ကြက်သွေးရောင် မီးတောင်တန်း
Vol. 62 Ch. 868
ကြက်သွေးရောင် မီးတောင်တန်းကြီးမှာ မြေပြင်ပေါ်တွင် ဝပ်စင်းနေသော ဧရာမ မီးနဂါးကြီးတစ်ကောင်ကဲ့သို့ အဆုံးမရှိအောင် ရှည်လျားလှသည်။ ဤတောင်တန်းမှာ ပြင်ပကမ္ဘာနှင့် လုံးဝကွဲပြားနေသည်။ ပြင်ပတွင် ညစ်ညမ်းမှုများ ထူထပ်နေသော်လည်း ဤတောင်တန်းအတွင်း၌မူ ညစ်ညမ်းမှုများ မရှိသလောက်ပင် ဖြစ်ပြီး သဘာဝစွမ်းအင်များမှာမူ အလွန်အမင်း ထူထပ်လှသည်။
အမှောင်နယ်မြေအတွင်းရှိ သဘာဝစွမ်းအင်များမှာ ညစ်ညမ်းမှုများကို ရှောင်ရှားရန်အတွက် တစ်နေရာတည်းတွင် စုစည်းသွားတတ်ရာမှ ဤကဲ့သို့သော အထူးနယ်မြေများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၎င်းမှာ ကျင့်ကြံသူများအတွက် အလွန်ကောင်းမွန်သော နေရာဖြစ်သော်လည်း ကမ္ဘာခြားသက်ရှိများ ရှိနေခြင်းကြောင့် တစ်ကိုယ်တော်ကျင့်ကြံသူများ မလာရဲကြပေ။
လီလော့တို့အဖွဲ့က တောင်ထိပ်တစ်ခုပေါ်မှ နေ၍ ထိုတောင်တန်းကြီးကို ကြည့်နေကြပြီး သူတို့၏နောက်တွင် တံခွန်လေးခုမှ အဖွဲ့ဝင်များမှာ စနစ်တကျ ရှိနေကြသည်။
"သဟဇာတဖြစ်ခြင်းက ပေးတဲ့ ပြင်းထန်တဲ့ စွမ်းအားတွေကို ထိန်းချုပ်ရတာ တကယ့်ကို သာယာဖို့ကောင်းတာပဲ" ဟု လီလော့က ရေရွတ်လိုက်သည်။
ဤအဆင့်မှာ သူတို့တစ်ဦးချင်းစီအနေဖြင့် လာရောက်ရန် မဖြစ်နိုင်သော်လည်း သဟဇာတဖြစ်ခြင်း အတတ်ကြောင့်သာ အစစ်မှန် နတ်ဆိုးများကိုပင် ရင်ဆိုင်နိုင်နေခြင်း ဖြစ်သည်။ သို့သော် လီဖုန်းယီက ဤပြင်ပစွမ်းအားအပေါ် အလွန်အမင်း မှီခိုခြင်းမပြုရန် သတိပေးခဲ့သည်။
လီလော့က စဉ်းစားရင်း မိမိ၏ ကျင့်စဉ်အခြေအနေကို ပြန်လည်စစ်ဆေးလိုက်သည်။ သူသည် အမှောင်နယ်မြေအတွင်း ဆယ်ရက်ခန့် ရှိနေစဉ်အတွင်း ကမ္ဘာခြားသက်ရှိများကို နှိမ်နင်းရင်း စကြဝဠာဓားအသိ သုံးခုအထိ ရရှိထားပြီး ဖြစ်သည်။ ၎င်းက သူ့ကို သန္ဓေသားသစ်သီး ရယူရန် ပိုမိုယုံကြည်မှု ရှိစေသည်။
"ကြက်သွေးရောင် မီးတောင်တန်းထဲကို ဝင်ကြရအောင်"
လီလော့က ညွှန်ကြားလိုက်ပြီးနောက် အပူရှိန်ပြင်းထန်လှသော တောင်တန်းအတွင်းသို့ ခြေချလိုက်ကြသည်။ တောအုပ်အတွင်း၌ မီးလျှံများ ဝန်းရံနေသကဲ့သို့ နီရဲနေသော မီးဝိညာဉ်မျောက် များကို တွေ့ရတတ်သည်။ ထိုမျောက်များမှာ လီလော့တို့၏ အင်အားကို ကြောက်ရွံ့သဖြင့် အနားမကပ်ရဲကြပေ။
လီဖုန်းယီ၏ ပြောကြားချက်အရ သန္ဓေသားသစ်သီးများမှာ မီးတောင်ဝ သုံးခုရှိသည့် တောင်တန်းအနက်ပိုင်းတွင် ရှိနေနိုင်သည်။
လီလော့က အဖွဲ့ဝင် ရှစ်ထောင်ကို ဦးဆောင်ကာ သတိရှိရှိ ရှေ့ဆက်ခဲ့ပြီး စိတ်ထဲတွင် ဝိညာဉ်စားနတ်ဆိုး၊ ပျောက်ကွယ်သွားသည့် နတ်ဆိုးနှစ်ကောင်နှင့် ကျောက်ကျင့်ယွီတို့၏ အန္တရာယ်များကို အမြဲတမ်း သတိပြုနေမိသည်။
ရုတ်တရက် လီလော့က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်းမှ သစ်သားပဲ့တင်ထပ်သံစွမ်းအားကြောင့် ရှေ့ရှိ တောအုပ်အတွင်း၌ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသောကြောင့်ပင်။
သူသည် ပြင်းထန်စွာ လေတစ်ချက် မှုတ်ထုတ်လိုက်ရာ ရှေ့ရှိ လေထုထဲတွင် ငါးညှီနံ့နံသော အဆိပ်မှုန်များ ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
ဤကဲ့သို့ ယုတ်မာလှသော ထောင်ချောက်မျိုးကို ကမ္ဘာခြားသက်ရှိများက ပြုလုပ်နိုင်စွမ်းမရှိပေ။
လီလော့က တောအုပ်အနက်ပိုင်းသို့ စိုက်ကြည့်ကာ အေးအေးဆေးဆေးပင် အော်ဟစ်လိုက်သည်။
"ကျောက်ကျင့်ယွီ... အသံတိတ် ပုန်းမနေဘဲ ထွက်လာခဲ့စမ်း"
ခဏအကြာတွင် တောအုပ်အတွင်းမှ လူလေးဦး ထွက်ပေါ်လာသည်။ မျှော်လင့်ထားသည့်အတိုင်း ကျောက်ကျင့်ယွီပင် ဖြစ်နေသည်။
ကျောက်ကျင့်ယွီက ရက်စက်လှသော အပြုံးဖြင့် ….
"လီလော့... မင်းက တကယ့်ကို သတိကြီးတာပဲ။ ဒါတောင် မင်းကို မဖမ်းနိုင်ဘူးလား"
"မင်းလို လူအတစ်ယောက်က အဲဒီနတ်ဆိုးနှစ်ကောင်လက်ထဲကနေ အသက်ရှင်လာလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး"
လီလော့၏ရန်စလိုသောစကားကြောင့်ကျောက်ကျင့်ယွီက ဒေါသတကြီးဖြင့် လီလော့ကို သတ်ဖြတ်ရန် ကြုံးဝါးနေစဉ် လီလော့က နွေးထွေးသော လေသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။
"မေးစရာတစ်ခု ရှိသေးတယ်... ငါ့ရဲ့ နဂါးစွယ်တွေကိုတော့ ပျောက်အောင် မလုပ်လိုက်ဘူး မဟုတ်လား"