← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း ၁၄၇ အဆုံးသတ် တိုက်ခိုက်မှု

နန်ကုန်းယွီက ချန်လီချွန်းနှင့် အခြားသုံးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုးတိတ်စွာ ရယ်မောလိုက်ပြီး ပြောဆိုလာ၏။ "သူတို့ရဲ့ စစ်မှန်တဲ့ အသွင်အပြင်ကို ဖုံးကွယ်ထားတဲ့သူတွေထက် ဒီလှပတဲ့ အစ်မကြီးကို ကျွန်တော် ပိုသဘောကျတယ်..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က သူမ၏ နှုတ်ခမ်းထောင့်များကို အနည်းငယ် ကွေးညွတ်လိုက်ကာနောက်ပြောင်လိုက်သည်။

"ကောင်စုတ်လေး... မင်းရဲ့ အကဲဖြတ်မှုက မဆိုးပါဘူး... ဒါပေမဲ့ မင်းက အရမ်း တစ်ဖက်သတ် ဆန်လွန်းနေတယ်..."

ချန်လီချွန်းနှင့် အခြားသုံးဦး၏ အမူအရာများက ကွဲပြားသွား၏။ ချန်လီချွန်း၏ ဝမ်းသာမှုနှင့် နှိုင်းယှဉ်ပါက အနက်ရောင်ဝတ် လူသုံးယောက်၏ အမူအရာများက မည်းမှောင်သွားပြီး သူတို့၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်နေသည်။

ခေါင်းဆောင်ဖြစ်သူ၏ မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေ၏။ "မိတ်ဆွေ... ဒီကိစ္စကို သေချာ ပြန် စဉ်းစားတာ ပိုကောင်းမယ်..."

နန်ကုန်းယွီက အထင်အမြင်သေးစွာ ပြုံးလိုက်ပြီး နန်ကုန်းရိုရွှယ်ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။ "အစ်မရွှယ်... သူက ကျွန်တော်တို့ကို ခြိမ်းခြောက်နေတယ်... သူ့တို့ကို သတ်ရဲဘူးလား..."

"ဒါပေါ့..."

နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အနက်ရောင်ဝတ် လူသုံးယောက်ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်၏။

"ဒီကနေ ထွက်သွား... မဟုတ်ရင် သေမယ်..."

ဤသည်ကို ကြားချိန်၌ အနက်ရောင်ဝတ် လူသုံးယောက်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေပုံရသည်။

ထို့နောက် သူတို့က နန်ကုန်းရိုရွှယ်နှင့် သူမ၏အဖော်ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ ပြောဆိုလိုက်၏။

"မင်းတို့ နောင်တမရဖို့ မျှော်လင့်တယ်..."

ထိုသို့ပြောပြီးနောက် သူတို့က ထွက်ခွာရန် လှည့်လိုက်ကြသည်။

ဤသည်ကို မြင်ချိန်၌ နန်ကုန်းယွီက သတိပေးသည့်အနေဖြင့် တိုးတိတ်စွာ ပြောဆိုလိုက်၏။ "အစ်မရွှယ်... သူတို့သုံးယောက်က အလစ်အငိုက် တိုက်ခိုက်ဖို့ စီစဉ်နေတာ..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်၏ အမူအရာက တင်းမာသွားသည်။ သူမက သူမ၏ နောက်ကျောဘက်တွင် လက်သင်္ကေတ တစ်ခု ပြုလုပ်လိုက်ရာ သူမ၏ နောက်တွင် အဆင့်မြင့် ဝိညာဉ်ရတနာ ဓားတစ်လက် တိတ်ဆိတ်စွာ ပေါ်လာပြီး ပစ်လွှတ်ရန် အသင့်ဖြစ်နေခဲ့၏။

ထိုအချိန်မှာပင် အနက်ရောင်ဝတ် လူသုံးယောက်က သူတို့၏ အငွေ့အသက်ကို ရုတ်တရက် ထုတ်လွှတ်လိုက်ကြသည်။ သူတို့ထဲမှ နှစ်ယောက်က နန်ကုန်းရိုရွှယ်နှင့် သူမ၏အဖော်ဆီသို့ တိုက်ရိုက် ပြေးဝင်လာပြီး ကျန်တစ်ယောက်က ချန်လီချွန်းဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

အကယ်၍ သူတို့က ဤနည်းဗျူဟာကို သာမန် နတ်ဘုရားပေါင်းစည်းခြင်းအဆင့် တစ်ဦးနှင့် အသုံးပြုခဲ့လျှင် သေချာပေါက် ထိရောက်မှု ရှိမည်ဖြစ်သော်လည်း နန်ကုန်းရိုရွှယ်နှင့် သူမ၏အဖော်ကို ကြုံတွေ့ရချိန်၌ သူတို့ ဘာလုပ်နိုင်မည်နည်း။

ထို့ထက်ပိုသည်မှာ သူတို့အထဲတွင် နန်ကုန်းယွီကဲ့သို့သော ညီငယ် နံပါတ်ခြောက်တစ်ယောက်လည်း ရှိနေသေးသည်လေ။

နန်ကုန်းယွီကို တိုက်ခိုက်ရန် သူတို့၏ ဆန္ဒရှိမှုက သူတို့၏ တာဝန် ကျရှုံးရန် သတ်မှတ်ခံထားရပြီဖြစ်ကြောင်း ဆိုလိုပေသည်။

နန်ကုန်းရိုရွှယ်က လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ဓားတစ်လက်က ကောင်းကင်ကို ခွဲဖြတ်သွားပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများကို ချက်ချင်း ချေဖျက်ပစ်လိုက်သည်။

" ဒုက္ခပဲ... သူ့မှာ အဆင့်မြင့် ဝိညာဉ်ရတနာ ရှိတယ်..."

အနက်ရောင်ဝတ် လူနှစ်ယောက်က လန့်ဖြန့်စွာ အော်ဟစ်လိုက်ကြသော်လည်း ကောင်းကင်ကို ခွဲဖြတ်လာသော ဝိညာဉ်ဓားကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ သူတို့တွင် ရှောင်တိမ်းရန် အချိန်မရှိခဲ့ဘဲ သူတို့ထဲမှ တစ်ယောက်မှာ ဝိညာဉ်ဓားဖြင့် နဖူးကို အပေါက်ဖောက်ခံလိုက်ရ၏။

သိစိတ်ဝိညာဉ်က ပြိုကွဲသွားပြီး လုံးလုံးလျားလျား သေဆုံးသွားခဲ့သည်။

ဤသည်ကို မြင်ချိန်၌ အခြားတစ်ယောက်က လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

သူတို့၏ ကျင့်ကြံမှုအဆင့်က နန်ကုန်းရိုရွှယ်ထက် နိမ့်ကျနေပြီဖြစ်ပြီး နန်ကုန်းရိုရွှယ်က သူတို့၏ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာထက် သာလွန်သော ပိုမိုအားကောင်းသည့် အဆင့်မြင့် ဝိညာဉ်ရတနာကိုပင် ထုတ်ယူလာခဲ့ရာ မပြေးလျှင် သေချာပေါက် သေရမည်သာ ဖြစ်သည်။

အခြားတစ်ဖက်တွင် ချန်လီချွန်းကို တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ် လူသည်လည်း သူတို့၏ အော်ဟစ်သံများကို သဘာဝကျကျ ကြားလိုက်ရသော်လည်း အံကြိတ်ကာ ချန်လီချွန်းကို အစွမ်းကုန် တိုက်ခိုက်လိုက်၏။

ဤတိုက်ခိုက်မှုကို ချန်လီချွန်းကဲ့သို့သော ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် အစောပိုင်းအဆင့် သိုင်းပညာရှင်က ရှောင်တိမ်းရန် အလွန်အားကောင်းလွန်းလှပေသည်။ အကယ်၍ သူမသာ အထိခံလိုက်ရပါက သူတို့၏ တာဝန်က သေချာပေါက် အောင်မြင်သွားမည်ဖြစ်သည်။

တွန့်ဆုတ်မနေဘဲ သူက လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား..."

"နောက်ကျသွားပြီ..."

နန်ကုန်းရိုရွှယ်၏ ကြည်လင်ပြီး အေးစက်သော အသံက ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်လာသော သူမ၏ ဝိညာဉ်ဓားက ချန်လီချွန်းဆီသို့ ဦးတည်နေသော တိုက်ခိုက်မှုကို ချက်ချင်း ချေဖျက်ပစ်လိုက်သည်။

ချက်ချင်းပင် ဝိညာဉ်ဓားက ရပ်တန့်မသွားဘဲ အနက်ရောင်ဝတ် လူနှစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့၏။

" မိတ်ဆွေ... မင်းက ကျောက်မိသားစုရဲ့ ရန်သူဖြစ်ဖို့ တကယ်ပဲ ရည်ရွယ်ထားတာလား..."

"စီနီယာ... ကျွန်တော့်ကို ချမ်းသာပေးပါ..."

သူတို့နှစ်ဦးက နောက်ဆုံးအကြိမ် အော်ဟစ်လိုက်ကြသော်လည်း ဝိညာဉ်ဓား၏ အရှိန်က သုံးဆ တိုးလာသည်ကိုသာ တွေ့လိုက်ရသည်။

"ချမ်းသာပေးပါ... အား..."

ဒုတိယလူ လဲကျသွားချိန်၌ နောက်ဆုံးကျန်ရစ်သော အနက်ရောင်ဝတ် လူ၏ အမူအရာက အလွန်အမင်း ပြောင်းလဲသွား၏။ သူက ဓားပျံကို အလျင်အမြန် လှည့်လိုက်ပြီး ၎င်းပေါ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်သည်။

"စီနီယာ... သနားပါ..."

"စီနီယာ... ကျွန်တော် ပိုင်ဆိုင်သမျှ အားလုံးကို ပေးပါ့မယ်... ကျေးဇူးပြုပြီး ကျွန်တော့် အသက်ကို ချမ်းသာပေးပါ..."

သို့သော် ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်၏ အမူအရာက အေးစက်သွား၏။ "ငါ မင်းကို သတ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး... ဒါပေမဲ့ မင်းက ငါ့မောင်ကို တိုက်ခိုက်ပြီး ငါ့အပေါ် လက်ပါဖို့တောင် ရဲတင်းတယ်ပေါ့လေ... မင်း သေသင့်တယ်..."

သူမ စကားပြောပြီးသည်နှင့် ဝိညာဉ်ဓားက ရုတ်တရက် အရှိန်မြှင့်သွားပြီး အနက်ရောင်ဝတ် လူ၏ မျက်ခုံးကြားသို့ တိုက်ရိုက် စိုက်ဝင်သွားခဲ့သည်။

"မဟုတ်…ဘူး"

ဝိညာဉ်ဓားက သူ၏ ခေါင်းကို ဖောက်ဝင်သွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း အနက်ရောင်ဝတ် လူ၏ မျက်လုံးအိမ်များက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။

သွေးများ ပန်းထွက်သွားပြီး အနီနှင့် အဖြူရောင်များက အနက်ရောင်ဝတ် လူ၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုကို ရောင်ပြန်ဟပ်နေပေသည်။

နန်ကုန်းရိုရွှယ်က လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ဓားက သွေးနှင့် အညစ်အကြေးများကို ခါချလိုက်ပြီး သူမ၏ တန်ထျန်းအတွင်းသို့ အစွန်းအထင်းကင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သူမ၏ မျက်လုံးများတွင် သံသယအချို့ ရှိနေပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူမ ခံစားလိုက်ရသည်။

အဲဒါက...

သူမ မသတ်မီ သူတို့သုံးယောက်က ရှောင်တိမ်းခြင်း သို့မဟုတ် သိသာထင်ရှားသော ခုခံမှုတစ်စုံတစ်ရာ မပြုလုပ်ခဲ့သည့်အလားပင်။

ဒါပေမဲ့ သူတို့က ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သုံးယောက်လေ။

သူမကို အနိုင်ရဖို့ အခွင့်အရေး မရှိဘူးဆိုရင်တောင် ဒီလောက်ထိတော့ မဆိုးရွားသင့်ဘူး မဟုတ်လား။

သူမ ထပ်မမေးနိုင်မီ နန်ကုန်းယွီက တိုးတိတ်စွာ ပြောဆိုလိုက်၏။ "အစ်မရွှယ်... သူတို့ လုံးဝ မသေသေးရင် စိတ်ချရအောင် သူတို့ရဲ့ ဝိညာဉ်သန္ဓေသားတွေကို အဆုံးသတ်လိုက်... ပြီးတော့ သိုလှောင်လက်စွပ်တွေကိုလည်း ယူလိုက်..."

နန်ကုန်းရိုရွှယ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း များများစားစား မတွေးတော့ဘဲ လက်ကို မြှောက်ကာ ဝိညာဉ်ဓားကို တစ်ဖန် ဆင့်ခေါ်လိုက်သည်။

ဓားက အနက်ရောင်ဝတ် လူနှစ်ယောက်ကို လျင်မြန်စွာ ထိုးဖောက်သွားပြီး အတွင်းရှိ ဝိညာဉ်သန္ဓေသားများကို အပိုင်းပိုင်းဖြတ်ပစ်လိုက်၏။ ဓားက တတိယလူဆီသို့ ပျံသန်းသွားချိန်မှာပင် အလောင်းထဲမှ ဝိညာဉ်သန္ဓေသားတစ်ခု ထွက်ပေါ်လာပြီး အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

နှမြောစရာပင်။

နန်ကုန်းရိုရွှယ်က သူ့ကို ဘယ်လိုလုပ် ထွက်ပြေးခွင့်ပြုနိုင်မည်နည်း။

သို့မဟုတ် ပိုမိုတိကျစွာ ပြောရလျှင် နံပါတ်ခြောက် ညီငယ်လေး နန်ကုန်းယွီက သူ့ကို ဘယ်လိုလုပ် ထွက်ပြေးခွင့်ပြုနိုင်မည်နည်း။

သို့သော် ဝိညာဉ်သန္ဓေသားက ရုတ်တရက် တစ်ခဏမျှ ရပ်တန့်သွားပြီး ထိုအခိုက်အတန့်တွင် နန်ကုန်းရိုရွှယ်၏ ဓားပျံဖြင့် အပေါက်ဖောက်ခံလိုက်ရကာ ပြိုကွဲသွားပြီး ဘာမှမရှိတော့သည့် အခြေအနေသို့ ပပျောက်ကွယ်သွားခဲသည်။

ဤသည်ကို မြင်ချိန်၌ ချန်လီချွန်းက တံတွေးကို ပြင်းပြင်းမျိုချလိုက်ပြီး ကျေးဇူးတင်စကား ပြောဆိုရန် အလျင်အမြန် ရှေ့တိုးလာခဲ့သည်။ "ကျွန်မကို ကယ်တင်ပေးတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ် စီနီယာ..."

နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ် သုံးခုကို ကောက်ယူကာ သူမ၏ အင်္ကျီလက်စအိတ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်သည်။

ထို့နောက် သူမက နန်ကုန်းယွီကို ငုံ့ကြည့်လိုက်သည်။ "စစ်ချန်... မင်း ခုနက သူမရဲ့ အကူအညီ လိုတယ်လို့ ပြောတာလား..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။ "မှန်ပဲ... ကျွန်တော်တို့က ငွေလမင်းအင်ပါယာကို သွားမှာလေ... အဲဒီနေရာကို ကျွန်တော်တို့ လုံးဝ မသိဘူး... အဲဒီက လူတစ်ယောက်ယောက်ကို သိထားရင် ကိစ္စတွေ လုပ်ရတာ ပိုလွယ်လိမ့်မယ်..."

"ဒါပေမဲ့ သူတို့ရဲ့ တိုက်ပွဲမှာ ဝင်ပါတာက ကောင်းတဲ့ကိစ္စ မဟုတ်လောက်ဘူးနော်..." နန်ကုန်းရိုရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။

"အဆင်ပြေပါတယ်..." နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်၏။

"အစ်မရွှယ်ရဲ့ စွမ်းအားက မကြီးမားပေမဲ့ မအားနည်းပါဘူး... သူမက ဒီ ကျောက်မိသားစုဆိုတာဆီကနေ ထွက်ပြေးဖို့ စွမ်းရည်မရှိတာမှ မဟုတ်တာ..."

"ပြီးတော့ ကျွန်တော်တို့က ငွေလမင်းအင်ပါယာထဲကို ခေါ်သွားပေးပြီး ယေဘုယျ အခြေအနေကို ပြောပြပေးမယ့်သူပဲ လိုတာ... ချန်မိသားစုနဲ့ အတူသွားဖို့ မဟုတ်ဘူးဆိုတော့ ကြီးကြီးမားမား ပြဿနာတွေ မရှိလောက်ပါဘူး..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

နန်ကုန်းယွီ၏ ဆိုလိုရင်းကို သူမ အကြမ်းဖျင်း နားလည်သွား၏။ ချန်နှင့် ကျောက် မိသားစုတို့ကြား ပဋိပက္ခတွင် မပါဝင်ဘဲ သူတို့ကို လမ်းပြပေးမည့်သူ တစ်ဦးကိုသာ ရှာဖွေရန် မဟုတ်လား။

ချန်လီချွန်းက အလျင်အမြန် ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။ "ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်... ကျွန်မ အရမ်း ကျေးဇူးတင်မိပါတယ်... ရှင်တို့နှစ်ယောက် ကျွန်မနဲ့အတူ တောင်ကြားစခန်းထဲကို လိုက်ခဲ့လို့ ရပါတယ်... ငွေလမင်းအင်ပါယာ အကြောင်း တချို့ကို ကျွန်မ ပြောပြပါ့မယ်..."

"ပြီးတော့ ရှင်တို့နှစ်ယောက် ကျန်းလန် မြို့တော်က ချန်မိသားစုဆီ လာလည်ရင် ကျွန်မတို့ရဲ့ ချန်မိသားစုက ရှင်တို့ကို ဂုဏ်သရေရှိ ဧည့်သည်တွေအဖြစ် သေချာပေါက် ဆက်ဆံပါ့မယ်... ရှင်တို့နှစ်ယောက် မသွားချင်ရင်လည်း ကျွန်မ အတင်းအကျပ် မလုပ်ပါဘူး..."

"ဒါပေမဲ့ ကျွန်မ သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ တောင်ကြားစခန်းထဲ ရောက်ပြီးတာနဲ့ ရှင်တို့နှစ်ယောက်လုံးကို ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ ရက်ရောတဲ့ လက်ဆောင်တွေ ပြင်ဆင်ပေးပါ့မယ်..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်၏။ "အခမ်းအနားတွေ မလိုပါဘူး အစ်မ... ကျွန်တော်က ရှန်ကွမ်စစ်ချန် ပါ... ဒါက ကျွန်တော့်ရဲ့ အစ်မဝမ်းကွဲ ဟန်ရွှယ် ပါ... ကျွန်တော်တို့က ချင်းယိုအင်ပါယာက လာတာပါ... ငွေလမင်းအင်ပါယာကို ခဏလောက် ခရီးသွားချင်လို့ပါ..."

ချန်လီချွန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။ "မင်္ဂလာပါ မောင်လေး စစ်ချန်... မင်္ဂလာပါ စီနီယာ ဟန်..."

နန်ကုန်းရိုရွှယ်က တည်ငြိမ်နေပြီး တိုးတိတ်စွာ ပြောဆိုလိုက်၏။ "သွားကြစို့... အရင် ဟိုဘက်ကို သွားပြီး ကျန်တဲ့သူတွေကို အမြန်ဆုံး ရှင်းလိုက်ရအောင်... အဲဒီနောက် ငါတို့ ငွေလမင်းအင်ပါယာကို ဝင်ကြမယ်..."

ချန်လီချွန်းက ဟိုဘက်ကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ အမူအရာက အနည်းငယ် စိုးရိမ်နေ၏။ "ဒီစီနီယာရဲ့ အကူအညီ လိုအတွက်... ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်..."

နန်ကုန်းရိုရွှယ်က ဘာမှထပ်မပြောတော့ဘဲ အနည်းငယ် ခေါင်းညိတ်လိုက်သည်။

နန်ကုန်းယွီက တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ရွှေရောင်နှင့် ငွေရောင် မျက်နှာဖုံး နှစ်ခုကို ထုတ်ယူလိုက်သည်။

အခန်း ၁၄၈ အဝင် စာရင်းသွင်းခြင်း

"အစ်မရွှယ်... ဒါက အဆင့်မြင့် ဝိညာဉ်ရတနာတွေပါ... တခြားသူတွေ ချောင်းကြည့်တာကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်တယ်... တစ်ခု ရွေးပြီး ယူသွားလိုက်..."

နန်ကုန်းယွီက ရွှေရောင်နှင့် ငွေရောင် မျက်နှာဖုံး နှစ်ခုကို ထုတ်ယူလိုက်ပြီး နန်ကုန်းရိုရွှယ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်၏ အကြည့်က မျက်နှာဖုံးနှစ်ခုပေါ်သို့ ကျရောက်သွားရာ ထူးခြားသော ဒီဇိုင်းရှိပြီး နှာခေါင်းအထက်ရှိ မျက်နှာအပေါ်ပိုင်းကိုသာ ဖုံးကွယ်ထားပုံရကြောင်း တွေ့ရှိလိုက်ရသည်။

ထို့ပြင် မျက်နှာဖုံးနှစ်ခုက ရွှေရောင်နှင့် ငွေရောင် ဖြစ်နေပြီး စုံတွဲမျက်နှာဖုံး တစ်စုံကဲ့သို့ တူညီနေပေသည်။

နန်ကုန်းရိုရွှယ်က မျက်တောင်ခတ်လိုက်ပြီး ငွေရောင် မျက်နှာဖုံးကို အလျင်အမြန် ယူလိုက်၏။ "ကျေးဇူးပဲ စစ်ချန်... ငါ ဒါကို လိုချင်တယ်..."

ထိုသို့ပြောပြီးနောက် သူမက လက်ချောင်းထိပ်မှ သွေးတစ်စက်ကို ထုတ်ယူကာ ပိုင်ရှင်အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်ကို အလျင်အမြန် ပြီးစီးစေလိုက်ပြီး မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။

မျက်နှာဖုံး တပ်ဆင်လိုက်သည့် အခိုက်အတန့်တွင် နန်ကုန်းရိုရွှယ်သည် လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာသော်လည်း ဖော်ပြ၍မရနိုင်လောက်အောင် သာမန်ကျသော ခံစားချက်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ရွှေရောင် မျက်နှာဖုံးကို သူ၏ပိုင်ဆိုင်မှုအဖြစ် လက်ခံလိုက်ကာ မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။

ထို့နောက် သူက ချန်လီချွန်းကို ကြည့်ကာ ပြောဆိုလိုက်၏။ "အစ်မ ချန်... ဟိုဘက်ကို သွားကြစို့..."

"ကောင်းပြီ..." ချန်လီချွန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

မကြာမီ သူတို့သုံးဦးသည် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သော နေရာသို့ ရောက်ရှိသွားကြသည်။

သို့သော် အခင်းဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် အနက်ရောင်ဝတ် လူများနှင့် ချန်လီချွန်း၏ အစောင့်များ အပါအဝင် အလောင်းများစွာ ပြန့်ကျဲနေသော်လည်း ချန်လီချွန်း၏ အစောင့်အလောင်းများက များစွာ ပိုများပြားနေပေသည်။

ထိုအတောအတွင်း အစောင့် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်က အနက်ရောင်ဝတ် လူနှစ်ဆယ်ကျော်၏ တိုက်ခိုက်မှုကို ဟန့်တားရန် ရုန်းကန်နေရပြီး သူတို့က လုံးဝ အရေးနိမ့်တော့မည့်ပုံ ပေါ်နေသည်။

အနည်းငယ် ဝေးသောနေရာတွင် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် နောက်ပိုင်းအဆင့်ရှိ ကျင့်ကြံသူ နှစ်ဦးက တိုက်ခိုက်နေကြသော်လည်း အနက်ရောင်ဝတ် လူက အနည်းငယ် အသာစီးရနေသည်။

ဤသည်ကို မြင်ချိန်၌ ချန်လီချွန်းက နန်ကုန်းရိုရွှယ်ကို အလျင်အမြန် ကြည့်လိုက်ပြီး နက်ရှိုင်းစွာ ခေါင်းငုံ့ကာ ပြောဆိုလိုက်၏။ "စီနီယာ့ရဲ့ အကူအညီကို တောင်းခံပါတယ်..."

နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်ပြီး လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်ရာ တန်ထျန်းမှ ဝိညာဉ်ဓားတစ်လက် ပျံထွက်လာပြီး အနက်ရောင်ဝတ် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

အနက်ရောင်ဝတ် လူက ရုတ်တရက် သတိပေးသံတစ်ခုကို ခံစားလိုက်ရပြီး မျက်လုံးထောင့်မှ အလျင်အမြန် တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးအိမ်များက ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပျံသန်းခြင်း ဓားတစ်လက်က သူ၏ ခေါင်းဆီသို့ တန်းတန်းမတ်မတ် ပစ်ခတ်လာခဲ့သည်။ "နတ်ဘုရားပေါင်းစည်းခြင်းအဆင့်က တိုက်ခိုက်မှုလား..."

သူက အံ့အားသင့်စွာ အာမေဍိတ်သံပြုလိုက်ပြီး ရှောင်တိမ်းရန် ပြင်လိုက်စဉ် သူ၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ဘာဖြစ်နေလဲဆိုတာ သူ သတိပြုမိချိန်မှာတော့ သူ၏ ခေါင်းက ဖောက်ဝင်ခံလိုက်ရပြီး သူ၏ နတ်ဘုရားစံအိမ်က ပြိုကျသွားကာ သူ၏ သိစိတ်ဝိညာဉ်က ပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။

ဤမြင်ကွင်းက အနီးအနားတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကို တုန်လှုပ်သွားစေပြီး သူမက မီတာဆယ်ကျော် အလျင်အမြန် နနောက်ဆုတ်သွားခဲ့သည်။

သို့သော် ထို့နောက် ဝိညာဉ်ဓားက ရုတ်တရက် လှည့်လာပြီး အနက်ရောင်ဝတ် လူ၏ တန်ထျန်းနှင့် ဝိညာဉ်သန္ဓေသားကို အပိုင်းပိုင်းဖြတ်ပစ်လိုက်ကာ အဝေးသို့ ပျံသန်းသွားခဲ့သည်။

ဤသည်ကို မြင်ချိန်၌ သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ချန်လီချွန်းနှင့် အခြားနှစ်ဦးဆီသို့ အကြည့်လွှဲလိုက်သည်။

ချန်လီချွန်း အန္တရာယ်ကင်းကြောင်း မြင်တွေ့ရချိန်၌ သူမက ဝမ်းသာအားရဖြစ်သွားကာ အလျင်အမြန် ပျံသန်းလာခဲ့သည်။ "သခင်မလေး... အဆင်ပြေရဲ့လား..."

ချန်လီချွန်းက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်၏။ "အဒေါ်ကြီး ကျိန့်... ကျွန်မ အဆင်ပြေပါတယ်... ကျွန်မဘေးက ဒီလူနှစ်ယောက်က စီနီယာ ဟန် နဲ့ ရှန်ကွမ်စစ်ချန် ပါ... ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ စီနီယာ ဟန် ကို ကျေးဇူးတင်ပါတယ်... မဟုတ်ရင် ကျွန်မ သေသွားလောက်ပြီ..."

ဤသည်ကို ကြားချိန်၌ အဒေါ်ကြီး ကျိန့်က နန်ကုန်းရိုရွှယ်ကို ကြည့်လိုက်ပြီး နက်ရှိုင်းစွာ ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။ "ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ..."

နန်ကုန်းရိုရွှယ်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"ကျန်တဲ့ အနက်ရောင်ဝတ် လူတွေကို အရင်သွားရှင်းလိုက်ပါ... သူတို့ ရေးနိမ့်တော့မယ် ထင်တယ်..."

ဤသည်ကို ကြားချိန်၌ အဒေါ်ကြီး ကျိန့်က အနည်းငယ် အံ့အားသင့်သွားသည်။ သူမက အောက်သို့ ငုံ့ကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းငုံ့ကာ ပြောဆိုလိုက်၏။ "စီနီယာ... ကျေးဇူးပြုပြီး ခဏစောင့်ပါ... ကျွန်မ ချက်ချင်း ပြန်လာခဲ့ပါ့မယ်..."

ထိုသို့ပြောပြီးနောက် သူမက ကူညီရန် အလျင်အမြန် ပြေးသွားခဲ့သည်။

သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ သေဆုံးသွားသည်ကို မြင်တွေ့ရသဖြင့် အနက်ရောင်ဝတ် လူများမှာ ယခုအခါ ထိတ်လန့်နေကြပြီ ဖြစ်၏။

"တာဝန် ကျရှုံးပြီ... ပြေးကြ..."

"ပြေး..."

ဝိညာဉ်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော အဒေါ်ကြီး ကျိန့်က ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ထားသည်ကို မြင်တွေ့ရချိန်၌ အနက်ရောင်ဝတ် လူအုပ်စုက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အရပ်မျက်နှာ အနှံ့အပြားသို့ လူစုကွဲသွားကြသည်။

ဤသည်ကို မြင်ချိန်၌ အဒေါ်ကြီး ကျိန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူမ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အနက်ရောင်ဝတ် လူ တစ်ဝက်ကျော်ကို ထွက်ပြေးခွင့်ပြုလိုက်ရဆဲဖြစ်ရာ ယင်းက သူမကို အနည်းငယ် ကြည့်ရဆိုးသွားစေခဲ့သည်။

ထိုအချိန်မှာပင် ချန်လီချွန်းနှင့် အခြားနှစ်ဦးလည်း ဆင်းသက်လာခဲ့ကြသည်။

ချန်လီချွန်းက သေဆုံးသွားသော အစောင့်များကို ကြည့်လိုက်ရာ သူမ၏ အမူအရာတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သူမက ပြင်းပြင်းရှူလိုက်ပြီး ပြောဆိုလိုက်၏။

"သေဆုံးသွားတဲ့သူတွေရဲ့ အလောင်းတွေကို ကောက်ယူဖို့ သေဆုံးသွားတဲ့သူတွေရဲ့ သိုလှောင်လက်စွပ်တွေကို သုံးပြီး သူတို့ရဲ့ မိသားစုတွေဆီ ပြန်ပို့ပေးပါ...ထောက်ပံ့ကြေးကို နှစ်ဆပေးလိုက်ပါ..."

"ကျေးဇူးတင်ပါတယ် သခင်မလေး..."

အသက်ရှင်ကျန်ရစ်သော အစောင့် ခုနစ်ယောက်၊ ရှစ်ယောက်မှာလည်း ဝမ်းနည်းနေပုံရသော်လည်း ချန်လီချွန်း၏ စကားကို ကြားချိန်၌ သူတို့က ကျေးဇူးတင်စွာဖြင့် ခေါင်းငုံ့လိုက်ကြသည်။

အစောင့်များအနေဖြင့် သူတို့လည်း တစ်နေ့ သေဆုံးရမည် ဖြစ်၏။ ဤသေဆုံးသွားသူများ၏ နေ့ရက်သည် သူတို့၏ မနက်ဖြန် ဖြစ်နိုင်သဖြင့် သဘာဝကျကျ သူတို့အတွက် ကိုယ်ချင်းစာမိပေသည်။

ထုပ်ပိုးပြီးနောက် လူတိုင်းက ထပ်မံထွက်ခွာလာခဲ့ကြသည်။

ချန်လီချွန်းက ပျံသန်းခြင်း လှေငယ်တစ်စင်းကို ဆင့်ခေါ်လိုက်ပြီး လူအုပ်စုက ၎င်းပေါ်သို့ တက်ကာ ကျွီပေ တောင်ကြားစခန်းဆီသို့ ဦးတည်သွားခဲ့ကြသည်။

ပျံသန်းခြင်း လှေအတွင်း၌ ချန်လီချွန်းနှင့် အခြားသုံးဦးက မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ချန်လီချွန်းက နန်ကုန်းရိုရွှယ်ကို ငွေလမင်းအင်ပါယာအကြောင်းနှင့် နန်ကုန်းရိုရွှယ်နှင့် သူမ၏အဖော်တို့ သတိထားရမည့် ၎င်းအတွင်းရှိ အင်အားစု အသီးသီးအကြောင်း ပြောပြနေခဲ့သည်။

အံ့ဩစရာကောင်းသည်မှာ ကျန်ခရီးစဉ်အတွင်း သူတို့သည် မည်သည့် ဓားပြတိုက်မှုနှင့်မျှ မကြုံတွေ့ခဲ့ရချေ။

မကြာမီ ပျံသန်းလှေသည် ကျွီပေ တောင်ကြားစခန်း အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ချန်လီချွန်းက နန်ကုန်းရိုရွှယ်နှင့် အခြားတစ်ယောက်ကို ကြည့်လိုက်၏။ "စီနီယာ ဟန်... မောင်လေး စစ်ချန်... တခြားနိုင်ငံက လူတွေက နိုင်ငံထဲ မဝင်ခင် စာရင်းသွင်းဖို့ လိုတယ်လေ... ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပါ..."

နန်ကုန်းယွီနှင့် သူမ၏အဖော်က ခေါင်းညိတ်လိုက်ပြီး လူအုပ်စုက ကျွီပေ တောင်ကြားစခန်း အဝင်အထွက် မှတ်ပုံတင်သည့် နေရာသို့ ရောက်ရှိသွားကြသည်။

ချန်လီချွန်းက ရှေ့သို့ လှမ်းလာပြီး မှတ်ပုံတင်ကောင်တာရှိ သက်လတ်ပိုင်းအရွယ် စာရေးနှင့် စကားအနည်းငယ် ပြောဆိုလိုက်ကာ သိုလှောင်လက်စွပ် တစ်ခုကို တိတ်တဆိတ် ကမ်းပေးလိုက်သည်။

ထိုသူက နန်ကုန်းရိုရွှယ်နှင့် သူမ၏အဖော်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူမက နန်ကုန်းယွီနှင့် အခြားတစ်ယောက်ကို ကြည့်ကာ မေးမြန်းလိုက်၏။ "လူကြီးမင်းတို့ရဲ့ နောက်ခံက ဘာလဲ..."

နန်ကုန်းယွီက ရှေ့သို့ လှမ်းလာပြီး အရိုအသေပေးကာ ပြုံးလိုက်သည်။ "မင်္ဂလာပါ လူကြီးမင်း... ကျွန်တော်က ချင်းယိုအင်ပါယာက ရှန်ကွမ်စစ်ချန် ပါ... ကျွန်တော့်ဘေးကတော့ အစ်မဝမ်းကွဲ ဟန်ရွှယ် ပါ..."

တာဝန်ခံ သက်လတ်ပိုင်းအရွယ် လူက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ "ချင်းယိုအင်ပါယာလား... ဧကရာဇ်မြို့တော် ရှန်ကွမ်မိသားစုက လူတွေလား..."

နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလိုက်သည်။ "လူကြီးမင်းက ကျွန်တော်တို့ကို မြှောက်ပင့်နေတာပါ... ကျွန်တော်တို့က ဧကရာဇ်မြို့တော်ရဲ့ ရှန်ကွမ်မိသားစုက မဟုတ်ပါဘူး... ထျန်းလော့ မြို့တော်က မိသားစုငယ်လေးက လာတာပါ..."

တာဝန်ခံ သက်လတ်ပိုင်းအရွယ် လူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆက်မေးလိုက်၏။ "ဘယ်လို စွမ်းအားမျိုး ရှိလဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။ "ကျွန်တော်က အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းအဆင့်ပါ... ကျွန်တော့် အစ်မဝမ်းကွဲက နတ်ဘုရားပေါင်းစည်းခြင်းအဆင့် အစောပိုင်းအဆင့်ပါ..."

ဤသည်ကို ကြားချိန်၌ သက်လတ်ပိုင်းအရွယ် လူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး နန်ကုန်းရိုရွှယ်အပေါ် ပို၍ လလေးစားလာခဲ့သည်။

သို့သော် ထို့နောက် သူမက အနည်းငယ် နားမလည်နိုင်စွာဖြင့် ပြောဆိုလာသည်။ "မင်းတို့နှစ်ယောက်က သိပ်အသက်ကြီးပုံ မပေါ်ဘူးနော်... လူငယ် မိသားစုတစ်စုက ဘယ်လိုလုပ်ပြီး ဒီလို ကျင့်ကြံမှုမျိုး ရှိနေရတာလဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး မာနမကြီးသလို နှိမ့်ချမှုလည်း မရှိဘဲ ပြောဆိုလိုက်၏။ "အကြီးအကဲ... အကြီးအကဲ မသိတာ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ထျန်းလော့ မြို့တော်က ရှန်ကွမ်မိသားစုက ကျွန်တော့်ဦးလေးက စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတာပါ... သူက ကျွန်တော်တို့ နှစ်ယောက်မှာ ပါရမီကောင်းတယ် ဆိုတာ မြင်တော့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အများကြီး ပေးခဲ့တာပါ..."

တာဝန်ခံ သက်လတ်ပိုင်းအရွယ် လူက ဘာကိုမှ သံသယမဝင်ခဲ့ချေ။ သို့မဟုတ် လာဘ်စားထားသောကြောင့် ကိစ္စကို ဆက်လက် မစုံစမ်းခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် ထို့နောက် သူမက ထပ်မေးလိုက်၏။ "မင်းတို့နှစ်ယောက် ငွေလမင်းအင်ပါယာကို ဘာကိစ္စများ ရှိလို့ လာတာလဲ..."

နန်ကုန်းယွီက နန်ကုန်းရိုရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မောကာ ပြောဆိုလိုက်သည်။ "တခြားနည်းလမ်း မရှိပါဘူး... အစ်မဝမ်းကွဲရဲ့ မိသားစုက သူ့ကို အိမ်ထောင်ပြုဖို့ ဖိအားပေးနေလို့လေ... ဒါကြောင့် သူက ကျွန်တော့်ကို အိမ်ကနေ ခေါ်ထုတ်လာပြီး မုန်တိုင်းကို ရှောင်ဖို့ ငွေလမင်းအင်ပါယာကို ခဏလောက် လာခဲ့မယ်လို့ တွေးလိုက်မိတာပါ..."

ဤသည်ကို ကြားချိန်၌ တာဝန်ခံ သက်လတ်ပိုင်းအရွယ် လူက သဘောတူခြင်း၊ မတူခြင်း မရှိဘဲ တံဆိပ်ပြား နှစ်ခုကို ထုတ်ယူလိုက်သည်။

သို့သော် သူမက လေးနက်စွာ ပြောဆိုလိုက်သည်။ "မင်းတို့အားလုံး စည်းကမ်းတွေကို သိမယ်လို့ ထင်ပါတယ်... အသိအမှတ်ပြုမှုကို ပြီးစီးဖို့ တံဆိပ်ပြားထဲကို ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်ရင် ငွေလမင်းအင်ပါယာကို ဖြတ်သန်းခွင့်ရပါပြီ... ဒါပေမဲ့ တံဆိပ်ပြား ပျောက်သွားရင် ငွေလမင်းအင်ပါယာကို ဝင်ခွင့် ဒါမှမဟုတ် ထွက်ခွင့် ရမှာ မဟုတ်ဘူး..."

နန်ကုန်းယွီက ပြုံးကာ တံဆိပ်ပြားကို လက်ခံလိုက်ပြီး သိုလှောင်လက်စွပ် တစ်ခုကို တိတ်တဆိတ် ကမ်းပေးကာ ပြုံးရင်း ပြောဆိုလိုက်သည်။"ကျေးဇူးတင်ပါတယ်..."

All Chapters