← Chapters

လီလင်ကျင့်

Vol. 62 Ch. 858

လီလင်ကျင့်

Vol. 62 Ch. 858

​လီဖုန်းနှင့် စကားပြောပြီးနောက် လီလော့က များစွာသော သတင်းအချက်အလက်များကို ရရှိခဲ့သည်။ သူက ကျောက်ကျင့်ယွီကို ‘ခေါင်းမာတဲ့ လူအ’ဟု ခေါ်ဆိုခဲ့သော်လည်း ထိုလူသည် ကျောက်မျိုးနွယ်စု၏ လူငယ်မျိုးဆက်တွင် အဆင့် (၂) ရထားသူဖြစ်ရာ မည်မျှအန္တရာယ်ရှိနိုင်ကြောင်း စိတ်ထဲမှ မှတ်သားထားလိုက်သည်။

လီလော့သည် မည်သည့်အခါမျှ ပြိုင်ဘက်ကို အထင်မသေးတတ်ပေ။ အကယ်၍ အမှောင်နယ်မြေထဲတွင် တွေ့ဆုံခဲ့ပါက လုံးဝညှာတာမည်မဟုတ်ပေ။

​ထိုစဉ် လီဖုန်းက ခဏစဉ်းစားပြီးနောက်….

"တံခွန်ခေါင်းဆောင် လီလော့... ကျောက်ကျင့်ယွီနဲ့အတူ ကျောက်မျိုးနွယ်စုက မြို့စားအဆင့်တွေလည်း ပါလာနိုင်တယ်။ မင်းတို့ရဲ့ လုံခြုံရေးအတွက် ကျုပ်ကိုယ်တိုင် အမှောင်နယ်မြေအထိ လိုက်ပို့ပေးပါရစေ။ အဲဒီနောက် ကျူပ် အပြင်ကနေ စောင့်နေပေးမယ်" ဟု ဆိုသည်။

​လီလော့က…. "မြို့တော်ဝန်ကြီးက ကျောက်မျိုးနွယ်စုရဲ့ မြို့စားတွေက ကျွန်တော်တို့ကို တိုက်ခိုက်မှာ စိုးရိမ်လို့လား။ သူတို့က အဲဒီလောက်အထိ စည်းမဲ့ကမ်းမဲ့ ဖြစ်ကြတာလား" ဟု မေးလိုက်သည်။

​"ကျောက်ကျင့်ယွီက နာမည်ဆိုးနဲ့ကျော်ကြားတယ်… သူရူးသွားရင် မြို့စားတွေကိုပါ တိုက်ခိုက်ခိုင်းမှာ စိုးလို့။ နောက်ပြီး မင်းတို့ သုံးယောက် တစ်ခုခုဖြစ်ရင် ကျုပ်လည်း ခေါင်းနဲ့ကိုယ်အိုးစားကွဲသွားနိုင်တယ်"

လီလော့က လီဖုန်းယီတို့နှင့် တိုင်ပင်ပြီးနောက် လီဖုန်း၏အဆိုပြုချက်ကို သဘောတူလိုက်သည်။

​ဧည့်ခံပွဲအပြီးတွင် လီလော့က အခွင့်ကောင်းယူကာ …

"မြို့တော်ဝန်ကြီး... ကျွန်တော့်ကို အကူအညီတစ်ခုလောက် ပေးပါဦး။ အဒေါ်ယွင့်က ဝမ်းကွဲအစ်မ လီလင်ကျင့်ဆီ သွားတွေ့ခိုင်းထားလို့ပါ" ဟု ပြောလိုက်သည်။

ထိုအခါ ​လီဖုန်း၏ မျက်နှာမှာ ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး….

"ယွင့်လေးက အခုထိ အဲဒီကလေးမလေးအတွက် စိတ်ပူနေတုန်းပဲပဲ" ဟု ဆိုကာ လီလော့ကို အိမ်နောက်ဖေး ခြံဝင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတွင် လီဖုန်းက လီလင်ကျင့်အကြောင်း ပြောပြခဲ့သည်။ သူမသည် တစ်ချိန်က ရာစုနှစ်အတွင်း မတွေ့ရဖူးသော ပါရမီရှင်ဖြစ်ပြီး လွန်ခဲ့သော တံခွန်တော် ရွေးချယ်ပွဲတွင် ပါဝင်ခဲ့ပါက တံခွန်ဦးစီး ဖြစ်နိုင်ခြေရှိသည့်အထိ ထူးချွန်ခဲ့သူ ဖြစ်သည်။

​"နှမြောစရာပဲ... အဲဒီကလေးမလေးက အမှောင်နယ်မြေထဲမှာ စစ်မှန်တဲ့ နတ်ဆိုး တစ်ကောင်နဲ့ တွေ့ခဲ့တာ။ အသက်ရှင်ခဲ့ပေမဲ့ သူမရဲ့ ဝိညာဉ်နဲ့ အခြေခံတွေ ပျက်စီးသွားခဲ့တယ်။ အဲဒီနောက်ပိုင်း သူမက ဘယ်သူနဲ့မှ မတွေ့တော့ဘဲ တစ်ယောက်တည်း အထီးကျန်နေခဲ့တာ" ဟု လီဖုန်းက စိတ်မကောင်းစွာ ဆိုသည်။

​ခြံဝင်းအတွင်း ရောက်သောအခါ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေသော အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦးကို လီလော့ တွေ့လိုက်ရသည်။ သူမသည် အလှပြင်ထားခြင်း မရှိသော်လည်း အလွန်လှပသော မျက်နှာထားရှိသည်။ သို့သော် သူမ၏ မျက်လုံးများမှာမူ အသက်မဲ့နေသကဲ့သို့ ဖြစ်နေသည်။

​လီဖုန်းက သူမကို လီလော့နှင့် မိတ်ဆက်ပေးသော်လည်း သူမက ဘာတုံ့ပြန်မှုမှ မပြပေ။ "အဒေါ်ယွင့်" ဆိုသည့် စကားလုံးကို ကြားမှသာ သူမ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး တိုးညင်းသော အသံဖြင့် "အ... အဒေါ်" ဟု ဆိုကာ လီလော့ကို ကြည့်လိုက်သည်။

​လီလော့က လီရုန်ယွင့် ပေးလိုက်သော ဆေးလုံးများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ပေးလိုက်တော့ လီလင်ကျင့်က ထိုပစ္စည်းများကို အသက်မဲ့စွာ ကြည့်နေရုံသာ ရှိသည်။

ထို့ကြောင့် မနေသာတော့ဘဲ လီလော့က ဘေးတွင် ထိုင်လိုက်ကာ သူမ၏ အခြေအနေကို ကိုယ်ချင်းစာမိကြောင်း ပြောပြလိုက်သည်။

​"အသ်မလင်ကျင့်... စိတ်မပျက်ပါနဲ့။ ပြဿနာတိုင်းမှာ အဖြေရှိပါတယ်"

လီလင်ကျင့်က….

"အပိုပါပဲ။ ငါ့ဝိညာဉ်ရဲ့ ထက်ဝက်ကို ‘ကမ္ဘာခြားသက်ရှိ’က စားပစ်လိုက်ပြီ။ ငါက ဘာမှလုပ်လို့မရတော့တဲ့ လူပိုတစ်ယောက်ပါ"

​"ကမ္ဘာခြားသက်ရှိ? စစ်မှန်တဲ့ နတ်ဆိုးလား"

​"အဲဒါ ဝိညာဉ်စားနတ်ဆိုး ပဲ။ အမှောင်နယ်မြေထဲသွားရင် သတိထားပါ။ သူက ပါရမီရှင်တွေကို အရမ်းကြိုက်တာ" ဟု သူမက သတိပေးရှာသည်။

ဤနတ်ဆိုးသည် အလွန်ဉာဏ်ကောင်းပြီး လိုက်လံနှိမ်နင်းသူများကိုပင် အစအန ဖျောက်ထားနိုင်သူ ဖြစ်သည်။

​ "ကျွန်တော် မစ်ရှင်ပြီးရင် အစ်မကို နဂါးစွယ်တောင်တန်းဆီ ခေါ်သွားပေးမယ်။ အဘိုးကို ကြည့်ခိုင်းပြီး အဖြေရှာကြည့်တာပေါ့" ဟု ဆိုသော်လည်း သူမက ခေါင်းယမ်းပြသည်။

​နောက်ဆုံးတွင် လီလင်ကျင့်က ကျောက်စိမ်းအဆင်တန်ဆာတစ်ခုကို လီလော့အား ပေးလိုက်ပြီး….

"ဒါကို ငါ့အဒေါ်ဆီ ပြန်ပေးပေးပါ။ ဒီဆေးလုံးတွေ ရှာမပေးတော့ဖို့လည်း ပြောပေးပါ" ဟု ဆိုကာ မျက်လုံးမှိတ်လိုက်သည်။

​"သွားတော့... အမှောင်နယ်မြေထဲမှာ သတိထားပါ"

ထို့ကြောင့် ​လီလော့လည်း ကျောက်စိမ်းအဆင်တန်ဆာကို ယူကာ ဆက်သွယ်ရန် ငြင်းဆိုနေသော လီလင်ကျင့်ကို ကြည့်ပြီး သက်ပြင်းချရင်း ထွက်ခွာခဲ့လေတော့သည်။

All Chapters