← Chapters

အခန်း (၁၇၈၉-၁၇၉၀)

Vol. 179 Ch. 1789-1790

အခန်း (၁၇၈၉-၁၇၉၀)

Vol. 179 Ch. 1789-1790

အခန်း (၁၇၈၉) - အဘိညာဉ်ရှင်

"ကျွန်တော် မဟာကျိုးနိုင်ငံသား မဟုတ်တာ အမှန်ပါပဲ"

ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်သည်။

ယခု သူ အတည်ပြုလိုသည်မှာ သူသည် ရှေးဟောင်းနယ်မြေ ရှိ မြေဝက်ဝံကြယ် တွင် ရှိနေသလော ဟူသည့် အချက်ပင်။ သို့သော် ရှေ့မှ အဖိုးအိုမှာမူ ဤအကြောင်းအရာများကို သိရှိနိုင်လိမ့်မည် မဟုတ်ကြောင်း သူတွေးမိသဖြင့် သမိုင်းမှတ်တမ်းစာအုပ် ထဲရှိ မည်သည့်ခေတ်ကာလသို့ သူ ရောက်ရှိနေသလဲဆိုသည်ကိုသာ ဖြည်းဖြည်းချင်း စုံစမ်းရပေတော့မည်။

"ငါတို့ မျိုးနွယ်စုထဲမှာ မဟာကျိုးနိုင်ငံကနေ အပြင်လောကကို ထွက်သွားခဲ့တဲ့ ဘိုးဘေးတွေ ရှိခဲ့ဖူးတယ်လို့ ကောလာဟလတွေ ရှိတယ်။ လူငယ်လေးကသာ တကယ်ပဲ လဲ့ကျူလက်ဝှေ့ကို အနည်းငယ် တတ်ကျွမ်းတယ်ဆိုရင် မင်းရဲ့ နောက်ခံကို ငါ အတန်ငယ် ခန့်မှန်းလို့ ရပါပြီ"

အဖိုးအိုက ဆိုသည်။

အမှန်စင်စစ် သူတို့ပြောသော လဲ့ကျူလက်ဝှေ့ နှင့် ပတ်သက်၍ ဖန့်ချန် လိမ်ညာခဲ့ခြင်း မဟုတ်ပေ။ သူသည် ငယ်စဉ်ကတည်းက ဤလက်ဝှေ့ကို လေ့ကျင့်ခဲ့ဖူးသည်။ သို့သော် မဟာရှ နိုင်ငံတွင် ရှိစဉ်ကမူ ဤလက်ဝှေ့ကို လဲ့ကျူလက်ဝှေ့ဟု ခေါ်ကြောင်း သူ မသိခဲ့ချေ။ ထိုစဉ်က အဘိုးဖြစ်သူက ၎င်းသည် ဖန့်မိသားစု၏ မျိုးရိုးစဉ်ဆက် လက်ဝှေ့ပညာဟုသာ ပြောခဲ့ပြီး အမည်နာမပင် မရှိခဲ့ပေ။

"လူငယ်လေး... ငါ့ကို လဲ့ကျူလက်ဝှေ့ တစ်ခေါက်လောက် ကပြလို့ ရမလား "

အဖိုးအိုက ရုတ်တရက် တောင်းဆိုလာသည်။

"ရတာပေါ့"

ဖန့်ချန်သည် ထရပ်၍ လဲ့ကျူလက်ဝှေ့ကို တစ်ခေါက် ကပြလိုက်သည်။ သူ၏ လက်သီးချက်များမှာ အားမာန်ပါပြီး တည်ငြိမ်လှသည်။ ကပြပြီးနောက် သူသည် နေရာတွင် ပြန်၍ ထိုင်လိုက်သည်။

"ဒါ အစစ်အမှန် လဲ့ကျူလက်ဝှေ့ပဲ။ မင်းက ငါတို့ ဖန့်မျိုးနွယ်စုဝင် တစ်ယောက်ဖြစ်ပြီး ဘုံဘိုးဘေး တစ်ယောက်တည်းက ဆင်းသက်လာတာ အမှန်ပဲ။ လဲ့ကျူ (ဘိုးဘေးလဲ့) ရဲ့ မျိုးဆက်တွေပဲ ဒီလက်ဝှေ့ကို လေ့ကျင့်ကြတာ"

အဖိုးအို၏ မျက်နှာတွင် သက်ပြင်းချသံနှင့်အတူ ကြည်နူးမှုများ ပေါ်လာပြီး သူ၏ မျက်လုံးထဲ၌ ကျန်ရှိနေသေးသော သံသယအရိပ်အယောင်များမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။

"လဲ့ကျူ မျိုးဆက်"

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။

"လူငယ်လေး... မင်းက မင်းရဲ့ ဘိုးဘေးတွေကိုတောင် မေ့သွားတာလား "

အဖိုးအို၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။

"အဘိုး... ကျွန်တော့်မျက်လုံးတွေက မွေးရာပါ ကန်းတာ မဟုတ်ပါဘူး။ ဒဏ်ရာတစ်ခုကြောင့် ဖြစ်သွားရတာပါ၊ အဲဒီအတွက်ကြောင့် မှတ်ဉာဏ်တွေလည်း အများကြီး ဆုံးရှုံးသွားခဲ့ရတယ်"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

အဖိုးအိုမှာ အခုမှ သဘောပေါက်သွားဟန်ဖြင့်

"ဒါကြောင့်ကိုး... ဒါဆိုရင်တော့ ငါက မင်းကို နည်းနည်း ရှင်းပြရမှာပေါ့။ ဒီ လဲ့ကျူလက်ဝှေ့ ဆိုတာ ငါတို့ ဖန့်မိသားစု ဘိုးဘေး ဖန့်လဲ့ ဆီကနေ ဆင်းသက်လာတဲ့ လက်ဝှေ့ပညာပဲ။

ကောလာဟလတွေအရ ဒီလက်ဝှေ့ဟာ အကောင်းဆုံး အခြေခံတည်ဆောက်ခြင်း လက်ဝှေ့ပညာပဲတဲ့။ အခြေခံကိုသာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ရင် မဟာကျိုးနိုင်ငံကနေ ထွက်ခွာပြီး အပြင်ဘက်က ကျယ်ပြောလှတဲ့ လောကကြီးကို သွားကြည့်ခွင့် ရနိုင်တယ်လို့ ဆိုကြတယ်။

ဒါကြောင့် ဖန့်မျိုးနွယ်ဟာ မျိုးဆက်တစ်ခုပြီးတစ်ခု ဒီလက်ဝှေ့ကို မပေါ့မလျော့ဘဲ ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ကြတာပေါ့"

သူသည် စကားကို ခဏရပ်ကာ ဖန့်ချန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး

"လူငယ်လေးရဲ့ ဘိုးဘေးတွေဟာ ဒီလက်ဝှေ့နဲ့ အခြေခံကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး မဟာကျိုးကနေ ထွက်ခွာဖို့ ဖိတ်ခေါ်ခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ ငါတို့မျိုးနွယ်ရဲ့ ရှေ့ဆောင်ဘိုးဘေးတွေထဲက တစ်ဦး ဖြစ်ရမယ်"

"မဟာကျိုးရဲ့ အပြင်ဘက်မှာ ဘာတွေ ရှိတာလဲ"

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

လဲ့ကျူလက်ဝှေ့က အခြေခံတည်ဆောက်ခြင်း လက်ဝှေ့လား

တစ်ဖက်လူ၏ စကားကြောင့် မဟာကျိုးနိုင်ငံ၏ အပြင်ဘက်တွင် မသေမျိုးဂိုဏ်းများ ရှိနေနိုင်ကြောင်း သူ သံသယဝင်မိသည်။

"မဟာကျိုးရဲ့ အပြင်ဘက်..."

အဖိုးအို၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးများမှာ ဝေဝါးသွားကာ ခါးသက်စွာ ပြုံးလိုက်မိသည်။

"ငါကိုယ်တိုင်လည်း မဟာကျိုးကနေ တစ်ခါမှ မထွက်ဖူးတော့ အပြင်လောကရဲ့ အခြေအနေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ငါကတောင် မင်းဆီကနေ အပြင်လောကအကြောင်း နည်းနည်းလောက် သိရမလားလို့ မျှော်လင့်နေတာ..."

သူသည် စကားကို ခဏရပ်ကာ စမ်းသပ်လိုသော အမူအရာဖြင့်

"လူငယ်လေးက မဟာကျိုးအပြင်ကနေ ပြန်လာနိုင်တယ်ဆိုတော့ လဲ့ကျူလက်ဝှေ့နဲ့ အခြေခံကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီး အဘိညာဉ်တွေ ရရှိခဲ့တာ ဖြစ်ရမယ်။ ငါ့ကို မင်းရဲ့ အဘိညာဉ် တစ်ခုလောက် ပြလို့ ရမလား "

"အဘိညာဉ်..."

ဤအခေါ်အဝေါ်ကြောင့် သူ ရောက်ရှိနေသော ခေတ်ကာလသည် သူ ထင်ထားသည်ထက် ပို၍ စောနိုင်ကြောင်း ဖန့်ချန် သံသယဝင်သွားသည်။

"အဘိုးက ဘာဖြစ်လို့ ကျွန်တော့်ကို မဟာကျိုးအပြင်ကနေ လာတယ်လို့ အပိုင်တွက်ထားရတာလဲ ပြီးတော့ လဲ့ကျူလက်ဝှေ့နဲ့ အခြေခံတည်ဆောက်လို့ အဘိညာဉ် ရခဲ့တယ်လို့ရော ဘာလို့ ထင်နေတာလဲ "

ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။

အဖိုးအိုက လေးလေးနက်နက်ပင် ဆိုသည်

"ငါတို့ ဟယ်ချွမ်း ဖန့်မျိုးနွယ်ဟာ အရင်ကလောက် မစည်ကားတော့ဘူး ဆိုပေမဲ့ ဟို ဖန့်ယွဲ့ ကလည်း နယ်စားစစ်သည် တစ်ယောက်ပဲလေ။ သူ့ရဲ့ ခွန်အားမျိုးနဲ့တောင် မင်းက မျက်လုံးမမြင်ဘဲ ငါတို့ ဟယ်ချွမ်း ဖန့်မျိုးနွယ်ရဲ့ စစ်ရေးလေ့ကျင့်ကွင်းထဲကို တိတ်တဆိတ် ဝင်လာနိုင်တယ်ဆိုတော့ အဘိညာဉ်ရှင် တစ်ယောက်ပဲ ဖြစ်ရမယ်"

"အဘိုး... ဒါကို အဘိညာဉ်လို့ ခေါ်နိုင်မလား "

ဖန့်ချန်သည် စိတ်အာရုံကို လှုပ်ရှားလိုက်ရာ သူ၏ လက်ထိပ်တွင် မီးတောက်လေးတစ်ခု ဖြစ်ပေါ်လာသည်။

ဒါသည် ဓာတ်ငါးပါး ထိန်းချုပ်ခြင်း ပညာရပ်များထဲမှ အလွယ်ကူဆုံး အပိုင်းပင်။ ဤလောကတွင် ဓာတ်ငါးပါး စွမ်းအင်များမှာ အလွန်တရာ ကြွယ်ဝနေရုံတင်မကဘဲ ကောင်းကင်နှင့် မြေကြီးအကြားတွင် ထူထပ်လှသော မသေမျိုးစွမ်းအင် များဖြင့်လည်း ပြည့်နှက်နေသည်။

စစ်ရေးလေ့ကျင့်ကွင်းတွင် သူ စတင်ပေါ်ပေါက်လာသည့် အချိန်ကတည်းက ဤအချက်ကို သူ သတိပြုမိခဲ့ခြင်း ဖြစ်သည်။

မသေမျိုးစွမ်းအင်များ ကွယ်ပျောက်ခြင်း မရှိသေးသဖြင့် သူ ယခု ရောက်ရှိနေသော သမိုင်းကာလမှာ သုံးလောကလုံး ပျက်သုဉ်းမှု မတိုင်မီ ခေတ်ကာလတစ်ခု ဖြစ်ရပေမည်။

"လူငယ်လေးက တကယ်ပဲ အဘိညာဉ်ရှင် တစ်ယောက်ပဲ "

အဖိုးအို၏ မျက်နှာတွင် အံ့ဩချီးကျူးမှုများ ပေါ်လာပြီး ထိုမီးတောက်လေးကို စိတ်ဝင်တစား ငေးကြည့်နေကာ သူ၏ မျက်လုံးများထဲ၌ အားကျမှုများဖြင့် ပြည့်နှက်နေသည်။

"အဘိုး... ကျွန်တော့်ရဲ့ ဦးနှောက်က အခု သိပ်အလုပ်မလုပ်ဘူး၊ ကိစ္စတော်တော်များများကို မေ့နေတယ်။ အဘိုးကပဲ ကျွန်တော့်ကို အကြောင်းအရာ တော်တော်များများ ပြောပြပေးပါဦး၊ အဲဒါမှ ကျွန်တော့်အတွက် အထောက်အကူ ဖြစ်လိမ့်မယ်။ ကျွန်တော် မှတ်မိလာတာတွေ ရှိရင်လည်း အဘိုးသိချင်တဲ့ မေးခွန်းတွေကို ဖြေပေးလို့ ရတာပေါ့"

ဖန့်ချန်က မီးတောက်ကို ပြန်သိမ်းလိုက်ရင်း ခပ်ပြုံးပြုံး ဆိုလိုက်သည်။

"မင်းပြောတာလည်း ဟုတ်သားပဲ၊ ဒါဆိုရင်တော့ ငါက ဘယ်ကနေ စပြောရမလဲ..."

အဖိုးအိုမှာ စဉ်းစားဟန် ဖြစ်သွားသည်။

"လဲ့ကျူလက်ဝှေ့ နဲ့ နယ်စားစစ်သည် ဆိုတာတွေကနေပဲ စပြောရအောင်"

ဖန့်ချန်က ဆိုသည်။

"ဒါတွေကိုတောင် မင်းမေ့သွားတာလား"

အဖိုးအိုမှာ ခဏမျှ မှင်သက်သွားပြီးနောက် သူ၏ ကိုယ်နေဟန်ထားကို ပြင်လိုက်ကာ မုတ်ဆိတ်ကို သပ်ရင်း

"လူတိုင်း သိကြတဲ့အတိုင်း ငါတို့ မဟာကျိုးနိုင်ငံဟာ စစ်ပညာ နဲ့ တိုင်းပြည်ကို တည်ထောင်ခဲ့တာပေါ့။ ဟင်းလင်ပြင်အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ရဲ့ နယ်မြေအတွင်းမှာ..."

"အဘိုး... ခဏလောက် စောင့်ပါဦး"

ဖန့်ချန်က စကားဖြတ်လိုက်သည်။

အဖိုးအိုက မျှော်လင့်ချက်အပြည့်ဖြင့်

"လူငယ်လေး... ဘာဖြစ်လို့လဲ တစ်ခုခု မှတ်မိသွားလို့လား "

"ဟင်းလင်ပြင်အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ "

ဖန့်ချန်က မေးလိုက်သည်

"ဒါကို ကျွန်တော် ရင်းနှီးနေသလိုပဲ၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ မမှတ်မိတော့ဘူး။ အဲဒါကို အသေးစိတ်လောက် ရှင်းပြပေးလို့ ရမလား "

"အသေးစိတ်..."

အဖိုးအိုက စဉ်းစားဟန်ဖြင့်

"ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ဆိုတာ ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ပါပဲ။ ငါ့ကို အသေးစိတ် ရှင်းပြခိုင်းရင်လည်း ငါက ဘယ်လို ရှင်းပြရမှန်း မသိဘူးလေ"

"အဘိုးက ဒီအဖွဲ့ရှိတာကို ဘယ်လိုလုပ် သိတာလဲ"

ဖန့်ချန်က မေးလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် သမိုင်းထဲမှ ဘိုးဘေးတစ်ယောက်၏ နှုတ်မှ ဟင်းလင်ပြင်အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ဟူသော စကားလုံး ခြောက်လုံးကို ကြားလိုက်ရသဖြင့် ဖန့်ချန်မှာ စိတ်ထဲတွင် တုန်လှုပ်သွားရပြီး ကျောချမ်းသွားရသည်။

ဒီနေရာက တကယ်ပဲ ရှေးဟောင်းနယ်မြေ လား

တကယ်ပဲ မြေဝက်ဝံကြယ် လား

ဒါမှမဟုတ်... ဒီနေရာက... လူ့လောက နယ်မြေကိုးခု ထဲမှာ ရှိနေသေးရဲ့လား။

"ငယ်ငယ်ကတည်းက သိတာပေါ့..."

အဖိုးအိုက အံ့ဩစွာ ဆိုသည်

"လောကမှာရှိတဲ့ သက်ရှိမှန်သမျှဟာ ဟင်းလင်ပြင်အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတာ မဟုတ်လား။ အဲဒီအဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေဟာ ဘယ်လောက်တောင် ကျယ်ပြောသလဲဆိုရင် သာမန်လူတွေ စိတ်ကူးတောင် မယဉ်နိုင်ဘူး။

ပြီးတော့ ငါတို့ လေ့ကျင့်နေတဲ့ စစ်ပညာတွေ၊ အခြေခံတည်ဆောက်ခြင်း လက်ဝှေ့တွေဟာလည်း ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ကနေ စတင်တီထွင်ခဲ့တာလို့ ကောလာဟလတွေ ရှိတယ်။ အခြေခံကိုသာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ပြီး အဘိညာဉ်တွေ ရလာမယ်၊ မဟာကျိုးအပြင်ကို ထွက်နိုင်မယ်ဆိုရင် ဒါတွေနဲ့ ပတ်သက်ပြီး ပိုသိလာနိုင်လိမ့်မယ်လေ"

"အဲလိုလား... ဒါဆို အဘိုးက ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့က လူတွေကို မြင်ဖူးသလား "

ဖန့်ချန်က မေးသည်။

"လူငယ်လေးကလည်း နောက်နေပြန်ပြီ၊ ငါတင်မကဘူး၊ မဟာကျိုးရဲ့ ဧကရာဇ်မင်းမြတ် တောင်မှ ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့က လူတွေကို တွေ့ခွင့်ရဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါတို့နေတဲ့ ဒီနေရာက အစုတ်အပြတ်ဆုံး လူ့လောကနယ်မြေ တစ်ခုပဲလေ။

ဖြစ်နိုင်တာကတော့ နတ်ဘုရားနယ်မြေ ထဲက အဘိညာဉ်ရှင်တွေမှသာ ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့က လူတွေကို မြင်ဖူးကောင်း မြင်ဖူးကြလိမ့်မယ်"

အဖိုးအိုက ပြောရင်းနှင့် ဖန့်ချန်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ တစ်ဖက်လူမှာ ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ ဟူသော အမည်ကို ကြားသည်နှင့် တုံ့ပြန်မှု ရှိသည်ကို ထောက်ဆလျှင် ရှေ့မှ လူငယ်လေးမှာ ဒဏ္ဍာရီထဲက ထိုပုဂ္ဂိုလ်ကြီးများကို မြင်ဖူးသူ ဖြစ်နေမလားဟု သူတွေးနေမိသည်။

ဤသို့တွေးမိသဖြင့် အဖိုးအို၏ မျက်လုံးများထဲ၌ ထူးခြားသော အရောင်အဝါတစ်ခု ပေါ်လာသည်။

ဟယ်ချွမ်း ဖန့်မျိုးနွယ်ဟာ မျိုးဆက်အလိုက် ပါရမီရှင် အမြောက်အမြား ထွက်ပေါ်ခဲ့ဖူးပေမဲ့ သူတို့ မဟာကျိုးကနေ ထွက်သွားပြီးနောက် ဘယ်သူမှ ပြန်မလာခဲ့ကြဘူး။ အကယ်၍ ရှေ့ကလူငယ်လေးသာ ငါတို့နဲ့ မျိုးရိုးတူ၊ အနွယ်တူ အမှန်ပဲဆိုရင် သူဟာ မဟာကျိုးအပြင်ကနေ ပြန်လာတဲ့ ပထမဆုံး အဘိညာဉ်ရှင် ဖြစ်လိမ့်မယ်။

ဒါဟာ ယိုင်နဲ့နေတဲ့ ဟယ်ချွမ်း ဖန့်မျိုးနွယ်အတွက်တော့ အလွန်ကြီးမားတဲ့ သတင်းကောင်းပဲ၊ ဘိုးဘေးတွေကို အမွှေးနံ့သာထွန်းပြီး ကန်တော့ရမယ့် ကိစ္စပဲ။

"နတ်ဘုရားနယ်မြေ ..."

ဖန့်ချန်က ရေရွတ်လိုက်ပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားလိုက်သည်။

သူသည် ဤသမိုင်းဝင် ကာလအပိုင်းအခြားအပေါ်တွင် အလွန်ကြီးမားသော စိတ်ဝင်စားမှုများ ရုတ်တရက် ဖြစ်ပေါ်လာသည်။

အနည်းဆုံးတော့ ဤနေရာသည် နယ်မြေကိုးခု ဟုတ်မဟုတ် သူ အဖြေရှာရပေမည်။

အကယ်၍ မဟုတ်ခဲ့လျှင်... လူသားမျိုးနွယ်စုဝင်များသည် နယ်မြေကိုးခုသို့ မရောက်ရှိမီ မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို သူ သိရှိနိုင်လိမ့်မည် မဟုတ်ပါလား။

အခန်း (၁၇၉၀) - အမြစ်တွယ်နေသော အယူအဆ

အဖိုးအိုနှင့် နှစ်နာရီ ကြာအောင် စကားစမြည် ပြောဆိုနေစဉ်အတွင်း ဖန့်ယွဲ့နှင့် အခြားသူများမှာ စိတ်မရှည်ဖြစ်လာကြပြီး မကြာခဏဆိုသလို အခန်းအနားသို့ လာ၍ ဟိုကြည့်သည်ကြည့် လုပ်နေကြသည်။

ဤနှစ်နာရီအတွင်း ဖန့်ချန်သည် အနည်းဆုံးတော့ 'မဟာကျိုး' နိုင်ငံနှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို သေချာပေါက် နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် 'ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့'၊ 'နတ်ဘုရားနယ်မြေ' နှင့် 'အဘိညာဉ်ရှင်' များအကြောင်းကိုမူ ရှေ့မှ ဟယ်ချွမ်း ဖန့်မျိုးနွယ်စုခေါင်းဆောင် ဖန့်လုံရှန်း မှာလည်း အသေးစိတ် အထွေအထွေ မသိရှိချေ။

သူသည် ထိုအဖွဲ့အစည်းအကြောင်းကို သိနေရခြင်းမှာ ငယ်စဉ်ကတည်းက စာသင်ကြားရာတွင် စာအုပ်များ၌ အမြဲပါရှိနေခြင်းနှင့် ဆရာများက သင်ကြားပေးခြင်းကြောင့်သာ ဖြစ်သည်။

တစ်လောကလုံးရှိ လူတိုင်းမှာလည်း ထိုနည်းတူပင်။ စာမတတ်သည့် ဆင်းရဲသားများပင်လျှင် အခြားသော နည်းလမ်းမျိုးစုံဖြင့် သိရှိထားကြသည်။

'ဟင်းလင်ပြင် အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့' တည်ရှိမှုသည် လူတိုင်း၏ စိတ်နှလုံးထဲတွင် အလွန်နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။

ထို့ပြင် ဖန့်လုံရှန်း၏ ပါးစပ်မှ ထွက်လာသော နယ်စားစစ်သည် ဆိုသည်မှာ စစ်ပညာ လောကရှိ အဆင့်အတန်းတစ်ခုသာ ဖြစ်သည်။

အလေးချိန် ပေါင်တစ်ထောင်ကို မနိုင်သူသည် စစ်ပညာအခြေခံ ရှိသူဟု သတ်မှတ်ပြီး ပထမအဆင့်ဖြစ်သော သွေးလှည့်ပတ်ခြင်း ဟု ခေါ်သည်။

အလေးချိန် ပေါင်တစ်သောင်းကို မနိုင်သူသည် ကျွမ်းကျင်သူအဆင့်ဖြစ်ပြီး ဒုတိယအဆင့်ဖြစ်သော ခြင်ဆီသန့်စင်ခြင်း ဟု ခေါ်သည်။

အလေးချိန် ပေါင်တစ်သိန်းကို မနိုင်သူသည် အဆင့်မြင့်ပညာရှင် ဖြစ်လာပြီး တတိယအဆင့်ဖြစ်သော အရိုးကျိုချက်ခြင်း ဟု ခေါ်သည်။

ဤတတိယအဆင့်ကို မဟာကျိုးနိုင်ငံ၌ နယ်စားစစ်သည် ဟုလည်း ခေါ်ဝေါ်ကြသည်။ အဓိပ္ပာယ်မှာ ဤအဆင့်ရှိသော စစ်ပညာရှင်သည် မိမိ၏ အရည်အချင်းဖြင့် မဟာကျိုးနိုင်ငံတွင် နယ်စားအဖြစ် ဘွဲ့နှင်းသဘင် ခံယူနိုင်ခြင်းကြောင့် ဖြစ်သည်။

နယ်စားစစ်သည် အဆင့်ထက် မြင့်မားသော အဆင့်များမှာ စစ်ဘုရင် နှင့် စစ်သူကြီး တို့ ဖြစ်ကြသည်။

ထိုထက် ပို၍ မြင့်မားသွားလျှင်မူ ဖန့်လုံရှန်း ပြောခဲ့သော အဘိညာဉ်ရှင် များ ဖြစ်လာကြသည်။

သို့သော် အဘိညာဉ်ရှင် ဖြစ်လာရန်အတွက် စစ်သူကြီး အဆင့်အထိ ရောက်ရန် မလိုအပ်ပေ။ အချို့သော ပါရမီထူးချွန်သူများသည် သွေးလှည့်ပတ်ခြင်း အဆင့်မှာပင် အခြေခံတည်ဆောက်ခြင်း ကို ထူးဆန်းစွာ ပြီးမြောက်သွားပြီး အဘိညာဉ်များ နိုးထလာကာ အဘိညာဉ်ရှင်အဖြစ်သို့ ရုတ်ချည်း ခုန်တက်သွားနိုင်ကြသည်။

ဖန့်ချန်သည် ကနဦးက ဤစစ်ပညာအဆင့်များသည် လူ့လောကနယ်မြေကိုးခုရှိ စစ်ပညာများနှင့် ဆင်တူပြီး ကျင့်ကြံခြင်း ၁၂ ဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော် လက်တွေ့တွင်မူ စစ်သူကြီး အဆင့်ပင် ဖြစ်နေပါစေ၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသာ ဖြစ်ပြီး ဝိညာဉ်စွမ်းအား ကို အနည်းငယ်မျှပင် အသုံးမပြုနိုင်ချေ။

ဤအဆင့်ကို ကျော်ဖြတ်ကာ အခြေခံတည်ဆောက်ခြင်း အောင်မြင်ပြီး အဘိညာဉ်များ နိုးထလာမှသာလျှင် ထိုထူးကဲသော စွမ်းအားများကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

"လူငယ်လေး မသိတာက... ငါတို့ ဟယ်ချွမ်း ဖန့်မျိုးနွယ် အထွတ်အထိပ် ရောက်နေတဲ့ အချိန်တုန်းက စစ်သူကြီး ဆယ်ယောက်ကျော်တောင် ရှိခဲ့တာ။ စစ်ဘုရင်နဲ့ နယ်စားစစ်သည်တွေကတော့ နွားချေးပမာ ပေါများလှပြီး မဟာကျိုးရဲ့ ပထမဆုံးသော အဘိညာဉ်ရှင် မျိုးနွယ်စုကြီးလို့တောင် ဆိုနိုင်ခဲ့တယ်"

ဖန့်လုံရှန်း၏ မျက်လုံးများထဲ၌ လွမ်းဆွတ်တမ်းတမှုများ ပေါ်လာသည်။

"အဘိုးရဲ့ အဆင့်က ဟို ဖန့်ယွဲ့ ထက် တစ်ဆင့်မြင့်တယ်ဆိုတော့ စစ်ဘုရင် အဆင့်လား "

ဖန့်ချန်က ရုတ်တရက် မေးလိုက်သည်။

ဖန့်လုံရှန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြသည်။

"ငါ့ရဲ့ ပါရမီက ညံ့ဖျင်းလွန်းလို့ စစ်ပညာလမ်းကြောင်းက အဆုံးသတ်သွားတာ ကြာပါပြီ။ အခုလည်း စစ်ဘုရင် အဆင့်လေးပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း အခု ဟယ်ချွမ်း ဖန့်မျိုးနွယ်ဟာ သူတပါးရဲ့ လှောင်ပြောင်စရာ ဖြစ်နေရတာပေါ့။

ငါတို့ ဖန့်မျိုးနွယ်ကို အရင်က အားကိုးခဲ့ရတဲ့ မျိုးနွယ်စုကြီးတွေမှာတောင် မဟာကျိုးအပြင်ကနေ ပြန်လာတဲ့ အဘိညာဉ်ရှင်တွေ အမြဲရှိနေကြတယ်။ ဒီအဘိညာဉ်ရှင်တွေ ရှိနေလို့လည်း သူတို့ရဲ့ မျိုးနွယ်စု ကံကြမ္မာတွေက တက်ဖြိုးနေပြီး နှစ်တိုင်းလိုလို စစ်ဘုရင်တွေ၊ စစ်သူကြီးတွေ ထွက်ပေါ်နေကြတာပေါ့"

ထို့နောက် သူသည် ဖန့်ချန်ကို မျှော်လင့်ချက်ကြီးစွာဖြင့် ကြည့်ကာ

"လူငယ်လေး... မင်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ မဟာကျိုးအပြင်ကနေ ပထမဆုံး ပြန်လာတဲ့ ဖန့်မျိုးနွယ်ရဲ့ အဘိညာဉ်ရှင်ပဲ"

"အဘိုးက ကျွန်တော့်ကို ဟယ်ချွမ်း ဖန့်မျိုးနွယ်မှာ နေထိုင်စေပြီး မျိုးနွယ်စုရဲ့ ကံကြမ္မာကို စောင့်ရှောက်စေချင်တာလား "

ဖန့်ချန်က ဖန့်လုံရှန်း၏ စကားနောက်ကွယ်က ဆိုလိုရင်းကို ရိပ်မိလိုက်သည်။

ဖန့်လုံရှန်းက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်

"ငါ့မှာ အဲဒီလို ရည်ရွယ်ချက် ရှိပါတယ်"

"အဘိုးကိုယ်တိုင်လည်း ပြောခဲ့တယ်လေ... ကျွန်တော်က နှစ်တစ်ထောင်အတွင်းမှာ မဟာကျိုးကနေ ပြန်လာနိုင်တဲ့ တစ်ဦးတည်းသော အဘိညာဉ်ရှင်ပါလို့။ ဒါဆို အဲဒီနောက်ကွယ်မှာ ဘာအခြေအနေတွေ ရှိနေနိုင်မလဲဆိုတာ အဘိုး မစဉ်းစားမိဘူးလား"

ဖန့်ချန်က ဆိုသည်။

ဖန့်လုံရှန်းမှာ ခဏမျှ မှင်သက်သွားပြီး မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားသည်။ သူ မစဉ်းစားမိသည် မဟုတ်၊ စဉ်းစားရမှာကို ကြောက်နေခြင်းသာ ဖြစ်သည်။

"ကျွန်တော် အချို့ကိစ္စတွေကို မမှတ်မိပေမဲ့ ခန့်မှန်းလို့ ရတာကတော့... မဟာကျိုးကနေ ထွက်သွားခဲ့တဲ့ ဖန့်မျိုးနွယ် အဘိညာဉ်ရှင်တွေဟာ ပြဿနာအကြီးအကျယ် တက်နေတာ ဖြစ်ရမယ်၊ ဒါမှမဟုတ် ဖိနှိပ်ခံနေရလို့ နှစ်တစ်ထောင်အတွင်းမှာ တစ်ယောက်မှ ပြန်မလာနိုင်တာ ဖြစ်လိမ့်မယ်။

အကယ်၍ ကျွန်တော် ဒီမှာရှိနေတဲ့ သတင်းသာ ပျံ့သွားရင် အတွင်းရေးသိတဲ့ အဘိညာဉ်ရှင်တွေ ရောက်လာနိုင်တယ်။ ဒါဟာ အဘိုး မြင်ချင်တဲ့ မြင်ကွင်းမျိုးလား "

ဖန့်ချန်က မေးလိုက်သည်။

ဖန့်လုံရှန်းမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားတော့သည်။ ရှေ့မှ လူငယ်လေးမှာလည်း ဒဏ်ရာရထားပြီး မျက်လုံးများ ကွယ်နေကာ မှတ်ဉာဏ်များပါ ပျောက်ဆုံးနေ၍သာ အပြင်လောကမှ မဟာကျိုးသို့ ပြန်လာနိုင်ခြင်း ဖြစ်ရမည်ဟု တွေးမိသောအခါ သူ၏ စိတ်ထဲတွင် ခါးသက်မှုများ ဖြစ်ပေါ်လာသည်။

"ဖန့်မျိုးနွယ်က အဘိညာဉ်ရှင်တွေ ဘာကြောင့် နှစ်တစ်ထောင်အတွင်း ပြန်မလာနိုင်ခဲ့သလဲ ဆိုတာကို ကျွန်တော် စုံစမ်းကြည့်ပါ့မယ်။ အဲဒီအတောအတွင်းမှာ ကျွန်တော့်ကို နေစရာလေး တစ်နေရာလောက် ပေးထားပါဦး။

ကျွန်တော့်ရဲ့ အထောက်အထားကို သုံးပြီး ဟယ်ချွမ်း ဖန့်မျိုးနွယ်အတွက် အကျိုးအမြတ်တွေ ရှာမပေးနိုင်ပေမဲ့ လက်ဝှေ့ပညာကို ညွှန်ပြပေးဖို့ကတော့ မခက်ခဲပါဘူး"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

ဖန့်လုံရှန်း၏ စိတ်အာရုံ လှုပ်ရှားသွားပြီး ၎င်း၏ အကျိုးကျေးဇူးများကို ချက်ချင်း မြင်ယောင်သွားသည်။ သူ အစောက တွေးထားသလောက် မဟုတ်စေဦးတော့၊ ဟယ်ချွမ်း ဖန့်မျိုးနွယ်၌ မသိမသာ ခိုအောင်းနေသော အဘိညာဉ်ရှင်တစ်ဦး ရှိနေခြင်းကပင်လျှင် မျိုးနွယ်စု၏ လုံခြုံရေးကို များစွာ အထောက်အကူ ဖြစ်စေသည်။

အပြင်က ပြဿနာတွေ ရောက်လာရင်တောင်မှ သူ မဖြေရှင်းနိုင်လျှင် ဤပုဂ္ဂိုလ်ကို အကူအညီတောင်း၍ ရသည်။ အဘိညာဉ်ရှင် အဖြစ်ကို မထုတ်ဖော်ဘဲ စစ်သူကြီး တစ်ဦးအနေဖြင့် ဟန်ဆောင်လိုက်လျှင်ပင် ပြဿနာအတော်များများကို ဖြေရှင်းနိုင်သည် မဟုတ်ပါလား။

"ဖန့်ယွဲ့... ခဏ ဝင်ခဲ့စမ်း"

ဖန့်လုံရှန်းက ခန်းမအပြင်ဘက်သို့ လှမ်းခေါ်လိုက်သည်။

အနားတွင် စောင့်နေသော ဖန့်ယွဲ့သည် ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဝင်လာသည်။

"ဖန့်ချန် ဟာ ငါတို့ ဟယ်ချွမ်း ဖန့်မျိုးနွယ်ကနေ အပြင်လောကကို ရောက်သွားတဲ့ မျိုးနွယ်စုဝင် တစ်ယောက်ပဲ။ ဘယ်မျိုးနွယ်စုခွဲထဲမှာမှ စာရင်းမသွင်းရသေးတဲ့သူပေါ့။

ဒါကြောင့် မျိုးနွယ်စု စည်းမျဉ်းတွေကို မချိုးဖောက်တဲ့ အခြေအနေမှာ သူ့ကို ငါတို့ဆီမှာ လက်ခံထားဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။ သူ့ရဲ့ အဆင့်အတန်းက မင်းနဲ့ မျိုးဆက်တူပဲ။ နောင်ဆိုရင် သူ့ကို 'ဖန့်ချန်အစ်ကို' လို့ ခေါ်ရမယ်"

ဖန့်လုံရှန်းက ဆက်လက် မှာကြားသည်

"ဖန့်ချန်အတွက် နေစရာ စီစဉ်ပေးလိုက်၊ အခုကစပြီး သူဟာ ငါတို့ ဟယ်ချွမ်း ဖန့်မျိုးနွယ်ဝင် ဖြစ်သွားပြီ၊ မျိုးရိုးစဉ်ဆက် စာရင်း ထဲမှာလည်း သွင်းလိုက်မယ်"

ဖန့်ယွဲ့မှာ မှင်သက်သွားပြီး အလိုလို ပြောမိသည်

"မျိုးနွယ်စုခေါင်းဆောင်... သူက ကြည့်ရတာ အသက် ၂၀ ကျော်လောက်ပဲ ရှိသေးတာ၊ ကျွန်တော်နဲ့ မျိုးဆက်တူတာကတော့ မဆန်းပါဘူး၊ ဒါပေမဲ့ ကျွန်တော်က သူ့ကို အစ်ကို လို့ ခေါ်ရမယ် ဟုတ်လား ဒါက..."

"ဖန့်ချန် ရဲ့ အသက်က မင်း မြင်ရသလောက် မငယ်ဘူး၊ ပြီးတော့ သူ့ရဲ့ စစ်ပညာ အဆင့်အတန်းကလည်း မင်းထက် အများကြီး မြင့်တယ်။ မင်းကို 'အစ်ကို' လို့ ခေါ်ခိုင်းတာက မင်းအတွက် နစ်နာစရာ ရှိလို့လား "

ဖန့်လုံရှန်းက မျက်နှာအမူအရာ ပျက်သွားကာ

"နယ်စားစစ်သည် အဆင့်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး ဟုတ်လှပြီ မထင်နဲ့"

"သူ့ရဲ့ စစ်ပညာက ကျွန်တော့်ထက် မြင့်တယ် ဟုတ်လား... ဒါဆိုရင် သူက စစ်ရေးလေ့ကျင့်ကွင်းထဲကို မတော်တဆ ရောက်လာတာ မဟုတ်ဘဲ တမင်သက်သက် ဝင်လာတာပေါ့"

ဖန့်ယွဲ့သည် ဖန့်ချန်ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲ၌ ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။ ဤကိစ္စကြောင့် သူ၏ ဂုဏ်သိက္ခာ ထိခိုက်ရသည်ကို တစ်ဖက်လူက မသိလေရော့သလား။

ဖန့်လုံရှန်းက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ထရပ်ကာ ဖန့်ယွဲ့၏ ခေါင်းကို လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်သည်။ ဖန့်ယွဲ့မှာ လန့်သွားပြီး ခေါင်းထဲ၌ မူးနောက်သွားရသည်။

"ငါ့စကားက အလုပ်မဖြစ်တော့ဘူးလား"

ဖန့်လုံရှန်းက အေးစက်စွာ ပြုံးကာ

"မင်း အရင်က ဘယ်လို ဘဝမျိုးက လာခဲ့တာလဲဆိုတာ မမေ့နဲ့။ ငါသာ မရှိရင် မင်း ထမင်းတောင် နပ်မှန်မှာ မဟုတ်ဘူး။ 'သွေးလှည့်ပတ်ခြင်း'၊ 'ခြင်ဆီသန့်စင်ခြင်း'၊ 'အရိုးကျိုချက်ခြင်း' တွေအထိ ရောက်လာဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ် "

ဖန့်ယွဲ့သည် ထိုစကားကို ကြားသောအခါ အမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး မျိုးနွယ်စုခေါင်းဆောင်က ထိုမျက်မမြင်အပေါ် ထားရှိသော သဘောထားမှာ အလွန် ထူးခြားနေသည်ကို အခုမှ သတိပြုမိသွားသည်။

"ဒါဆိုရင်... ဖြစ်နိုင်တာက..."

ဖန့်ယွဲ့သည် ဆက်၍ မတွေးရဲတော့ဘဲ ချက်ချင်းပင် ရိုသေစွာ ဆိုလိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်... ကျွန်တော် အခုပဲ ဖန့်ချန်အစ်ကိုကြီးအတွက် နေစရာနေရာ ရှာဖွေပြီး အခြေချပေးပါ့မယ်"

"သွားတော့"

ဖန့်လုံရှန်းက ခေါင်းညိတ်ပြလိုက်သည်။

သူတို့နှစ်ဦး ထွက်ခွာသွားစဉ် ဖန့်လုံရှန်းသည် ဖန့်ချန်၏ ကျောပြင်ကို ကြည့်ကာ မျက်လုံးများထဲ၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

"မျိုးနွယ်စုခေါင်းဆောင်... အဲဒီကောင်က ဘယ်သူမို့လို့လဲ"

ကျန်ရှိနေသော သူများသည် သူတို့နှစ်ဦး ဝေးရာသို့ ရောက်သွားသည်ကို ကြည့်ကာ ဖန့်လုံရှန်း၏ ဘေးသို့ လာ၍ တိုးတိုးလေး မေးမြန်းကြသည်။

"သူ ဘယ်သူလဲဆိုတာ မမေးနဲ့၊ သူဟာ ငါတို့ ဖန့်မျိုးနွယ်ဝင် တစ်ယောက်ဆိုတာပဲ မှတ်ထားကြ။ ဒီကိစ္စက အထူးအဆန်း မဟုတ်ဘူး၊ မင်းတို့ လုပ်စရာရှိတာတွေ သွားလုပ်ကြတော့"

ဖန့်လုံရှန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အသီးသီး ထွက်ခွာသွားကြတော့သည်။

"ဖန့်ရှန့်"

ဖန့်လုံရှန်းက ရုတ်တရက် ခေါ်လိုက်သည်။

မျက်နှာထား တည်ကြည်အေးစက်သော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ထိုစကားကို ကြားသောအခါ ခြေလှမ်းများ ရပ်တန့်သွားသည်။

"မျိုးနွယ်စုခေါင်းဆောင်... ဘာများ ထပ်ပြီး မှာကြားစရာ ရှိပါသလဲ "

"မင်းက စိတ်အကြံအစည် များတဲ့သူပဲ၊ ဒီကိစ္စကို ထပ်ပြီး စုံစမ်းဖို့ မကြိုးစားနဲ့။ ဖန့်ယွဲ့ ဘက်ကိုလည်း အကြောင်းပြချက်ရှာပြီး ပြဿနာ မရှာနဲ့ဦး"

"ဟုတ်ကဲ့ပါ"

"သွားတော့"

ဖန့်လုံရှန်းက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်တော့သည်။

All Chapters