဲ့သည်။ လီယန်ချူးက ရုတ်တရက် မေးလိုက်သည်။

"မင်းပြောတဲ့ မြစိမ်းရောင် ရေကန်အေး ဆိုတာက အေးစက်တဲ့ အငွေ့အသက်တွေ ထွက်နေတဲ့ နေရာမျိုးလား"

ကျန်းလင်း ခဏကြောင်သွားပြီးမှ

"ဟုတ်ပါတယ်" ဟု ခေါင်းညိတ်သည်။

"အဲဒီမှာ စောင့်နေတဲ့ သားရဲက ဝက်ဝံနဲ့ တူပြီး အမည်းနဲ့ အဖြူ နှစ်ရောင်စပ် ဖြစ်နေတဲ့ သံစားသားရဲဆိုတာ မဟုတ်လား"

ကျန်းလင်း လုံးဝ အံ့သြသွားတော့သည်။ သူမသည် ရေကန်ဘေးတွင် သားရဲရှိကြောင်းသာ ပြောခဲ့ပြီး 'သံစားသားရဲ' အကြောင်းကို မပြောခဲ့ရသေးပေ။

"လီတာအိုဆရာ... ရှင်က တကယ့်ကို နတ်ဘုရားပဲ ဒါကို ဘယ်လို သိတာလဲဟင်"

ကျန်းလင်းမှာ လမ်းတစ်လျှောက် လီယန်ချူး၏ ချောမောမှုအောက်တွင် လုံးဝ နစ်မြောနေခဲ့သည်။ ဤလူငယ် တာအိုဆရာ၏ တည်ငြိမ်အေးချမ်းသော အငွေ့အသက်နှင့် ယောက်ျားပီသသော အရှိန်အဝါတို့ ပေါင်းစပ်ထားသည့် ထိုရုပ်ရည်မှာ မည်သူမဆို မြင်လျှင် ရူးသွပ်သွားနိုင်လောက်သည်။

လီယန်ချူးက ရှေ့သို့ ညွှန်ပြကာ

"အဲဒီ ရှေ့မှာပဲ" ဟု ပြောလိုက်သည်။

ကျန်းလင်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်ရာ ရှေ့တွင် တကယ့်ကို ရေကန်အေးတစ်ခု ရှိနေပြီး ရေကန်ဘေးတွင် သံစားသားရဲ တစ်ကောင် အိပ်စက်နေသည်ကို တွေ့လိုက်ရသည်။

"ဒါနဲ့ ကျန်းမိန်းကလေး... မင်းက တကယ်ပဲ ဆေးမြက်လာရှာတာလား၊ ဒါမှမဟုတ် တခြားအရာကို ရှာနေတာလား"

ဟု ဝေ့ရှန်းက ဘေးမှ ကြားဖြတ်မေးလိုက်သည်။

ကျန်းလင်း - ".........."

သူမသည် ထိုသူဌေးသား၏ စကားကို ဂရုမစိုက်ဘဲ ရေကန်ဘေးမှ ထူထပ်စွာ ပေါက်နေသော နဝယိုမြက်များကို ကြည့်ကာ ရင်ခုန်သံများ မြန်လာတော့သည်။

"ဒီလောက်လွယ်လွယ်နဲ့... တွေ့လိုက်တာလား"

လီယန်ချူးကမူ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ ခုနကပင် သူသည် နဝယိုမြက်ကို ရှာဖွေလိုသော စိတ်ဖြစ်ပေါ်ခဲ့ရာ သူ၏ ကိုယ်ပေါ်ရှိ ဒိုချန်ပုတီး က အစွမ်းပြခဲ့ပုံရသည်။ ကုသိုလ်မှတ်သုံးသိန်းတန် ဆုတောင်းမှာ အလွန်ပင် စွမ်းအားကြီးမားလှသည်။ ဒိုချန်ပုတီး လက်ထဲရှိနေပါက ကံကောင်းသော မင်းသားလေး မဟုတ်သော်လည်း ထိုသူထက်ပင် သာလွန်ပေလိမ့်မည်။

"ဒီ သံစားသားရဲ က ရှေးဟောင်း မျိုးစိတ်တစ်ခုပဲ။ ယင်နဲ့ ယန် စွမ်းအားနှစ်ရပ်ကို ပိုင်ဆိုင်ထားပြီး ခန္ဓာကိုယ်ကလည်း အရမ်းသန်မာတယ်လို့ ကြားဖူးတယ်။ ရင်ဆိုင်ဖို့ အရမ်းခက်ခဲလိမ့်မယ်"

ဟု ကျန်းလင်းက ဆိုသည်။

"တာအိုဆရာ... ရှင်တို့ အရင် ခဏ ရှောင်နေပေးပါ။ ကျွန်မ ခိုးဝင်သွားပြီး ဆေးမြက်ကို ယူလိုက်မယ်။ မဟုတ်ရင် သူ သတိထားမိသွားရင် ရှင်တို့ပါ ဒုက္ခရောက်ကုန်လိမ့်မယ်"

စကားပြောပြီးသည်နှင့် လီယန်ချူးက ရှေ့သို့ လှမ်းထွက်သွားသည်ကို မြင်လိုက်ရသည်။

"ဟေ့ ဘာလုပ်မလို့လဲ"

ကျန်းလင်း လန့်အော်လိုက်သည်။

လီယန်ချူးသည် ရေကန်အေးရှေ့သို့ ရောက်သွားပြီး ထို သံစားသားရဲ ကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။ သူသည် တစ်စုံတစ်ခုသော ရင်းနှီးမှုကို ခံစားလိုက်ရသည်။ ဤသည်မှာ ပန်ဒါ မဟုတ်ပါလား ရှေးဟောင်း ဒဏ္ဍာရီများအရ ချီယို သည် ဝါးအင်ပါယာရှင် နှင့် တိုက်ခိုက်စဉ်က ဤ သံစားသားရဲ ကို စီးနင်းခဲ့သည်ဟု ဆိုကြသည်။ သူ ရေကန်ရှေ့သို့ ရောက်သွားသောအခါ သံစားသားရဲ မှာ ချက်ချင်း နိုးလာတော့သည်။

ဝုန်း

ဟိန်းသံတစ်ခုက တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ကျန်းလင်း ထိတ်လန့်သွားကာ အဆောင်တစ်ခုကို ကိုင်၍ ရှေ့သို့ တိုးရန် ပြင်လိုက်သော်လည်း လီယန်ချူး၏ လက်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ ပြင်းထန်သော အရှိန်အဝါရှိသည့် ထို သံစားသားရဲ မှာ ချက်ချင်းပင် ရွှေကွင်းများဖြင့် အချုပ်ခံလိုက်ရကာ တောက်ပသော တိုင်ကြီးတစ်ခုတွင် အချည်ခံလိုက်ရတော့သည်။

နဂါးချည်တိုင်

".........." ကျန်းလင်း ဆွံ့အသွားရပြန်သည်။

ရှေးဟောင်း မျိုးစိတ်ဆိုတာ ဒါလား ယင်ယန်စွမ်းအားနဲ့ သန်မာတဲ့ ခန္ဓာကိုယ်ဆိုတာ ဘယ်မှာလဲ

ဝေ့သားအဖနှင့် ကျောက်ရှောင်မန်တို့လည်း အံ့သြသွားကြသည်။ အထူးသဖြင့် ကျောက်ရှောင်မန်မှာ ခုနက ဟိန်းသံကြောင့် သူမ၏ ဝိညာဉ်ပင် ကြေမွပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရခြင်းပင်။

လူအားလုံး ရေကန်အေးရှေ့သို့ ရောက်လာကာ နဝယိုမြက် အချို့ကို ခူးယူလိုက်ကြသည်။ နဝယိုမြက်များမှာ အလွန်ထူထပ်စွာ ပေါက်နေသဖြင့် အချို့ကို ခူးယူလိုက်သော်လည်း သိသာခြင်း မရှိပေ။ ကျန်းလင်းမှာ မိမိကိုယ်ကိုပင် မယုံနိုင်အောင် ဖြစ်နေရသည်။ အသက်နှင့်လဲ၍ လုပ်ဆောင်ရမည်ဟု ထင်ထားသော တာဝန်မှာ လီတာအိုဆရာနှင့် တွေ့ပြီးနောက် ဤမျှ လွယ်ကူသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

လီယန်ချူးက သံစားသားရဲ ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"အားနာပါတယ်၊ မင်းဆီက ဆေးမြက် နှစ်ပင်လောက် ယူလိုက်တာ စိတ်မရှိဘူး မဟုတ်လား"

သံစားသားရဲ က လူစကား ပြောလိုက်ရာ အားလုံးကို ထိတ်လန့်သွားစေသည်။ ၎င်းက လီယန်ချူးကို ကြည့်ကာ မျက်နှာတွင် အပြုံးတစ်ခု ဖော်ပြလျက်

"စိတ်မရှိပါဘူး၊ စိတ်မရှိပါဘူး။ ဆေးမြက် အနည်းငယ်ပဲဟာ၊ ကြိုက်သလောက် ယူပါ။ တာအိုဆရာက အစောကြီးကတည်းက ပြောရင် ကျွန်တော် ကိုယ်တိုင်တောင် ပေးလိုက်ဦးမှာပါ"

လီယန်ချူးကမူ အံ့သြခြင်းမရှိဘဲ

"မင်းရဲ့ ကိုယ်ပေါ်က အငွေ့အသက်တွေက စင်ကြယ်သန့်ရှင်းနေတာပဲ၊ တကယ်ကို ရှားပါးပါတယ်။ မင်းက ဒီလောက် လိမ္မာနေတော့ ငါတောင် အားနာလာပြီ။ မင်းအတွက် ငါ ဘာလုပ်ပေးရမလဲ"

ဟု မေးလိုက်သည်။ လိမ္မာသော ကလေးကို အနိုင်မကျင့်သင့်ပေ။

သံစားသားရဲ ၏ မျက်လုံးများ တောက်ပသွားသည်။ ရှေ့မှ တာအိုဆရာလေးမှာ ထိုမျှ စကားပြောရ လွယ်ကူလိမ့်မည်ဟု ၎င်း မထင်ထားခဲ့ပေ။

"ကျွန်တော် ဒီနေရာကနေ ထွက်သွားချင်တယ်"

ဟု သံစားသားရဲ က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

"ဒီနေရာက ထွက်သွားချင်တာလား။ သွားချင်ရင် သွားလိုက်ပေါ့"

လီယန်ချူး ကြောင်သွားသည်။

နဂါးချည်တိုင်၏ အချုပ်ခံထားရသော သံစားသားရဲ က ခေါင်းခါလိုက်ပြီး

"ဒီ မြစိမ်းရောင် ရေကန်အေး ထဲမှာ ရတနာတစ်ခု ရှိတယ်။ အဲဒီရတနာက ဒီလော့ဟွန်းတောင်ကို ပိတ်လှောင်ထားတဲ့ အစီရင်ရဲ့ ဗဟိုချက် ပဲ။ ကျွန်တော်ကလည်း အဲဒီအစီရင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတယ်။ ဒီကနေ ထွက်သွားချင်ရင် နည်းလမ်းတစ်ခုပဲ ရှိတယ်၊ အဲဒါကတော့ အဲဒီရတနာကို ယူပြီး အစီရင်ကို ဖြိုဖျက်ပစ်ဖို့ပါပဲ "

All Chapters