← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း ၁၄၃ ။ ရှန်ကွမ်စစ်ချန်၊ ဟန်ရွှယ်

"ဒါပေါ့... ငါက ဘယ်သူလဲ ဆိုတာ မင်း မသိဘူးလား..."

နန်ကုန်းရိုရွှယ်က ပြုံးလိုက်ပြီး နန်ကုန်းယွီ ပေးသော ဂါဝန်ရှည်ကို ယူကာ ဝတ်ဆင်လိုက်သည်။ ထို့နောက် သူမ၏ တန်ဖိုးကြီး လက်ဝတ်ရတနာများကို ချွတ်လိုက်ပြီး ပို၍ သာမန်ဖြစ်သော ဘွတ်ဖိနပ်ရှည်တစ်ရံကို ဝတ်ဆင်လိုက်ရာ သူမ၏ ပုံစံက ပို၍ ရိုးရှင်းသွားပေသည်။

နန်ကုန်းရိုရွှယ်က အလျင်အမြန် အဝတ်အစားလဲပြီးနောက် နန်ကုန်းယွီကို ကြည့်ကာ ပြုံးရင်း မေးမြန်းလိုက်သည်။

"ရှောင်ယွီ... မင်းအတွက်ရော... ပိုပြီးသာမန်ဆန်တဲ့ အဝတ်အစားတွေ ရှိသေးလား..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး အဖြူရောင် ဝတ်ရုံတစ်ထည်ကို ထုတ်ယူလိုက်၏။ ပစ္စည်းအရည်အသွေးက အလွန်ကောင်းမွန်သော်လည်း သူ ဝတ်ဆင်ထားသလောက် မတောက်ပဘဲ ပထမအကြည့်တွင် ပို၍ သာမန်ကျပုံရပေသည်။

ဤဝတ်ရုံနှင့် စောစောက အဖြူရောင် ဂါဝန်တို့ နှစ်ခုစလုံးကို နန်ကုန်းယွီက အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် အမှတ်တစ်ခုတည်းဖြင့် ပေါ့ပေါ့ပါးပါး လဲလှယ်ထားခြင်း ဖြစ်သည်။

"ငါ့ကို ပေး... မင်းအတွက် ငါ လဲပေးမယ်..." နန်ကုန်းရိုရွှယ်က ၎င်းကို ယူလိုက်ပြီး ရယ်မောလိုက်သည်။

နန်ကုန်းယွီက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်၏။ "အစ်မ... ကျွန်တော်ဘာသာ လုပ်လို့ရပါတယ်... အစ်မက ကျွန်တော့်ကို ပျက်စီးအောင်လုပ်နေတာပဲ… ဒီလိုတွေလုပ်နေရင် နောင်ကျ ဘယ်လိုလုပ်ရမလဲ..."

သို့သော် ထို့နောက် နန်ကုန်းရိုရွှယ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ပြောဆိုလာသည်။ "ကိစ္စမရှိပါဘူး... အစ်မက မင်းကို တစ်သက်လုံး ဂရုစိုက်ပေးနိုင်ပါတယ်..."

သူမက စကားပြောရင်း နန်ကုန်းယွီ၏ အပေါ်အင်္ကျီနှင့် ဘောင်းဘီကို ချွတ်လိုက်ပြီး အဖြူရောင် ရှပ်အင်္ကျီအဖြစ် လဲလှယ်ရန် ကူညီပေးကာ သူ၏ ခါးတွင် ခါးပတ်တစ်ခုကို ပတ်ပေးလိုက်သည်။

ထို့နောက် သူမက နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ပြီး ရယ်မောလိုက်သည်။ "တကယ်ကို ငါ့မောင်က ငါထက် ပိုချောတာပဲ... ကြီးလာရင် သေချာပေါက် မိန်းကလေးတွေကို ဆွဲဆောင်နိုင်တဲ့ ညှို့ငင်နိုင်စွမ်းရှိတဲ့ လူကြီးလူကောင်း တစ်ယောက် ဖြစ်လာမှာပဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။ သူက အပြည့်အဝ မကြီးပြင်းသေးသော်လည်း သူ၏ အသွင်အပြင်ကို အတော်လေး သဘောကျဆဲပင်။

သူက ပို၍ သာမန်ကျသော ဆံထိုးတစ်ခုကို ထုတ်ယူကာ ပန်ဆင်လိုက်ပြီးနောက် သာမန် အနက်ရောင် ဘွတ်ဖိနပ်တစ်ရံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

ဤနည်းအားဖြင့် သူတို့နှစ်ဦးစလုံးက အနည်းငယ် ထူးကဲနေပုံရသေးသော်လည်း တော်ဝင်ဝတ်မိသားစု၏ လက္ခဏာရပ်များ ကင်းမဲ့သွားကြပေသည်။

"အစ်မ... အရင် အပြင်ထွက်ရအောင်... အစ်မက ငွေလမင်းအင်ပါယာကို သွားချင်တယ်ဆိုရင် ငါတို့ မြန်မြန်သွားဖို့ လိုတယ်..."

နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်သည်။ "ဘာလို့လဲဆိုတော့ ဦးရီးတော်နဲ့ တခြားသူတွေ ငါတို့ ပျောက်နေတာကို သိသွားရင် ချင်းယို တစ်ခုလုံးကို ပိတ်ဆို့လိုက်နိုင်တယ်... အဲ့ဒီအချိန်ကျရင် ဒီကနေ ထွက်ဖို့ဆိုတာ သိပ်လွယ်တော့မှာ မဟုတ်ဘူး..."

"ကောင်းပြီ..."

နန်ကုန်းရိုရွှယ်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီကို မလှမ်းမကမ်းရှိ လှေကားဆီသို့ ဆွဲခေါ်သွားသည်။

ထိုအချိန်မှာပင် နန်ကုန်းယွီက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြောဆိုလိုက်သည်။ "ဒါနဲ့ အစ်မ... ကျွန်တော်တို့ နာမည်နဲ့ ဘွဲ့ကို ပြောင်းသင့်တယ်လို့ ထင်တယ်... မဟုတ်ရင် အလွယ်တကူ ပေါ်လာလိမ့်မယ်..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်၏။ "အမှန်ပဲ... ငါတို့ နာမည်တွေက နည်းနည်း ထူးဆန်းတယ်... ငါတို့ နာမည်တွေနဲ့ အခေါ်အဝေါ်တွေကို သေချာပေါက် ပြောင်းသင့်တယ်..."

နန်ကုန်းရိုရွှယ်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုလာသည်။ "ရှောင်ယွီ... အခုကစပြီး ငါ့ကို အစ်မတော်လို့ မခေါ်နဲ့တော့... အစ်မလို့ပဲ ခေါ်..."

(T/N = နန်းတွင်းသုံး အစ်မတော်ကိုရှေ့ပိုင်းတွေမှာ အစ်မလို့ပဲပြန်ခဲ့ပါတယ်….ဟဲဟဲ)

"ပြီးတော့ နာမည်နဲ့ ပတ်သက်ပြီး မင်း ဘယ်လို စဉ်းစားထားလဲ..."

နန်ကုန်းယွီက တွန့်ဆုတ်မနေဘဲ တိုက်ရိုက်ပင် ပြောဆိုလိုက်၏။ "ကျွန်တော့်ရဲ့ နာမည်ဝှက်က စစ်ချန် ဆိုတော့ အဲဒါကို တိုက်ရိုက်သုံးဖို့ စီစဉ်ထားတယ်... မျိုးရိုးနာမည်အတွက်တော့ အမေ့ရဲ့ မျိုးရိုးနာမည်ကို သုံးချင်တယ်..."

"ရှန်ကွမ်စစ်ချန်လား..."

နန်ကုန်းရိုရွှယ်က တိုးတိတ်စွာ ရေရွတ်လိုက်ပြီးနောက် ပြုံးကာ ပြောဆိုလာသည်။ "ဒါ နာမည်ကောင်းပဲ... အစ်မလည်း အဲဒါကို ငှားသုံးမယ်... ဟန်ရွှယ် ဆိုရင်ရော ဘယ်လိုလဲ... မင်း ဘယ်လိုထင်လဲ..."

နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်၏။ "အဲဒါ နာမည်လှလေးပဲ... အခုကစပြီး ကျွန်တော်က အစ်မကို အစ်မရွှယ်လို့ ခေါ်မယ်... အစ်မက ကျွန်တော့်ကို စစ်ချန်လို့ ခေါ်"

"ကောင်းပြီ... အဲဒီလိုပဲ သတ်မှတ်လိုက်မယ်... သွားကြစို့..."

နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီကို လှေကားပေါ်သို့ ဆွဲတင်ကာ နံရံကို တစ်ချက်ကြည့်လိုက်ပြီး အပြင်ဘက်သို့ သွားရန် ခလုတ်ကို အလျင်အမြန် ရှာတွေ့သွားသည်။

မည်သည့် ကြီးမားသော အဖြစ်အပျက်မျှ မရှိဘဲ သူတို့နှစ်ဦးသည် မြေအောက်နေရာလွတ်မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီး အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။

ဤနေရာသည် တောင်ပေါ်တွင် တည်ဆောက်ထားသော စံအိမ်ကြီးတစ်ခုဖြစ်ပြီး ပေါင်းပင်များ ထူထပ်ကာ သစ်ပင်များ ပြည့်နှက်နေပြီး အချိန်အကြာကြီး စစွန့်ပစ်ခံထားရပုံရသည်။

"ဒီနေရာက ဘယ်နားလဲဆိုတာတောင် မသိဘူး..."

နန်ကုန်းရိုရွှယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"မင်း အရင်က ထျန်းယွီ မြို့တော်လို့ ပြောခဲ့တယ်မလား... မြို့ထဲမှာလို့ ထင်နေတာ..."

နန်ကုန်းယွီက ခေါင်းယမ်းလိုက်ပြီး ပြောဆိုလိုက်၏။ "ဒေါ် လေးရှန် ပြောတာပဲကြားဖူးတာ... တောင်အောက်ဆင်းတဲ့ လမ်းမှာ အဓိက လမ်းမကြီးတစ်ခုနဲ့ တွေ့လိမ့်မယ်တဲ့... ဘယ်ဘက်ကွေ့ရင် ထျန်းယွီ မြို့တော်ကို ရောက်မယ်... ညာဘက်ကွေ့ရင် ကျန်းနန် တောင်ကြားစခန်းကို ရောက်မယ်တဲ့..."

"ဒါဆို မြန်မြန်သွားကြစို့..."

နန်ကုန်းရိုရွှယ်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ကိုယ့်ဘာသာ တွေးလိုက်၏။ ရှောင်ယွီကို ခေါ်လာတာက လုံးဝ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။

သူမက ဓားပျံကို ဆင့်ခေါ်လိုက်ပြီး နန်ကုန်းယွီကို သူမ၏ ရှေ့တွင် ရပ်ခိုင်းကာ တောင်အောက်သို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းသွားခဲ့သည်။

မကြာမီ သူတို့သည် အဓိက လမ်းမကြီးတစ်ခုကို တွေ့လိုက်ရ၏။

ဤသည်ကို မြင်ချိန်၌ နန်ကုန်းရိုရွှယ်က တွန့်ဆုတ်မနေဘဲ အဓိက လမ်းမကြီးတစ်လျှောက် ကျန်းနန် တောင်ကြားစခန်းဆီသို့ ချက်ချင်း ဦးတည်သွားခဲ့သည်။

...

ချင်းယို ဧကရာဇ်မြို့တော်၊ ကျန်းပေ့မင်းသားစံအိမ်။

ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ဦးက တိတ်ဆိတ်စွာ ရောက်ရှိလာပြီး ညအချိန် အကာအကွယ်ဖြင့် ကျန်းပေ့မင်းသားစံအိမ်သို့ ခိုးဝင်လာခဲ့သည်။

သူ၏ သာလွန်သော ကျင့်ကြံမှုဖြင့် ညကင်းစောင့်များနှင့် လျှို့ဝှက်သက်တော်စောင့်များကို အောင်မြင်စွာ ရှောင်ကွင်းနိုင်ခဲ့ပြီး အဓိက စံအိမ်သို့ ရောက်ရှိလာခဲ့သည်။

သို့သော် ဝင်ရောက်မည့်အစား သူက လျှပ်တစ်ပြက် လှုပ်ရှားကာ ခြံဝင်းအတွင်းရှိ သစ်ပင်တစ်ပင်တွင် ပုန်းအောင်းနေလိုက်သည်။

သို့သော် ထိုအချိန်မှာပင် မှေးမှိန်သော အသံတစ်သံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။ "ချင်ဝူဟွေ့... မင်းရဲ့ မင်းသားလေးက နန်းတော်ကနေ ထွက်သွားပြီ ထင်တယ်..."

မှန်ပေသည်။

ဤသူမှာ ချင်ဝူဟွေ့ဖြစ်ပြီး ရှန်ကွမ်ယွဲ့ရှီး ချန်ထားခဲ့သော တစ်ခုတည်းသော အရန်အစီအစဉ်လည်း ဖြစ်ပေသည်။

ရှန်ကွမ်ယွဲ့ရှီး၏ အမြင်တွင် နန်ကုန်းယွီသည် အတော်လေး အားကောင်းနေပြီဖြစ်ရာ ချင်ဝူဟွေ့ကို ချန်ထားခဲ့ခြင်းက သူ့ကို ကာကွယ်ရန် လုံလောက်မည်ဖြစ်သည်။

ချင်ဝူဟွေ့ ကျန်ရစ်ခဲ့ခြင်းက ကျန်းပေ့တပ်၏ တောင်းဆိုမှုကြောင့်ဖြစ်ပြီး ချင်ဝူဟွေ့ ကိုယ်တိုင်၏ ဆန္ဒအလျောက် တောင်းဆိုမှုလည်း ဖြစ်ပေ၏။

ချင်ဝူဟွေ့က ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ညာဘက်မလှမ်းမကမ်းရှိ သစ်ပင်ထိပ်တွင် ဝတ်ရုံနက်ဝတ်လူသားတစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး သတိထားနေသော အမူအရာဖြင့် မေးမြန်းလိုက်၏။ "မင်းက ဘယ်သူလဲ... ဒီကို ဘာလို့ ရောက်နေတာလဲ..."

ဝတ်ရုံနက်ဝတ်လူသားက တိုးတိတ်စွာ ရယ်မောလိုက်ပြီး ပြောဆိုလာသည်။ "မစိုးရိမ်ပါနဲ့... ဒီနတ်ဘုရားတမန်တော်နဲ့ ထျန်းကန်းခေါင်းဆောင်က ဖွဲ့တူတွေပါ... ပြီးတော့ ငါတို့က လောလောဆယ် နန်ကုန်းအောက်ထျန်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဆက်ဆံရေး ရှိတယ်လေ..."

"ပြီးတော့ ငါ့ရဲ့ သခင်က အခု ကျန်းပေ့မင်းသားကို အကြွေးတင်နေတယ်... ငါ့သခင်က သူ့ကတိကို တည်တယ်... ပြီးတော့ ကျန်းပေ့မင်းသား နန်ကုန်းယွီကို စောင့်ကြည့်ပြီး သူ့ကို ဘာအန္တရာယ်မှ မဖြစ်အောင် ကာကွယ်ပေးဖို့ နတ်ဘုရားတမန်တော်ဖြစ်တဲ့ ငါ့ကို ညွှန်ကြားထားတယ်..."

ဤသည်ကို ကြားချိန်၌ ချင်ဝူဟွေ့က မင်းသမီး ပြောခဲ့သည်များကို ချက်ချင်း သတိရသွားပြီး သူ၏ မျက်လုံးများက အနည်းငယ် ပြောင်းလဲသွား၏။

"မင်းရဲ့သခင်က ကောင်းကင်ကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်သူလား..."

ဝတ်ရုံနက်ဝတ်လူသားက မည်သည့်အဖြေမှ မပေးဘဲ ဆက်ပြောသည်။ "ကျန်းပေ့မင်းသားနဲ့ နန်ကုန်းရိုရွှယ်က နန်းတော်ကနေ ထွက်သွားကြပြီ... အိမ်ကနေ ထွက်ပြေးဖို့ စီစဉ်နေပုံပဲ... သူတို့က ချင်းယို နယ်စပ်နဲ့ နီးနေလောက်ပြီ... စစ်သူကြီး ချင်က ကျန်းပေ့မင်းသားစံအိမ်ကို စောင့်ကြပ်နေတာ ပိုကောင်းမယ်... ငါက ကျန်းပေ့မင်းသားကို နောက်ယောင်ခံလိုက်ပြီး ကာကွယ်ပေးဖို့ လူလွှတ်လိုက်မယ်..."

"မင်းသားကို ကာကွယ်ဖို့လား..." ချင်ဝူဟွေ့က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

"မင်း အဲဒါကို ဘာသဘောနဲ့ ပြောတာလဲ..."

ဝတ်ရုံနက်ဝတ်လူသားက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး တိုးတိတ်စွာ ရယ်မောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... ငါတို့သခင်က သူ့ကတိတွေကို တည်တယ်... ဒါကြောင့် ငါတို့ရဲ့ တာဝန်က ကျန်းပေ့မင်းသားကို စောင့်ကြည့်ပြီး သူ့ကို ကာကွယ်ပေးဖို့ပဲ..."

"ပြီးတော့ ကျန်းပေ့မင်းသား မထွက်သွားခင်ကလည်း သူတို့နှစ်ယောက်ကို ကာကွယ်ပေးဖို့ ဝိညာဉ်ကျောက်တုံး တစ်သန်း ပေးခဲ့သေးတယ်လေ..."

ဤသည်ကို ကြားချိန်၌ ချင်ဝူဟွေ့က တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။

"မင်းတို့ လူလွှတ်လိုက်ရင် မင်းတို့လူတွေက ငါတို့ရဲ့ မင်းသားကို ကာကွယ်နိုင်မှာလား..."

"ငါ့လူတွေက သူတို့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ရာမှာ ကျွမ်းကျင်တယ်... ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှုကလည်း မင်းထက် အများကြီး သာလွန်တယ်... မင်းဘယ်လိုထင်လဲ"

ဝတ်ရုံနက်ဝတ်လူသားက တိုးတိတ်စွာ ရယ်မောလိုက်၏။ "ဒါကြောင့် မင်းက နေခဲ့ပြီး ကျန်းပေ့မင်းသားစံအိမ်ကို စောင့်ကြပ်သင့်တယ်... မင်းရဲ့ သခင် ပြန်လာတဲ့အခါ စံအိမ်မှာ ပြဿနာတွေ ဖြစ်နေတာ ဒါမှမဟုတ် သူ့ရဲ့ အစေခံမလေး နှစ်ယောက်နဲ့ ဝိညာဉ်သားရဲ နှစ်ကောင် အန္တရာယ်ဖြစ်နေတာကို မင်း မလိုချင်ဘူး မဟုတ်လား..."

ချင်ဝူဟွေ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ "ငါ မင်းကို ဘယ်လိုယုံရမှာလဲ"

"ယုံတာ မယုံတာက မင်းသဘောပဲလေ..."

ဝတ်ရုံနက်ဝတ်လူသားက ဂရုမစိုက်သော်လည်း သူက တစ်စုံတစ်ခုကို စဉ်းစားမိသည့်အလား ရယ်မောလိုက်ပြီး ပြောဆိုလာ၏။ "ဒါမှမဟုတ် မင်း အတည်ပြုချက်ရဖို့ နန်ကုန်းအောက်ထျန်းကို မေးလို့ရပါတယ်... သူကလည်း တာအိုအကြောင်း နည်းနည်း သိတယ်လေ..."

ချင်ဝူဟွေ့က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ချေ။

ဝတ်ရုံနက်ဝတ်လူသားက တိုးတိတ်စွာ ရယ်မောလိုက်ပြီး ခြံဝင်းအတွင်းမှ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားကာ သူ၏ တည်နေရာကို မသိရှိနိုင်တော့ပေ။

ချင်ဝူဟွေ့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အဓိက စံအိမ်အတွင်းသို့ လျှပ်တစ်ပြက် ဝင်ရောက်သွားသည်။

သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အလှပြင်စားပွဲဆီသို့ လျှောက်သွားရာ စားပွဲပေါ်ရှိ စာတိုလေးတစ်စောင်ကို မြင်လိုက်ရသည်။

၎င်းအပေါ်တွင် ရှင်းလင်းစွာ ရေးသားထား၏။

'အစ်မတော်နဲ့ ကျွန်တော်က အပြင်ထွက်ပြီး ခဏလောက် လေ့ကျင့်ရေးဆင်းဖို့ သွားကြမယ်... ကျွန်တော်တို့ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုက လျှို့ဝှက်စွာ ကာကွယ်ပေးမှာမို့ စိတ်မပူပါနဲ့... ကျင့်ကြံပြီး ကျွန်တော် ပြန်လာမယ့်အချိန်ကို စောင့်နေလိုက်...'

"မှင်က စိုနေတုန်းပဲ... မင်းသားရဲ့ လက်ရေးပဲ..."

ချင်ဝူဟွေ့က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ အခန်းပြင်သို့ လျှောက်ထွက်သွားပြီး အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

...

အခန်း ၁၄၄ ။ယ သူတို့များလား

နောက်တစ်နေ့ နံနက်စောစော။

ယဲ့ကျင်းလင်သည် ပုံမှန်အတိုင်း လာရောက်နှုတ်ဆက်ရန်၊သခင်လေး နန်ကုန်းယွီကို အဝတ်အစားဝတ်ဆင်ရန်နှင့် မျက်နှာသစ်ရန် ဆွဲဆောင်ရန် ရောက်လာခဲ့သည်။

ယခုအချိန်အတွင်း ချင်းလင်နှင့် စူးရှင်းမုန်းတို့က သူတို့၏ ကျင့်ကြံမှုအတွက် အချိန်ပေးနေကြပြီး သူမနှင့် ချိုးယဲ့ အပါအဝင် အခြားသုံးဦးက သူ့ကို အဝတ်အစားဝတ်ဆင်ခြင်း၊ မျက်နှာသစ်ခြင်းနှင့် နေ့စဉ်ဘဝ ကိစ္စရပ်များတွင် အလုပ်အကျွေးပြုနေကြ၏။

ဒီနေ့လည်း ချွင်းချက်မရှိပေ။

သို့သော် သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိပြုမိလိုက်သည်။ သခင်လေး ပျောက်နေသည်။

ယဲ့ကျင်းလင်က လန့်ဖြန့်သွားပြီး အပြင်ထွက်ရှာရန် ပြင်လိုက်စဉ် အလှပြင်စားပွဲပေါ်ရှိ စာတိုလေးကို မြင်လိုက်ရသည်။

"သခင်လေးကတော့... ဒါ အရမ်း လွန်လွန်းနေပြီ..."

သူမက စာတိုလေးကို ကောက်ယူလိုက်ပြီး အပြင်ထွက်ကာ အစောင့်ကို မေးရန် ရည်ရွယ်လိုက်စဉ် အမျိုးသားတစ်ဦးက သူမ၏ရှေ့တွင် ပေါ်လာခဲ့သည်။

ယဲ့ကျင်းလင်၏ အမူအရာက အံ့အားသင့်မှုနှင့် သတိထားမှုအဖြစ် ပြောင်းလဲသွား၏။ "ရှင် ဘယ်သူလဲ... ဘယ်လို ဝင်လာတာလဲ..."

အမျိုးသားက သူမကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "ငါ့နာမည်က ချင်ဝူဟွေ့... အခုကစပြီး ငါ မင်းသားစံအိမ်မှာ နေမယ်..."

"ငါ့အတွက် ဧည့်ခန်းတစ်ခန်း စီစဉ်ပေး... မင်းသားစံအိမ်က မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံလာရင် ငါ့ဆီ လာခဲ့လို့ရတယ်... မဟုတ်ရင် ငါ့ဆီ မလာနဲ့..."

ယဲ့ကျင်းလင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ "ရှင်... ရှင်က စစ်သူကြီး ချင်ဝူဟွေ့လား..."

"ဟုတ်တယ်..."

ချင်ဝူဟွေ့က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောဆိုလာသည်။ "အရှင်မင်းကြီးကို သွားတွေ့ပြီး မင်းသားနဲ့ မင်းသမီးကြီးတို့ ပျောက်နေတယ်ဆိုတာ ပြောပြလိုက်... သူတို့က ချင်းယိုကနေ ထွက်သွားဖို့ စီစဉ်နေတယ်.. လျှို့ဝှက်ဆန်းကြယ်သူ တစ်ယောက်က သူတို့ကို ကာကွယ်ဖို့ လူလွှတ်ပေးမယ်လို့ ပြောတယ်... ဒါကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သူ့ကို မေးကြည့်လိုက်..."

ယဲ့ကျင်းလင်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

"အရှင်မက ကျန်း​ေပ့တပ်ကို ခေါ်သွားမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား..."

"အရှင်မက ကျန်းပေ့တပ် တစ်ခုလုံးကို ခေါ်သွားမယ်လို့ မင်း ထင်နေတာလား... ဒါမှမဟုတ် ကျန်းပေ့တပ်က အရှင်မနဲ့ အကုန် လိုက်သွားဖို့ သဘောတူမယ်လို့ မင်း ထင်နေတာလား..."

ဤသည်ကို ကြားချိန်၌ ယဲ့ကျင်းလင်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ပြောဆိုလိုက်သည်။ "အရှင်မင်းကြီးကို အခုပဲ သွားဆက်သွယ်လိုက်ပါ့မယ်..."

"နေဦး..."

"ဘာဖြစ်လို့လဲ..." ရုတ်တရက် ခေါ်ခံလိုက်ရသဖြင့် ယဲ့ကျင်းလင်က မမေးမြန်းလိုက်ည်။

ချင်ဝူဟွေ့က တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ပြောဆိုလာသည်။

"မင်းသားနဲ့ မင်းသမီး ထွက်သွားတဲ့ အကြောင်းကို ဧကရာဇ်ကိုပဲ ပြောလို့ရမယ်... ငါ့ကိစ္စလည်း အတူတူပဲ... မင်း တခြားဘယ်သူ့ကိုမှ မပြောရဘူး..."

ယဲ့ကျင်းလင်က တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နားလည်သွားကာ ချက်ချင်း ခေါင်းညိတ်လိုက်၏။ "ကျွန်မ နားလည်ပါပြီ..."

ချက်ချင်းပင် သူမက မင်းသားစံအိမ်မှ ထွက်ခွာလာပြီး ဧကရာဇ်နန်းတော်ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

...

ချင်းယို ဧကရာဇ်မြို့တော်၊ စုန့်မိသားစု။

နံနက်ခင်းသို့ ရောက်ရှိလာချိန်၌ စုန့်မိသားစု၏ ကမ္ဘာကြီးက ပြိုကျသွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်အရှင်မြတ်အဆင့် သုံးဦးနှင့် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် ကိုးဦးတို့မှာ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့ကြပြီး အခုအခါ မိသားစုခေါင်းဆောင် စုန့်ချွဲ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

စုန့်မိသားစု တစ်ခုလုံးသည် သွေးနံ့များဖြင့် ပြည့်နှက်နေပြီး မိသားစုက လုံးဝ ဖရိုဖရဲ ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် စုန့်ချွဲ၏ အမူအရာက ကြောက်မက်ဖွယ်ကောင်းနေပြီး သူ၏ မျက်နှာက သေမတတ် ဖြူလျော့နေကာ သူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ရီနေ၏။

အဲဒါက...ကြောက်ရွံ့မှုပင်။

သူက ထိတ်လန့်သွားခဲ့သည်။ မိုးလင်းစ အခိုက်အတန့်လေးမှာပင် သွေးနံ့များက စုန့်မိသားစု ခြံဝင်းတစ်ခုလုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။

တစ်နည်းဆိုရသော် စုန့်မိသားစု၏ အဆင့်မြင့် သိုင်းပညာရှင် ဆယ့်နှစ်ဦးစလုံးသည် ခုခံနိုင်စွမ်း လုံးဝမရှိဘဲ မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားခဲ့ကြခြင်း ဖြစ်၏။

ကြောက်စရာပဲ။

ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ... ငါ့ရဲ့ စုန့်မိသားစုက ဘယ်သူ့ကို သွားစော်ကားမိလို့လဲ..."

"ဘာလို့လဲ..."

"ဘာလို့လဲ..."

စုန့်ချွဲက ရေရွတ်လိုက်ရာ သူ၏ အမူအရာတွင် ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုနှင့် သံသယများ ပြည့်နှက်နေခဲ့သည်။

"သခင်ကြီး... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ..."

ထိုအချိန်မှာပင် အထဲမှ အလျင်စလို အသံတစ်ခု ထွက်ပေါ်လာပြီး အစေခံတစ်ဦးက ပြေးလာကာ မြေပြင်ပေါ်တွင် ဝုန်းခနဲ ဒူးထောက်ကျသွားသည်။

"သခင်ကြီး... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ... သခင်လေးရဲ့ ဝိညာဉ်မီးအိမ်က ငြိမ်းသွားပြီ..."

"ဘာ..."

စုန့်ချွဲက ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်လုံးအိမ်များက ပြင်းထန်စွာ ကျယ်လာပြီး ပြိုကျတော့မည့်အလား သူ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားခဲ့သည်။

"ကောင်းကင်က ငါ့ရဲ့ စုန့်မိသားစုကို ဖျက်ဆီးတော့မှာလား..."

"ဖူး..."

စုန့်ချွဲက ပြင်းပြင်းရှူလိုက်ပြီး သွေးတစ်ပွက် အန်ထုတ်ကာ မြေပြင်ပေါ်တွင် ပက်လက်လန် ကျသွားခဲ့သည်။

"သခင်ကြီး..."

"ခေါင်းဆောင် သေသွားပြီဟေ့..."

...

နန်းတော်အတွင်း၌။

စုန့်မိသားစု၏ ကိစ္စရပ်များအကြောင်း သတင်းက နန်ကုန်းအောက်ထျန်း၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး ဧကရာဇ်၏ မျက်လုံးအိမ်များကိုပင် အနည်းငယ် တုန်ရီသွားစေခဲ့သည်။

သူက မိန်းမစိုး ယန်ကို မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "အဲဒါကို ပြန်ပြောစမ်း..."

မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းငုံ့ကာ ပြောဆိုလိုက်၏။ "အရှင်မင်းကြီး... စုန့်မိသားစုရဲ့ ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် အထက်က အဆင့်မြင့် သိုင်းပညာရှင် ဆယ့်နှစ်ဦးစလုံး မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားတယ်ဆိုတဲ့ သတင်း အခုလေးတင် ရောက်လာပါတယ်..."

"စုန့်ချွဲရဲ့ သားအကြီးဆုံးရဲ့ ဝိညာဉ်မီးအိမ်ကလည်း ငြိမ်းသွားပါပြီ... သူက အရမ်း စိုးရိမ်ပူပန်သွားပြီး သွေးအန် သေဆုံးသွားပါတယ်..."

နန်ကုန်းအောက်ထျန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူက ပြင်းပြင်းရှူလိုက်ရာ သူ၏ နှလုံးသားထဲတွင် သံသယနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။

သူတို့များလား။

နန်ကုန်းအောက်ထျန်း ပထမဆုံး စဉ်းစားမိသူမှာ သေချာပေါက် သူနှင့် ပူးပေါင်းဆောင်ရွက်နေသော လျှို့ဝှက်ဆန်းကြယ်သူပင် ဖြစ်သည်။

နောက်ဆုံးတွင် စုန့်မိသားစုမှ စုန့်နင်သည်လည်း သူတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဖြစ်ရာ ဤတစ်ကြိမ်က ဘာအတွက် ဖြစ်နိုင်မည်နည်း။

နန်ကုန်းရိုရွှယ်အတွက် ခက်ခဲသော အခြေအနေများကြောင့်လား။

နန်ကုန်းအောက်ထျန်းက အနည်းငယ် နားမလည်နိုင်စွာဖြင့် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော်လည်း သူ၏ နှလုံးသားထဲသို့ အေးစက်မှုတစ်ခု ဝင်ရောက်လာပြီး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

စုန့်မိသားစုမှ ဝိညာဉ်အရှင်မြတ်အဆင့် ကျင့်ကြံသူပင်လျှင် မည်သည့် ခုခံမှုမျှမရှိဘဲ ရှင်းပြ၍မရနိုင်အောင် သေဆုံးသွားခဲ့ရ၏။

ချင်းယို ဧကရာဇ်နန်းတော်မှ ဝိညာဉ်အရှင်မြတ်အဆင့် ဆိုလျှင်ရော... သူ့အတွက်ဆိုရင်ရော...

"အရှင်မင်းကြီး... အဆင်ပြေရဲ့လား..." နန်ကုန်းအောက်ထျန်း နေမကောင်းဖြစ်နေပုံကို မြင်ချိန်၌ မိန်းမစိုး ယန်က မေးမြန်းလိုက်သည်။

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းယမ်းလိုက်၏။ "ငါ အဆင်ပြေပါတယ်... မိန်းမစိုး ယန်... အဲဒါကို မြန်မြန် စုံစမ်းဖို့ လူလွှတ်ဖို့ အမိန့်ပေးလိုက်ပါ..."

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး..." မိန်းမစိုး ယန်က ပြန်ဖြေလိုက်သော်လည်း ထွက်မသွားခဲ့ချေ။

ဤသည်ကို မြင်ချိန်၌ နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်၏။ "မိန်းမစိုး ယန်... တခြားကိစ္စ ရှိသေးလို့လား..."

မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "အရှင်မင်းကြီး... ကျန်းပေ့မင်းသားစံအိမ်ရဲ့ အိမ်တော်ထိန်း ယဲ့ကျင်းလင်က တင်ပြစရာ အရေးကြီးကိစ္စတွေ ရှိတယ်လို့ ပြောပြီး တွေ့ခွင့်တောင်းနေပါတယ်..."

နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်သွား၏။ "သူမက ငါ့ကို ဘာကိစ္စ တွေ့ချင်တာလဲ... ဖြစ်နိုင်တာက... ယွီအာ တစ်ခုခု ဖြစ်လို့လား..."

"ချက်ချင်း ဝင်လာခိုင်းလိုက်..."

"အမိန့်တော်အတိုင်းပါ..."

မိန်းမစိုး ယန်က သဘောတူလိုက်ပြီး အလျင်အမြန် ပြေးထွက်သွားကာ မကြာမီ ယဲ့ကျင်းလင်နှင့်အတူ ပြန်ရောက်လာခဲ့သည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်... အရှင်မင်းကြီး ကျန်းမာပါစေ..." ယဲ့ကျင်းလင်က ခေါင်းငုံ့ကာ အရိုအသေပေးလိုက်သည်။

နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။ "ကျန်းပေ့မင်းသားစံအိမ်ရဲ့ အိမ်တော်ထိန်း ယဲ့ကျင်းလင်... ဒီကို ဘာကိစ္စ ရှိလို့ ရောက်လာတာလဲ..."

ယဲ့ကျင်းလင်က နန်ကုန်းယွီ ချန်ထားခဲ့သော စာတိုလေးကို လက်နှစ်ဖက်ဖြင့် မြှောက်ကိုင်ထားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး... မင်းသားနဲ့ မင်းသမီးကြီးတို့က နန်းတော်ကနေ အတူတကွ ထွက်သွားကြပြီး သူတို့ ဘယ်ရောက်နေလဲ ဆိုတာ မသိရပါဘူး... စစ်သူကြီး ချင်ဝူဟွေ့က လျှို့ဝှက်ဆန်းကြယ်သူ တစ်ယောက်က သူတို့ကို ကာကွယ်ဖို့ လူလွှတ်ပေးမယ်လို့ ပြောကြောင်း ဆိုပါတယ်... ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ အရှင်မင်းကြီး..."

"ဘာ..."

နန်ကုန်းအောက်ထျန်းက အံ့အားသင့်သွား၏။ "မင်း ဆိုလိုတာက ယွီအာနဲ့ ရိုရွှယ်က ချင်းယို ဧကရာဇ်မြို့တော်ကနေ ထွက်သွားကြပြီပေါ့..."

ယဲ့ကျင်းလင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "အဲဒါက စစ်သူကြီး ချင်ဝူဟွေ့ ပြောတာပါ... ကျေးဇူးပြုပြီး ညွှန်ကြားပေးပါ အရှင်မင်းကြီး..."

နန်ကုန်းအောက်ထျန်း၏ အမူအရာက အနည်းငယ် မည်းမှောင်သွား၏။ မနေ့က နန်ကုန်းရိုရွှယ်၏ အမူအရာက အမှန်တကယ်ပင် အနည်းငယ် ထူးဆန်းနေခဲ့ရာ သူမက တစ်စုံတစ်ခုကို ကြားသွားခဲ့ခြင်း ဖြစ်ရမည်ဟု သူ ပြန်လည်အမှတ်ရသွားသည်။

ဒါပေမဲ့ ဒီကောင်လေးက ယွီအာကို ဘယ်လိုလုပ်ပြီး အပြင်ကို ခေါ်ထုတ်သွားနိုင်တာလဲ။ သူမ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အဆင်အခြင်မဲ့ရတာလဲ။

နေဦး။

နန်ကုန်းအောက်ထျန်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ခံစားမိပြီး အလျင်အမြန် မေးမြန်းလိုက်၏။ "မင်း ခုနက ချင်ဝူဟွေ့လို့ ပြောလိုက်တာလား..."

"ဟုတ်ပါတယ်..."

ယဲ့ကျင်းလင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "အရှင်မင်းကြီး... စစ်သူကြီး ချင်ဝူဟွေ့က မင်းသမီးနဲ့ အတူမရှိပုံရပါတယ်... မင်းသမီးက မြင့်မြတ်နယ်မြေကို သွားတာ တခြားအစေခံတွေက အဲဒီအကြောင်းကို မသိကြပါဘူး..."

"ငါ နားလည်ပြီ... မင်း သွားလို့ရပြီ..."

နန်ကုန်းအောက်ထျန်းက လက်ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။ "ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောရဘူး..."

"အမိန့်တော်အတိုင်းပါ..."

ယဲ့ကျင်းလင်က သဘောတူလိုက်ပြီး မတ်တတ်ရပ်ကာ ခေါင်းငုံ့ပြီး ခန်းမဆောင်ထဲမှ ထွက်ခွာလာခဲ့ကာ လှည့်ပြီး အလျင်အမြန် လျှောက်သွားခဲ့သည်။

သူမ ထွက်သွားသည်ကို မြင်ချိန်၌ နန်ကုန်းအောက်ထျန်းက မိန်းမစိုး ယန်ကို လက်ဝှေ့ယမ်းပြလိုက်၏။ "မင်းလည်း ထွက်သွားလို့ ရပြီ..."

"ဟုတ်ကဲ့ပါ အရှင်..." မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းငုံ့ကာ သဘောတူလိုက်ပြီးနောက် ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်။

နန်ကုန်းအောက်ထျန်းက တွေးတောနေပုံဖြင့် နဂါးပလ္လင်ပေါ်တွင် မှီထိုင်လိုက်ပြီး သူ၏ အကြည့်က ခန်းမပြင်ပသို့ ဖြည်းညင်းစွာ ရောက်ရှိသွားသည်။

All Chapters