← Chapters

ရှင်းလင်းခြင်း

Vol. 62 Ch. 867

ရှင်းလင်းခြင်း

Vol. 62 Ch. 867

​ကောင်းကင်ယံမှာ မှောင်မှောက်ကာ အုံ့မှိုင်းနေသည်။

​ညစ်ညမ်းမှုများ ထူထပ်စွာ ဖုံးလွှမ်းနေသော တောင်တန်းကြီးတစ်ခုပေါ်တွင် ထူးဆန်းသော တီးတိုးသံများက တောအုပ်တစ်ခုလုံး ပဲ့တင်ထပ်နေသည်။

​ဘုန်း!

​ရုတ်တရက် တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု ရိုက်ခတ်လာသဖြင့် ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ပင် တောင်တန်းကြီးတစ်ခုလုံး တုန်ခါသွားခဲ့ရသည်။

​အနီးကပ်ကြည့်မည်ဆိုလျှင် တောင်ထိပ်တစ်ခုပေါ်၌ အစစ်မှန် နတ်ဆိုး တစ်ကောင်မှာ ဟိန်းဟောက်နေသည်ကို တွေ့ရမည်။ စေးကပ်ပြီး အေးစက်လှသော ညစ်ညမ်းမှုများမှာ ၎င်းထံမှ အဆက်မပြတ် ထွက်ပေါ်နေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

​ထိုနတ်ဆိုးက တိုက်ပွဲအတွက် ပြင်ဆင်နေပြီး ၎င်း၏ အသားများ ကွဲအက်လာပြီး ဖြူဖွေးသော အရိုးများ အတွင်းပိုင်းမှ ထိုးထွက်လာသည်။ ထိုအရိုးများမှာ ခန္ဓာကိုယ်မှ သီးခြားစီ ကွဲထွက်သွားကာ အရိုးဓားများအဖြစ် ပြောင်းလဲသွားသည်။ ထိုဓားများထံမှ မည်းနက်သော အရည်များ စီးကျနေပြီး ပြင်းထန်သော ညစ်ညမ်းမှုစွမ်းအားများ ပါဝင်နေသည်။

​၎င်းမှာ အရိုးဓား အစစ်မှန်နတ်ဆိုးပင် ဖြစ်သည်။

​၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရိုးဓားများဖြင့် ဖုံးလွှမ်းသွားပြီးနောက် အနီးနားရှိ စွမ်းအင်များ တဟုန်ထိုး ထွက်ပေါ်နေသူထံသို့ ပြေးဝင်သွားတော့သည်။ ထိုသူမှာ အခြားသူမဟုတ်ဘဲ လီကျင်းထောင်ပင် ဖြစ်သည်။

​လီကျင်းထောင်သည် သဟဇာတဖြစ်ခြင်း ၏ အကူအညီဖြင့် အေးအေးဆေးဆေးပင် တိုက်ကွက်ပုံဖော်လိုက်သည်။ ထိုအခါ ကောင်းကင်တွင် စွမ်းအားများ ပြည့်နှက်နေသော နဂါးစွယ်ပေါင်းများစွာ ပေါ်လာပြီး အချင်းချင်း ယှက်နွယ်သွားကြသည်။

​ဂလောက်... ဂလောက်!

​မဖောက်ထွင်းနိုင်သော ခုခံမှုစွမ်းအားရှိသည့် နဂါးစွယ်ဒိုင်းကြီးတစ်ခု ချက်ချင်း ပေါ်ပေါက်လာပြီး ၎င်းပေါ်တွင် တောက်ပသော မှော်စာလုံးများ ထွင်းထုထားသည်ကို မြင်တွေ့နိုင်ပေသည်။

​ဘုန်း! ဘုန်း!

​အရိုးဓားများက ဒိုင်းကြီးကို အဆက်မပြတ် တိုက်ခိုက်သဖြင့် ပြင်းထန်စွာ တုန်ခါသွားသော်လည်း လီကျင်းထောင်၏ ဒိုင်းမှာ ဖျက်ဆီး၍မရနိုင်ပေ။ ညစ်ညမ်းမှုများ ပါဝင်သော တိုက်ခိုက်မှုများကို အလွယ်တကူပင် ပြန်လည် လွင့်စင်သွားစေသည်။

​"အစ်ကိုကြီးရဲ့ ခုခံမှုကတော့ တကယ့်ကို အကောင်းဆုံးပဲ။ ဒီအရိုးဓားနတ်ဆိုးရဲ့ တိုက်ကွက်တွေက တခြားနတ်ဆိုးတွေထက် ပိုပြင်းထန်တယ်" ဟု လီလော့က တိုက်ပွဲကို ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည်။

​"လိပ်ခွံကြီးကျနေတာပဲ" ဟု လီဖုန်းယီကလည်း နှုတ်ခမ်းဆူကာ အငေါတူးလိုက်သည်။

​သို့သော် တျန့်ဖုန်းရှန်ကမူ လေးနက်သော အသံဖြင့်…

"မရှုံးနိမ့်ခြင်းဟာ အောင်မြင်မှုပဲ။ တံခွန်ခေါင်းဆောင် လီကျင်းထောင်ရဲ့ ခုခံမှုက တံခွန်တော် ၂၀ ထဲမှာ အသန်မာဆုံး ဖြစ်လိမ့်မယ်။ အနည်းဆုံးတော့ ငါတောင် ဒါကို ဖောက်ထွင်းနိုင်မှာ မဟုတ်ဘူး" ဟု သုံးသပ်လိုက်သည်။

​လီလော့လည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ လီကျင်းထောင်သည် တိုက်ခိုက်ခြင်းကို မနှစ်သက်သော်လည်း အားနည်းချက်ကို အားသာချက်ဖြစ်အောင် ပြောင်းလဲကာ ‘အကြွင်းမဲ့ ခုခံခြင်း’ ပညာရပ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့်ပင် ယခုအခါ လူငယ်မျိုးဆက်များကြားတွင် မည်သူမျှ သူ့ကို အထင်မသေးရဲတော့ပေ။

​"ငါတို့ လှုပ်ရှားဖို့ အချိန်တန်ပြီ။ အရိုးဓားနတ်ဆိုးကို အလွတ်မပေးနိုင်ဘူး"

​လီဖုန်းယီနှင့် တျန့်ဖုန်းရှန်တို့ ခေါင်းညိတ်လိုက်ကြပြီးနောက် သူတို့ သုံးဦးစလုံး၏ မြို့စားအဆင့်ပညာရပ် များကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်ကြသဖြင့် စွမ်းအင်လှိုင်း သုံးခုမှာ ကောင်းကင်ကို ခွဲထုတ်ကာ ညစ်ညမ်းမှုများကို ဖယ်ရှားပစ်လိုက်သည်။

​အရိုးဓားနတ်ဆိုးက အန္တရာယ်ကို သိရှိသွားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ကို မီတာထောင်ချီ ရှည်လျားသော ဧရာမ အရိုးဓားကြီးတစ်စင်းအဖြစ် ပြောင်းလဲကာ ပြန်လည်ခုခံလိုက်သည်။

​ဘုန်း!

​ပြင်းထန်လှသော ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်ရှိ တောအုပ်မှာ မြေလှန်သွားခဲ့ရသည်။ အရိုးဓားကြီးမှာ အက်ကြောင်းများ ပေါ်လာပြီးနောက် ပေါက်ကွဲသွားကာ အပိုင်းအစများစွာ လွင့်စင်သွားသည်။

​"အပိုင်းအစအားလုံးကို ဖျက်ဆီးပစ်!" ဟု လီလော့က အော်ဟစ်လိုက်သည်။

အစစ်မှန် နတ်ဆိုးများက ဇွဲ အလွန်ကောင်းလှသဖြင့် အပိုင်းအစတစ်ခု လွတ်သွားလျှင်ပင် ပြန်လည်ရှင်သန်လာနိုင်သောကြောင့် ဖြစ်သည်။ထို့ကြောင့် သူတို့ လေးဦးစလုံး ပူးပေါင်းကာ တောင်တန်းတစ်ခုလုံးကို စွမ်းအင်ကွန်ရက်ဖြင့် ဖုံးအုပ်ပြီး နတ်ဆိုးကို အပြီးတိုင် ရှင်းလင်းပစ်လိုက်ကြသည်။

​"မဆိုးဘူး... ဒုတိယမြောက် နတ်ဆိုးကိုလည်း ရှင်းပြီးသွားပြီ"

​လီလော့၏ အကြံအစည်မှာ အစပိုင်းတွင် ရူးသွပ်သည်ဟု ထင်ရသော်လည်း သူတို့ လက်တွေ့လုပ်ဆောင်ကြည့်သောအခါ အောင်မြင်မှု ရရှိခဲ့သည်။ အစစ်မှန် နတ်ဆိုးများမှာ ပထမအဆင့် မြို့စားနှင့် အဆင့်တူသဖြင့် တစ်ဦးချင်း တိုက်ပါက ခက်ခဲသော်လည်း သူတို့ လေးဦး ပူးပေါင်းလိုက်သောအခါ အလွယ်တကူ အနိုင်ရရှိခဲ့ကြသည်။

​သူတို့တွေ နောက်ထပ် ရက်အနည်းငယ်အတွင်း စစ်မှန်သော နတ်ဆိုး နှစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ လီလော့က သန္ဓေသားသစ်သီး ကို မရှာဖွေမီ ဤဒေသရှိ နတ်ဆိုးများကို အရင်ရှင်းလင်းရန် ဆုံးဖြတ်ထားသည်။

​သို့သော် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ပေါ်လာသည်။ တတိယမြောက် နတ်ဆိုးရှိရာ နယ်မြေသို့ ရောက်သောအခါ မည်သို့ပင် ရှာဖွေစေကာမူ ၎င်းကို မတွေ့ရတော့ပေ။

​"ဘယ်လိုဖြစ်ပြီး ပျောက်သွားတာလဲ" ဟု လီဖုန်းယီက ဝေခွဲမရ ဖြစ်နေသည်။

​လီလော့က မျက်မှောင်ကြုတ်ကာ….

"ဝိညာဉ်စားနတ်ဆိုးက ငါတို့ရဲ့ ရည်ရွယ်ချက်ကို သိသွားပြီး သူတို့ကို ထွက်ပြေးခိုင်းလိုက်တာလား" ဟု သုံးသပ်လိုက်သည်။

စတုတ္ထမြောက် နတ်ဆိုးရှိရာ နေရာသို့ သွားကြည့်သောအခါတွင်လည်း ၎င်းမှာ ပျောက်ကွယ်နေပြန်သည်။

​"ဒုက္ခပဲ... ဒီလို ထူးဆန်းတဲ့ ကမ္ဘာခြားသက်ရှိမျိုး တစ်ခါမှ မမြင်ဖူးဘူး" ဟု လီကျင့်ထောင်က အံ့သြစွာ ရေရွတ်လိုက်သည်။

ပုံမှန်အားဖြင့် ဤနတ်ဆိုးများသည် မိမိနယ်မြေကို စွန့်ခွာလေ့မရှိကြပေ။

​"အခု ဘာဆက်လုပ်ကြမလဲ... လက်လျှော့လိုက်ကြမလား" ဟု လီဖုန်းယီက မေးတော့

​လီလော့က…

"စိတ်မပူပါနဲ့... အနည်းဆုံးတော့ နတ်ဆိုးနှစ်ကောင်ကို ရှင်းပြီးပြီပဲ။ မရေရာတာတွေကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားနိုင်ခဲ့ပါပြီ။ အခု သန္ဓေသားသစ်သီး ရှိတဲ့နေရာကို သွားရမယ်။ ဒါပေမဲ့ အခြေအနေ မဟန်ရင်တော့ မစ်ရှင်ကို စွန့်လွှတ်ဖို့ ပြင်ထားကြပါ" ဟု ပြန်ဖြေလိုက်သည်။

​သူတို့သည် တစ်ရက်ခန့် အနားယူပြီးနောက် နောက်တစ်နေ့တွင် ခရီးဆက်ခဲ့ကြသည်။ တစ်ရက်ခန့် ကြာပြီးနောက် လီလော့၏ မြင်ကွင်းထဲတွင် နီရဲနေသော တောင်တန်းကြီးတစ်ခု ပေါ်လာသည်။ ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။

​လီလော့က ထိုနီရဲနေသော တောင်တန်းကို ကြည့်ကာ သူတို့ သန္ဓေသားသစ်သီး ရှိရာ နေရာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်လေတော့သည်။

All Chapters