ဆွေးနွေးခြင်း
Vol. 62 Ch. 866
လီလော့ ချိန်းဆိုထားသောနေရာသို့ ရောက်ရှိလာချိန်တွင် လွင်ပြင်ကျယ်ကြီးရှိ စွန့်ပစ်ထားသော ရင်ပြင်ပေါ်၌ လူထောင်ပေါင်းများစွာမှာ အေးအေးလူလူ ရှိနေကြသည်။ လူပေါင်း နှစ်သောင်းကျော်မှာ တစ်သားတည်း အသက်ရှူနေကြသကဲ့သို့ ဖြစ်နေပြီး သူတို့ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအားများက ပတ်ဝန်းကျင်ရှိ ညစ်ညမ်းမှုအားလုံးကို မောင်းထုတ်ထားသည်။
လီလော့နှင့် အစိမ်းရောင်နယ်သာ တံခွန်အဖွဲ့ ရောက်ရှိလာသည်ကို မြင်လျှင် လူအုပ်ထဲမှ လူသုံးဦးမှာ လီလော့ထံသို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့မှာ လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့ ဖြစ်ကြသည်။
"မောင်လေး.... နင် အရမ်းနှေးတာပဲ! ငါတို့ စောင့်နေတာ တစ်မနက်ခင်းလုံး ရှိနေပြီ! နောက်ထပ် နည်းနည်းလောက်သာ ကြာရင် ငါတို့ နင့်ကို လိုက်ရှာတော့မလို့" ဟု လီဖုန်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။
ထိုအခါ လီလော့က ခါးသီးစွာ ပြုံးလိုက်ပြီး…. "လာတဲ့လမ်းမှာ အဆင်ပြေကြရဲ့လား" ဟု မေးရာ လီကျင်းထောင်က အဆင်ပြေကြောင်းနှင့် လမ်းတွင်တွေ့သော ကမ္ဘာခြားသက်ရှိ အနည်းငယ်ကိုသာ ရှင်းလင်းခဲ့ရကြောင်း ဖြေသည်။ ထိုစဉ် တျန့်ဖုန်းရှန်က "မင်းဘက်မှာ တစ်ခုခု ဖြစ်ခဲ့လို့လား" ဟု စူးစမ်းလိုက်သည်။
လီလော့က သက်ပြင်းချလိုက်ပြီး "ကျောက်ကျင့်ယွီနဲ့ တွေ့ခဲ့တယ်" ဟု ဆိုလိုက်တော့ လီဖုန်းယီ၏ မျက်နှာမှာ ချက်ချင်း ပျက်သွားပြီး ဒဏ်ရာရသူ ရှိမရှိ စိုးရိမ်တကြီး မေးမြန်းတော့သည်။
ကျောက်ကျင့်ယွီ၏ ကျားတပ်မမှာ ကျောက်မျိုးနွယ်စုတွင် ဒုတိယအင်အားအကြီးဆုံးဖြစ်ရာ လီလော့တို့အတွက် အလွန်အန္တရာယ်များလှသည်။
လီလော့က "သူနဲ့ မတိုက်ခဲ့ရပါဘူး" ဟု ဆိုမှ လီဖုန်းယီ စိတ်အေးသွားသည်။ သို့သော် လီလော့၏ နောက်ထပ်စကားကြောင့် သူမ၏ ရင်ခုန်သံများ ပြန်လည်မြန်ဆန်လာခဲ့သည်။
"ဘာလို့လဲဆိုတော့ လမ်းမှာ အစစ်မှန် နတ်ဆိုး နှစ်ကောင်က ပိတ်ဆို့ထားလို့ပဲ"။
ထိုစကားကြောင့် သူတို့ သုံးဦးစလုံး ဆွံ့အသွားကြသည်။ လီလော့ ရင်ဆိုင်ခဲ့ရသည့် အခြေအနေမှာ မယုံနိုင်စရာပင်။
တျန့်ဖုန်းရှန်က …."မင်း သူတို့လက်က ဘယ်လိုလွတ်လာတာလဲ။ အစိမ်းရောင်နယ်သာ တံခွန်မှာလည်း အကျအဆုံး သိပ်မရှိပါလား" ဟု သံသယဖြင့် မေးလိုက်သည်။
အစစ်မှန် နတ်ဆိုးနှစ်ကောင်နှင့် ကျောက်ကျင့်ယွီတို့ကြားတွင် လီလော့တို့အဖွဲ့မှာ အပြတ်အသတ် ချေမှုန်းခံရနိုင်သောကြောင့် ဖြစ်သည်။
လီလော့က ပုခုံးတွန့်ကာ…. "ကံကောင်းချင်တော့ ကျောက်ကျင့်ယွီက နတ်ဆိုးတစ်ကောင်ကို ကူပြီး တိုက်ပေးသွားလို့လေ" ဟု ဆိုကာ ကျောက်ကျင့်ယွီကို မည်သို့ ပြန်လည်လှည့်စားကာ ထွက်ပြေးလာခဲ့ကြောင်း ပြောပြလိုက်သည်။
"နင် တကယ်ပဲ ကျောက်ကျင့်ယွီကို ကျေးဇူးတင်ရမှာပဲ" ဟု လီဖုန်းယီက ရယ်ချင်စိတ်ကို အောင့်ထားရင်း ဆိုသည်။
လီလော့ကလည်း… "ဒီကိုပြန်လာတိုင်း သူ့အတွက် အမွှေးတိုင် သေချာထွန်းပေးပါ့မယ်" ဟု အတည်ပေါက် ပြန်ဖြေလိုက်သည်။
သို့သော် တျန့်ဖုန်းရှန်က….
"ကျောက်ကျင့်ယွီက အဲဒီလောက်နဲ့ သေမှာမဟုတ်ဘူး။ သူက သူ့မျိုးဆက်မှာ ဒုတိယအသန်မာဆုံးပဲ" ဟု သတိပေးလိုက်သည်။
လီလော့က…. "ဒါဆို ပိုတောင်ကောင်းသေးတယ်"
ကျောက်ကျင့်ယွီ အသက်ရှင်နေမှ နဂါးစွယ်ငါးချောင်းကို ပြန်ယူနိုင်မည် မဟုတ်ပါလား။
ထို့နောက် လီလော့က သူ့ရဲ့ ကံဆိုးမှုမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်းနှင့် ဝိညာဉ်စား အစစ်မှန်နတ်ဆိုး အကြောင်းကို ရှင်းပြလိုက်သည်။ သူ့ရဲ့ ပဲ့တင်ထပ်သံ သုံးမျိုးမှာ ထိုနတ်ဆိုးအတွက် အလွန်ဆွဲဆောင်မှုရှိနေကြောင်း ယူဆထားသည်။
"အစစ်မှန်နတ်ဆိုးတွေကို အမိန့်ပေးနိုင်တယ်ဆိုရင် အဲဒီ ဝိညာဉ်စားနတ်ဆိုးက ဘယ်လောက်တောင် သန်မာမှာလဲ" ဟု တျန့်ဖုန်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
လီဖုန်းယီကမူ ထိုနတ်ဆိုးမှာ ဒုတိယအဆင့် မြို့စားနှင့် အဆင့်တူသည့် ဒုတိယအဆင့် အစစ်မှန်နတ်ဆိုး ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။ သူတို့ လေးဦးစလုံးမှာ သဟဇာတဖြစ်ခြင်း ဖြင့်ပင် ပထမအဆင့် မြို့စားအဆင့်သာ ရှိသဖြင့် ၎င်းကို ရင်ဆိုင်ရန်မှာ မလွယ်ကူလှပေ။
လီလော့က မြေပုံကို ထုတ်ကြည့်ကာ သူတို့ သွားရမည့် သန္ဓေသားသစ်သီး ရှိရာ နေရာကို အာရုံစိုက်လိုက်သည်။ ထိုနေရာတွင် အစစ်မှန်နတ်ဆိုး လေးကောင်အထိ ရှိနေသည်။
လီလော့က ရဲရင့်သော အကြည့်ဖြင့် အခြားသုံးဦးကို ကြည့်ကာ …
"ကျွန်တော့်မှာ မိုက်ရူးရဲဆန်တဲ့ အကြံပြုချက်တစ်ခု ရှိတယ်" ဟု ဆိုလိုက်သည်။
"အရင်ဆုံး သူတို့ကို အရင်ဦးအောင် တိုက်ခိုက်ကြမယ်။ ငှက်ရဲ့ အတောင်ပံတွေကို အရင်ချိုးပစ်ရမယ်"
လီလော့၏ စကားကြောင့် လီဖုန်းယီ၊ လီကျင်းထောင်နှင့် တျန့်ဖုန်းရှန်တို့ အနည်းငယ် တုန်လှုပ်သွားကြသည်။ ၎င်းမှာ အမှန်တကယ်ပင် မောက်မာလွန်းသော အကြံအစည်တစ်ခု ဖြစ်နေသောကြောင့်ပင်။