← Chapters

အခန်း (၁၇၈၅-၁၇၈၆)

Vol. 179 Ch. 1785-1786

အခန်း (၁၇၈၅-၁၇၈၆)

Vol. 179 Ch. 1785-1786

အခန်း (၁၇၈၅) - နတ်ဘုရားမှန် ဟဲ့၊ နတ်ဘုရားစားရင်း လု

"ဘယ်လောက်ကြာမလဲဆိုတာ... ဒါကတော့ တကယ်ကို ပြောဖို့ခက်တယ်၊ နှစ်ဖက်စလုံးကတော့ အမြန်ဆုံး ညှိနှိုင်းမှုပြီးမြောက်ဖို့ မျှော်လင့်ကြတာပဲ။

ညှိနှိုင်းလို့ ပြီးသွားပြီဆိုရင်တော့ နောက်ထပ် နှစ်ပေါင်း သောင်းဂဏန်းလောက်အထိ တခြားပြဿနာတွေ ပေါ်လာတော့မှာ မဟုတ်ဘူးလို့ ငါခန့်မှန်းမိတယ်။

နတ်ဆိုးမျိုးနွယ် ဘက်ကလည်း ငါတို့နဲ့ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်ဖို့တော့ မရဲကြပါဘူး။ မဟုတ်ရင် သူတို့ကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘဲ အမြစ်ပြတ် သုတ်သင်ပစ်မှာကိုး"

ယွမ်ချွဲက ခပ်အေးအေး ပြုံးလျက် ဆိုသည်။

ဖန့်ချန်သည် ခဏမျှ တိတ်ဆိတ်ကာ စဉ်းစားနေပြီး လက်ဖက်ရည် နှစ်အိုးကုန်အောင် သောက်ပြီးမှ ပြန်လည် မေးမြန်းလိုက်သည်။

"အတုအယောင် ကောင်းကင်ဘုံ ကိစ္စကရော..."

"မင်း သတင်းက တော်တော်နှံ့တာပဲ၊ ဒါလည်း ဟုတ်တာပါပဲလေ၊ မင်းက ငရဲမင်းကြီးလည်း ဖြစ်သလို ကျွယ်မင်နတ်နန်းတော်ရဲ့ နံပါတ် ၉ တစ်ယောက်လည်း ဖြစ်နေတာကိုး။ ဒီကိစ္စကို သိနေတာ မဆန်းပါဘူး"

ယွမ်ချွဲက ရယ်မောလျက် ဆက်ပြောသည်

"အတုအယောင် ကောင်းကင်ဘုံကိစ္စအတွက် စိုးရိမ်စရာ မလိုတော့ဘူး။ မိစ္ဆာမျိုးနွယ်တွေ ဟိုနားစပ် ဒီနားဖာ လုပ်ထားတဲ့ အတုအယောင် ကောင်းကင်ဘုံကို ငါတို့ဘက်က ဖိနှိပ်ထားနိုင်ခဲ့ပြီ။ မဟုတ်ရင် ထိုက်ချန်းနယ်မြေ တိုက်ပွဲက ဒီလောက်မြန်မြန် ညှိနှိုင်းရေးအဆင့်ကို ရောက်လာပါ့မလား"

"ဒါဆိုရင်တော့ တော်ပါသေးတယ်"

ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

"အရင်တုန်းက မင်းရဲ့ အကြောင်းတွေကို ဖော်ထုတ်သလိုမျိုး ကိစ္စတွေလည်း နောက်ထပ် ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဒါက ငါတို့ ထိုင်ပြီး ညှိနှိုင်းဖို့အတွက် ကြိုတင်သဘောတူထားတဲ့ အချက်ပဲ၊ သူတို့ဘက်ကလည်း ဒါကို လက်ခံထားတယ်"

ယွမ်ချွဲက ဆက်ပြောပြနေသည်။

ထိုစဉ်မှာပင် အလွန်အမင်း ရုပ်ရည်ချောမောလှပသော လူငယ်နှင့် မိန်းကလေးတစ်ဦးတို့သည် လက်ဖက်ရည်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်လာကြသည်။

သူတို့နှစ်ဦး၏ ထူးခြားလှသော အရှိန်အဝါကြောင့် လူအများအပြား၏ အကြည့်များမှာ သူတို့ဆီသို့ စုပြုံရောက်ရှိသွားကြတော့သည်။

တုန်းရှန့်နိုင်ငံ တစ်ခွင်ကို လှည့်လည်သွားလာဖူးပြီး အမြင်ကျယ်သူများပင်လျှင် ထိုသူနှစ်ဦး၏ အလှအပနှင့် အရှိန်အဝါရှေ့တွင် မှင်သက်မိသွားကြရသည်။

ထိုသူနှစ်ဦးမှာ လူသားလောကမှ သာမန်လူများ မဟုတ်ဘဲ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားများအလားပင်။

သူတို့နှစ်ဦးသည် ခုနစ်ထပ်မြောက်သို့ တက်လာပြီးနောက် ဖန့်ချန်နှင့် ယွမ်ချွဲရှိရာ စားပွဲဆီသို့ တန်းတန်းမတ်မတ် လျှောက်လာကြသည်။

"နှစ်ယောက်လုံး... ဒီမှာပဲ ရပ်လိုက်ပါတော့"

ယွမ်ချွဲက မုန့်တစ်ခွက်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် ထိုသူနှစ်ဦးကို အနည်းငယ် အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။

"မင်းတို့ နတ်ဆိုးမျိုးနွယ်တွေ ဒီလောက်နဲ့တင် ကျေနပ်မှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ၊ နောက်ကွယ်ကနေ တစ်ခုခုတော့ နှောင့်ယှက်ချင်နေကြတုန်းပဲကိုး"

"မုန့်ညီနောင်... ကျုပ်တို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"

အပြစ်ပြောစရာမရှိအောင် ချောမောသော မျက်နှာပိုင်ရှင် လူငယ်က လက်နှစ်ဖက်ကို စုကာ ယဉ်ကျေးစွာ နှုတ်ဆက်သည်။

"ငါ့ကို မုန့်ညီနောင်လို့ ခေါ်ဖို့ မထိုက်တန်ပါဘူး၊ မင်းတို့ရဲ့ ဝါရင့်မှုက ငါ့ထက် အများကြီး ပိုကြီးပါတယ်။ မင်းတို့ရှေ့မှာ ငါက မျိုးဆက်သစ် တစ်ယောက်ပါပဲ"

ယွမ်ချွဲက ခပ်အေးအေးပင် တုံ့ပြန်သည်။

"ကျင့်ကြံခြင်း လမ်းစဉ်မှာ အောင်မြင်သူဟာ ဆရာပါပဲ။ မုန့်ညီနောင်က တစ်ချိန်တုန်းက ကောင်းကင်ဘုံ အရှင်သခင် ရာထူးကိုတောင် ဆုပ်ကိုင်နိုင်လုနီးပါး ဖြစ်ခဲ့တာပဲ၊ ဒီအချက်နဲ့တင် ကျုပ်တို့နဲ့ အဆင့်တူ တန်းတူ ဆက်ဆံဖို့ ထိုက်တန်ပါတယ်"

ချောမောသော လူငယ်က ပြုံးလျက် ဆိုသည်။

ယွမ်ချွဲက သူ့ကို ဂရုမစိုက်တော့ဘဲ ဖန့်ချန်ဘက်သို့ အကြည့်ပို့ကာ

"ဒီနှစ်ယောက်အကြောင်း မင်း ကြားဖူးမှာပါ။ ဒါပေမဲ့ မြင်ဖူးတာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။ ယောကျ်ားလေးက နတ်ဘုရားမှန် ၊ မိန်းကလေးက နတ်ဘုရားစာရင်း ပဲ။ သူတို့မှာ ကောင်းကင်ဘုံတစ်ပိုင်း နည်းလမ်းတွေ ရှိပေမဲ့ အလွယ်တကူတော့ မသုံးရဲကြဘူး။ အနည်းဆုံးတော့ လုံးဝ သေချာမှု မရှိမချင်း မင်းကို မထိရဲကြဘူး။ မဟုတ်ရင် နတ်ဆိုးမျိုးနွယ်တွေ သေချာပေါက် ပျက်စီးသွားလိမ့်မယ်"

တိုင်းပြည်တစ်ခုကို ဖျက်ဆီးနိုင်လောက်သော အလှအပကို ပိုင်ဆိုင်ထားသည့် မိန်းကလေးသည် ထိုစကားကို ကြားသောအခါ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ဖန့်ချန်ကို ဦးညွှတ် အလေးပြုလိုက်သည်။

"ကျွန်မကတော့ မျိုးရိုးက လု ပါ၊ နာမည်က ဖုန်းရှန်းပါ။ ဖန့်ငရဲမင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်"

"ကျွန်တော်ကတော့ မျိုးရိုးက ဟဲ့ ပါ၊ နာမည်က ကျန်းရှန်း ပါ။ ဖန့်ငရဲမင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်"

"သူတို့ရဲ့ မျိုးရိုးအမည်တွေက သူတို့သခင်တွေဆီက ရတာပဲ။ တစ်ယောက်က သမင်နတ်ဆိုး ၊ တစ်ယောက်က ကြိုးကြာနတ်ဆိုး ပေါ့"

ယွမ်ချွဲက ရယ်မောကာ ရှင်းပြသည်။

ဖန့်ချန်၏ အမူအရာ လှုပ်ရှားသွားပြီး သူတို့နှစ်ဦးကို လက်ပြန်စု နှုတ်ဆက်လိုက်သည်။

"နှစ်ယောက်လုံး ဝေးလံတဲ့နေရာကနေ ဒီအထိ ရောက်လာကြတာ ဘာကိစ္စများ ရှိလို့လဲ "

"ပထမတစ်ခုကတော့ ဖန့်ငရဲမင်းကြီးကို လာရောက် ဂါရဝပြုတာပါ၊ ဒုတိယတစ်ခုကတော့ ဖန့်ငရဲမင်းကြီး လက်ထဲက ကျုပ်တို့ရဲ့ မျိုးနွယ်စုဝင် တစ်ယောက်ကို ပြန်တောင်းချင်လို့ပါ"

ဟဲ့ကျန်းရှန်းက အလွန်ယဉ်ကျေးစွာ ပြောဆိုသည်။

"ဘယ်သူ့ကိုလဲ"

ဖန့်ချန်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"ကူးယွဲ့လင် ပါ"

လုဖုန်းရှန်းက တိုးညှင်းစွာ ပြောသည်။

"သူမဟာ ဘယ်သူ့လက်ထဲမှာပဲ ရှိရှိ... နတ်ဆိုးမျိုးနွယ်တွေ လက်ထဲကိုတော့ လုံးဝ ရောက်သွားမှာ မဟုတ်ဘူးဆိုတာ မင်းတို့ မသိဘူးလား "

ဖန့်ချန်က သက်ပြင်းချကာ

"နှစ်ယောက်လုံး ပြန်ကြပါတော့"

ဟဲ့ကျန်းရှန်းနှင့် လုဖုန်းရှန်းတို့သည် ထိုစကားကို ကြားသော်လည်း ချက်ချင်း ထွက်မသွားဘဲ ထိုနေရာမှာပင် ရပ်ကာ ခေတ္တမျှ စဉ်းစားနေကြသည်။

ရုတ်တရက် ဟဲ့ကျန်းရှန်းသည် ရေကဲ့သို့ ကြည်လင်သန့်စင်လှသော သလင်းကျောက်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုခဏ၌ ဖန့်ချန်၏ ခန္ဓာကိုယ်ထဲရှိ 'ဓားငယ်လေး' သည် အလွန်အမင်း ဂနာမငြိမ် ဖြစ်လာပြီး ထိုသလင်းကျောက်အပေါ် အလွန်အမင်း တောင့်တ လိုလားနေကြောင်း ဖန့်ချန် ခံစားလိုက်ရသည်။

"ဒါက ဝိညာဉ်ပျိုးကျောက်တုံး ပါ။ နယ်မြေကိုးခု စတင်ပေါ်ပေါက်လာချိန်မှာ ဖြစ်တည်လာခဲ့တာ ဖြစ်ပြီး အခုဆိုရင် အလွန်ကို ရှားပါးသွားပါပြီ။ ရတနာတွေကို ပြုစုပျိုးထောင်ရာမှာ အသုံးပြုနိုင်ပါတယ်။ ဖန့်ငရဲမင်းကြီးရဲ့ ကိုယ်ပေါ်မှာ နတ်ဘုရားဓားတစ်စင်း ရှိနေတာကို သိပါတယ်။

အကယ်၍ ဒီဝိညာဉ်ပျိုးကျောက်တုံးနဲ့သာ ပြုစုပျိုးထောင်မယ်ဆိုရင် နှစ်ပေါင်းတစ်ထောင်အတွင်းမှာ ဝိညာဉ်ရတနာစာရင်းရဲ့ ထိပ်ဆုံးဆယ်ခုထဲကို ဝင်ရောက်နိုင်ပါလိမ့်မယ်"

ဟဲ့ကျန်းရှန်းက အလွန်ပင် ရိုးသားတည်ကြည်သော အမူအရာဖြင့်

"ကျွန်တော် ဒီဝိညာဉ်ပျိုးကျောက်တုံးနဲ့ ကျွန်တော်တို့ရဲ့ မျိုးနွယ်စုဝင်ကို လဲလှယ်ချင်ပါတယ်"

"ဝိညာဉ်ပျိုးကျောက်တုံး... မင်းတို့ဆီမှာ ဒါမျိုး ရှိနေသေးတာကိုး၊ မဆန်းပါဘူး... မဆန်းပါဘူး..."

ယွမ်ချွဲက ထိုကျောက်တုံးကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်။

နတ်ဘုရားမှန်နှင့် နတ်စာရင်းတို့သည် မည်သို့သော နည်းလမ်းဖြင့် သူတို့၏ စွမ်းအင်များကို ပြန်လည်ရရှိခဲ့သည်ကို သူ နားလည်သွားပုံရသည်။

'ဖန့်ချန်... သူတို့နဲ့ အရောင်းအဝယ် မလုပ်နဲ့'

ဓားငယ်လေး၏ အသံက ဖန့်ချန်၏ နားထဲတွင် ပေါ်လာသည်။

'ဒီနှစ်ယောက်ကလည်း လူလိမ်အိုကြီးတွေပဲ'

ဖန့်ချန်သည် ဝိညာဉ်ပျိုးကျောက်တုံးကို ခဏမျှ အကဲခတ်ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

"ဒီကျောက်တုံးကို ရောင်းမလား အကယ်၍ ရောင်းမယ်ဆိုရင် နောက်ပိုင်း မင်းတို့ နတ်ဆိုးမျိုးနွယ်တွေ ယင်လောကမှာ သံသရာလည်တဲ့အခါ ဦးစားပေး အထူးအခွင့်အရေး ရစေရမယ်"

ဟဲ့ကျန်းရှန်းနှင့် လုဖုန်းရှန်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်မှောင်များ အပြိုင်အဆိုင် ကြုတ်သွားကြသည်။

"ဖန့်ငရဲမင်းကြီး... ကျုပ်တို့မှာ ကိုယ်ပိုင် ယင်လောက ရှိသလို သံသရာမှန်ရဲ့ အပိုင်းအစတစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲဒီအစား ယင်လောကငယ်မှာတော့ သံသရာအပိုင်းအစတောင် မရှိသေးဘူးလေ၊ ဒါကြောင့် သံသရာလည်တဲ့ ကိစ္စအတွက်တော့ ဖန့်ငရဲမင်းကြီး စိတ်ပူပေးဖို့ မလိုပါဘူး"

ဟဲ့ကျန်းရှန်းက ဆိုသည်။

'အထင်သေးခံလိုက်ရတာပဲ'

ဖန့်ချန်က စိတ်ထဲမှ ရေရွတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

"ငါ ကူးယွဲ့လင်ကို ဒီကျောက်တုံးနဲ့ လဲမှာ မဟုတ်ဘူး။ ဒီနောက်ကွယ်က ပတ်သက်မှုတွေကိုလည်း မင်းတို့ သိမှာပါ၊ ဒါကြောင့် ပြန်ကြပါတော့"

"ဖန့်ငရဲမင်းကြီး... သင်က ယင်လောကကို အုပ်ချုပ်သူပါ။ လူ့လောက နယ်မြေကိုးခုရဲ့ ကိစ္စတွေက သင့်နဲ့ မဆိုင်သင့်ပါဘူး။ အကယ်၍ ဝိညာဉ်ရတနာစာရင်း ထိပ်ဆုံး ဆယ်ခုထဲက ရတနာတစ်ခုကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရှိမလဲဆိုတာ ကျုပ်တို့ ထပ်ပြောနေစရာ မလိုဘူးမလား "

ဟဲ့ကျန်းရှန်းက ဆိုသည်။

"ဝိညာဉ်ရတနာစာရင်း ထိပ်ဆုံး ဆယ်ခုထဲက ရတနာဆိုရင်တော့ မင်းတို့နှစ်ယောက်လိုပဲ ကောင်းကင်ဘုံတစ်ပိုင်း စွမ်းအင်တွေ ရှိမှာပေါ့။ အကယ်၍ အဲဒီလို ရတနာမျိုးကို ပိုင်ဆိုင်နိုင်မယ်ဆိုရင်တော့ နယ်မြေကိုးခုမှာ စိတ်တိုင်းကျ သွားလာနိုင်မှာ အမှန်ပဲ"

ဖန့်ချန်က ခေါင်းညိတ်ပြသည်။

လုဖုန်းရှန်းသည် ဖန့်ချန် စိတ်ဝင်စားသွားပုံရသည်ကို မြင်သောအခါ ချက်ချင်းပင် ဆက်ပြောသည်။

"ဖန့်ငရဲမင်းကြီး... အဲဒီအချိန်ကျရင် သင့်ရဲ့ နည်းလမ်းတွေက လက်ရှိ ရာထူးအဆင့်အတန်းနဲ့ ကိုက်ညီသွားပါလိမ့်မယ်။ မော်ထျန်းဌာနက လူနဲ့ ရင်ဆိုင်ရရင်တောင် ကြောက်နေစရာ မလိုတော့ဘူး။ တိုတောင်းလှတဲ့ နှစ်တစ်ထောင်အတွင်းမှာတင် သာမန်လူတွေ နှစ်ပေါင်းတစ်သိန်းလောက် ကြိုးစားရမယ့် အဆင့်ကို ရောက်နိုင်မှာပါ။ ဒီလို အခွင့်အရေးမျိုးကို အဆုံးရှုံးမခံသင့်ပါဘူး"

"ဒါဆို မင်းတို့ တခြား အခြေအနေတစ်ခုနဲ့ ပြောင်းလဲပေးရင်ရော... ငါတို့ ထပ်ပြီး အသေးစိတ် ဆွေးနွေးကြတာပေါ့"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

ထိုသူနှစ်ဦးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

ခဏအကြာတွင် ဟဲ့ကျန်းရှန်းသည် ယွမ်ချွဲကို တစ်ချက်ကြည့်ကာ ဖန့်ချန်ကို ပြန်ကြည့်လိုက်သည်။ သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ တဖြည်းဖြည်းနှင့် ခန့်မှန်းရခက်အောင် နက်ရှိုင်းလာတော့သည်။

"တကယ်ပဲ လက်ပါချင်တာလား ငါ ဒီနေ့ ဘာလို့ ဒီမှာ ရှိနေလဲဆိုတာ မင်းတို့ စဉ်းစားမိရဲ့လား"

ယွမ်ချွဲက အေးစက်စွာ ပြောဆိုလိုက်သည်

"မင်းတို့နှစ်ယောက်ရဲ့ နတ်ဝိညာဉ်တွေကို ငါ ညစ်ညမ်းအောင် လုပ်လိုက်လို့ နောက်ထပ် အကြာကြီး အိပ်စက်သွားရမယ်ဆိုတာ သတိထားဦး"

ယွမ်ချွဲ၏ စိတ်အာရုံ လှုပ်ရှားမှုနှင့်အတူ သူ၏ လက်ထိပ်တွင် ထူးဆန်းသော စွမ်းအင်တစ်ခု ပေါ်လာသည်။

၎င်းသည် နတ်ဘုရားစွမ်းအင် လည်း မဟုတ်သလို၊ ဝိညာဉ်စွမ်းအင် လည်း မဟုတ်ပေ။

၎င်းသည် ပျက်စီးသွားသော ခေတ်ကာလတစ်ခုမှ လာသော စွမ်းအင်မျိုး ဖြစ်ပုံရသည်။

'တောက်ပသောနတ်ဘုရားမျက်လုံး ဟာ ယန်နတ်နတ်ဘုရား မုန့် ဆီက ဆင်းသက်လာတာပဲ၊ ဒါကြောင့် သူကသာ ဒီလမ်းစဉ်ရဲ့ ဘိုးအေကြီး ဖြစ်လိမ့်မယ်'

ဖန့်ချန် စိတ်ထဲမှ ချီးကျူးမိသွားသည်။

ဟဲ့ကျန်းရှန်းနှင့် လုဖုန်းရှန်းတို့သည် ထိုစွမ်းအင်ကို အလွန်ပင် ကြောက်ရွံ့ပုံရသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖန့်ချန်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ နှစ်ဦးစလုံး လှည့်ထွက်သွားကြတော့သည်။

ယွမ်ချွဲသည် လက်ထိပ်မှ စွမ်းအင်ကို ပြန်သိမ်းလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ သက်ပြင်းချသည်။

"ဒီနှစ်ယောက်ရဲ့ အငြိုးထားတာကို ခံလိုက်ရပြီဆိုတော့ နောက်ပိုင်း မင်း သတိထားပြီး သွားလာရလိမ့်မယ်။ ငါက မင်းအနားမှာ အမြဲတမ်း ရှိနေပေးနိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် သူသည် တစ်စုံတစ်ခုကို အာရုံစိုက် နားထောင်နေသကဲ့သို့ ဖြစ်သွားပြီး ခဏအကြာတွင်မှ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"အဲဒီနှစ်ယောက် တကယ် ထွက်သွားကြပြီ"

"ယွမ်ချွဲ စီနီယာ... ခုနက သူတို့ကို ခြောက်လှန့်လိုက်တဲ့ စွမ်းအင်က ဘာလဲဟင်..."

ဖန့်ချန် တကယ်ကို စပ်စုချင်စိတ် ပေါ်လာသည်။

"တကယ်တော့ အဲဒီစွမ်းအင်ကြောင့် မဟုတ်ပါဘူး၊ အဲဒါက သူတို့ကို ခဏတဖြုတ်ပဲ လှည့်စားထားနိုင်တာပါ။ သူတို့ကို တကယ် ခြောက်လှန့်လိုက်တာက ဒီလူပဲ"

ယွမ်ချွဲက သူတို့နှင့် မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် ထိုင်နေသူကို လက်ညှိုးထိုးပြလိုက်သည်။

လီတောက်ယဲ့က ဝမ်းသာအားရ လက်ယမ်းပြလိုက်သည်။

"ဖန့်သခင်လေး ရေ..."

အခန်း (၁၇၈၆) - မင်ရှူး

ဖန့်ချန်သည် လီတောက်ယဲ့ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားသော်လည်း လီတောက်ယဲ့၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍မူ သူ အတန်ငယ် ခန့်မှန်းထားပြီးသား ဖြစ်သည်။

ယနေ့တွင် လူချင်းတွေ့လိုက်ရခြင်းမှာ သူ၏ခန့်မှန်းချက် မှန်ကန်ကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်ရာ အလွန်ပင် ဝမ်းသာသွားမိသည်။

လီတောက်ယဲ့သည် သူ၏စားပွဲပေါ်မှ မုန့်နှင့် လက်ဖက်ရည်များကို ဖန့်ချန်ရှိရာ စားပွဲသို့ သယ်ယူလာခဲ့သည်။

ယွမ်ချွဲကမူ စိတ်ပျက်လက်ပျက် အမူအရာဖြင့် နှုတ်ခမ်းကို မဲ့လိုက်ပြီး ချက်ချင်းပင် ထရပ်လိုက်ကာ

"ငါတော့ ဒီမှာ ဆက်မနေတော့ဘူး၊ သွားတော့မယ်။ သတင်းတစ်ခုခုရှိရင် ငါလာပြီး အကြောင်းကြားလိုက်ပါ့မယ်"

"ယွမ်ချွဲစီနီယာ... ကောင်းကောင်းသွားပါ"

ဖန့်ချန်က ထရပ်ကာ အရိုအသေပေးလိုက်သည်။

ယွမ်ချွဲ ထွက်သွားပြီးနောက် လီတောက်ယဲ့က မအောင့်နိုင်ဘဲ ခေါင်းခါယမ်းလျက်

"ဒီယွမ်ချွဲစီနီယာက ငါ့ကိုမြင်တာနဲ့တင် တကယ်ကို စိတ်ပျက်နေတာပဲ။ ငါ့ရဲ့ အရင်ဘဝက သူ့အပေါ် ဘာတွေများ ပြစ်မှားခဲ့လို့လဲ မသိဘူး"

"မင်း အရင်ဘဝက ကောင်းကင်ဘုံ အရှင်သခင် ဖြစ်ခဲ့လို့နေမှာပေါ့"

ဖန့်ချန်က ပြန်ထိုင်လိုက်ပြီး လီတောက်ယဲ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ ပြုံးလျက် ဆိုသည်။

လီတောက်ယဲ့၏ အမူအရာမှာ ထူးဆန်းသွားပြီး

"သူတို့ကတော့ အဲဒီလိုပဲ ပြောကြတာပဲ၊ ဒါပေမဲ့ အရင်ဘဝက မှတ်ဉာဏ်တွေကိုတော့ ငါ လုံးဝ မမှတ်မိဘူး"

"မင်း အရင်က ရုတ်တရက် ရရှိခဲ့တဲ့ ဗေဒင်တွက်နည်း က တကယ်ပဲ ကံကောင်းလို့ ရခဲ့တာလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင်ပဲ နားလည်သွားတာလား "

ဖန့်ချန်က မေးလိုက်သည်။

လီတောက်ယဲ့က ရှက်ကိုးရှက်ကန်း ပြုံးကာ

"ကိုယ်တိုင် နားလည်သွားတာ ဖြစ်ရပါမယ်။ ဒါပေမဲ့ တခြားလူတွေ သိသွားရင် ငါ့ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး စစ်ဆေး ခံရမှာ ကြောက်လို့ အပြင်လူတွေကိုတော့ ကံကောင်းလို့ တာအိုဂိုဏ်း ရဲ့ အမွေအနှစ်ကို ရခဲ့တာလို့ပဲ ပြောထားတာပါ"

သူက ခဏရပ်ကာ

"ဒီပညာရပ်က အမြင့်ဆုံး အဆင့်ကို ရောက်သွားတဲ့အခါ ဒီလောက်အထိ ထူးခြားဆန်းပြားလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး။ အခုဆိုရင် ငါက လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ သူ့ရဲ့ နောင်လာမယ့် နှစ်ပေါင်း ဆယ်ချီ၊ ရာချီတဲ့ ဘဝခရီးလမ်းကိုတောင် မြင်နေရပြီ"

"ဒါက ကောင်းကင်ဘုံ အရှင်သခင်ရဲ့ ထူးခြားချက်ပဲလေ။ ယွမ်ချွဲစီနီယာ မင်းကိုကြည့်ပြီး စိတ်မချမ်းသာတာကလည်း သူကိုယ်တိုင် တစ်ချိန်တုန်းက လမ်းစဉ်ကို သက်သေထူဖို့ အခွင့်အရေး ရခဲ့ပေမဲ့ အဲဒီနေရာကို မင်းက ယူထားခဲ့လို့ပဲ"

ဖန့်ချန်က ရယ်မောလျက် ဆိုသည်။

"ဪ... အဲဒီလိုကိုး"

လီတောက်ယဲ့က အခုမှ သဘောပေါက်သွားဟန်ဖြင့် ဆိုသည်။

"မင်း ဒါကို မမြင်နိုင်ဘူးလား"

ဖန့်ချန်က စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

လီတောက်ယဲ့၏ စွမ်းရည်တွင် တစ်စုံတစ်ရာ ကန့်သတ်ချက် ရှိနေသလော။

"ယွမ်ချွဲစီနီယာက အခု ယန်နတ်ဘုရား ဖြစ်နေပြီလေ၊ ဒါကြောင့် ငါလည်း အသေအချာ မမြင်နိုင်ဘူး။ ငါ့အမြင်မှာတော့ ယန်နတ်ဘုရားဆိုတာ လောကရဲ့ သတ္တဝါတွေထဲမှာ မပါဝင်ဘူး၊ ဒါက လူသားမျိုးနွယ်တွေရဲ့ မသေမျိုးလမ်းစဉ်နဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ လမ်းစဉ်တစ်ခုပဲ"

လီတောက်ယဲ့က ပြုံးလျက် ဆိုသည်။

ထို့နောက် သူသည် မျက်တောင်ခတ်ကာ ဖန့်ချန်ကို စေ့စေ့ကြည့်လိုက်သည်။

ယန်နတ်ဘုရားကို "မူမမှန်သော တည်ရှိမှု" လို့ ခေါ်ကြတာ မဆန်းပါဘူး၊ အတုအယောင် ကောင်းကင်ဘုံကတောင် မမြင်နိုင်ဘူးဆိုတော့ ကိစ္စတွေကို လုပ်ဆောင်ရတာ အများကြီး ပိုလွယ်သွားတာပေါ့။

ဖန့်ချန် စိတ်ထဲမှ တွေးလိုက်မိစဉ် လီတောက်ယဲ့က သူ့ကို စိုက်ကြည့်နေသဖြင့် စပ်စုမေးမြန်းလိုက်သည်။

"ငါ့ဆီကနေ ဘာတွေ မြင်နေရလို့လဲ"

လီတောက်ယဲ့က ချက်ချင်း ခေါင်းခါပြကာ

"ပြောလို့ မဖြစ်ဘူး၊ ပြောလိုက်ရင် ငါ့ရဲ့ အသက်တမ်းကို ထိခိုက်လိမ့်မယ်။ အခု ထိုက်ချန်းနယ်မြေ တိုက်ပွဲတုန်းကလည်း ငါ့ရဲ့ အသက်တမ်းတွေ အများကြီး လျော့နည်းသွားခဲ့ပြီ"

"အင်း... ဒါဆိုရင်လည်း မပြောပါနဲ့တော့"

ဖန့်ချန်က ခဏရပ်ကာ

"အဲဒီတုန်းက အခြေအနေက တကယ်တမ်း ဘယ်လိုမျိုးလဲ တခြား ကောင်းကင်ဘုံဝင်စားသူတွေကရော "

"အခြေအနေက ဒီလိုပါ... ငါက နန်ချင်ကြယ်စုတန်းမှာ အေးအေးဆေးဆေး ကျင့်ကြံနေတာပေါ့၊ အဲဒီမှာ ရုတ်တရက် ကျွမ်းကျင်သူတစ်ယောက် ရောက်လာတယ်။ သူက သူ့ကိုယ်သူ ကျွယ်မင်နန်းတော်ရဲ့ နန်းတော်သခင်လို့ မိတ်ဆက်တယ်၊ မင်းနဲ့လည်း သိတယ်တဲ့၊ ပြီးတော့ ငါ့ကို ကိစ္စကြီးတစ်ခု လုပ်ဖို့ ခေါ်သွားတယ်"

"ဒါနဲ့ မင်းက လိုက်သွားတာလား "

"ဘယ်ဟုတ်ပါ့မလဲ၊ ငါက ထွက်ပြေးဖို့ ကြိုးစားသေးတာပေါ့၊ ဒါပေမဲ့ ပြေးလို့မလွတ်ဘူး၊ အဲဒါနဲ့ တန်းတန်းမတ်မတ် အဖမ်းခံလိုက်ရတာပဲ"

"အဲဒီနောက် ငါက ရှဲ့ကျစ်ဌာန လို့ ခေါ်တဲ့ နေရာတစ်ခုကို ရောက်သွားတယ်၊ အဲဒီမှာ နယ်မြေကိုးခုရဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးအချို့နဲ့ တွေ့ခဲ့တယ် "

"အဲဒီနောက်မှာ ငါ့ကို တခြားနေရာတစ်ခုကို ထပ်ပို့တယ်။ အဲဒီနေရာက တကယ်ကို ထူးခြားဆန်းကြယ်တာ။ အဲဒီမှာပဲ တခြား ကောင်းကင်ဘုံဝင်စားသူတွေကို ငါ စောင့်နေခဲ့တာ။ နောက်ဆုံးမှာတော့ သူတို့ကိုယ်ပေါ်က ကောင်းကင်ဘုံ အရှိန်အဝါ တွေအားလုံး ငါ့ဆီမှာ လာပြီး စုစည်းသွားကြတယ်။ အဲဒီအချိန်ကစပြီး ငါ့ရဲ့ ဗေဒင်တွက်နည်းက အထွတ်အထိပ်ကို ရောက်သွားခဲ့တာပဲ။ တစ်ခဏအတွင်းမှာ ငါတောင် ရူးသွားပြီလားလို့ ထင်မိတယ်၊ လောကကြီးရဲ့ ဖြစ်တည်မှု နိယာမတွေ လည်ပတ်နေတာကို အထင်အရှား မြင်နေရလို့ပဲ"

လီတောက်ယဲ့က အားရပါးရ ပြောပြနေသည်

"ငါ အဲဒါနဲ့ ယဉ်ပါးသွားဖို့ အချိန်အတော်ကြာ ယူခဲ့ရတယ်။ အဲဒီဝင်စားသူတွေရဲ့ အရှိန်အဝါတွေကို ငါ စုပ်ယူလိုက်ပေမဲ့ သူတို့ကိုတော့ ပစ်မထားပါဘူး။ ပုဂ္ဂိုလ်ကြီးတွေက သူတို့ကို ခေါ်သွားပြီး နေရာအသီးသီးမှာ ကျင့်ကြံခွင့် ပေးထားကြတယ်၊ နောက်ဆိုရင် သူတို့လည်း မဆိုးတဲ့ အဆင့်တစ်ခုအထိ ရောက်လာကြမှာပါ။"

သူက ဆက်ပြောသည်

"ကျန်းရှောက်မင် လို့ခေါ်တဲ့ တစ်ယောက်ဆိုရင် မင်းတို့ ကျွယ်မင်နန်းတော်ရဲ့ နန်းတော်သခင်ကတောင် တိုက်ရိုက် တပည့်အဖြစ် သိမ်းပိုက်လိုက်တယ်။ ငါ ခန့်မှန်းရတာတော့ နောက်ထပ် နှစ်ပေါင်း ထောင်ဂဏန်းလောက်ဆိုရင် ဒီကောင်လေးလည်း လောကကြီးမှာ နာမည်ကြီးလာလိမ့်မယ်"

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

ဖန့်ချန်က ခေါင်းညိတ်ပြပြီး စိတ်အာရုံ လှုပ်ရှားကာယင်ဘူး ထဲမှ ချင်းဟယ်သီလရှင်ကို ထုတ်လိုက်သည်။

"သီလရှင်လေး "

"ဒါ... ရှင်လား"

လီတောက်ယဲ့နှင့် ချင်းဟယ်သီလရှင်တို့ မျက်နှာချင်းဆိုင်လိုက်ကြရစဉ် နှစ်ဦးစလုံး၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားသည်။

"သီလရှင်လေးရဲ့ လက်ရှိအခြေအနေက ဘယ်လိုမျိုးလဲဆိုတာ မင်း ကြည့်ပေးနိုင်မလား "

ဖန့်ချန်က မျှော်လင့်တကြီး မေးလိုက်သည်။

လီတောက်ယဲ့၏ ထူးခြားသော စွမ်းရည်နှင့်ဆိုလျှင် ချင်းဟယ်သီလရှင်၏ အခြေအနေကို မြင်နိုင်ကောင်း မြင်နိုင်ပေလိမ့်မည်။

"သီလရှင်လေးက... အဆင့် ၉ မသေမျိုး ဖြစ်နေပြီပဲ"

လီတောက်ယဲ့၏ မျက်နှာတွင် အံ့ဩမှုများ ဖြစ်ပေါ်လာပြီးနောက် ဖန့်ချန်ကို တစ်ချက်ကြည့်ကာ

"ဖန့်သခင်လေး... သီလရှင်လေးရဲ့ အခြေအနေက နည်းနည်း ထူးခြားတယ်၊ ဒါပေမဲ့ သူမအတွက် အန္တရာယ်တော့ မရှိပါဘူး။ သူမ အဆင့် ၉ မသေမျိုး ဖြစ်သွားနိုင်တာက လောကကြီးရဲ့ ကုသိုလ်ကံ တွေ စုစည်းနေလို့ပဲ။ ဒါက တစ်ဘဝတည်း လုပ်ခဲ့တဲ့ ကုသိုလ်တွေ မဟုတ်ဘူး"

ထိုသို့ပြောရင်း သူက အရပ်မျက်နှာ တစ်ခုသို့ လှမ်းကြည့်လိုက်သည်။

ဖန့်ချန်လည်း ထိုနေရာကို ခံစားမိသည်၊ ထိုအရပ်မှာ ရှေးဟောင်းတားမြစ်နယ်မြေ တာ့လေ့ယင်း ရှိရာ အရပ်ဖြစ်သည်။

လီတောက်ယဲ့ ကြည့်နေသည်မှာ ဟွာကျိသိုက် ဝိညာဥ်မယ်တော် ဖြစ်နိုင်ပေသည်။

"လီမိတ်ဆွေ... ရှင်လည်း အရင်ကနဲ့ မတူတော့ဘူးပဲ၊ ကျွန်မတောင် ရှင့်ကို ယှဉ်နိုင်ဖို့ သေချာမှု မရှိတော့ဘူး"

ချင်းဟယ်သီလရှင်က အံ့ဩစွာ ဆိုသည်။

"ဒါပေါ့၊ အရင်တုန်းကလည်း မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ အခုလည်း မဟုတ်တာ အမှန်ပဲ"

လီတောက်ယဲ့က ဂုဏ်ယူစွာ ပြုံးလိုက်သည်။

ခေတ္တမျှအကြာတွင် သူသည် ပတ်ဝန်းကျင်ရှိ စည်ကားလှသော မြင်ကွင်းနှင့် သွားလာနေကြသော စားသုံးသူများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ကျုပ်တို့ သုံးယောက် မဆုံဖြစ်တာ တော်တော်ကြာပြီပဲ၊ အရင်တုန်းက မဟာရှမြို့တော်က ကရုဏာတော်ဆောင် ကို မှတ်မိသေးလား"

"မှတ်မိတာပေါ့၊ ကရုဏာတော်ဆောင်မှာ ကရုဏာတရား ဆိုတာ မရှိခဲ့ဘူး"

ချင်းဟယ်သီလရှင်က ပြုံးလျက်

"အဲဒီတုန်းက ဖန့်သခင်လေးသာ မကယ်ခဲ့ရင် ကျွန်မတို့နှစ်ယောက်လုံး အဲဒီမှာတင် အသက်ပျောက်ခဲ့ကြပြီ"

"တကယ်ပါပဲ"

လီတောက်ယဲ့က သက်ပြင်းချကာ

"ကျုပ်တို့က အဲဒီမှာတင် သေခဲ့ရမှာ၊ ဒီဘဝမှာ ဒီလို ဆုံဆည်းကြဖို့ မရှိခဲ့ဘူး"

ထိုသို့ပြောပြီးနောက် သူသည် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ကာ ချင်းဟယ်သီလရှင်နှင့် တက်ကြွစွာ စကားစမြည် ပြောဆိုနေတော့သည်။

စကားပြောနေရင်းနှင့် ချင်းဟယ်သီလရှင်က ရုတ်တရက် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

လီတောက်ယဲ့ကမူ မြေပဲစေ့တစ်စေ့ကို ကောက်ယူကာ ပေါ့ပေါ့ပါးပါးပင် လက်ချောင်းဖြင့် တောက်လိုက်သည်။

ထိုသာမန် မြေပဲစေ့လေးသည် ကောင်းကင်ယံကို ဖောက်ထွင်းသွားပြီး ခဏချင်းအတွင်းမှာပင် ပြင်းထန်စွာ စုစည်းလာနေသော ဝဲဂယက်တစ်ခုအတွင်းသို့ ထိမှန်သွားသည်။

ဝဲဂယက်သည် ထိုရိုက်ခတ်မှုကြောင့် ပျက်ပြယ်သွားပြီး မီးခိုးငွေ့အနည်းငယ်နှင့် အံ့ဩတုန်လှုပ်သွားသည့် အသံတစ်ခုသာ ကျန်ရစ်တော့သည်။

"သီလရှင်လေး... အဲဒီ မိစ္ဆာကြီး က မင်းကို မျက်စိကျနေပုံပဲ၊ နည်းနည်း သတိထားဦး"

လီတောက်ယဲ့က တိုးတိုးလေး သတိပေးသည်။

ချင်းဟယ်သီလရှင်က ခပ်ဖွဖွ ခေါင်းညိတ်ပြသည်

"လူ့လောကမှာ ခဏလောက် ပေါ်လာတာနဲ့တင် သူ့ရဲ့ အကြည့်က ရောက်လာတာပဲ"

ဖန့်ချန်သည် လီတောက်ယဲ့၏ မြေပဲစေ့တောက်လိုက်သော အမူအရာကို မြင်လိုက်ရသော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်သွားသည်ကိုမူ မမြင်ရပေ၊ အခြေအနေကို ခန့်မှန်းရုံသာ ခန့်မှန်းနိုင်သည်။

"မင်းရဲ့ နည်းလမ်းတွေနဲ့ဆိုရင် အဲဒီ မိစ္ဆာကြီးဘုရားကို ရင်ဆိုင်နိုင်မှာလား "

ဖန့်ချန်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

"နည်းနည်းတော့ လိုသေးတယ်၊ ငါက အဓိကအားဖြင့် ဗေဒင်တွက်တဲ့နေရာမှာပဲ ကျွမ်းတာလေ။ တကယ်တမ်း လက်ပါမယ်ဆိုရင်တော့ နှစ်ဖက်စလုံး အထိနာသွားနိုင်တယ်"

လီတောက်ယဲ့က ဆိုသည်။

သူက ဖန့်ချန်ကို အထက်အောက် သေချာ ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာ ပြောသည်။

"ဖန့်သခင်လေး... မင်းရဲ့ ကျင့်ကြံမှုက အဆင့် ၄ အထွတ်အထိပ်ကို ရောက်နေပြီ။ အဆင့် ၅ မသေမျိုးဆေးကို သောက်ရုံနဲ့ အဆင့်တက်နိုင်ပြီပဲ။ ဒါပေမဲ့ ဒီဆေးက ရှာရခက်တယ်၊မင်း သမိုင်းမှတ်တမ်းမသေမျိုးစာအုပ် ထဲကို တစ်ခေါက်လောက် သွားဖို့ လိုလိမ့်မယ်"

"သမိုင်းမှတ်တမ်းမသေမျိုးစာအုပ် ထဲကို သွားဖို့ ဟုတ်လား "

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားကာ

"မင်းအမြင်အရ ငါ အဲဒီထဲကို ဝင်ရင် အန္တရာယ် မရှိဘူးလား "

"ဘာမှ မဖြစ်ပါဘူး။ သာမန်လိုလိုနဲ့ မဟုတ်သလိုဖြစ်နေတာဟာ သုံးလောကလုံးကနေ ကျော်လွန်နေတာပဲ။ ဒါက ဖန့်သခင်လေးရဲ့ ဂိုဏ်းက ထူးခြားတဲ့ နည်းလမ်းတွေပဲလေ"

လီတောက်ယဲ့ စကားဆုံးသည်နှင့် သူ၏ ကိုယ်ပတ်လည်တွင် ဖြူဖွေးသော အခိုးအငွေ့များ ရစ်ပတ်လာသည်။ ထိုအခိုးအငွေ့များကို ဖန့်ချန်နှင့် ချင်းဟယ်သီလရှင်တို့သာ မြင်နိုင်သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် လီတောက်ယဲ့၏ မျက်နှာမှာ သိသိသာသာ အိုမင်းသွားသည်။ သူသည် လက်ချောင်းကို လက်ဖက်ရည်တွင် နှစ်လိုက်ပြီး စားပွဲပေါ်တွင် စာလုံးနှစ်လုံး ရေးလိုက်သည်။

မင်ရှူး

All Chapters