အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း ၁၄၉ ခရီးစဉ်က အခုမှ စရုံပဲ ရှိသေးတယ်
တာဝန်ခံ သက်လတ်ပိုင်းအရွယ် လူက သိုလှောင်လက်စွပ်ကို တိတ်တဆိတ် လက်ခံလိုက်ပြီး သူမ၏ အပြုံးက နူးညံ့သွား၏။ "အခမ်းအနားတွေ မလိုပါဘူး... ငါ့ရဲ့ ငွေလမင်းအင်ပါယာမှာ ပြဿနာ မရှာသရွေ့ ရပါပြီ..."
"သေချာပေါက် မရှာပါဘူး..."
နန်ကုန်းယွီက ပြုံးလိုက်သော်လည်း သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ထပ်ဖြည့်လိုက်၏။တခြားသူတွေက ကျွန်တော့်ကို မစော်ကားသရွေ့ ကျွန်တော်ကလည်း တခြားသူတွေကို စော်ကားမှာ မဟုတ်ပါဘူး။
သူတို့နှစ်ဦးက တံဆိပ်ပြားကို ရရှိပြီးနောက် လူအုပ်စုက ကျွီပေ တောင်ကြားစခန်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
လူအုပ်စု ကျွီပေ တောင်ကြားစခန်းအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချန်လီချွန်းက နန်ကုန်းရိုရွှယ်ကို အနည်းငယ် ပြုံးပြကာ ပြောဆိုလိုက်၏။ "စီနီယာ ဟန်... မောင်လေး စစ်ချန်... ကျွန်မရဲ့ ချန်မိသားစုက ကျွီပေ တောင်ကြားစခန်းမှာ စီးပွားရေးလုပ်ငန်း တစ်ခု ရှိပါတယ်... ကျန်းလန် မြို့တော်ကို မထွက်ခွာခင် အဲဒီကိုသွားပြီး စကားနည်းနည်းလောက် ပြောကြမလား... ကျွန်မကို အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ဝတ်ကျေပွန်ခွင့် ပြုပါ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က နန်ကုန်းယွီကို ကြည့်လိုက်သည်။ ယခုအချိန်တွင်ပင် သူမက မောင်ဖြစ်သူ၏ စကားကို နားထောင်ရန် ဆန္ဒရှိနေသေးသည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မ ချန်... ဒါပေမဲ့ အစ်မရွှယ်နဲ့ ကျွန်တော်က ခရီးထွက်ဖို့ စီစဉ်ထားတာဆိုတော့ လောလောဆယ် ကျန်းလန် မြို့တော်ကို သွားမှာ မဟုတ်ဘူး..."
"နောင်တစ်ချိန် ကျွန်တော်တို့ ကျန်းလန် မြို့တော်ကို ရောက်ဖို့ ကံကြမ္မာပါလာရင် အစ်မ ချန်ဆီကို သေချာပေါက် လာလည်ပါ့မယ်..."
ဤသည်ကို ကြားချိန်၌ ချန်လီချွန်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ "မောင်လေး စစ်ချန်... ကျွန်မက စီနီယာ ဟန်နဲ့ မင်းကို ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက်တောင် ကျေးဇူးမတင်ရသေးဘူးလေ... ရှင်တို့က ကျွန်မကို ကျေးဇူးဆပ်ဖို့ အခွင့်အရေး မပေးချင်ဘူးလား..."
နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်သည်။ "အစ်မ ချန်... အဲဒီအကြောင်းကို စိတ်ပူမနေပါနဲ့... မတရားမှုကို မြင်လို့ ဝင်ကူညီပေးခဲ့ရုံပါပဲ..."
"အဲဒါအပြင် အစ်မက ကျွန်တော်တို့ကို အသုံးဝင်တဲ့ သတင်းအချက်အလက် အများကြီး ပေးခဲ့သလို ကျွီပေ တောင်ကြားစခန်းထဲကိုတောင် ခေါ်လာပေးသေးတယ်လေ... ကျွန်တော်တို့ကသာ အစ်မကို ကျေးဇူးတင်သင့်တာပါ..."
ချန်လီချွန်းက တွန့်ဆုတ်နေပုံရပြီး အနေခက်စွာ ပြုံးလိုက်၏။ "ရှင်တို့နှစ်ယောက် ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးနဲ့ ယှဉ်ရင် ကျွန်မ လုပ်ပေးခဲ့တာတွေက ဘာမှမဟုတ်ပါဘူး..."
"အစ်မကလည်း ငယ်တော့တာ မဟုတ်ဘူး..." နန်ကုန်းယွီက ပြုံးကာ ပြောဆိုလိုက်သည်။ "အစ်မ ချန်... စိတ်မပူပါနဲ့... ကျွန်တော်တို့ တစ်နေ့ ပြန်ဆုံတွေ့ကြမှာပါ..."
ထိုသို့ပြောပြီးနောက် နန်ကုန်းယွီက နန်ကုန်းရိုရွှယ်ကို ဆွဲကာ ထွက်ခွာရန် လှည့်လိုက်သည်။
"နေပါဦး..."
ချန်လီချွန်းက နန်ကုန်းယွီကို အလျင်အမြန် တားဆီးလိုက်သည်။ " မောင်လေးစစ်ချန်... ရှင်တို့ကို ကျေးဇူးတင်ဖို့ ကျွန်မဆီမှာ များများစားစား မရှိပါဘူး... ဒါပေမဲ့ ဒီ ဝိညာဉ်ကျောက်စိမ်းကတ်ပြားနဲ့ တံဆိပ်ပြားလေးကိုတော့ လက်ခံပေးပါ..."
သူမက စကားပြောရင်း ဝိညာဉ်ကျောက်စိမ်းကတ်ပြား တစ်ခုနှင့် ရှေးဟောင်းပုံစံ တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ နန်ကုန်းယွီကို ကမ်းပေးလိုက်၏။
"ဝိညာဉ်ကျောက်စိမ်းကတ်ပြားလား..."
နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်သွားသည်။ သူ သိသလောက်ဆိုလျှင် သေမျိုးနယ်ပယ်ရှိ အင်အားစုကြီး တစ်ခုစီတိုင်းတွင် အခုတစ်ရာထက် ပိုမရှိဘူး မဟုတ်လား။
ဒီ ချန်လီချွန်းမှာ ဝိညာဉ်ကျောက်စိမ်းကတ်ပြား အမှန်တကယ် ရှိနေတယ်ပေါ့။
ပြီးတော့ သူမက အဲဒါကို ပေးဖို့တောင် စီစဉ်နေတာလား။ ဒါက အနည်းငယ် ထူးဆန်း၏။
နန်ကုန်းယွီက ဝိညာဉ်ကျောက်စိမ်းကတ်ပြားကို တစ်ချက်ကြည့်လိုက်ရာ ၎င်းအပေါ်ရှိ ဂဏန်းများကို မြင်လိုက်ရသည်။
သန်း ၄၅၀ ကျော်။
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။ "အစ်မ ချန် ပေးတဲ့အရာက သေချာပေါက် အထူးအရာတစ်ခု ဖြစ်မှာပဲ... ကျွန်တော်တို့ ဒါကို လက်မခံသင့်ပါဘူး... အစ်မ ချန်... အစ်မပဲ ပြန်ယူထားလိုက်ပါ..."
ချန်လီချွန်းက အလျင်အမြန် ပြုံးလိုက်ပြီး ဝိညာဉ်ကျောက်စိမ်းကတ်ပြားနှင့် တံဆိပ်ပြားကို နန်ကုန်းယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ "ရှင်တို့ရဲ့ အသက်ကယ်ကျေးဇူးကို ဆပ်ဖို့ ကျွန်မမှာ တခြားနည်းလမ်း မရှိပါဘူး... ဒါက လောလောဆယ် ကျွန်မ ပေးနိုင်တဲ့ အနည်းငယ်သော ကျေးဇူးဆပ်မှုလေးပါ..."
"ဝိညာဉ်ကျောက်စိမ်းကတ်ပြားက ကျွန်မရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့ သင်္ကေတလေးတစ်ခုပါ... တံဆိပ်ပြားကတော့ ကျွန်မတို့ ချန်မိသားစုရဲ့ အမြင့်မြတ်ဆုံး တံဆိပ်ပြားဖြစ်ပြီး ကျွန်မတို့ ချန်မိသားစုရဲ့ စီးပွားရေးလုပ်ငန်း အားလုံးမှာ အခမဲ့ ဝယ်ယူခွင့်ပြုသလို ကျွန်မရဲ့ လူတွေကိုလည်း ခိုင်းစေခွင့် ပြုပါတယ်..."
"နောင်တစ်ချိန် ရှင်တို့ ကျန်းလန် မြို့တော်ကို လာလည်တဲ့အခါ ကျွန်မ ကျေးဇူးကို သေချာ ပြန်ဆပ်ပါ့မယ်..."
နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်၏။ "အစ်မ ချန်... ဒီပစ္စည်းနှစ်ခုက အရမ်း တန်ဖိုးကြီးလွန်းလို့ ကျွန်တော်တို့ လက်မခံပါရစေနဲ့..."
ချန်လီချွန်းက ခေါင်းယမ်းကာ ပြုံးလိုက်သည်။ "မရပါဘူး... ဒါက ကျွန်မရဲ့ ကျေးဇူးတင်မှုကို ပြသတဲ့ သင်္ကေတလေး တစ်ခုပါ... ကျေးဇူးပြုပြီး ငြင်းမနေပါနဲ့ စီနီယာ ဟန် နဲ့ မောင်လေး စစ်ချန်... မဟုတ်ရင် ကျွန်မ စိတ်အေးရမှာ မဟုတ်ဘူး..."
နန်ကုန်းယွီက သူမကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏။ "ကျေးဇူးတင်ပါတယ် အစ်မ ချန်... ဒါဆို အစ်မရဲ့ ကျေးဇူးတင်မှုကို ကျွန်တော် လက်ခံလိုက်ပါ့မယ်..."
"ရပါတယ်ရှင်..." ချန်လီချွန်းက သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး ပြုံးလိုက်သည်။
နန်ကုန်းယွီက ဝိညာဉ်ကျောက်စိမ်းကတ်ပြားနှင့် တံဆိပ်ပြားကို သိမ်းဆည်းလိုက်ပြီး ပြုံးကာ ပြောဆိုလိုက်၏။ "အစ်မ ချန်... ကျန်းလန် မြို့တော်ကို သွားမယ့် အစ်မရဲ့ ခရီးစဉ်က ငြိမ်းချမ်းမှာ မဟုတ်ဘူး... အစ်မ အပြည့်အဝ ပြင်ဆင်ထားဖို့ လိုတယ်နော်..."
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မောင်လေး စစ်ချန်..."
ချန်လီချွန်းက သူတို့ကို အလျင်အမြန် ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီး သူတို့နှစ်ဦး လမ်းအဆုံးတွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်၏။
ဤသည်ကို မြင်ချိန်၌ အဒေါ်ကြီး ကျိန့်က နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။ "သခင်မလေး... ဘာလို့ ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ပေးလိုက်ရတာလဲ... အဲဒါက တန်လို့လား..."
ချန်လီချွန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ပြောဆိုလိုက်၏။ "အဒေါ်ကြီး ကျိန့်... အဒေါ်ကြီး နားမလည်ပါဘူး... အသက်ကယ်ကျေးဇူးကို ကျွန်မတို့ ဘယ်တော့မှ ပြန်မဆပ်နိုင်ဘူး... ဒီပစ္စည်းနှစ်ခုက သူတို့ရဲ့ အသက်ကယ်ကျေးဇူးကို ပြန်မဆပ်နိုင်ပါဘူး..."
" ကျွန်မရဲ့ အလိုအလျောက် သိစိတ်က ပြောနေတယ်... ဒီနှစ်ယောက်က အပေါ်ယံမြင်ရသလို ရိုးရှင်းတဲ့သူတွေ လုံးဝ မဟုတ်ဘူးလို့... သူတို့နဲ့ ရင်းနှီးအောင် ကြိုးစားတာက ကျွန်မတို့ ချန်မိသားစုအတွက် ဘာအန္တရာယ်မှ မရှိပါဘူး..."
ဤသည်ကို ကြားချိန်၌ အဒေါ်ကြီး ကျိန့်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူမ သိပ်နားမလည်သော်လည်း ချန်လီချွန်း၏ ဆုံးဖြတ်ချက်ကို သူမက မေးခွန်းထုတ်၍ မရနိုင်ပေ။
"ကုန်သွယ်ရေးဖွဲ့ကို အရင်သွားစစ်ဆေးကြရအောင်... ပြီးရင် မိသားစုကို ငါတို့ကို လာကြိုဖို့ လူလွှတ်ခိုင်းလိုက်..."
ချန်လီချွန်းက စကားပြောရင်း လှည့်ကာ သူမ၏ လူများနှင့်အတူ ထထွက်ခွာသွားခဲသည်။
...
ထိုအတောအတွင်း နန်ကုန်းယွီနှင့် သူမ၏အဖော်တို့သည် တည်းခိုခန်းတစ်ခုသို့ ရောက်ရှိလာကြပြီး တစ်ခုခုစားကာ တည်းခိုရန် စာရင်းသွင်းလိုက်ကြသည်။
အခန်းထဲသို့ ရောက်ချိန်၌ နန်ကုန်းရိုရွှယ်က နန်ကုန်းယွီကို စိတ်လှုပ်ရှားစွာ ဖက်လိုက်၏။ "စစ်ချန်... မင်းက တကယ်ကို အံ့ဩစရာပဲ..."
ဤအခိုက်အတန့်တွင် ချင်းယိုမှ ထွက်ခွာလာချိန်၌ နန်ကုန်းယွီကို ခေါ်လာခဲ့ခြင်းက လုံးဝ မှန်ကန်သော လုပ်ရပ်ဖြစ်ကြောင်း သူမ အမှန်တကယ် ခံစားလိုက်ရသည်။
မနေ့ညကစပြီး ယခုအချိန်အထိ နေ့တစ်ဝက်ကျော်လေး အတွင်းမှာပင် သူတို့နှစ်ဦးက ချင်းယိုအင်ပါယာမှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီး ငွေလမင်းအင်ပါယာသို့ ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုမျှမက လူတစ်ယောက်ကို ကယ်တင်လိုက်ရုံဖြင့် ဝိညာဉ်ကျောက်တုံး သန်းလေးရာကျော်ကို အမှန်တကယ် ရရှိခဲ့ပေသည်။
ဒါက လွန်လွန်းတယ်လေ။
ဤနည်းအားဖြင့် သူတို့၏ နောက်ထပ် ခရီးစဉ်များက ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေတော့မည် ဖြစ်သည်။
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။ "အစ်မရွှယ်... အရမ်း စိတ်လှုပ်ရှားမနေပါနဲ့... ကျွန်တော်တို့ရဲ့ ခရီးစဉ်က အခုမှ စရုံပဲ ရှိသေးတယ်..."
"ဒါမှန်ပဲ..."
နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်ရာ သူမ၏ အမူအရာက အနည်းငယ် ပိုမို လေးနက်သွား၏။ ယခုအခါ သူတို့သည် ချင်းယိုအင်ပါယာ၏ ကာကွယ်ပေးထားသော ပတ်ဝန်းကျင်မှ ထွက်ခွာလာပြီး ရက်စက်သော ကျင့်ကြံသူများ၏ ကမ္ဘာကြီးကို ရင်ဆိုင်နေရပြီဖြစ်ရာ သူတို့၏ စိန်ခေါ်မှုများက အခုမှ စရုံသာ ရှိသေးပေသည်။
ဤသို့တွေးလိုက်ပြီး နန်ကုန်းရိုရွှယ်က နန်ကုန်းယွီကို ဖက်ကာ ထိုင်လိုက်ပြီး ပြုံးရင်း ပြောဆိုလိုက်၏။ "စစ်ချန်... မင်းမှာ အကြံအစည်တွေ ရှိလား... ဒါမှမဟုတ် ရှေ့ဆက်မယ့် ခရီးစဉ်အတွက် အစီအစဉ်တွေ ရှိလား..."
နန်ကုန်းယွီက တိုးတိတ်စွာ ရယ်မောလိုက်ပြီး ပြောဆိုလာသည်။ "ကျွန်တော့်မှာ ဘာအစီအစဉ်၊ အကြံအစည်မှ မရှိပါဘူး... ခရီးသွားတယ်ဆိုတာ အရမ်း ခန့်မှန်းရခက်ပြီး ကျွန်တော့်ရဲ့ အစီအစဉ် အားလုံးကို ပျက်ပြားသွားစေမယ့် ကိစ္စပေါင်းစုံ ဖြစ်လာနိုင်တယ်လေ..."
"ဒါကြောင့် ဘယ်ကို အရင်သွားမယ်၊ ပြီးရင် ဘယ်ကို ဆက်သွားမယ်၊ နောက်ဆုံး ဘယ်ကိုသွားမယ် ဆိုတဲ့ ယေဘုယျ ဦးတည်ချက်တစ်ခုကို ဆုံးဖြတ်တာက အဆင်ပြေပါတယ်... တခြားအရာတွေကတော့ အလကား အပိုတွေးနေတာပါပဲ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က တွေးတောနေပုံဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးကာ ပြောဆိုလာ၏။ "ဒါဆို မင်း ဘယ်သွားချင်လဲ စစ်ချန်... အစ်မ မင်းနဲ့ လိုက်ခဲ့မယ်..."
နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ခေါင်းယမ်းလိုက်သည်။ "ကျွန်တော် သွားချင်တဲ့ နေရာတွေ မရှိပါဘူး... အစ်မရွှယ် သွားချင်တဲ့နေရာကို လိုက်သွားမှာပါ..."
နန်ကုန်းရိုရွှယ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။ "မင်းမှာ ပြောစရာရှိရင် ပြောလိုက်လေ... ဘာလို့ မင်းအစ်မနဲ့ လာပြီး ယဉ်ကျေးနေတာလဲ..."
"မဟုတ်ပါဘူး... တကယ် မရှိလို့ပါ..."
နန်ကုန်းယွီက ခေါင်းယမ်းကာ ပြုံးလိုက်သည်။ "အစ်မရွှယ်... အစ်မ စီစဉ်လို့ ရပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ ကျန်းပေ့မင်းသားစံအိမ်အကြောင်း တတ်နိုင်သလောက် သတင်းအချက်အလက် ရှာဖွေဖို့တော့ လိုတယ်..."
"စစ်ချန်... မင်း ဒုတိယ အဒေါ်ကို လွမ်းနေတာလား..." နန်ကုန်းရိုရွှယ်က ရုတ်တရက် အကြံဉာဏ်တစ်ခု ရလာသဖြင့် မေးမြန်းလိုက်၏။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောဆိုလာသည်။ "အမေက မြင့်မြတ်နယ်မြေကို သွားပြီး ကျွန်တော့်ကို လာကြိုမယ့်အချိန် သတ်မှတ်မသွားဘူးလေ... ကျွန်တော် အဲဒါကို နည်းနည်း အသားမကျသေးဘူး..."
"ဒါကြောင့် ကျွန်တော်က အစ်မရွှယ်နဲ့ အပန်းဖြေဖို့ အပြင်ထွက်လာတာ... ဒါပေမဲ့ အမေက လူလွှတ်လိုက်ပြီး ကျွန်တော့်ကို မတွေ့မှာ စိုးရိမ်လို့ ကျန်းပေ့မင်းသားစံအိမ်ကိုလည်း စောင့်ကြည့်ချင်လို့ပါ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်၏။ "ကောင်းပြီလေ... အဲဒီလိုဆိုရင် ငါတို့ လာမယ့် နှစ်နှစ်၊ သုံးနှစ်လောက်ကို ငွေလမင်းအင်ပါယာမှာ ခရီးသွားဖို့ အချိန်ပေးမယ်... လောလောဆယ် တခြားဘယ်ကိုမှ မသွားသေးဘူး..."
"အဲဒီနောက် ကျန်းပေ့မင်းသားစံအိမ် အကြောင်း စုံစမ်းဖို့ တစ်လတစ်ခါ ဝိညာဉ်ကွန်ရက် စခန်းကို သွားကြမယ်... ဘယ်လိုလဲ..."
"ရပါတယ်..."
နန်ကုန်းယွီက ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် မေးမြန်းလိုက်၏။ "ဒါနဲ့ အစ်မရွှယ်... ကျွန်တော့်အခန်းက ဘယ်အခန်းလဲ..."
"ဘယ်အခန်းလဲ ဟုတ်လား... ဘယ်အခန်းလဲ ဆိုတာ ဘာအဓိပ္ပာယ်လဲ..."
နန်ကုန်းရိုရွှယ်က မျက်တောင်ခတ်လိုက်ပြီး နန်ကုန်းယွီကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ သူ ဘာကို ပြောနေသနည်းဟု တွေးလိုက်မိသည်။
အခန်း ၁၅၀ နန်ကုန်းရိုရွှယ် လျှို့ဝှက်ချက်ကို ထုတ်ဖော်ခြင်း
နန်ကုန်းယွီက နားမလည်စွာဖြင့် မျက်တောင်ခတ်လိုက်၏။
"အစ်မရွှယ်... ခုနက အခန်းနှစ်ခန်း ယူခဲ့တာ မဟုတ်ဘူးလား... ကျန်တဲ့ နောက်တစ်ခန်းက ဘယ်အခန်းလဲ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က နားလည်သွားပြီး ရယ်မောလိုက်ခြင်းသည်။။ "အစ်မ ဒီအခန်း တစ်ခန်းတည်းပဲ ယူခဲ့တာ..."
"ဟင်..." နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ အမူအရာတွင် ရှုပ်ထွေးမှု အနည်းငယ် ပေါ်လာ၏။
"ဒါဆို ကျွန်တော် ဘယ်မှာ အိပ်ရမလဲ..."
"ဒီမှာ အိပ်လေ..." နန်ကုန်းရိုရွှယ်က သူ၏ တင်ပါးအောက်ရှိ ကုတင်ကို ပုတ်ကာ ရယ်မောလိုက်သည်။
"ကျွန်တော်က..." နန်ကုန်းယွီက နားမလည်စွာဖြင့် မျက်တောင်ခတ်လိုက်၏။ "ဒါဆို အစ်မရွှယ်ကရော ဘယ်မှာအိပ်မှာလဲ..."
"ဒီမှာပဲ အိပ်မှာပေါ့..." နန်ကုန်းရိုရွှယ်က တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မခံစားရဘဲ သဘာဝကျကျ ပြောဆိုလိုက်သည်။
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ "အစ်မရွှယ်... ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်တည်းလေ..."
သို့သော် သူ စကားမဆုံးမီ နန်ကုန်းရိုရွှယ်က လက်ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။ "ဒါပေမဲ့တွေ လုပ်မနေနဲ့... အရေးပေါ် အခြေအနေတွေအတွက်နဲ့ မင်းကို ပိုပြီး ကာကွယ်ပေးနိုင်ဖို့ မင်းနဲ့ အခန်းတူတူ နေတာ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက မျက်တောင်ခတ်လိုက်ပြီး ပြောဆိုလာ၏။ "ကောင်းပြီလေ... ဒါဆို ကျွန်တော် ကြမ်းပြင်ပေါ်မှာ အိပ်မယ်..."
"မရပါဘူး..." နန်ကုန်းရိုရွှယ်က လေးနက်သော မျက်နှာဖြင့် အလျင်အမြန် ငြင်းဆန်လိုက်သည်။
"ညဘက်ဆို ကြမ်းပြင်က အေးတယ်... စစ်ချန်... မင်းက အစ်မနဲ့ အပြင်ထွက်လာတာလေ... မင်းကို ဒုက္ခခံခိုင်းလို့ မရဘူး..."
နန်ကုန်းယွီက သူ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး သတိထားကာ မေးမြန်းလိုက်၏။ "ဒါဆို အစ်မရွှယ်က..."
သို့သော် နန်ကုန်းရိုရွှယ်က ပြုံးကာ ပြောဆိုလိုက်သည်။ "အဲဒီအကြောင်း မတွေးနဲ့... ငါလည်း ကြမ်းပြင်ပေါ်မှာ မအိပ်ဘူး... ငါ မင်းနဲ့ ကုတင်တစ်လုံးတည်း အတူတူ အိပ်မယ်..."
"ဟင်..." နန်ကုန်းယွီက ထပ်မံ အံ့အားသင့်သွားပြန်၏။ "ဒါပေမဲ့ အစ်မရွှယ်... ကျွန်တော်တို့ နှစ်ယောက်က..."
သူက သူ့ကိုယ်သူ ကာကွယ်ရန် တစ်စုံတစ်ခု ပြောချင်သော်လည်း သူ စကားမဆုံးမီ နန်ကုန်းရိုရွှယ်က သူ၏ ပခုံးနှစ်ဖက်ပေါ်သို့ လက်တင်လိုက်ပြီး ကိုယ်ကို ကိုင်းကာ ပြောဆိုလာသည်။ "ဒါပေမဲ့ ဘာဖြစ်လဲ... ငါတို့က ဘာဆက်ဆံရေးလဲ... အစ်မက ဂရုမစိုက်မှတော့ မင်းက ဘာလို့ ဂရုစိုက်နေရတာလဲ..."
မွှေးပျံ့သော ရနံ့လေးတစ်ခုက လွင့်ပျံလာပြီး နန်ကုန်းယွီက သူ၏ရှေ့ရှိ အလွန်လှပသော မျက်နှာလေးကို ငေးကြည့်ရင်း တစ်ခဏမျှ အတွေးများထဲ နစ်မျောသွားခဲ့သည်။
နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သူမ၏ အမူအရာက လေးနက်လာသည်။ "အစ်မရွှယ်... အစ်မ ကျွန်တော့်ကို နောက်နေတာ မဟုတ်ဘူးမလား... ကျွန်တော်က အသက် ရှစ်နှစ်တောင် ရှိနေပြီလေ..."
သို့သော် နန်ကုန်းရိုရွှယ်က ခေါင်းယမ်းကာ ရယ်မောလိုက်၏။ "စစ်ချန်... အရမ်း တွေးမနေပါနဲ့..."
"ဂုဏ်သတင်းကို အစ်မ လုံးဝ ဂရုမစိုက်ပါဘူး... ပြီးတော့ မင်းနဲ့အစ်မ ဘာအမှားမှ မလုပ်ခဲ့ဘူးလေ... သတင်းထွက်သွားရင်တောင် ဘာအရေးကြီးလို့လဲ..."
"မင်း ဘာတွေးနေလဲဆိုတာ ငါ သိတယ်... အဆိုးဆုံးကတော့ ငါ့ရဲ့ စစ်ချန်လေးကို တစ်သက်လုံး စောင့်ရှောက်ပေးလိုက်မယ်..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက တိတ်ဆိတ်သွား၏။
သူက ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ရပ်ကာ ပြောဆိုလိုက်သည်။ "အစ်မရွှယ်... ကျွန်တော် သွားပြီး နောက်ထပ် အခန်းတစ်ခန်း ယူလိုက်မယ်..."
"မရဘူးပဲ..."
နန်ကုန်းရိုရွှယ်၏ အသံက ထွက်ပေါ်လာပြီး နန်ကုန်းယွီက သူမ၏ ရင်ခွင်ထဲသို့ အဆွဲခံလိုက်ရ၏။ အံ့ဩဖွယ်ကောင်းသော ခံစားချက်တစ်ခုက သူ့အပေါ်သို့ ကျရောက်လာသော်လည်း နန်ကုန်းယွီမှာ ၎င်းအကြောင်း တွေးတောရန် အချိန်မရှိခဲ့ချေ။
သို့သော် ထို့နောက် နန်ကုန်းရိုရွှယ်က လှိမ့်ကာ သူ့ကို ကုတင်ပေါ်သို့ ဖိချလိုက်ပြီး သူမ၏ အမူအရာက လေးနက်နေ၏။ "စစ်ချန်... ငါ အတည်ပြောနေတာ... ငါ မကြောက်ဘူး... မင်း ကြောက်လို့လား..."
"ဒါပေမဲ့..."
"ဒါပေမဲ့တွေ မလုပ်ပါနဲ့... ကျေးဇူးပြုပြီး မင်းအစ်မ စကားကို နားထောင်ပါ... ဟုတ်ပြီလား..."
သူမ၏ လေးနက်သော အမူအရာကို မြင်ချိန်၌ နန်ကုန်းယွီက မျက်လုံးများကို ပိတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။ "ကောင်းပါပြီ..."
သူ သဘောတူလိုက်သည်ကို မြင်ချိန်၌ နန်ကုန်းရိုရွှယ်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "အင်း... လိမ္မာတယ်..."
သူမ၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ရင်း နန်ကုန်းယွီက အနည်းငယ် နားမလည်နိုင်သလို ခံစားလိုက်ရ၏။ ပျော်ရွှင်ရမယ့်သူက သူ ဖြစ်သင့်တာ မဟုတ်ဘူးလား။
လှပတဲ့ အမျိုးသမီးတစ်ယောက် အနားမှာရှိနေရင် ညဘက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မယ် မဟုတ်ဘူးလား။
ပထမ ရှစ်နှစ်မှာ အမေက သူ့အနားမှာ ရှိနေခဲ့တယ်... အဲဒီနောက်မှာတော့ အစ်မရွှယ်ပေါ့။
နန်ကုန်းယွီက ကိုယ့်ဘာသာ တွေးလိုက်ရာ သူ၏ နှလုံးသားထဲတွင် အပြုံးတစ်ခုက အလိုအလျောက် ပေါ်လာခဲ့သည်။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူက မေးမြန်းလိုက်သည်။ "အစ်မရွှယ်... အစ်မ ဘာလို့ ချင်းယိုကနေ ထွက်သွားဖို့ စဉ်းစားနေတာလဲ ဆိုတာကို ကျွန်တော့်ကို ပြောပြလို့ ရပြီလား..."
နန်ကုန်းယွီ၏ စကားကို ကြားချိန်၌ နန်ကုန်းရိုရွှယ်က ရုတ်တရက် တိတ်ဆိတ်သွားပြီး ဘယ်က စပြောရမလဲ ဆိုတာကို မသိသလို ဖြစ်နေသည်။
"အစ်မရွှယ်... အဲဒါက ကျွန်တော်တို့ ပြောလို့ မရတဲ့ ကိစ္စတစ်ခုလား..." သူမ အချိန်အကြာကြီး တိတ်ဆိတ်နေသည်ကို မြင်ချိန်၌ နန်ကုန်းယွီက သတိထားကာ မေးမြန်းလိုက်သည်။
နန်ကုန်းရိုရွှယ်က ခေါင်းယမ်းကာ ပြုံးလိုက်၏။ "စစ်ချန်... မပြောပြနိုင်လို့ မဟုတ်ပါဘူး... ဘယ်က စပြောရမလဲ ဆိုတာကို မသိလို့ပါ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်သွားသည်။ ဒါက ကိစ္စသေးသေးလေးတစ်ခုပဲလေ။
သူမက သူမရဲ့ ဇာတ်လမ်းကို မသိလို့ ဖြစ်နိုင်မလား။
နန်ကုန်းရိုရွှယ်က တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ဖြည်းညင်းစွာ မေးမြန်းလာ၏။ "စစ်ချန်... အိပ်မက်ကနေတဆင့် ကြိုတင်နိမိတ်ဖတ်တာကို မင်း ယုံလား..."
"အိပ်မက်ကနေတဆင့် ကြိုတင်နိမိတ်ဖတ်တာလား..."
နန်ကုန်းယွီက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ရှုပ်ထွေးသွား၏။ နန်ကုန်းရိုရွှယ်က သူ မသိသေးတဲ့ ခန္ဓာကိုယ်အကြောင်း ပြောနေတာ ဖြစ်နိုင်မလား။
ဒါမှမဟုတ် အထူးစွမ်းရည် တစ်ခုခုများလား။
"ဟုတ်တယ်..."
နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ "ငါ မွေးကတည်းက ဆယ့်နှစ်နှစ်အတွင်းမှာ အိပ်မက် ခုနစ်ခါ မက်ခဲ့ဖူးတယ်..."
"အိပ်မက် ခုနစ်ခါလား..."
နန်ကုန်းယွီက အနည်းငယ် အံ့အားသင့်သွား၏။ ကျင့်ကြံသူတွေရဲ့ ကမ္ဘာမှာ အိပ်မက်တွေက တစ်ချို့နည်းလမ်းတွေမှာ ရိုးရှင်းပေမဲ့ တခြားနည်းလမ်းတွေမှာတော့ မရိုးရှင်းလှပါဘူး။
အချို့သော အိပ်မက်များသည် ကျင့်ကြံသူများ အိပ်စက်အနားယူစဉ် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုနှင့် ပြန့်ကျဲနေသော အတွေးစများကြောင့်သာ ဖြစ်ပေါ်လာတတ်ကြသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင်မူ ၎င်းမှာ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပေသည်။
သို့သော်လည်း အချို့သော အိပ်မက်များမှာမူ ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ ပေးပို့သော ကြိုတင်သတိပေးမှုတစ်မျိုး သို့မဟုတ် ကောင်းကင်လျှို့ဝှက်ချက်များ ကမောက်ကမဖြစ်မှုကြောင့် ပေါ်ပေါက်လာသည့် နိမိတ်တစ်ခုလည်း ဖြစ်နိုင်ပေသည်။
နန်ကုန်းရိုရွှယ် ပြောသည့်စကားများအရဆိုလျှင် ဤအရာမှာ ကြိုတင်နိမိတ်ပြသည့် သတိပေးချက်များပင် ဖြစ်နေလေမလား။
နန်ကုန်းရိုရွှယ်က ရှုပ်ထွေးသော အမူအရာဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်၏။ "ပထမဆုံး အိပ်မက်က ငါ့ရဲ့ ပထမဆုံး မွေးနေ့ ညမှာ မက်ခဲ့တာ... အရှေ့မီးတောက်အင်ပါယာက နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာပြီး ကျန်းရှန်း တောင်ကြားစခန်းကို ချိုးဖောက်ကာ အရှေ့ဘက် နယ်မြေထဲကို တန်းတန်းမတ်မတ် ဝင်လာပြီး နေရာတိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ငါ အိပ်မက်မက်ခဲ့တယ်..."
"အဲဒီတုန်းက အဲဒါကို ငါ မယုံခဲ့လို့ မယ်တော့်ကို ပေါ့ပေါ့ပါးပါးပဲ ပြောပြခဲ့တာ... ရလဒ်အနေနဲ့ မယ်တော်က အဲဒါကို အလေးအနက်ထားပြီး ခမည်းတော့်ကို ပြောပြခဲ့တယ်... အဲဒီနောက် သံသယအချို့နဲ့ ခမည်းတော်က အရှေ့ဘက်နယ်စပ်ကို စောင့်ကြပ်နေတဲ့ စစ်သူကြီး ကျောက်ကွမ်းရှင်းကို ညွှန်ကြားချက်ပေးခဲ့တယ်..."
"ရလဒ်အနေနဲ့ သူတို့ရဲ့ တမင်တကာ မဟာဗျူဟာ ရှိနေပေမဲ့ အရှေ့မီးတောက်အင်ပါယာက လဝက်အကြာမှာ ညဘက် အလစ်အငိုက် တိုက်ခိုက်ခဲ့ပြီး စစ်သူကြီး ကျောက်ကွမ်းရှင်းက ပြန်လည် တွန်းလှန်နိုင်ခဲ့တယ်..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက မျက်ခုံးကို အနည်းငယ် ပင့်လိုက်၏။ အရှေ့မီးတောက်အင်ပါယာက နယ်စပ်ကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြောင်းကို သူ ကြားခဲ့ဖူးပေမဲ့ အဲဒါက ကြိုးစားရုံ သက်သက်လောက်ပဲ ရှိခဲ့တာလေ။
အဲဒီအထဲမှာ နန်ကုန်းရိုရွှယ် ပါဝင်နေတာက သူ့ကို အံ့အားသင့်စေခဲ့၏။
"ပြီးတော့ ဒုတိယအိပ်မက်ကရော..." နန်ကုန်းယွီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
နန်ကုန်းရိုရွှယ်က ပြုံးကာ ပြောဆိုလာသည်။ "ဒုတိယအကြိမ်က ငါ အသက် သုံးနှစ်အရွယ်တုန်းကပါ... မိန်းကလေးငယ်လေး တစ်ယောက် မွေးလာပြီး ခမည်းတော်က ငါ့ကို 'ညီမလေး' လို့ ခေါ်ခိုင်းတယ်လို့ အိပ်မက်မက်ခဲ့တယ်... သုံးရက်အကြာမှာ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိလာခဲ့တယ်လေ..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းရိုရွှယ်က အိပ်မက်တွေကနေတဆင့် အရာတွေကို တကယ်ပဲ ကြိုတင်ဟောကိန်းထုတ်နိုင်ကြောင်း နားလည်သွား၏။
ဒါဆို သူမက ကောင်းကင်ဓားဂိုဏ်း ကိစ္စကို သူမရဲ့ အိပ်မက်ထဲမှာ ကြိုမြင်ခဲ့လို့ အခု ဒီအကြောင်းကို ပြောလာတာ ေပါ့။
သူက နန်ကုန်းရိုရွှယ်ကို ကြည့်ကာ သူမ ဆက်ပြောမည့်အရာကို စောင့်နေလိုက်သော်လည်း နန်ကုန်းရိုရွှယ်၏ အမူအရာက ပို၍ ဝမ်းနည်းနေပုံရပြီး သူမက နန်ကုန်းယွီကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်ကို တွေ့လိုက်ရသည်။
နန်ကုန်းယွီက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။ "အစ်မရွှယ်... ဒီတတိယ အိပ်မက်က ကျွန်တော့်အကြောင်းလား..."
နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းယွီ၏ ရင်ခွင်ထဲသို့ မှီချလိုက်ကာ သူမ၏ အသံက တိုးညှင်းပြီး ညှိုးငယ်နေ၏။ "တတိယ အိပ်မက်က မင်း မမွေးခင် ညက မက်ခဲ့တာ... အိပ်မက်ထဲမှာ မြောက်ပိုင်းနယ်စပ် ကျိုးပေါက်သွားပြီး နေရာတိုင်းမှာ စစ်ပွဲတွေ ဖြစ်ပွားနေကာ ဒုတိယ ဦးရီးတော်နဲ့ မင်းတို့ မိသားစု သတ်ဖြတ်ခံခဲ့ရတယ်..."
"ကျန်းပေ့ တောင်ကြားစခန်း ကျိုးပေါက်သွားပြီဆိုတဲ့ သတင်း မရောက်လာခင် ငါ ခမည်းတော့်ကို ပြောဖို့တောင် အချိန်မရခဲ့ဘူး... ငါ ခမည်းတော့်ကို သွားတွေ့ဖို့ ပြေးသွားပေမဲ့ သူ့ကို မတွေ့ခဲ့ရဘူး..."
"ခမည်းတော်က မြောက်ပိုင်းနယ်စပ်ကို လူတွေ လွှတ်လိုက်ပြီလို့ ကြားတော့ ငါ သက်သာရာရသွားပေမဲ့ မကြာခင်မှာပဲ ဒုတိယ ဦးရီးတော် ကျဆုံးသွားပြီဆိုတဲ့ သတင်း ရောက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."
ဤနေရာတွင် နန်ကုန်းရိုရွှယ်က နန်ကုန်းယွီကို တင်းကျပ်စွာ ဖက်ထားလိုက်ရာ သူမ၏ အသက်ရှူသံများက အနည်းငယ် ကမောက်ကမ ဖြစ်လာခဲ့သည်။