← Chapters

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 62 Ch. 861

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 62 Ch. 861

​လီဖုန်းနှင့်အတူပါလာသူများက အမှောင်နယ်မြေအတွင်း မဝင်ရောက်မီ ရပ်တန့်လိုက်ကြသည်။

​"တံခွန်ခေါင်းဆောင်တို့... ကျုပ်တို့ ဒီနေရာကနေပဲ မင်းတို့ရဲ့ မစ်ရှင်ပြီးဆုံးမယ့်အချိန်ကို စောင့်နေပါ့မယ်။ စိတ်မပူပါနဲ့၊ ကျောက်မျိုးနွယ်စုက မြို့စားတွေကို စောင့်ကြည့်ထားပါ့မယ်။ ဒီထဲကို ဝင်မယ့် တစ်ကိုယ်တော်ကျင့်ကြံသူတွေကလည်း အများဆုံး ကောင်းကင်နစ်မြုပ်ခြင်း စစ်သူကြီးအဆင့်လောက်ပဲ ရှိတာဆိုတော့ မင်းတို့ကို နှောင့်ယှက်ရဲမှာ မဟုတ်ပါဘူး"

​လီလော့တို့က ခေါင်းညိတ်ပြကာ သူတို့၏ တံခွန်အဖွဲ့ဝင်များနောက်မှ ရပ်နေကြသည်။ စစ်သည်ထောင်ပေါင်းများစွာ စုဝေးနေသည့် မြင်ကွင်းမှာ ခန့်ညားထည်ဝါလှသဖြင့် အနီးအနားရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ မော်ပင်မကြည့်ရဲကြပေ။ လီမျိုးနွယ်စုမှာ ဤကုန်းမြေတိုက်ကြီး၏ အရှင်သခင်ဖြစ်ရာ အခြားနေရာတွင် ဘုရင်တစ်ဆူကဲ့သို့ နေနိုင်သော မြို့စားများမှာပင် ဤနေရာ၌ အကြီးအကဲအဆင့်သာ ရှိကြသည်။

​ခေတ္တအကြာတွင် လီလော့တို့ လေးဦးက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အချိန်ဆွဲမနေဘဲ တံခွန်အသီးသီးကို ဦးဆောင်ကာ အက်ကြောင်းကြီးအတွင်းသို့ ဝင်ရောက်သွားကြတော့သည်။

​လီလော့သည် ဟာလာဟင်းလင်း အက်ကြောင်းအတွင်းသို့ ခြေချလိုက်သည်နှင့်လေဟာနယ် ပုံပျက်သွားသလို ခံစားလိုက်ရပြီး စိတ်ထဲတွင် ဝေဝေဝါးဝါး ဖြစ်သွားသည်။ သို့သော် ထိုဝေဝေဝါးဝါးဖြစ်မှုမှာ မကြာမီ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်တခုလုံး လုံးဝပြောင်းလဲသွားခဲ့သည်။

​ကောင်းကင်မှာ အမှောင်ထုဖုံးလွှမ်းနေပြီး မီးခိုးရောင် တိမ်တိုက်များက အေးစက်လှသည်။ လေထုထဲတွင် စိတ်အာရုံကို နှောင့်ယှက်သည့် တိုးညင်းသော အသံများ ပဲ့တင်ထပ်နေသည်။

လီလော့က ဤပတ်ဝန်းကျင်အသစ်ကို လျင်မြန်စွာ ကျင့်သားရသွားပြီးနောက် လွင်ပြင်ထဲရှိ လင်းလက်နေသော ကျောက်စင်မြင့်တစ်ခုပေါ် ရောက်နေကြောင်း သိလိုက်ရသည်။ ဤနေရာမှာ လက်ခံရေးစင်မြင့်ပင် ဖြစ်သည်။

​သူ့နောက်တွင် အစိမ်းရောင်နယ်သာ တံခွန် အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ သို့သော် လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့၏ အရိပ်အယောင်ကိုမူ မတွေ့ရပေ။ အမှောင်နယ်မြေအတွင်းသို့ ဝင်ရောက်ချိန်တွင် လက်ခံရေးစင်မြင့် ငါးခုရှိရာ တစ်ခုခုသို့ ကျပန်းရောက်ရှိသွားမည်ဖြစ်ကြောင်း သူတို့ ကြိုတင်သိရှိထားပြီးသား ဖြစ်သည်။

​"ဒါ အမှောင်နယ်မြေလား... တကယ်ကို စိတ်မသက်မသာ ဖြစ်စရာပဲ" ဟု ကျောက်ယန်ဇီက ပတ်ဝန်းကျင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။

​လီလော့က… . "မင်းတို့ ကမ္ဘာခြားသက်ရှိတွေနဲ့ တိုက်ခိုက်ဖူးလား" ဟု မေးတော့ လီရှီက တံခွန်တော် ၂၀ ထဲ ဝင်နိုင်ရန်အတွက် မိမိနှင့် အဆင့်တူသော ကမ္ဘာခြားသက်ရှိကို သတ်ဖြတ်ရသည့် မစ်ရှင်များ လုပ်ဆောင်ခဲ့ဖူးကြောင်း ဖြေကြားခဲ့သည်။

လီလော့က သူတို့တွင် အတွေ့အကြုံရှိသဖြင့် အများကြီး မပြောတော့ဘဲ လူဆယ်ယောက်တစ်ဖွဲ့နှုန်းဖြင့် သတိရှိရှိ ရှေ့ဆက်ရန် ညွှန်ကြားလိုက်သည်။

​သူတို့ စင်မြင့်ပေါ်မှ ဆင်းလာချိန်တွင် အနားရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ လူရှစ်ထောင်၏ အင်အားကို မြင်ကာ တီးတိုးပြောဆိုနေကြသည်။

​"ကြည့်စမ်း... အင်္ကျီပေါ်ကအမှတ်အသားအရဆိုရင် ဒါ လီမျိုးနွယ်စုရဲ့ အစိမ်းရောင်နယ်သာ တံခွန်ပဲ။ ခေါင်းဆောင်က လီလော့တဲ့၊ သူ့အဖေက နာမည်ကျော် လီတိုင်ရွှမ်၊အမေကတော့ တန်ထိုင်လန် လေ"

​"ကျောက်မျိုးနွယ်စုက တပ်မတစ်ခုလည်း ခုနတင်ပဲ ဝင်သွားတာ။ ဒီနှစ်ဖွဲ့သာ ဆုံရင်တော့ ပွဲကြီးပွဲကောင်း ကြည့်ရမှာပဲ"

​ထိုစကားကို ကြားသောအခါ လီလော့မှာ အနည်းငယ် ခေါင်းခဲသွားသည်။

"ကျောက်မျိုးနွယ်စုက လူတွေရှိနေတာလား... ဘယ်သူများလဲ"

​လီလော့၏ အမေးမှာ ချက်ချင်းပင် အဖြေထွက်လာခဲ့သည်။ သူသည် ဘေးကင်းဇုန်၏ အစွန်းသို့ ရောက်သောအခါ ရပ်တန့်လိုက်ရသည်။ ရှေ့ဘက်တွင် လူထောင်ပေါင်းများစွာ စနစ်တကျ ရပ်နေကြပြီး သူတို့၏ ပဲ့တင်ထပ်သံစွမ်းအား များကြောင့် ကောင်းကင်တွင် ရှေးဟောင်းကျားကြီးတစ်ကောင်၏ ပုံရိပ်မှာ ဝေဝေဝါးဝါး ပေါ်ပေါက်နေသည်။

​ထိုလူထောင်ပေါင်းများစွာ၏ ရှေ့တွင် ကျောက်တုံးကြီးတစ်ခုပေါ်၌ ပေါ့ပေါ့ပါးပါး ထိုင်နေသူမှာ ကျောက်ကျင့်ယွီ င် ဖြစ်သည်။ သူ့ ခြေထောက်ပေါ်တွင် သွေးရောင်လွှမ်းနေသော ဓားကြီးတစ်စင်း တင်ထားသည်။

​လီလော့ သက်ပြင်းချလိုက်မိသည်။

သူတို့ အမြန်ဆုံး ဆုံတွေ့ကြပြီမဟုတ်လော။

​ကျောက်ကျင့်ယွီက လီလော့ကို မြင်သောအခါ ရက်စက်လှသော အပြုံးမျိုးပြုံးလိုက်ပြီး…

"လီလော့... မင်းရဲ့ ကံတရားက သိပ်မကောင်းဘူးထင်တယ်" ဟု သရော်လိုက်သည်။

သူသည် လီလော့၏ အဖွဲ့ဝင်များကို မဆုံခင်မှာတင် တစ်ယောက်ချင်းစီ နှိမ်နင်းရန် စောင့်နေခြင်း ဖြစ်သည်။

​ကျောက်ယန်ဇီနှင့် အဖွဲ့ဝင်များမှာလည်း တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြပြီ။

ကျောက်ကျင့်ယွီသည် တကိုယ်တော်နာမည် ထင်ရှားသော်လည်း သူ့ရဲ့ ကျားတပ်မ မှာ ကျောက်မျိုးနွယ်စုတွင် အဆင့် (၂) ရထားသည့် အင်အားကြီးအဖွဲ့ ဖြစ်သည်။

​"လီလော့... မင်းရဲ့ လက်တစ်ဖက်ကို ဖြတ်ပြီး ဒီအမှောင်နယ်မြေကနေ ထွက်သွားလိုက်စမ်း" ဟု ကျောက်ကျင့်ယွီက ပျင်းရိစွာ ပြောလိုက်သည်။

​"နဂါးစွယ်ငါးချောင်းကော အဆင်သင့်ဖြစ်ပြီလား" ဟု လီလော့ကလည်း ပြန်မေးလိုက်သည်။

ထိုအခါ ​ကျောက်ကျင့်ယွီက ပိုမိုရယ်မောလိုက်ပြီး ချင်ယိအတွက် လီလော့၏ လက်ကို ယူကာ လက်ထပ်ခွင့်တောင်းမည်ဖြစ်ကြောင်း ရူးသွပ်စွာ ပြောဆိုလေသည်။

"မင်းက တကယ့်ကို လူအပဲ"

​ထိုအခါ ကျောက်ကျင့်ယွီက ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ သွေးရောင်ဓားကြီးကို ကိုင်စွဲပြီး လီလော့ထံသို့ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြေးဝင်လာတော့သည်။

​"ဒါဆိုရင်တော့... ငါကိုယ်တိုင်ပဲ မင်းကို ပိုင်းဖြတ်ပေးရမှာပေါ့"

ထိုသို့ဆိုရင်း ဓားဖြင့် လီလော့ထံသို့ တိုက်ရိုက် ချိန်ရွယ်လိုက်လေတော့သည်။

All Chapters