← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇) ယွင်ဟွားက လင်းဝမ်ယွဲ့အား ဆွဲဆုတ်ပစ်ခြင်း

ရှောင်ရှီစန်း၏ ကမ္ဘာကြီးကား ပြိုကျသွားခဲ့လေပြီ။

ယနေ့မှစ၍ ဤလောကတွင် ရှောင်လီဟွာဟူသော နောက်ထပ်လူတစ်ယောက် ရှိလာတော့မည် ဖြစ်သည်။

ရှောင်ထောင်ဟွာသည် လင်းမိသားစု၏ တံခါးဝကို အကြိမ်အနည်းငယ် ကန်လိုက်၏။

"ဘယ်သူလဲ... ဘာလို့ လာကန်နေတာလဲ... ဒီနေရာက ဘယ်သူ့အိမ်တော်လဲဆိုတာ သိရဲ့လား..."

ဆူညံသံကို ကြားသောအခါ တံခါးစောင့်က တံခါးဖွင့်ရန် ဒေါသတကြီး ပြေးလာခဲ့သည်။

သို့သော်လည်း တံခါးပွင့်သွားချိန်တွင် လူတိုင်းမှာ မှင်သက်သွားကြလေသည်။

ယွင်ဟွားသည် စကားပိုများကို ဆက်၍ မပြောဆိုချင်တော့ဘဲ အထဲသို့ ခပ်ကြွားကြွား ဝင်ရောက်သွားသည်။

"မင်းတို့က ဘယ်သူတွေလဲ... ဘယ်သူက ခွင့်ပြုချက်ပေးလို့..."

"သူ့ပါးစပ်ကို ပိတ်လိုက်စမ်း..."

နန်ကုန်းယွမ်က မျက်မှောင်ကြုတ်ကာ အေးစက်သော အသံဖြင့် ပြောလိုက်လေသည်။

သူက ယွင်ဟွားအား ကာကွယ်ပေးနေသည့် မြင်ကွင်းကို ဇာတ်လမ်းမည်သို့ ဆက်ဖြစ်မည်ကို ကြည့်ရှုရန် ရောက်ရှိလာသော တော်ဝင်ကြင်ယာတော်စုက မြင်တွေ့သွားခဲ့သည်။

သူမသည် ဘေးတွင်ရှိသော မင်းသားစုအား စိတ်လှုပ်ရှားစွာဖြင့် ပုတ်လိုက်၏။

"အို... အို... ဒီကလေးက နောက်ဆုံးတော့ အသက်မပါတဲ့ မျက်နှာသေကြီးကလွဲလို့ တခြားမျက်နှာအမူအရာ ရှိလာခဲ့ပြီပဲ..."

"ငါ သိသားပဲ... ဟွားအာလေးက သူ့ရဲ့ ကံကြမ္မာဖန်တီးရှင်ပဲ..."

"သွားကြစို့... သွားကြစို့... မြန်မြန်သွားပြီး ဖရဲသီးစားကြရအောင်..."

တော်ဝင်ကြင်ယာတော်စုနှင့် မင်းသားစုတို့သည် လင်းအိမ်တော်သို့ ခြေချရုံသာ ရှိသေးချိန်တွင် သတင်းရရှိထားသော ယွင်မိသားစုဝင်များ အပါအဝင် လူအုပ်ကြီးတစ်အုပ် ဝင်ရောက်လာခဲ့သည်။

လင်းအိမ်တော်မှ အစေခံများသည် လန့်ဖြန့်သွားကြပြီး အခြေအနေကို သတင်းပို့ရန် ချက်ချင်း လှည့်ထွက်သွားကြသည်။

ရှင်ခြင်းသေခြင်းစာအုပ်က လမ်းပြပေးမှုနှင့်အတူ ယွင်ဟွားသည် လင်းဝမ်ယွဲ့၏ အဆောင်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။

"သခင်မလေး... ပြဿနာကြီး တက်ပါပြီ... ယွင်မိသားစုရဲ့ စတုတ္ထသခင်မလေးက လာရောက်တိုက်ခိုက်နေပါပြီ..."

အစေခံမလေးသည် ယွင်မိသားစုမှ ရက်စက်သော အမူအရာရှိသူများက သူတို့ကို လာရောက်သတ်ဖြတ်တော့မည်ဖြစ်ကြောင်း တုန်ရီစွာဖြင့် လာရောက်သတင်းပို့လေသည်။

ခြံဝင်းတံခါးမှ ယခုလေးတင် ထွက်လာသော လင်းဝမ်ယွဲ့သည် ရပ်တန့်သွားပြီး သူမ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။

"နင် ဘယ်သူလို့ ပြောလိုက်တာလဲ... ဘယ်သူ လာတယ်လို့..."

"ငါလေ... နင့်ရဲ့ အဘွားပဲ..."

ယွင်ဟွားက ခါးထောက်လျက် ရက်စက်သော အကြည့်များဖြင့် ထွက်ပေါ်လာသည်။

ယွင်ဟွားကို မြင်လိုက်ရသောအခါ လင်းဝမ်ယွဲ့၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး သူမ၏ လက်ထဲရှိ ပဝါကို ဆုပ်ချေလိုက်သည်။

"ယွင်ဟွား..."

လင်းဝမ်ယွဲ့က အော်ဟစ်လိုက်၏။

"နင် ဘယ်လိုလုပ်ပြီး အထဲကို ဝင်လာတာလဲ..."

သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူမ၏ မျက်နှာအမူအရာမှာ တင်းမာသွားသည်။

"ထွက်သွားစမ်း..."

"ငါ့အိမ်ထဲကနေ အခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင် ကျူးကျော်ဝင်ရောက်မှုနဲ့ သက်ဆိုင်ရာကို တိုင်ကြားလိုက်မယ်..."

လင်းဝမ်ယွဲ့၏ နှလုံးသားထဲတွင် ရုတ်တရက် အထိတ်တလန့်ဖြစ်မှုတစ်ခု ပေါ်ပေါက်လာသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ယွင်ဟွားအား သတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သောကြောင့် ဖြစ်သည်။

ဤအချိန်၌ သူမသည် ယွင်ဟွားကို မြင်ရမည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့မိသည်။

"နင် ငါ့ကို ကြောက်နေတာလား..."

ယွင်ဟွားက ပြုံးလိုက်ပြီး လင်းဝမ်ယွဲ့ထံသို့ တစ်လှမ်း တိုးကပ်သွားလေသည်။

လင်းဝမ်ယွဲ့က ယွင်ဟွား၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အပြုံးကိုကြည့်ရင်း သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်လာသည်။

"ရယ်စရာတွေ လာပြောမနေနဲ့... ငါက နင့်ကို ဘယ်လိုလုပ်ပြီး ကြောက်ရမှာလဲ..."

ဆောင်းဦးပေါက်စ ရာသီဥတုမှာ အနည်းငယ် အေးမြနေသော်လည်း အချိန်တိုလေးအတွင်းမှာပင် လင်းဝမ်ယွဲ့၏ ကျောပြင်မှာ ချွေးများဖြင့် ရွှဲနစ်နေလေပြီ။ အေးမြသော လေပြေတစ်ချက် သူမအပေါ် ဖြတ်သန်းတိုက်ခတ်သွားရာ သူမ တုန်ရီမသွားဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။

ယွင်ဟွားက မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်၏

သူမမှာ သတ္တိက ဤမျှလေးသာ ရှိပါလျက်နှင့် မကောင်းမှုများကို လုပ်ဆောင်ရန် တွေးတောနေသေးသည် မဟုတ်ပါလား။

"သခင်မလေးလင်း... ငါ့ရဲ့ အဆိုးရွားဆုံးအရာက ယုတ်မာမှုတွေကို အူလှိုက်သည်းလှိုက် မုန်းတီးတတ်တဲ့သူပဲ... ငါက လက်ငင်း ချက်ချင်း လက်စားချေတတ်ပြီး ဘယ်တော့မှ ညအိပ်တဲ့အထိ အချိန်မဆွဲထားတတ်ဘူး..."

"ဒါဆို... ငါ ဘာအတွက် လာလဲဆိုတာ ခန့်မှန်းကြည့်ပါလား..."

ယွင်ဟွားက သူမ၏ လက်ကောက်ဝတ်များကို ဆန့်ထုတ်လိုက်ပြီး သူမ၏ ခြေသလုံးများကို ကန်ထုတ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သူမကို ငရဲသို့ မပို့ဆောင်မီ ပန်းများ အဘယ်ကြောင့် ဤမျှ နီရဲနေရသနည်းဆိုသည်ကို သူမ သိရှိရန် လိုအပ်သည်။

"ရိုင်းစိုင်းလှချည်လား..."

"ဒီနေရာက လင်းအိမ်တော်ပဲ..."

ယွင်ဟွား၏ ဟန်ပန်ကို ကြည့်ရင်း လင်းဝမ်ယွဲ့၏ ခြေသလုံးများမှာ စတင် တုန်ရီလာသည်။

အဘယ်ကြောင့်မှန်း မသိပေ။ ဤခွေးမလေးထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေသည်ဟု သူမ အမြဲတမ်း ခံစားနေရသည်။

"တစ်ယောက်ယောက် လာကြစမ်း..."

"ဒီကောင်မကို ကောင်းကောင်း ပညာပေးလိုက်စမ်း..."

ထိုသို့ပြောပြီးနောက် သူမက အစေခံမလေးတစ်ဦးကို ဆွဲယူကာ ယွင်ဟွား၏ ရှေ့သို့ တွန်းပို့လိုက်သည်။

ဤသို့ ခံစားရသူမှာ သူမ တစ်ဦးတည်း မဟုတ်ပေ။ လင်းဝမ်ယွဲ့၏ အစေခံမလေးပင်လျှင် ယွင်ဟွား၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။

ယွင်ဟွား၏ မျက်ဝန်းများမှာ ရေခဲကဲ့သို့ အေးစက်နေ၏။

သူမ၏ လက်ငယ်လေးကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အစေခံမလေးမှာ သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံလိုက်ရပြီး လေထဲတွင် ယိမ်းနွဲ့နေသည်။ သူမက ယုတ်မာမှုများကို မုန်းတီးသော်လည်း အပြစ်ကင်းမဲ့သော သူများကို ရမ်းသန်း သတ်ဖြတ်မည် မဟုတ်ပေ။

လင်းဝမ်ယွဲ့နှင့် ယွင်ဟွားတို့ မျက်လုံးချင်း ဆုံမိသွားသော အခိုက်အတန့်တွင် သူမ၏ နှလုံးသား နက်ရှိုင်းရာမှတစ်ဆင့် ခန္ဓာကိုယ် အနှံ့အပြားသို့ အေးစက်မှုတစ်ခု ဖြတ်သန်းသွားသည်။ သူမသည် ကြောက်လန့်တကြား အော်ဟစ်လိုက်၏။

"အနားကို ထပ်မလာနဲ့... အနားကို ထပ်မလာခဲ့နဲ့..."

တုံ့ဆိုင်းနေခြင်းမရှိဘဲ သူမသည် အကာအကွယ်အဖြစ် အစေခံမလေးနှစ်ဦးကို ထပ်မံ ဆွဲယူလိုက်သည်။

ယွင်ဟွားက သူမ၏ ခွန်အားကို ထိန်းချုပ်ကာ ထိုသူများကို လက်တစ်ဖက်စီဖြင့် ဆွဲကိုင်လိုက်ပြီး သူတို့၏ အင်္ကျီကော်လာများမှ ဆွဲ၍ နောက်သို့ လွှင့်ပစ်လိုက်လေသည်။

“ဟီးဟီးဟီး... အခု နင့်ကို ဘယ်သူမှ တားဆီးလို့ မရတော့ဘူး မဟုတ်လား..”

ရှင်ခြင်းသေခြင်းစာအုပ်က လေထဲတွင် ပျံသန်းနေပြီး ပါးစပ်ကို အုပ်ကာ ရယ်မောနေလေသည်။

လင်းဝမ်ယွဲ့မှာ ကြက်သေသေသွားပြီး ထွက်ပြေးရန် လှည့်ထွက်လိုက်၏။

ယခင်က မင်းသမီးလဲ့အန်း ပြုလုပ်ခဲ့သကဲ့သို့ပင် ယွင်ဟွားသည် သူမ၏ ဆံပင်များကို ဆွဲကိုင်ကာ နောက်သို့ ဆောင့်ဆွဲလိုက်လေသည်။ သူမ၏ ဦးရေပြား တစ်ဝက်ခန့် စုတ်ပြဲသွားသဖြင့် လင်းဝမ်ယွဲ့မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

စူးရှသော အော်ဟစ်သံကြောင့် ပုန်းအောင်းနေသူများ၏ ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွား၏။

လင်းမိသားစု၏ အစောင့်များနှင့်အတူ အမတ်လင်းနှင့် သခင်မလင်းတို့သည်လည်း နန်ကုန်းယွမ်၏ လူများ၏ တားဆီးခြင်းကို ခံထားရပြီး ဖြစ်သည်။

အမတ်လင်းသည် သွားများကို ကြိတ်ကာ သူ့သမီးဖြစ်သူ၏ စည်းကမ်းမဲ့သော အပြုအမူများကို ကျိန်ဆဲနေပြီး သခင်မလင်းမှာမူ နှလုံးကွဲကြေမတတ် ဖြစ်ကာ မျက်ရည်များ ကျဆင်းနေသည်။

"အား..."

"ခွေးမ... ခွေးမ..."

"ငါ နင့်ကို သတ်ပစ်မယ်... သတ်ပစ်မယ်..."

လင်းဝမ်ယွဲ့သည် ဟာလာဟင်းလင်း ဖြစ်နေသော သူမ၏ နောက်စေ့ကို စမ်းသပ်လိုက်ပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားကာ ရူးသွပ်သွားသကဲ့သို့ ယွင်ဟွားထံသို့ ပြေးဝင်လာလေသည်။

ယွင်ဟွားက သူမ၏ နားရွက်ကို ကုတ်လိုက်သည်။

သူမသည် မင်းသမီးလဲ့အန်းနှင့် ပတ်သက်နေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူမသည် ယွင်ဟွားအား ယုတ်မာသော အမျိုးသမီးဟု ခေါ်ဆိုခြင်း သို့မဟုတ် သတ်ပစ်လိုခြင်းသာ ရှိသည်။

သူမသည် လက်ထဲရှိ ဆံပင်များကို ပစ်ချလိုက်ပြီး ထိုသူကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။ ထို့နောက် ယွင်ဟွားက သူမ၏ ကျောပြင်ပေါ်သို့ နင်းထားလိုက်သဖြင့် သူမ ထ၍မရနိုင်အောင် ဖြစ်သွားသည်။

"အစောင့်တွေ... အစောင့်တွေ... ဒီခွေးမကို ရိုက်သတ်ကြစမ်း..."

"သူတို့ ဘယ်မှာလဲ... သူတို့ အားလုံး ဘယ်ရောက်သွားကြတာလဲ..."

လင်းဝမ်ယွဲ့က ရူးသွပ်စွာ ရုန်းကန်နေပြီး အဆက်မပြတ် အော်ဟစ်နေလေသည်။

“ပန်းကလေး... သူမက နင့်ကို အော်ဟစ်ပြီး နင့်ကိုတောင် သတ်ဖို့ ကြိုးစားနေတယ်... သူမကို ပညာပေးလိုက်စမ်း…”

ကုန်းကျန်းကျူက လူများကို ထိုးနှက်ခဲ့သော နည်းလမ်းများကို သတိရသွားသဖြင့် ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်း၏ နေရာလွတ်သိုလှောင်မှုထဲမှ သံအပ်ကြီးတစ်ချောင်းကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ယွင်ဟွားထံသို့ ပေးအပ်လိုက်လေသည်။

“ ပန်းကလေး... သူမကို ထိုးသတ်ဖို့ ဒါကို သုံးလိုက်…”

လေဟာပြင်ထဲမှ သံအပ်ကြီးတစ်ချောင်း ရုတ်တရက် ပေါ်လာသည်ကို ကြည့်ရင်း လူတိုင်းမှာ အသက်ရှူမှားသွားကြလေသည်။

“ရှောင်ရှူးရှူး... နင် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီပဲ…”

ယွင်ဟွားသည် လက်ထဲတွင် သံအပ်ကြီးကို ကိုင်ဆောင်ထားလျက် လင်းဝမ်ယွဲ့၏ ကျောပြင်ကို စူးစိုက်ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်သည်။

လင်းဝမ်ယွဲ့က ဤဆိုးယုတ်သော ရယ်မောသံကို ရုတ်တရက် ကြားလိုက်ရပြီး တုန်ရီသွား၏။

“ပန်းကလေး... ထိုးလိုက်စမ်း..”

ရှင်ခြင်းသေခြင်းစာအုပ်၏ ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ ယွင်ဟွားက ရုတ်တရက် ခွန်အားများ ပေါက်ကွဲထွက်လာပြီး သံအပ်မှာ သူမ၏ ကျောပြင်ထဲသို့ တိုက်ရိုက် စိုက်ဝင်သွားလေသည်။

"အား..."

လင်းဝမ်ယွဲ့၏ ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများမှာ နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။

မျက်လုံးများ တောက်ပနေသော တော်ဝင်ကြင်ယာတော်စုမှလွဲ၍ လူတိုင်းမှာ တုန်ရီသွားကြ၏။

"ငါ့သမီးလေး... ဝါး..."

သခင်မလင်း၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး သူမသည် ရှေ့သို့ ပြေးထွက်ရန် ရုန်းကန်နေသော်လည်း တော်ဝင်ကြင်ယာတော်စုက သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။

သူမက အေးစက်စွာ သတိပေးလိုက်၏။

"ဟွားအာလေးရဲ့ လက်စားချေမှုကို မနှောင့်ယှက်နဲ့... သူမက ပြင်းထန်တဲ့ ခံစားချက်ရှိတဲ့ မိန်းကလေးပဲ... နင့်ရဲ့ သမီးက ဟွားအာလေးကို ခုလိုမျိုး လက်စားချေချင်လာအောင် တစ်ခုခု သွားလုပ်ခဲ့လို့ ဖြစ်ရမယ်..."

"ယွင်ဟွား... ခွေးမ... ခွေးမ... ငါ သင့်ကို အဆိုးရွားဆုံးသေခြင်းနဲ့ သေဆုံးအောင် လုပ်ပစ်မယ်..."

"သေလိုက်စမ်း... ငရဲကို သွားလိုက်စမ်း..."

“ဟားဟား... ကျိန်ဆဲဖို့ ခွန်အား ရှိနေသေးတာပဲ... ပန်းကလေး... နင် စောင့်နေ... ဒီစာအုပ်ထဲမှာ ငါးဖမ်းကြိုးတစ်ခု ရှာပြီး သူမရဲ့ ပုပ်ဟောင်နေတဲ့ ပါးစပ်ကို ချုပ်ပစ်ရအောင်…”

ထိုသို့ပြောပြီးနောက် ရှင်ခြင်းသေခြင်းစာအုပ်က သူ့ဗိုက်ထဲတွင် စတင် ရှာဖွေနေလေသည်။

ယွင်ဟွားက သူမနှုတ်ခမ်းကို လျက်လိုက်၏။ သူမ၏ လက်ထဲရှိ သံအပ်မှာ အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး ၎င်း၏ ထိပ်ဖျားတွင် သွေးများ စွန်းထင်းနေကာ လင်းဝမ်ယွဲ့၏ ကျောပြင်ပေါ်သို့ နောက်တစ်ကြိမ် ဖိချလိုက်သည်။

"သခင်မလေးလင်း... ငါ့ကို ပြန်ပေးဆွဲခိုင်းရတာ ပျော်စရာမကောင်းဘူးလား..."

လင်းဝမ်ယွဲ့မှာ အံ့အားသင့်သွားသည်။

နောက်တစ်စက္ကန့်တွင် ယွင်ဟွားက သူမ၏ လက်ကောက်ဝတ်ဖြင့် အင်အားကို သုံးလိုက်ရာ အသားထဲသို့ စိုက်ဝင်နေသော သံအပ်မှာ ဖြည်းညင်းစွာ လည်ပတ်သွားသည်။ လည်ပတ်မှုတိုင်းက လင်းဝမ်ယွဲ့၏ အာရုံကြောများကို လှုံ့ဆော်ပေးနေပြီး အဆုံးမဲ့ နာကျင်မှုကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ကောက်ကွေးသွားတော့သည်။

"အား..."

လင်းဝမ်ယွဲ့၏ စူးရှသော အော်ဟစ်သံမှာ သူမ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာသည်။

ယွင်ဟွားသည် အေးစက်စွာဖြင့် သူမ၏ လက်ကို ပြန်ရုပ်လိုက်၏ယ

သူမသည် လင်းဝမ်ယွဲ့၏ ရှေ့တွင် ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး အေးစက်သော မျက်နှာအမူအရာဖြင့် သူမ၏ မေးစေ့ကို လက်တစ်ဖက်ဖြင့် မ,တင်လိုက်၏။

သူမသည် လင်းဝမ်ယွဲ့၏ နားအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သခင်မလေးလင်း... ပြန်လည်မွေးဖွားလာခြင်းက နင့်ကို ရွေးချယ်ခံရသူ ဖြစ်လာစေပြီး တခြားသူတွေရဲ့ ကံကြမ္မာကို အလိုရှိသလို ထိန်းချုပ်ခွင့်ပေးတယ်လို့ နင် ထင်နေတာလား..."

"ဒါက မူလက နင့်ရဲ့ အခွင့်အရေးပဲ... ဒါပေမယ့် ငါက အစပိုင်းမှာ မသိဟန်ဆောင်နေခဲ့တာ... အခု နင်က အဲ့ဒါကို တန်ဖိုးမထားဘူးဆိုတော့ ငါ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့တော့..."

ဤစကားများကို ပြောဆိုလိုက်ဟ။

လင်းဝမ်ယွဲ့သည် ယွင်ဟွားကို ထိတ်လန့်တကြား ကြည့်နေခဲ့တော့သည်။

အခန်း (၇၈) လင်းဝမ်ယွဲ့က သူမသည် နတ်သမီးပြန်ဝင်စားသည်ဟု ပြောဆိုခြင်း

"ငါ... နင်ဘာတွေပြောနေမှန်း ငါမသိဘူး..."

"ဘာကို ပြန်လည်မွေးဖွားတာလဲ... ငါ နားမလည်ဘူး..."

လင်းဝမ်ယွဲ့က မျက်လုံးချင်းဆုံရန် ရှောင်လွှဲလိုက်ပြီး အပြစ်ရှိသလို ခံစားနေရကာ ယွင်ဟွား၏ အကြည့်ကို မရင်ဆိုင်ဝံ့ပေ။

သူမက ပြတ်သားစွာ ငြင်းဆိုလိုက်သည်ကို ကြားသော်လည်း ယွင်ဟွားမှာ အံ့အားသင့်မသွားခဲ့ပေ။

သူမသည် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ အကြည့်များမှာ ရန်လိုနေသည်။

"သခင်မလေးလင်း... ငါက နက္ခတ်တာရာ လေ့လာရေးဌာနက အရာရှိဆိုတာ နင် မေ့သွားပြီလား... နင့်မျက်နှာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ နင့်ရဲ့ လျှို့ဝှက်ချက်တွေ အားလုံးက ငါ့အတွက် လျှို့ဝှက်ချက် မဟုတ်တော့ဘူး..."

"နင် နားလည်လား..."

လင်းဝမ်ယွဲ့မှာ ထိတ်လန့်သွားပြီး ခေါင်းကို ချက်ချင်း ငုံ့ထားလိုက်ရာ ဘေးတစ်ဖက်တစ်ချက်သို့ ကျဆင်းနေသော ဆံပင်စများက သူမ၏ ရှုံ့မဲ့နေသော မျက်နှာကို ဖုံးကွယ်သွားစေသည်။

လက်ချောင်းဆယ်ချောင်းသည် အပြာရောင်အုတ်ခဲများကို ကုတ်ခြစ်မိရာမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ယွဲ့အာ..."

မိမိသမီး နှိပ်စက်ခံရသည်ကို ကြည့်ရန် သည်းမခံနိုင်တော့ဘဲ သခင်မလင်းက တော်ဝင်ကြင်ယာတော်စုထံမှ ရုန်းထွက်ကာ အော်ဟစ်လျက် ယွင်ဟွားထံသို့ ပြေးဝင်သွားလေသည်။

ယွင်ဟွားက တစ်ချက် ကြည့်လိုက်သည်။

သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်သည်နှင့် သခင်မလင်းက လင်းဝမ်ယွဲ့အပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားလေသည်။

"ဝေါ့..."

သခင်မလင်း၏ ဖိပိမှုအောက်တွင် လင်းဝမ်ယွဲ့က ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်ရ၏။

သခင်မလင်းမှာ လန့်ဖြန့်သွားသည်။

သူမသည် ဖြူလျော့နေသော မျက်နှာဖြင့် လင်းဝမ်ယွဲ့ကို တွဲထူလိုက်သည်။

ထို့နောက် သူမသည် ခေါင်းလှည့်ကာ ယွင်ဟွားကို စူးရဲစွာ ကြည့်လိုက်ပြီး ဒေါသမီးများ တောက်လောင်နေသော မျက်ဝန်းများဖြင့် သူမကို ကျိန်ဆဲတော့လေသည်။

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နင်က အရမ်း ရက်စက်တာပဲ... နင်က ယုတ်မာတဲ့ မိန်းမ... နတ်ဆိုးမပဲ... ငါ နင့်ကို သေချာပေါက် ဖော်ထုတ်မယ်... သေချာပေါက် ဖော်ထုတ်ပစ်မယ်..."

"ယုတ်မာတဲ့မိန်းမ ဟုတ်လား..."

"အဲ့စကားလုံးက နင့်သမီးနဲ့ အကိုက်ညီဆုံးပဲ..."

"ငါ... ယွင်ရှောင်ထျန်းရဲ့ သမီးကို နင်က အဲ့လောက် အလွယ်တကူ ဝေဖန်ရဲတယ်ပေါ့လေ..."

ဒေါသကို ဖိနှိပ်ထားလျက် ယွင်ရှောင်ထျန်းသည် ယွင်ဟွားအား ကွယ်ထားရန် ရှေ့သို့ အလျင်အမြန် တိုးထွက်လာပြီး သူမကို စူးရဲစွာ ကြည့်လိုက်သည်။

“သခင်မလင်းက အမှန်တရားကို ဘယ်လို လိမ်လည်လှည့်ဖြားရမလဲဆိုတာ ကောင်းကောင်း သိတာပဲ... ပြီးတော့ နင်က ငါ့သမီးကိုတောင် စွပ်စွဲချင်နေသေးတယ်ပေါ့လေ..."

သူသည် တိတ်ဆိတ်နေသော လင်းဝမ်ယွဲ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်လေသည်။

“လွန်ခဲ့တဲ့ လဝက်လောက်အတွင်း မြို့တော်တွင်းရော မြို့ပြင်မှာပါ မိန်းကလေးငယ် ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တယ်... ငါ မေးချင်တာက... သခင်မလေးလင်း... နင်က ငါ့သမီးကို ပြန်ပေးဆွဲဖို့ သူခိုးတွေနဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းကြံစည်နိုင်ခဲ့တာလဲ..."

သခင်မလင်းမှာ မှင်သက်သွားပြီး လင်းဝမ်ယွဲ့ကို ကြည့်ရန် ရုတ်တရက် လှည့်ကြည့်လိုက်မိသည်။

“သေစမ်း.. ဒီစာအုပ်ကတော့ ဒေါသထွက်လွန်းလို့ သေတော့မယ်... ဘာပူးပေါင်းကြံစည်မှုလဲ... သူမက ပြန်လည်မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်မျှသာဖြစ်ပြီး သူမရဲ့ အတိတ်ဘဝက အရာတွေကို အသုံးပြုပြီး ငါ့ရဲ့ ဟွားဟွားလေးကို ဒုက္ခပေးဖို့ ကြိုးစားနေတာပဲ..”

ဤစကားများက လူအုပ်ကြားထဲတွင် ဆူညံပွက်လောရိုက်သွားစေလေသည်။

*လင်းမိသားစုရဲ့ သမီးအကြီးဆုံးက တကယ်ပဲ...ပြန်လည်မွေးဖွားလာတာတဲ့လား*

“ စိတ်အေးအေးထားပါ... ရှောင်ရှူးရှူး... ငါ ဟွားဟွားက သူမကို ဒီညထက်ကျော်လွန်ပြီး အသက်ရှင်ခွင့် လုံးဝ ပေးမှာမဟုတ်ဘူး..”

ယွင်ဟွား၏ မျက်ဝန်းများ တောက်ပသွားသည်။ သူမ ဖော်စပ်ထားသော ဆေးလုံးငယ်များမှာ နောက်ဆုံးတွင် အသုံးဝင်လာပြီ ဖြစ်သည်။

လင်းဝမ်ယွဲ့၏ မျက်ဝန်းများထဲတွင် အထိတ်တလန့်ဖြစ်မှုတစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်လည်း သူမက မော့ကြည့်လိုက်ချိန်တွင် သူမ၏ မျက်နှာပေါ်၌ အပြစ်ကင်းစင်သော အမူအရာများ အပြည့်ရှိနေသည်။

"ငါ မလုပ်ခဲ့ပါဘူး... ငါ့လို သခင်မလေးတစ်ယောက်က သူခိုးဓားပြတွေနဲ့ ဘယ်လိုလုပ်ပြီး ပူးပေါင်းကြံစည်နိုင်မှာလဲ..."

"အမတ်ယွင်... သခင်မလေးယွင်က ရှင့်သမီးဖြစ်နေရုံနဲ့ ရှင်က ငါ့ကို မဟုတ်မမှန် စွပ်စွဲလို့ မရဘူးလေ... အကယ်၍ ဒီသတင်းသာ ထွက်သွားရင် ငါ့ရဲ့ ဂုဏ်သိက္ခာတွေ ပျက်စီးသွားလိမ့်မယ်..."

သူမသည် သခင်မလင်း၏ ရင်ခွင်ထဲတွင် ခေါင်းဖွက်ထားလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ အဆက်မပြတ် စီးကျလာလေသည်။

သခင်မလင်း၏ နှလုံးသားမှာ ပျော့ပျောင်းသွားပြီး သူမ၏ သမီးပြောသည်မှာ မှန်ကန်ကြောင်း သူမ သဘောပေါက်သွားသည်။

"နင့်မှာ ဘာဂုဏ်သိက္ခာမှ မရှိတော့ပါဘူး... နင့်ရဲ့ ကိုယ်ကျင့်တရားက လုံးဝကို ပျက်ယွင်းနေတာပဲ... အဲ့ဒါ ဧကရာဇ်မင်း ကိုယ်တိုင်ပြောခဲ့တာ..."

ယွင်ဝေက ဆက်၍ သည်းမခံနိုင်တော့ဘဲ အံကိုကြိတ်ကာ ခုန်ထွက်လာခဲ့သည်။

ဇာတ်လမ်း မည်သို့ဆက်ဖြစ်မည်ကို အရိပ်ထဲမှ တိတ်တဆိတ် ကြည့်ရှုနေကြသော ယွင်မိသားစုဝင်များမှာ ဤအရူးမလေး ထွက်သွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။

လင်းဝမ်ယွဲ့မှာ အံ့အားသင့်သွားပြီး ယွင်ဝေအား အငြိုးတကြီး ကြည့်လိုက်၏။

ယွင်ဟွားနှင့် ယွင်ရှောင်ထျန်းတို့သည် လင်းဝမ်ယွဲ့၏ အကြည့်ကို ကာကွယ်ရန် ယွင်ဝေ၏ အရှေ့တွင် ရပ်လိုက်ကြပြီး သူမအား အေးစက်စွာ ဆူပူလိုက်ကြသည်။

"အကယ်၍ နင် ငါ့ရဲ့ တတိယအစ်မကို ထပ်ပြီး စူးရဲစွာ ကြည့်နေမယ်ဆိုရင် နင့်မျက်လုံးတွေကို ငါ ဖောက်ထုတ်ပစ်မယ်..."

"အကယ်၍ နင် ငါ့ရဲ့ တတိယသမီးကို ထပ်ပြီး စူးရဲစွာ ကြည့်နေမယ်ဆိုရင် နင့်မျက်လုံးတွေကို ငါ ဖောက်ထုတ်ပစ်မယ်..."

လင်းဝမ်ယွဲ့မှာ အသက်ရှူမှားသွားပြီး အကျိုးအကြောင်း မသင့်သော ခြင်္သေ့နှစ်ကောင်နှင့် ရင်ဆိုင်ရသောအခါ သူမသည် ခေါင်းကို ချက်ချင်း ဘေးသို့ လှည့်လိုက်ရ၏။

ယွင်ဝေ၏ မျက်ဝန်းများ တောက်ပသွားပြီး သူမ ပါးစပ်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူမအစ်ကိုကြီးနှင့် ဒုတိယအစ်မတို့က သူမကို တစ်ဖက်တစ်ချက်စီမှ ဆွဲကိုင်ကာ နောက်သို့ ဆွဲခေါ်သွားကြသည်။

ယွင်ချင်းမော့... "ပါးစပ်ပိတ်ထားပြီး ဖရဲသီးပဲ စားနေလိုက်စမ်း..."

ယွင်ယာ... "အဖေနဲ့ ညီမလေးရှိနေတာမို့ နင်က လူပိုပဲ.."

ရုတ်တရက် ပေါ်လာသော လူနှစ်ဦးကို မြင်လိုက်ရသောအခါ လင်းဝမ်ယွဲ့၏ မျက်နှာအမူအရာမှာ တင်းမာသွားလေသည်။ မလှမ်းမကမ်းရှိ ခြံဝင်းတစ်ခုလုံးကို လူများက ဝိုင်းရံထားကြောင်းကို သူမ၏ အကြည့်က အလိုအလျောက် ရောက်ရှိသွားသည်။

သူမသည် အံ့အားသင့်ကာ ထိတ်လန့်သွားသည်။

"အမေ... အမေ... ဘာတွေဖြစ်နေတာလဲ..."

ယွင်ရှောင်ထျန်းက မဲ့ပြုံးပြုံးလိုက်သည်။

"ငါ ခေါ်လာတဲ့လူတွေပဲ။ နင် တကယ့်ကို ဘယ်လိုလူစားမျိုးလဲဆိုတာ လူတိုင်းကို ပြသဖို့ပဲ..."

သူသည် ရှေ့သို့ တိုးလာပြီး လင်းဝမ်ယွဲ့၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

"ငါက နင့်ကို အသရေဖျက်တယ်လို့ နင် ပြောခဲ့တယ် မဟုတ်လား... အချိန်ကိုက်ပဲ... အရှင်မင်းကြီးက ငါ့ရဲ့ သမီးလေး ဘေးကင်းရေးအတွက် စိုးရိမ်ပြီး အခု လင်းအိမ်တော်မှာ ရောက်ရှိနေတယ်... မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းကြတာပေါ့..."

လင်းဝမ်ယွဲ့မှာ ကြောက်လန့်နေပုံရပြီး သူမ မိခင်၏ လက်မောင်းကို အလျင်အမြန် ဆွဲကိုင်လိုက်သည်။

ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေး ဘေးကင်းစွာ ပြန်ရောက်လာပြီဖြစ်ကြောင်း သိရှိထားပြီး ဧကရာဇ်မင်းသည် သတင်းကို ပထမဆုံး ရရှိသူဖြစ်နိုင်ကြောင်း သိသည်။

ဧကရာဇ်မင်း၏ စိတ်နေသဘောထားအရ သူ၏ သမီးငယ်လေး လင်းအိမ်တော်ကို ဝင်စီးသည့်အချိန်တွင် လူအုပ်ထဲ၌ ရောနှောကာ ပွဲမကြည့်ဘဲနေလျှင်သာ ထူးဆန်းနေမည် ဖြစ်လေသည်။

ဧကရာဇ်ဝမ်ရွှမ်း : သေစမ်း... အဲ့လူယုတ်မာအိုကြီး…

“ပန်းကလေး... ကြည့်လိုက်... အပြာရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကို အနီရောင်ပုဝါနဲ့ ဖုံးကွယ်ထားတဲ့သူက ဧကရာဇ်မင်းပဲ…”

ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ ခေါင်းပေါ်သို့ စိတ်လှုပ်ရှားစွာ ဆင်းသက်လာပြီး ဧကရာဇ်ဝမ်ရွှမ်းရှိရာဘက်သို့ ၎င်း၏ အတောင်ပံငယ်လေးများဖြင့် လက်ညှိုးထိုးပြလိုက်လေသည်။

လူတိုင်း…..

ရှင်ခြင်းသေခြင်းစာအုပ်၏ ဖော်ပြချက်ကို ကြားသောအခါ ယွင်ဟွားက ထင်ရှားစွာရှိနေသော ဧကရာဇ်ဝမ်ရွှမ်းကို ချက်ချင်း မြင်တွေ့သွားပြီး သူ့အား လက်ဝှေ့ယမ်းပြလိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ တင်ပြစရာ ရှိပါတယ်..."

ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများ တုန်လှုပ်သွားပြီးနောက် သူက မျက်နှာဖုံးကို တွန့်ဆုတ်စွာ ဖယ်ရှားလိုက်ကာ တိတ်ဆိတ်စွာ ရှေ့သို့ ထွက်လာခဲ့လေသည်။

ဤအချိန်တွင် လင်းဝမ်ယွဲ့မှာ အလွန်တရာ ကြောက်လန့်သွားသဖြင့် မျက်နှာမှာ သေလူကဲ့သို့ ဖြူလျော့သွားတော့သည်။

သူမ၏ ဒူးများ ခွေယိုင်သွားပြီး ချက်ချင်းပင် ဒူးထောက်လိုက်ကာ မျက်ဝန်းများတွင် မျက်ရည်များ စီးကျလျက် အစပြု ပြောဆိုလိုက်သည်။

"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ကျွန်တော်မျိုးမအတွက် တရားမျှတအောင် ဆုံးဖြတ်ပေးပါ..."

"သခင်မလေးယွင်က သူမရဲ့ အရာရှိရာထူးကို အားကိုးပြီး ပုဂ္ဂလိက အိမ်တော်ကို အတင်းအကျပ် ကျူးကျော်ဝင်ရောက်လာပါတယ်... ကျွန်တော်မျိုးမကို ဆဲဆိုရုံသာမက ကျွန်တော်မျိုးမကို တိုက်ခိုက်ဖို့ အင်အားသုံးပြီး အပ်တွေကိုပါ အသုံးပြုခဲ့ပါတယ်..."

လင်းဝမ်ယွဲ့ စွပ်စွဲပြောဆိုပြီးနောက် သူမသည် လှည့်လိုက်ရာ ပြောင်နေသော သူမ၏ ခေါင်းတစ်ဝက်ကို ဖော်ပြလိုက်သည်။

ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ နှုတ်ခမ်းထောင့်များတွင် တွန့်ကွေးသွားပုံရသော အပြုံးတစ်ခုကို အတင်းအကျပ် ဖိလိုက်ရသည်။

*သိပ်ကောင်းတာပေါ့…*

သူက လည်ချောင်းဟန့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။

“ဆုံးဖြတ်ပေးရမယ် ဟုတ်လား... ဘာဆုံးဖြတ်ပေးရမှာလဲ... အမတ်ငယ်ယွင်ကို အရင်လုပ်ပြီးမှ သတင်းပို့နိုင်ဖို့ ခွင့်ပြုထားတာ ငါပေးထားတဲ့ ယုံကြည်ချက်ကြောင့်ပဲ..."

"အဆင့်မြင့်အရာရှိတစ်ယောက်ကို ပြန်ပေးဆွဲခိုင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မင်းကို ငါ စာရင်းမရှင်းရသေးဘူး... ဒါတောင် မင်းက တိုင်ကြားချင်နေသေးတယ်ပေါ့..."

"ပြောစမ်း... အဲ့သူခိုးဓားပြတွေနဲ့ မင်းမှာ ဘယ်လို ဆက်ဆံရေးရှိလဲ... တရားရေးဝန်ကြီးဌာနနဲ့ တရားစီရင်ရေးရုံးတော်တို့ လဝက်လောက် ရှာမတွေ့ခဲ့တာကို မင်းက သူတို့ကို ဆက်သွယ်နိုင်ခဲ့တယ်..."

ဧကရာဇ်ဝမ်ရွှမ်းက သူမ ပြန်လည်မွေးဖွားလာကြောင်း သိရှိထားပြီး မည်သို့သော လှည့်ကွက်မျိုး သူမ ကြံစည်နိုင်မည်ကို စောင့်ကြည့်လျက် သူမ၏ အဖြေကို အေးစက်စွာ စောင့်ဆိုင်းနေလေသည်။

လင်းဝမ်ယွဲ့၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမ ဘယ်သူခိုးကိုမှ မသိပါဘူး... သခင်မလေးယွင်ကို ပြန်ပေးဆွဲဖို့လည်း ဘယ်သူ့ကိုမှ အမိန့်မပေးခဲ့ပါဘူး..."

သူမ ဤအရာကို ဝန်ခံ၍ မဖြစ်ပေ၊ လုံးဝ ဝန်ခံ၍ မရပေ။

တော်ဝင်နန်းတွင်းအရာရှိတစ်ဦးကို လုပ်ကြံရန် ကြံစည်ခြင်းက သေဒဏ်ထိုက်သော အပြစ်ပင် ဖြစ်လေသည်။

ဤအချိန်တွင် အမတ်လင်းမှာ သတိလစ်လုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။ နင်းကော်ကုန်းက လုပ်ကြံသတ်ဖြတ်သူများကို စေလွှတ်ခဲ့သဖြင့် ဧကရာဇ်မင်း၏ ဘွဲ့ထူးရုပ်သိမ်းခြင်း ခံခဲ့ရကြောင်းကို သူ မမေ့သေးပေ။

"အိုး..."

ဧကရာဇ်ဝမ်ရွှမ်းသည် လင်းဝမ်ယွဲ့အား အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလိုက်လေသည်။

"မင်းသားစုရဲ့ ဆက်ခံသူမင်းသားက မင်းကို ဆက်သွယ်ခဲ့တဲ့သူကို ဖမ်းမိထားပြီးပြီ... သူရဲ့ ထွက်ဆိုချက်အရ အမတ်ငယ်ယွင်ကို ပြန်ပေးဆွဲဖို့ အမိန့်ပေးခဲ့တာ မင်းပဲတဲ့... လင်းဝမ်ယွဲ့... မင်းမှာ တကယ့်ကို သတ္တိတွေ အပြည့်ရှိနေတာပဲ..."

ဤအရာကို ကြားသောအခါ လင်းဝမ်ယွဲ့မှာ ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

သူမက သေချာပေါက် ရုပ်ဖျက်ထားခဲ့တာလေ...။

*ဘာလို့လဲ... ဘာလို့ ငါ့ကို မှတ်မိသွားရသေးတာလဲ…*

သူမ ထိတ်လန့်သွား၍ မဖြစ်ပေ။ ဤအရေးကြီးသော အချိန်တွင် သူမ၏ တည်ငြိမ်မှုကို ဆုံးရှုံးခံ၍ မဖြစ်ပေ။

လင်းဝမ်ယွဲ့၏ ဦးနှောက်က လျှပ်စီးလက်သကဲ့သို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် အလုပ်လုပ်နေလေသည်။

ထိုခွေးမလေး ယွင်ဟွားတောင်မှ နက္ခတ်တာရာ လေ့လာရေးဌာနမှာ ရာထူးတစ်ခု ရနိုင်ခဲ့သေးတာပဲ။ အကယ်၍ သူမက အနာဂတ်အကြောင်း အနည်းငယ် သိထားမယ်ဆိုရင် သူမလည်း..

သူမ အစပြုမှုကို ရယူပြီး ဧကရာဇ်မင်း၏ ရှေ့တွင် သူမ၏ စွမ်းရည်များကို ပြသနိုင်သရွေ့ ဤအရာက သူမ၏ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ပေသည်။

ဤအရာကို တွေးမိသောအခါ…

လင်းဝမ်ယွဲ့၏ မျက်ဝန်းများထဲရှိ ကြောက်ရွံ့မှုများမှာ လျော့ကျသွားပြီး သူမသည် ပြီးပြည့်စုံသော ရှင်းပြချက်တစ်ခုဟု ယူဆရသောအရာကို စဉ်းစားမိသွားလေပြီ။

သူမသည် နက်ရှိုင်းစွာ ဦးညွှတ်လိုက်၏။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမက ပြန်လည်ဝင်စားတဲ့နတ်သမီးဆိုတာကို ယုံကြည်ပါသလား..."

လူတိုင်း…..

ဧကရာဇ်ဝမ်ရွှမ်း : ဒီစကားလုံးက ဘာကြောင့် ဒီလောက်တောင် ရင်းနှီးနေရတာလဲ…

All Chapters