← Chapters

အမှောင်တိမ်တိုက်အဖွဲ့အစည်း

Vol. 62 Ch. 859

အမှောင်တိမ်တိုက်အဖွဲ့အစည်း

Vol. 62 Ch. 859

​လီလော့တို့တွေ အနောက်ဘက်မြို့တော်တွင် တစ်ရက်ကြာ အနားယူပြီးနောက် ဒုတိယမြောက်နေ့တွင် စတင်ထွက်ခွာခဲ့ကြသည်။ လီဖုန်းနှင့်အတူ သန်မာလှသော မြို့စားအဆင့် ကျွမ်းကျင်သူနှစ်ဦးတို့၏ လမ်းပြမှုဖြင့် မိုင်ပေါင်းထောင်ချီဝေးကွာသော အမှောင်နယ်မြေဆီသို့ ဦးတည်ခဲ့ကြသည်။

​အနောက်ဘက်ဒေသ၏ ကျယ်ပြောလှသော အမှောင်နယ်မြေသည် ကောင်းကင်ဧကရာဇ်မျိုးနွယ်စုကြီး နှစ်ခု၏ နယ်စပ်ကြားတွင် တည်ရှိသည်။ တိုက်ရိုက်ပဋိပက္ခများကို ရှောင်ရှားရန်အတွက် ထိုအရာကို ကြားခံနယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ မည်သည့်ဖက်ကမျှ ဤဒေသ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်လေ့မရှိဘဲ အမှောင်နယ်မြေအတွင်း လှုပ်ရှားမှုရှိမှသာ လာရောက်ကြည့်ရှုလေ့ရှိကြသည်။

​ထို့ကြောင့် ထိုဒေသတစ်ဝိုက်တွင် တစ်ကိုယ်တော်ကျင့်ကြံသူများစွာ စုဝေးနေကြပြီး မြို့ငယ်လေးများနှင့် အင်အားစုငယ်လေးများစွာ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အနက် အကြီးဆုံးမြို့ကို အမှောင်တိမ်တိုက်အဖွဲ့အစည်းဟု ခေါ်ပြီး စတုတ္ထအဆင့် မြို့စားတစ်ဦးဖြစ်သူ လျန်ရှုံ ဦးဆောင်သည့် အမှောင်တိမ်တိုက်ခန်းမ က ထိန်းချုပ်ထားသည်။

​လီလော့တို့၏ နဂါးယာဉ်ပျံ လေးစင်း ရောက်ရှိလာချိန်တွင် အမှောင်တိမ်တိုက်ခန်းမက မည်သို့မျှ နှောင့်ယှက်ခြင်းမရှိဘဲ လွှတ်ထားပေးခဲ့သည်။

လီဖုန်းက…..

"အမှောင်တိမ်တိုက်အဖွဲ့အစည်းက အမှောင်နယ်မြေနဲ့ အနီးဆုံးမြို့ပဲ။ နယ်မြေရဲ့ တံဆိပ်ခတ်နှိပ်မှု ပွင့်ဖို့ အချိန်နည်းနည်း လိုသေးတော့ မင်းတို့တွေ အမှောင်တိမ်တိုက်ရင်ပြင် ကို သွားကြည့်ချင်လား။ အဲဒီမှာ ထူးခြားတဲ့ ရတနာတွေ အရောင်းအဝယ် လုပ်လေ့ရှိတယ်" ဟု အကြံပြုသည်။

​လီဖုန်းယီက အလွန်စိတ်လှုပ်ရှားနေသဖြင့် လီလော့တို့လည်း ငြင်းဆန်ခြင်းမပြုဘဲ မြို့ထဲသို့ ဝင်ခဲ့ကြသည်။ မြို့အဝင်တွင် အခကြေးငွေ ပေးဆောင်ရသော်လည်း လီလော့တို့မှာ လီဖုန်း၏ အရှိန်အဝါကြောင့် အလွယ်တကူ ဝင်ခွင့်ရခဲ့သည်။

​"ဟားဟား... ညီအစ်ကို လီဖုန်း... အနောက်ဘက်မြို့တော်နဲ့ ယှဉ်ရင် ဒီနေရာက သိမ်ငယ်ပေမဲ့ ဘာကိစ္စများ ရှိလို့လဲ" ဟု ဆိုကာ လူအုပ်ကြားမှ ဆက်ဆံရေးကောင်းမွန်ဟန်ရှိသည့် လူတစ်ယောက် ထွက်လာသည်။ သူကား အမှောင်တိမ်တိုက်ခန်းမ၏ ခန်းမသခင် လျန်ရှုံပင် ဖြစ်သည်။

​လျန်ရှုံက လီလော့တို့၏ နုပျိုသော ရုပ်ရည်များကို ကြည့်ကာ လီမျိုးနွယ်စုမှ အထက်တန်းလွှာများဖြစ်ကြောင်း ရိပ်မိသော်လည်း ထပ်မံမစုံစမ်းဘဲ ပျူငှာစွာ ကြိုဆိုခဲ့သည်။ လီလော့တို့ကလည်း မာန်မာနမထားဘဲ တလေးတစား နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် လျန်ရှုံက သူတို့ကို မြို့ပတ်ပြရင်း အမှောင်တိမ်တိုက်ရင်ပြင်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုနေရာတွင် အလင်းစက်ဝန်းများဖြင့် ပိုင်းခြားထားသော လေလံပွဲငယ်လေးများစွာ ရှိနေပြီး အလွန်စည်ကားလှသည်။

​လီလော့က လှည့်ပတ်ကြည့်ရှုရင်း စိတ်ကူးတစ်ခု ရလာကာ…. "ခန်းမသခင် လျန်ရှုံ... ဒီမှာ နဂါးစွယ်အဆီအနှစ် လေလံတင်တာမျိုး ရှိလား" ဟု မေးလိုက်သည်။

သူသည် အသင်္ချေပဲ့တင်ထပ်သံ နဂါးစွယ်ဓားဝင်္ကပါအတွက် လိုအပ်နေခြင်း ဖြစ်သည်။ လျန်ရှုံက ထိုပစ္စည်းမှာ အလွန်ရှားပါးသဖြင့် ဤနေရာတွင် လာရောက်လေလံတင်လေ့မရှိကြောင်း ရှင်းပြရာ လီလော့မှာ အနည်းငယ် စိတ်ပျက်သွားသည်။

​"ဒါပေမဲ့..." ဟု လျန်ရှုံက စကားဆက်ကာ "နဂါးစွယ်တွေကိုတော့ လေလံတင်တာ ရှိတယ်။ အဲဒီကနေ နဂါးစွယ်အဆီအနှစ်ကို ကိုယ်တိုင် ထုတ်ယူလို့ ရနိုင်တယ်။ ဈေးလည်း ပိုချိုတယ်" ဟု ဆိုသည်။

ထိုအခါ ​လီလော့က ချက်ချင်း စိတ်ဝင်စားသွားပြီး ကြည့်ရှုရန် တောင်းဆိုလိုက်သဖြင့် လျန်ရှုံက သူတို့ကို လေလံစင်မြင့်တစ်ခုသို့ ခေါ်သွားပေးသည်။

စင်ပေါ်တွင် ပိန်ပိန်ပါးပါး လူတစ်ယောက်က နဂါးစွယ် ငါးချောင်းကို ပြသကာ တစ်ချောင်းလျှင် ကောင်းကင်ရွှေ သုံးသန်းဖြင့် စတင်လေလံခေါ်နေသည်။ နဂါးစွယ်များမှ အဆီအနှစ် ထုတ်ယူနိုင်စွမ်းမှာ မသေချာသဖြင့် လူအများက လေလံဆွဲရန် ဝန်လေးနေကြသည်။

​လီလော့က သူ့အိတ်ကပ်ထဲတွင် ငွေအလုံအလောက် မရှိသဖြင့် လီဖုန်းယီဘက်သို့ လှည့်ကာ…

"ဒုတိယအစ်မ... ကျွန်တော့်မှာ ပိုက်ဆံမလောက်လို့ ခဏလောက် ချေးပေးပါဦး"

လီဖုန်းယီက….

"ဒါကို အစ်မရဲ့ လက်ဆောင်အဖြစ်ပဲ သဘောထားလိုက်" ဟု ဆိုကာ "တစ်ချောင်းကို သုံးသန်းနှုန်းနဲ့ ငါးချောင်းစလုံး ယူမယ်" ဟု လှမ်းအော်လိုက်သည်။

ထိုအခါ ​လေလံတင်သူက ဝမ်းသာအားရဖြင့်….

"အတည်ပြုပါတယ်!" ဟု အော်ဟစ်ကာ လေလံပွဲကို အဆုံးသတ်ရန် ပြင်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် မောက်မာလှသော အသံတစ်သံ ထွက်ပေါ်လာပြီး လေလံပွဲကို နှောက်ယှက်လိုက်လေသည်။

​"တစ်ချောင်းကို လေးသန်းပေးမယ်။ ငါ သဘောကျတဲ့အရာကို ဒီနေ့ ဘယ်သူ လုဝံ့လဲ ကြည့်ရသေးတာပေါ့"

​လူအုပ်ကို ခွဲကာ ထွက်လာသော လူတစ်စုကို မြင်လိုက်ရချိန်တွင် လီဖုန်းယီ၏ အကြည့်များ အေးစက်သွားလေတော့သည်။

​"ကျောက်ကျင့်ယွီ... နင် တကယ့်ကို အားယားနေတာလား"

All Chapters