← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅)

အံ့ဖွယ်ဘွန်ဆိုင်း

ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ချီရှောင်ရွှယ်၏ ရုပ်ရည်သွင်ပြင်မှာ အတော်လေး ကြည့်ကောင်းသည်ဟု ဆိုနိုင်ပေသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် မျက်နှာသွင်ပြင် နှစ်ခုလုံးမှာ “လှပသော အမျိုးသမီး” ဟူသော ဘွဲ့ထူးနှင့် ထိုက်တန်လှ၏။

အထူးသဖြင့် ယနေ့ ဝတ်ဆင်ထားသော ဖနောင့်အထိ ရှည်လျားသည့် အဖြူရောင် ဂါဝန်ရှည်နှင့် သိမ်မွေ့လှပသော ဒေါက်ဖိနပ်တစ်စုံမှာ သူမကို ပို၍ အရပ်ရှည်စေပြီး တင့်တယ်ကျော့ရှင်းသော အသွင်ကို ဆောင်နေစေလေသည်။

သူမ၏ ခြေထောက်ပေါ်တွင် အနည်းငယ်သော အဖုအထစ်လေးများ ရှိနေခြင်းမှာ တစ်ခုတည်းသော အားနည်းချက် ဖြစ်သော်လည်း ၎င်းကို အသားရောင် ခြေအိတ်ရှည်ဖြင့် လုံခြုံစွာ ဖုံးကွယ်ထားသဖြင့် ပို၍ပင် ပြည့်စုံသွားသယောင် ထင်မှတ်ရပေ၏။

နေဝင်ရိုးရီအချိန်၏ နွေးထွေးသော အလင်းရောင်ခြည်သည် သူမ၏ ပါးပြင်ပေါ်သို့ ဖြာကျနေပြီး ဖြူစင် သော အဝတ်အစားများနှင့် လိုက်ဖက်ညီစွာဖြင့် ရိုးရှင်း၍ သဘာဝကျသော အလှတရားကို ဖော်ဆောင် နေလေသည်။ ဤသည်မှာ ဘေးနားတွင် ရပ်နေသော ဟိုတယ်မှ ကြိုဆိုရေးဝန်ထမ်း မိန်းကလေးကိုပင် မိမိကိုယ်ကိုယ် သိမ်ငယ်သွားစေလောက်သည်အထိပင် ဖြစ်၏။

သို့သော်လည်း သူမ၏ မျက်နှာပေါ်ရှိ ခက်ထန်ကြမ်းတမ်းသော အမူအရာကိုမူ ပြင်ပရုပ်ရည်ဖြင့် ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ အကယ်၍ သူမကိုသာ ဧည့်ကြိုဝန်ထမ်းအဖြစ် ထားရှိပါက ဤ ဟိုတယ် ၏ စီးပွားရေးမှာ အမှန်တကယ်ပင် ထိုးဆင်းသွားပေလိမ့်မည်။

ချီရှောင်ရွှယ်သည် ယုံကြည်မှုအပြည့်ဖြင့် ရွှီပေါ်အန်းဆီသို့ လျှောက်လှမ်းလာစဉ် သူမ၏ ဂါဝန်အနား သတ်မှာ ခြေလှမ်းတိုင်းနှင့်အတူ လွင့်ပျံနေပြီး ဝေ့ဝဲနေသော ဆံနွယ်ရှည်များမှာလည်း လေထဲတွင် ဝေ့ယမ်းနေလေ၏။ သူမ၏ နောက်ကျောပြင် အလှမှာ ပို၍ပင် ပြည့်စုံလွန်းလှသဖြင့် ဟိုတယ်အတွင်းမှ ထွက်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားများပင် နောက်သို့ လှည့်ကြည့်သွားကြရလေသည်။

ချီရှောင်ရွှယ်၏ ရန်စလိုသော အကြည့်များကို မြင်သောအခါ ရွှီပေါ်အန်းသည် အလွန်တရာ ပျော်ရွှင်နေ သော အပြုံးမျိုးဖြင့် ပြုံးလိုက်လေ၏။ ဤသည်မှာ ထျန်ရှောင်ဟူကို တုန်လှုပ်သွားစေခဲ့သည်ပင်။

ရွှီပေါ်အန်းနှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သဖြင့် ရွှီပေါ်အန်းသည် ပြုံးနေချိန်၌ အကြောက်စရာ အကောင်းဆုံး ဖြစ်သည်ကို သူ ကောင်းကောင်း သိရှိထားခြင်းကြောင့်ပင် ဖြစ်၏။

ချီရှောင်ရွှယ်၏ စကားများကြောင့် ထျန်ရှောင်ဟူမှာ အစပိုင်းတွင် ဒေါသထွက်သွားခဲ့သော်လည်း သူမ မှာ အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် မည်သို့မျှ အရေးမယူနိုင်ဘဲ ဖြစ်နေရလေသည်။ မဟုတ်လျှင်မူ လွန်ခဲ့သော လအနည်းငယ်က ချန်တက်ဝေကို လုပ်ခဲ့သကဲ့သို့ ညအချိန်၌ ခေါင်းကို အိတ်ဖြင့်စွပ်ကာ သင်ခန်းစာ ကောင်းကောင်း ပေးလိုက်မိမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ထိုသို့လုပ်ဆောင်ပါက တစ်ဖက်လူအနေဖြင့် မည်မျှပင် သံသယရှိစေကာမူ မည်သည့် သက်သေ အထောက်အထားမျှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။

ယခု ရွှီပေါ်အန်း၏ အမူအရာကို ကြည့်ပြီးနောက် ထျန်ရှောင်ဟူသည် သူ အလဟဿ စိတ်ပူနေခဲ့ခြင်း ဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။

ရွှီပေါ်အန်းတွင် ကိုယ်ပိုင် အစီအစဉ် ရှိနေမည်မှာ သေချာလှပေ၏။ ထို့ကြောင့် သူသည် ဘေးမှသာ ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်လေတော့သည်။

ရွှီပေါ်အန်းသည် မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေဟောင်းတစ်ဦးကို နှုတ်ဆက်သကဲ့သို့ ချီရှောင်ရွှယ်ကို ကြည့်ကာ အားရပါးရ ပြုံး၍ ဆိုလိုက်လေသည်။ “

မင်းရဲ့ သတင်းကွန်ရက်က တော်တော်လေး အားကိုးထိုက်တာပဲ...။ ငါ ရာထူးတက်တာ နှစ်ရက်ပဲ ရှိ သေးတယ်...၊ ကုမ္ပဏီထဲမှာတောင် သတင်းက မပျံ့သေးဘူး...၊ မင်းက သိနေပြီလား...။ ဒါမှမဟုတ် မင်းက မင်းရဲ့ ခင်ပွန်းဟောင်းကို ခုထိ စိတ်မပြတ်နိုင်သေးတာလား...။”

ချီရှောင်ရွှယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး...၊

“ဟက်... ရာထူးတက်သွားတာနဲ့ပဲ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့...။ မင်းရဲ့ ဝင့်ကြွားနေတဲ့ မျက်နှာကို ကြည့်ရတာ တစ်ကယ်ကို ရွံစရာကောင်းတယ်...။ မင်းက တက်ဝေကိုတောင် ပြဿနာရှာရဲတယ်ပေါ့...၊ စောင့်ကြည့်နေလိုက်ပါ...၊ မင်း နောင်တရစေရမယ်...။”

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ပို၍ပင် အားရပါးရ ရယ်မောလိုက်လေသည်။

ချန်တက်ဝေ၏ ကျောက်စရစ်ခဲများကို အသုံးမပြုတော့ရန် ပိတ်ပင်လိုက်ခြင်းမှာ အစပျိုးခြင်းသာ ရှိသေး၏။ သူသည် ထိုလူကို ဆယ်ဆ၊ အဆတစ်ရာမက ပို၍ ခံစားစေရမည် ဖြစ်သည်။

ရွှီပေါ်အန်းသည် ခပ်ပြုံးပြုံးဖြင့် ထျန်ရှောင်ထုန်ကို အနားသို့ ဆွဲခေါ်လိုက်ပြီး တီးတိုး ပြောလိုက်လေ သည်။

“ခဏလောက် ကူညီပေးပါဦး...။”

အပြင်လူများ အမြင်တွင်မူ ရွှီပေါ်အန်း၏ လုပ်ရပ်မှာ ချစ်သူနှစ်ဦးကြားမှ ချိုသာသော စကားသံများကဲ့ သို့ပင် ဖြစ်နေလေ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသော ချီရှောင်ရွှယ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားလေတော့သည်။

စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား။ မင်း အခြေအနေ မကောင်းတာကို မြင်ရတာ ငါ စိတ်သက်သာ ရာ ရစေတယ်...။ မင်းက ငါ့ထက် အဆင်ပြေနေတာကို မြင်ရတာကတော့ ငါ့ကို သတ်ပစ်လိုက်တာ ထက် ပိုနာကျင်ရတယ်...။ ဤစကားမှာ ယခုအချိန်၌ ချီရှောင်ရွှယ်အတွက် အလွန်တရာ ဆီလျော်လှပေ သည်။

ထျန်ရှောင်ထုန် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် ရွှီပေါ်အန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေ သည်။

“ကဲ... ရှောင်ထုန်...၊ မင်းရဲ့ ပညာအရည်အချင်းနဲ့ ဘယ်တက္ကသိုလ်က ဘွဲ့ရခဲ့လဲဆိုတာ ဒီအမျိုးသမီးကို ပြောပြလိုက်ပါဦး...။”

ထျန်ရှောင်ထုန်က အလိုအလျောက်ပင် ပြန်လည် ဖြေကြားလိုက်၏။

“ကျိန့်ကျန်းတက္ကသိုလ်ကပါ...၊ အခုမှ ဘွဲ့ရထားတာပါ...။”

ကျိန့်ကျန်းတက္ကသိုလ်မှာ ကျန်းကျိုးပြည်နယ်ရှိ ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခု ဖြစ်လေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဆင့်အတန်း မည်မျှပင်ရှိစေကာမူ ချီရှောင်ရွှယ်ကို ရှက်ရွံ့သွားစေ ရန်မှာမူ လုံလောက်လှပေသည်။

ရွှီပေါ်အန်းသည် ချီရှောင်ရွှယ်ကို မျက်ခုံးပင့်ပြလိုက်ပြီး ထျန်ရှောင်ထုန်ကို ကြင်နာသောအကြည့်ဖြင့် ကြည့်ကာ မေးလိုက်ပြန်လေသည်။

“မင်း ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ...။ ငါ့အထင် (၂၁) လို့ ထင်တယ်...။ နေဦး...၊ မင်းမွေးနေ့က လာမယ့်လ မဟုတ်လား...။”

ရွှီပေါ်အန်းသည် မကြာသေးမီကမှ ထျန်ရှောင်ထုန်၏ ကိုယ်ရေးမှတ်တမ်းကို ကြည့်ရှုခဲ့သဖြင့် အနည်း ငယ် မှတ်မိနေခြင်း ဖြစ်လေသည်။

ထျန်ရှောင်ထုန်မှာ ချက်ချင်းပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရလေ၏။ ရွှီပေါ်အန်းက သူမ၏ မွေးနေ့ကို ပင် မှတ်မိနေသည် မဟုတ်ပါလား။ သူက သူမ၏ ဓာတ်ပုံကိုလည်း သေချာကြည့်ဖူးနေလောက်ပေ သည်။

မဟုတ်လျှင် အဘယ်ကြောင့် သူမအပေါ် ဤမျှ ဂရုစိုက်နေရသနည်း။ ဒုတိယညွှန်ကြားရေးမှူး လျှိုဝေ က သူမကို အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းမှာ အင်ဂျင်နီယာချုပ်ရွှီ ကိုယ်တိုင် ညွှန်ကြားခဲ့ခြင်း များလား။ ဤသို့ တွေးမိသည်နှင့် ထျန်ရှောင်ထုန်၏ ပါးပြင်များ နီမြန်းလာပြီး စိတ်ထဲတွင်လည်း ဝေခွဲ မရ ဖြစ်သွားရလေတော့သည်။

သူမ၏ အတွေးများ ရှုပ်ထွေးနေသဖြင့် ထျန်ရှောင်ထုန်၏ အမူအရာမှာ အနည်းငယ် ကြောင်တောင် တောင် ဖြစ်သွားပြီးမှ ပြောလိုက်လေသည်။

“ဟုတ်ကဲ့...၊ လာမယ့်လ မွေးနေ့ပြီးရင် (၂၂) ထဲ ဝင်မှာပါ...။”

ထျန်ရှောင်ထုန်သည် အနည်းငယ် ထိတ်လန့်နေပုံ ရသော်လည်း ထိုသို့ ကြောင်တောင်တောင် ဖြစ်နေ သော ပုံစံမှာ အခြားသူများ၏ အမြင်တွင်မူ လိမ္မာယဉ်ကျေးသူတစ်ဦးအဖြစ် ထင်မှတ်သွားစေသည်။

ရွှီပေါ်အန်းက ချီရှောင်ရွှယ်ကို ကြည့်ကာ လှောင်ပြောင်သော အသံဖြင့် ဆိုလိုက်၏။

“ချီကြီး...၊ မင်းကော ဒီနှစ် အသက်ဘယ်လောက် ရှိပြီလဲ...။ ငါ မှတ်မိတာကတော့...၊ အော်... ထားပါ တော့လေ...၊ ဒါက သိပ်ပြီး ယဉ်ကျေးရာ မရောက်ဘူးပဲ... ဟားဟား...။”

လူတစ်ယောက်ကို သတ်လိုလျှင် သူ၏ စိတ်ဓာတ်ကို အရင်ဆုံး ဖျက်ဆီးရမည် ဖြစ်ပေသည်။ အသက် အရွယ်နှင့် ပတ်သက်၍ လှောင်ပြောင်ခြင်းမှာ အိမ်ထောင်ပြုရန် အရွယ်ရောက်နေသော အမျိုးသမီးများ အတွက် အပြင်းထန်ဆုံး လက်နက်တစ်ခုပင် ဖြစ်၏။

ချီရှောင်ရွှယ်မှာ ဒေါသကြောင့် သွားကြိတ်နေပြီး ပါးများပင် ဖောင်းတက်နေခဲ့ပြီ ဖြစ်သည်။ ရွှီပေါ်အန်း က သူမ၏ အသက်ကို မေးလိုက်သောအခါ သူမ၏ ဒေါသမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားလေ တော့သည်။

“ရွှီပေါ်အန်း... နင်...။”

ချီရှောင်ရွှယ်သည် ရွှီပေါ်အန်းကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ရန်စလိုက်သည်နှင့် ရန်ဖြစ်ရန် အသင့် ပြင်ထားသကဲ့သို့ ရှိနေလေ၏။

ရွှီပေါ်အန်းမှာ လူပုံအလယ်တွင် အမျိုးသမီးတစ်ဦးနှင့် ရန်ဖြစ်မည့်သူ မဟုတ်ချေ။

“မင်းက ဘာဖြစ်လို့လဲ...။ ခွေးကောင်းဆိုတာ လမ်းပိတ်မရပ်ဘူးလေ...။ ငါတို့မှာ လုပ်စရာ ရှိသေး တယ်...၊ ဖယ်ပေးပါဦး...။”

ပြောပြောဆိုဆိုပင် ရွှီပေါ်အန်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး လမ်းပိတ်နေသော ချီရှောင်ရွှယ်ကို ဖယ်ရှားလိုက်လေ၏။ ထို့နောက် လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ အခြားလက်တစ်ဖက်ဖြင့် ထျန်ရှောင်ထုန်၏ ပခုံးကို ဖက်၍ ဟိုတယ်အတွင်းသို့ တိုက်ရိုက် လျှောက် လှမ်းသွားခဲ့လေသည်။

ရွှီပေါ်အန်းသည် အမြန်မလျှောက်ဘဲ ဘေးတစ်ဖက်တစ်ချက်ရှိ မှန်တံခါးများမှတစ်ဆင့် ချီရှောင်ရွှယ်၏ လှုပ်ရှားမှုကို အကဲခတ်နေခဲ့လေသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ချီရှောင်ရွှယ်သည် ရွှီပေါ်အန်းကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။

ဒေါသအလွန်ထွက်နေသော ချီရှောင်ရွှယ်သည် ရွှီပေါ်အန်း၏ ဆက်ဆံမှုကို မခံမရပ်နိုင် ဖြစ်နေချေပြီ။ ယခင်က သူမ၏ အနှိမ်ခံ ခင်ပွန်းဟောင်းသည် ရုတ်တရက် ဤမျှ ထက်မြက်လာခြင်းကို သူမ လုံးဝ လက်မခံနိုင်ဖြစ်နေရ၏။ သူမသည် အလျင်အမြန်ပင် ရွှီပေါ်အန်းတို့၏ နောက်သို့ လိုက်လာခဲ့လေသည်။

“ရွှီပေါ်အန်း... ရပ်လိုက်စမ်း...။”

ပြောရင်းဆိုရင်းပင် ချီရှောင်ရွှယ်သည် လက်လှမ်းကာ ရွှီပေါ်အန်းကို ဆွဲလိုက်လေတော့သည်။

ရွှီပေါ်အန်းသည် အနည်းငယ် ပြုံးလိုက်၏။ သူမ အနားသို့ ရောက်လာသည်ကို မြင်သောအခါ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ဘွန်ဆိုင်းနတ်ကွန်းတွင် ရှိနေခဲ့သော ဧကရာဇ်စိမ်း ခါးချိတ် တံဆိပ်ပြားမှာ သူ၏ အိတ်ကပ်ထဲတွင် အသင့်ရှိနေခဲ့ပြီ ဖြစ်သည်။

ချီရှောင်ရွှယ်က ရွှီပေါ်အန်း၏ လက်မောင်းကို အတင်းအဓမ္မ ဆွဲလိုက်သည့် အရှိန်ကြောင့် ရွှီပေါ်အန်း၏ လက်မှာ အိတ်ကပ်ထဲမှ ထွက်လာသယောင် ဖြစ်သွားလေ၏။ ထို့နောက် စိမ်းမြမြ အရာတစ်ခုမှာ အိတ်ကပ်ထဲမှ ပြုတ်ကျသွားလေတော့သည်။

“ဂလောက်...။”

ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် မြေပြင်ပေါ်သို့ ကျသွားသော စိမ်းမြမြ အရာမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေတော့ သည်။ ဧကရာဇ်စိမ်း ခါးချိတ်တံဆိပ်ပြားမှာ ပျက်စီးသွားခဲ့လေပြီ။ အရာဝတ္ထုတစ်ခု ကျကွဲသံကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်မှာ ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

ချီရှောင်ရွှယ်မှာလည်း ထိတ်လန့်သွားပြီး အစအနများ စူးမိမည်စိုးသဖြင့် နောက်သို့ ဆုတ်လိုက်ကာ...

“ရွှီပေါ်အန်း... နင် ဘာလုပ်နေတာလဲ...။”

ရွှီပေါ်အန်းသည် မြေပြင်ပေါ်ရှိ အစအနများကို ကြည့်ကာ ကျေနပ်သော အမူအရာ တစ်ချက် ဖျတ်ခနဲ ပေါ်လာပြီးမှ ချီရှောင်ရွှယ်ကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ...၊

“ဒါကို ငါက မင်းကို ပြန်မေးရမှာ မဟုတ်လား...။ မင်း ငါ့ရဲ့ အဖိုးတန်ပစ္စည်းကို ခွဲလိုက်ပြီ...၊ ဒါကို မင်း ဘယ်လို တာဝန်ယူမလဲ...။”

ချီရှောင်ရွှယ်က နှာခေါင်းရှုံ့ကာ...၊

“ဟင်း... ဟန်မဆောင်နေနဲ့...။ ကျောက်စိမ်းပြား အစုတ်လေး တစ်ခုကိုပဲ အဖိုးတန်ပစ္စည်းလုပ်လို့...။ ကျွန်မက ရှင့် ကို လျော်ခိုင်းဖို့ မပြောတာတောင် မင်းက ကံကောင်းနေပြီ...၊ ရှင့်ကြောင့် ကျွန်မ လန့်သွား တာ သိရဲ့ လား...။”

ရွှီပေါ်အန်းက လှောင်ရယ်ကာ...၊

“ကျောက်စိမ်းပြား အစုတ်ဟုတ်လား...။ ဒါက အဆင့်မြင့် ဧကရာဇ်စိမ်း ကျောက်စိမ်းစစ်စစ်ကွ...။ မင်းရဲ့ ကားအသစ်ကို ရောင်းရင်တောင် ဒါကို လျော်နိုင်မှာ မဟုတ်ဘူး...။ မင်းမှာ ဗဟုသုတ မရှိရင် အင်တာ နက်မှာ ရှာကြည့် ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေးကြည့်လိုက်ဦး...။”

ချီရှောင်ရွှယ်သည် ခေတ္တမျှ မှင်တက်သွားပြီးမှ မခန့်လေးစား ပြောလိုက်လေသည်။

“ဟက်... ရှင်က ကျွန်မကို လိမ်ချင်နေတာလား...။ ဒါမျိုးကို လူတိုင်း မြင်ဖူးတာပဲ...။ လမ်းဘေးဆိုင်တွေ မှာဆိုရင် တစ်ခုမှ ဘယ်လောက်မှ မရှိဘူး...၊ ကျောက်မျက်ဆိုင်တွေမှာတောင် အကောင်းစားမှ သုံးလေး ထောင်၊ ငါးထောင်ပဲ ရှိတာ...။ အများဆုံးရှိလှ တစ်သောင်းပေါ့...။ ရှင်က ကျွန်မကို အယုံလွယ်တယ် ထင်နေလား...။”

သူမ စကားပြောအပြီးမှာပင် ဆံပင်ဖြူဖြူနှင့် အမျိုးသားတစ်ဦး အပြေးအလွှား ရောက်လာပြီး ကျောက်စိမ်းအစအနတစ်ခု၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ မှန်ဘီလူးဖြင့် သေချာစွာ စစ်ဆေး ကြည့်နေလေတော့သည်။

“အဆင့်မြင့်ဆုံးပဲ...။ ဒါက အကောင်းဆုံး ဧကရာဇ်စိမ်းပဲဗျ...။”

“နှမြောစရာကောင်းလိုက်တာ...၊ ဒီလောက် အဖိုးတန်တဲ့အရာက ဘယ်လိုဖြစ်ပြီး ကျကွဲသွားရတာလဲ..။”

ဘေးတွင် ရပ်နေသော ချီရှောင်ရွှယ်က ရယ်မောကာ...၊

“အို... ရှင်က လူငှားပြီးတောင် သရုပ်ဆောင်ခိုင်းထားသေးတာလား...။ ရွှီပေါ်အန်း... ရှင်တော်တော်လေး ဟန်ဆောင်ကောင်းတာပဲ...။ ဒါပေမဲ့ ဒီလူကတော့ သိပ်ပြီး မပီပြင်ဘူးနော်...၊ သေချာတောင် ကိုင်မ ကြည့်ဘဲ မြေကြီးပေါ်မှာတင် ဟန်ဆောင်နေတာကတော့ အရမ်းသိသာလွန်းနေတယ်...။”

သူမ ပြောအပြီးတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူအချို့ ထိုအဘိုးကြီး၏ အနားသို့ အမြန် ရောက် လာကြလေသည်။ အမျိုးသားတစ်ဦးက ချီရှောင်ရွှယ်ကို ကြည့်ကာ...၊

“မင်း ဘာတွေပြောနေတာလဲ...။ ဒါက တုန်းကျန်းမြို့ ကျောက်မျက်အသင်းက ဥက္ကဋ္ဌ ကျောက်ပဲ...။ ဒီလောက် အဖိုးတန်တဲ့ ဧကရာဇ်စိမ်းကို ပိုင်ရှင်ခွင့်ပြုချက်မရှိဘဲ ဘယ်သူက ကိုင်ကြည့်ရဲမှာလဲ...။ အကယ်၍ ထပ်ပြီး ပျက်စီးသွားရင် ဘယ်သူက တာဝန်ယူမှာလဲ...။”

အခြား အမျိုးသမီးတစ်ဦးကလည်း ချီရှောင်ရွှယ်ကို မကျေနပ်သော အကြည့်ဖြင့် ကြည့်ကာ...၊

“ငါတို့ တုန်းကျန်းမြို့ ကျောက်မျက်အသင်းက ဒီမှာ အစည်းအဝေး လုပ်နေတာ...။ တုန်းကျန်းမြို့က နာမည်ကြီး ကျောက်မျက် ကျွမ်းကျင်သူတွေ အကုန်လုံး ဒီဟိုတယ်မှာ ရှိနေကြတယ်...။ အကယ်၍ ဥက္ကဋ္ဌကျောက်ကိုတောင် မကျွမ်းကျင်ဘူးလို့ ပြောမယ်ဆိုရင် တစ်မြို့လုံးမှာ ဘယ်သူကမှ ကျွမ်းကျင် သူလို့ အမည်ခံရဲမှာ မဟုတ်ဘူး...။”

ဤမြင်ကွင်းကို မြင်လိုက်ရသော ချီရှောင်ရွှယ်မှာ ဆွံ့အသွားလေတော့သည်။ အခြားသူများကို သူမ မသိသော်လည်း သူမရှေ့တွင် စကားပြောနေသော အမျိုးသမီးကိုမူ သိရှိလေသည်။ သူမမှာ တုန်းကျန်း ရုပ်သံဌာနမှ နာမည်ကြီး အစီအစဉ်တင်ဆက်သူ အိုယန်ကျား ဖြစ်နေခြင်းကြောင့်ပင်။ သူမ၏ စကားမှာ အမှန်တကယ်ပင် အခိုင်အမာ ရှိလှပေသည်။

ရွှီပေါ်အန်းကိုယ်တိုင်လည်း ဤမျှ တိုက်ဆိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ကျွမ်းကျင်သူတစ်ဦး ရှိနေသဖြင့် ဤကျောက်စိမ်း၏ ခန့်မှန်းတန်ဖိုးကို မေးမြန်းရန် အခွင့်ကောင်းပင် ဖြစ်လေသည်။

ရွှီပေါ်အန်းက စပ်စုလိုသောစိတ်ဖြင့်...၊

“မင်္ဂလာပါ ဥက္ကဋ္ဌကျောက်...။ ရှင့်ရဲ့ အမြင်အရဆိုရင် ဒီကျောက်စိမ်းပြားရဲ့ တန်ဖိုးက ဘယ်လောက် လောက် ရှိမလဲဟင်...။”

ဥက္ကဋ္ဌကျောက်က နှမြောတသသော အမူအရာဖြင့်...၊

“အင်း... နှမြောစရာပါပဲဗျာ...။ ဒီလောက်ကောင်းတဲ့ ကျောက်စိမ်းမျိုးကသာ မပျက်စီးခဲ့ဘူးဆိုရင် (၇) သန်း ဒါမှမဟုတ် (၈) သန်းလောက် တန်ဖိုးရှိမှာပါ...။ ဘာလို့လဲဆိုတော့ ဒီကျောက်စိမ်းပြားရဲ့ လက်ရာ က အနည်းငယ် ကြမ်းတမ်းနေပြီး အချို့နေရာတွေမှာ မသေသပ်သေးတာကြောင့်ပါ...။ တကယ်လို့များ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးကသာ ဖန်တီးခဲ့မယ်ဆိုရင် (၁၀) သန်းထက်တောင် ကျော်လွန်နိုင်ပါ တယ်...။”

ရွှီပေါ်အန်း စကားမပြောရသေးမီမှာပင် အိုယန်ကျားက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ဒါဆို အခုကော...။”

ဥက္ကဋ္ဌကျောက်က မှန်ဘီလူးကို ပြန်သိမ်းကာ ခေါင်းခါရင်း...၊

“ဒီ အပိုင်းအစကြီး နှစ်ခုကတော့ တန်ဖိုးရှိနေပါသေးတယ်...၊ အများဆုံး (၂) သန်း ဒါမှမဟုတ် (၃) သန်း လောက်ပဲ ရနိုင်တော့မယ်...။ ကျန်တဲ့ အပိုင်းအစလေးတွေကတော့ ဘာမှ အဖိုးမတန်တော့ဘူး...။”

ဤစကားကို ကြားလိုက်ရချိန်တွင် ချီရှောင်ရွှယ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေပြီ။ စိုးရိမ် ထိတ်လန့်စိတ်များ သူမ၏ ရင်ထဲသို့ လှိုင်းတံပိုးကဲ့သို့ ရိုက်ခတ်လာခဲ့သည်။ ဤသည်မှာ တန်ဖိုးကွာခြား ချက်ကို သူမကိုယ်တိုင် ပေးလျော်ရမည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။

ရွှီပေါ်အန်းမှာမူ အလွန်တရာ ဝမ်းမြောက်သွားခဲ့လေသည်။ အစကမူ သူသည် တစ်သိန်း သို့မဟုတ် နှစ်သိန်းခန့်သာ တန်ဖိုးရှိမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ပျက်စီးသွားချိန်မှာပင် (၂) သန်း၊ (၃)

သန်းခန့် တန်ဖိုးရှိနေသည် မဟုတ်ပါလား။ ဤသည်မှာ သာမန်ဘွန်ဆိုင်းတစ်ခု မဟုတ်တော့ဘဲ ရှန်ဝမ်ဆန်း ၏ ရတနာအိုးထက်ပင် ပို၍ အစွမ်းထက်နေခဲ့ချေပြီပင်။

တစ်ခါတစ်ရံတွင် အရာရာမှာ ထူးဆန်းလွန်းလှပေသည်။ ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို တွေးလိုက်မိ သည်နှင့် တစ်ပြိုင်နက် ဘွန်ဆိုင်းအတွင်းမှ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရလေသည်။

ထို့နောက် သူ၏ တစ်ကိုယ်လုံးတွင် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရပြီး အမွှေးတိုင်ပူဇော်မှု စွမ်းအား နှစ်ခုမှာလည်း သူ၏စိတ်ထဲသို့ အလိုအလျောက် ရောက်ရှိလာခဲ့လေတော့သည်။

*ဘုရားရေ...၊ အမွှေးတိုင်ပူဇော်မှု စွမ်းအားက သန်းခေါင်ယံမှ ပြန်လည်ပြည့်တင်းတာ မဟုတ်ဘူးလား ...၊ ပြီးတော့ ငါ ဘွန်ဆိုင်းထဲမှာ ဘာမှလည်း မလုပ်ရသေးဘူး...၊ ဘယ်လိုဖြစ်လို့ ဒီလို ဖြစ်ရတာလဲ...။*

အခန်း (၈၆)

ခရိုင်တပ်မှူးကြီး ဝမ် အိမ်ပေါက်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း

ရွှီပေါ်အန်း မသိရှိခဲ့သည့် အချက်မှာ သူသည် တုန်းကျန်းဟိုတယ်သို့ သွားနေစဉ်အတောအတွင်း ဘွန်ဆိုင်းကမ္ဘာလေးအတွင်းသို့ အဆင့်အတန်းမြင့်မားသော ဧည့်သည်တော်အချို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ထိုသူများသည် မြင်းစီးလာကြသဖြင့် မွန်မြတ်သောအဆင့်အတန်း ရှိသူများဟု သတ်မှတ်နိုင်ပေ၏။ ယခုခေတ်ကာလတွင် မြင်းစီးနိုင်သူဆိုသည်မှာ သာမန်လူတန်းစား မဟုတ်သည်မှာ သေချာလှပေသည်။ သာမန်မိသားစုတစ်ခုအနေဖြင့် မြည်းတစ်ကောင် ပိုင်ဆိုင်ထားပါကပင် အလွန်အကျွံ မခိုင်းရက်ဘဲ ချွေတာသုံးစွဲကြသည်ဖြစ်ရာ မြင်းတစ်ကောင်ကို စီးနင်းရန်ဆိုသည်မှာ အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။

ခေါင်းဆောင်လာသူမှာ ကြွက်သားအဖုအထစ်များနှင့် သန်မာထွားကျိုင်းသော အမျိုးသားတစ်ဦး ဖြစ် ပြီး မြင်းပေါ်တွင် ရှိနေစဉ်မှာပင် အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေကာ ရာထူးအာဏာကို ကြာမြင့်စွာ လက်ဆုပ်လက်ကိုင် ထားခဲ့သူတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။ တစ်ခရိုင်လုံး အတိုင်းအတာဖြင့် ကြည့်လျှင်ပင် ဤကဲ့သို့သော အရှိန်အဝါမျိုး ရှိသူမှာ နှစ်ဆယ်၊ သုံးဆယ်ထက် မပိုနိုင်ချေ။

ထိုလူစုသည် ခေါင်ရှန်းရွာ၏ အပြင်ဘက်ရှိ မြို့ရိုးဆီသို့ ရောက်ရှိလာသောအခါ အားလုံးမှာ အံ့အားသင့် သွားကြရလေသည်။ ခေါင်းဆောင်ဖြစ်သူက မြင်းဇက်ကြိုးကို ဆွဲကာ ရပ်တန့်လိုက်ပြီး ရှေ့ရှိ မြင့်မား လှသော မြို့ရိုးကြီးကို လက်ညှိုးညွှန်ကာ မေးလိုက်လေ၏။

“လောင်ကျောင်း... ဒီမြို့ရိုးက ဘယ်လိုဖြစ်ပြီး ဒီမှ ရှိနေတာလဲ...။”

လူအုပ်စုထဲမှ လိုက်ပါလာသူ တစ်ဦးသည် သူ၏မြင်းကို ခေါင်းဆောင်ဖြစ်သူ၏ ဘေးသို့ အမြန်လျှောက် စေပြီး ပြန်လည် ဖြေလိုက်လေသည်။

“အရာရှိမင်း... ဒါက...၊ ကျွန်တော်မျိုး နောက်ဆုံးအကြိမ် လာတုန်းက ဒီနေရာမှာ ဒီလိုမျိုး မရှိနေခဲ့ ပါဘူး...။”

ခရိုင်တပ်မှူးကြီးက မျက်မှောင်ကြုတ်လိုက်ပြီး...၊

“မင်း ဘာပြောလိုက်တာလဲ...၊ ဒီလောက် ခမ်းနားထည်ဝါလှတဲ့ မြို့ရိုးကြီးကို လူတစ်ယောက်က အချိန်တိုအတွင်း တည်ဆောက်နိုင်တယ်လို့ မင်းက ငါ့ကို ယုံစေချင်နေတာလား...။”

လောင်ကျောင်းက အနည်းငယ် အနေရခက်စွာဖြင့်...၊

“အရာရှိမင်း... ကျွန်တော်မျိုး ပြောတာတွေအားလုံး အမှန်တွေပါ...။ အကယ်၍ မယုံကြည်ဘူးဆိုရင် အဲ့ဒီနေ့က ကျွန်တော်မျိုးနဲ့အတူ လိုက်လာတဲ့သူကို ပြန်မေးကြည့်လို့ ရပါတယ်...။”

စကားတစ်ဝက်တွင် လောင်ကျောင်းက ခေတ္တရပ်တန့်လိုက်ပြီး လျှို့ဝှက်သော လေသံဖြင့် ဆက်ပြော လိုက်လေသည်။

“ခရိုင်တပ်မှူး ဝမ်... သင် ထင်တာကတော့...။ ဒီမြို့ရိုးက လူသားတွေ တည်ဆောက်ထားတာ မဟုတ်ဘဲနဲ့... အခြားတစ်စုံတစ်ခု ဖြစ်နိုင်မလား...။”

“မင်း ဆိုလိုတာက ဒိမြို့ရိုးကို တောင်စောင့်နတ်မင်းက တည်ဆောက်ခဲ့တာလို့ ဆိုလိုတာလား...။”

“မှန်ပါတယ်...၊ သေချာစဉ်းစားကြည့်ပါဦး...။ ဒီလောက် ခမ်းနားလှတဲ့ မြို့ရိုးကြီးကို အချိန်တိုအတွင်းမှာ တည်ဆောက်ဖို့ ဆိုတာက လူသားတွေရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေမှာ အမှန်ပါပဲ...။”

ခရိုင်တပ်မှူး ဝမ်က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ပြီး...

“မင်း ပြောတာလည်း အကျိုးကြောင်းဆီလျှော်သားပဲ...။ တောင်စောင့်နတ်မင်းကြီးက သေသူကိုတောင် ပြန်ရှင်စေနိုင်တဲ့ စွမ်းအား ရှိတယ်ဆိုမှတော့...။ တောင်တွေကို ရွှေ့ပြီး ကျောက်တုံးတွေကို ပြောင်းလဲ ပစ်နိုင်တာကလည်း သဘာဝကျပါတယ်...။”

“မှန်လှပါ...။ ဤအရာက တောင်စောင့်နတ်မင်းကြီး လုပ်ဆောင်ရမယ့် အလုပ်ပဲ မဟုတ်ပါလား...။”

“ဒီနတ်ဘုရားရဲ့ ဖန်တီးမှုကို မြင်လိုက်ရတော့ ငါတို့ရဲ့ ဤခရီးစဉ်က အလကား ဖြစ်မှာမဟုတ်ဘူးဆိုတာ ငါ ပိုပြီး ယုံကြည်သွားပြီ...။”

လောင်ကျောင်းက ဦးညွှတ်ကာ...၊

“အရာရှိမင်းက ကံထူးသူ ဖြစ်ပါတယ်...။ ဒီတစ်ကြိမ်မှာ အရာရှိမင်း အလိုရှိရာကို မုချ ရရှိမှာပါ...။”

လောင်ကျောင်း၏ မြှောက်ပင့်စကားများက ခရိုင်တပ်မှူး ဝမ်ကို ကျေနပ်သွားစေသည်မှာ သိသာလှ ပေသည်။ သူက အားရပါးရ ရယ်မောလိုက်ပြီး...၊

“လောင်ကျောင်း... ဒီကိစ္စသာ အောင်မြင်သွားမယ်ဆိုရင် ငါ မင်းကို ဆုလာဘ်တွေ အများကြီး ပေးမှာ ပါ...။”

သူ၏ စကားမဆုံးသေးမီမှာပင် မြို့ရိုးပေါ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။

“မင်းတို့က ဘယ်သူတွေလဲ... ဘာလို့ ဒီမှာ ဆူညံဆူညံ လုပ်နေကြတာလဲ...။”

ခရိုင်တပ်မှူး ဝမ်က မျက်မှောင်ကြုတ်လိုက်လေသည်။ နှစ်ပေါင်းများစွာအတွင်း သူ၏အပေါ် ဤမျှ ရိုင်းစိုင်းစွာ စကားပြောရဲသူမှာ အနည်းငယ်သာ ရှိခဲ့ဖူးလေ၏။

ဘေးတွင် ရပ်နေသော လောင်ကျောင်းက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ဒါက ငါတို့ ရှန်းယန်ခရိုင် ရုံးတော်က ခရိုင်တပ်မှူးကြီး ဝမ် ဖြစ်တယ်...။ မင်းကော ဘယ်သူ လဲ...။”

မြို့ရိုးပေါ်တွင် ကင်းလှည့်နေသော လူမိုက်များမှာ ထိုစကားကို ကြားသောအခါ မှင်တက်သွားကြလေ တော့သည်။

*ဘုရားရေ... တပ်မှူးကြီးက ရဲမက်တစ်စုနဲ့ ရောက်လာတာပဲ...။ သူတို့ ဘာလုပ်ဖို့ လာတာလဲ...။ လူဆိုး တွေကို နှိမ်နင်းဖို့ လာတာလား...။ ငါတို့ ဘာလုပ်ရမလဲ...။*

*ထွက်ပြေးရမလား...။*

လူတစ်ယောက်က မည်မျှပင် ကြံ့ခိုင်သန်စွမ်းစေကာမူ ခြေနှစ်ချောင်းက ခြေလေးချောင်းရှိသော မြင်း ကို အဘယ်သို့ မှီနိုင်ပါမည်နည်း။

“အစ်ကို... ငါတို့ ဘာလုပ်ရမလဲ...။ တပ်မှူးကြီး... ရှန်းယန်ခရိုင်က တပ်မှူးကြီး ရောက်လာတာပဲ...။ သူက ငါတို့ကို ဖမ်းဖို့ လာတာများလား...။”

ထိုလူငယ်လေး၏ ခြေထောက်များမှာ တုန်ယင်နေပြီး စကားကိုပင် မနည်း ပြောနေရလေ၏။

“ဟုတ်တယ် အစ်ကို... ငါတို့ အရင်က လုယက်ခဲ့တဲ့ ရွှေငွေတွေရဲ့ အကြောင်း ပေါက်ကြားသွားတာ လား...။ အဲ့ဒီတုန်းက အဲ့လူက ရှန်းယန်ခရိုင်က စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကလို့ ပြောခဲ့တာပဲ...။”

ဒုတိယခေါင်းဆောင်ဖြစ်သူမှာလည်း စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း ပြင်ပအမူအရာကိုမူ တည် ငြိမ်အောင် ထိန်းထားလေသည်။ သူက အေးစက်စွာဖြင့်...၊

“ဘာတွေ ထိတ်လန့်နေတာလဲ...။ ခရိုင်တပ်မှူး ဖြစ်တော့ကော ဘာဖြစ်လဲ...။ ငါတို့က အခု ဓားပြ တွေ မဟုတ်တော့ဘူးလေ...။ ငါတို့က ဘာလို့ သူတို့ကို ကြောက်နေရမှာလဲ...။”

“အင်း... ဒါလည်း အမှန်ပဲ...။”

“ဟုတ်တယ်... ငါတို့က အခု တောင်စောင့်နတ်မင်းကြီးရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာပဲ...။”

ချက်ချင်းပင် မြို့ရိုးပေါ်မှ အသံထွက်လာလေ၏။

“ငါတို့က တောင်စောင့်နတ်မင်းကြီးရဲ့ အလိုတော်အရ ဒီနေရာကို စောင့်ကြပ်နေတာ ဖြစ်တယ်...။ မင်းတို့ ဒီကို ဘာကိစ္စနဲ့ လာတာလဲ...။”

ဤစကားကို ကြားသောအခါ ခရိုင်တပ်မှူး ဝမ်နှင့် လောင်ကျောင်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့် လိုက်ကြလေသည်။

*တစ်ကယ်ပဲ... တစ်ကယ်ပဲ တောင်စောင့်နတ်မင်းကြီး ဖြစ်နေတာပဲ...။*

*ဒီလူတွေက တောင်စောင့်နတ်မင်းကြီးရဲ့ လက်အောက်ခံ နတ်သူငယ်လေးတွေလား...။*

သို့သော်လည်း ဤလူတွေက ကြည့်ရတာ အတော်လေး အားနည်းပုံရ၏။ စကားပြောလျှင်ပင် အသံက သိပ်မထွက်လှချေ။

သို့သော်လည်း ခရိုင်ရုံးတော်တွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သဖြင့် တပ်မှူးဝမ်က စကားပုံတစ်ခုကို နားလည်ထားပေသည်။ “ဝန်ကြီးချုပ်ရဲ့ အိမ်ရှေ့က အစေခံတောင်မှ အဆင့်ခုနစ်ရှိတဲ့ အရာရှိထက် ပိုပြီး လေးစားခံရတယ်” ဆိုသည့်အတိုင်းပင် ဖြစ်လေ၏။

သူက ကိုယ်တိုင် ရှေ့သို့ တိုးကာ မြို့ရိုးပေါ်သို့ လှမ်း၍ အော်ပြောလိုက်လေသည်။

“ငါက ရှန်းယန်ခရိုင်ရဲ့ ခရိုင်တပ်မှူး ဝမ်ချောင်း ဖြစ်တယ်...။ ငါ ဒီကိုလာရတဲ့ အကြောင်းရင်း နှစ်ခု ရှိတယ်...။ ပထမတစ်ခုက ငါ့ရဲ့ လက်အောက်ငယ်သားတွေကို ကယ်တင်ပေးခဲ့တဲ့အတွက် တောင်စောင့် နတ်မင်းကြီးကို ကျေးဇူးတင်စကား ပြောဖို့နဲ့ သစ္စာကတိ တည်ဖို့ ဖြစ်တယ်...။ ဒုတိယတစ်ခုကတော့ တောင်စောင့်နတ်မင်းကြီးထံမှာ အမွှေးတိုင် ပူဇော်ပြီး ဆုတောင်းပတ္ထနာ ပြုချင်လို့ပဲ...။ မင်းတို့ အနေနဲ့ ငါ့ကို ခွင့်ပြုပေးနိုင်မလား...။”

ခရိုင်တပ်မှူးက သူတို့ကို ဖမ်းဆီးရန် လာခြင်းမဟုတ်ကြောင်း သိလိုက်ရသောအခါ မြို့ရိုးပေါ်ရှိ လူပုလေးများမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြလေတော့သည်။ ထို့နောက်တွင်မူ သူတို့၏ လက်ထဲရှိ အာဏာကို အစွမ်းကုန် အသုံးချလိုက်လေ၏။

*ဟင်း... အရင်ကတော့ မင်းတို့က ငါတို့အစ်ကိုတွေကို ယုန်ကိုလိုက်တဲ့ သိန်းငှက်တွေလို လိုက်ဖမ်းခဲ့ကြ တာလေ...။ ဒီနေ့တော့ မင်းတို့ကို အလှည့်ပေးရမှာပေါ့...။*

“ဟုတ်ကဲ့... ဟုတ်ကဲ့...၊ ဒါပေမဲ့ ခရိုင်တပ်မှူး ဝမ်...။ မင်းက အဝေးကနေ လာခဲ့တာဖြစ်ပြီး မင်းရဲ့ စိတ်ရင်းကို ငါတို့ မြင်ပါတယ်...။ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးရဲ့ ရှေ့မှောက်မှာ မြင်းစီးတာကတော့ သိပ်ပြီး မသင့်တော်လှဘူး ထင်တယ်...”

ခရိုင်တပ်မှူး ဝမ်က ဂရုမစိုက်ဘဲ ချက်ချင်းပင် သဘောတူလိုက်လေ၏။

“နားလည်ပါပြီ... နားလည်ပါပြီ...။ ငါတို့ မြင်းပေါ်က ဆင်းပြီးမှ လာခဲ့ပါ့မယ်...။”

မကြာမီ လူမိုက်အချို့မှာ မြို့ရိုးပေါ်ရှိ လှေကားများမှ ဆင်းလာကြလေသည်။ သူတို့သည် ခရိုင် တပ်မှူး ဝမ်နှင့် သူ၏ တပ်မှူးတစ်စုရှေ့တွင် ရပ်လိုက်ကြ၏။ ထိုလူမိုက်မှာ ရုတ်တရက် ဂုဏ်ယူဝင့်ကြွား မှုကို ခံစားလိုက်ရလေသည်။

အရင်ကဆိုလျှင် ခရိုင်တပ်မှူးကို မြင်ရုံနှင့်ပင် အမြီးကုတ်ပြီး ပြေးရမည်ဖြစ်သော်လည်း ယနေ့ တွင်မူ ခရိုင်တပ်မှူးကြီးနှင့် ရင်ပေါင်တန်းကာ စကားပြောနိုင်ရုံသာမက ထိုသူကပင် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံနေရသည် မဟုတ်ပါလား။

လူမိုက်လေးသည် တောင်စောင့်နတ်မင်းကြီး လက်အောက်တွင် အလုပ်လုပ်ရခြင်း၏ အကျိုးကျေးဇူး ကို ပထမဦးဆုံးအကြိမ် သိရှိသွားခဲ့လေတော့သည်။

ဒုတိယခေါင်းဆောင်က ခရိုင်တပ်မှူး ဝမ်ကို ဦးညွှတ်ကာ ယဉ်ကျေးစွာဖြင့်...၊

“ရှန်းယန်ခရိုင်က ခရိုင်တပ်မှူး ဝမ်ရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ...။ ဒီနေ့ တွေ့ရတာ ဝမ်းသာပါ တယ်...။ ကျော်ကြားနေတဲ့အတိုင်းပါပဲလား...။”

ခရိုင်တပ်မှူး ဝမ်က မျက်ခုံးပင့်လိုက်ပြီး...၊

“အော်... မင်းက ငါ့ကို သိနေတာလား...။ မင်း အရင်က ဘယ်မှာ အလုပ်လုပ်ခဲ့လဲဆိုတာ မေးပါရစေ...။”

ဤမျှ နီးကပ်သော အကွာအဝေးမှ ကြည့်လျှင် ဤသူများမှာ နတ်သူငယ်များ မဟုတ်ဘဲ ဒုက္ခသည် များသာ ဖြစ်ကြောင်း ခရိုင်တပ်မှူး ဝမ် သိလိုက်ရလေသည်။ သူတို့၏ လေယူလေသိမ်းအရလည်း နေရာဒေသ အသီးသီးမှ ​ေလာကြသူများ ဖြလေပုံရ၏။

ခေါင်းဆောင်ဖြစ်သူက ရယ်မောကာ...၊

“ငါတို့က အရင်က အိမ်ခြေမဲ့တွေပါ...၊ ဆင်းရဲဒုက္ခတွေ ခံစားပြီး လောကအနှံ့ လှည့်လည်နေခဲ့ကြရ တာပါ...။ ကံကောင်းလို့ တောင်စောင့်နတ်မင်းကြီးရဲ့ ကယ်တင်မှုကို ခံရပြီး ဒီမှာ တာဝန်ထမ်းဆောင် နေတာ ဖြစ်ပါတယ်...။”

ခရိုင်တပ်မှူး ဝမ်က ခေါင်းညိတ်ကာ...၊

“ညီအစ်ကိုတို့က တော်တော်လေး ကံထူးကြတာပဲ...။ တွေ့ရတာ ကံတရားပဲလို့ မှတ်ယူရမှာပေါ့...။ ဒါက ငါ့ရဲ့ စေတနာ အနည်းငယ်ပါ...၊ ငါတို့နဲ့အတူ လက်ဖက်ရည် သောက်ဖို့အတွက်လို့ မှတ်ယူပေးပါ...။”

ပြောရင်းဆိုရင်းနှင့်ပင် ခရိုင်တပ်မှူး ဝမ်သည် သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး လက်ဝါး ခန့်ရှိသော ကြေးပြားစေ့များကို တစ်ကွမ်စာ သီထားသည့် အထုပ်ကို လူမိုက်ဂိုဏ်း၏ ဒုတိယ ခေါင်းဆောင်ထံသို့ ကမ်းပေးလိုက်လေ၏။

ခေါင်းဆောင်ဖြစ်သူက လက်ကို ဝှေ့ယမ်းကာ ငြင်းဆန်လိုက်ပြီး...၊

“ဒါက မသင့်တော်ပါဘူး...။ ငါတို့က တောင်စောင့်နတ်မင်းကြီးအတွက် အလုပ်လုပ်ပေးရတာတင် ကျေးဇူးကြီးလှပါပြီ...၊ ဘယ်လိုလုပ်ပြီး...။”

ခရိုင်တပ်မှူး ဝမ်က ခေါင်းဆောင်၏ လက်ကို အတင်းဆွဲကာ ထိုအထုပ်ကို ထည့်ပေးလိုက်လေသည်။

“အထက်မှာ နတ်ဘုရားတွေ ရှိနေတယ်...၊ ဒီနေရာက တောင်စောင့်နတ်မင်းကြီးရဲ့ နယ်မြေပဲလေ...။ သူ မသိတာ ဘာရှိမှာလဲ...။ ငါ ဒီကိုလာတာနဲ့ မင်းတို့နဲ့ တွေ့ဆုံတာတွေအားလုံးက တောင်စောင့်နတ်မင်း ကြီးရဲ့ လမ်းညွှန်မှု ဖြစ်နိုင်ပါတယ်...။ ဒါတွေအားလုံးက ကံတရားပဲ...၊ မယူလို့ ဘယ်ဖြစ်မလဲ...။”

ခေါင်းဆောင်ဖြစ်သူက မျက်ခုံးပင့်လိုက်ပြီး...၊

“လူကြီးမင်း ပြောတာလည်း အကျိုးအကြောင်းရှိသားပဲ...။”

သူက ခရိုင်တပ်မှူး ဝမ်ထံမှ လက်ဆောင်ကို လိပ်ပြာသန့်သန့်ဖြင့် လက်ခံလိုက်ပြီးနောက်...၊

“ခရိုင်တပ်မှူး ဝမ်က တကယ့်ကို ရက်ရောတဲ့သူပဲ...။ ဒါဆိုရင်တော့ ငါက ညီအစ်ကိုတွေအားလုံး ကိုယ် စား ကျေးဇူးတင်ရမှာပေါ့...။ မြင်းတွေကိုတော့ အထဲအထိ ယူသွားဖို့ မလွယ်ကူတဲ့အတွက် ဒီမှာပဲ ထားခဲ့လိုက်ပါ...၊ ငါ ခဏလောက် ကြည့်ပေးထားပါ့မယ်...။”

လက်ဆောင်ကို လက်ခံလိုက်သည်ကို မြင်သောအခါ ခရိုင်တပ်မှူး ဝမ်က ပြုံးလိုက်ပြီး...၊

“ကျေးဇူးတင်ပါတယ် ညီအစ်ကို...။ ဒီကနေ တောင်စောင့်နတ်မင်းကြီးရဲ့ နတ်ကွန်းအထိ ဘယ်လောက် လောက် ဝေးမလဲဆိုတာ မေးပါရစေ...။”

ခေါင်းဆောင်ဖြစ်သူက လက်ညှိုးညွှန်ပြကာ...၊

“ဒီကနေ တည့်တည့်သွားလိုက်ပါ...၊ မကြာခင်မှာ တောင်စောင့်နတ်မင်းကြီး ကိုယ်တိုင် ဖန်တီးပေးထား တဲ့ ခမ်းနားလှတဲ့ နတ်ကွန်းကြီးကို တွေ့ရပါလိမ့်မယ်...။ အဲဒီမှာရှိတဲ့ ရွာသားတွေကို မေးကြည့်ရင် နတ်ကွန်းက ဘယ်မှာလဲဆိုတာ သိနိုင်ပါတယ်...။”

ခရိုင်တပ်မှူး ဝမ်က လက်အုပ်ချီကာ...၊

“ဒါဆိုရင်တော့ ငါတို့ သွားလိုက်ပါဦးမယ် ညီအစ်ကို...။ မြင်းတွေကိုတော့ မင်းကိုပဲ အပ်ခဲ့ပါ့မယ်...။”

ခေါင်းဆောင်နှစ်ဦးက လက်ကို ဝှေ့ယမ်းပြကာ...၊

“ရပါတယ်... ရပါတယ်...၊ ခရိုင်တပ်မှူး ဝမ်... အားမနာပါနဲ့...။”

ခရိုင်တပ်မှူး ဝမ်နှင့် သူ၏ လူများ ထွက်ခွာသွားပြီးနောက် လူမိုက်ငယ်လေး တစ်ဦးက ဒုတိယခေါင်း ဆောင်ထံသို့ ချဉ်းကပ်လာပြီး…၊

“အစ်ကို... ငါတို့ ဒီငွေတွေကို တကယ်ပဲ ယူလို့ ရပါ့မလား...။ တောင်စောင့်နတ်မင်းကြီး စိတ်ဆိုးမသွား နိုင်ဘူးလား...။”

ဒုတိယခေါင်းဆောင်က မနီးမဝေးရှိ မြို့ရိုးဆီသို့ ကြည့်ကာ တိုးတိုးလေး ပြောလိုက်လေ၏။

“ခေါင်းဆောင်က ပြောတယ်...၊ အရင်တစ်ခါ ငါတို့ လုခဲ့တဲ့ ရွှေငွေတွေ အကုန် ပျောက်သွားပြီတဲ့...။ အကယ်၍ ငါတို့မှာ တခြား ဝင်ငွေ မရှိရင် ညီအစ်ကိုတွေ တစ်ကယ်ပဲ ငတ်သေကုန်ကြလိမ့်မယ်...”

“ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးက ပြောခဲ့တယ် မဟုတ်လား...၊ ငါတို့သာ လိမ္မာလိမ္မာနဲ့ နေမယ်ဆိုရင် သုံးရက်တစ်ခါ ခေါင်ရှန်းရွာကို သွားပြီး အစားအစာ တောင်းလို့ ရတယ်ဆိုတာ...။”

ခေါင်းဆောင်ဖြစ်သူက ခေါင်းခါရင်း အဓိပ္ပာယ်ပါပါဖြင့်...၊

“အစားအစာလား...။ ဟက်... သူတစ်ပါး ပေးတဲ့ အစားအစာကို စားရသူက သူတစ်ပါးရဲ့ အလိုကျ နေရတာပဲ...။ ပြီးတော့... တောင်စောင့်နတ်မင်းကြီးက ငါတို့ အသက်ကို ချမ်းသာပေးပြီး ဒီမြို့ရိုးကို စောင့်ခိုင်းတာက ဒီအတိုင်း စောင့်ဖို့သက်သက်ပဲလို့ မင်း ထင်နေတာလား...။”

လူငယ်လေးက ခေါင်းကို ကုတ်ရင်း...၊

“ကျွန်တော်မျိုး သိပ်နားမလည်ဘူး...။ အစ်ကို ဘာကို ဆိုလိုတာလဲ...။”

ခေါင်းဆောင်ဖြစ်သူက ကောင်းကင်ကို လက်ညှိုးညွှန်ပြကာ...၊

“မင်း တစ်ခါမှ မတွေးဖူးဘူးလား...။ ဒီတစ်ကမ္ဘာလုံးက တောင်စောင့်နတ်မင်းကြီးရဲ့ ထိန်းချုပ်မှုအောက် မှာ ရှိတာလေ...။ သာမန်လူသားတွေက တောင်စောင့်နတ်မင်းကြီးရဲ့ စွမ်းအားနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါ ဘူး...။ ငါတို့လို သာမန်လူတွေက ဘာလို့ ဒီမှာ လာပြီး ဟန်ဆောင်နေရမှာလဲ...။”

လူငယ်လေးက မျက်လုံးများ ပြူးကျယ်သွားပြီး...၊

“ဒါလည်း ဟုတ်သားပဲ...။ ဒါဆို တောင်စောင့်နတ်မင်းကြီးက ငါတို့ကို ဘာလို့ ဒီမှာ ထားခဲ့တာလဲ...။”

ခေါင်းဆောင်ဖြစ်သူက ခိုင်မာစွာဖြင့်...၊

“ခေါင်ရှန်းရွာက လူတွေက တော်တော်လေးကို သဘောမနော ကောင်းကြတာကို မင်း သတိထားမိ လား...။”

“ဟင်... အဲဒါက ဘာပြဿနာရှိလို့လဲ...။” လူငယ်လေးက ဝေခွဲမရ ဖြစ်နေလေ၏။

ခေါင်းဆောင်ဖြစ်သူက ရယ်မောကာ ခေါင်းခါလိုက်ပြီး...၊

“ပြဿနာတော့ မရှိပါဘူး...၊ ဒါပေမဲ့ အထက်လူကြီး တစ်ယောက်အတွက်ဆိုရင်တော့ လက်အောက် ငယ်သားတွေက သဘောကောင်းလွန်းတာက သိပ်ပြီး မကောင်းလှဘူးလေ...။”

“ဟင်... ဘာလို့လဲ...။” လူငယ်လေးက ဇဝေဇဝါ ဖြစ်နေဆဲပင်။

ခေါင်းဆောင်ဖြစ်သူက လူငယ်လေး၏ ပခုံးကို ပုတ်ကာ...၊

“ထားလိုက်ပါတော့...၊ ရှင်းပြရတာ ခက်တယ်...။ မင်း ကြီးလာရင် သိလာပါလိမ့်မယ်...။ အပေါ်ကို တက်ပြီး သေချာ ကင်းလှည့်တော့...။ ပြီးတော့ ဘယ်သူမှ မရှိတဲ့အချိန်ကျရင် ငါ့ကို အဖေ လို့ပဲ ခေါ်ပါ ...။ ငါ့သားသာ အသက်ရှင်နေမယ်ဆိုရင် မင်းအရွယ်လောက် ရှိနေလောက်ပြီ...။”

“ဟုတ်ကဲ့ပါ... အဖေ...။”

လူငယ်လေးက လိမ္မာစွာ ခေါင်းညိတ်လိုက်လေ၏။

ခေါင်းဆောင်ဖြစ်သူက လက်ကို ဝှေ့ယမ်းပြကာ...၊

“သွားတော့... သွားတော့...။”

လူငယ်လေး ထွက်သွားသည်နှင့် ခေါင်းဆောင်ဖြစ်သူသည် သက်ပြင်းချလိုက်ပြီး လက်အုပ်ချီကာ တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာဘက်သို့ ဒူးထောက်လိုက်လေတော့သည်။

“အထက်က တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုး ယွီတောက်ချွမ်ဟာ နတ်ဘုရားတွေရဲ့ အလို တော်ကို ကိုယ့်သဘောနဲ့ကိုယ် ခန့်မှန်းမိတဲ့အတွက် အပြစ်ကြီးလှပါတယ်...။ အကယ်၍ တောင်စောင့် နတ်မင်းကြီးရဲ့ အလိုတော်က ဤသို့ မဟုတ်ခဲ့ရင်လည်း ကျွန်တော်မျိုး ယွီတောက်ချွမ်က ပြစ်ဒဏ်ကို ခံယူဖို့ အသင့်ပါပဲ...။ အကယ်၍ ကျွန်တော်မျိုးလို သာမန်လူတစ်ယောက်ရဲ့ ခန့်မှန်းချက်ကသာ တိုက် ဆိုင်စွာ မှန်ကန်ခဲ့မယ်ဆိုရင်... တောင်စောင့်နတ်မင်းကြီးအနေနဲ့ ကျွန်တော်မျိုးကို လမ်းစတစ်ခု ပေး သနားတော်မူပါ....။”

“ကျွန်တော်မျိုးရဲ့ မဟာကျင့်မင်းဆက်က ယွီမိသားစုဟာ မျိုးဆက်ပေါင်းများစွာ နတ်ဘုရားရဲ့ အပြစ် ပေးခြင်းကို ခံခဲ့ရပြီး ယနေ့အထိ မနည်း ရုန်းကန်နေခဲ့ရတာပါ...။ တောင်စောင့်နတ်မင်းကြီးရဲ့ ကယ်တင် မှုကို ခံရတာကတင် အလွန်တရာ ဂုဏ်ယူစရာ ကောင်းလှပါပြီ...။ တောင်စောင့်နတ်မင်းကြီးရဲ့ နတ်သ ဘောတော်က ကျွန်တော်မျိုးတို့အပေါ် သက်ရောက်ပြီး ယွီမိသားစုရဲ့ မျိုးဆက် မပြတ်ပါစေနဲ့လို့ ဆုတောင်းပါတယ်...။”

ပြောပြီးသည်နှင့် ယွီတောက်ချွမ်သည် မြေကြီးပေါ်သို့ ပြင်းထန်စွာ ဦးတိုက်လိုက်လေ၏။ သူ ပြန်အထ တွင် တဟွတ်ဟွတ်နှင့် ချောင်းများ ဆိုးလာသဖြင့် လက်ဖြင့် ပါးစပ်ကို ပိတ်လိုက်ရလေသည်။

သူ၏ လက်ဖဝါးကို ပြန်ကြည့်လိုက်သောအခါ အနီရောင် သွေးစအချို့ကို တွေ့လိုက်ရ၏။

ယွီတောက်ချွမ်သည် အလျင်အမြန်ပင် ထိုသွေးများကို မြေကြီးပေါ်သို့ ပွတ်တိုက်ကာ ဖျောက်ဖျက် လိုက်လေသည်။

ထိုစဉ်မှာပင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေ၏။

“အစ်ကို... လူတွေ ထပ်လာနေကြပြန်ပြီ...။ ဒီနေ့တော့ တော်တော်လေး ထူးဆန်းတာပဲ...၊ လူစည်ကားတဲ့ စျေးပွဲတော်ကျနေတာပဲ...။”

All Chapters