← Chapters

အခန်း (၁၇၈၁-၁၇၈၂)

Vol. 179 Ch. 1781-1782

အခန်း (၁၇၈၁-၁၇၈၂)

Vol. 179 Ch. 1781-1782

အခန်း (၁၇၈၁) - မဟာထျန်းကျွင်း

မျိုးရိုးက ကျန်း မဟာထျန်းကျွင်း

မှန်လေးရဲ့ အရှင်သခင်ဟောင်းလား။

ဖန့်ချန်က အမူအရာမပျက်ဘဲ တည်ငြိမ်စွာ မေးလိုက်သည်။

"ဒီ ကျန်းရဲဘော်က အခု ဘယ်မှာလဲ"

"သေပြီ... စစ်မြေပြင်မှာပဲ သေသွားတာ"

လူယွမ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း

"သူက သိပ်အတာပဲ၊ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အလွယ်တကူ ယုံကြည်ခဲ့မိတာကိုး။ တစ်ဖက်လူရဲ့ အားနည်းချက်ကို တကယ် ဖမ်းမိပြီလို့ ထင်ပြီး ဝမ်းသာအားရ ပြေးသွားတာ၊ နောက်ဆုံးတော့ ထောင်ချောက်ထဲတိုးပြီး သေရတာပေါ့။

အဲဒီတုန်းက ကျွန်မလည်း သူနဲ့အတူ သေရမှာ၊ ဒါပေမဲ့ သူက မသေခင်မှာ ထျန်းကျွင်းဆေးလုံးအဖြစ် ပြောင်းလဲသွားပြီး ကျွန်မကို အတင်းစားခိုင်းခဲ့တယ်။ အဲဒီလိုနဲ့ သူသေပြီး ကျွန်မ ရှင်ကျန်ခဲ့တာ"

"ဒါကြောင့် ကျွန်မဘဝမှာ သေလုနီးပါး အခြေအနေနဲ့ နှစ်ကြိမ် ကြုံခဲ့ရတယ်။ ပထမအကြိမ်က သာမန်လူတွေကနေ ဖြစ်လာတဲ့ ဓားပြတွေနဲ့ ကြုံတုန်းက အစ်ကိုဖြစ်သူက ကယ်ခဲ့တယ်။

ဒုတိယအကြိမ်ကတော့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သစ္စာဖောက်မှုကို ခံရတုန်းက ကျန်းအစ်ကိုကြီးက ထပ်ကယ်ခဲ့ပြန်တယ်။ အဲဒီအချိန်ကစပြီး မိစ္ဆာဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ်၊ ကျင့်ကြံသူဖြစ်ဖြစ်... ကျွန်မမျက်လုံးထဲမှာ အားလုံးက ရွံရှာစရာကောင်းတဲ့ တည်ရှိမှုတွေ ဖြစ်ကုန်တာပဲ"

"ဒါကြောင့်လည်း မိစ္ဆာတွေ လူဝင်စားထားတဲ့ သာမန်လူတွေက မင်းမျက်လုံးထဲမှာ အသုံးမကျတဲ့ အမှိုက်တွေလို ဖြစ်နေပြီး ဆေးလုံးအဖြစ် ဖော်စပ်ဖို့ပဲ ထိုက်တန်တယ်လို့ မြင်နေတာပေါ့... သွေးဝိညာဥ်နတ်ဆေး ဆိုတာက မင်း ထျန်းကျွင်းဆေးလုံးကို စားပြီးနောက်မှာ ကိုယ်တိုင် ဆင်ခြင်မိလို့ ရလာတဲ့ နည်းလမ်းလား"

ဖန့်ချန်က မေးလိုက်သည်။

"အဲဒီလိုပဲ ပြောရမှာပေါ့၊ ဒါပေမဲ့ သွေးဝိညာဥ်နတ်ဆေးက ထျန်းကျွင်းဆေးလုံးကို ဘယ်လိုမှ မမီပါဘူး။ ဒါပေမဲ့ ကျွန်မလက်အောက်က လူတွေကို အဆင့်တက်အောင် လုပ်ပေးပြီး ကျွန်မခိုင်းတာ လုပ်ဖို့အတွက်တော့ လောက်ငပါတယ်"

(ထျန်းကွင်းဆေးလုံးဆိုတာ မဟာကောင်ကင်ဘုရင် ဆေးကျမ်းရဲ့ ဆေးလုံးပါ )

လူယွမ်က ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။

"ဒါဆို မင်းရဲ့ အဆင့် ၉ မသေမျိုးဆိုတဲ့ ရာထူးက တကယ်တမ်းတော့... ပုံမှန် မသေမျိုးလမ်းစဉ် ကနေ လာတာ မဟုတ်ဘူးပေါ့။ မင်းက ထျန်းကျွင်းအသစ် ဖြစ်နေတာပဲ"

ဖန့်ချန်က ဆိုသည်။

"မသေမျိုးလမ်းစဉ်တိုင်းမှာ နေရာဦးထားတဲ့သူတွေ ရှိတယ်လေ။ သုံးလောက ပရမ်းပတာဖြစ်တဲ့ အချိန်မှာတောင် အဲဒီလူတွေဆီကနေ အခွင့်အရေးကြီးကြီးမားမား လုယူဖို့ဆိုတာ မလွယ်ဘူး။ လူအများကြီးက ကျွန်မ ဘယ်လမ်းစဉ်ကို လျှောက်နေလဲဆိုတာ ခန့်မှန်းခဲ့ကြပေမယ့် သူတို့ သေတဲ့အထိတော့ မှန်အောင် ခန့်မှန်းနိုင်မှာ မဟုတ်ဘူး"

လူယွမ်၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ် အနည်းငယ် ပေါ်ထွက်လာသည်။

"ကောင်းပြီလေ... မင်းလည်း ခေါင်းတလားထဲ ပြန်ဝင်ပြီး ဒဏ်ရာ ဆက်ကုနေတော့၊ ငါလည်း သွားတော့မယ်"

ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။

သူ သိချင်တာတွေ အားလုံးကို သိလိုက်ရပြီ ဖြစ်သည်။

ကိစ္စတွေက ဒီလောက်အထိ တိုက်ဆိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။

ဝိညာဥ်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟာ မှန်လေးရဲ့ အရှင်သခင်ဟောင်း မြေတောင်မြှောက်ပေးခဲ့တဲ့သူ ဖြစ်နေတာကိုး။

ခုံလင်ကို ဖန့်ချန်က ပြန်ပို့ပေးလိုက်ပြီး လူယွမ်သည်လည်း လူ့လောကသို့ ပြန်ရောက်သည်နှင့် ကျောက်စိမ်းနက်ခေါင်းတလားထဲသို့ ပြန်ဝင်သွားသည်။

"ဒီလို နေရာသေးသေးလေးမှာ အဆင့် ၉ တစ်ယောက် ပုန်းနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ဘူး"

ကျောက်စိမ်းနက်ခေါင်းတလား မြေကြီးထဲ ပြန်ဝင်သွားသည်ကို ဖန့်ချန် ကြည့်နေပြီးနောက် လှည့်ထွက်ကာ မြူခိုးဝေနေသော တောအုပ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ကျွဲမင်းကြယ်

"မှန်လေး .. ငါနဲ့ လူယွမ် ပြောခဲ့တဲ့ စကားတွေကို မင်းလည်း ကြားမှာပဲ။ ဘာများ ဖြည့်စွက်စရာ ရှိသေးလဲ"

"အစ်ကိုကြီးရာ... အရင်က ကျွန်တော် မပြောတာက စည်းကမ်းတွေ ရှိနေလို့ပါ။ ဒါပေမဲ့ အခုတော့ အစ်ကိုကြီးက ဒီကိစ္စကို သိသွားပြီဆိုတော့ ကံကြမ္မာ အကျိုးအပြစ် တွေ မရှိတော့ဘူး၊ ဒါကြောင့် ကျွန်တော် အခမဲ့ နည်းနည်း ဖြည့်စွက်ပေးနိုင်ပါတယ်။

အဲဒီ လူယွမ်က တကယ်ပဲ ထျန်းကျွင်းအသစ် ဖြစ်လာတာပါ။ အဲဒီလမ်းစဉ်က တကယ်တော့ အတားအဆီးကို ဖောက်ထွက်နိုင်တဲ့ လမ်းစဉ် ပဲ"

"အတားအဆီးကို ဖောက်ထွက်တာ မင်း ဆိုလိုတာက... ထျန်းကျွင်းလမ်းစဉ်က ကူးယွဲ့လင် ပြောတဲ့ အတားအဆီး ဖောက်ထွက်တဲ့ လမ်းစဉ်ပေါ့ ဟုတ်လား"

"တစ်ထေရာတည်းတော့ မဟုတ်ဘူး၊ ဒါပေမဲ့ လမ်းဆုံးကတော့ အတူတူပါပဲ။ အခု နယ်မြေကိုးခုမှာတော့ အဲဒီလမ်းကို လျှောက်နိုင်တဲ့သူက သူတစ်ယောက်ပဲ ရှိတော့မယ် ထင်တယ်။ ကျန်တဲ့သူတွေကတော့ လမ်းဟောင်းအတိုင်းပဲ ပြန်လျှောက်ကြရမှာပဲ"

"ဒါဆို မဟာကောင်းကင်ဘုရင်ရဲ့ ဆေးလုံးလမ်းစဉ် က သူတော်စင်ကျမ်း တွေနဲ့ တူတာပေါ့။ ငါတို့မှာ သူတော်စင်ကျမ်း မရှိရင်တောင် အဲဒီဆေးလုံးလမ်းစဉ်နဲ့ လမ်းသစ်တစ်ခု ဖောက်နိုင်တာလား"

"အင်း... အဲဒီ သူတော်စင်ကျမ်းတွေနဲ့တော့ ယှဉ်လို့ မရသေးပါဘူး။ ကျွန်တော့်ရဲ့ တွက်ချက်မှုအရ သူတော်စင်ကျမ်းတွေရဲ့ တည်ရှိမှုသက်တမ်းက နယ်မြေကိုးခုထက်တောင် အများကြီး ပိုကြာပါတယ်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးလာခဲ့တာဆိုတော့ အခြေခိုင်ပြီးသားပေါ့"

"မဟာကောင်းကင်ဘုရင်ရဲ့ ဆေးလုံးလမ်းစဉ်ကတော့ အခုမှ လမ်းလျှောက်သင်စ ကလေးလေးလိုပါပဲ။ အနာဂတ်မှာ အကန့်သက်အဆင့် ၃ ဆင့်ကို ကျော်ဖြတ်ပြီး သူတော်စင်တစ်ပိုင်း အဆင့်အထိ တက်လှမ်းနိုင်မလားဆိုတာကတော့ လောလောဆယ် မသိရသေးဘူး"

"မဟာကောင်းကင်ဘုရင်ရဲ့ ဆေးလုံးလမ်းစဉ်ကို ဘယ်သူ တီထွင်ခဲ့တာလဲ မင်းလား ဒါမှမဟုတ် ကောင်းကင်ဘုံလား "

"အဲဒါတော့... မပြောနိုင်ဘူး၊ မပြောနိုင်ဘူး။ မသေမျိုးကျောက်တုံး တွေ အများကြီး ပေးမှပဲ ရမယ်"

"ဘယ်လောက်လဲ"

"သန်းနဲ့ချီပြီးတော့လား အဲဒီလောက်ဆို ရလောက်ပါတယ်"

သန်းနဲ့ချီပြီး

ဖန့်ချန် ထိုစိတ်ကူးကို ချက်ချင်းပင် ဖျောက်လိုက်သည်။ ယနေ့အထိ သူ ကိုင်ခဲ့ဖူးသမျှ မသေမျိုးကျောက်တုံး အရေအတွက်မှာ အများဆုံးမှ ငါးသောင်းပင် မပြည့်သေးချေ။

ကျောက်တုံး သန်းဂဏန်း

ကျွယ်မင်နန်းတော် ရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို ရပ်တန့်ပြီး ရှိသမျှ အရင်းအမြစ်တွေ အကုန်စုရင်တော့... ဖြစ်နိုင်ကောင်း... ဖြစ်နိုင်လိမ့်မယ်... အဲဒီလောက် များပြားတဲ့ ပမာဏမျိုးကတော့။

စိတ်ထဲမှ အတွေးများကို ဖိနှိပ်လိုက်ပြီး ဖန့်ချန်သည် ယန်ဘူး ထဲမှ ရှန့် နင်နှင့် မီယွီ တို့ကို ထုတ်လိုက်သည်။

"မီယွီ... ဒီမှာ ကျွယ်မင်ကြယ်ကို ရောက်ပြီ။ ငါ ပြန်ရောက်လာတဲ့ သတင်းကိုတော့ လောလောဆယ် အပြင်ကို မပြောပါနဲ့ဦး"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

မီယွီ၏ မျက်လုံးများမှာ အနည်းငယ် ဝေဝါးနေပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ပြသည်။

"ကောင်းပါပြီ၊ ဒါဆို ကျွန်မ ပိုးကောင်ချိုင့်ဝှမ်း ကို အရင်သွားလိုက်ဦးမယ်"

"သွားတော့လေ"

ဖန့်ချန်က လက်ယမ်းပြလိုက်သည်။

မီယွီ ထွက်သွားပြီးနောက် ရှန့်နင်ကလည်း သူ့ဘာသာသူ သိတတ်စွာဖြင့်

"ဖန့်အမာခံ.. ဒါဆို ကျွန်တော်လည်း လူသားမျိုးနွယ် ဘိုးဘေးတောင် ကို သွားပြီး ကျင့်ကြံတော့မယ်၊ အခု ရထားတဲ့ အဆင့်ကိုလည်း ခိုင်မာအောင် လုပ်ရဦးမှာဆိုတော့"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်သည်။

ရှန့် နင် ထွက်သွားပြီးနောက် ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားလိုက်သည်နှင့် သူသည် တုန်းရှန့်နိုင်ငံ သို့ ရောက်ရှိသွားတော့သည်။

ဖန့်ကျစ်ရွှယ် နှင့် ဖန့်ရှေင်ပန်း တို့သည် လေထုထဲတွင် ရပ်နေရင်း အောက်ဘက်ရှိ ခြံဝင်းကြီးတစ်ခုကို ကြည့်နေကြသည်။

အသက်ရှင်ဖို့ ရက်ပိုင်းသာ လိုတော့သည့် အဘွားအိုတစ်ဦး၏ ဘေးတွင် သားမြေးမြစ်များ ဝန်းရံနေကြသည်။ သူတို့အားလုံးသည် ဝမ်းနည်းပူဆွေးသော မျက်နှာများဖြင့် အဘွားအိုကို ကြည့်နေကြပြီး သူမ မှာကြားနေသည့် နောက်ဆုံးစကားများကို နားထောင်နေကြသည်။

"ဒေါ်ဒေါ်... ကျွန်တော်တို့ အားလုံး သိပါတယ်၊ မပြောပါနဲ့တော့၊ ဒီဆေးလေး အရင်သောက်လိုက်ပါဦး"

လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဆေးခွက်ကို ကိုင်ထားရင်း မျက်ရည်ဝဲလျက် ပြောနေသည်။

"ခါးတယ်... မသောက်ဘူး"

အဘွားအိုက မျက်နှာလွှဲလိုက်သည်။

ဒါကို မြင်သောအခါ လူတိုင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်ကြသည်။ ဤလူကြီးမှာ ငယ်ငယ်ကတည်းက စိတ်က အလွန်မာပြီး ပြောပြီးရင် ပြောတဲ့အတိုင်း လုပ်တတ်သူ ဖြစ်သည်။ ယခုလည်း ဆေးမသောက်သည်မှာ တစ်ဆယ်ရက်ကျော်ပြီဖြစ်၍ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း အားနည်းလာသော်လည်း မည်သူမှ ဘာမှ မတတ်နိုင်ကြချေ။

"နတ်မိမယ်ယွီ က လူဝင်စားလာရင်တောင် ဒီလောက်ထိ စိတ်မာတုန်းပဲနော်"

ဖန့်ကျစ်ရွှယ်က သက်ပြင်းချလိုက်သည်။

"ကျွန်မတို့ ကိုယ်ထင်ပြပြီး ဖျောင်းဖျကြည့်ရင်ကော"

ဖန့်ရှောင်ပန်း က မျက်တောင်တလှုပ်လှုပ်ဖြင့် မေးသည်။

"အစ်ကိုကြီးက ပြောထားတယ်လေ၊ ဒီလို ကိစ္စမျိုးမှာ ငါတို့ကို ဝင်မစွက်ဖက်ခိုင်းဘူး"

ဖန့်ကျစ်ရွှယ်က ပြုံးလျက်

"ဘာပဲဖြစ်ဖြစ် သူသေပြီးရင်လည်း နောက်တစ်ဘဝ ထပ်ဝင်စားဦးမှာပဲဟာ"

စကားပြောနေစဉ်မှာပင် သူတို့နှစ်ဦးရှေ့၌ အရိပ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။

နှစ်ယောက်လုံး ဝမ်းသာအားရ အော်လိုက်ကြသည်

"အစ်ကိုကြီး"

"ရှောင်ယွီ ရဲ့ ဒီဘဝ သက်တမ်းက ကုန်သွားပြီ"

ဖန့်ချန်က သက်ပြင်း ခပ်ဖွဖွ ချလိုက်ရင်း

"တော်သေးတာပေါ့၊ သူ့ကို လာကြိုဖို့ အချိန်မီသေးတယ်"

"အစ်ကိုကြီး... ထိုက်ချန်းနယ်မြေ တိုက်ပွဲက ပြီးသွားပြီလား။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကောင်းကင်မှာ ထူးဆန်းတဲ့ မြင်ကွင်းတွေ ပေါ်ခဲ့တာ... အစ်ကိုကြီးရဲ့ အကြောင်းတွေလည်း အကုန်လုံး..."

ဖန့်ကျစ်ရွှယ်က စိုးရိမ်တကြီး မေးလိုက်သည်။

"ကိစ္စမရှိပါဘူး၊ လူဆိုတာ တစ်သက်လုံး ပုန်းကွယ်နေလို့ မရဘူးလေ။ အရင်က လူသိမှာ ကြောက်တာက အဲဒီဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖို့ နည်းလမ်း မရှိသေးလို့ပါ။ ဒါပေမဲ့ အခုတော့... မင်းတို့အစ်ကို လက်ထဲမှာ ရှိတဲ့ အင်အားက အရာအားလုံးကို ရင်ဆိုင်ဖို့ လုံလောက်နေပြီ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

ထို 'အတုအယောင် ကောင်းကင်ဘုံ' ဖော်ထုတ်လိုက်တာက သူ့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ကိုသာ ဖြစ်သည်။ သူသည် အဆင့် ၉ မသေမျိုး မဟုတ်ဘဲနဲ့တောင် အဆင့် ၉ နှစ်ယောက်ကို ခိုင်းစေနိုင်သည်ကိုတော့ တစ်ဖက်လူ တွက်ချက်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ ကြိုတင်ပြင်ဆင်ထားမည်ဆိုပါက ဟွာကျိန့်သိုက် ဝိညာဥ်မယ်တော်ကိုပါ ထပ်တိုးနိုင်သေးသည်။

အဆင့် ၈ မသေမျိုးတွေ ဆိုလျှင်တော့ အရေအတွက်က ပိုတောင် များသေးသည်။

ဖာထျန်း ၊ ယွန်းဖူ ၊ ကျွေ့မုန်းနှင့် ဖေးရှီ ။

မော်ထျန်းဌာနက လာသည့် ဤအဆင့် ၈ လေးဦးတွင် ကိုယ်ပိုင် ယင်စစ်သည် တစ်သန်းစီ ပါဝင်သည်။

နောက်ပြီး ဝိညာဥ်ကလေးငယ် ၊ ခုံလင်၊ ဝမ်အာ ...

သူ့လက်အောက်မှာ ရှိတဲ့ အင်အားဟာ ထိပ်သီးစွမ်းအားရှင်တွေ အနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်လို ထိပ်တန်းအင်အားစုမျိုးကိုမဆို အပြတ်အသတ် သာလွန်နေပြီ ဖြစ်သည်။ သူ့နောက်ကွယ်က ကျောထောက်နောက်ခံတွေကိုပါ ထည့်တွက်မည်ဆိုပါက တစ်ချိန်ချိန်တွင် နယ်မြေကိုးခု၏ အခြေအနေကိုပင် ပြောင်းလဲပစ်နိုင်သည့် အင်အားမျိုး ဖြစ်သည်။

အခုချိန်မှာ သူ့အတွက် စိုးရိမ်စရာဆိုလို့ ထို ကမ္ဘာကျော် မိစ္ဆာအိုကြီး တစ်ယောက်တည်းသာ ရှိတော့သည်။

စကားပြောနေစဉ်မှာပင် မိန်းကလေးငယ်တစ်ဦးသည် ခြံဝင်းထဲမှ ပြေးထွက်လာပြီး၊ ပြေးရင်းလွှားရင်းနှင့် ကောင်းကင်ပေါ်သို့ ပျံတက်လာကာ သူတို့သုံးဦးရှေ့သို့ ရောက်ရှိလာသည်။

သူမသည် ဖန့်ကျစ်ရွှယ် နှင့် ဖန့်ရှောင်ပန်း တို့ကို ကြည့်ကာ ဝမ်းသာအားရ မေးလိုက်သည်။

"အစ်မတို့ နှစ်ယောက်လည်း သေသွားတာလား"

ထိုအချိန်တွင် ခြံဝင်းထဲမှ အော်ဟစ်ငိုယိုသံများ ဟိန်းထွက်လာတော့သည်။

အခန်း (၁၇၈၂) - မင်း ပုံမှန်မဟုတ်ဘူး

"ငါတို့က သေလို့မှ မဟုတ်တာ၊ နင့်ကို လာကြိုတာပါ။ ဒါပေမဲ့ အစ်ကိုကြီး ရောက်လာပြီဆိုတော့ အစ်ကိုကြီးပဲ နင့်ကို ခေါ်သွားခိုင်းလိုက်တော့မယ်"

ဖန့်ကျစ်ရွှယ်က မအောင့်နိုင်ဘဲ ရယ်မောကာ ပြောလိုက်သည်။

မိန်းကလေးငယ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွားဟန်ရှိပြီးနောက် ဖန့်ချန်ကို စူးစမ်းသလို လှမ်းကြည့်လိုက်သည်။

သူမ ကြည့်နေရင်းနှင့် စိတ်ထဲတွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

"ရှင်က... ကျွန်မရဲ့ ဝိညာဉ်ကို လာနှုတ်တဲ့သူတော့ မဟုတ်ပါဘူးနော်"

သူမသည် မသိစိတ်ဖြင့် ဖန့်ကျစ်ရွှယ်နှင့် ဖန့်ရှောင်ပန်းတို့ နားသို့ တိုးကပ်သွားမိသည်။

"ဟုတ်တယ်လေ၊ ငါက ငရဲမင်းကြီးပဲ။ နင်က သေသွားပြီဆိုတော့ နင့်ကို သံသရာထဲ ထည့်ဖို့ လာဖမ်းတာပေါ့"

ဖန့်ချန်က အတည်အပေါက် ခေါင်းညိတ်ပြလိုက်သည်။

"ငရဲမင်းကြီးက ဒီလိုပုံစံမျိုးလား"

ရှောင်ယွီက လုံးဝမယုံကြည်ဟန်ဖြင့် ကြည့်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။

"ရှင်လည်း အစ်မနှစ်ယောက်လိုပဲ ထူးခြားတဲ့သူ ဖြစ်မှာပါ၊ ဒါကြောင့် ကျွန်မကို မြင်နိုင်တာနေမှာ"

"မယုံဘူးပေါ့... ဒါဆိုရင်တော့ နင့်ကို ယင်လောကဆီ ခေါ်သွားပြီး လမ်းလျှောက်ပြရမှာပဲ"

ဖန့်ချန်က ဝတ်ရုံလက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူနှင့် ရှောင်ယွီတို့သည် မိန်းကလေးနှစ်ဦး၏ ရှေ့မှပင် ပျောက်ကွယ်သွားတော့သည်။

"အစ်ကိုကြီးကတော့ ရှောင်ယွီရှိရင် ညီမရင်းကို မေ့ပြီ၊ အခုမှ ပြန်ရောက်တာကို ငါတို့နဲ့တောင် စကားစမြည် သိပ်မပြောသွားဘူး"

ဖန့်ကျစ်ရွှယ်က လေသံဖြင့် ညည်းတွဲကာ ပြောလိုက်သည်။

ဖန့်ရှေင်ပန်းက

"ဒုတိယအစ်မ... ဒါဆိုရင် ငါတို့လည်း ယင်လောကကို သွားရအောင်လေ၊ လူသားခန္ဓာကိုယ်ထဲကို ခဏလောက် ပြန်မဝင်သေးဘဲနဲ့" ဟု ဆိုသည်။

"ထားလိုက်ပါတော့၊ အစ်ကိုကြီးကို သွားမနှောင့်ယှက်တော့ပါဘူး"

ဖန့်ကျစ်ရွှယ်က ပြုံးလျက် ခေါင်းခါပြလိုက်သည်။

ဖန့်ရှေင်ပန်းမှာ အနည်းငယ် စိတ်ပျက်သွား၏။ သူမသည် ကျွယ်မင်ယင်လောကသို့ သွားလည်ပြီး ထိုအရပ်က ရန်ချွန်းခေါက်ဆွဲ ကို မြည်းစမ်းကြည့်ချင်နေသေးသည် မဟုတ်ပါလား။

ရှောင်ယွီသည် မရဏလမ်း ပေါ်တွင် လျှောက်လှမ်းနေရင်း ပတ်ဝန်းကျင် အခြေအနေကြောင့် လန့်ဖျပ်သွားသည်။

သူမက ပါးစပ်ကတော့ မကြောက်ဘူးဟု ပြောနေသော်လည်း ဖန့်ချန်၏ ဘေးနားသို့ ခိုးကပ်လာပုံကို ကြည့်ခြင်းဖြင့် သူမသည် ဤကဲ့သို့သော ပတ်ဝန်းကျင်ကို ကြောက်ရွံ့နေဆဲဖြစ်ကြောင်း သိသာလှသည်။

"ရှင်က တကယ်ပဲ ငရဲမင်းကြီးလား"

ရှောင်ယွီက ဖန့်ချန်ကို အကဲခတ်သလို ကြည့်လိုက်သည်။

"တကယ်ပေါ့"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"ဒါဆိုရင် ကျွန်မ သိပ်မကြောက်တော့ဘူး။ ငရဲမင်းကြီးက ရှင့်လို ရုပ်ရည်မျိုးဆိုရင် တခြားတစ္ဆေတွေလည်း သိပ်ပြီး ကြောက်စရာကောင်းမှာ မဟုတ်ဘူး ထင်တယ်"

ရှောင်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကြည့်ကြည့်ရင် သိမှာပေါ့"

ဖန့်ချန်က ရယ်မောလိုက်၏။

စည်ကားလှသော ကျွယ်မင်ယင်လောကကြီးသည် ရှောင်ယွီကို မျက်လုံးအဝိုင်းသား ဖြစ်သွားစေသည်။

ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် သူမလက်ထဲတွင် စားစရာတစ်ခွက်ကို ကိုင်ထားကာ အနည်းငယ် မြည်းစမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"နေရာတိုင်းကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ စားစရာတွေက ဘာအရသာမှ မရှိဘူး"

"ဒါကြောင့်လည်း လူတိုင်းက လူပြန်ဝင်စားချင်ကြတာပေါ့"

ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။

"ရှင်နဲ့ ကျွန်မ... ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်ဘူး ထင်တယ်။ ကျွန်မ လူဝင်စားတိုင်း ရှင်ပဲ လာကြိုတာလား။ ဖန့်အစ်မတို့ကလည်း ရှင့်လိုပဲ ကျွန်မကို အရင်ကတည်းက သိနေကြတာ မဟုတ်လား"

ရှောင်ယွီက ရုတ်တရက် မေးခွန်းထုတ်လာသည်။

"ဘာကြောင့် အဲဒီလို ထင်တာလဲ"

ဖန့်ချန်က ရှောင်ယွီကို လှည့်ကြည့်လိုက်သည်။

"ခန့်မှန်းကြည့်တာပါ၊ ဒါပေမဲ့... ရှင့်ကို မြင်ရတာ တစ်မျိုးကြီး ရင်းနှီးနေသလိုပဲ၊ အကြိမ်ပေါင်းများစွာ တွေ့ဖူးနေသလိုမျိုးလေ"

ရှောင်ယွီက ဆိုသည်။

"မင်း ခန့်မှန်းတာ တော်တော်မှန်သားပဲ"

"တကယ်လား ဒါဆို ရှင် ကျွန်မကို ပြောပြလို့ ရမလား၊ ကျွန်မရဲ့ အရင်ဘဝက ဘယ်လိုမျိုးလဲဆိုတာလေ"

"မပြောပြချင်ဘူး"

"ပြောပြပါနော်"

"မပြောဘူး"

ဆယ်ရက်ခန့် ကြာပြီးနောက်...

သံသရာဌာန

"ကောင်မလေးကို ငါ လူလွှတ်ပြီး ဦးစားပေးတန်းစီခိုင်းလိုက်ပြီ၊ အမြန်ဆုံး လူဝင်စားနိုင်လိမ့်မယ်"

ဝမ်ချုံစန်းက ဖန့်ချန်ကို အေးဆေးစွာ ကြည့်လိုက်ပြီး

"ပြောပါဦး၊ ဟိုဘက်က အခြေအနေတွေ ဘယ်လိုရှိလဲ"

"မင်း မသိဘဲ မနေပါဘူး၊ မင်းရဲ့ ကိုယ်ပွား တစ်ခုတော့ ဟိုဘက်မှာ ရှိနေမှာ အသေအချာပဲ"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

ဝမ်ချုံစန်းသည် အနေရခက်သွားမှုကို ဖုံးကွယ်ရန် ချောင်းနှစ်ချက် ခပ်ပြင်းပြင်း ဟန်ဆောင်ဆိုးလိုက်ပြီးနောက် တည်ငြိမ်စွာပင်

"တကယ်တော့ အနည်းအကျဉ်း သိပါတယ်။ ဒါဆိုလည်း မမေးတော့ဘူး။ ဘာပဲဖြစ်ဖြစ် ဟိုဘက်က အခြေအနေက အတိုဆုံးဆိုရင် နှစ်တစ်ရာနှစ်ရာ၊ အရှည်ဆုံးဆိုရင် ခြောက်ရာခုနစ်ရာလောက်အတွင်းမှာတော့ အဖြေတစ်ခု ထွက်လာမှာပါ"

"ကိစ္စတစ်ခုတော့ မင်းကို ပြောပြသင့်တယ် ထင်တယ်"

ဖန့်ချန်က ခေတ္တစဉ်းစားပြီး ဆိုသည်။

"ဘာကိစ္စလဲ"

ဝမ်ချုံစန်းက ခေါင်းငုံ့ကာ ရုံးစာများကို ဆက်လက် လက်မှတ်ထိုးနေသည်။

"ငါ လန်တောက်ချန်း ကို တွေ့ခဲ့တယ်"

"ဟင်"

ဝမ်ချုံစန်းက ရုတ်တရက် ခေါင်းထောင်လာပြီး ဖန့်ချန်ကို စိုက်ကြည့်လိုက်သည်။

"ဒါက မင်း သူ့ကို ဒုတိယအကြိမ် တွေ့တာပဲ"

"အဲဒီသူက တကယ်ပဲ မသေမျိုးစွမ်းအားရှင် လား။ မင်းအတွက် သတင်းဆိုးတစ်ခု ပြောရမယ်ဆိုရင် သူက ကောင်းကင်ဘုံတစ်ပိုင်း အဆင့်ကို ရောက်နေပြီထင်တယ်"

ဖန့်ချန်က သက်ပြင်းချလိုက်သည်။

"နင့်မေဂျီးတော်ပဲ "

ဝမ်ချုံစန်းက စားပွဲကို လက်သီးဖြင့် တစ်ချက် ထုလိုက်သည်။

"သူက ငါ့ထက် အရင် ခြေတစ်လှမ်း ဦးသွားပြန်ပြီ"

"မင်း ပုံမှန်မဟုတ်ဘူး၊ သူ ကောင်းကင်ဘုံတစ်ပိုင်း ဖြစ်သွားတာကို မင်းက ပိုပြီး ဝမ်းသာနေသလိုပဲ"

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။

ဝမ်ချုံစန်း၏ အခုလက်ရှိ သဘောထားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသည်။

"ငါက ဘာလို့ ဝမ်းသာရမှာလဲ။ ဒါပေမဲ့ သူသာ ကောင်းကင်ဘုံတစ်ပိုင်း ဖြစ်သွားရင် သူ့အထက်မှာက ကောင်းကင်ဘုံ ရာထူးပဲ ရှိတော့တာ မဟုတ်လား"

ဝမ်ချုံစန်းက ပြုံးလိုက်သည်

"သူသာ တကယ် ကောင်းကင်ဘုံ ဖြစ်သွားရင်တော့ ပျော်စရာကြီးပေါ့။ မသေမရှင်၊ မရှင်မသေ ဖြစ်နေမယ့် အရာမျိုးကိုတော့ ငါက အားကျစရာ မရှိပါဘူး"

စကားအဆုံးတွင် သူက အပြုံးကို ဖျောက်လိုက်ပြီး ဖန့်ချန်ကို အသာအယာ ခေါင်းညိတ်ပြကာ

"မင်း သူ့ကို တွေ့ပြီး ဒီမှာ ငါနဲ့ စကားပြန်ပြောနိုင်တယ်ဆိုရင် မင်းရဲ့ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားပြီးမှ သူ့ကို တွေ့တာပေါ့ ဟုတ်လား။ မင်းက ငရဲမင်းကြီး ဆိုတော့ သူက မင်းနဲ့ ပူးပေါင်းချင်နေတာ နေမှာ။ ဒီတစ်ခါ မိစ္ဆာမျိုးနွယ်တွေက အုပ်စုပေါင်းစုံ ကွဲနေကြတာ၊ သူအုပ်ချုပ်တဲ့ အုပ်စုကတော့ တကယ်တမ်းကျ ထိုက်ချန်းနယ်မြေ တိုက်ပွဲကို သဘောမတူကြဘူး"

"မင်းပြောတာနဲ့ အတော်တူပါတယ်၊ သူက ငါနဲ့ တကယ် ပူးပေါင်းချင်နေတာ။ သူ့ရဲ့ တောင်းဆိုချက်ကတော့ နောင်တစ်ချိန်မှာ လူ့လောက နယ်မြေကိုးခုမှာ မိစ္ဆာမျိုးနွယ်တွေ အေးအေးချမ်းချမ်း နေထိုင်ပေါက်ဖွားနိုင်ဖို့ နယ်မြေအချို့ ဖယ်ပေးဖို့ပဲ"

ဖန့်ချန်က ခေါင်းညိတ်ပြသည်။

"ပြောရတာကတော့ လွယ်တာပေါ့၊ ဒါက ရေနွေးပူထဲက ဖားလိုပဲ တစ်ဖြည်းဖြည်းချင်း ဝါးမြိုသွားမယ့် သဘောပဲ။ ကြာလာရင် ဒီကမ္ဘာမှာ လူသားမျိုးနွယ်ဆိုတာ ရှိပါဦးမလား"

ဝမ်ချုံစန်းက နှာခေါင်းရှုံ့လိုက်သည်။

သူက ခေတ္တရပ်ပြီးနောက်

"သူက ဘာအကျိုးအမြတ် ပေးနိုင်လို့လဲ" ဟု ထပ်မေးသည်။

"ထိုက်ချန်းနယ်မြေ တိုက်ပွဲကို အနိုင်ရအောင် ကူညီပေးမယ်တဲ့"

ဖန့်ချန်က ဆိုသည်။

"ဒီအကျိုးအမြတ်က... မဆိုးပါဘူး။ ကြည့်ရတာ သူ့ဘက်မှာလည်း အခြေအနေ သိပ်မဟန်ဘူး ထင်တယ်၊ အဲဒါကြောင့် ဒီလောက်အထိ လျှော့ပေးတာနေမှာ"

ဝမ်ချုံစန်းက စဉ်းစားဟန်ဖြင့် ဆိုသည်။

"တကယ်တော့ ဒါတွေက အဓိက မဟုတ်သေးပါဘူး။ အခုအချိန်မှာတော့ လူတိုင်းရဲ့ ဖဲချပ်တွေက လှန်ပြဖို့ လက်ချောင်းလောက်ပဲ ကျန်တော့တာ။ မိစ္ဆာမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်၊ လူသားမျိုးနွယ်... ဘယ်သူမဆို နောက်ဆုံးစစ်ပွဲကို နိုင်သွားနိုင်တာပဲ"

ဖန့်ချန်က ဆိုသည်။

"ဒါက အဓိက မဟုတ်တာ မှန်တယ်။ အဓိကက နတ်ဆိုးမျိုးနွယ်ရဲ့ ရှေးရိုးစွဲအုပ်စုက သတင်းပေးပို့လိုက်ပြီ။ အကယ်၍ လမ်းစဉ်ရှာဖွေသူ အုပ်စုက နတ်ဆိုးတွေသာ ဒီသတင်းကို လက်ခံရရှိသွားရင် နယ်မြေကိုးခုဟာ မီးပေါ်တင်ထားတဲ့ အသားလို ဖြစ်သွားလိမ့်မယ်။ မင်းနဲ့ငါကတော့ အပေါ်က အမွှေးအကြိုင်တွေပေါ့"

ဝမ်ချုံစန်းက အေးစက်စွာ ဆိုသည်။

ဖန့်ချန်က သူ့ကို စူးစမ်းသလို ခဏကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့်

"အဲဒီ အမာခံအုပ်စုထဲမှာ ဘယ်သူက မင်းရဲ့ ကိုယ်ပွားလဲ"

ဟု မေးလိုက်သည်။

"အဲဒါက အရေးမကြီးပါဘူး။ မင်း ယန်နတ်ဘုရား အုပ်စုကို ရှာတွေ့ပြီလား။ ဒီကိစ္စကို အမြန်လုပ်ရမယ်၊ မဟုတ်ရင် အုပ်စုပေါင်းစုံက နည်းမျိုးစုံသုံးပြီး ကူးယွဲ့လင် ကို မင်းဆီကနေ လုယူဖို့ ကြိုးစားကြလိမ့်မယ်။ အကယ်၍ ဒီကိစ္စက မိစ္ဆာမျိုးနွယ်တွေနဲ့ နတ်ဆိုးတွေဆီ ရောက်သွားရင် ပိုပြီး ဒုက္ခရောက်ကုန်လိမ့်မယ်"

ဝမ်ချုံစန်းက လေးနက်စွာ ဆိုသည်။

"မင်း ဒီကိစ္စကို ဘယ်လိုမြင်လဲ"

ဖန့်ချန်က မေးလိုက်သည်။

"ဘယ်လိုမြင်လဲ ဟုတ်လား ငါ့ရဲ့ အကြံပြုချက်ကတော့ ကူးယွဲ့လင်ရဲ့ ပါးစပ်ကနေ ငါတို့အတွက် အကျိုးရှိမယ့် သတင်းတွေကို နှိုက်ထုတ်ဖို့ပဲ၊ ဥပမာ - မသေမျိုးစွမ်းအား ကြွယ်ဝတဲ့ နေရာမျိုးပေါ့။ ပြီးရင်တော့ အင်အားကို ခွဲထုတ်ပြီး တစ်ဖက်က သူတော်စင်ကျမ်းတွေကို ရအောင်ယူ၊ တစ်ဖက်ကတော့ အခြေစိုက်စရာ အခွင့်အရေးကို ရှာပေါ့။

နယ်မြေကိုးခု ဘက်မှာဆိုရင်တော့ ရှင်းပါတယ်၊ ကောင်းကင်ဘုံတစ်ပိုင်း တွေ ရှိနေတာပဲ မဟုတ်လား၊ သူတို့ကို ကူညီပေးပြီး ကောင်းကင်ဘုံ ဖြစ်အောင် လုပ်ပေးလိုက်ရုံပေါ့"

ဝမ်ချုံစန်းက ပြုံးလျက် ဆိုသည်။

"ဒါကြောင့် မင်းက လန်တောက်ချန်း ကို ကောင်းကင်ဘုံ ဖြစ်စေချင်နေတာပေါ့၊ ဒါကြောင့် ခုနက ဝမ်းသာနေတာကိုး"

ဖန့်ချန်က ရယ်မောလိုက်သည်။

"လန်တောက်ချန်း ကောင်းကင်ဘုံ ဖြစ်တာက ကောင်းတာပေါ့။ မင်းနဲ့ငါ ဝန်မခံချင်ရင်တောင် မိစ္ဆာမျိုးနွယ်နဲ့ လူသားမျိုးနွယ်က လှေတစ်စင်းတည်း စီးနေရတာပဲ။ နတ်ဆိုးတွေဘက်ကတော့ စိတ်ထားက သိပ်မရိုးသားဘူး၊ မော်ထျန်းတီကျန့် ကိုတော့ ကောင်းကင်ဘုံ အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ယင်လောကငယ် ဘက်ကို မင်း သေချာစောင့်ကြည့်ဦး၊ မော်ထျန်းတီကျန့် အခွင့်ကောင်းယူပြီး မင်းရဲ့ ငရဲမင်းကြီး ရာထူးကို လာလုမသွားစေနဲ့"

ဝမ်ချုံစန်းက သတိပေးလိုက်သည်။

"မိစ္ဆာမျိုးနွယ်တွေရဲ့ လက်ထဲမှာ ယင်လောကငယ်ကို တိုက်ခိုက်နိုင်မယ့် အရာတစ်ခု ရှိတယ်လို့ ငါကြားဖူးတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မင်း သတင်းရတာ ရှိလား"

ဖန့်ချန်က ဝမ်ချုံစန်းကို ကြည့်ကာ ယနေ့ သူလာရသည့် အဓိက အကြောင်းရင်းကို မေးလိုက်သည်။

"တကယ်ပဲ အဲဒီလို အရာမျိုး ရှိပါတယ်။ မဟုတ်ရင်လည်း မော်ထျန်းဌာနက မိစ္ဆာမျိုးနွယ်တွေနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း စိတ်ချပါ၊ မော်ထျန်းဌာနက အဲဒီပစ္စည်းကို ရဖို့ဆိုတာ မလွယ်ပါဘူး။

ငါ ဝမ် တစ်ယောက် ဒီနှစ်တွေမှာ ကြိုးစားလာတာတွေက အလဟဿလို့ မင်း ထင်နေလား။ ငါ သူတို့ကို မတားဆီးနိုင်ရင်တောင် အချိန်ဆွဲပေးလို့ ရတယ်၊ သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်လို့ ရတယ်"

ဝမ်ချုံစန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားပြီး မျက်ဝန်းထဲတွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။

All Chapters