အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း (၈၇)
အမွှေးတိုင်ပူဇော်မှု စွမ်းအား နှစ်ခု
တစ်ဖက်တွင်မူ ခေါင်ရှန်းရွာ၏ အပြင်ဘက်၌ အလုပ်များနေကြသော ရွာသားများသည်လည်း ခရိုင်တပ်မှူးဝမ်နှင့် သူ၏လူများ အဝေးမှ ချဉ်းကပ်လာသည်ကို မြင်လိုက်ရလေသည်။
တူလို မြေနံရံအိမ်ရာ၏ တတိယထပ်ရှိ အခန်းတစ်ခုအတွင်းမှ အပြင်သို့ လှမ်းကြည့်နေသော လီချိန်းရှီ သည် ထိုလူစုကို ပထမဦးဆုံး မြင်တွေ့ခဲ့သူ ဖြစ်လေသည်။
လီချိန်းရှီသည် အမြင်အာရုံ အလွန်စူးရှသူဖြစ်ရာ ထိုလူစုထဲတွင် ရင်းနှီးသော မျက်နှာတစ်ခုကိုပင် တွေ့ ရှိလိုက်ရ၏။ လွန်ခဲ့သော ရက်အနည်းငယ်က ခေါင်ရှန်းရွာသို့ အခွန်ကောက်ရန် လာခဲ့သော မြို့စောင့် ရဲမက် မှာ လောင်ကျောင်းပင် ဖြစ်လေသည်။
“အဘိုး... အဘိုး... ဟိုရဲမက် ပြန်ရောက်လာပြန်ပြီ...။ သူက အခွန်ကောက်ဖို့လာတာလားမသိဘူး...။”
လီခန့်ရှန်းသည် သူလုပ်လက်စ အလုပ်ကို ရပ်တန့်လိုက်ပြီး ခေါင်းခါရင်း ပြောလိုက်လေသည်။
“မဖြစ်နိုင်ပါဘူး...။ သူတို့ နောက်ဆုံးအကြိမ် လာတုန်းက ငါတို့ကို အချိန် ထပ်ပေးမယ်လို့ ပြောသွားခဲ့ တာပဲ...။”
“ဒါပေမဲ့ အဘိုး... ငါတို့ဆီမှာ အခု စပါးတွေ ရှိနေပြီပဲ...၊ သူတို့ကို ပေးလိုက်ရင် မပြီးဘူးလား...။”
လီချိန်းရှီက မေးလိုက်၏။
လီခန့်ရှန်းက ခေါင်းခါလိုက်ပြီး...၊
“မင်းက ပြောရတာ လွယ်လိုက်တာ...။ တောင်စောင့်နတ်မင်းကြီး ပေးသနားထားတဲ့ အရာတွေကို ဒီအတိုင်း ဘယ်လိုလုပ် ပေးပစ်နိုင်မှာလဲ...။ ပြီးတော့ ဒီနတ်စပါးတွေက တော်တော်လေးကို ကြီးမား လွန်းတယ်...။ တကယ်လို့ သတင်းပေါက်ကြားသွားရင် လူတွေ သံသယဝင်ကုန်လိမ့်မယ်...။ ဒါကြောင့် ဒီရက်ပိုင်းအတွင်းမှာ အဲဒါတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပြီးမှ စီမံတာက ပိုကောင်းလိမ့်မယ်...။”
လီချိန်းရှီက ခေါင်းညိတ်ကာ...၊
“အဘိုး ပြောတာ မှန်ပါတယ်...။”
လူအုပ်စုကြီး အနားသို့ ချဉ်းကပ်လာသောအခါ လီခန့်ရှန်းက ပြောလိုက်လေသည်။
“ကဲ...သူတို့ကို သွားပြီး နှုတ်ဆက်ရအောင်...။ ခေါင်းဆောင်လာတဲ့သူကို ကြည့်ရတာ လောင်ကျောင်းနဲ့ ရင်ပေါင်တန်းပြီး လာနေတာဆိုတော့ အရာရှိကြီး တစ်ယောက် ဖြစ်လောက်တယ်...။”
အဘိုးဖြစ်သူနောက်မှ လိုက်လာရင်း လီချိန်းရှီက စပ်စုလိုစိတ်ဖြင့်...၊
“ဟင်... အရာရှိကြီး ဟုတ်လား...။ သူက ဒီကို ဘာလာလုပ်တာလဲ...။”
လီခန့်ရှန်းက တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာဘက်သို့ လက်ညှိုးညွှန်ပြကာ...၊
“အခွန်ကောက်ဖို့ မဟုတ်ဘူးဆိုရင်တော့ တောင်စောင့်နတ်မင်းကြီးအတွက် လာတာပဲ ဖြစ်လိမ့်မယ်...။”
လီချိန်းရှီက ဇဝေဇဝါဖြင့်...၊
“ဟင်... အဘိုးက လွန်ခဲ့တဲ့ တစ်ခေါက်က သူတို့ကို တောင်စောင့်နတ်မင်းကြီးအကြောင်း မပြောပြခဲ့ဘူး မဟုတ်လား...။”
လီခန့်ရှန်းက သက်ပြင်းချလိုက်ပြီး...၊
“မင်းကတော့ တကယ့် ကလေးပဲ...။ မင်းရဲ့ အဘိုးလေးက မပြောပေမဲ့ မင်းကိုယ်တိုင်က ပြောခဲ့တာကို မင်း မေ့သွားပြီလား...။”
လီချိန်းရှီ၏ အမူအရာမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ သူ၏ ဦးခေါင်း ကို သူ ပြန်လည် ထုနှက်လိုက်လေတော့သည်။ ထိုစဉ်က လောင်ကျောင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် တို့မှာ အခွန်ကောက်ရန် ခေါင်ရှန်းရွာသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်လေ၏။
သူ၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာ ဗိုက်ထဲတွင် ဘာမှမရှိဘဲ အစိမ်းလိုက်ဖြစ်နေသော တန်လီသီးများကို အလွန်အကျွံ စားမိသဖြင့် သွေးတွင်းသကြားဓာတ် ကျဆင်းကာ သတိလစ်သွားခဲ့ရလေသည်။
ရွှီပေါ်အန်းသည် သူ၏ အတွေ့အကြုံများဖြင့် ထိုသူကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်။
လီလောင်ကျူးက ခရိုင်တပ်မှူး နှစ်ဦးကို အသေးစိတ် အချက်အလက်များ မပြောပြခဲ့သော်လည်း လီချိန်းရှီ ကမူ အစကတည်းက တောင်စောင့်နတ်မင်းကြီးက သူ့ကို သကြားဖြင့် လူကယ်ရန် လမ်းညွှန် ခဲ့ကြောင်း လွှတ်ခနဲ ပြောမိခဲ့သဖြင့် လောင်ကျောင်းအနေဖြင့် ကြားသွားခဲ့ခြင်းမှာ သဘာဝကျလှပေ သည်။
“ကဲ... ထားလိုက်ပါတော့...၊ တောင်စောင့်နတ်မင်းကြီးက မင်းကို အပြစ်မယူပါဘူး...။ တကယ်လို့ မင်း စိတ်မကောင်းဖြစ်နေရင်လည်း နတ်ကွန်းဆီကို ခဏခဏသွားပြီး သန့်ရှင်းရေး လုပ်ပေးပေါ့...။”
“နားလည်ပါပြီ အဘိုး...။”
နှစ်ဖက်အဖွဲ့အစည်းများ ဆုံတွေ့ကြလေသည်။ ထုံးစံအတိုင်း နှုတ်ဆက်စကားများ ပြောဆိုကြပြီး တစ်ဦး၏ အခြေအနေကို တစ်ဦးက စူးစမ်းကြလေ၏။ နောက်ဆုံးတွင်မူ ခရိုင်တပ်မှူး ဝမ်သည် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ကြေးပြားစေ့ အထုပ်တစ်ထုပ်ကို လီခန့်ရှန်းထံသို့ ကမ်းပေးလိုက်လေ သည်။
“ရွာလူကြီးမင်း... ဒီငွေကို မုချ လက်ခံပေးပါ...။ ဒါက ကျွန်တော်မျိုးရဲ့ စေတနာ အနည်းငယ်ပါ...၊ ရွာသားတွေ အိမ်သစ်တက်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့လို့ မှတ်ယူပေးပါ...။”
လီခန့်ရှန်းက လက်ကိုပင် မဆန့်ဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
“တောင်စောင့်နတ်မင်းကြီးရဲ့ နတ်ကွန်းက ဟိုအပေါ်မှာ ရှိတယ်...။ သွားချင်ရင် သွားနိုင်ပါတယ်...။ မသွားချင်ရင်တော့ ပြန်ကြပါတော့...။”
ခရိုင်တပ်မှူး ဝမ်က အနည်းငယ် ပြုံးလိုက်ပြီး ကြေးပြားစေ့များကို ပြန်သိမ်းကာ ခေါင်းခါရင်း ပြော လိုက်လေ၏။
“ကောင်းပါပြီ...၊ ရွာလူကြီးမင်းက လက်မခံဘူးဆိုရင်လည်း ဒီအမွှေးတိုင်ဖိုးတွေကို တောင်စောင့်နတ် မင်းကြီးထံမှာပဲ ကိုယ်တိုင် ဆက်သလိုက်ပါ့မယ်...။”
“ကြွပါ...။”
လီခန့်ရှန်းသည် မာန်မာနမရှိသကဲ့သို့ နှိမ့်ချလွန်းခြင်းလည်း မရှိဘဲ လမ်းဖယ်ပေးလိုက်လေသည်။
“အဘိုး... ဒီလောက်များတဲ့ ငွေတွေကို မလိုချင်ဘူးလား...။”
လီချိန်းရှီက စပ်စုလိုက်လေသည်။
“လိုချင်စရာလား...။ ငါတို့မှာ အခု အစားအသောက်နဲ့ နေစရာတွေ ပြည့်စုံနေပြီပဲ...၊ ဘာလို့ လိုချင်ရမှာ လဲ...။ မင်းလည်း ဒီလို အတွေးမျိုး မထားရဘူးနော်...။”
လီချိန်းရှီကို သတိပေးပြီးနောက် လီခန့်ရှန်းက လေးနက်စွာဖြင့် ဆက်ပြောလိုက်လေသည်။
“ပြီးတော့ သူတို့က တောင်စောင့်နတ်မင်းကြီးအတွက် လာကြတဲ့ ဘုရားဖူးတွေပဲ...။ အကယ်၍ ငါက ဒီငွေကို လက်ခံလိုက်ရင် တောင်စောင့်နတ်မင်းကြီးရဲ့ အတိုင်းအဆမရှိတဲ့ ကျေးဇူးတော်ကို ဘယ်လို မျက်နှာနဲ့ ရင်ဆိုင်ရတော့မှာလဲ..။.”
တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းသို့ ခရိုင်တပ်မှူး ဝမ်သည် တစ်ဦးတည်း ဝင်ရောက်သွားခဲ့ လေသည်။ ကျန်ရှိသော လူများကမူ တံခါးအပြင်ဘက်တွင် လိမ္မာစွာဖြင့် စောင့်ဆိုင်းနေကြ၏။
ဝမ်ခရိုင်တပ်မှူးသည် သူ ယူဆောင်လာသော အမွှေးတိုင် သုံးတိုင်ကို ယူကာ ထွန်းညှိလိုက်ပြီး ဒူးထောက် ဦးတိုက်လေတော့သည်။ ထို့နောက် အမွှေးတိုင်များကို အမွှေးတိုင်အိုးအတွင်းသို့ ရိုသေစွာဖြင့် ထိုးစိုက်လိုက်လေ၏။
ထိုအချိန်၌ပင် ရွှီပေါ်အန်း၏ စိတ်ထဲ၌ အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်ခုမှာ ရုတ်တရက် ပေါ်ပေါက်လာ ခဲ့လေသည်။ တစ်ကြိမ်တည်းနှင့် အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်ခု ဖြစ်ပေါ်လာခြင်းမှာ ယခင်က တစ်ခါမျှ မဖြစ်ဖူးသေးသော အရာပင် ဖြစ်လေ၏။
ထို့နောက် ခရိုင်တပ်မှူး ဝမ်သည် ဘာစကားမျှ မပြောဘဲ နောက်ထပ် အမွှေးတိုင် သုံးတိုင်ကို ထပ်မံ ထွန်းညှိလိုက်ပြီး ထိုနေရာတွင် ဒူးထောက်ကာ သူ၏ တောင်းဆိုချက်များကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုနေခဲ့လေသည်။
ရွှီပေါ်အန်းသည် ဤနေရာ၌ ဘာတွေ ဖြစ်ပျက်နေသည်ကို အာရုံစိုက်ရန် အလွန်ပင် အလုပ်များနေခဲ့ လေသည်။ အကယ်၍ သူသာ သေချာ စောင့်ကြည့်နေခဲ့လျှင်ပင် ဝမ်ခရိုင်တပ်မှူး၏ စိတ်ထဲမှ ဆုတောင်း ပုံမျိုးကို ရွှီပေါ်အန်းအနေဖြင့် မည်သို့မျှ ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။ သူသည် အပြစ်ပင်တင်မိဦး မည် ဖြစ်၏။
*ဘုရားရေ...၊ သူတို့က ငါ့ကို စိတ်ချင်းဆက်သွယ်နိုင်တဲ့ နတ်ဘုရားလို့ တစ်ကယ်ပဲ ထင်နေကြတာ လား...။ အသံထွက်ပြီး မပြောရင် ဆုတောင်းက မပြည့်ဘူးလို့ ထင်နေကြတာလား...။ အမှန်တော့ မင်းတို့ ငါ့ကို မပြောပြရင် ငါလည်း ဘာမှ လုပ်ပေးလို့ မရဘူးလေ...။*
...
ယခုအချိန်၌ ရွှီပေါ်အန်းသည် ရုတ်တရက် ပေါ်လာသော အမွှေးတိုင် ပူဇော်မှု စွမ်းအားများကြောင့် စိတ်အခြေအနေ အလွန်ကောင်းမွန်နေလေသည်။ သူက မြေပြင်ပေါ်ရှိ ဧကရာဇ်စိမ်း ကျောက်စိမ်း အစအနများကို လက်ညှိုးညွှန်ကာ ပြောလိုက်လေ၏။
“ကျားလေး... မြန်မြန်...၊ ဒီနေရာကို သေချာ စောင့်ကြည့်ထားပေးဦး...။ ငါ အခုပဲ ရဲတိုင်လိုက်မယ်...”
ချီရှောင်ရွှယ်သည် သွားကြိတ်ကာ ရွှီပေါ်အန်း ဖုန်းထုတ်၍ နံပါတ်နှိပ်တော့မည်ကို ကြည့်ရင်း အလျင် အမြန် တောင်းဆိုလိုက်လေသည်။
“ရွှီပေါ်အန်း... နောင်တစ်ချိန် ပြန်ဆုံကြဦးမှာမို့လို့ ရှင့်အတွက် လမ်းစလေးတော့ ချန်ထားသင့်တယ်လို့ ကျွန်မ အကြံပေးချင်တယ်...။”
ရွှီပေါ်အန်းက ရယ်မောကာ...၊
“နောင်တစ်ချိန် ဟုတ်လား...၊ ဟားဟား... ချီကြီး...၊ ငါ မင်းကို စိတ်မဝင်စားတော့ဘူး...၊ ငါတို့ကြားမှာ ဘာနောင်တစ်ချိန်မှ မရှိတော့ဘူး...။”
ချီရှောင်ရွှယ်က မလျှော့သော ဇွဲဖြင့် ပြန်လည် တုံ့ပြန်လေသည်။
“ငွေရှိလာရင် အမျိုးသားတွေက ဖောက်ပြန်ကုန်ကြတာပဲ...။ ရွှီပေါ်အန်း... ရှင် အရင်က ဒီလိုမျိုး မဟုတ် ပါဘူး....”
“ကဲပါ...၊ ချန်တက်ဝေက မင်းကို မြူဆွယ်နေတုန်းကတော့ မင်း မပျော်တာမျိုး ငါ မတွေ့ခဲ့ရပါဘူး...။ အချင်းချင်း စကားတွေ အများကြီး ပြောနေလို့လည်း အကျိုးမရှိတော့ဘူး...။ ငါ မင်းကို အကြံပေးချင် တာကတော့ စကားတွေ အများကြီး ပြောပြီး အချိန်ဖြုန်းမနေနဲ့တော့...။ ချန်တက်ဝေကို အမြန်ဖုန်း ဆက်ပြီး မင်းကို အာမခံပေးဖို့ ပြင်ဆင်ခိုင်းထားလိုက်ဦး...၊ မဟုတ်ရင် နောက်ကျရင် ဖုန်းသုံးဖို့ အဆင် မပြေ ဖြစ်သွားလိမ့်မယ်...။”
ပြောရင်းဆိုရင်းပင် ရွှီပေါ်အန်းသည် နံပါတ်နှိပ်ခြင်းကို အဆုံးသတ်လိုက်လေသည်။ ချီရှောင်ရွှယ် တစ်စုံ တစ်ရာ ထပ်မပြောနိုင်မီမှာပင် ရွှီပေါ်အန်းက ဖုန်းခေါ်လိုက်ပြီ ဖြစ်၏။
“ဟဲလို...၊ ဒါက...။”
ရွှီပေါ်အန်းသည် ဖြစ်စဉ်ကို အကျဉ်းချုပ်ကာ ရှင်းပြလိုက်လေသည်။ တစ်စုံတစ်ယောက်က သူ၏ အဖိုးတန် ပစ္စည်းကို ဖျက်ဆီးလိုက်သဖြင့် ထိုသူကို တာဝန်ယူခိုင်းလိုခြင်းသာ ဖြစ်၏။
တည်နေရာအရ ကြည့်လျှင် တုန်းကျန်းဟိုတယ်မှာ ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်ထက် အဘယ်သို့မျှ နိမ့်ကျခြင်း မရှိချေ။ တုန်းကျန်းဟိုတယ်မှာ မူလကတည်းက ဧည့်ဂေဟာတစ်ခု ဖြစ်ခဲ့ခြင်းကြောင့် မြို့လယ်ခေါင်နှင့် မလှမ်းမကမ်းတွင် တည်ရှိလေသည်။ ထို့ကြောင့် ဤနေရာနှင့် မလှမ်းမကမ်းတွင် ရဲစခန်းတစ်ခု ရှိနေလေ၏။
ရဲအရာရှိများမှာ အလျင်အမြန်ပင် ရောက်ရှိလာကြလေသည်။ ဥက္ကဋ္ဌကျောက်နှင့် အခြားသော ကျွမ်းကျင်သူအချို့၏ သက်သေထွက်ဆိုချက်များ၊ ဟိုတယ်၏ လုံခြုံရေး ဗီဒီယို မှတ်တမ်းများအရ ချီရှောင်ရွှယ်မှာ မည်သို့မျှ မငြင်းဆန်နိုင်ဘဲ ဆွံ့အသွားခဲ့ရလေတော့သည်။
ရလဒ်အနေဖြင့် ချီရှောင်ရွှယ်ကို ချက်ချင်းပင် ထိန်းသိမ်းလိုက်ပြီး စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ ခေါ်ဆောင်သွားကြလေသည်။
ပတ်သက်ဆက်နွှယ်သူ တစ်ဦးအနေဖြင့် ရွှီပေါ်အန်းသည်လည်း လိုက်ပါသွားရန် လိုအပ်ပေသည်။ မြေပြင်ပေါ်တွင် ကျကွဲနေသော ဧကရာဇ်စိမ်း ကျောက်စိမ်းများမှာလည်း သက်သေအထောက်အထား အဖြစ် အသိမ်းခံလိုက်ရလေတော့၏။
ရွှီပေါ်အန်းက ထျန်ရှောင်ဟူ၏ ပခုံးကို ပုတ်ကာ အားနာစွာဖြင့် ပြောလိုက်လေသည်။
“ဆောရီးပဲ...၊ မင်းနဲ့အတူ ဆက်မရှိပေးနိုင်တော့ဘူး...။”
ထျန်ရှောင်ဟူက ကျေနပ်သော အမူအရာဖြင့်...၊
“ရပါတယ် အစ်ကို...။ ဒီအမျိုးသမီး ပြစ်ဒဏ်ခံရတာကို မြင်ရတာတင် ကျွန်တော် အတော်လေး ပျော်နေပါ ပြီ...။ အဲ့အမျိုးသမီးကို ဒီအတိုင်း အလွယ်တကူ လွှတ်မပေးလိုက်ပါနဲ့...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူ၏ ပခုံးကို ပုတ်ကာ...၊
“စိတ်မပူပါနဲ့...။ ပြီးတော့ မင်း ဘယ်သူနဲ့ပဲ တွေ့တွေ့၊ ဘာပဲဖြစ်ဖြစ် ထိတ်လန့်မသွားနဲ့ဦး...။ မှတ်ထား ပါ...၊ ငါတို့က ဘယ်သူ့ထက်မှ နိမ့်ကျတဲ့သူတွေ မဟုတ်ဘူး...။”
ထျန်ရှောင်ဟူက ခေါင်းညိတ်ကာ...၊
“နားလည်ပါပြီ အစ်ကို...။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ...၊ အကုန်လုံး ပြီးသွားရင် ဖုန်းဆက်လိုက်ပါဦး...။”
ရွှီပေါ်အန်းက ပြုံးလိုက်ပြီး ဘေးတွင် ရပ်နေသော ဥက္ကဋ္ဌကျောက်ဆီသို့ လျှောက်လှမ်းသွားလေသည်။
“ဥက္ကဋ္ဌကျောက်... အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် အခုနက ပြောခဲ့တဲ့ ဧကရာဇ်စိမ်း ကျောက်စိမ်းအစအန နှစ်ခုကို ငါ့သူငယ်ချင်း နှစ်ယောက်အတွက် လက်ဆောင်အဖြစ် ဘုရားရုပ်ပွားတော် ဆွဲပြား နှစ်ခု ထု လုပ်ပေးစေချင်ပါတယ်...။ လူကြီးမင်း ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြား ကျွမ်းကျင်တဲ့ ပညာရှင် တစ်ယောက်ကိုပဲ ဖြစ်ဖြစ် ညွှန်းပေးနိုင်မလားခင်ဗျာ...။”
ဘေးတွင် ရှိနေသော အိုယန်ကျားက ရယ်မောကာ...၊
“ဥက္ကဋ္ဌကျောက်က တုန်းကျန်းမှာ အတော်ဆုံး ကျောက်စိမ်းပညာရှင်ပဲလေ...။ ရှင် လူမှန်ကိုလာမေး တာပဲ...။ ဒါပေမဲ့ ဥက္ကဋ္ဌကျောက်က အလွယ်တကူ လက်ရာထုတ်ပြလေ့ မရှိဘူးနော်...။”
ရွှီပေါ်အန်းက အနည်းငယ် ပြုံးလိုက်ပြီး...၊
“ဒါဆိုရင်တော့ ဥက္ကဋ္ဌကျောက်ကိုပဲ အနှောင့်အယှက် ပေးရတော့မှာပေါ့...။ စျေးနှုန်းကတော့ ပြဿနာ မရှိပါဘူး...။”
စီးပွားရေးသမားတစ်ဦးအနေဖြင့် ရွှီပေါ်အန်းသည် အခြားသူများကို မည်သို့ ရိုးရှင်းစွာ ဆွဲဆောင်ရမည် ကို အားလုံးထက် ပို၍ ကောင်းကောင်း သိရှိထားလေသည်။
ရွှီပေါ်အန်း၏ စကားများကို ကြားရသောအခါ ချီရှောင်ရွှယ်မှာ သူမ၏ သွားများကို အမှုန့်ဖြစ်အောင်ပင် ကြိတ်ချင်သွားတော့သည်။
*ဘုရားရေ...၊ ဒီလောက် နှစ်ပေါင်းများစွာအတွင်းမှာ မင်းနဲ့အတူ ဒုက္ခခံခဲ့တဲ့ ငါကပဲ မင်းရဲ့ ဘေးမှာ ရှိခဲ့ တာလေ...။ အခု မင်းက မထင်မှတ်ဘဲ ချမ်းသာလာတော့ တခြား မိန်းမတွေနဲ့ မင်းရဲ့ တပည့်တွေ အတွက် ငွေတွေကို အလကား သုံးပစ်နေပြီး ငါ့ကိုကျတော့ ဘာမှ မဟုတ်တဲ့လူလို ဆက်ဆံနေတယ် ပေါ့... ဟုတ်လား...။*
“အစ်ကို... ဒါမျိုး လုပ်ဖို့ မလိုပါဘူး...၊ ဒါက တကယ့်ကို နှမြောစရာ ကောင်းလွန်းပါတယ်...။”
ထျန်ရှောင်ဟူက ယဉ်ကျေးစွာ ငြင်းဆိုရန် ပြင်နေစဉ်မှာပင် ရွှီပေါ်အန်း၏ မျက်မှောင်များ ထပ်မံ ကြုတ် သွားရပြန်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသက်တောင့်သက်သာရှိသော ခံစားချက်မှာ ထပ်မံ၍ ပြန်လည် ရောက်ရှိလာခြင်းကြောင့်ပင်။
မကြာမီမှာပင် ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအားများ ထပ်မံ တိုးပွားလာသည်ကို ခံစား လိုက်ရပြန်လေသည်။
*ဘုရားရေ...၊ ဒါက တကယ့်ကို ထူးဆန်းလွန်းလှချည်လား...။ အဘယ်ကြောင့် အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်ခု ထပ်မံ ပေါ်ပေါက်လာရတာလဲ...။ ဒီအရာများကို ဒီနေ့ လက်ကားစျေးနဲ့ ရောင်းချနေ တာများလား...။*
ဆက်တိုက်ဆိုသလို ပုံမှန်ထက် ပိုမိုများပြားသော အမွှေးတိုင် ပူဇော်မှု စွမ်းအားများ ရရှိခြင်းက ရွှီပေါ်အန်း၏ စပ်စုလိုစိတ်ကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့လေတော့သည်။
အခန်း (၈၈)
အမွှေးတိုင်ပူဇော်မှု စွမ်းအား နှစ်ခု ထပ်မံရရှိခြင်း
အချိန်တိုအတွင်း၌ အမွှေးတိုင်ပူဇော်မှု စွမ်းအား နှစ်ခု ထပ်မံတိုးပွားလာခဲ့လေရာ ရွှီပေါ်အန်းမှာ အမှန် တကယ်ပင် ဝမ်းမြောက်နေမိတော့၏။ တစ်ချိန်တည်းမှာပင် သူ၏ တည်ငြိမ်နေသော စိတ်အခြေအနေ မှာလည်း ကြောင်လေးတစ်ကောင် ကုတ်ခြစ်နေသည့်အလား ပြင်းပြသော စပ်စုလိုစိတ်များ ဖြစ်ပေါ် လာခဲ့ရလေသည်။
သူသည် ဘွန်ဆိုင်းကမ္ဘာလေးအတွင်း၌ အဘယ်အရာများ ဖြစ်ပျက်နေသည်ကို အမှန်တကယ်ပင် သိရှိ လိုနေမိ၏။ ဤအခြေအနေမှာ အမွှေးတိုင်ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများကို ရေပူစမ်း မှ ရေများ ပန်းထွက်လာသကဲ့သို့ အဆမတန် တိုးပွားလာစေခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ဤအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပြီး နောက်ထပ် ရာဂဏန်းခန့်အထိ တိုးပွားလာမည်ဆို ပါက သူသည် ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ သူ၏ အမြင်အာရုံ အတိုင်းအတာကို ပိုမိုကျယ်ပြန့်အောင် ပြုလုပ်နိုင်ပေလိမ့်မည်။
ရွှီပေါ်အန်းအနေဖြင့် လက်ရှိတွင် ဘွန်ဆိုင်းအတွင်းရှိ အပြောင်းအလဲများကို အသေးစိတ် မကြည့်ရှု နိုင်သေးသော်ငြားလည်း အတွင်း၌ လှုပ်ရှားမှုအချို့ ရှိနေသည်ကိုမူ ခံစားသိရှိနေရ၏။ ထိုကာလ၌ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းတွင် လူအချို့ ရှိနေခဲ့လေပြီ။
ရွှီပေါ်အန်းသည် သူ၏ သိစိတ်ပင်လယ်ကို နတ်ကွန်းရှိရာသို့ အာရုံပြုလိုက်ရာ ရှန်းယန်ခရိုင်မှ တပ်မှူး ဝမ်ချောင်းသည် နတ်ကွန်းခန်းမဆောင်အတွင်း၌ ဒူးထောက်နေသည်ကို တွေ့လိုက်ရလေသည်။
“ရှန်းယန်ခရိုင် တပ်မှူးချုပ် ဝမ်ချောင်းက တောင်စောင့်နတ်မင်းကြီးထံမှ ကောင်းချီးမင်္ဂလာများ ချီးမြှင့် ပေးပါရန် ဦးတိုက့်ပူဇော်ပါသည်...။”
ထို့နောက်တွင်မူ ဦးခေါင်းနှင့် ကြမ်းပြင် ရိုက်ခတ်သံ သုံးကြိမ် ထွက်ပေါ်လာလေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ရွှီပေါ်အန်းမှာ ဝေခွဲမရ ဖြစ်သွားခဲ့ရလေ၏။ သူသည် ဘာအကြောင်း အရာမှန်း မသိရဘဲ မည်ကဲ့သို့ “ကောင်းချီးမင်္ဂလာ တောင်းခံခြင်း” အဆင့်သို့ ရောက်ရှိသွားသည်ကို နားမလည်နိုင်အောင် ဖြစ်နေရလေသည်။ ဆုတောင်းသည့် အကြောင်းအရာကိုပင် မကြားရသေးသည် မဟုတ်ပါလား။
သို့ဆိုလျှင် ဤလူ တောင်းဆိုနေသည့် အရာမှာ အဘယ်နည်း။ ရွှီပေါ်အန်းသည် ဇဝေဇဝါ ဖြစ်နေမိပြီး တစ်ဖက်လူ၏ ဆုတောင်းကို မဖြည့်ဆည်းပေးနိုင်ဘဲ အမွှေးတိုင်ပူဇော်မှု စွမ်းအားများ ပြန်လည် ဆုံးရှုံး သွားမည်ကိုလည်း စိုးရိမ်နေမိ၏။
ယခင်က ဤကဲ့သို့သော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်လေသည်။
ရွှီပေါ်အန်းအနေဖြင့် ခရိုင်တပ်မှူး ဝမ်၏ အလိုဆန္ဒကို မတွေးဆနိုင်သေးမီမှာပင် ဘေးနားမှ တစ်စုံ တစ်ဦး၏ တိုက်တွန်းသံကို ကြားလိုက်ရလေသည်။
“ရွှီလူကြီးမင်း... ဒီနေရာမှာ ရှင်းလင်းစရာတွေ ပြီးပြီဆိုရင် ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါဦး...။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းလိုက်တာက ပိုကောင်းပါလိမ့်မယ်...။”
ထိုအခါမှ ရွှီပေါ်အန်း သတိပြန်ဝင်လာပြီး ရဲအရာရှိများကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်လေ၏။
“အားနာလိုက်တာ...၊ အားလုံးပဲ ပင်ပန်းသွားကြပါပြီ...။”
ရွှီပေါ်အန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်မှ ချီရှောင်ရွှယ်က ကန့်ကွက်လာလေသည်။
“ငါ့ကို သွားခွင့်ပြုပါ...၊ ငါ့သူငယ်ချင်း အခုပဲ ရောက်လာတော့မှာမို့လို့ပါ...။”
သူမ၏ စကားအဆုံးမှာပင် မလှမ်းမကမ်းရှိ ဓာတ်လှေကားတံခါး ပွင့်လာပြီး ဝတ်စုံပြည့် ဝတ်ဆင်ထား သော လူငယ်တစ်ဦး အပြေးအလွှား ရောက်ရှိလာခဲ့လေသည်။
“ခွင့်ပြုပါဦး...၊ ကျွန်တော်က ဒီအမျိုးသမီးရဲ့ မိတ်ဆွေပါ...။ ကျွန်တော့်ကို မိနစ်အနည်းငယ်လောက် အချိန်ပေးနိုင်မလားခင်ဗျ...။”
ချီရှောင်ရွှယ်သည် ထိုလူငယ်ကို မြင်သည်နှင့် မှတ်မိသွားပုံရသော်လည်း မကျေမနပ်ဖြစ်နေသော အမူ အရာဖြင့် ပြောလိုက်လေသည်။
“လျှိုလေး... ဘာလို့ မင်း တစ်ယောက်တည်း ဆင်းလာတာလဲ...။ တက်ဝေကော ဘယ်မှာလဲ...။”
“မမချီ သိတဲ့အတိုင်းပဲလေ...၊ သခင်ကြီးချန်နဲ့ တခြားလူတွေက အရေးကြီးတဲ့ ဧည့်သည်တွေကို ဧည့်ခံ နေရလို့ လုံးဝ ထွက်လာလို့ မရလို့ပါ...။ သခင်လေးချန်က ကျွန်တော့်ကို အရင်ဆုံး လိုက်သွားဖို့ လွှတ် လိုက်တာပါ....။”
ချီရှောင်ရွှယ်က မျက်စောင်းထိုးလိုက်ပြီး...၊
“ဘာ...၊ ငါက သူ့အတွက် ပစ္စည်းသွားယူပေးရင်းနဲ့ ဒီကိစ္စ ဖြစ်သွားတာလေ...။ သူက မင်းကိုပဲ လွှတ် လိုက်တယ်ဆိုတော့ ဘာသဘောလဲ...။”
လျှိုလေးက အားနာဟန်ဖြင့် ပြုံးကာ...၊
“တောင်းပန်ပါတယ် မမချီ...၊ သခင်ကြီးချန်က ရှေ့နေကို စီစဉ်ပေးထားပါတယ်...။ စိတ်မပူပါနဲ့...၊ သူ အခုပဲ ရောက်လာတော့မှာပါ...။ ကျွန်တော်တို့ အရင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေကို ပူးပေါင်းဆောင် ရွက်လိုက်ရအောင်လေ...။”
ချီရှောင်ရွှယ်သည် မကျေမနပ်ဖြင့် ခြေဆောင့်ကာ ရဲအရာရှိများနောက်သို့ လိုက်ပါသွားလေတော့သည်။ မကြာမီမှာပင် ရွှီပေါ်အန်းနှင့် အခြားသူများသည်လည်း ရဲစခန်းသို့ ရောက်ရှိသွားကြလေ၏။
ရွှီပေါ်အန်း၏ သဘောထားမှာ ရှင်းလင်းလှပေသည်။ သူသည် မူလတန်ဖိုးအတိုင်း လျော်ကြေးပေးရန် သာ တောင်းဆိုထားပြီး ခန့်မှန်းတန်ဖိုးကိုလည်း ပြင်ပအဖွဲ့အစည်း၏ သတ်မှတ်ချက်အတိုင်း လက်ခံ မည်ဟု ဆိုထားလေသည်။ ထို့ကြောင့် ရွှီပေါ်အန်းသည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် မှတ်တမ်းတင်ခြင်း ကိစ္စရပ်များကို လျင်မြန်စွာ အဆုံးသတ်နိုင်ခဲ့လေသည်။
အခြားတစ်ဖက်တွင်မူ ချီရှောင်ရွှယ်သည် ဧကရာဇ်စိမ်း ကျောက်စိမ်း၏ တန်ဖိုးသတ်မှတ်ချက်ကို လက်ခံရန် ငြင်းဆန်နေခဲ့လေသည်။ ထို့ကြောင့် ရွှီပေါ်အန်း ပြန်ထွက်လာချိန်တွင် သူမမှာ ရှေ့နေကို စောင့်ရင်း စခန်းအတွင်း၌ ကျန်ရစ်ခဲ့ရလေ၏။
ရွှီပေါ်အန်း အပြင်သို့ ရောက်ရှိလာသောအခါ ထျန်ရှောင်ထုန်မှာ အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ လိုက်ရလေသည်။ ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူထံသို့ ဖုန်းခေါ်ဆိုရင်း ထျန်ရှောင်ထုန်၏ ဖိတ်ခေါ်မှုဖြင့် ကားအတွင်းသို့ ဝင်လိုက်လေသည်။
ထျန်ရှောင်ထုန်၏ ကျွမ်းကျင်လှသော ကားတံခါး ဖွင့်ပေးပုံနှင့် အကာအကွယ်ပေးသော အမူအရာ များကို မြင်သောအခါ ရွှီပေါ်အန်းသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ဤမိန်းကလေးမှာ အမှန်တကယ်ပင် လုံ့လဝီရိယရှိပြီး သင်ယူလိုစိတ် ပြင်းပြသူဖြစ်ကာ သူမ၏ အမူအရာများမှာလည်း အဆင့်အတန်းရှိလှပေသည်။
ဖုန်းမှာ အတော်ကြာ မြည်နေပြီးမှ ထျန်ရှောင်ဟူက ဖြေကြားလိုက်လေသည်။
“အစ်ကို... တောင်းပန်ပါတယ်...၊ ကျွန်တော် ခုနက သီးသန့်ခန်းထဲက ထွက်လာလို့ပါ...။ ကိစ္စက ဘယ်လိုဖြစ်သွားပြီလဲ...။”
လင်းမြောင်မြောင်၏ ဖခင် ရောက်ရှိနေပြီဖြစ်သဖြင့် ထျန်ရှောင်ဟူအနေဖြင့် သီးသန့်ခန်းအတွင်း ဖုန်းဖြေရန် အဆင်မပြေဖြစ်နေခြင်းမှာ သိသာလှပေသည်။
ရွှီပေါ်အန်းသည် ဘေးနားရှိ တစ်ရှူးဗူးကို လက်ဖြင့် ကစားနေရင်း အေးစက်သော အပြုံးတစ်ချက် ပြုံးလိုက်ကာ ပြောလိုက်လေသည်။
“ဘာမှ မဖြစ်ပါဘူး...၊ ငါ့ဘက်မှာတော့ အဆင်ပြေပြေ ပြီးသွားပါပြီ...။ အခု သူမ ဆီကနေ လျော်ကြေး ရဖို့ပဲ စောင့်ရတော့မယ်...။ မင်းဘက်မှာကော ဘယ်လိုလဲ...။”
ထျန်ရှောင်ဟူက အားနာဟန်ဖြင့်...၊
“အစ်ကို... တစ်ခုခုတော့ မှားနေသလိုပဲ...။ မြောင်မြောင်ရဲ့ အဖေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ အမူအရာ တွေက သာမန်လူတစ်ယောက်နဲ့ လုံးဝ မတူဘူး...။”
လင်းရှန်းသည် တုန်းကျန်းမြို့၏ အထက်တန်းလွှာ အသိုင်းအဝိုင်းများကြားတွင် လူသိများသူတစ်ဦး ဖြစ်သော်လည်း ၎င်းမှာ အကျိုးစီးပွားချင်း ဆက်နွှယ်နေသူများသာ သိရှိခြင်း ဖြစ်လေသည်။ သာမန်လူ များ၏ အမြင်တွင်မူ သူ့ကို သိသူ နည်းပါးလှပေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် လူသိရှင်ကြား ပေါ်ထွက်လေ့မရှိသကဲ့သို့ ရုပ်သံများတွင်လည်း ခဏခဏ ပါဝင်လေ့မရှိသောကြောင့် ဖြစ်ရာ မည်သူမျှ မမှတ်မိခြင်းမှာ သဘာဝကျလှပေသည်။
ထျန်ရှောင်ဟူသည်လည်း ရွိုင်ရယ်ဒိုင်နက်စတီဟိုတယ်တွင် စားသောက်ချိန်၌ ဧည့်ကြိုမန်နေဂျာကိုသာ မြင်ဖူးလေ့ရှိသဖြင့် လင်းရှန်းကို မမှတ်မိခြင်းမှာ အဆန်းမဟုတ်ချေ။ ရွှီပေါ်အန်းသည် အမှန်တရားကို ချက်ချင်း ထုတ်မပြောခဲ့ပေ။
ထျန်ရှောင်ဟူနှင့် လင်းမြောင်မြောင်တို့ လက်တွဲတော့မည်ဖြစ်ရာ လင်းမြောင်မြောင်တွင်လည်း သူမ ကိုယ်ပိုင် အစီအစဉ်များ ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူသည် မလိုအပ်သော ကိစ္စရပ်များကို ဝင်ရောက် မလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေသည်။
ရွှီပေါ်အန်းသည် သူ၏ ညီအစ်ကိုတစ်ဦးအနေဖြင့် အားပေးစကားသာ ပြောလိုက်လေသည်။
“သာမန်လူ ဟုတ်လား...၊ ဟားဟား... မင်းကလည်း သာမန်လူ မဟုတ်ပါဘူးကွ...။ မင်းက သန်းပေါင်း များစွာ ရင်းနှီးမြှုပ်နှံထားတဲ့ ကျူချန်းလမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်းရဲ့ တာဝန်ခံတစ် ယောက် ဖြစ်လာတော့မှာလေ...။ နောင်တစ်ချိန်မှာ ဒုတိယ အင်ဂျင်နီယာချုပ်၊ အင်ဂျင်နီယာချုပ်၊ ဒါမှမဟုတ် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌတောင် ဖြစ်လာနိုင်သေးတာပဲ...။”
ရွှီပေါ်အန်းသည် နောက်ပြောင်သကဲ့သို့ ပြောဆိုနေသော်လည်း သူ၏ စိတ်ထဲတွင်မူ အမှန်တကယ်ပင် စဉ်းစားထားပြီး ဖြစ်၏။ ဤသည်မှာ ထျန်ရှောင်ဟူကို ကြိုတင် အရိပ်အယောင် ပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။
လက်ရှိ အခြေအနေအရ ရွှီအိုကြီး ရာထူးမှ ဆင်းသွားပြီးနောက် အင်ဂျင်နီယာချုပ် ရာထူးမှာ လစ်လပ် သွားပေလိမ့်မည်။ ရွှီပေါ်အန်းအနေဖြင့် လုပ်သက်အရ ချက်ချင်း ရာထူးတိုးရန် မလွယ်ကူသော်လည်း ကုမ္ပဏီ၏ ဒုတိယ အင်ဂျင်နီယာချုပ် ရာထူးမှာမူ လစ်လပ်နေဆဲ ဖြစ်လေသည်။
ဆိုလိုသည်မှာ ထျန်ရှောင်ဟူအနေဖြင့် လက်ရှိတွင် အရည်အချင်း မပြည့်မီသေးသော်လည်း ကျူချန်း လမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်း ပြီးဆုံးသွားပါက သူသည် ဒုတိယ အင်ဂျင်နီယာချုပ် သို့မဟုတ် ဒုတိယမန်နေဂျာ ရာထူးအထိ မုချ တိုးမြှင့်ခံရပေလိမ့်မည်။ ဤကဲ့သို့သော အဆင့်အတန်းမျိုး ဖြင့် လင်းရှန်းနှင့် စီးပွားရေးအရ ဆက်သွယ်ဆောင်ရွက်ရန်မှာမူ လုံလောက်လှပေသည်။
ထျန်ရှောင်ဟူက ခပ်ယဲ့ယဲ့ ပြုံးကာ...၊
“အင်ဂျင်နီယာာချုပ်ကြီးရွှီရယ်... အခုက ဘယ်အချိန်ရှိနေပြီလဲ...။ ကျွန်တော့်ကို အနှစ်မရှိတဲ့ ကတိတွေ ပေးမနေပါနဲ့ဦး...။ ကျွန်တော်ကတော့ ခုထိ နေရာသစ်မှာ အသားမကျသေးဘူး...၊ ပြီးတော့ ယောက္ခမ လောင်းနဲ့ တွေ့ရတာဆိုတော့ အားငယ်နေမိတာ အမှန်ပဲဗျာ...။”
ရွှီပေါ်အန်းက ရယ်မောကာ... ၊
“မကြောက်ပါနဲ့...၊ ငါ အခုပဲ မင်းကို ကူညီဖို့ လာခဲ့ပါ့မယ်...။”
တုန်းကျန်းမြို့၏ ထုံးစံအရ ဤကဲ့သို့သော အခမ်းအနားမျိုးတွင် အဝန်းအဝိုင်းအတွင်း အဆင့်အတန်း ရှိသော တတိယပုဂ္ဂိုလ်တစ်ဦးကို ဖိတ်ကြားကာ ဝိုင်းဝန်းကူညီပေးလေ့ ရှိကြပေသည်။ ထိုသူသည် အောင်သွယ်တော်၊ မိတ်ဆက်ပေးသူ သို့မဟုတ် အာမခံပေးသူအဖြစ် ဆောင်ရွက်ပေးရပြီး တစ်ဖက်လူ ကိုလည်း မိမိတို့၏ အင်အားနှင့် အခြေအနေများကို ပြသနိုင်စေရန် ကူညီပေးရလေသည်။
ထျန်ရှောင်ဟူ၏ အထက်လူကြီးတစ်ဦးအနေဖြင့် ရွှီပေါ်အန်း ဤနေရာသို့ တက်ရောက်ခြင်းမှာ အလွန် ပင် ဆီလျော်လှပေ၏။
ပထမဦးစွာ ထျန်ရှောင်ဟူ၏ မိဘများ မရှိနေချိန်တွင် ရွှီပေါ်အန်း၏ တက်ရောက်မှုမှာ အမျိုးသမီးဖြစ် သူကို အလေးထားကြောင်း ပြသရာရောက်ပေသည်။ ဒုတိယအချက်မှာ ကုမ္ပဏီ၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် ရွှီပေါ်အန်း၏ တည်ရှိမှုမှာ ထျန်ရှောင်ဟူ၏ စရိုက်လက္ခဏာကို အာမခံချက် ပေးရာလည်း ရောက်ပေသည်။
ပုံမှန် ဆက်ဆံရေးမျိုးတွင်မူ ဤကဲ့သို့သော ဖိတ်ကြားချက်ကို မည်သူမျှ လက်ခံလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန်တွင် လမ်းခွဲခဲ့ပါက ကုမ္ပဏီအထိ လာရောက် ပြဿနာရှာနိုင် သဖြင့် အရှက်ရဖွယ် ဖြစ်နိုင်သောကြောင့်ပင်။
ထိုစကားကို ကြားသောအခါ ထျန်ရှောင်ဟူမှာ သက်ပြင်းချနိုင်သွားပြီး ကျေးဇူးတင်စွာဖြင့်...၊
“ကောင်းပါပြီ အစ်ကို...၊ အစ်ကို လာမယ်ဆိုရင်တော့ ကျွန်တော် စိတ်အေးသွားပါပြီ...။ ကျွန်တော့်မှာ တကယ်ကို အတွေ့အကြုံ မရှိလို့ပါ...။”
ရွှီပေါ်အန်းက ရယ်မောရင်း ငေါ့လိုက်၏။
“သွားစမ်းပါကွာ...။ ငါ့မှာတော့ အတွေ့အကြုံ ရှိတယ်ပေါ့လေ...၊ ဒါပေမဲ့ ငါ့အတွေ့အကြုံကတော့ သိပ်ပြီး မကောင်းလှပါဘူး...။”
ရွှီပေါ်အန်း၏ အိမ်ထောင်ရေးမှာ ဟာသတစ်ခုသဖွယ် ဖြစ်ခဲ့ရသည်ကို ထျန်ရှောင်ဟူ ကောင်းကောင်း သိရှိထားသဖြင့် သူသည်လည်း အားမနာဘဲ ပြန်လည် ပြောလိုက်လေသည်။
“တောင်းပန်ပါတယ် အစ်ကို...၊ ကျွန်တော် မစဉ်းစားဘဲ ပြောမိသွားတယ်...။ အစ်ကို့ရဲ့ ဒဏ်ရာပေါ် ဆားဖြူးသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ...။”
ရွှီပေါ်အန်းက ရယ်မောကာ...၊
“ဘာမှ မဖြစ်ပါဘူး...၊ ကိစ္စသေးလေးတစ်ခုပါ...။ ဒါနဲ့... သူတို့ တခြားလူတွေကော ဖိတ်ထားသေး လား…။”
ရွှီပေါ်အန်း၏ မေးခွန်းမှာ လှည့်ကွက်တစ်ခုသာ ဖြစ်လေသည်။ သူသည် လင်းမြောင်မြောင်၏ ခေါင်းကိုင်အဖေကိုသာ အာရုံစိုက်နေခြင်း ဖြစ်၏။ မျှော်လင့်ထားသည့်အတိုင်းပင် ထျန်ရှောင်ဟူ၏ အဖြေမှာ သူ့ကို စိတ်မပျက်စေခဲ့ပေ။
“မြောင်မြောင် ပြောတာတော့ သူမရဲ့ ခေါင်းကိုင်အဖေကိုလည်း ဖိတ်ထားတယ်တဲ့...၊ ဒါပေမဲ့ သူက အရေးကြီးတဲ့ ကိစ္စလေး ရှိနေလို့ နည်းနည်းလောက် နောက်ကျမယ်လို့ ပြောတယ်...။ အခုတော့ လမ်း မှာ ရောက်နေလောက်ပြီ ထင်တယ်...။”
အားလုံး အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။ ရွှီပေါ်အန်းသည် မျက်ခုံးပင့်လိုက်လေသည်။
လင်းမြောင်မြောင်၏ ခေါင်းကိုင်ဖခင်မှာ ဥက္ကဋ္ဌ စူးထိုက်ပင် မဟုတ်ပါလား။ ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌစူးဆိုသည်မှာ သူတို့၏ အထက်လူကြီး တစ်ဦးပင် ဖြစ်လေသည်။ နောက်ပိုင်းတွင် ဆုံတွေ့ ကြမည့် မြင်ကွင်းကို တွေးတောရင်း ရွှီပေါ်အန်းသည် တစ်ဦးတည်း ပြုံးနေမိလေတော့သည်။
ထျန်ရှောင်ဟူအနေဖြင့် စူးထိုက်နှင့် တွေ့ဆုံချိန်၌ ဖြစ်ပေါ်လာမည့် အခြေအနေမှာ အလွန်ပင် စိတ်ဝင် စားစရာ ကောင်းပေလိမ့်မည်။ ရွှီပေါ်အန်းသည် ထိုမြင်ကွင်းကို တွေးကာ ရယ်မောရန် ပြင်လိုက်စဉ်မှာ ပင် ဖုန်းထဲမှ ဆူညံသံအချို့ကို ကြားလိုက်ရလေသည်။
ထို့နောက် ထျန်ရှောင်ဟူ၏ မပီမပြင် အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာ၏။
“ဥက္ကဋ္ဌစူး... ဥက္ကဋ္ဌစူး...။ မင်္ဂလာပါ ဥက္ကဋ္ဌစူး...။”
ရွှီပေါ်အန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရလေသည်။ အခြေအနေအရ ကြည့်လျှင် စူးထိုက် ရောက်ရှိ လာခဲ့ပြီ ဖြစ်ပုံရ၏။
“လျှိုလေး... ကားကို နည်းနည်း မြန်မြန်မောင်းပေးပါဦး...။ ဟုတ်တယ်...၊ ဒါပေမဲ့ ဘေးကင်းဖို့ကိုတော့ အဓိကထားနော်...။”
ရွှီပေါ်အန်းမှာ ထျန်ရှောင်ဟူကို ကူညီရန် အလောတကြီး ဖြစ်နေသော်လည်း ထျန်ရှောင်ထုန်မှာမူ ဘာပြောရမှန်း မသိအောင် ဖြစ်နေရလေသည်။ အထက်လူကြီးများကို ကျေနပ်အောင် လုပ်ရသည်မှာ အမှန်တကယ်ပင် ခက်ခဲလှပေ၏။
သူတို့သည် အမြန်နှုန်းကိုလည်း လိုချင်ကြသလို ဘေးကင်းမှုကိုလည်း တောင်းဆိုကြသည်မဟုတ်ပါ လား။ မတော်တဆမှု ဆယ်ခုတွင် ကိုးခုမှာ အရှိန်ပြင်းခြင်းကြောင့် ဖြစ်သည်ကို လူတိုင်း သိရှိထားကြ သည်ဖြစ်ရာ ဤတောင်းဆိုချက် နှစ်ခုမှာ အစကတည်းက ဆန့်ကျင်ဘက် ဖြစ်နေခြင်းပင်။
...
တုန်းကျန်းဟိုတယ်။ ထိုက်ရှန်းခန်းမ သီးသန့်ခန်း၏ အပြင်ဘက်။
ထျန်ရှောင်ဟူသည် ရွှီပေါ်အန်း အဘယ်ကြောင့် ရုတ်တရက် အသံတိတ်သွားရသနည်းဟု မေးရန် ပြင်လိုက်စဉ်မှာပင် ရှေ့မှ ခြေသံအချို့ကို ကြားလိုက်ရလေသည်။ သူသည် အလိုအလျောက်ပင် မော့ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားပြီး ပျာပျာသလဲ ဖြစ်သွားကာ လက်ထဲမှ ဖုန်းပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရလေ၏။
သူသည် ဖုန်းကို အမြန်ဖမ်းကိုင်လိုက်ပြီး အလောတကြီး ရောက်လာသော လူကို ကြည့်ကာ အားနာ ဟန်ဖြင့် ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။
“ဥက္ကဋ္ဌစူး... ဥက္ကဋ္ဌစူး...။ မင်္ဂလာပါ ဥက္ကဋ္ဌစူး...။”
သူ့ထံသို့ လျှောက်လှမ်းလာသူမှာ အခြားသူမဟုတ်ဘဲ တုန်းကျန်း ဒုတိယဆောက်လုပ်ရေး၏ မိခင် ကုမ္ပဏီဖြစ်သော တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ အကြီးအကဲအသစ် စူးထိုက်ပင် ဖြစ်လေသည်။ ထျန်ရှောင်ဟူသည် ရွှီပေါ်အန်းနှင့် စူးထိုက်တို့ကြား၌ ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ကို သိရှိထား သော်လည်း ၎င်းမှာ “စူးထိုက်က ရွှီပေါ်အန်းကို တန်ဖိုးထားပြီး ကျောထောက်နောက်ခံ ပေးထားခြင်း” ဟုသာ နားလည်ထားခြင်း ဖြစ်၏။
ရွှီပေါ်အန်း၏ ညီအစ်ကိုတစ်ဦးအနေဖြင့် စူးထိုက်မှာ သူ၏ အစ်ကိုကြီး၏ အစ်ကိုကြီးပင် ဖြစ်လေ သည်။ သူအနေဖြင့် စိတ်မလှုပ်ရှားပါဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
“ဟင်... မင်းက ဘယ်သူလဲ...။”
စူးထိုက်က ထျန်ရှောင်ဟူကို တစ်ချက်ကြည့်ကာ ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။ သူ၏ အမူအရာမှာ ခန့်ညားထည်ဝါလှသော အရှိန်အဝါမျိုး ရှိနေလေ၏။
ထျန်ရှောင်ဟူမှာ အနည်းငယ် အနေရခက်သွားရလေသည်။ သူသည် ဥက္ကဋ္ဌစူးကို သိသော်လည်း ဥက္ကဋ္ဌစူးအနေဖြင့် သူကဲ့သို့ သာမန်လူတစ်ယောက်ကို သိလိမ့်မည် မဟုတ်သည်မှာ ထင်ရှားလှပေ သည်။ ထျန်ရှောင်ဟူသည် မိမိကိုယ်ကိုယ် အားငယ်စွာဖြင့် မိတ်ဆက်လိုက်လေသည်။
“ကျွန်တော်က တုန်းကျန်း ဒုတိယဆောက်လုပ်ရေး စမ်းသပ်ခန်းရဲ့ ဒုတိယညွှန်ကြားရေးမှူး ထျန်ရှောင်ဟူ ပါ...။ လျှိုလေးလို့ပဲ ခေါ်ပါ...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူကို ကျူချန်းလမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်း၏ အင်ဂျင်နီယာ ချုပ်အဖြစ် တာဝန်ယူခိုင်းမည်ဟု ကတိပေးထားသော်ငြားလည်း တရားဝင် ခန့်အပ်စာ မထွက်သေး သဖြင့် ထျန်ရှောင်ဟူအနေဖြင့် ဥက္ကဋ္ဌစူးရှေ့တွင် စကားများကို လျှောက်ပြောရန် မဝံ့ရဲခဲ့ပေ။
ထိုစကားကို ကြားသောအခါ စူးထိုက်က နှုတ်ခမ်းကို စေ့လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ ခဲ့လေသည်။ သူက ခင်မင်ရင်းနှီးစွာဖြင့် မေးလိုက်၏။
“ဒုတိယအဆင့် အင်ဂျင်နီယာ... ထျန်ရှောင်ဟူ...၊ ငါ မင်းကို မှတ်မိသလိုပဲ...။ မင်းက ရှိဟယ်စီမံကိန်း တုန်းက ရွှီပေါ်အန်းနဲ့အတူ လက်တွဲခဲ့တဲ့ အင်ဂျင်နီယာချုပ် မဟုတ်လား...။”
စူးထိုက်သည် ရွှီပေါ်အန်း၏ လုပ်ငန်းခွင် အတွေ့အကြုံများနှင့် ပတ်သက်သော စာရွက်စာတမ်းများကို စစ်ဆေးစဉ်က ထျန်ရှောင်ဟူ ဟူသော အမည်ကို မကြာခဏ တွေ့ခဲ့ရခြင်း ဖြစ်လေသည်။ ရွှီပေါ်အန်း ရာထူးမှ ဆင်းပေးခဲ့ရပြီးနောက် ထျန်ရှောင်ဟူသည်လည်း အာဏာရှိသော နေရာမှ ဖယ်ရှားခံခဲ့ရပြီး လစာနည်းကာ ပင်ပန်းဆင်းရဲလှသော စမ်းသပ်ခန်း ဒုတိယညွှန်ကြားရေးမှူး ရာထူးသို့ ရောက်ရှိသွားခဲ့ရ ခြင်း ဖြစ်လေ၏။
ထျန်ရှောင်ဟူနှင့် ရွှီပေါ်အန်းတို့မှာ တစ်ဖက်တည်းသားများ ဖြစ်ကြောင်းကို လူတိုင်းပင် သိရှိနိုင်ပေ သည်။
ရှေ့မှ လူ၏ အမှတ်သညာကို အတည်ပြုပြီးနောက်တွင် စူးထိုက်၏ ထျန်ရှောင်ဟူအပေါ် ထားရှိသော သဘောထားမှာလည်း ချက်ချင်းပင် တိုးတက်ကောင်းမွန်သွားခဲ့လေတော့သည်။
ထျန်ရှောင်ဟူမှာ အလွန်တရာ ဝမ်းသာသွားပြီး...၊
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ...၊ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌစူး...။ ကျွန်တော့်လို သာမန်လူတစ်ယောက်ကို ဥက္ကဋ္ဌကြီးက မှတ်မိနေလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ပါဘူး...။ ကျွန်တော် တကယ်ကို ဂုဏ်ယူမိ ပါတယ်...။”
စူးထိုက်က ပြုံးရင်း အားပေးလိုက်လေ၏။
“ဟေး... လျှိုလေး...၊ အဲဒီလို မပြောပါနဲ့...။ မင်းက သာမန်လူ မဟုတ်ပါဘူး...၊ မင်းက ငါတို့ကုမ္ပဏီရဲ့ တကယ့် နည်းပညာရှင်နဲ့ အမာခံလူတစ်ယောက်ပဲလေ...။”
“မင်းတို့လို အောက်ခြေအဆင့်က အမာခံလူတွေကြောင့်သာ ငါတို့ကုမ္ပဏီဟာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပြီး ထူးခြားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိခဲ့တာ ဖြစ်တယ်...။ မင်းတို့လို ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ ကြိုးပမ်းမှုကြောင့်သာ ငါတို့ရဲ့ လုပ်ငန်းနယ်ပယ်ဟာ မှန်မှန်ကန်ကန်နဲ့ လျင်လျင်မြန်မြန် တိုးတက်လာခဲ့တာပါ...။ မင်းတို့က တကယ့် သူရဲကောင်းတွေပါပဲ...။“
ထျန်ရှောင်ဟူသည် ချက်ချင်းပင် မိမိကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်လေသည်။
“ဥက္ကဋ္ဌစူးရဲ့ အသိအမှတ်ပြုမှုနဲ့ အားပေးမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်...။ ကျွန်တော် အားငယ်နေမိပေမဲ့ ဥက္ကဋ္ဌကြီး မျှော်လင့်ထားတဲ့ အဆင့်အတန်းကို ရောက်ဖို့အတွက် ကျွန်တော့်မှာ အများကြီး ကြိုးစားရဦးမယ်လို့ ယုံကြည်ပါတယ်...။”
“ဒါပေမဲ့ ဥက္ကဋ္ဌကြီး၏ အားပေးမှုနှင့် ညွှန်ကြားချက်များကို ကျွန်တော် မုချ နှလုံးသွင်းထားပါ့မယ်...။ “အောင်မြင်မှုက ကျွန်တော့်အတွက် ဖြစ်စရာမလိုပေမဲ့ ကျွန်တော်ကတော့ အောင်မြင်မှုအတွက် မုချ ပါဝင်ဆောင်ရွက်ပါ့မယ်” ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့အတူ အုပ်စုရဲ့ ယဉ်ကျေးမှုနဲ့ ဖွံ့ဖြိုးတိုးတက် ရေး မူဝါဒတွေအတိုင်း ကျွန်တော် အလုပ်လုပ်သွားပါ့မယ်...။“
“အုပ်စုနဲ့ ကုမ္ပဏီရဲ့ ခိုင်မာတဲ့ ဦးဆောင်မှုအောက်မှာ အုပ်စုရဲ့ ထူးခြားတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ ပါဝင်ဆောင်ရွက်ပြီး လုပ်ငန်းနယ်ပယ်ရဲ့ လျင်မြန်တဲ့ တိုးတက်မှုအတွက်လည်း အားဖြည့်ပေးသွားပါ့မယ်...။“
“ကျွန်တော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေနဲ့အတူ ဖောက်သည်တွေကို ကျေနပ်စေပြီး ခေါင်းဆောင် တွေကို စိတ်အေးစေကာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုမှုကို ရယူသွားပါ့ မယ်...။“
စူးထိုက်က ပြုံးကာ ထျန်ရှောင်ဟူ၏ ပခုံးကို ပုတ်လိုက်ပြီး...၊
“ကောင်းတယ်... လူငယ်...၊ မင်းမှာ ယုံကြည်မှု အပြည့်ရှိတာပဲ...။ ငါ သဘောကျတယ်...။ ဆက်ပြီး ကြိုးစားပါ...၊ ငါ မင်းကို ယုံကြည်တယ်...။”
ထိုသို့ ပြောပြီးနောက် ထျန်ရှောင်ဟူ တစ်စုံတစ်ရာ ထပ်မပြောနိုင်မီမှာပင် စူးထိုက်သည် သူ၏ လက်ကို ပြန်ရုပ်လိုက်ပြီး နာရီကို တစ်ချက် ကြည့်ကာ ပြောလိုက်လေသည်။
“ကဲ... လျှိုလေး...၊ ငါ အရေးတကြီး သွားစရာရှိလို့...၊ မင်းနဲ့ စကားအကြာကြီး မပြောနိုင်တော့ဘူး...။”
ထျန်ရှောင်ဟူက အလျင်အမြန်ပင်...။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ ဥက္ကဋ္ဌစူး...၊ ဥက္ကဋ္ဌကြီး အလုပ်များနေတာပဲလေ...။ ဥက္ကဋ္ဌကြီးရဲ့ အချိန်တွေကို မဖြုန်းတီးပါနဲ့တော့...။”
စူးထိုက်က နှုတ်ဆက်သည့်အနေဖြင့် ထျန်ရှောင်ဟူကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် နှစ်ဦး သား ဘေးချင်းယှဉ်ကာ ဖြတ်ကျော်သွားကြလေသည်။
ထျန်ရှောင်ဟူသည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီးမှ ရုတ်တရက် မျက်လုံးများ လင်းလက်သွားခဲ့၏။ သူသည် စူးထိုက်၏ နောက်သို့ ခပ်သွက်သွက် လိုက်သွားပြီး တိုးတိုးလေး မေးလိုက်လေသည်။
“ဥက္ကဋ္ဌစူး... တစ်ခုလောက် မေးပါရစေ...၊ ဥက္ကဋ္ဌကြီးက ဘယ်သီးသန့်ခန်းမှာ ထိုင်မှာလဲဆိုတာ သိခွင့် ရှိမလားဟင်...။ ခနနေရင် အင်ဂျင်နီယာချုပ်ရွှီ ရောက်လာတဲ့အခါ ဥက္ကဋ္ဌကြီးကို ဂါရဝပြုဖို့အတွက် ကျွန်တော် ခေါ်လာပေးချင်လို့ပါ...။”
ဤမေးခွန်းမှာ အနည်းငယ် ရုတ်တရက် ဆန်သော်လည်း ၎င်းမှာ ရွှီပေါ်အန်း၏ တည်ရှိမှုကို အလေးပေး ရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် စူးထိုက်အနေဖြင့် ရွှီပေါ်အန်း ရောက်နေသည်ကို သိရှိ သွားပြီး ရွှီပေါ်အန်းက ဦးအောင် ဂါရဝမပြုခဲ့ပါက ဥက္ကဋ္ဌစူးအနေဖြင့် ရွှီပေါ်အန်းအပေါ် အမြင်မ ကြည်လင် ဖြစ်သွားမည်ကို ထျန်ရှောင်ဟူ စိုးရိမ်နေခြင်းကြောင့်ပင်။
အမှန်တော့ ၎င်းမှာ ထျန်ရှောင်ဟူ၏ ကိုယ်ပိုင် အတွေးသာ ဖြစ်လေသည်။
သူသည် ရွှီပေါ်အန်းနှင့် စူးထိုက်တို့ကြားမှ အခြားသော ပတ်သက်မှုများကို မသိရှိထားဘဲ ရွှီပေါ်အန်း၏ ခံစားချက်ကိုသာ ထည့်သွင်းစဉ်းစားနေခြင်း ဖြစ်၏။ ထို့ပြင် ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ဖက်လူ စားသောက်နေသည့် နေရာကို သိရှိထားပါက ငွေရှင်းပေးရန်အတွက်လည်း အဆင်ပြေ စေသည် မဟုတ်ပါလား။
စူးထိုက်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် ထျန်ရှောင်ဟူ ဘက်သို့ လှည့်ကာ ပြောလိုက်၏။
“အော်... ပေါ်အန်းလည်း ဒီမှာ ရှိနေတာလား...။ ဟားဟား... ဒီနေ့ကတော့ သူငယ်ချင်းတွေ၊ မိသားစု တွေနဲ့ ဆုံကြတာပဲလေ...။ ဂါရဝပြုတာကတော့ ရပါတယ်...၊ ဒါပေမဲ့ အရမ်းကြီးတော့ ပေါ်ပေါ်ထင်ထင် မလုပ်နဲ့ဦးနော်...၊ တခြားလူတွေရဲ့ အာရုံကို မလုမိဖို့ လိုတယ်...။”
ဤစကား၏ အဓိပ္ပာယ်မှာ ရွှီပေါ်အန်း ရှိနေပါက ဂါရဝပြုရန် လိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ ဒုတိယအချက်မှာ ယနေ့ သူ၏ ပွဲအတွက် ငွေရှင်းပေးမည့်သူ ရှိပြီးဖြစ်သဖြင့် သူ့တို့အနေဖြင့် အကန့် အသတ်ကို ကျော်လွန်လုပ်ဆောင်ရန် မလိုကြောင်း ပြသခြင်းပင် ဖြစ်၏။
ထျန်ရှောင်ဟူက ပြုံးလျက် ခေါင်းညိတ်ကာ...၊
“နားလည်ပါပြီ ဥက္ကဋ္ဌစူး...။ ကျွန်တော် အင်ဂျင်နီယာချုပ်ရွီကို ချက်ချင်း အစီရင်ခံလိုက်ပါ့မယ်...။”
“အင်း...”
စူးထိုက်က ခေါင်းညိတ်ပြလိုက်ပြီး မလှမ်းမကမ်းရှိ ထိုက်ရှန်းခန်းမ သီးသန့်ခန်းကို လက်ညှိုးညွှန်ကာ...၊
“ဒီမှာပဲလေ...။ အားလုံးက မိသားစုဝင်တွေလို ဖြစ်နေကြတာပဲဆိုတော့...၊ မင်းနဲ့ ပေါ်အန်းလည်း အရမ်း ကြီး စိုးရိမ်မနေကြပါနဲ့...။”
ထိုသို့ ပြောပြီးနောက် စူးထိုက်သည် ရှေ့သို့ လှမ်းဝင်သွားလေတော့သည်။
ထျန်ရှောင်ဟူသည် အလိုအလျောက် ပြုံးလျက် ခေါင်းညိတ်ပြလိုက်သော်လည်း စူးထိုက် နောက်သို့ လှည့်သွားချိန်တွင်မူ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့လေသည်။
*ဒီမှာ ဟုတ်လား...။ သူ ဆိုလိုတာက... ထိုက်ရှန်းခန်းမ...။ ဒါက ငါ မြောင်မြောင်တို့ မိသားစုကို ကျွေးမွေးဖို့ စီစဉ်ထားတဲ့ သီးသန့်ခန်းလေ...။ ဥက္ကဋ္ဌစူးထိုက်က အသက်ကြီးသွားလို့ နေရာမှားနေတာ လား...။ ဒါမှမဟုတ် တုန်းကျန်းဟိုတယ်ရဲ့ အထပ်တိုင်းမှာ ထိုက်ရှန်းခန်းမ ဆိုတာ ရှိနေပြီး သူက အထပ် မှားနေတာလား...။ ငါ သွားပြီး သတိပေးသင့်သလား...။*