← Chapters

အနောက်ဘက်ဒေသ

Vol. 62 Ch. 856

အနောက်ဘက်ဒေသ

Vol. 62 Ch. 856

​ဆွေးနွေးမှုများပြီးနောက် လီလော့၊ လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့သည် နောက်သုံးရက်အကြာတွင် တံခွန်လေးခုစလုံး အနောက်ဘက်ဒေသသို့ ထွက်ခွာရန် သဘောတူညီခဲ့ကြသည်။

​ဤသုံးရက်အတွင်း လီလော့သက အချိန်ဖြုန်းခြင်းမရှိဘဲ ‘အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓားဝင်္ကပါ’ ကို လေ့ကျင့်ခြင်း၊ ‘စကြဝဠာဓားအသိ’ ကို စိတ်ရောကိုယ်ပါ နားလည်သဘောပေါက်ရန် ကြိုးစားခြင်းနှင့် ၎င်းတို့ကို ပိုမိုစုဆောင်းခြင်းတို့၌သာ အချိန်ကုန်ဆုံးခဲ့သည်။ စကြဝဠာဓားအသိသည် လက်ရှိတွင် သူ့အတွက် အစွမ်းထက်ဆုံး တိုက်ကွက်တစ်ခု ဖြစ်သည်။

​ချင်ယိနှင့် တိုက်ခိုက်စဉ်က ၎င်း၏အစွမ်းကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ၎င်းသည် နူးညံ့သိမ်မွေ့သော်လည်း အလွန်အမင်း အာဏာစက်ပြင်းထန်လှသည်။ ဓားအသိသက်သက်ဆိုလျှင် ပုံသဏ္ဌာန်မရှိသဖြင့် ဖျက်ဆီးအား သိပ်မရှိသော်လည်း ၎င်းကို အခြားသော မြို့စားအဆင့်ပညာရပ်များနှင့် ပေါင်းစပ်လိုက်လျှင်မူ ထိုပညာရပ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ နောက်တစ်ဆင့်သို့ မြင့်တက်သွားပေလိမ့်မည်။

​ယခင်က သူသည် ဤဓားအသိကို လျှပ်စီးယပ်တောင်မှ ထွက်ပေါ်လာသော လျှပ်စီးလုံးအတွင်း ထည့်သွင်းအသုံးပြုခဲ့ရာ ချင်ယိ၏ ပုလဲချပ်ဝတ်ကို ဖောက်ထွက်ပြီး ဒဏ်ရာရစေခဲ့သည်။ ဤဓားအသိမှာ ‘အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓားဝင်္ကပါ’ ကို လေ့ကျင့်ရာမှ ရရှိလာသော ဘေးထွက်ရလဒ်တစ်ခုသာ ဖြစ်သော်လည်း လီလော့ကတော့ အလွန်ကျေနပ်နေသည်။

​သူအမှန်တကယ် အလိုရှိသည်မှာ ဤပညာရပ်ဖြင့် သွန်းလုပ်မည့် ‘နဂါးစွယ်ဓား’ ပင် ဖြစ်သည်။ သို့သော် ၎င်းမှာ အလွန်ခက်ခဲသော အလုပ်ဖြစ်ပြီး စကြဝဠာဓားအသိများစွာအပြင် နဂါးစွယ်အဆီအနှစ်လည်း လိုအပ်သည်။ နဂါးစွယ်အဆီအနှစ် တစ်ခုလျှင်ကောင်းကင်ရွှေ သန်းသုံးဆယ်ခန့် ကုန်ကျသဖြင့် လီလော့မှာ လက်ရှိတွင် သည်းခံကာ ကြိုးစားနေရုံသာ ရှိတော့သည်။

​သုံးရက်တာ အချိန်မှာ ကုန်ဆုံးသွားခဲ့သော်လည်း ဓားအသိ စုဆောင်းရာတွင် သိသာသော အောင်မြင်မှု မရရှိခဲ့ပေ။ ၎င်းမှာ ကံတရားအပေါ်၌သာ မူတည်နေသဖြင့် လွန်ကဲသော မြို့စားအဆင့်ပညာရပ်ဖြစ်ကြောင်း တွေးကာ ကိုယ့်ကိုယ်ကိုယ်သာ နှစ်သိမ့်လိုက်ရသည်။

​...

​နဂါးစွယ်တောင်တန်း၏ ရှေ့ဘက်ပိုင်းရှိ ကွင်းပြင်ကျယ်ကြီးပေါ်တွင် ဧရာမ သင်္ဘောကြီးများစွာ ငြိမ်သက်စွာ ဆိုက်ကပ်ထားသည်။ ၎င်းတို့မှာ နဂါးယာဉ်ပျံများ ဖြစ်ကြပြီး ကောင်းကင်နဂါးမျိုးနွယ်စုကြီး ငါးခုက စစ်သည်များ သယ်ယူပို့ဆောင်ရာတွင် အသုံးပြုကြသည်။

​တံခွန်လေးခုမှ စစ်သည်ပေါင်း သုံးသောင်းကျော် စုဝေးနေသည့် မြင်ကွင်းမှာ အမှန်တကယ်ပင် ခန့်ညားထည်ဝါလှသည်။ ဤမျှအင်အားဖြင့် နိုင်ငံငယ်လေးတစ်ခုကိုပင် အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။ လီလော့က ကောင်းကင်ကို ကြည့်ကာ "အချိန်တန်ပြီ... သွားကြစို့" ဟု ပြုံးလျက် ပြောလိုက်တော့ အခြားသုံးဦးကလည်း သဘောတူကြသည်။ ထိုခဏတွင် တံခွန်အဖွဲ့ဝင်များထံမှ ပဲ့တင်ထပ်သံစွမ်းအားများ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး နဂါးယာဉ်ပျံကြီး လေးစင်းကို အသက်သွင်းလိုက်သည်။

မကြာမီမှာပင် ထိုယာဉ်ပျံကြီးများသည် အလင်းတန်း လေးခုအသွင်ဖြင့် တိမ်တိုက်များကို ဖြတ်ကျော်ကာ ဝေးလံသောဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။

​...

​နဂါးစွယ်နယ်မြေ၏ လက်အောက်တွင် ဒေသကြီး ၁၂ ခုရှိပြီး ဒေသတစ်ခုစီမှာ ရှမင်းဆက်နိုင်ငံထက်ပင် ကြီးမားသည်။ အရေးအကြီးဆုံးမှာ နဂါးစွယ်နယ်မြေသည် လီကောင်းကင်ဧကရာဇ်မျိုးနွယ်စု၏ နယ်မြေ ၅ ခုထဲမှ တစ်ခုသာ ရှိသေးခြင်းပင်။ လီမျိုးနွယ်စု၏ အခြေခံအုတ်မြစ်မှာ လီလော့ စိတ်ကူးထားသည်ထက်ပင် ပိုမိုကြီးမားလှသည်။

​အနောက်ဘက်ဒေသသည် နဂါးစွယ်နွယ်၏ အနောက်ဘက်စွန်းတွင် ရှိပြီး ကျောက်ကောင်းကင်ဧကရာဇ်မျိုးနွယ်စုနှင့် ထိစပ်နေသည်။ သို့သော် တိုက်ရိုက်ရင်ဆိုင်မှုများ မဖြစ်စေရန်အတွက် ကြားခံနယ်မြေတစ်ခု ထားရှိထားသည်။ လီလော့တို့ သွားမည့် အမှောင်နယ်မြေ မှာ ထိုနေရာ၌ တည်ရှိသည်။

​ယာဉ်ပျံများ၏ အရှိန်အရ ခြောက်ရက်မှ ခုနစ်ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ထို့ကြောင့် လီလော့က ခရီးစဉ်တစ်လျှောက် အခန်းထဲမှ အပြင်မထွက်ဘဲ စကြဝဠာဓားအသိ စုဆောင်းခြင်းကိုသာ အာရုံစိုက်ခဲ့သည်။ ယခုမစ်ရှင်မှာ အလွန်အန္တရာယ်များသဖြင့် သူ အတတ်နိုင်ဆုံး ပြင်ဆင်ထားလိုခြင်း ဖြစ်သည်။ ခရီးစဉ်အဆုံးတွင် သူ့ ဆန္ဒပြည့်ဝခဲ့ပြီး စကြဝဠာဓားအသိ နောက်ထပ် တစ်ခုကို အောင်မြင်စွာ ရရှိခဲ့သည်။

​အနောက်ဘက်ဒေသ၏ မြို့တော်ဖြစ်သော အနောက်ဘက်မြို့တော်သို့ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းမှာ နယ်စပ်ဘေးတွင် တည်ရှိပြီး ကျောက်မျိုးနွယ်စု၏ လှုပ်ရှားမှုများကို ကာကွယ်ရန် ပထမဆုံး အလွှာအဖြစ် ဗျူဟာကျကျ တည်ဆောက်ထားခြင်း ဖြစ်သည်။

​နဂါးယာဉ်ပျံများ မြို့အတွင်းသို့ ဆင်းသက်လိုက်ချိန်တွင် မြို့စားအဆင့် ရှိသူ အများအပြား ထွက်ကြိုကြသည်။

​" ကျူပ်က အနောက်ဘက်မြို့တော်ရဲ့ မြို့တော်ဝန် လီဖုန်းပါ။ နဂါးစွယ်ကလန်ရဲ့ တံခွန်လေးခုက ထူးချွန်သူတွေကို ကြိုဆိုပါတယ်"

​ဖြူဖွေးသော ဆံပင်များရှိသည့် အဖိုးအိုတစ်ဦးက သူတို့ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ သူသည် မြို့တော်ဝန်ဖြစ်သလို လီရုန်ယွင့်၏ မျိုးနွယ်စုမှ အကြီးအကဲလည်း ဖြစ်သည်။ လီလော့နှင့် အခြားသူများလည်း ယာဉ်ပျံပေါ်မှ ဆင်းကာ နှုတ်ဆက်လိုက်ကြသည်။

​"တွေ့ရတာ ဝမ်းသာပါတယ် မြို့တော်ဝန်… အဒေါ်ယွင့်က ခင်ဗျားကို နှုတ်ဆက်စကား ပါးလိုက်ပါတယ်" ဟု လီလော့က ပြုံးလျက် ဆိုသည်။

​လီဖုန်းက လီလော့ကို သေချာကြည့်ပြီး….

"မင်းက မကြာသေးခင်ကမှ ကောင်းကင်နဂါးမျိုးနွယ်စုကြီး ငါးခုကြားမှာ နာမည်ကျော်နေတဲ့ တံခွန်ခေါင်းဆောင် လီလော့ပဲ ဖြစ်ရမယ်" ဟု နွေးထွေးစွာ ပြန်ပြောသည်။

​အနောက်ဘက်မြို့တော်မှာ နဂါးစွယ်တောင်တန်းနှင့် ဝေးကွာသော်လည်း လီဖုန်းကတော့ သတင်းများကို ကောင်းကောင်း သိရှိထားသည်။ လီလော့၏ ဖခင် လီတိုင်ရွှမ်မှာ နဂါးစွယ်နွယ်၏ ဒဏ္ဍာရီတစ်ခု ဖြစ်ခဲ့သလို၊ လီလော့ကိုယ်တိုင်ကလည်း မျိုးနွယ်စုခေါင်းဆောင်၏ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်ရာ နောင်တစ်ချိန်တွင် သူ့အရှိန်အဝါအလွန်ကြီးမားလာမည်ကို လီဖုန်းက သိရှိထားသည်။

​"ခရီးပန်းလာကြမှာပဲ... မြို့ထဲကိုဝင်ပြီး အနားယူကြမလား"ဟု လီဖုန်းက ဖိတ်ခေါ်လိုက်သည်။

ထိုအခါ လီလော့က လီရုန်ယွင့်၏ တောင်းဆိုချက်ကို သတိရကာ အခြားသူများကို ကြည့်လိုက်သည်။ အားလုံးက သဘောတူသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

​"ကျွန်တော်တို့ကို ဂရုစိုက်ပေးပါဦး မြို့တော်ဝန်ကြီး"

All Chapters