အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း(၃၇) ယာဉ်ကို ထမ်းပြီး ထွက်ပြေးတဲ့ အဘိုးအို... အဲဒါ ယာဉ်စည်းကမ်း ချိုးဖောက်တာလား...
*ချန်ဟွာ လမ်းမကြီးတဲ့လား…*
ချူးရှန့်၏ ဦးနှောက်က သုံးစက္ကန့်ခန့် လုံးဝ ဗလာဖြစ်သွားတော့၏။
သူက သူ၏ တည်နေရာကို ပြန်လည် စစ်ဆေးကြည့်လိုက်သည်။ ကျန်းချန်မြို့၊ တောင်ပိုင်းခရိုင်။ သူ မှတ်မိသော ချန်ဟွာ လမ်းမကြီးက မိုင်ထောင်ချီ ကွာဝေးသော အခြား မြို့တစ်မြို့တွင် ရှိ၏။
ဤအဘိုးအိုက စုတ်ပြတ်နေသော လျှပ်စစ်စက်ဘီးတစ်စီးကို စီးပြီး အဲဒီလောက် အဝေးကြီးကို သွားမလို့လား... ပြီးတော့ ဤလမ်းပေါ်မှာတဲ့လား... ဒါက ယာဉ်စည်းကမ်း ချိုးဖောက်တာ သက်သက်မဟုတ်တော့ဘဲ ပထဝီဝင်ဆိုင်ရာ အံ့ဖွယ်တစ်ခု ဖြစ်နေပြီဖြစ်သည်။
“အဘိုး... မှားနေတာ မဟုတ်ဘူးဆိုတာ သေချာလား...”
ချူးရှန့်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပိုမိုတိုက်ရိုက်ကျကာ နားလည်ရလွယ်ကူမည့် ဆက်သွယ်ရေး နည်းလမ်းတစ်ခုကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။ သူက အဘိုးအို စီးနင်းလာသော လျှပ်စစ်စက်ဘီးကို လက်ညှိုးထိုးပြလိုက်ပြီးနောက် လမ်း၏ ညာဘက်အစွန်ဆုံးရှိ စက်ဘီးသင်္ကေတ ပြသထားသော စက်တပ်မဟုတ်သည့် ယာဉ်လမ်းကြောင်းကို ညွှန်ပြကာ ခက်ခဲသော်လည်း သူ၏ အမူအရာကို ကြင်နာတတ်သည့် ပုံပေါက်စေရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
“ကျွန်တော်ဆိုလိုတာက...”
သူက စကားလုံးတိုင်းကို အထူး ရှင်းလင်းပြတ်သားစေရန် သူ၏ စကားပြောနှုန်းကို နှေးလိုက်၏။
“အဘိုးရဲ့ယာဥ်က ကားတွေအတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်းပေါ်မှာ မရှိသင့်ဘူးလေ... အဘိုးက ဟိုဘက်မှာ ရှိသင့်တာ... စက်တပ်ယာဉ် လမ်းကြောင်းပေါ်မှာ ယာဉ်ကြောပြောင်းပြန် မောင်းလို့မရဘူးလေ...”
သူ၏ ရှင်းပြမှုက ရိုးရှင်းကာ ရှင်းလင်းလွန်းလှသဖြင့် သုံးနှစ်အရွယ် ကလေးတစ်ယောက်ပင် နားလည်နိုင်မည်ဟု ချူးရှန့် ယုံကြည်ထား၏။
သို့သော်လည်း သူ့ကို “လူမိုက်ဧကရာဇ်”တစ်ပါးအဖြစ် စိတ်ကူးယဉ်ထားပြီးဖြစ်သော အဘိုးအိုကျန်းဝေ့ကော်အတွက်မူ ဤစကားများက သူ၏ ကြောက်ရွံ့မှုများ ပြည့်နှက်နေသော စိတ်ပိုင်းဆိုင်ရာ အကာအကွယ်ကို ဖြတ်သန်းသွားပြီးနောက် လုံးဝ ကွဲပြားခြားနားသော အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့သည်။
“ငါ ပြောတာက (ဒီလမ်းက ငါ့လမ်း) မင်းရဲ့ကား (ပြီးတော့ မင်းက) ဒီကားတွေအတွက် သတ်မှတ်ထားတဲ့ လမ်းကြောင်းကို အသုံးပြုလို့ မရဘူး (ငါ့နယ်မြေကို ဖြတ်သန်းလို့ မရဘူး)... မင်းက ဟိုဘက်ကို သွားသင့်တယ် (ဒီနေရာကနေ ထွက်သွားသင့်တယ်)... စက်တပ်ယာဉ် လမ်းကြောင်းပေါ်မှာ ယာဉ်ကြောပြောင်းပြန် မောင်းလို့ မရဘူး (မင်းက ငါ့ရဲ့ စည်းကမ်းတွေကို စိန်ခေါ်နေတာပဲ)...”
“ဝုန်း…”
အဘိုးအို ကျန်းဝေ့ကော်၏ စိတ်ထဲတွင် မိုးခြိမ်းသံတစ်ခု ပေါက်ကွဲသွားသည့်အလား ဖြစ်သွား၏။
*ဒီလိုကိုး... ဒီလိုကိုး…*
သူ နောက်ဆုံးတော့ နားလည်သွားပြီဖြစ်၏။ ဤကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးက လမ်းမေးနေခြင်းလည်း မဟုတ်သလို သူ့ကို ဓားပြတိုက်ရန် ကြိုးစားနေခြင်းလည်း မဟုတ်ပေ။ သူက သူ၏ သြဇာအာဏာကို ပြသနေခြင်း ဖြစ်သည်။ ဤလမ်းက သူ၏ နယ်မြေပင်။ သူကဲ့သို့ အပြင်လူတစ်ဦးက သူ၏ ပိုင်နက်အတွင်း ယာဉ်ကြော ပြောင်းပြန် စက်ဘီးစီးလာခြင်းက “လမ်း” ပေါ်တွင် ဗြောင်ကျကျ ရန်စခြင်းပင် ဖြစ်၏။
*ဒါကြောင့် သူ ဒေါသထွက်နေတာ မဆန်းတော့ပါဘူး... သူ့မျက်လုံးတွေက အဲဒီလောက် ကြောက်စရာကောင်းနေတာ မဆန်းတော့ပါဘူး…*
ဤအရာကို သဘောပေါက်သွားပြီးနောက် အဘိုးအို ကျန်းဝေ့ကော်မှာ စိတ်သက်သာရာ မရသွားသည့်အပြင် ပို၍ပင် ကြောက်လန့်လာတော့၏။ လူမိုက်ရုပ်ရှင်များထဲတွင် အခြားသူများကို ဤကဲ့သို့ ရန်စခြင်းက များသောအားဖြင့် အဆုံးသတ် မကောင်းတတ်ချေ။ အကောင်းဆုံးက ခြေလက်များ ကျိုးပဲ့သွားခြင်းဖြစ်ပြီး အဆိုးဆုံးကတော့ ငါးစာကျွေးရန် မြစ်ထဲသို့ ပစ်ချခံရခြင်းပင်။
*မဖြစ်ဘူး... ဒီအစ်ကိုကြီးရဲ့ ဒေါသကို ပြေပျောက်စေဖို့ ငါ တစ်ခုခုတော့ လုပ်ရမယ်…*
အသက်ရှင်သန်လိုသော အလိုအလျောက် အသိစိတ်က ထိုအခိုက်အတန့်တွင် အသိတရားနှင့် အခြေခံအသိဉာဏ် အားလုံးကို လွှမ်းမိုးသွားတော့၏။
အဘိုးအိ ကျန်းဝေ့ကော်က ရုတ်တရက် လျှပ်စစ်စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်ရာ သူ၏ လှုပ်ရှားမှုများက အလွန်သွက်လက်လှသဖြင့် အသက်ခြောက်ဆယ်အရွယ် လူတစ်ယောက်နှင့်ပင် မတူတော့ချေ။ သူက ချူးရှန့်ကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီး ဖော်လံဖားကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီး... ကျွန်တော် မှားသွားပါတယ်... ကျွန်တော်က မျက်စိကန်းနေလို့ ခင်ဗျားရဲ့ ကြီးမြတ်မှုကို မသိခဲ့တာပါ... ခင်ဗျားရဲ့ နယ်မြေကို ကျွန်တော် ကျူးကျော်ဝင်ရောက်မိသွားပါတယ်... ကျေးဇူးပြုပြီး သဘောထားကြီးကြီးထားပြီး ဒီအဘိုးကြီးကို အပြစ်မယူပါနဲ့…”
စကားပြောနေရင်း သူက လျှပ်စစ်စက်ဘီးကို ဖမ်းကိုင်ကာ ချူးရှန့်၏ မျက်စိရှေ့တည့်တည့်သို့ အပြင်းအထန် တွန်းပို့လိုက်၏။
“အစ်ကိုကြီး... ဒီလမ်းက... ဒီလမ်းက ခင်ဗျားရဲ့ လမ်းပါ... ဒီလမ်းပေါ်မှာ ကျွန်တော် ဘယ်တော့မှ ထပ်မလျှောက်ရဲတော့ပါဘူး... ဒီစက်ဘီး... ဒီစက်ဘီးကလည်း ခင်ဗျားအတွက်ပါ... စုတ်ပြတ်နေတာကိုတော့ စိတ်ထဲမထားပါနဲ့...”
ချူးရှန့် မတုံ့ပြန်နိုင်မီမှာပင် အဘိုးအို ကျန်းဝေ့ကော်က နောက်တစ်ကြိမ် လှည့်လိုက်ပြီး နောက်ခန်းမှ ငါးမီတာ ရှည်လျားသော သံမဏိပိုက်ကို အခက်အခဲ ဖြုတ်ယူကာ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်လျက် အဖိုးတန် ဓားတစ်လက်ကဲ့သို့ ချူးရှန့်ထံသို့ ဆက်သလိုက်၏။
“အစ်ကိုကြီး… ဒီ... ဒီသံမဏိပိုက်ကလည်း ခင်ဗျားအတွက်ပါ... ဘယ်လောက်တောင် တုတ်ပြီး ရှည်လျားသန်မာလဲဆိုတာ ကြည့်လိုက်ပါဦး... လက်နက်အနေနဲ့ သုံးဖို့ သိပ်ကို အဆင်ပြေပါတယ်...”
ချူးရှန့် - “...”
စက်ဘီးရော လက်နက်များပါ သူ့ကို ပေးအပ်နေသော ရှေ့မှောက်ရှိ အဘိုးအိုကိုကြည့်ရင်း သူ လုံးဝ ကျောက်ရုပ်ဖြစ်သွားတော့၏။
*ဒါတွေ အားလုံးက ဘာအဓိပ္ပာယ်မရှိတာတွေလဲ…*
*ငါက ယာဉ်စည်းကမ်း ချိုးဖောက်တာကို ပြင်ပေးချင်ရုံလေးပါ... ဘယ်လိုလုပ်ပြီး ကာကွယ်ခ ကောက်နေတဲ့ လူမိုက်တွေရဲ့ မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားရတာလဲ... လက်နက်တွေတဲ့လား အဘိုးရယ်... သိုင်းဝတ္ထုတွေ အရမ်းဖတ်နေတာများလား…*
ချူးရှန့် အံ့အားသင့်နေသော စက္ကန့်အနည်းငယ်အတွင်းမှာပင် အဘိုးအို ကျန်းဝေ့ကော်က သူ၏လက်ဆောင်ကို တစ်ဖက်လူ လက်ခံလိုက်ပြီဟု မြင်လိုက်ရသဖြင့် တစ်ဖက်လူ၏ ဒေါသများ ပြေလျော့သွားပြီဟု ယူဆကာ အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် ဤနေရာက ဆက်နေရန် ကောင်းသော နေရာမဟုတ်ချေ။ အကယ်၍ ဤလူက စိတ်ပြောင်းသွားလျှင် မည်သို့လုပ်မည်နည်း။
*ပြေး... အခုချက်ချင်း ပြေးမှရမယ်…*
အတွေးတစ်ခုက သူ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် သူက ချူးရှန့် အပါအဝင် ထိုနေရာတွင် ရှိနေသူအားလုံးကို ဆွံ့အသွားစေမည့် လုပ်ရပ်တစ်ခုကို လုပ်ဆောင်လိုက်တော့၏။
သံမဏိပိုက်ကို ဆက်သပြီးနောက် အဘိုးအိုကျန်းဝေ့ကော်က လှည့်၍ ထွက်ပြေးသွားခြင်း မရှိချေ။ ယင်းအစား သူက သူ၏ လျှပ်စစ်စက်ဘီးဆီသို့ ပြန်သွားခဲ့သည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူကာ အနည်းငယ် ထိုင်ချလိုက်ပြီး သူ၏ ခါးနှင့် ကျောပြင်မှ ခွန်အားများကို ရုတ်တရက် ထုတ်လွှတ်လိုက်ကာ နားလည်ရန် ခက်ခဲသော နိမ့်ကျသည့် ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။
“ကျား...”
ထို့နောက် အံ့အားသင့်နေကြသော မရေမတွက်နိုင်သည့် မျက်လုံးများ၏ စောင့်ကြည့်မှုအောက်တွင် သူက... သူက အနည်းဆုံး ပေါင်ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် လေးသော ထိုလျှပ်စစ်စက်ဘီးကို သူ၏ ပခုံးပေါ်သို့ အမှန်တကယ်ပင် မ,တင်နိုင်ခဲ့သည် မဟုတ်ပါလား။
သူက စုတ်ပြတ်နေသော လျှပ်စစ်စက်ဘီးကို ဘိလပ်မြေအိတ်တစ်အိတ်ကဲ့သို့ သူ၏ ပခုံးပေါ်တွင် တည်ငြိမ်စွာ
ထမ်းထားလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဤအသက် ခြောက်ဆယ်ကျော်အရွယ် အမျိုးသားက အသက် နှစ်ဆယ်အရွယ် လူငယ်များကိုပင် ရှက်သွားစေမည့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များကို ထုတ်လွှတ်လိုက်တော့၏။ သူက သူ၏ လျှပ်စစ်စက်ဘီးကို ထမ်းကာ အမြင့်ဆုံးအရှိန်ဖြင့် ပြေးထွက်သွားပြီး လမ်းဘေးရှိ စိမ်းလန်းသော ကန့်သတ်နယ်မြေဆီသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။
လူတစ်ရပ်ထက် ပိုမြင့်သော ထိုစိမ်းလန်းသည့် ကန့်သတ်နယ်မြေက သာမန်လူများအတွက်တော့ ကျော်ဖြတ်ရန် မဖြစ်နိုင်သော အတားအဆီးတစ်ခု ဖြစ်သော်လည်း အသက်ရှင်သန်လိုစိတ် ပြင်းပြနေသော ကျန်းဝေ့ကော်အတွက်မူ မည်သည့်အရာမျှ မဟုတ်ချေ။
သူက ပြီးပြည့်စုံသော တန်းကျော်ပြေး လှုပ်ရှားမှုဖြင့် စက်ဘီးရော လူပါ စိမ်းလန်းသော ကန့်သတ်နယ်မြေကို ခုန်ကျော်သွားပြီး “ဒုန်း” ခနဲ အသံနှင့်အတူ တစ်ဖက်လမ်းဘေးပလက်ဖောင်းပေါ်သို့ တည်ငြိမ်စွာ ကျဆင်းသွား၏။ သူက ခဏမျှပင် မရပ်တန့်ဘဲ စက်ဘီးကိုခမ်းကာ နောက်သို့ လှည့်မကြည့်ဘဲ ထောင့်ကို ကွေ့ကာ ပျောက်ကွယ်သွားပြီး အဝေးသို့ ရောက်ရှိသွားကာ ကြေကွဲဖွယ်ကောင်းသော်လည်း ပြတ်သားသော အရိပ်တစ်ခုကိုသာ ချန်ရစ်ထားခဲ့တော့သည်။
လုပ်ငန်းစဉ် တစ်ခုလုံးက ချောမွေ့ကာ အနှောင့်အယှက်ကင်းလွန်းပြီး အလွန် မြန်ဆန်လှသဖြင့် ချူးရှန့်မှာ “အဘိုး... ထွက်မပြေးနဲ့” ဟု အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။
ကြက်သီးထဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခုက အခင်းဖြစ်ပွားရာ နေရာကို လွှမ်းခြုံသွား၏။
ချူးရှန့်က လမ်းလယ်တွင်ရပ်နေပြီး အဘိုးအိုကို ဆွဲထူရန် ပြင်နေသော သူ၏ လက်က လေထဲတွင် ရှိနေဆဲပင်။ သူက သူ့ကို ဆက်သထားသော သံမဏိပိုက်ကို ငုံ့ကြည့်လိုက်ပြီးနောက် အဘိုးအို ပျောက်ကွယ်သွားသော ဦးတည်ချက်ကို မော့ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် တွေဝေမှုများ ပြည့်နှက်နေသည်။
*ဒါက... ယာဉ်စည်းကမ်း ချိုးဖောက်တာလား... လူကူးပလက်ဖောင်းပေါ်မှာ လျှပ်စစ်စက်ဘီးကို ထမ်းပြီး သွားတာက လူနဲ့ ယာဉ်ကို မခွဲခြားတာလို့ မသတ်မှတ်ဘူးလား…*
တစ်ချိန်တည်းမှာပင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရပ်တန့်နေရသော ယာဉ်မောင်းများမှာ ဟွန်းတီးရန်ပင် မေ့လျော့နေကြပြီး သူတို့၏ ပါးစပ်များက ဟနေကြကာ သူတို့၏ ဖုန်းကင်မရာများက ဤလက်တွေ့မဆန်သော မြင်ကွင်းကို သစ္စာရှိစွာ မှတ်တမ်းတင်ထားလိုက်ကြ၏။
ငါးမိနစ်ပင် မပြည့်သေးခင်မှာပင် အင်တာနက်ပေါ်တွင် မုန်တိုင်းအသစ်တစ်ခု ပေါက်ကွဲထွက်လာတော့သည်။
*ယာဉ်ထိန်းရဲက လမ်းမေးတာကို အသက် ၆၀ အရွယ်အဘိုးအိုက အရမ်းကြောက်သွားလို့ လိပ်စာကိုပဲ ပြောနိုင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ကားကို ထမ်းပြီး ထွက်ပြေးသွားခဲ့တယ်…*
“အံ့မခန်းသတင်း... ဝူဟန် လမ်းမများပေါ်တွင် တကယ့် ဖတ်စ်အန်ဖျူးရီးယပ်စ် မြင်ကွင်း ပေါ်ထွက်လာသည်။ သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက ယာဉ်ထိန်းရဲကို ရှောင်ရှားရန် သူ၏ စက်ဘီးကို ထမ်းကာ အတားအဆီးများကို ခုန်ကျော်သွားခဲ့သည်”
ဗီဒီယိုအောက်ရှိ မှတ်ချက်ပေးသည့် နေရာတွင် ဆွေးနွေးမှုများ ပေါက်ကွဲထွက်လာတော့၏။
“ဟားဟားဟား... အဲ့ဒါ ရယ်ရလွန်းတယ်... ဒီဖြစ်ရပ်ကို ‘မသေနိုင်သော အာရှန်းတံတား ဖြစ်ရပ်’လို့ ငါ ခေါ်ချင်တယ်... အဲ့အဘိုးအိုရဲ့ တွေးခေါ်ပုံ အဆင့်ဆင့်က သိပ်ကို ထူးခြားလွန်းတယ်...”
“မင်းတို့ နားမလည်ကြဘူး... အရာရှိချူးက ‘ဘယ်လမ်းကြောင်းက သွားမလို့လဲ’လို့ မေးလိုက်တာကို အဘိုးအိုက ‘ချန်ဟွာ လမ်းမကြီး’လို့ ဖြေလိုက်တာ... ဒါက ဆာဗာဖြတ်ကျော်ပြီး စကားပြောနေတာပဲ...”
“အဓိကအချက်က သူ နောက်ဆုံးမှာ စက်ဘီးကို ထမ်းသွားတာပဲ... အဲဒီပေါက်ကွဲအား... အဲဒီခုန်နိုင်စွမ်း... သူ အိုလံပစ်ပွဲမှာ မပါတာ နှမြောစရာပဲ... သေချာ စုံစမ်းစစ်ဆေးဖို့ ငါ အကြံပြုတယ်... သူက အသက် ၆၀ အရွယ်နဲ့ မတူဘူး... မူးယစ်ဆေးသုံးထားတဲ့ အသက် ၂၀ အရွယ်နဲ့ ပိုတူနေတယ်...”
“အပေါ်ကလူ... မင်း ဘာသိလို့လဲ... အဲ့တာကို အက်ဒရီနယ်လင်းအံ့ဖွယ်လို့ ခေါ်တယ်... အရာရှိချူးရဲ့ မျက်နှာကို စူးစိုက်ကြည့်ခံရဖူးရင် မင်းလည်း စက်ဘီးကို မ,ပြီး ထွက်ပြေးနိုင်လာလိမ့်မယ်...”
“အရာရှိချူးက လုံးဝ အပြစ်ကင်းတယ်လို့ ငါထင်တယ်.. သူက အချိန်တစ်ခုလုံးမှာ စကား အနည်းငယ်ပဲ ပြောခဲ့တာကို အဘိုးအိုက လူမိုက်ပြဇာတ်တစ်ခုလုံးကို စိတ်ကူးယဉ်လိုက်တာပဲ... အဲ့ဒါက လမ်းမေးနေတာ မဟုတ်ဘူး... သူ့အတွက် မီးသင်္ဂြိုဟ်မယ့်နေရာကို စစ်ဆေးမေးမြန်းနေတာဆိုတာ သိသာနေတာပဲ...”
“အဘိုးအို၏ အတွင်းစိတ်စကား - “ငါ မြန်မြန်ပြေးနိုင်သရွေ့ ငရဲမင်းတောင် ငါ့ကို မဖမ်းနိုင်ဘူး...”
ချူးရှန့်ခမျာ သူ့ကိုယ်သူ နောက်တစ်ကြိမ် အင်တာနက် ဆယ်လီဖြစ်သွားပြန်ပြီဆိုတာကို လုံးဝ မသိခဲ့ချေ။ သူက မြေပြင်ပေါ်ရှိ သံမဏိပိုက်ကို ကြည့်ကာ ခေါင်းခဲနေပြီး ၎င်းကို တရားမဝင်ကိရိယာအဖြစ် သိမ်းဆည်းသင့်သလား သို့မဟုတ် ပျောက်ဆုံးပစ္စည်းအဖြစ် အပ်နှံသင့်သလားဟု စဉ်းစားနေ၏။
ထိုစဉ် သူ၏ စိတ်ထဲတွင် ရင်းနှီးနေသော စနစ်၏ အသိပေးသံ ထွက်ပေါ်လာခဲ့သည်။
[ဒင်... ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကြီးမားသော ခြိမ်းခြောက်မှုကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး စည်းကမ်းချိုးဖောက်သူကို ထူးခြားသော နည်းလမ်းဖြင့် နက်ရှိုင်းသော သင်ခန်းစာတစ်ခု ပေးနိုင်ခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါသည်...]
[ဒင်... ပိုင်ရှင်သည် “ဆာဗာဖြတ်ကျော် ဆက်သွယ်ရေး” အောင်မြင်မှုကို မရည်ရွယ်ဘဲ ရရှိသွားပါသည်... ခြိမ်းခြောက်နိုင်စွမ်းတန်ဖိုး +၃၀၀၀...]
[ဒင်... အထူးစွမ်းရည် ဆုလာဘ် - ဒေသန္တရစကား ကျွမ်းကျင်မှု (ခြိမ်းခြောက်နိုင်သော ဗားရှင်း)...]
[စွမ်းရည် ဖော်ပြချက် - ဒေသန္တရစကား ကျွမ်းကျင်မှု (ခြိမ်းခြောက်နိုင်သော ဗားရှင်း) - ပိုင်ရှင်သည် တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဒေသန္တရစကား အားလုံးကို အခက်အခဲမရှိ နားလည်နိုင်သည်။ သို့သော်လည်း ပိုင်ရှင်သည် မည်သည့် ဒေသန္တရစကားဖြင့်မဆို ဆက်သွယ်ရန် ကြိုးစားသောအခါ ပြောလိုက်သော စကားလုံးများက +၂၀၀ ရာခိုင်နှုန်း ခြိမ်းခြောက်နိုင်သော အာနိသင်ကို အလိုအလျောက် ရရှိသွားမည်ဖြစ်ပြီး တစ်ဖက်လူအတွက် အပြင်းထန်ဆုံးသော သတိပေးချက်နှင့် အကြောက်မက်ဖွယ်အကောင်းဆုံးသော ခြိမ်းခြောက်မှုကဲ့သို့ ထင်မှတ်ရလိမ့်မည်။]
ချူးရှန့်က စနစ်၏ ဆုလာဘ်ကို နားထောင်လိုက်ပြီး ငိုချင်စိတ် ပေါက်သွားတော့၏။
*ဒေသန္တရစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်မှုရဲ့ ခြိမ်းခြောက်နိုင်တဲ့ ဗားရှင်းလား... အဲဒါက အနာဂတ်မှာ သူ လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားတဲ့အခါ ပိုပြီး မြန်မြန်သေအောင် လုပ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…*
သူက သက်ပြင်းချလိုက်ပြီး မြေပြင်ပေါ်မှ သံမဏိပိုက်ကို ကောက်ယူကာ ပခုံးပေါ်သို့ တင်လိုက်ရာ အံ့သြစရာကောင်းလောက်အောင် လေးလံနေ၏။ အဝေးရှိ လူသူကင်းမဲ့နေသော လမ်းမများကို ကြည့်ရင်း သူ၏ သက်မွေးဝမ်းကျောင်းဘဝအပေါ် နက်ရှိုင်းသော သံသယတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် သူ ခံစားလိုက်ရသည်။
*ရဲအရာရှိကောင်းတစ်ယောက်ဖြစ်ချင်တဲ့ စိတ်အားထက်သန်တဲ့ လူငယ်လေး ချူးရှန့်က ဘာလို့ ပြည်သူ့ရန်သူဖြစ်လာမယ့် လမ်းကြောင်းပေါ်မှာ ပိုပိုပြီး ဝေးကွာသွားနေရသလို ဖြစ်နေရတာလဲ…*
အခန်း(၃၈) အရာရှိ... ဒါကို ခါးနဲ့ မြင်းဟန် ပေါင်းစပ်ခြင်းလို့ ကျွန်တော် ခေါ်တယ်…
“အာရှန်းတံတား” အဘိုးအိုကို နှုတ်ဆက်ပြီးနောက် ချူးရှန့်က တပ်ဖွဲ့ထဲတွင် နှစ်ရက်ခန့် တိတ်ဆိတ်စွာ နေခဲ့၏။
ချန်ကော်လျန့်က သူ့ကို “အလုပ်နှင့် ဘဝ မျှတစေရန်” ဟူသော အကြောင်းပြချက်ဖြင့် နှစ်ရက်ခွင့်ပေးခဲ့သော်လည်း အမှန်တကယ်တွင် “စက်ဘီးကို ထမ်းသွားသော အဘိုးအို” နှင့် ပတ်သက်၍ အင်တာနက်ပေါ်ရှိ ဆူညံပွက်လောရိုက်မှုများကို လျှော့ချရန် ကြိုးစားခြင်းသာဖြစ်သည်။ အကယ်၍ အခြေအနေများသာ ဤအတိုင်း ဆက်သွားနေပါက နန့်ချန်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဝင်ပေါက်က လူကြိုက်များသော ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာမည်ကို သူ စိုးရိမ်နေ၏။
နှစ်ရက်ကြာပြီးနောက် ချူးရှန့်က တာဝန်ပြန်လည် ထမ်းဆောင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူက အသေးစားယာဉ်စည်းကမ်း ချိုးဖောက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော အခြား ဝေးလံခေါင်သီသည့် စီးပွားရေးလုပ်ငန်းများရှိရာ နောက်ဖေးလမ်းကြားတစ်ခုသို့ ကင်းလှည့်ရန် ပြောင်းရွှေ့ခံရ၏။
ဤလမ်းက ကျဉ်းမြောင်းကာ လူစည်ကားပြီး လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်ငယ်လေးများနှင့် ဟင်းသီးဟင်းရွက် ဈေးတစ်ခု ရှိသည်။ ပုံမှန် ယာဉ်ကြောစောင့်ကြည့် ကင်မရာများက ၎င်းကို မလွှမ်းခြုံနိုင်သောကြောင့် တရားမဝင် ပြုပြင်ပြောင်းလဲထားသော သုံးဘီးဆိုင်ကယ်များစွာနှင့် ဝန်ပိုတင်ထားသော လျှပ်စစ်ယာဉ်များအတွက် ဥပဒေကင်းမဲ့ဇုန်တစ်ခု ဖြစ်လာခဲ့၏။
အချိန်မှာ မွန်းလွဲသုံးနာရီဖြစ်ပြီး ဈေး၏ လူအစည်ကားဆုံး အချိန်များ ပြီးဆုံးသွားသည့် အချိန်ဖြစ်သည်။ ချူးရှန့်က လူစည်ကားသော လမ်းများတစ်လျှောက် သူ၏ မော်တော်ဆိုင်ကယ်ကို အလွန်နှေးကွေးသော အရှိန်ဖြင့် မောင်းနှင်လာခဲ့၏။ သူ၏ အရပ်ရှည်သော ခန္ဓာကိုယ်နှင့် သပ်ရပ်သော ရဲဝတ်စုံက အစွမ်းထက်သော ခြိမ်းခြောက်နိုင်စွမ်း တစ်ခုဖြစ်သည်။ သူသွားလေရာ နေရာတိုင်းတွင် ဟိုဟိုဒီဒီ ဖြတ်ပြေးတော့မည့် လျှပ်စစ်စက်ဘီးများက လိမ္မာရေးခြားရှိစွာ တန်းစီသွားကြပြီး ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများပင် တိုးသွားခဲ့သည်။
ယနေ့က နောက်ထပ် အေးချမ်းသော နေ့တစ်နေ့ ဖြစ်လိမ့်မည်ဟု ချူးရှန့် ထင်မှတ်နေစဉ်မှာပင် ဆပ်ကပ်ပြကွက်ဟုသာ ဖော်ပြနိုင်သည့် မြင်ကွင်းတစ်ခုက သူ့ကို ရုတ်တရက် ဘရိတ်အပြင်းအထန် နင်းမိသွားစေ၏။
အရှေ့ဘက် မလှမ်းမကမ်းတွင် အမျိုးသားတစ်ဦးက ဟင်းသီးဟင်းရွက် ခြင်းတောင်းများ အပြည့်တင်ထားသော လျှပ်စစ်သုံးဘီးဆိုင်ကယ်တစ်စီးကို မောင်းနှင်လာသည်။ ဤအရာက ထူးဆန်းမှု မရှိသော်လည်း ထူးဆန်းနေသည်က သူ၏ ယာဉ်မောင်းနှင်သည့် ကိုယ်ဟန်အနေအထားပင် ဖြစ်၏။
သူက သူ၏ ထိုင်ခုံပေါ်တွင်ပင် ထိုင်မနေချေ။
သူက ခြေထောက်များကို ကားယားဖြဲကာ ရပ်နေပြီး ခြေတစ်ဖက်က ထိုင်ခုံပေါ်တွင် ရှိနေကာ အခြားခြေတစ်ဖက်က အံ့သြစရာကောင်းလောက်အောင် သုံးဘီးဆိုင်ကယ်၏ အရှေ့ဘက် ပန်နယ်ပေါ်တွင် ရှိနေသည်။ သူက အလွန် ဆွဲဆောင်မှုရှိသော်လည်း အန္တရာယ်များလှသော ကိုယ်ဟန်အနေအထားဖြင့် တစ်ဝက်ခန့် ထိုင်ချထားပြီး ယာဉ်အသွားအလာကို ထိန်းချုပ်ရန် သူ၏ ခါးကို လိမ်ယိမ်းနေ၏။ သူ၏ ခန္ဓာကိုယ်က သုံးဘီးဆိုင်ကယ်၏ ဆောင့်ခုန်မှုများနှင့်အတူ ဘယ်ညာ ယိမ်းနွဲ့နေသော်လည်း သူက ပြုတ်ကျလုနီးပါး အချိန်တိုင်းတွင် ထူးဆန်းသော လိမ်ယိမ်းမှုတစ်ခုဖြင့် သူ၏ ဟန်ချက်ကို အမြဲတမ်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။
ထိုကိုယ်ဟန်အနေအထားက ကားမောင်းနေခြင်းနှင့် မတူဘဲ ဆပ်ကပ်ပြနေခြင်း သို့မဟုတ်... အလွန် စိတ်ကူးယဉ်ဆန်သော အကတစ်ခုကို ကပြနေခြင်းနှင့် ပိုတူနေ၏။
၎င်းကို မြင်လိုက်ရသောအခါ ချူးရှန့်၏ မျက်ခွံများ လှုပ်ခတ်သွားသည်။
*ဒီလူ ရူးနေတာလား... ဒီလိုမျိုး မောင်းတာက သေချင်လို့လား... ဟင်းသီးဟင်းရွက် ခြင်းတောင်းတွေက အမြင့်ကြီး ပုံနေပြီး သူ့အနောက်ဘက် မြင်ကွင်းကို လုံးဝ ပိတ်ဆို့နေတယ်... သူက ဒီလောက်အန္တရာယ်များတဲ့ ကိုယ်ဟန်အနေအထားနဲ့ မောင်းနှင်နေတာဆိုတော့ သူ့ရဲ့ ဟန်ချက်ဗဟိုက လုံးဝ မတည်မငြိမ်ဖြစ်နေပြီ... အကယ်၍ အရေးပေါ် အခြေအနေတစ်ခု ဖြစ်လာရင် သူက ဘရိတ်နင်းဖို့တောင် အချိန်ရမှာ မဟုတ်ဘဲ ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးတဲ့ အဆုံးသတ်မျိုး သေချာပေါက် ရောက်သွားမှာပဲ…*
“အရှေ့က သုံးဘီးဆိုင်ကယ်... ဘေးကို ကပ်ရပ်လိုက်...”
ချူးရှန့်က သူ၏ မော်တော်ဆိုင်ကယ်ပေါ်ရှိ အသံချဲ့စက်ကို ဖွင့်လိုက်ရာ သူ၏ အသံက နိမ့်ကျကာ သြဇာတိက္ကမ ပြည့်နှက်နေ၏။
အော်ဟစ်သံကို ကြားလိုက်ရသောအခါ ဆပ်ကပ်သမားက သိသာစွာ တောင့်တင်းသွား၏။ သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ တလက်လက် တောက်ပနေသော မီးရောင်များပါသည့် အရပ်ရှည်သော ရဲမော်တော်ဆိုင်ကယ်နှင့် ၎င်းပေါ်ရှိ ယာဉ်မောင်းကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာပေါ်၌ ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူက ထွက်ပြေးချင်သော်လည်း လမ်းက ကျဉ်းမြောင်းလွန်းပြီး သူက လုံးဝ မြန်မြန် မပြေးနိုင်ချေ။ အကူအညီမဲ့စွာဖြင့် သူက သူ၏ သုံးဘီးဆိုင်ကယ်ကို လမ်းဘေးသို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ကပ်ရပ်လိုက်ရုံသာ တတ်နိုင်တော့၏။
ချူးရှန့်က သူ၏ မော်တော်ဆိုင်ကယ်ကို ရပ်လိုက်ပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့် လျှောက်သွားခဲ့သည်။
သုံးဘီးဆိုင်ကယ်ကို မောင်းနှင်လာသော အမျိုးသား၏ အမည်မှာ လီထျဲ့ကျူ ဖြစ်သည်။ သူက ဤနယ်မြေရှိ ကုန်သည်များထံ တစ်နှစ်ပတ်လုံး ကုန်ပစ္စည်းများ ပို့ဆောင်ကာ အသက်မွေးဝမ်းကျောင်း ပြုသူဖြစ်သည်။ သူ၏အထူး စွမ်းရည်က အမှန်တကယ်တော့ မဖြစ်မနေ လိုအပ်မှုကြောင့် တီထွင်ခဲ့ရခြင်း ဖြစ်၏။ ဤလမ်း၏ အလယ်တွင် စည်ပင်သာယာရေးအဖွဲ့က ယာဉ်ကြီးများ ဝင်ရောက်ခြင်းကို တားဆီးရန် အမြင့် ကန့်သတ်ဘားတစ်ခုကို တပ်ဆင်ထားသော်လည်း အမြင့်က အလွန် ကောက်ကျစ်သော နည်းလမ်းဖြင့် သတ်မှတ်ထားပြီး သူ သုံးဘီးဆိုင်ကယ်ပေါ်တွင် ထိုင်နေချိန်၌ သူ၏ ခေါင်းအောက် အနည်းငယ်တွင်သာ ရှိနေသည်။ အလုပ်ရှုပ်သက်သာစေရန်နှင့် ကွေ့ဝိုက်သွားရခြင်းကို ရှောင်ရှားရန်အတွက် လီထျဲ့ကျူက ဤ မတ်တတ်ရပ် မောင်းနှင်ခြင်း နည်းလမ်းကို တီထွင်ခဲ့ခြင်းဖြစ်ပြီး ၎င်းက သူ့ကို အချိန်တိုင်း အမြင့်ကန့်သတ်ဘားအောက်မှ သီသီလေး တိုးဝင်ဖြတ်သန်းနိုင်စေခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ သူက သူ၏ ကျွမ်းကျင်မှုများအပေါ် ဂုဏ်ယူသည့် ခံစားချက်တစ်ခုပင် ဖြစ်ပေါ်လာခဲ့ပြီး ၎င်းက လူနှင့် ယာဉ်တစ်သားတည်းဖြစ်ခြင်း၏ အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု ရင်းနှီးသော ကုန်သည်များကို မကြာခဏ ကြွားလုံးထုတ်လေ့ရှိသည်။
ထိုအချိန်တွင် သူက ကားပေါ်မှ ခုန်ဆင်းလာ၏။ တစ်လှမ်းချင်း ချဉ်းကပ်လာသော ချူးရှန့်ကိုကြည့်ရင်း သူက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း နှစ်ပေါင်းများစွာ လမ်းများပေါ်တွင် ကျင်လည်ခဲ့ရမှုမှ ရရှိလာသော သူ၏ ပါးနပ်မှုက လွှမ်းမိုးသွားသည်။ သူက ဤချဉ်းကပ်ရခက်ပုံပေါ်သော ရဲအရာရှိကို ခြောက်လှန့်နိုင်မည်ဟု မျှော်လင့်ကာ သူ၏ တရားမဝင် အပြုအမူကို ထူးခြားသော စွမ်းရည်တစ်ခုအဖြစ် ထုပ်ပိုး၍ အရင် စတင်လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
“အရာရှိ... အရာရှိ... မင်္ဂလာပါ... မင်္ဂလာပါ...”
လီထျဲ့ကျူက အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး သူ၏ အိတ်ကပ်ထဲမှ တွန့်ကြေနေသော စီးကရက်တစ်ဘူးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
ချူးရှန့်က ခံစားချက်မဲ့စွာဖြင့် သူ၏ လက်ကို ဝှေ့ယမ်းကာ ပြန်သိမ်းရန် အချက်ပြလိုက်ပြီးနောက် သူ၏ သုံးဘီးဆိုင်ကယ်ကို လက်ညှိုးထိုးပြကာ ထို့နောက် သူ၏ ယာဉ်မောင်းနှင်သည့် ကိုယ်ဟန်အနေအထားကို ညွှန်ပြ၍ အေးစက်စွာ မေးလိုက်၏။
“မင်း အခုလေးတင် ဘာလုပ်နေတာလဲ...”
“အိုး... ခင်ဗျားက ဒါကို ဆိုလိုတာလား...”
တစ်ဖက်လူက စီးကရက်ကို မယူသည်ကို မြင်သောအခါ လီထျဲ့ကျူ၏ နှလုံးသားက တစ်ချက်ခုန်သွားသော်လည်း သူက အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးထားဆဲပင်။ သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး အလွန် ပရော်ဖက်ရှင်နယ်ကျသည်ဟု သူထင်သော ကိုယ်ဟန်အနေအထား တစ်ခုကို ဖမ်းလိုက်၏။
“အရာရှိ... ခင်ဗျား အဲ့ဒါကို မသိလို့ပါ... ကျွန်တော်က လေ့ကျင့်ထားတဲ့ ပရော်ဖက်ရှင်နယ် သိုင်းပညာရှင်တစ်ယောက်ပါ...”
သူက သူ၏ ခါးကို ပုတ်ကာ ခြေဆောင့်လိုက်ပြီး အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒါကို ‘ခါးနဲ့ မြင်းဟန် ပေါင်းစပ်ခြင်း’လို့ ကျွန်တော် ခေါ်တယ်... စောစောက ကျွန်တော့်ကို ကြည့်လိုက်... ကိုယ်ဟန်အနေအထားက အန္တရာယ်များပုံ ပေါ်ပေမဲ့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက ထိုက်ရှန်းတောင်လို တည်ငြိမ်နေတယ်... ကျွန်တော့်ရဲ့ အဓိက ခွန်အားတွေက သိပ်ကို အံ့သြစရာကောင်းတယ်... ဒီယာဥ်နဲ့ ကျွန်တော်က လုံးဝ တစ်သားတည်း ဖြစ်နေတာ... သိပ်ကို တည်ငြိမ်တယ်... ဘာမတော်တဆမှုမှ လုံးဝ မဖြစ်နိုင်ဘူး... ဒါက ယာဉ်မောင်းနည်းစနစ်တစ်ခုပါ သိလား... နည်းစနစ်တစ်ခုပါ...”
ချူးရှန့်ကို ပိုမိုယုံကြည်လာစေရန် သူက သူ၏ ဟန်ချက်ညီမှုကို သက်သေပြရန်အတွက် ထိုနေရာမှာတင် “ရွှေကြက်ဖ ခြေတစ်ချောင်းထောက်” ကိုယ်ဟန်အနေအထားကိုပင် လုပ်ပြချင်နေသေး၏။
စကားအလွန်ကြွယ်ဝပြီး အဓိပ္ပာယ်မရှိသည့် စကားများ ပြည့်နှက်နေသော သူ့ရှေ့မှောက်ရှိ အမျိုးသားကိုကြည့်ရင်း ချူးရှန့်မှာ ဒေါသထွက်ကာ ရယ်ပင်ရယ်ချင်လာခဲ့သည်။
*လေ့ကျင့်ထားတဲ့ ပရာ်ဖက်ရှင်နယ်တဲ့လား... ခါးနဲ့ မြင်းဟန် ပေါင်းစပ်ခြင်းရဲ့ မာစတာတဲ့လား... ပြီးတော့ နည်းစနစ်တဲ့လား…*
ဤကဲ့သို့ အန္တရာယ်များသော ယာဉ်မောင်းနှင်သည့် အပြုအမူကို ဤမျှ လန်းဆန်းကာ သပ်ရပ်သော နည်းလမ်းဖြင့် ဖော်ပြခြင်းကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်၏။
ချူးရှန့်က သူနှင့် စကားပြော၍ အချိန်ဖြုန်းရန် ပျင်းရိနေပြီဖြစ်သည်။ သူ့ကို ကိုယ်တိုင်ကိုယ်ကျ အန္တရာယ်ကို ခံစားရစေမှသာ သူ သင်ခန်းစာ ရလိမ့်မည်။
သူက စကားမပြောဘဲ လီထျဲ့ကျူ၏ အန္တရာယ်များသော လှုပ်ရှားမှုများကိုသာ ကြည့်နေပြီး အလွန်တိုးညင်းသော်လည်း အလွန်အမင်း အေးစက်သော နှာမှုတ်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။
“ဟွန်း...”
အသံက မကျယ်လောင်သော်လည်း ဆူညံနေသော လမ်းထဲတွင် ၎င်းက ရေခဲအပ်တစ်ချောင်းကဲ့သို့ လီထျဲ့ကျူ ၏ နားထဲသို့ တိကျစွာ ဖောက်ထွင်းဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် ချူးရှန့်က ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။
သူက လေးလံသော ရဲတိုက်ခိုက်ရေး ဘွတ်ဖိနပ်များကို ဝတ်ဆင်ထားပြီး မာကျောသော ကွန်ကရစ် မြေပြင်ပေါ်တွင် သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက တုံးတိတိ အသံကို ထွက်ပေါ်စေသည်။ အသံက မကျယ်လောင်သော်လည်း အလွန်အမင်း လေးလံနေပြီး သူက မြေပြင်ကို နင်းလိုက်ခြင်း မဟုတ်ဘဲ လီထျဲ့ကျူ ၏ နှလုံးသားထဲသို့ တိုက်ရိုက် ထုနှက်လိုက်သကဲ့သို့ ရှိနေ၏။
လီထျဲ့ကျူ၏ ကြွားလုံးထုတ်မှုများနှင့် အပြုံးများက သူ၏ မျက်နှာပေါ်တွင် ချက်ချင်း အေးခဲသွားတော့သည်။
သူက လူလိမ်တစ်ယောက် ဖြစ်သော်လည်း လမ်းများပေါ်တွင် ကျင်လည်ခဲ့ရသော သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ့ကို လူကဲခတ်တတ်သည့် အစွမ်းတစ်ရပ်ကို ပေးစွမ်းထား၏။ ဤခန္ဓာကိုယ်တုတ်ခိုင်သော ရဲအရာရှိက ရုံးခန်းထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသော သာမန် အရာရှိများနှင့် လုံးဝ ကွာခြားကြောင်း သူ ခံစားသိရှိနိုင်သည်။
အထူးသဖြင့် ထိုအေးစက်သော နှာမှုတ်သံနှင့် ထိုလေးလံသော ခြေလှမ်းပင်။
လီထျဲ့ကျူ ၏ အမြင်တွင် ၎င်းက ရိုးရှင်းသော လှုပ်ရှားမှုတစ်ခု မဟုတ်ချေ။ ၎င်းက အရှိန်အဝါတစ်မျိုးပင်။ သိုင်းဝတ္ထုများထဲတွင်သာ ပါရှိလေ့ရှိပြီး ထိပ်တန်း သိုင်းပညာရှင်များနှင့်သာ သက်ဆိုင်သော “အရှိန်အဝါဖိအား” တစ်မျိုးပင် ဖြစ်၏။
ဓား သို့မဟုတ် ပုဆိန်ဖြင့် ထွင်းထုထားသည့်အလား ဖြစ်နေသော ချူးရှန့်၏ မျက်နှာကို သူ မြင်လိုက်ရပြီး ခန့်မှန်းရခက်သော ထိုမျက်လုံးများထဲတွင် ဒေါသ မရှိသလို သတိပေးမှုလည်း မရှိဘဲ သေမတတ် အေးစက်မှုသာ ရှိနေသည်။ ထိုအကြည့်က “မင်းက ငါ့ရှေ့မှာ သိုင်းအကြောင်း ပြောရဲသေးတာလား” ဟု ပြောနေသကဲ့သို့ပင်။
ကမ်းပါးပြိုကျလာသော ရေကြီးမှုတစ်ခုကဲ့သို့ ဇီဝဗေဒဆိုင်ရာ အလိုအလျောက် သိစိတ်မှ ဆင်းသက်လာသော ကြောက်ရွံ့မှုတစ်ခုက လီထျဲ့ကျူ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုများ အားလုံးကို ချက်ချင်းပင် လွှမ်းမိုးသွားတော့၏။
သူက ယာဉ်ထိန်းရဲတစ်ဦးကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ သားကောင်ကို ခုန်အုပ်တော့မည့် ကျားတစ်ကောင်ကို ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။ သူ၏ အခြေခံမျှသာရှိသော ကျွမ်းကျင်မှုများက ကျားနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်တော့ဘဲ သူ့ကို တုန်ယင်နေသော ယုန်တစ်ကောင်ကဲ့သို့ ဖြစ်သွားစေ၏။
*သဘာဝ ရန်သူ…*
*ဒါက သဘာဝရန်သူတစ်ဦးရဲ့ ဖိနှိပ်တဲ့ ခံစားချက်ပဲ…*
လီထျဲ့ကျူ၏ စိတ်က ဗလာဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်က သူ၏ အသိစိတ်ထက် ကျော်လွန်ကာ လုံးဝ တုံ့ပြန်လာခဲ့၏။ “ခါးနဲ့ မြင်းဟန် ပေါင်းစပ်ခြင်း” ဟု သူ ကြွားလုံးထုတ်လေ့ရှိသော သူ၏ ကြွက်သား မှတ်ဉာဏ်များက အလွန်အမင်း ကြောက်ရွံ့မှုအောက်တွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားတော့သည်။
သူက အလိုအလျောက် သိစိတ်ဖြင့် နောက်ဆုတ်ချင်ကာ ထွက်ပြေးချင်သော်လည်း သူ၏ ခြေထောက်များက ခဲများဖြင့် ပြုလုပ်ထားသည့်အလား လုံးဝ တုံ့ပြန်မှု မရှိတော့ချေ။ ကျင်စက်နှင့် တို့ခံလိုက်ရသည့်အလား ထုံကျင်သော ခံစားချက်တစ်ခုက သူ၏ ခြေဖဝါးမှနေ၍ ခေါင်းထိပ်အထိ ပစ်တက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းပင် တက်သွားကာ တောင့်တင်းသွားပြီး ရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား ဖြစ်သွား၏။
သူက “ရွှေကြက်ဖခြေတစ်ချောင်းထောက်” ကိုယ်ဟန်အနေအထားကို လုပ်ပြရန် ပြင်ဆင်နေသည့် ထိုရယ်စရာကောင်းသော ခြေတစ်ဖက်တည်း ရပ်နေသည့် ကိုယ်ဟန်အနေအထားဖြင့် အေးခဲနေတော့သည်။
“အရာရှိ... အရာရှိ...”
သူက သနားညှာတာရန် တောင်းပန်ရန် တစ်ခုခုကို ပြောရန် ကြိုးစားသော်လည်း သူ၏ မေးရိုးများက ရိုက်ခတ်နေပြီး သူက နားလည်ရန် ခက်ခဲသော အသံအချို့ကိုသာ ထုတ်လွှတ်နိုင်တော့၏။
သူ၏အမူအရာကို မြင်သောအခါ ချူးရှန့်က သူ တကယ်ပဲ ဖျော်ဖြေမှု စတင်တော့မည်ဟု ထင်ကာ မျက်မှောင်ကြုတ်မှုက ပို၍ နက်ရှိုင်းသွားသည်။ သူက တစ်ဖက်လူ၏ တရားမဝင် အပြုအမူကို ပြင်ပေးပြီး ဒဏ်ကြေးဖြတ်ပိုင်း ပေးချင်ရုံသာ ဖြစ်သည်။ ဤကောင်က ဘာလို့ ဤလောက်တောင် အလုပ်ရှုပ်နေရတာလဲ။
သူက အနည်းငယ် ပိုနီးကပ်စွာ သွားပြီး ကိစ္စရပ်၏ လေးနက်မှုကို နားလည်စေရန်အတွက် ယာဉ်စည်းကမ်း လမ်းညွှန်စာအုပ်ကို သူ့အား ပြသရန် ဆုံးဖြတ်လိုက်၏။
ထို့ကြောင့် ချူးရှန့်က ရှေ့သို့ နောက်ထပ် တစ်လှမ်း ထပ်တိုးလိုက်သည်။
“ဒုန်း...”
ထိုဒုတိယခြေလှမ်းက ကုလားအုတ်၏ ကျောကို ကျိုးသွားစေသော နောက်ဆုံး ကောက်ရိုးတစ်မျှင် ဖြစ်သွားတော့၏။
ကြောက်ရွံ့မှုကြောင့် တောင့်တင်းနေသော လီထျဲ့ကျူ ၏ ခန္ဓာကိုယ်က နောက်ဆုံးတွင် ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှု၏ ကန့်သတ်ချက်များကို ဖောက်ထွက်သွားတော့သည်။