← Chapters

အခန်း (၇၇၉-၇၈၀)

Vol. 78 Ch. 779-780

အခန်း (၇၇၉-၇၈၀)

Vol. 78 Ch. 779-780

အခန်း (၇၇၉) မိုးကြိုးငါးသွယ်ဖြင့် နှိမ်နင်းခြင်း ၊ တတိယမြောက် ရွှေရောင်အပိုင်းအစ ၊ လူကယ်တင်ခြင်း

နက်မှောင်သော နဂါးဝတ်ရုံဝတ် အမျိုးသားသည် လီယန်ချူးကို အေးစက်စွာ ကြည့်ကာ

"တာအိုလက်နက်... သုံးရောင်ခြယ်မီးလျှံ... ငါ့ရဲ့ကိုယ်ပွားတစ်ခုကို သတ်ပြီး ကျင်းရွှေမြို့ကို ဖျက်ဆီးနိုင်တာ မဆန်းတော့ဘူးပဲ"

သူ စကားတစ်လုံးပြောတိုင်း ကောင်းကင်ယံမှ ပြင်းထန်သော တားမြစ်ချက်အစီအရင်တစ်ခု ကျဆင်းလာသည်။ စကားအဆုံးတွင်မူ လောကတစ်ခုလုံးရှိ ဝိညာဉ်စွမ်းအင်များမှာ ပိတ်ဆို့ခံလိုက်ရပြီး မန္တန်အက္ခရာများ တဖျပ်ဖျပ်ပေါ်လာကာ တောင်ကြီးများသဖွယ် လေးလံသော ဖိအားများ အထပ်ထပ် ကျဆင်းလာတော့သည်။

လီယန်ချူး၏ သွေးကြောထဲရှိ အရှိန်အဝါများမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေပြီး တစ်ကိုယ်လုံးတွင် ထူထပ်သော အနီရောင်အလင်းတန်းများ ဖုံးလွှမ်းသွားသည်။ သူသည် လက်ကို အသာအယာ မြှောက်လိုက်ရုံဖြင့် ထိုတောင်ကြီးသဖွယ် လေးလံသော ဖိအားများကို ခုခံလိုက်သည်။

နဂါးဝတ်ရုံဝတ် အမျိုးသားက တည်ငြိမ်စွာပင်

"တောင်မနိုင်စွမ်းအား ကိုတောင် တတ်မြောက်ထားတာလား... ကြည့်ရတာ အရင်က ပျောက်ဆုံးသွားတဲ့ ကျောက်စိမ်းပေလွှာက မင်းလက်ထဲ ရောက်နေတာပဲ"

စကားအဆုံးတွင် သူ၏ ဝတ်ရုံစများမှာ လေထဲတွင် လွင့်ပျံသွားပြီး အရှိန်အဝါများမှာ ဟိုဒီ စီးဆင်းလာကာ လျှပ်တစ်ပြက်အတွင်း ပြေးဝင်တိုက်ခိုက်တော့သည်။ သူ၏ကိုယ်ပေါ်ရှိ အနက်ရောင် လေလှိုင်းများမှာ မြွေနက်ကြီးများသဖွယ် ရစ်ပတ်နေပြီး လက်သီးဖြင့် ထိုးနှက်လိုက်သည်။

လောကတစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ရှိနေစဉ် လီယန်ချူး၏ ကိုယ်ပေါ်မှ သွေးစွမ်းအင်များမှာ မီးဖိုကြီးတစ်ခုသဖွယ် ကောင်းကင်သို့ ထိုးတက်သွားသည်။ သူသည်လည်း လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်ရာ

ဝုန်း

ပေါက်ကွဲမှုကြောင့် မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီး ဖြစ်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားတော့သည်။

ဤနဂါးဝတ်ရုံဝတ် အမျိုးသား၏ အရှိန်အဝါမှာ သက်တံကဲ့သို့ တောက်ပနေပြီး ရှေ့ကကိုယ်ပွားနှင့် လုံးဝ မတူတော့ချေ။ သူသည် အနားသို့ ကပ်လာပြီး ကိုယ်ပေါ်ရှိ အနက်ရောင်လေလှိုင်းများကို အသုံးချကာ ရုပ်ခန္ဓာချင်း ယှဉ်ပြိုင်တိုက်ခိုက်သည်။ ထိုအငွေ့အသက်များတွင် ပျက်စီးခြင်းစွမ်းအားများ ပါဝင်နေပြီး ခန္ဓာကိုယ်ကို ခိုင်မာစေသည့် ရှေးဟောင်း လျှို့ဝှက်စွမ်းအားများပင် ဖြစ်သည်။

ချွင်

လီယန်ချူးက ဓားဖြင့် ခုတ်ချလိုက်ရာ တောက်ပသော ဓားအလင်းမှာ ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းခွဲတော့မည့်အတိုင်း ထွက်ပေါ်လာသည်။ နဂါးဝတ်ရုံဝတ် အမျိုးသားသည် အနက်ရောင်လေလှိုင်းများကို သုံး၍ ဓားချက်မှ ရှောင်တိမ်းကာ လီယန်ချူးကို လက်သီးချင်း တုံ့ပြန်သည်။ လက်ဖဝါးနှစ်ဖက်လုံးကို ထုတ်ဖော်လိုက်ရာ လက်ထဲတွင် လေနှင့်မိုးကြိုးများ လျှပ်စီးလက်သွားသည်။

ဝုန်း

ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ တောက်ပသော အဖြူရောင်အလင်းများက လောကကို လင်းထိန်သွားစေသည်။ လီယန်ချူးမှာ နောက်သို့ အနည်းငယ် ဆုတ်သွားရသော်လည်း သူ၏ သန်မာလှသော ရုပ်ခန္ဓာကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။

နဂါးဝတ်ရုံဝတ် အမျိုးသားမှာ လေးတစ်စင်းမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ လီယန်ချူး၏ ရှေ့သို့ ရောက်လာပြီး ရုတ်တရက် လူပုံရိပ်ပေါင်း ဒါဇင်ချီ ကွဲထွက်သွားသည်။ လီယန်ချူး၏ နောက်ကွယ်တွင်မူ မြင့်မားသော နတ်ဘုရားပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။

လီယန်ချူးနှင့် တစ်ပုံစံတည်း လှုပ်ရှားကာ လက်သီးဖြင့် အားကုန် ထိုးချလိုက်သည်။

ဒေါင်

လောကအနှံ့တွင် ခေါင်းလောင်းကြီးတစ်ခုကို တီးလိုက်သကဲ့သို့ အသံကြီး ဟိန်းထွက်သွားပြီး နဂါးဝတ်ရုံဝတ် အမျိုးသားမှာ နောက်သို့ လွင့်ထွက်သွားကာ မြေပြင်တွင် နက်ရှိုင်းသော မြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သူ ပြန်လည် ရပ်တန့်လိုက်ချိန်တွင် မြေပြင်၌ အက်ကြောင်းပေါင်းများစွာ ပေါ်လာပြီး သူ၏ ကိုယ်တစ်ဝက်မှာ မြေကြီးထဲသို့ နစ်ဝင်သွားခဲ့သည်။

သူသည် အဝတ်ကို အသာအယာ ခါလိုက်ပြီး ပြန်ထလာသည်။ သူ၏ မျက်နှာတွင် အံ့သြသော အရိပ်အယောင် အနည်းငယ် ပေါ်လာကာ

"တကယ့်ကို သန်မာတဲ့ ရုပ်ခန္ဓာစွမ်းအားပဲ"

သူသည် အရေးနိမ့်နေသော်လည်း တည်ငြိမ်နေဆဲပင်။ ဒါက အလွန်ပြင်းထန်သော မိမိကိုယ်ကိုယ် ယုံကြည်မှုပင် ဖြစ်သည်။ သူ၏ ခေတ်အခါက တာအိုယန် ဆိုသည့် ပုဂ္ဂိုလ်မှလွဲ၍ သူသည် အစွမ်းအထက်ဆုံးသူများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။

ယခု ကျင်းရွှေမြို့တွင် နှစ်ရှည်လများ အိပ်စက်နေစဉ်အတွင်း တားမြစ်ချက်များ ရှိနေသော်လည်း အစွမ်းများမှာ လျော့မသွားဘဲ ပို၍ပင် တိုးတက်လာခဲ့သည်။ သူသာ အပြည့်အဝ လွတ်မြောက်လာပါက တာအိုယန် ကိုပင် ရင်ဆိုင်နိုင်သည်ဟု ယုံကြည်ထားရာ ဤလူငယ်လေးကို သူ မကြောက်ပေ။

"သစ်ပင်ကြီးကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်ပဲ... မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ"

နဂါးဝတ်ရုံဝတ် အမျိုးသားက အေးစက်စွာ ပြုံးကာ လက်ဖြင့် မန္တန်များ ရွတ်ဖတ်လိုက်သည်။ သူသည် လီယန်ချူးနှင့် ရုပ်ခန္ဓာချင်း မယှဉ်တော့ဘဲ မန္တန်စွမ်းအားကို သုံးတော့သည်။

ကောင်းကင်ယံတွင် မြင့်မားသော တောင်ကြီးတစ်လုံး ပေါ်လာပြီးနောက် နောက်ထပ် တစ်လုံး၊ တစ်လုံးနှင့် တောင်တန်းကြီးတစ်ခုလုံး ပေါ်ထွက်လာသည်။ ထိုတောင်ကြီးများ၏ ဖိအားကြောင့် လောကကြီးမှာ မခံနိုင်တော့ဘဲ

ကွဲ... ကွဲ...

ကျင်းရွှေမြို့ အနီးအနားရှိ ဟင်းလင်းပြင်ကြီးမှာ အက်ကွဲသံကြီးများ ထွက်ပေါ်လာရာ သံစားသားရဲနှင့် ကျန်းလင်းတို့မှာ မျက်နှာဖြူဖျော့သွားကြသည်။ ဤသည်မှာ သဘာဝတရား၏ ဖျက်ဆီးခြင်း စွမ်းအားပင်။

"လာစမ်း "

လီယန်ချူး၏ မျက်ဝန်းများမှာ လျှပ်စီးကဲ့သို့ ထက်မြက်နေပြီး အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာသည်။

"မိုးကြိုးနတ်ဘုရားငါးရာ လက်ဝါးထဲမှာ ရှိစေ၊ မြေကြီးကို ခွဲပြီး ကောင်းကင်ကို ပေါက်ကွဲစေ၊ မိစ္ဆာသရဲသဘက်တွေ ဒါနဲ့တွေ့ရင် ခဏချင်းအတွင်း ပြာအဖြစ် ပြောင်းစေ မိုးကြိုးငါးသွယ်လက်ဝါးမန္တန်... အမိန့်တော်အတိုင်း "

ဝုန်း

မိုးကြိုးများမှာ ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။ လောကတစ်ခုလုံး ဖြူဖွေးသွားပြီး နဂါးဝတ်ရုံဝတ် အမျိုးသား ဖန်တီးထားသော တောင်ကြီးများမှာ တစ်ခဏချင်းအတွင်း ရိုက်ခွဲခြင်း ခံလိုက်ရသည်။

တောင်တန်းကြီးမှာ ပျောက်ကွယ်သွားပြီး နဂါးဝတ်ရုံဝတ် အမျိုးသားမှာ မျက်နှာ ဖြူဖျော့သွားတော့သည်။

သူ ကျင်းရွှေမြို့၏ စွမ်းအားကို သုံးပြီး ထုတ်ဖော်လိုက်သော အစွမ်းထက် မန္တန်ပညာမှာ တစ်ချက်တည်းနှင့် ပျက်စီးသွားသဖြင့် သူ မတည်ငြိမ်နိုင်တော့ဘဲ မျက်နှာပျက်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။

"ပြေးချင်တာလား "

လီယန်ချူး၏ အသံမှာ မိုးကြိုးသံကဲ့သို့ ဟိန်းထွက်လာပြန်သည်။

ဝုန်း

ကောင်းကင်ယံမှ မိုးကြိုးများ ပစ်ချလိုက်ပြန်သည်။ ကျင်းရွှေမြို့ တစ်ဝိုက်တွင် ပြင်းထန်လှသော ယန်မိုးကြိုးမီးလျှံများ ဖုံးလွှမ်းသွားသည်။ နဂါးဝတ်ရုံဝတ် အမျိုးသားမှာ မြို့၏စွမ်းအားကို သုံး၍ ခုခံသော်လည်း သူ၏ ကိုယ်ပေါ်မှ အလင်းတန်းများမှာ ရိုက်ခွဲခြင်း ခံလိုက်ရသည်။

"ငါသာ ကျင်းရွှေမြို့ထဲမှာ မဟုတ်ရင် ဒီတာအိုဆရာရဲ့ လက်ထဲမှာ သေတာကြာပြီ "

သူ အလွန်အမင်း ထိတ်လန့်သွားပြီး ဝိညာဉ်ပင် လွင့်မတတ် ဖြစ်သွားသည်။ သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ဝိညာဉ်နှင့် ရုပ်ခန္ဓာမှာ တစ်ဝက်ကျော် ပျက်စီးသွားပြီ ဖြစ်သည်။

"ကံကောင်းတာက ဒီတာအိုဆရာလေးက တတိယအဆင့် အစောပိုင်းပဲ ရှိသေးလို့ မိုးကြိုးကို စိတ်ကြိုက် မထိန်းချုပ်နိုင်တာ၊ မဟုတ်ရင် နောက်တစ်ချက်ဆို ငါတော့ သေပြီ"

သူ သက်ပြင်းချရုံရှိသေး... လီယန်ချူးက လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးများ ထပ်မံ ကျဆင်းလာပြန်သည်။ လီယန်ချူးသည် နတ်ဘုရားနယ်မြေ ထဲတွင် မိုးကြိုးအသံဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ထားပြီးဖြစ်ရာ မိုးကြိုးငါးသွယ်ကို ပိုင်နိုင်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

ဝုန်း

သူ မပြေးနိုင်ခင်မှာပင် မိုးကြိုးငါးသွယ်က ခေါင်းပေါ်သို့ ကျရောက်လာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ နဂါးဝတ်ရုံဝတ် အမျိုးသား၏ ဝိညာဉ်မှာ ဖြူဖွေးသွားပြီး ကျင်းရွှေမြို့နှင့် ဆက်သွယ်ထားသော စွမ်းအားများ ပြတ်တောက်သွားသည်။

အရင်က ဤနေရာတွင် အစွမ်းထက် ပုဂ္ဂိုလ်များစွာ ပိတ်မိခဲ့ကြသော်လည်း အားလုံးမှာ ချိပ်ပိတ်ခံထားရသည်။ ယခု သူသည် ပထမဆုံး လွတ်မြောက်မည့်သူ ဖြစ်လာသော်လည်း ဤလူငယ်တာအိုဆရာ၏ လက်ထဲတွင် သေဆုံးရတော့မည် မဟုတ်ပါလား။

"ဟူး... ဒီမြို့ ပျက်စီးရင် ပျက်စီးပါစေလို့ လွှတ်ထားပြီး နောက်ထပ် အနှစ်ရာချီ ဆက်အိပ်နေလိုက်ရင် ကောင်းသား၊ အခုတော့ ဝိညာဉ်ပါ ချုပ်ငြိမ်းရတော့မယ်"

သူသည် သူ့ကို လာနှိုးသော စာသင်ဆရာကို အလွန်ပင် နာကျည်းနေမိသည်။

"ဒီကောင်လေး ငါ့ကို ဖျက်ဆီးလိုက်တာပဲ "

သူသည် အစကတည်းက ပေါ်မလာခဲ့လျှင် သို့မဟုတ် ပေါ်ပေါ်ချင်း အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင် မိုးကြိုးကို ခုခံနိုင်ကောင်း ခုခံနိုင်လိမ့်မည်။ သို့သော် မိုးကြိုးငါးသွယ်၏ ဒဏ်ကြောင့် သူ၏ အရှိန်အဝါများ လျော့နည်းသွားပြီး တစ်ဖက်လူ၏ မိုးကြိုးပညာမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။

သူ၏ ဦးနှောက်ထဲတွင် အတိတ်ဖြစ်ရပ်များက ရုပ်ရှင်ပြသကဲ့သို့ တရိပ်ရိပ် ပေါ်လာစဉ်

ဝုန်း

မိုးကြိုးငါးသွယ်ဖြင့် နှိမ်နင်းခြင်း ခံလိုက်ရပြီး နဂါးဝတ်ရုံဝတ် အမျိုးသားမှာ ပြာအဖြစ် ပြောင်းလဲကာ လောကကြီးမှ အပြီးတိုင် ပျောက်ကွယ်သွားတော့သည်။

ကုသိုလ်မှတ် ရှစ်သောင်း

လီယန်ချူးသည် ရင်းနှီးနေသော အသိစိတ်တစ်ခုကို ခံစားလိုက်ရသည်။ ဤနဂါးဝတ်ရုံဝတ် အမျိုးသားမှာ တတိယအဆင့် ယန်ဝိညာဉ် ပညာရှင် အစစ်အမှန် ဖြစ်သည်။

"ဒီနေရာမှာ မြေပြင်နတ်ဘုရား အဆင့်ရှိတဲ့ မိစ္ဆာကြီးတစ်ကောင် သေဆုံးခဲ့တယ်လို့ ပြောကြတာ မဟုတ်ဘူးလား"

ဟု လီယန်ချူး တွေးနေမိသည်။

ရုတ်တရက် ကျင်းရွှေမြို့ တစ်ဝိုက်လုံးမှာ တုန်ခါလာပြီး အရာအားလုံးမှာ အဖြူရောင် လွတ်လပ်နယ်မြေ အဖြစ် ပြောင်းလဲသွားသည်။ အရာအားလုံးမှာ တစ်စစ ပျောက်ကွယ်သွားရာ လီယန်ချူးသည် သံစားသားရဲနှင့် ကျန်းလင်းတို့အနားသို့ သွားပြီး အလင်းတန်းများဖြင့် ကာကွယ်ကာ နံရံဖြတ်အတတ် ကို သုံး၍ ကျင်းရွှေမြို့ထဲမှ အမြန်ဆုံး ထွက်ခွာလိုက်သည်။

ကျင်းရွှေမြို့၏ တားမြစ်ချက်များ ပျက်စီးနေပြီဖြစ်ရာ သူ ထွက်သွားရန် မခက်ခဲတော့ပေ။ အဖြူရောင် ဒီရေလှိုင်းကြီးသဖွယ် အရာအားလုံးကို ဝါးမြိုသွားပြီး ကျင်းရွှေမြို့မှာ လုံးဝဥဿုံ ပျောက်ကွယ်သွားတော့သည်။

လီယန်ချူး၊ ကျန်းလင်းနှင့် သံစားသားရဲတို့မှာ ပြင်ပရှိ မြေကွက်လပ်တစ်ခုပေါ်တွင် ပေါ်လာကြသည်။ အစကတည်းက ဤနေရာမှာ မြေကွက်လပ်သာ ဖြစ်ပြီး ကျင်းရွှေမြို့ဆိုတာ မရှိခဲ့သကဲ့သို့ပင်။

ရှူး

အလင်းတန်းတစ်ခု လီယန်ချူး၏ လက်ထဲသို့ ပျံဝင်လာသည်။ ၎င်းမှာ ရှေးဟောင်း မန္တန်များ ပါရှိသည့် ရွှေရောင်အပိုင်းအစတစ်ခု ဖြစ်သည်။

"ဒီရွှေရောင် အပိုင်းအစ နောက်တစ်ခုပါလား"

လီယန်ချူး၏ မျက်လုံးများ လင်းလက်သွားသည်။

"ဒါဆို ကျင်းရွှေမြို့ရဲ့ ဗဟိုချက်က ဒီအပိုင်းအစ ဖြစ်နေတာလား "

သူသည် ၎င်းကို သိုလှောင်အိတ် ထဲသို့ ထည့်လိုက်သည်။ ဒါနဲ့ဆို သုံးခုမြောက် ရှိသွားပြီ ဖြစ်သည်။ ကျင်းရွှေမြို့၏ လျှို့ဝှက်ချက်ကိုမူ သူ ဆက်လက် စုံစမ်း၍ မရတော့ပေ။ အကြောင်းမှာ မြို့တစ်ခုလုံးမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ဖြစ်သည်။

ခုနက တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှသဖြင့် ကျန်းလင်းနှင့် သံစားသားရဲတို့မှာ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး သတိပြန်မဝင်နိုင်သေးပေ။ မိုးကြိုးငါးသွယ်၏ ပုံရိပ်မှာ သူတို့၏ ဦးနှောက်ထဲတွင် စွဲထင်နေတော့သည်။ လီယန်ချူးသာ သူတို့ကို မကာကွယ်ပေးခဲ့ပါက သူတို့မှာ ဝိညာဉ်ပင် ပျက်စီးသွားနိုင်လောက်သည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လီတာအိုဆရာ"

ဟု ကျန်းလင်းက ရိုးသားစွာ ပြောသည်။

"ရပါတယ်၊ ဒါက အသေးအဖွဲပါ"

ဟု လီယန်ချူးက ပြန်ပြောသည်။ အစကတော့ သူမက လီယန်ချူး နှိမ့်ချပြောသည်ဟု ထင်ခဲ့သော်လည်း ယခုတော့ သူ့အတွက် တကယ်ပင် အသေးအဖွဲ ဖြစ်နေကြောင်း သူမ နားလည်သွားသည်။

လီယန်ချူးက ကောင်းပုရွာ ၏ သဲလွန်စကို ဆက်ရှာရန် ဆုံးဖြတ်ပြီး ကျန်းလင်းမှာမူ ထွက်ခွာရန် ပြင်ဆင်သည်။

လီယန်ချူးက သူမ၏ ကံကြမ္မာကို ကြည့်လိုက်ရာ ကောင်းမွန်သော်လည်း ထူးခြားသော ကံပါရမီ မရှိကြောင်း တွေ့ရသည်။

သူ သိချင်မိသည်မှာ ယင်ယန်ဆရာ က သူမသည် နဝယိုမြက် ကို ရှာတွေ့နိုင်မည်ဟု ဘာကြောင့် အသေအချာ ပြောနိုင်ရသနည်း ဆိုတာပင်။

"ဒါမှမဟုတ် ငါနဲ့တွေ့မှာကို သူ တွက်ချက်မိနေတာလား"

ဟု လီယန်ချူး တွေးမိသည်။

ယင်ယန်ဆရာနှင့် စာသင်ဆရာမှာ ဘယ်သူတွေလဲ သူတို့ပြောတာတွေက တကယ်လား၊ အတုလား လီယန်ချူးသည် ထိုအတွေးများကို ဘေးဖယ်ထားလိုက်သည်။ ကျင်းရွှေမြို့ပင် မရှိတော့ရာ စုံစမ်းရန်လည်း မဖြစ်နိုင်တော့ပေ။

ကျန်းလင်း ထွက်သွားပြီးနောက် သံစားသားရဲလည်း ထွက်ခွာရန် ပြင်သည်။ ဤလီတာအိုဆရာသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ အစွမ်းထက်နေရာ မိမိမှာမူ အသုံးမကျသလို ခံစားနေရသဖြင့် တောထဲပြန်ဝင်၍ အစွမ်းများ ပြန်လည် ပြည့်ဝလာအောင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

သူတို့နှင့် လမ်းခွဲပြီးနောက် လီယန်ချူးသည် တောင်ပေါ်ရှိ ဆိတ်ငြိမ်သော နေရာတစ်ခုတွင် ရွှေရောင်အပိုင်းအစ သုံးခုလုံးကို ထုတ်ယူလိုက်သည်။ ထိုအပိုင်းအစများမှာ သူ၏ လက်ထဲတွင် မှိန်ပျပျ အလင်းများ ထွက်ပေါ်နေသည်။

"ဒါတွေက ဘာတွေလဲ"

လီယန်ချူး မျက်မှောင်ကြုတ်မိသည်။

"ကောင်းပုရွာ" ရဲ့ လျှို့ဝှက်ချက်က ဒီအပိုင်းအစတွေနဲ့ ဆက်စပ်နေနိုင်သည်ဟု သူ ခံစားရသည်။ ဤကျန်းနန်နယ်မြေတွင် ယခင်က တစ်ခုခု ဖြစ်ပျက်ခဲ့ဖူးရမည်။ ဒီရွှေရောင်အပိုင်းအစကို သူ အားကုန်သုံး၍ပင် ဖျက်ဆီး၍ မရသော်လည်း အရင်က တစ်စုံတစ်ယောက်က ၎င်းကို ရိုက်ခွဲနိုင်ခဲ့သည် မဟုတ်ပါလား။

သူသည် စိတ်အာရုံ သွင်းကြည့်သော်လည်း ဘာမှ ထူးခြားမှု မတွေ့သဖြင့် ပြန်သိမ်းရန် ပြင်စဉ်မှာပင်

ရှူး

ရွှေရောင်အပိုင်းအစ သုံးခုလုံးမှာ ရုတ်တရက် လေထဲသို့ ပျံတက်သွားပြီး ဆန်းကြယ်သော ပတ်လမ်းအတိုင်း လည်ပတ်ကာ တစ်ခုနှင့်တစ်ခု ဆွဲငင်သွားကြသည်။

နူးညံ့သော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး အပိုင်းအစများမှာ အလိုအလျောက် ပေါင်းစည်းသွားတော့သည်။ အရင်က ပုံသဏ္ဍာန် မမှန်သဖြင့် သူ မည်သို့ပင် ဆက်ကြည့်သော်လည်း မရခဲ့သော အပိုင်းအစများမှာ ယခုအခါ တစ်သားတည်း ဖြစ်သွားပြီး တံဆိပ်တုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဆန်းကြယ်သော မန္တန်များ တံဆိပ်တုံး ဘေးပတ်လည်တွင် စီးဆင်းနေပြီး ရှေးဟောင်း နတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်လာသည်။ လီယန်ချူး၏ ကိုယ်ထဲရှိ ကျင့်ကြံမှု စွမ်းအားများပင် ဆွဲငင်ခြင်း ခံနေရသည်။

ခါးတွင် ချိတ်ထားသော ကျန့်ကျောင်းဓား မှာလည်း တုန်ခါလာပြီး ရင်ဘတ်ထဲရှိ စိတ်ကြည်လင်ကျောက်စိမ်း မှာလည်း အလင်းများ ထွက်ပေါ်လာသည်။

ရွှေရောင်အပိုင်းအစ သုံးခုမှာ တံဆိပ်တုံး တစ်ခု ဖြစ်သွားပြီးနောက် မန္တန်များ ပျောက်ကွယ်သွားကာ သာမန်တံဆိပ်တုံးတစ်ခုနှင့် ဆင်တူသွားသည်။ ၎င်း၏ အရည်အသွေးမှာလည်း ရွှေရောင်မဟုတ်တော့ဘဲ ကျောက်စိမ်းလည်းမဟုတ်၊ သတ္တုလည်းမဟုတ်သော ထူးဆန်းသည့် အရာအဖြစ် ပြောင်းလဲသွားကာ ထောင့်တစ်နေရာတွင် ကျိုးနေသည်။

လီယန်ချူးသည် ၎င်းကို လက်ထဲတွင် ကိုင်၍ သေချာကြည့်လိုက်ရာ အောက်ခြေတွင် ရှေးဟောင်းစာလုံးများဖြင့်

"ယင်ယန်ကောင်းကင်တံဆိပ်တော်"

ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

တံဆိပ်တုံးမှာ တစ်နေရာ ကျိုးနေသော်လည်း ထိုစာလုံးများကို ဖတ်ရန် မခက်ခဲပေ။ သူ ဤလက်နက်အကြောင်း မကြားဖူးသော်လည်း ၎င်းမှ ထွက်ပေါ်နေသော ဆန်းကြယ်သည့် တာအိုအငွေ့အသက်ကို ခံစားနေရသည်။

"ဒါက အလိုအလျောက် ပေါင်းစည်းသွားတာလား"

လီယန်ချူး အံ့သြသွားသည်။ သူ စိတ်အာရုံကို ထပ်မံ သွင်းကြည့်သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံးဝ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။ အရင်က အပိုင်းအစ တစ်ခုချင်းစီတုန်းက သွင်း၍ ရသော်လည်း ယခု တံဆိပ်တုံးဖြစ်သွားချိန်တွင် သွင်း၍ မရတော့ခြင်းမှာ ကျင်းရွှေမြို့ထဲတွင် သူ၏ စိတ်အာရုံ ဖိနှိပ်ခံရပုံနှင့် ဆင်တူနေသည်။

"ဒါဆို ကျင်းရွှေမြို့ထဲက ဖိအားတွေက အစီအရင်ကြောင့် မဟုတ်ဘဲ ဒီအပိုင်းအစရဲ့ စွမ်းအားကြောင့်လား"

လီယန်ချူး တွေးမိသည်။

"ဒါပေမယ့် ခုနက ဖုန်းရွှေဆရာက ကျင့်ကြံမှု နိမ့်ပါးပါလျက်နဲ့ ဘယ်လိုလုပ် ဒီအပိုင်းအစကို သုံးနိုင်တာလဲ ဒီအပိုင်းအစက ရုပ်ဆိုးတဲ့သူတွေကိုပဲ ခင်တာလား"

ရုတ်တရက် အင်ယန်ကောင်းကင်တံဆိပ်တော် မှာ အနည်းငယ် တုန်ခါလာပြီး တာအိုအငွေ့အသက်များ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် သူ ကိုင်ထားသော ဆီစက္ကူထီးထဲမှ ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကျောက်ရှောင်မန် ဆိုသည့် မိန်းကလေး ဖြစ်သည်။

သူမသည် ကြောင်တောင်တောင်ဖြင့်

"တာအိုဆရာ... ကျွန်မကို ဘာကိစ္စ ခေါ်တာလဲ"

လီယန်ချူး ဘာမှမပြောနိုင်ပေ။ သူ သူမကို မခေါ်ခဲ့ဘဲ တံဆိပ်တုံးကသာ သူမကို ခေါ်လိုက်ခြင်း ဖြစ်သည်။ ကျောက်ရှောင်မန်သည် တံဆိပ်တုံးကို ကြည့်ကာ မှင်သက်သွားပြီး

"ဒါက... ကျွန်မနဲ့ ရင်းနှီးနေသလိုပဲ" ဟု ဆိုသည်။

လီယန်ချူး၏ မျက်လုံးများ လင်းလက်သွားပြီး

"မင်း ဒါကို မြင်ဖူးတာလား"

"ယင်ယန်ကောင်းကင်တံဆိပ်တော်..."

ဟု သူမ ရေရွတ်ရင်း ရုတ်တရက် ခေါင်းကို ကိုင်ကာ နာကျင်စွာ အော်ဟစ်တော့သည်။ သူမ၏ အသံမှာ တဖြည်းဖြည်း ကြောက်စရာကောင်းလာပြီး

"လူကယ်ပါ လူကယ်ပါဦး"

"ဘယ်သူ့ကို ကယ်ရမှာလဲ"

လီယန်ချူးက အမြန်မေးသော်လည်း သူမမှာ ထိုစကားကိုသာ ထပ်ခါတလဲလဲ အော်ဟစ်နေပြီး သတိလက်လွတ် ဖြစ်နေတော့သည်။

လီယန်ချူးသည် စိတ်ကြည်လင်ကျောက်စိမ်း မှ အလင်းတန်းတစ်ခုကို သုံး၍ သူမ၏ ဝိညာဉ်ကို ကာကွယ်ပေးလိုက်ရာ သူမ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားသည်။

ကျောင်ရှောင်မန်၏ မျက်ဝန်းမှ မျက်ရည်များ ကျလာသည်။ လီယန်ချူးက

"ဘာဖြစ်တာလဲ ခုနက ဘာတွေ မြင်လိုက်တာလဲ"

ဟု မေးရာ သူမက ခေါင်းခါပြီး

"ကျွန်မ မမှတ်မိတော့ဘူး... ဘာလို့လဲဆိုတာ မသိပေမယ့် တစ်စုံတစ်ယောက်ကို ကယ်ရမယ်လို့ပဲ ခံစားနေရတယ်"

ဟု ဆိုသည်။

လီယန်ချူး စဉ်းစားခန်း ဝင်သွားသည်။ သူ သူမကို ဆက်မမေးတော့ဘဲ ထီးထဲတွင် ပြန်နားစေလိုက်သည်။ သူမ၏ ဝိညာဉ်မှာ ခုနက လွင့်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရာ ၎င်းမှာ အလွန်ပြင်းထန်သော စွဲလမ်းမှု တစ်ခုကြောင့် ဖြစ်ရမည်။ လီယန်ချူး ကျန်းနန်သို့ ရောက်ကတည်းက ထူးဆန်းသော အိမ်မက်များ၊ အကူအညီတောင်းသံများ မကြားရတော့သော်လည်း ယနေ့ ကျောက်ရှောင်မန်၏ အမူအရာမှာ တစ်ခုခု ထူးခြားနေသည်။

သူသည် စိတ်ကြည်လင်ကျောက်စိမ်း ကို ထုတ်ယူလိုက်သည်။ ၎င်းကို ကုသိုလ်မှတ် နှစ်သိန်း သုံး၍ ထပ်မံ အဆင့်မြှင့် ရန် ဆုံးဖြတ်လိုက်သည်။ ကျန်းနန်နယ်မြေရှိ ထူးဆန်းသော စွမ်းအားများမှ ကာကွယ်ရန် သူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ရန် လိုအပ်သည် မဟုတ်ပါလား။

"အဆင့်မြှင့်စေ "

ကုသိုလ်မှတ် နှစ်သိန်း ကုန်ဆုံးသွားပြီး ကောင်းကင်ယံသို့ ငါးရောင်ခြယ် အလင်းတန်းကြီး ထိုးတက်သွားသည်။ အဆင့်မြှင့်ခြင်း အောင်မြင်သွားပြီးနောက် စိတ်ကြည်လင်ကျောက်စိမ်း မှာ ပို၍ နူးညံ့ဝင်းပလာပြီး လီယန်ချူး၏ စိတ်အာရုံမှာလည်း ပို၍ သန်မာလာကာ ကျင့်ကြံမှုအဆင့်မှာလည်း တိုးတက်လာခဲ့သည်။

သူသည် ကျောက်ရှောင်မန်ကို ထပ်မံ ခေါ်ယူစစ်ဆေးရာ သူမ၏ ဝိညာဉ်မှာ ပုံမှန်အတိုင်း ဖြစ်နေသော်လည်း သူမက

"လီတာအိုဆရာ... ကျွန်မရဲ့ စိတ်ထဲမှာ အသံတစ်ခုက နေရာတစ်ခုကို သွားဖို့ လမ်းညွှန်နေသလိုပဲ"

ဟု ပြောလိုက်ရာ လီယန်ချူးသည် သူမကို အံ့သြစွာဖြင့် လှမ်းကြည့်လိုက်တော့သည်။

အခန်း (၇၈၀) ကိုးတောင်စဉ်တောင်တန်း ၊ စီမံကိန်းက ကျွန်တော့်နောက်လိုက်ဖို့ပါပဲ စီမံကိန်း ၊ စုချန်ယွီ

ကိုးတောင်စဉ်တောင်တန်း

ဤနေရာသည် တစ်နှစ်ပတ်လုံး တိမ်မြူများ ရစ်ပတ်ဆိုင်းနေပြီး ခန့်ညားထည်ဝါလှသည်။ ကျန်းနန်နယ်မြေတွင် တည်ရှိပြီး ရှေးယခင်က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများစွာ တည်ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် လူသူကင်းမဲ့ကာ ပျက်စီးသွားခဲ့ရသည်။ ဗုဒ္ဓဘာသာ ထွန်းကားသော ကျန်းနန်ဒေသတွင် ဤသို့ဖြစ်ရပ်မျိုးမှာ အလွန်ပင် ထူးဆန်းလှသည်ဟု ဆိုရမည်။

အချို့ကမူ ဤနေရာ၏ ဖုန်းရွှေမှာ မကောင်းလှဘဲ "ကျားဖြူက ပါးစပ်ဟထားပြီး ဖီးနစ်ငှက်က ခေါင်းပြတ်နေသည့်" အလွန်ကံဆိုးမည့် နိမိတ်မျိုးရှိသည်ဟု ပြောကြသည်။

အချို့ကလည်း တောင်တန်းအတွင်း ထူးဆန်းသော ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသဖြင့် ထိုဘုန်းကြီးကျောင်းများသည် အတွင်းရှိ မိစ္ဆာများကို နှိမ်နင်းရန် တည်ဆောက်ထားခြင်းဖြစ်သည်ဟု ဆိုကြပြန်သည်။ ကိုးတောင်စဉ်တောင်တန်းနှင့် ပတ်သက်သော မိစ္ဆာသရဲသဘက် ဒဏ္ဍာရီများစွာမှာ ဤတောင်တန်းကို ပို၍ လျှို့ဝှက်ဆန်းကြယ်စေတော့သည်။

တောင်ကြားတစ်ခုအတွင်း၌

ရာသီဥတုမှာ အလွန်အေးစက်လှသည်။ တောင်ထိပ် အမြင့်ဆုံးနေရာမဟုတ်ပါဘဲနှင့် ဆီးနှင်းများ ဖုံးလွှမ်းနေသည်။ ကိုးတောင်စဉ်တောင်တန်းအတွင်း ဤသို့သော မြင်ကွင်းမျိုးမှာ မဆန်းလှပေ။ ဤနေရာတွင် ဆီးနှင်းများ၊ ကျောက်ဆောင်များ၊ သဲကန္တာရများ စသည်ဖြင့် တစ်နှစ်ပတ်လုံးရှိသော ရာသီဥတုအားလုံးကို တစ်နေရာတည်းတွင် ခံစားနိုင်သည်။

နောက်ပိုင်းတွင် ဘုန်းကြီးကျောင်းများ ပြောင်းရွှေ့သွားပြီးနောက် တောင်တန်းအတွင်းမှ သားရဲဟိန်းသံများ မကြာခဏ ထွက်ပေါ်လာတတ်သလို မြူထူများလည်း အမြဲဆိုင်းနေတတ်သဖြင့် ယခုအခါ ကိုးတောင်စဉ်တောင်တန်းတွင် လူသူအကပ်အသတ် အလွန်နည်းပါးသွားလေပြီ။

ရှူး

တောင်တန်းကြားတွင် လူရိပ်တစ်ခု လေအဟုန်နှင့် ပြေးလွှားနေသည်။ ထိုသူမှာ လေကိုစီး၍ ဓားပျံဖြင့် သွားလာနေခြင်းဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ပေပေါင်းများစွာကို ကျော်ဖြတ်သွားသည်။ ၎င်းမှာ ချောမောလှပသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ မျက်နှာတွင်မူ ဖုံးကွယ်မရသော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

အမျိုးသမီးမှာ ကောက်ကြောင်းလှပပြီး ခါးသေးကာ ခြေတံရှည်လျားလှသည်။ ဓားပျံကို စီးနင်းနေစဉ် တောင်လေက သူမ၏ အဝတ်အစားများကို ကိုယ်လုံးနှင့်ကပ်သွားအောင် တိုက်ခတ်နေသဖြင့် ဆွဲဆောင်မှုရှိသော သူမ၏ ကိုယ်ဟန်မှာ ပေါ်လွင်နေတော့သည်။ သူမသည် စိုးရိမ်တကြီးနှင့် နောက်သို့ ခဏခဏ လှည့်ကြည့်နေမိသည်။

ဝုန်း ဝုန်း

သူမ၏ နောက်ကွယ်တွင်မူ ဖုန်မှုန့်များ ထောင်းထောင်းထနေပြီး ကျောက်ခဲများ လွင့်စင်နေကာ သတ္တဝါကြီးတစ်ကောင်က ထပ်ကြပ်မကွာ လိုက်ပါလာနေသည်။ ၎င်းမှာ ကြီးမားလှသော ပုတ်သင်ညိုကြီးတစ်ကောင် ဖြစ်သည်။

သွေးအိုင်ကဲ့သို့ နီရဲနေသော ပါးစပ်ကြီးကို ဟထားကာ ထူးဆန်းသော မျက်လုံးများဖြင့် ရှေ့က အမျိုးသမီးကို အေးစက်စွာ ကြည့်နေသည်။ ကိုယ်လုံးမှာ ပေတစ်ရာခန့် ရှည်လျားပြီး ပြေးလွှားနေသည်မှာ လေအဟုန်ကဲ့သို့ မြန်လှသည်။

ထိုအမျိုးသမီးမှာ ဓားပျံကို စီးနင်းနေရသော်လည်း အတော်လေး အခြေအနေ မဟန်လှပေ။ လက်ထဲမှ မန္တန်များကို ရွတ်ဖတ်လိုက်ရာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ကျောက်စိမ်းကွင်းတစ်ခု ပျံတက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပုတ်သင်ညိုကြီးကို တိုက်ခိုက်လိုက်သည်။

ကျောက်စိမ်းကွင်းမှာ မူလက သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ထားခြင်းဖြစ်သော်လည်း အလင်းတန်းဖြစ်သွားချိန်တွင်မူ အလွန်ထက်မြက်လှသည်။

ထက်မြက်လှသော အရှိန်အဝါကြောင့် ဘေးပတ်လည်ရှိ လူသုံးယောက်ဖက်စာ ရှေးဟောင်းသစ်ပင်ကြီးများမှာ ပိုင်းဖြတ်ခံလိုက်ရသော်လည်း ထိုပုတ်သင်ညိုကြီး၏ ကိုယ်ပေါ်သို့ ရောက်သောအခါတွင်မူ အဖြူရောင် အစင်းရာကလေး တစ်ခုသာ ကျန်ရစ်ခဲ့သည်။

ဤသို့ အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း အရာမထင်သည့်အပြင် ပုတ်သင်ညိုကြီးကို ပို၍ ဒေါသထွက်စေတော့သည်။

ဟူး

ပုတ်သင်ညိုကြီး၏ ပါးစပ်အတွင်းမှ မီးတောက်ကြီးတစ်ခု ရုတ်တရက် ပန်းထွက်လာပြီး ဓားပျံစီးနေသော အမျိုးသမီးထံသို့ ဝါးမြိုရန် ပြေးဝင်သွားသည်။ အမျိုးသမီးမှာ မျက်နှာ ဖြူဖျော့သွားပြီး ခြေဖျားအောက်မှ ဓားပျံမှာလည်း အန္တရာယ်ကို သိရှိသဖြင့် ထိုမီးတောက်နှင့် ဝေးရာသို့ အားကုန် ရုန်းကန်ပျံသန်းသည်။

သို့သော်ငြားလည်း အမျိုးသမီး၏ နောက်ကျောမှ အဝတ်အစားများမှာ မီးဟပ်ခြင်း ခံလိုက်ရသည်။ ကံကောင်းထောက်မစွာပင် သူမ ဝတ်ဆင်ထားသော အဝတ်အစားမှာ မီးနှင့် ရေကို ခုခံနိုင်သော တာအိုလက်နက်ဖြစ်သဖြင့် မီးတောက်မှာ ငြိမ်းသွားခဲ့သည်။ သို့သော်လည်း သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးဝင်းပသော အသားအရေမှာ ပေါ်ထွက်သွားရလေပြီ။

ဤပုတ်သင်ညိုကြီးမှာ မိစ္ဆာအဖြစ် အသွင်ပြောင်းနေပြီဖြစ်သော်လည်း မျက်ဝန်းများအတွင်း၌ အေးစက်သော သတ်ဖြတ်လိုစိတ်သာ ရှိနေပြီး အသိဉာဏ်ရှိပုံမရပေ။

ဟူး

နောက်ထပ် မီးတောက်တစ်ခု ထပ်မံ ပန်းထွက်လာပြန်သည်။ အမျိုးသမီး၏ ခြေဖျားအောက်မှ ဓားပျံမှာ ယခုတစ်ကြိမ်တွင်မူ ကြိုတင်ပြင်ဆင်ထားသဖြင့် ဘေးသို့ အမြန်ရှောင်တိမ်းလိုက်သည်။ ထိုမီးတောက်မှာ မြေပြင်ပေါ်သို့ ကျရောက်သွားရာ ကျောက်ဆောင်များကိုပင် အရည်ပျော်သွားစေသည်။ ဤသတ္တဝါမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး ဖြစ်ပေသည်။

အမျိုးသမီးမှာ ကျောက်စိမ်းကွင်းဖြင့် တိုက်ခိုက်သော်လည်း ထိရောက်မှု မရှိလှပေ။ ခြေဖျားအောက်မှ ဓားပျံသာ အလွန်မမြန်ပါက သူမမှာ ဤသားရဲကြီး၏ ဖမ်းဆီးခြင်းကို ခံရသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူမ၏ ပုံစံမှာ လူက ဓားကို ထိန်းကျောင်းနေခြင်း မဟုတ်ဘဲ ဓားပျံကသာ သူမကို သယ်ဆောင်သွားနေခြင်း ဖြစ်ဟန်တူသည်။

တောအုပ်အတွင်းမှ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။

ရှူး

၎င်းမှာ ချက်ချင်းဆိုသလို ပေပေါင်းများစွာ ကျယ်သော ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးကို လွှမ်းခြုံရန် အုပ်မိုးလိုက်သည်။ အမျိုးသမီးမှာ မျက်နှာပျက်သွားကာ ကျောက်စိမ်းကွင်းကို အသုံးချ၍ ခုခံလိုက်ရသည်။

ဒုန်း

ကျောက်စိမ်းကွင်းမှာ ထက်မြက်သော အလင်းတန်းအဖြစ် ပြောင်းလဲကာ ထိုပိုက်ကွန်ကြီးနှင့် တိုက်ခိုက်မိပြီး လေထဲတွင် နှစ်ခုလုံး ရစ်ပတ်ကုန်ကြသည်။ ထိုစဉ်မှာပင် ပေသုံးလေးဆယ်ခန့် မြင့်မားသော ကြီးမားလှသော အဆောင် ကြီးတစ်ခု ပေါ်လာပြီး အမျိုးသမီးကို ကောင်းကင်ယံမှ အုပ်မိုးလိုက်ပြန်သည်။ ဓားပျံ၏ အဟုန်မှာ ချက်ချင်း ရပ်တန့်သွားပြီး

ဝုန်း

အမျိုးသမီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ ပုတ်သင်ညိုကြီးမှာလည်း ထပ်ကြပ်မကွာ ရောက်ရှိလာပြီး ခြေထောက်ကြီးဖြင့် နင်းချရန် ပြင်သည်။ ထိုစဉ် ဓားပျံမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ

တုံ

ပုတ်သင်ညိုကြီးကို တိုက်ရိုက် တားဆီးလိုက်သဖြင့် အမျိုးသမီးမှာ အသက်ဘေးမှ တစ်သီတစ်သန့် လွတ်မြောက်သွားခဲ့သည်။ အမျိုးသမီး၏ မျက်ဝန်းများမှာ ကြည်လင်သော ဆောင်းဦးရေပြင်ကဲ့သို့ လှပပြီး ဆံနွယ်ရှည်များမှာ ကျောပြင်ပေါ်တွင် ဝဲကျနေသည်။ အဝတ်အစားများ စုတ်ပြဲနေသော်လည်း ၎င်းကပင် သူမကို တစ်မျိုးတစ်ဖုံ ပို၍ လှပနေစေသည်။

ခုနက အာရုံများသွားသဖြင့် ကျောက်စိမ်းကွင်းမှာ မြေပေါ်သို့ ကျသွားခဲ့ပြီး ရွှေရောင်ပိုက်ကွန်မှာလည်း အလင်းတန်းအဖြစ် ပြောင်းလဲကာ အပြာရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး၏ လက်ထဲသို့ ပြန်ရောက်သွားသည်။ အပြာရောင်ဝတ်စုံဝတ် လူငယ် ပေါ်လာသည်နှင့် အမျိုးသမီးမှာ မျက်ခုံးများ စုကြုတ်သွားပြီး

"စုချန်ယွီ နင်က ဆရာကို သစ္စာဖောက်၊ ကလန်တူတွေကို သတ်ဖြတ်တဲ့ကောင် နင် ကောင်းကင်က မိုးကြိုးပစ်တာကို မကြောက်ဘူးလား "

ဟု အမျိုးသမီးက ပြင်းထန်စွာ ဟစ်အော်လိုက်သည်။

ဤအပြာရောင်ဝတ်စုံဝတ် လူငယ်မှာ ရုပ်ရည်သန့်ပြန့်ပြီး ကိုယ်ဟန်မှာလည်း ကျော့ရှင်းလှသည်။ လက်ထဲတွင် ခုနက ရွှေရောင်ပိုက်ကွန်ကို ကိုင်ထားသည်။ လူငယ်က ကြားသော် လှောင်ပြုံးပြုံးကာ

"ဆရာက ကိုးတောင်စဉ်တောင်တန်း အနက်ပိုင်းကို ဝင်သွားတာ အသက်ရှင်လား၊ သေလားတောင် မသိရဘူး။ နင်တို့က ရှီ မိသားစုကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ငါကလည်း ကိုယ့်အသက်ကိုယ် ကာကွယ်ရုံပါပဲ"

အမျိုးသမီးက ဒေါသတကြီးဖြင့်

"နင်သာ ဆရာ့ကို အဆိပ်မခတ်ခဲ့ရင် ဆရာ့ရဲ့ ကျင့်ကြံမှုနဲ့ ဒီတောင်ထဲကနေ ဘာလို့ ထွက်မလာနိုင်ဘဲ နေမလဲ "

လူငယ်က အေးစက်စွာ ပြုံးသည်။ သူခတ်ခဲ့သော အဆိပ်မှာ ကျင့်ကြံသူ၏ စိတ်အာရုံ ကို ဖိနှိပ်ထားနိုင်သဖြင့် စိတ်အာရုံစွမ်းအားကို ထုတ်ဖော်၍ မရတော့ပေ။ ထိုသို့သာ မဟုတ်ပါက သူ၏ ဤစီမံကိန်း ကို သူ ယှဉ်နိုင်မည် မဟုတ်ပေ။

"စီနီယာအစ်မ အပိုတွေ လုပ်မနေပါနဲ့တော့။ နင်သာ ငါ့ကို ကောင်းကောင်းမွန်မွန် ပြုစုမယ်ဆိုရင် နင့်အသက်ကို ငါ ချန်ထားပေးဦးမှာပါ"

အမျိုးသမီးက အေးစက်စွာဖြင့်

"အမှိုက်ကောင်" ဟု ဆိုလိုက်သည်။

စုချန်ယွီ၏ မျက်လုံးများထဲတွင် ရမ္မက်ဇောများ ပြည့်နှက်နေပြီး အမျိုးသမီး၏ ခန္ဓာကိုယ်ကို အထက်အောက် စုန်ဆန် ကြည့်ရှုရင်း

"ရှီမိသားစု ဘိုးဘေးက နင်တို့အားလုံးကို ငါ့စိတ်ကြိုက် လုပ်ပိုင်ခွင့် ပေးထားတယ်။ ဆရာသာ အဆိပ်ရှိန် မတက်ခင် တောင်ထဲဝင်မသွားခဲ့ရင် ဆရာတပည့် နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ပိုင်ဆိုင်ရမှာ... ဒါက ပိုပြီး မပျော်ဖို့ ကောင်းဘူးလား"

စုချန်ယွီက ရူးသွပ်စွာ ပြောလိုက်သည်။ အမျိုးသမီး၏ မျက်နှာတွင် စက်ဆုပ်ရွံရှာမှုများ ပြည့်နှက်သွားပြီး

"ဆရာက နင့်ကို ငယ်ကတည်းက သားအရင်းလို ကျွေးမွေးစောင့်ရှောက်ခဲ့တာ။ နင်က ဒီလို ညစ်ညမ်းတဲ့ စိတ်မျိုး ထားရက်တယ်ပေါ့... လူအရေခွံ ခြုံထားတဲ့ တိရစ္ဆာန်ထက် မထူးဘူး "

လူငယ်က တည်ငြိမ်စွာပင်

"ဒါက ဘာဖြစ်လဲ၊ ဒီလိုမှ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းမှာပေါ့ "

အမျိုးသမီး၏ မျက်နှာမှာ ရေခဲပြင်ကဲ့သို့ အေးစက်သွားပြီး မန္တန်ရွတ်လိုက်ရာ ကျောက်စိမ်းကွင်းမှာ ထက်မြက်သောအလင်းဖြင့် လူငယ်ထံသို့ ပြေးဝင်သွားသည်။

သို့သော် ကျောက်စိမ်းကွင်း မရောက်မီမှာပင် အမျိုးသမီးမှာ ရုတ်တရက် ညည်းညူသံလေး ထွက်ပေါ်လာပြီး ကိုယ်တွင်းရှိ ကျင့်ကြံမှု စွမ်းအားများမှာ ကမောက်ကမ ဖြစ်သွားကာ ကျောက်စိမ်းကွင်းမှာ မြေပေါ်သို့ ဘုတ်ခနဲ ကျသွားတော့သည်။

"ဘယ်လိုလဲ ဒါကို ယင်ယန်မှုန် လို့ ခေါ်တယ်။ လူရဲ့ ရမ္မက်ဆန္ဒတွေကို နှိုးဆွပေးနိုင်တယ်"

ဟု လူငယ်က ပြုံးလျက် ဆိုသည်။ အချိန်တွက်ချက်မှုအရ ယခုအချိန်မှာ အဆိပ်ရှိန် စတက်ရမည့် အချိန်ပင် ဖြစ်သည်။

"နှမြောစရာကောင်းတာက ဆရာမရှိနေတာပဲ။ မဟုတ်ရင် နင်တို့နှစ်ယောက် အတူတူရှိနေတဲ့ ပုံစံကို ငါ တကယ် မြင်ချင်မိတယ်"

ဟု လူငယ်က နှမြောတသဟန်ဖြင့် ဆိုလိုက်သည်။

သူသည် လက်ထဲမှ မန္တန်တံဆိပ်ကို အသုံးချလိုက်ရာ ခုနက ပုတ်သင်ညိုကြီးမှာ ဓားပျံနှင့် တိုက်ခိုက်နေသည်။ ဓားပျံမှာ နောက်ဆုံးတွင် ပိုင်ရှင်မဲ့ ဖြစ်နေသဖြင့် အတွင်းမှ အသိစိတ်မှာ ပျက်စီးသွားပြီး မြေပေါ်သို့ ကျသွားခဲ့သည်။

ပုတ်သင်ညိုကြီးမှာ နောက်ထပ် မလှုပ်ရှားတော့ဘဲ အမျိုးသမီးကိုသာ အေးစက်စွာ စိုက်ကြည့်နေသည်။ ဤသားရဲကြီးမှာ လူငယ်၏ လက်ထဲမှ မန္တန်တံဆိပ်နှင့် ဆက်သွယ်ထားဟန် တူသည်။

လူငယ်က အမျိုးသမီးထံသို့ တစ်လှမ်းချင်း လျှောက်လာပြီး မျက်နှာတွင် ဖုံးကွယ်မရသော ယုတ်ညံ့သည့် အပြုံးများ ပေါ်ထွက်နေသည်။

စီနီယာအစ်မ ဆိုသည်မှာ ဂိုဏ်းရှိ လူငယ်တပည့်အားလုံး၏ အိမ်မက်ထဲက နတ်မိမယ် မဟုတ်ပါလား။ လှပသော မျက်နှာ၊ ဆွဲဆောင်မှုရှိသော ကိုယ်လုံးနှင့် ပါရမီအလွန် မြင့်မားသူမို့ အဝေးကသာ ကြည့်ခွင့်ရခဲ့သော်လည်း ယခုမူ သူမမှာ သူ၏ လက်တစ်ကမ်းတွင် ရောက်နေလေပြီ။

စုချန်ယွီ ကိုးတောင်စဉ်တောင်တန်းသို့ လာရခြင်းမှာ ဒဏ္ဍာရီလာ နတ်ဘုရားအခွင့်ရေး ကို ရှာဖွေရန် ဖြစ်သည်။ ထိုဆုလာဘ်ကို ရရှိရန် ကျင့်ကြံသူ အဖွဲ့အစည်းများစွာမှာ ပြိုင်ဆိုင်နေကြပြီး ရှီမိသားစုမှာ အင်အားအကြီးဆုံး ဖြစ်သည်။

ရှီမိသားစုမှာ ရှေးဟောင်း ကျင့်ကြံသူ မိသားစုဖြစ်ပြီး မိသားစု သွေးမျိုးဆက် လျှို့ဝှက်နည်းစနစ်များကို အသုံးချကြသည်။ ရှီမိသားစု ဘိုးဘေးမှာ ယန်ဝိညာဉ် ပညာရှင် တစ်ဦး ဖြစ်သည်ဟု ဆိုကြသည်။

စုချန်ယွီမှာ ဝါရှန်း ဂိုဏ်း၏ တပည့်ဖြစ်ပြီး သူ၏ ဆရာဖြစ်သူ ယွမ်ရှူးသူတော်စင် ကို ရှီမိသားစုက ကြောက်ရွံ့သဖြင့် တပည့်ဖြစ်သူ စုချန်ယွီကို စည်းရုံး သိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။ သူကလည်း ဆရာဖြစ်သူနှင့် စီနီယာ ဖြစ်သူအပေါ် မကောင်းစိတ် ရှိနေသူမို့ ချက်ချင်း လက်ခံကာ သစ္စာဖောက်ခဲ့ခြင်း ဖြစ်သည်။

စုချန်ယွီက ကျိဇွဲကို စိုက်ကြည့်ရင်း ညင်သာစွာ ပြုံးလျက်

"နင့်အဝတ်အစားတွေကို ချွတ်ပြီး ဒီရွှေရောင်ပိုက်ကွန်နဲ့ ပတ်ထားရင် တစ်မျိုးလေး ပိုပြီး လှနေမလားလို့"

ကျိဇွဲမှာ ကြောက်လန့်တကြားနှင့် ဒေါသတကြီး "တိရစ္ဆာန်" ဟု အော်လိုက်သည်။

သူမ၏ မျက်နှာမှာ နီမြန်းနေပြီး ကိုယ်တွင်း၌ မီးတောက်တစ်ခု လောင်မြိုက်နေသကဲ့သို့ ခံစားနေရသည်။ သူမ၏ စိတ်အာရုံမှာ တဖြည်းဖြည်း ဝေဝါးလာပြီး ရမ္မက်စိတ်များမှာ ဒီရေသဖွယ် တိုးဝင်လာသဖြင့် ခန္ဓာကိုယ်ကို အားတင်းကာ နောက်သို့ ဆုတ်နေမိသည်။

စုချန်ယွီကလည်း အလောတကြီး မလုပ်ဘဲ ကြောင်က ကြွက်ကို ကျီစယ်သကဲ့သို့ သူမထံသို့ ဖြည်းညင်းစွာ လျှောက်လာသည်။

ထိုစဉ် တောင်လမ်းပေါ်၌

လူငယ်တာအိုဆရာ တစ်ဦးနှင့် ဆီစက္ကူထီးကို ပိုက်ထားသော မိန်းကလေးတစ်ဦး ပေါ်လာသည်။

လူငယ်တာအိုဆရာမှာ ထူးခြားသော အရှိန်အဝါရှိပြီး ခါးတွင် ရှေးဟောင်းဓားတစ်လက် ချိတ်ထားသည်။ ဘေးမှ မိန်းကလေးမှာ ချောမောလှပသော်လည်း ယခုအခါ စုချန်ယွီကို ဒေါသတကြီး စိုက်ကြည့်နေသည်။

"ဘယ်သူလဲ" စုချန်ယွီက အော်ဟစ်လိုက်သည်။

ဤလူနှစ်ယောက်၏ အငွေ့အသက်ကို သူ ဘာကြောင့် မခံစားမိခဲ့သနည်း။

လူငယ်တာအိုဆရာက စုချန်ယွီကို တည်ငြိမ်စွာ ကြည့်ရင်း အေးစက်စွာ ပြုံးကာ

" မင်း အတော်လေး ကစားတတ်တာပဲနော်"

စုချန်ယွီ၏ မျက်လုံးများတွင် လူသတ်လိုစိတ်များ ပေါ်လာပြီး

"သေချင်နေတာလား"

သူသည် လက်ချောင်းများကို ဓားကဲ့သို့ အသုံးချလိုက်ရာ ပြင်းထန်သော လေလှိုင်းများက ဓားသွားများသဖွယ် လေကို ခွဲ၍ လူငယ်တာအိုဆရာထံသို့ ပြေးဝင်သွားသည်။

"ခြေထောက်အောက်ကို သတိထား"

ကျိဇွဲသည် စုချန်ယွီက သစ်သားဓာတ် မန္တန်များကို ကျွမ်းကျင်ကြောင်း သိသဖြင့် အမြန် သတိပေးလိုက်သည်။

သို့သော် ထိုလေလှိုင်းများမှာ မမြင်ရသော အတားအဆီးတစ်ခုနှင့် တိုက်မိပြီး ပျောက်ကွယ်သွားသည်။

ဝုန်း

မြေအောက်မှ ဆူးများပါသော နွယ်ပင်များစွာ ထိုးထွက်လာသော်လည်း ၎င်းတို့မှာလည်း မမြင်ရသော အကာအကွယ်နှင့် တိုက်မိကာ အမှုန့်ဖြစ်သွားရသည်။ ကျိဇွဲမှာ မှင်သက်သွားတော့သည်။ စုချန်ယွီက အေးစက်စွာဖြင့် မန္တန်တံဆိပ်ကို အသုံးချကာ "သူ့ကို သတ်လိုက် " ဟု အမိန့်ပေးလိုက်သည်။

ထို့နောက် သူသည် နောက်သို့ အမြန်ဆုတ်ကာ လက်မှ မန္တန်များ ရွတ်ဖတ်လိုက်ရာ ရေပြာရောင်အလင်းတန်းတစ်ခုက သူ့ကို ရစ်ပတ်လိုက်သည်။

၎င်းမှာ အကာအကွယ် လက်နက်ဖြစ်သည်။

သူနှင့် ကျိဇွဲမှာ ဆရာဖြစ်သူ ယွမ်ရှူးသူတော်စင်က ငယ်ကတည်းက ကျွေးမွေးခဲ့သူများဖြစ်သဖြင့် အစွမ်းထက် လက်နက်နှစ်ခုကို အသီးသီး ရရှိထားခြင်း ဖြစ်သည်။

သူ၏ ကိုယ်ပေါ်ရှိ ရေဓာတ်ဝိညာဉ်လုံး မှာ ဆရာဖြစ်သူ၏ အကာအကွယ်လက်နက်ဟောင်းဖြစ်ပြီး ယင်ဝိညာဉ် အမြင့်ဆုံးအဆင့်၏ တိုက်ခိုက်မှုကို သုံးကြိမ်တိုင်တိုင် ကာကွယ်ပေးနိုင်သည်။

ရှီမိသားစု မွေးမြူထားသော ပုတ်သင်ညိုကြီးမှာ လူငယ်တာအိုဆရာထံသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်တော့သည်။ ဤပုတ်သင်ညိုမှာ ခွန်အားကြီးမားပြီး အရေပြားမှာ သံမဏိထက်ပင် မာကျောလှကာ ဓားမတိုး၊ မြားမတိုးသော သားရဲထူးဖြစ်သည်။ အသိဉာဏ် မရှိသော်လည်း ရုပ်ခန္ဓာမှာ တူညီသောအဆင့်ရှိ မိစ္ဆာများထက် ပို၍ သန်မာလှသည်။

အစောပိုင်းက ကျောက်ရှောင်မန်၏ စိတ်အာရုံက ဦးတည်ရာတစ်ခုကိုသာ ပြနေသဖြင့် လီယန်ချူးနှင့် ကျောက်ရှောင်မန်တို့မှာ ရှာဖွေရင်း ထိုကိုးတောင်စဉ်တောင်တန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဤနေရာတွင် စုချန်ယွီကဲ့သို့သော လူထူးလူဆန်းတစ်ယောက်နှင့် တွေ့လိမ့်မည်ဟု မမျှော်လင့်ထားပေ။ တကယ့်ကို သဘာဝက ပေးထားသော လူယုတ်မာပင်၊ အဓိကက အတော်လေးလည်း ကစားတတ်သေးသည်။

ပုတ်သင်ညိုကြီးက ပြေးဝင်လာစဉ်

လီယန်ချူးက လက်သီးဖြင့် တစ်ချက်တည်း ထိုးနှက်လိုက်သည်။

ဝုန်း

ပြင်းထန်သော လက်သီးအရှိန်ကြောင့် ခွန်အားကြီးလှသော ပုတ်သင်ညိုကြီးမှာ တစ်စစီ ကြေမွသွားပြီး ပျောက်ကွယ်သွားတော့သည်။ သွေးစတစ်ခုတောင် မကျန်ရစ်ဘဲ လီယန်ချူး၏ လက်သီးချက်အောက်တွင် လုံးဝ အမှုန့်ဖြစ်သွားရသည်။

".................." စုချန်ယွီ

".................." ကျိဇွဲ

စုချန်ယွီ၏ မျက်နှာမှာ လုံးဝ ပျက်သွားပြီး လက်ထဲမှ ရွှေရောင်ပိုက်ကွန်ကို ပစ်လွှတ်လိုက်သည်။

ထိုပိုက်ကွန်မှာ မိစ္ဆာများကို ဖမ်းဆီးနိုင်ပြီး ချက်ချင်းပင် ပေပေါင်းများစွာ ကျယ်ပြန့်သွားသည်။

သို့သော် လီယန်ချူးက လက်ဖြင့် အသာအယာ ဖမ်းကိုင်လိုက်ရာ လက်မှ သုံးရောင်ခြယ်မီးလျှံ များ ထွက်ပေါ်လာပြီး ပိုက်ကွန်မှာ ပြာအဖြစ် ပြောင်းလဲသွားတော့သည်။

"ဒီရွှေကြိုးထက်စာရင် ခြေအိတ်အနက်ရောင် က ပိုကောင်းဦးမယ်"

ဟု လီယန်ချူးက ခေါင်းခါရင်း ဆိုလိုက်သည်။

စုချန်ယွီမှာ မျက်မှောင်ကြုတ်သွားသည်။ လီယန်ချူး ဘာပြောနေမှန်း သူ နားမလည်သော်လည်း ဤလူငယ်တာအိုဆရာမှာ အလွန်ပင် အန္တရာယ်ရှိကြောင်း သူ သိလိုက်ပြီဖြစ်သည်။

"တတိယအဆင့်ဝက် "

သူ၏ စိတ်ကူးနိုင်သမျှမှာ ထိုမျှသာ ဖြစ်သည်။

သူ စီနီယာအစ်မကို စားခါနီးမှ မတော်တဆ တွေ့တဲ့သူက ယန်ဝိညာဉ် ပညာရှင်ကြီး ဖြစ်နေရအောင်လည်း ကံဆိုးမနေနိုင်ပါဘူးဟု တွေးမိသည်။

သို့သော် သူ မထွက်ပြေးနိုင်မီမှာပင် လီယန်ချူးက လိုက်မီသွားပြီး

ဝုန်း

ကျောရိုးကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်ရာ စုချန်ယွီမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။ ဝိညာဉ်ပင် လုံးဝ ချုပ်ငြိမ်းသွားရကာ ကိုယ်ပေါ်ရှိ ရေဓာတ်ဝိညာဉ်လုံးမှာလည်း တစ်ခဏလေးတောင် မခံနိုင်ဘဲ ကွဲကြေသွားတော့သည်။

ကျောက်ရှောင်မန်မှာ စုချန်ယွီကို အလွန်ပင် မုန်းတီးနေသဖြင့် လီယန်ချူးက သူ့ကို တစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်ကို အံ့သြခြင်းမရှိဘဲ အားရကျေနပ်နေမိသည်။ လီတာအိုဆရာသာ ရှိနေရင် ဒီလို အရှက်မရှိတဲ့ကောင်ကို သတ်ဖို့ ဘာခက်ခဲမှာလဲ။

သို့သော် ကျိဇွဲမှာမူ ယခုအခါ မျက်လုံးများ ရီဝေနေပြီး ခန္ဓာကိုယ်မှာ ပျော့ခွေနေကာ မျက်နှာမှာလည်း နီမြန်းနေသည်။

"လီတာအိုဆရာ၊ သူမ ဘာဖြစ်တာလဲ"

ကျောက်ရှောင်မန်က နားမလည်စွာ မေးသည်။

လီယန်ချူးက ကျိဇွဲကို တစ်ချက်ကြည့်လိုက်ပြီး

"အဆိပ်မိနေတာ" ဟု ပြောလိုက်သည်။

သူသည် စိတ်အာရုံစွမ်းအားဖြင့် ကြည့်လိုက်ရာ စုချန်ယွီ၏ ကိုယ်တွင် အာဃာတများနှင့် သွေးအလင်းများ ဖုံးလွှမ်းနေသည်ကို တွေ့ရသော်လည်း ကျိဇွဲ၏ ကိုယ်တွင်မူ သန့်စင်သော စွမ်းအားများ ရှိနေသည်။

သို့သော် သူမ၏ ကိုယ်ထဲတွင် မသန့်စင်သော အရှိန်အဝါ နှစ်ခု ရှိနေသည်။ တစ်ခုမှာ ပန်းရောင်ဖြစ်ပြီး ရမ္မက်ကို နှိုးဆွပေးကာ နောက်တစ်ခုမှာ အမည်းရောင်ဖြစ်ပြီး ဝိညာဉ်ကို ဖိနှိပ်ထားသည်။

"ဒီလိုကိစ္စမျိုးနဲ့ တကယ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"

ဟု လီယန်ချူး တွေးမိသည်။

သူ ဇာတ်ကားတွေ ကြည့်ရင် မင်းသား ဒါမှမဟုတ် မင်းသမီးက ဒီလို အဆိပ်မိပြီး အတူအိပ်လိုက်ကာ နောက်ပိုင်း ချစ်ကြိုက်သွားတဲ့ ဇာတ်လမ်းမျိုးတွေ တွေ့နေကျဖြစ်သည်။

သို့သော် လီယန်ချူးကမူ ထိုဇာတ်လမ်းကို ချက်ချင်း ရပ်တန့်လိုက်သည်။

သူသည် ရင်ဘတ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ကပ်ကျော်အဆောင် ဖြစ်ပြီး အဆိပ်အတောက်နှင့် မှော်အတတ်အားလုံး၏ ရန်သူဖြစ်သည်။ အဆောင်မှ ဝါကျင်ကျင်အလင်းတန်းများ ကျိဇွဲ၏ ကိုယ်ထဲသို့ စီးဝင်သွားရာ သူမ၏ မျက်ဝန်းများမှာ ချက်ချင်း ကြည်လင်လာတော့သည်။

ငါးကြိမ်တိုင်တိုင် အဆင့်မြှင့် ထားသော အဆောင်ဖြစ်သဖြင့် ဤသို့သော အဆိပ်မျိုးမှာ အသေးအဖွဲပင်။

ကျိဇွဲမှာ အဆိပ်ပျယ်သွားသဖြင့် မှင်သက်သွားပြီး ငရဲမှ နတ်ပြည်သို့ ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် လူငယ်တာအိုဆရာကို ကြည့်ကာ

"ကျေးဇူးတင်ပါတယ် တာအိုဆရာ" ဟု အားယူကာ ပြောလိုက်သည်။

လီယန်ချူးက ခေါင်းငြိမ့်ပြပြီး ကျောက်ရှောင်မန်နှင့်အတူ ရှေ့ဆက်ရန် ပြင်သည်။ ကိုးတောင်စဉ်တောင်တန်းအတွင်း ရောက်လာသည်နှင့် ကျောက်ရှောင်မန်၏ စိတ်အာရုံမှာ ပို၍ ထင်ရှားလာသော်လည်း တစ်ခါတစ်ရံ ပြတ်တောက်နေပြန်သည်။

"တာအိုဆရာ..." ကျိဇွဲက လှမ်းခေါ်လိုက်သည်။

လူငယ်တာအိုဆရာက သူမကို ကယ်ပြီး ချက်ချင်း ထွက်သွားလိမ့်မည်ဟု သူမ မထင်ထားပေ။

လီယန်ချူးက ရပ်လိုက်ပြီး

"ဘာဖြစ်လို့လဲ" ဟု တည်ငြိမ်စွာ မေးသည်။

ကျိဇွဲမှာ ဘာပြောရမှန်း မသိဖြစ်သွားသည်။ သူက သူမကို ကယ်ခဲ့တာပဲ၊ သူမ ဘာလုပ်ချင်တာလဲ လီယန်ချူးက အရမ်းပြတ်သားလွန်းသဖြင့် သူမ စိတ်ထဲမှ အလိုလို လှမ်းခေါ်မိခြင်း ဖြစ်သည်။

"ရှေ့က တောင်ထဲမှာ ရှီမိသားစုဝင်တွေ ရှိနေတယ်။ သူတို့က အရမ်းရက်စက်ပြီး နတ်ဘုရားအခွင့်ရေးကို ရဖို့အတွက် တခြားသူတွေကို နှိမ်နင်းနေကြတာ၊ တာအိုဆရာ သတိထားပါ"

ဟု ကျိဇွဲက ညင်သာစွာ သတိပေးသည်။

လီယန်ချူးက ခေါင်းငြိမ့်ကာ

"ရပါတယ်၊ ကျွန်တော်က အခွင့်ရေးကို လိုချင်လို့ လာတာမဟုတ်ဘူး" ဟု ပြောလိုက်သည်။

ဝုန်း

သူတို့ စကားပြောနေစဉ် တောင်တန်းအတွင်းမှ ကမ္ဘာပျက်မတတ် အသံကြီး ထွက်ပေါ်လာပြီး ပေရာချီ ရှည်လျားသော ရွှေရောင်နဂါးကြီးတစ်ကောင် တောင်တန်းအတွင်းမှ ပျံတက်လာသည်။

"နဂါးကြီး" ကျောက်ရှောင်မန်က လန့်ဖျပ်သွားသည်။

"နတ်ဘုရားအခွင့်ရေး ပေါ်လာပြီလား"

ကျိဇွဲလည်း မှင်သက်ကာ ကြည့်နေမိသည်။ ထိုနဂါးကြီး၏ အရှိန်အဝါမှာ အလွန်ပင် မြင့်မြတ်လှပြီး အဝေးကပင် ကြောက်မက်ဖွယ် ဖိအားကို ခံစားနေရသည်။

သို့သော် လီယန်ချူးက ခေါင်းခါကာ

"အခွင့်ရေးလားတော့ မသိဘူး၊ ဒါပေမယ့် ဒါက တတိယအဆင့်ရဲ့ ဝိညာဉ်ပုံရိပ် တစ်ခုပဲ"

ဟု ဆိုသည်။

ထို့နောက် နောက်ထပ် သားရဲကြီးတစ်ကောင် ပျံတက်လာပြန်သည်။ ၎င်းမှာ အလွန်ထူထပ်သော သေခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေပြီး နေရာအနှံ့တွင် အရိုးများ ပေါ်နေသဖြင့် အလောင်းကောင်ကြီး ဖြစ်မှန်း သိသာလှသည်။

"နဂါးပုံရိပ် နဲ့ ကျားလင်းတအလောင်း"

လီယန်ချူး မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ထိုသားရဲမှာ ဒဏ္ဍာရီလာ ကျားလင်းတ ဖြစ်ပြီး ယခု သေဆုံးနေသော်လည်း ၎င်း၏ ကိုယ်မှ ထွက်ပေါ်လာသော အေးစက်လှသော မီးလျှံများနှင့် လေလှိုင်းများက နဂါးပုံရိပ်ကို တိုက်ခိုက်နေသည်။ တောင်တန်းကြီးမှာလည်း တုန်ခါနေတော့သည်။

"လီတာအိုဆရာ၊ အာရုံက ထပ်ပေါ်လာပြန်ပြီ၊ အဲဒီတောင်ထဲမှာပဲ "

ကျောက်ရှောင်မန်က ဆိုသည်။

လီယန်ချူးက အပျော်ရှာရန် မရည်ရွယ်သော်လည်း ကျောက်ရှောင်မန် ပြောလိုက်သဖြင့် မျက်လုံးများ လင်းလက်သွားသည်။ သို့သော် သူက ကျောက်ရှောင်မန်ကို ကြည့်ကာ

"နင့်ရဲ့ အာရုံက တကယ်ရော မှန်ရဲ့လား"

ဟု မေးမိသည်။ လိုင်းက ခဏခဏ ပြတ်နေသည် မဟုတ်ပါလား။

ကျောက်ရှောင်မန်က

"ကျွန်မလည်း မသိဘူး၊ ဘယ်က လာမှန်းလည်း မသိဘူး၊ မှန်လား၊ မမှန်လား ဆိုတာတော့ သရဲပဲ သိလိမ့်မယ်..."

နင်က သရဲလေ... လီယန်ချူးက ခေါင်းငြိမ့်ကာ

"ကဲ... သွားကြည့်ကြတာပေါ့"

သူသည် ကျိဇွဲကို ကြည့်ကာ တာအိုဝတ်ရုံတစ်ခုကို ပစ်ပေးလိုက်သည်။ ကျိဇွဲ၏ ရှေ့တွင်ပင် ကျောက်ရှောင်မန်မှာ မီးခိုးငွေ့အဖြစ် ပြောင်းလဲကာ ဆီစက္ကူထီးအတွင်း ဝင်သွားပြီး လီယန်ချူးက ထီးကို ကိုင်ကာ မြေအောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။

".................." ကျိဇွဲမှာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့သည်။

"နှစ်ယောက်လုံးက သရဲတွေလား"

ထီးထဲဝင်သွားတဲ့ မိန်းကလေးရဲ့ အငွေ့အသက်က သရဲမဖြစ်မှန်း သိသာသော်လည်း လီယန်ချူးကိုမူ သူမ သတိမထားမိခဲ့ပေ။

"မဟုတ်ဘူး၊ အဲဒီတာအိုဆရာ သုံးသွားတာက မြေလျှိုးအတတ်ပဲ"

တောင်လေက ပြင်းထန်စွာ တိုက်ခတ်နေသဖြင့် သူမ၏ ကျောပြင်မှာ အေးစက်သွားမှ ခုနက လူငယ်တာအိုဆရာ ရှေ့တွင် သူမ၏ အခြေအနေကို သတိရကာ မျက်နှာလေး နီမြန်းသွားရသည်။

သူမသည် လီယန်ချူး ပေးခဲ့သော တာအိုဝတ်ရုံကို လဲလှယ်ဝတ်ဆင်လိုက်ရာ ကိုယ်နှင့် မတော်ဘဲ ကြီးနေသော်လည်း သူမကို ပို၍ တည်ငြိမ်အေးစက်သော အလှမျိုး ဖြစ်စေသည်။ သူမသည် ဆရာဖြစ်သူကို ရှာရန် တောင်တန်းအတွင်းသို့ အမြန် ပြေးဝင်သွားတော့သည်။

All Chapters