← Chapters

အခန်း (၃၉၆-၃၉၇)

Vol. 37 Ch. 396-397

အခန်း (၃၉၆-၃၉၇)

Vol. 37 Ch. 396-397

အခန်း (၃၉၆) - ဗုဒ္ဓများ စုံစည်းခြင်းနှင့် ဗုဒ္ဓနိုင်ငံတော်၏ နိဂုံး

အိုးကိုးလုံးတောင်ကို ဖြတ်ကျော်သွားသည့်အခါ တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော တောင်တန်းနှင့် မြစ်ချောင်းများသည် ယခုအခါ အကျည်းတန်ခြောက်သွေ့နေပြီဖြစ်သည်။

အတိတ်က သူတရားသိမြင်မှု ရရှိခဲ့သည့် မြင်ကွင်းများကိုလည်း မတွေ့မြင်နိုင်တော့ပါ။

သို့သော်လည်း ကျိယွမ်တို့ရောက်ရှိလာချိန်တွင် တိုက်ဆိုင်စွာ မိုးဖွဲလေးများ စတင်ရွာသွန်းလာခဲ့သည်။

ဤမိုးကတော့ အတိတ်ကမိုးနှင့် တစ်ထပ်တည်းတူနေညီ၏။

ထိုစဥ်က ကျိယွမ်သည် သွေးပုလဲဘဝတွင် ရှိနေခဲ့ပြီး ရွှေရောင်စာဝါငှက်မလေးက ငှက်ပျောရွက်ဖြင့် မိုးကာပေးခဲ့ဖူးသည်။

ထိုအချိန်က စာဝါငှက်လေးသည် မိုးစိုပြီး နှာချေနေသ​ဖြင့် ကျိယွမ်က အအေးဒဏ်သက်သာစေရန် မီးဖိုပေးဖို့ ဂါထာမန္တန်တစ်ခု ရွတ်ဆိုလိုက်ရာမှ ရွှေရောင်ငှက်ငယ်၏ အမြီးကို မီးစွဲသွားခဲ့သည်။

ထိုဖြစ်ရပ်က အလှအပကြိုက်သော ရွှေရောင်ငှက်လေးကို အလွန်စိတ်ဆိုးစေခဲ့၏။

ယခု မိုးပြန်ရွာလာသည့်အခါမှာတော့ သူတို့သုံးယောက်လုံး အတူတူ မိုးစိုသွားကြသည်။

နင်းထောင်သည် ကျိယွမ်နှင့် ရွှေရောင်ငှက်လေးကို ကြည့်ပြီး မျက်ဝန်းထဲတွင် မြတ်နိုးမှု အရိပ်အယောင်များ ယှက်သန်းလာသည်။

လက်ရှိတွင် ကျိယွမ်သည် လှည့်လည်သွားလာရင်း အလှူခံနေခဲ့ရာ နတ်ဘုရားနည်းစနစ်တစ်ရာနီးပါးကို စုဆောင်းမိနေပြီဖြစ်သည်။

နတ်ဘုရားနည်းစနစ်တစ်ခုစီသည် အမြုတေကြယ်တစ်ပွင့်နှင့် ညီမျှ၏။

ကောင်းကင်ယံမှ နေမင်းဆယ်စင်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ကျိယွမ်ရင်ဆိုင်ရမည့် ရန်သူများသည် မည်မျှအင်အားကြီးမားသည်ကို နင်းထောင် နားလည်ထားသည်။

ကျိယွမ်၏ ကြယ်တာရာအမြုတေများ များပြားလာလေလေ သူသည် ပိုမိုသန်မာလာလေလေ ဖြစ်ပါလိမ့်မည်။

ကြယ်အသစ်များကို စားသုံးနိုင်ရန် သူမ၏ စွမ်းအင်အားလုံးကို စုစည်းထားရန်လို၏။

သူမသည် ကျိယွမ်နှင့် ပျော်ရွှင်နေသော ရွှေရောင်ငှက်ငယ်ကို ကြည့်ကာ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချလိုက်သည်။

"လောကကြီး ပြောင်းလဲသွားပေမဲ့ အချိန်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားနဲ့ဆိုရင် အတိတ်ကို အမြဲတမ်း ပြန်သွားနိုင်ပါတယ်"

နင်းထောင်က သူမ၏ နုနယ်သော လက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ နတ်ဘုရားနယ်ပယ် ထွက်ပေါ်လာသည်။

ခြောက်သွေ့နေသော အိုးကိုးလုံးတောင်သည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာ၏။ ပန်းပင်များတွင် စိမ်းလန်းသော အရွက်များ ထွက်လာပြီး အနီရောင် ပန်းပွင့်များ ပွင့်လန်းလာကာ တောင်ကြားတစ်လျှောက် စမ်းချောင်းများ စီးဆင်းလာသည်။

ကျောက်ဆောင်များပေါ်တွင် ရေညှိများ ပြန်တက်လာပြီး သစ်ပင်များတွင် လည်း နွယ်ပင်များ ရစ်ပတ်လာ၏။

သူတို့ရှေ့က မြင်ကွင်းသည် အတိတ်ကအတိုင်း တူညီနေတော့သည်။

ပျောက်ဆုံးနေသည့်အရာဟူ၍ အနန္တအသွင်ကူးပြောင်းတံခါးနှင့် အင်းဆက်အချို့သာ ရှိသည်။

"အရင်ကအတိုင်းပဲ၊ သက်ရှိသတ္တဝါအချို့ပဲ မရှိတာ"

အတိတ်ကို ပြန်လည်အမှတ်ရရင်း ကျိယွမ်က မှတ်ချက်ပေးလိုက်သည်။

ထိုအချိန်တွင် ကျိယွမ်၏ ခေါင်းပေါ်သို့ ငှက်ပျောရွက်တစ်ခု မိုးပေးလိုက်ပြီး ကျူးယန်၏ မျက်နှာလေးမှာ နီမြန်းလာသည်။

"တခြား သတ္တဝါတွေ မရှိတော့ ပိုမကောင်းဘူးလား။ ငါတို့ လုပ်ချင်တာ အကုန်လုပ်လို့ရတာပေါ့..."

သူမကပြောရင်း ကျိယွမ်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး မျက်တောင်ရှည်လေးများမှာ တလှုပ်လှုပ် ဖြစ်နေ၏။

"ဒါပေမဲ့ အခုက နေ့ခင်းကြီးလေ..."

"ငါ့အိမ်ကို သွားမယ်"

ကျူးယန်သည် ကျိယွမ်ကို အင်္ကျီလက်မှဆွဲကာ သူမ၏ အိမ်ဟောင်းရှိရာသို့ ဦးတည်သွားလေသည်။

သူမ၏ သေးငယ်သော ကိုယ်လုံးလေးမှာ ပန်းနတ်သမီးလေးနှင့်ပင် တူနေ၏။

နင်းထောင်ကလည်း အနားသို့ တိုးကပ်လာပြီး ပြုံးပြလိုက်သည်။ သူမ၏ အနက်ရောင် ဝတ်စုံသည် သူမကို ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိစေသည်။

"မိုးရွာတဲ့နေ့တွေက အိပ်ဖို့ အကောင်းဆုံးလို့ ရှင်ပြောခဲ့တယ် မဟုတ်လား၊ ယောက်ျား"

ကျိယွမ်မှာ ဆွံအ သွား၏။

ကျူးယန်ကလည်း မျက်လုံးလေး ကလည်ကလည်ဖြင့် ဆုံးဖြတ်ချက်ချ၏။

"၂ ယောက် ၁ ယောက်၊ မဲအများက နိုင်တာပဲ။ နင် ငြင်းလို့မရဘူးနော်"

ကျိယွမ်က ကြောက်ရွံ့သလို အမူယာဖြင့် အင်တင်တင်လုပ်နေ၏။

"ဒါကတော့ နည်းနည်း မတရားဘူးလို့ မထင်ဘူးလား"

"မသိဘူး လိုက်ခဲ့ "

"နင်းထောင် သူ့ကိုဆွဲ.."

မိုးက ပုံမှန်လေး ဆက်တိုက် ရွာနေရာမှ သည်းထန်စွာ တဝုန်းဝုန်း သည်းသည်းမည်းမည်း ရွာသွန်းလေတော့သည်။

ဤသို့ဖြင့် အိပ်မက်ဆန်ပြီး ယစ်မူးဖွယ်ကောင်းသော နေ့လေးတစ်နေ့ဖြစ်ပေါ်လာပြန်၏။

မိုးရွာသောနေ့များသည် အိပ်စက်ရန် တကယ်ပင် အကောင်းဆုံးဖြစ်ကြောင်း ကျိယွမ်က ထပ်လောင်း အတည်ပြုလိုက်သည်။

သို့သော်...

"ယောက်ျား ရှင် အိပ်လို့မရသေးဘူးနော် .."

ကျိယွမ် ဘာတတ်နိုင်တော့မည်နည်း ။

အချိန်များ ကုန်ဆုံးသွားပြီး ကျင့်ကြံသူများအတွက် မျက်တောင်တစ်ခတ်အတွင်း သုံးလတာ ကုန်ဆုံးသွားသည်။

လျူဖုန်းနယ်မြေ၏ ဗဟိုချက်ဖြစ်ပြီး အစည်ကားဆုံးသော ကွေ့ကျိမြို့ သည် လွန်စွာ သက်ဝင်လှုပ်ရှားနေသည်။

မြို့၏ အမည်မှာ ဝူကွေ့မြို့ မှ 'ကွေ့' နှင့် ကျိယွမ်မှ 'ကျိ' ကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

သို့သော်လည်း ယနေ့ခေတ်တွင် မြို့အမည်၏ မြစ်ဖျားခံရာကို သိသူ အနည်းငယ်သာ ရှိလေသည်။

လက်ရှိတွင် ကွေ့ကျိမြို့သည် လူများဖြင့် ပြည့်နှက်နေပြီး လမ်းမများပေါ်တွင် ဗုဒ္ဓ၏ ရောင်ခြည်တော်များ လွှမ်းခြုံနေသည်။

ထိုနေရာနှင့် မရင်းနှီးသူများ ကြည့်မည်ဆိုလျှင် ကတုံးတုံးခြင်းကို ကိုးကွယ်သည့် မြို့ဟုပင်ထင်မှတ်နိုင်စရာ ရှိသည်။ လူသုံးယောက် ရှိလျှင် တစ်ယောက်က ကတုံး ဖြစ်နေ၏။

ကွေ့ကျိမြို့တွင် ကျင်းပသော ဤမဟာ ဗုဒ္ဓညီလာခံသည် လျူဖုန်းနယ်မြေတွင် နှစ်ပေါင်း တစ်သောင်းအတွင်း အကြီးမားဆုံး ပွဲဖြစ်သည်။

ထို့အပြင် ၎င်းသည် ပဥ္စမမြောက်ကောင်းကင်ဘုံရှိ ဗုဒ္ဓနိုင်ငံတော်၏ သန့်စင်သော နယ်မြေများ၏ ပဋိပက္ခနှင့် ပေါင်းစည်းနိုင်ခြေတို့နှင့် ဆက်စပ်နေသည်။ ဤညီလာခံသို့ အထက်ဘုံမှ တပည့်များသာမက ဆဋ္ဌမမြောက်ကောင်းကင်ဘုံမှ လူများကလည်း စောင့်ကြည့်နေကြသည်။

ယခုညီလာခံသည် ဗုဒ္ဓနိုင်ငံတော် သန့်စင်သောနယ်မြေများ၏ အနာဂတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။

အလင်းဗုဒ္ဓသည် ခံ့ညားစွာ ရပ်နေပြီး သူ၏ တစ်ကိုယ်လုံး ဗုဒ္ဓအလင်းများ လွှမ်းခြုံနေသည်။ သူ့ကို ကြည့်သူတိုင်းသည် ငယ်ရွယ်သောစစ်မှန်ဗုဒ္ဓ တစ်ပါး၏ ရှေ့သို့ ရောက်နေသကဲ့သို့ ခံစားရသည်။ သူ၏ ဘေးတွင် လတ်လတ်ဆတ်ဆတ် ကတုံးတုံးထားသော လင်းယာယီ ရှိနေသည်။

ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာ၏။

"အလင်းဗုဒ္ဓ ၊ နင် ဒီတစ်ခါ စုဆောင်းထားတဲ့ လူတွေက သာမန်တွေပဲ ဖြစ်ပုံရတယ်"

အဖြူရောင် ဝတ်စုံ ဝတ်ထားသော ကတုံးနှင့်မယ်သီလရှင် တစ်ပါး လျှောက်လာသည်။

သူမ၏ ဘေးတွင်လည်း တိတ်ဆိတ်နေသော ကတုံးနှင့်အဖိုးအို တစ်ဦးရှိသည်။

သူမအားမြင်လျှင် လင်းယာယီ၏ မျက်လုံးများ ပြူးသွားသော်လည်း သူက ချက်ချင်း အကြည့်လွှဲလိုက်ကာ အဖိုးအိုကို ကြည့်ပြီး ရယ်မောလေ၏။

"ဟေး ၊ အရူးတာအို ၊ မင်းက ကတုံးတုံးထားတော့ ငါ့လောက် မခန့်ညားဘူးပဲ"

တိတ်ဆိတ်နေသော အဖိုးအိုသည် အခြားသူမဟုတ်ပါ ၊ အရူးတာအို ဖြစ်သည်။

"နင်ရှာထားတဲ့ လူတွေက မကောင်းဘူးပဲ။ သူတို့မှာ ဗုဒ္ဓစရိုက်လည်း မရှိသလို ရမ္မက်ကို ရင်ဆိုင်ရဲတဲ့ သတ္တိလည်း မရှိဘူး။ ကြည့်ချင်ရင် ရဲရဲကြည့်စမ်း"

မယ်သီလရှင်က ထိုသို့ပြောကာ သူမ၏အဝတ်အစားများကို ပိုဟိုက်ပြလိုက်၏ ။

လင်းယာယီ၏ မျက်နှာ ရဲသွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

"ခရမ်းရောင်ကြာပန်းမယ်သီလ ၊ ဗုဒ္ဓစရိုက် မရှိတာ ကိစ္စမရှိဘူး ၊ သူတို့မှာ ဝင်စားခြင်းသံသရာအစွမ်းရှိရင် ရပြီ"

အလင်းဗုဒ္ဓက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

ခရမ်းရောင်ကြာပန်းမယ်သီလက ရယ်မောလေ၏။

"ပြန်လည်ဝင်စားခြင်းသံသရာ အစွမ်းက ဗုဒ္ဓရဲ့တရားတော်တွေထဲက တစ်ခုပါပဲ ၊ ဒါပေမဲ့ သူတို့ နားလည်နိုင်မလားဆိုတာတော့ ကြည့်ရဦးမယ်"

"တကယ်လို့ သူတို့ နားလည်သွားရင် ဗုဒ္ဓနိုင်ငံတော်က အဆုံးမရှိတဲ့ စစ်ပွဲတွေ ရပ်တန့်သွားနိုင်တယ် မဟုတ်လား"

အသံနှင့်အတူ တည်ကြည်သော ဗုဒ္ဓသားတော်တစ်ဦးရှေ့သို့ လှမ်းလာသည်။ သူသည်လည်း ဗုဒ္ဓနိုင်ငံတော်၏ သန့်စင်သော နယ်မြေတစ်ခုကို ကိုယ်စားပြု၏။

သန့်စင်သောနယ်မြေတစ်ခုစီတွင် အနည်းဆုံး ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်သခင် တစ်ပါးစီ ရှိကြသည်။ ဗုဒ္ဓနိုင်ငံတော်တွင် သန့်စင်သောနယ်မြေ တစ်ရာနီးပါး ရှိသဖြင့် အလွန် ရှုပ်ထွေးနေသည်။

"အရင်က မဟာနေမင်းအလင်းဗုဒ္ဓက 'မဟာနေမင်းတာထာဂတာ' တရားတော်ကို နားလည်သွားတုန်းက ဗုဒ္ဓနိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှုကိုရပြီး အားလုံးကို ပေါင်းစည်းနိုင်ခဲ့တယ် ၊ ဒါပေမဲ့ အဲဒါမျိုးဖြစ်ဖို့က ဘယ်လောက် ခက်ခဲလဲ"

နောက်ထပ် မယ်သီလရှင် တစ်ပါးက သက်ပြင်းချကာ ပြောသည်။

"ဗုဒ္ဓတိုင်းပြည်ရတနာရဲ့ အထက်မှာ ရေးထိုးထားတဲ့ မြင့်မြတ်တဲ့ အမှန်တရားတွေက နားလည်ဖို့ သိပ်ခက်တယ် ၊ တကယ်လို့ တစ်ယောက်ယောက်က နားလည်သွားရင် စစ်မှန်ဗုဒ္ဓ ဖြစ်လာနိုင်သလို မဟာမူလသဘောတရားနယ်ပယ် ကိုတောင် ရောက်သွားနိုင်တယ်"

ကောင်းကင်ဘုံကိုးထပ် ဗုဒ္ဓနိုင်ငံတော်သည် ဗုဒ္ဓတိုင်းပြည်အမွေအနှစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ၎င်းပေါ်တွင် ရေတွက်မရသော အမှန်တရားများကို ရေးထိုးထား၏။

ထိုအမှန်တရားများကို ဗုဒ္ဓတပည့်များက အဖိုးတန် ရတနာများအဖြစ် သတ်မှတ်ကြသည်။ အပိုင်းအစလေး တစ်ခုကို နားလည်လျှင်ပင် အကျိုးကျေးဇူး အလွန်များသည်။

ထိုအမှန်တရားများ၏ ထိပ်ဆုံးတွင် "သံသရာ" ၊ "သုမေရု" ၊ "ကံတရား" ၊ "ကုသိုလ်" ၊ "မဟာနေမင်းတာထာဂတာ" ၊ "အတိတ်" ၊ "ပစ္စုပ္ပန်" နှင့် "အနာဂတ်" စသည့် သဘောတရားများ ရှိသည်။

၎င်းတို့အနက် "မဟာနေမင်းတာထာဂတာ" တစ်​ခုတည်းကိုသာ ဗုဒ္ဓသားတော် တစ်ဦးက နားလည်နိုင်ခဲ့သည်။ ကျန်ရှိသော အမှန်တရားများကို သူအပါအဝင် မည်သည့် ဗုဒ္ဓကမျှ နားမလည်ခဲ့ကြပါ။

ဤမြင့်မြတ်သော အမှန်တရားများသည် အပေါ်ယံ ကြည့်လျှင် ရိုးရှင်းပုံရ၏။

ဥပမာ "ကံတရား" ဆိုလျှင် ယန်နတ်ဘုရားနယ်ပယ်တွင် ယန်နတ်ဘုရားတိုင်းသည် ကံတရားအကြောင်း အနည်းငယ်တော့ နားလည်ကြ၏။ သို့သော် မည်သည့် စစ်မှန်ဗုဒ္ဓကမှ ၎င်းကို အပြည့်အဝ နားမလည်ခဲ့ကြပါ။

အထူးသဖြင့် "အနာဂတ်" ဖြစ်သည်။

ဗုဒ္ဓနိုင်ငံတော်ရှိ ဗုဒ္ဓများအတွက် အနာဂတ် ဆိုသည်မှာ စိတ်ကူးယဉ် တစ်ခုလိုပင်။

အဘယ်ကြောင့်ဆိုသော် ယန်နတ်ဘုရားကောင်းကင်ဘုံအရှင်သခင်တိုင်းသည် ကောင်းကင်ဘုံကိုးထပ်တွင် အနာဂတ် မရှိကြောင်း သိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယန်နတ်ဘုရားများသည် အတိတ်ကို ဖြတ်တောက်ပြီး ပစ္စုပ္ပန်ကို တည်ဆောက်နိုင်သော်လည်း အနာဂတ် နတ်ဘုရားကို မဖန်တီးနိုင်ကြပါ။

ယခုအခါ ဝင်စားခြင်းသံသရာအစွမ်းရှိသူများ ပေါ်လာသဖြင့် ဗုဒ္ဓနိုင်ငံတော်ရှိ သန့်စင်သောနယ်မြေအသီးသီးသည် မြောက်ပိုင်းစုန်းဆယ့်သုံးယောက်ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။

၎င်းတို့မှတစ်ဆင့် သန့်စင်သော ဗုဒ္ဓသားတော် ဖြစ်လာရန် မျှော်လင့်နေကြသည်။

"သံသရာ အစွမ်းအကြောင်း ပြောရရင် အဲဒီ သွေးသခင်ကို ငါ ပိုစိတ်ဝင်စားတယ် ၊ သူ အဲဒီအစွမ်းကို ဘယ်လိုရခဲ့တာလဲ"

အဖြူရောင်ဝတ် ဗုဒ္ဓသားတော် တစ်ဦးက မေးလိုက်သည်။

"သွေးသခင်အတွက်ကတော့ စိတ်မကောင်းစရာပဲ"

ခရမ်းရောင်ကြာပန်းမယ်သီလက လည်း သက်ပြင်းချသည်။

"သူက ဗုဒ္ဓနဲ့ ရေစက်ရှိပြီး ဝင်စားခြင်းသံသရာအစွမ်းကို ရခဲ့တယ် ၊ ဒါပေမဲ့ သူ့ရဲ့ ရေစက်က သိပ်နက်ရှိုင်းလွန်းတော့ မဟာနေမင်းရွှေကြာပန်းကိုလည်း ရထားတယ်"

ဝင်စားခြင်းသံသရာအစွမ်းရှိခြင်းသည် ဗုဒ္ဓသားတော်အဖြစ် မွေးမြူနိုင်သော်လည်း မဟာနေမင်းရွှေကြာပန်းကို ပိုင်ဆိုင်ခြင်းမှာ တစ်မျိုး ဖြစ်သည်။

မဟာနေမင်းရွှေကြာပန်းသည် မူလက ဗုဒ္ဓနိုင်ငံတော်၏ အရာ ဖြစ်သည်။ ၎င်းမရှိဘဲ သန့်စင်သော နယ်မြေများသည် ဗုဒ္ဓနိုင်ငံတော်ကို ခက်ခဲစွာ ထိန်းချုပ်နေရသည်။ ထို့ကြောင့် မဟာနေမင်းရွှေကြာပန်းကို ပြန်ထုတ်ယူပြီး ဗုဒ္ဓနိုင်ငံတော်ကို တည်ငြိမ်အောင် လုပ်ရမည် ဖြစ်သည်။

သို့သော် ၎င်းကို ထုတ်ယူလိုက်လျှင် သွေးသခင်သည် သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတ ဖြစ်ခြင်းနှင့် ကြုံရမည် ဖြစ်သည်။ ၎င်းက ရေစက် သိပ်နက်ရှိုင်းခြင်း၏ ရလဒ်ပင်။

"နှမြောစရာပဲ ၊ ဒဏ္ဍာရီဆန်တဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဒီလို ဖြစ်ရတော့မယ်"

ဗုဒ္ဓသားတော်တစ်ဦးက ညည်းတွားလိုက်သည်။

"အောက်ဘုံကဒဏ္ဍာရီအဆင့်လေး တစ်ယောက်ပါ ၊ ပြောနေစရာ မလိုပါဘူး"

လူငယ်ကိုရင်လေး တစ်ပါးကတော့ လှောင်ပြောင်၏။

"တပည့်လေး..မင်း ဒေါသထွက်နေပြီ"

ဗုဒ္ဓသားတော်တစ်ဦးက သတိပေးလိုက်ရာ ကိုရင်လေးက ချက်ချင်း လက်အုပ်ချီကာ တောင်းပန်လိုက်သည်။

"စစ်မှန်ဗုဒ္ဓတွေက ပဥ္စမမြောက်ကောင်းကင်ဘုံကနေ စောင့်ကြည့်နေကြတယ် ၊ မဟာ ဗုဒ္ဓညီလာခံ စတော့မယ် ၊ နေရာယူကြရအောင်"

အလင်းဗုဒ္ဓက အားလုံးကိုသတိပေး၏။

ထိုအချိန်တွင် ကောင်းကင်မှ ကျယ်လောင်သော ဗုဒ္ဓဂါထာသံများ ထွက်ပေါ်လာသည်။ ကွေ့ကျိမြို့အတွင်းတွင် ရွတ်ဖတ်သံများနှင့် ဗုဒ္ဓအလင်းတန်းများ ပင်လယ်ကဲ့သို့ လွှမ်းသွား၏။

ကျင့်ကြံသူ အားလုံး ဒူးထောက် ကိုးကွယ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

"မဟာဗုဒ္ဓညီလာခံကြီး... စတင်ပြီ"

သာမန်လူများအတွက် ဤပတ်ဝန်းကျင်သည် ရောဂါဘယ ကင်းဝေးစေနိုင်သည်။

ထိုခဏတွင် ကောင်းကင်ယံ၌ ပုံရိပ်များ ပေါ်လာ၏။

ကွေ့ကျိမြို့၏ ကောင်းကင်ယံတွင် ဗုဒ္ဓကိုးဆယ့်ခုနစ်ပါး ရှိနေသည်။ ဤဗုဒ္ဓများသည် ဒဏ္ဍာရီအဆင့် များဖြစ်ကြပြီး ဗုဒ္ဓနိုင်ငံတော်ရှိ သန့်စင်သော နယ်မြေတစ်ခုစီကို ကိုယ်စားပြုကြသည်။

"ဗုဒ္ဓလောင်းလျာများကို ဂါရဝပြုပါတယ်"

မျက်ခုံးဖြူဗုဒ္ဓလောင်းလျာက ကရုဏာပြည့်ဝသော အသံဖြင့် တိုက်တွန်းလိုက်သည်။

"ဂါရဝပြုတာ ပြီးပြီ ၊ ဗုဒ္ဓမျှော်စင်ထဲ ဝင်ကြ ၊ မြင့်မြတ်တဲ့ အမှန်တရားတွေကို ကြည့်ပြီး တရားဓမ္မကို ဆွေးနွေးကြ"

အလင်းဗုဒ္ဓသည် ကောင်းကင်သို့ ပျံတက်သွားသည်။ လင်းယာယီက စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ရှာကြည့်သော်လည်း ရင်းနှီးသော ပုံရိပ်ကို မတွေ့ရပါ။

မြောက်ပိုင်းစုန်းဆယ့်သုံးယောက်မှ ကျန်ရှိသူများသည်လည်း ထိုနည်းအတိုင်း သွေးသခင်ကို ရှာနေကြသော်လည်း မတွေ့ရပေ။

တစ်ချိန်တည်းမှာပင် မြို့၏ ထောင့်တစ်ခု၌ ချန်းဟွမ်သည်လည်း လူတစ်ယောက်ကို ရှာနေသည်။

ကွန်းရှတာအိုက မျက်မှောင်ကြုတ်ကာ အထက်ရှိ ဗုဒ္ဓလောင်းလျာများကို ကြောက်ရွံ့စွာ ကြည့်နေသည်။သို့သော် သူသည် သွေးသခင် ပေါ်လာသည်နှင့် ထိန်းချုပ်ရန် အဆိပ်ပိုးကောင်ကို အသင့်ပြင်ထားရန်လည်း မမေ့ပါ။

အထက်ရှိ ဗုဒ္ဓလောင်းလျာများသည်လည်း သွေးသခင်ကို ရှာဖွေနေကြသည်။ သူသည် မဟာ ဗုဒ္ဓညီလာခံသို့ လာမည်ဟု ပြောခဲ့သော်လည်း ယခုထိ ပေါ်မလာသေးပါ။

ထိုအချိန်တွင် ချန်းဟွမ်၏ ပုခုံးပေါ်သို့ လက်တစ်ဖက် ရောက်လာသည်။

"မဆိုးဘူး ၊ နှစ်အနည်းငယ်အတွင်းမှာပဲ မင်း ယင်နတ်ဘုရား ဖြစ်နေပြီလား"

သွေးနီရောင်ဝတ်စုံ ဝတ်ထားသော ကျိယွမ် ပေါ်လာသည်။

နင်းထောင်နှင့် ကျူးယန်တို့နှင့် တစ်ညတာ ကုန်ဆုံးပြီးနောက် ကျိယွမ်သည် တစ်ယောက်တည်း လာခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုကြီး"

ရင်းနှီးသော အသံကို ကြားရသဖြင့် ချန်းဟွမ် ချက်ချင်းလှည့်ကြည့်လိုက်မိ၏။

ထိုအသံ ၊ ထိုမျက်နှာကို သူမည်သို့မေးနိုင်မည်နည်း..

သူ၏ အရင်းနှီးဆုံးအစ်ကိုကြီး မဟုတ်ပါလား။

သို့သော် ချန်းဟွမ်က တစ်ခုခုကို သတိရသွားပြီး မျက်နှာပျက်သွားသည်။

"အစ်ကိုကြီး ၊ မြန်မြန် ထွက်သွားတော့၊ အရူးတာအိုက ကျွန်တော့်ကို လက်ညှိုးတစ်ချောင်း ထောင်ပြတယ်"

ထိုလက်ညှိုးတစ်ချောင်းမှာ သူတို့အကြား လျှို့ဝှက်ချက် ဖြစ်ပြီး "အန္တရာယ်ရှိတယ်... ပြေး" ဟု အဓိပ္ပာယ်ရလေသည်။

ချန်းဟွမ်သည် ဗုဒ္ဓနိုင်ငံတော်က သွေးသခင်ကို ရှာနေမှန်း မသိသော်လည်း အရူးတာအိုက သတိပေးလျှင် အခြေအနေ မကောင်းမှန်းတော့ သူသိသည်။

"ဘာလို့ ပြေးရမှာလဲ ၊ ငါ ဒီလူပျိုကြီးတွေဆီ အလှူခံဖို့ လာတာလေ"

ကျိယွမ်က အေးအေးဆေးဆေး ပြောလိုက်သည်။

"အစ်ကိုကြီး ၊ အရင် ထွက်သွားရအောင်ပါ"

ချန်းဟွမ်က စိုးရိမ်ကြီးစွာ တိုက်တွန်းလေသည်။

"စိတ်မပူပါနဲ့ ၊ ငါ အမြဲ အလှူခံနေကျပါ ၊ ဒီလူပျိုကြီးတွေက လူကောင်းတွေပဲ အလွန်ရက်ရောတယ်"

ကျိယွမ်က ရယ်ရယ်မောမော ပြောလိုက်သည်။ သူသည် အလှူခံခြင်းကို ပိုက်ဆံချေးခြင်းထက် ပိုကြိုက်၏။

ပိုက်ဆံချေးလျှင် ပြန်ဆပ်ဖို့ ပူရသည်။ အလှူခံခြင်းကတော့ ပူစရာမလိုသဖြင့် ပိုကောင်းသည်။

"အစ်ကိုကြီး ၊ သူတို့က အဲလောက် သဘောကောင်းလို့လား"

ချန်းဟွမ်က ကျိယွမ်အား နားမလည်သလို ကြည့်သည်။

"ဒါပေါ့ ၊ ငါ ဒီနေ့ သူတို့အတွက် လက်ဆောင်ကြီးကြီးတစ်ခုလည်း ယူလာတယ်"

ကျိယွမ်က လျှို့ဝှက်စွာ ပြောကာ ကောင်းကင်သို့ ပျံတက်သွားလေသည်။

သူ၏ လုပ်ရပ်က အားလုံး၏ အာရုံကို ဖမ်းစားသွားသည်။

ယနေ့အတွက် ဗုဒ္ဓလောင်းလျာ ကိုးဆယ့်ခုနစ်ပါးနှင့် ညီလာခံ တက်ရောက်သူများမှအပ မည်သူမျှ မပျံသန်းရပါ။

လူတိုင်း ကျိယွမ်ကို အံ့အားသင့်စွာ ကြည့်နေကြ၏။

"သွေးသခင် ၊ မင်း ရောက်လာပြီပဲ"

မျက်ခုံးဖြူဗုဒ္ဓလောင်းလျာ၏ အသံ ထွက်ပေါ်လာသည်။

မြို့ထဲရှိ ကျင့်ကြံသူများ အံ့သြသွားကြသည်။

"သူက သွေးသခင်လား"

"ဒဏ္ဍာရီထဲက လူလား"

ဝါရင့်ကျင့်ကြံသူ အချို့မှာမူ ထိုသွေးနီရောင် ပုံရိပ်ကို ကြည့်ကာ တစ်ကိုယ်လုံး တုန်ယင်နေကြပြီး သူတို့သည် ကျိယွမ်ရှေ့တွင် ဒူးထောက် ဂါရဝပြုကြသည်။

ကျိယွမ်သည် ဗုဒ္ဓလောင်းလျာ ကိုးဆယ့်ခုနစ်ပါး၏ ရှေ့တွင် ရပ်နေ၏။

"ငါ ရောက်ပြီ လူပျိုကြီးတို့ ၊ မင်းတို့ ငါ့ကို စောင့်နေမှန်း ငါသိပါတယ်"

အကြံကြီးသောကွန်းရှတာအို၏ နဖူးတွင် ချွေးများပင် စိမ့်ထွက်လာသည်။

"မင်းတို့ရဲ့ သွေးသခင်က စိတ်မနှံ့တာလား"

သူက ချန်းဟွမ်ကို နားမလည်စွာမေးလိုက်သည်။

ဗုဒ္ဓလောင်းလျာများကို လူပျိုကြီးများဟု ခေါ်ဝံ့သူမှာ သူတစ်ယောက်သာ ရှိပေလိမ့်မည်။

မျက်ခုံးဖြူဗုဒ္ဓလောင်းလျာကတော့ တည်ငြိမ်စွာပင် ရှိနေ၏။

"မင်း လာပြီဆိုရင် မဟာနေမင်းရွှေကြာပန်းကို အပ်လိုက်ပါ"

"အဟမ်း..."

ကျိယွမ်က ချောင်းဟန့်လိုက်သည်။

"ငါ မင်းတို့ရဲ့ ရွှေကြာပန်းကို မျိုချမိခဲ့လို့ မင်းတို့ကို ကြွေးတင်နေတယ်ဆိုတာ သိပါတယ် ၊ ငါက ကျေးဇူးသိတတ်တဲ့သူပါ ၊ ငါ လျော်ကြေးပေးမယ် ၊ ဘယ်လိုလဲ"

"လျော်ကြေးက ဘာမို့လို့လဲ ၊ကြာပန်းရတနာကို ဘာထင်နေတာလဲ"

ဗုဒ္ဓလောင်းလျာ တစ်ပါးက ဝင်မေး၏။

"မင်းတို့ ဗုဒ္ဓနိုင်ငံတော်က အမြဲ စစ်ဖြစ်နေတာ ဗုဒ္ဓသခင် မရှိလို့ မဟုတ်လား ၊ ငါ့မှာ အဲဒီပြဿနာအတွက် အဖြေရှိတယ် ၊ ငါက မင်းတို့ကို ဗုဒ္ဓသခင် တစ်ပါး ပေးမယ်"

ထိုစကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဤသွေးသခင်သည် တကယ့်ကို အတင့်ရဲလှ၏။

"ဘာလို့ ဘာမှ မပြောတာလဲ ၊ ငါက ရိုးရိုးသားသား ပြောတာပါ ၊ တစ်ပါးတည်း မလောက်ရင် နှစ်ပါး ၊ သုံးပါး ၊ လေးပါး .ပေးမယ်" ၊

"ငါ ညွှန်းတဲ့သူတွေက တကယ့်ကို အရည်အချင်းရှိတဲ့သူတွေပါ"

"လျှောက်မပြောနဲ့"

"ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတာလဲ"

ဗုဒ္ဓလောင်းလျာများက ဒေါသတကြီး တားမြစ်လိုက်ကြသည်။

ချက်ချင်းပင် စိတ်မြန်သောဗုဒ္ဓလောင်းလျာတစ်ပါးက လက်ဝါးရိုက်ချက်ဖြင့် ကျိယွမ်ကို ဖမ်းရန် ကြိုးစား၏။

ချန်းဟွမ်၏ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် မထင်မှတ်ထားသည့် အရာ ဖြစ်ပျက်လာသည်။

"ဟေး ၊ လေးလေးစားစား လုပ်ပါ ၊ ငါက မင်းတို့ရဲ့ အနာဂတ် ခေါင်းဆောင်ရဲ့ ခေါင်းဆောင်နော်"

"မင်းတို့ရဲ့ ဘိုးဘေးခေါင်းဆောင်ကြီးပေါ့.."

ကျိယွမ်၏ အေးဆေးသောအသံ ထွက်ပေါ်လာချိန်တွင် ထိုဗုဒ္ဓလက်ဝါးရိပ်မှာ ရေခိုးရေငွေ့တစ်ခုလို ပျောက်ကွယ်သွားလေသည်။

မြို့တစ်မြို့လုံးရှိ ဗုဒ္ဓအလင်းများ မှာလည်း ပျောက်ကွယ်သွားပြီး သွေးပင်လယ်ကြီးတစ်ခု ပေါ်လာသည်။

ကောင်းကင်သည် နီရဲသွားကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်သွား၏။

ဤအရာကား သွေးသခင်၏ အမှတ်အသားပေတည်း။

သက်ကြီးရွယ်ကြီးကျင့်ကြံသူများ အလွန်ထိန်လန့်သွားကြ၏။

သွေးသခင် ဒေါသထွက်နေပြီ။

"ခေါင်းဆောင် စကားပြောနေတုန်း ကြားဖြတ်မပြောနဲ့ ၊ ဒီလူပျိုကြီးတွေက ယဉ်ကျေးမှု မရှိလိုက်တာ"

ကျိယွမ်၏ စကားကြောင့် ဗုဒ္ဓလောင်းလျာ ကိုးဆယ့်ခုနစ်ပါး၏ မျက်နှာများ ပျက်သွားသည်။

သို့သော် သူတို့၏ ပတ်ဝန်းကျင်ရှိ အလင်းများမှာလည်း သွေးရောင် လွှမ်းသွား၏။

ကျိယွမ်သည် ကောင်းကင်ယံတွင် သွေးနီရောင် ဝတ်စုံဖြင့် ခံ့ညားစွာ ရပ်နေသည်။

"မင်း..မင်းက ဘယ်သူလဲ"

မျက်ခုံးဖြူဗုဒ္ဓလောင်းလျာက ကြောက်လန့်စွာ မေးလိုက်မိသည်။

သူသည် ကျိယွမ်၏ ဖိအားအောက်တွင် မလှုပ်နိုင်တော့ပါ။

ကျိယွမ်က ပြန်မဖြေဘဲ ကောင်းကင်သို့ ကြည့်လိုက်၏။

"ငါက စိတ်ရင်းနဲ့ လာတာပါ ၊ အခုတော့ တကယ် ဆုံးဖြတ်ပေးနိုင်တဲ့သူ ပေါ်လာဖို့ အချိန်တန်ပြီ"

သူ့စကားသည် အထက်ဘုံမှ စောင့်ကြည့်နေသော စစ်မှန်ဗုဒ္ဓများကို ပြောခြင်း ဖြစ်သည်။ ထိုအချိန်တွင် အထက်မှ ယန်နတ်ဘုရားသုံးပါး ဆင်းသက်လာကာ ဗုဒ္ဓလောင်းလျာသုံးပါး၏ ကိုယ်ထဲသို့ ဝင်ရောက်လိုက်၏။

"မင်း ဘာရည်ရွယ်ချက်နဲ့ လာတာလဲ ငါတို့ မသိဘူး"

စစ်မှန်ဗုဒ္ဓ တစ်ပါးက မေးသည်။

"ငါ ပြောပြီးပြီလေ ၊ မင်းတို့အတွက် ဗုဒ္ဓသခင်တစ်ပါးကို လက်ဆောင် လာပေးတာပါဆို"

ကျိယွမ်က ပျင်းရိစွာ​ဆို၏။

"ငါ့မှာ သူငယ်ချင်းတွေ အများကြီး ရှိတယ် ၊ သူတို့ထဲက ဘယ်သူမဆို မင်းတို့ရဲ့ ဗုဒ္ဓသခင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်"

ထို့နောက် ကျိယွမ်၏ အရှိန်အဝါ ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။

"တိုက်ပွဲဝင်ဗုဒ္ဓ ၊ ငါ့အမိန့်ကို နာခံစမ်း"

သူ၏အသံအဆုံးတွင် ကောင်းကင်ယံ၌ရွှေရောင် မျက်လုံးများ ပေါ်လာကာ ချပ်ဝတ်တန်ဆာ ဝတ်ထားသော မျောက်တစ်ကောင် ပေါ်လာသည်။

သူသည် ခံ့ညားထည်ဝါပြီး ဖိအား အလွန်ကြီးမားလှ၏။

စစ်မှန်ဗုဒ္ဓများ အံ့အားသင့်သွားကြသည်။

"ဒါက ဘယ်သူလဲ"

"ဗုဒ္ဓစွမ်းအင်တွေက အရမ်းကြီးတာပဲ"

"သူ့ကို ဘယ်သူ ရင်ဆိုင်နိုင်မှာလဲ"

သို့သော် စစ်မှန်ဗုဒ္ဓတစ်ပါးက စောဒကတတ်၏။

"သူက တိုက်ပွဲဝင်ဗုဒ္ဓ ဖြစ်နိုင်ပေမဲ့ ငါတို့ရဲ့ ဗုဒ္ဓသခင် ဖြစ်ဖို့ မလုံလောက်သေးဘူး"

"တိုက်ပွဲဝင်ဗုဒ္ဓက မရဘူးလား ၊ ဒါဆို... ငါ့နောက်က ဝူထျန်းဗုဒ္ဓသခင် ရော ဘယ်လိုလဲ"

ကျိယွမ်က အရေးမကြီးသလို ပြောလိုက်သည်။

သူ၏စကားအဆုံး ဝူထျန်းဗုဒ္ဓသခင် ပေါ်လာသည်နှင့် တစ်ပြိုင်နက်...

"မရဘူး"

"ဗုဒ္ဓနိုင်ငံတော် ပျက်စီးတော့မယ်"

"ဒါက အင်မတန် ဆိုးယုတ်တဲ့ ဗုဒ္ဓပဲ"

စစ်မှန်ဗုဒ္ဓများက ထိတ်လန့်တကြား အော်ဟစ်ကြတော့သည်။

ဗုဒ္ဓနိုင်ငံတော်အမွေအနှစ်သည်ပင် တုန်ခါသွား၏။

ကျိယွမ်က သက်ပြင်းချ၏။

"လူပျိုကြီးတွေက သူ့ကိုလည်း သဘောမကျဘူးလား ၊ ကိစ္စမရှိပါဘူး ၊ နောက်ထပ် ရှိသေးတယ်"

သူက ထပ်မံ ဆင့်ခေါ်လိုက်သည်။

ထိုအချိန်တွင် ကောင်းကင်မှ ရွှေရောင် အလင်းတန်းများ ကျဆင်းလာပြီး ဗုဒ္ဓဂါထာသံများ ကမ္ဘာတစ်ခုလုံး ပြည့်သွားသည်။

"ငါက အတိတ်က လာတယ် ၊ ရန်ထန်ဗုဒ္ဓက ငါ့အရှင်သခင်ကို ဂါရဝပြုပါတယ်"

"မလာမသွား ၊ သကျမုနိဗုဒ္ဓက အရှင်သခင်ကို ဂါရဝပြုပါတယ်"

စစ်မှန်ဗုဒ္ဓများအားလုံး တုန်လှုပ်ကုန်ကြသည်။

သူတို့ တုန်လှုပ်နေဆဲမှာပင် နောက်ထပ် ဗုဒ္ဓတစ်ပါး ပေါ်လာပြန်သည်။

"ဗုဒ္ဓတစ်သောင်းရဲ့ အရှင်သခင် ၊ နမောတာ့ရှန်ဗုဒ္ဓက အရှင်သခင်ကို ဂါရဝပြုပါတယ်"

နောက်ဆုံးတွင် ဗိုက်ရွှဲရွှဲနှင့် အမြဲပြုံးနေသော ဗုဒ္ဓတစ်ပါး ပေါ်လာ၏။

"ငါက အနာဂတ်က လာတယ် ၊ မိတြဗုဒ္ဓက အရှင်သခင်ကို ဂါရဝပြုပါတယ်"

"အနာဂတ်..."

"ဒီလောကမှာ အနာဂတ် မရှိဘူးလေ ၊ ဘယ်လိုလုပ် အနာဂတ် ဗုဒ္ဓ ရှိနိုင်မှာလဲ"

အားလုံး အံ့အားသင့်နေစဉ် ဗုဒ္ဓနိုင်ငံတော်အမွေအနှစ်ရတနာသည် ကျိယွမ်၏ လက်ထဲသို့ ကျရောက်လာ၏။

ကျိယွမ်သည် ဗုဒ္ဓနိုင်ငံတော်ရတနာကို လက်ထဲတွင် ကိုင်ထားပြီး စစ်မှန် ဗုဒ္ဓများကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

"ငါ့သူငယ်ချင်းတွေက မင်းတို့ရဲ့ ဗုဒ္ဓသခင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီရဲ့လား"

-----------------

အခန်း (၃၉၇) လက်ဆောင်များ

ကျိယွမ် ပြောလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏နောက်လိုက် ဗုဒ္ဓခြောက်ပါးသည် ကိုးဆယ့်ခုနစ်ပါးသော စစ်မှန်ဗုဒ္ဓများထံသို့ တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

သူတို့၌ အတ္တမရှိ။

ပုဂ္ဂိုလ်မရှိ။

သတ္တဝါမရှိ၊ အသက်မရှိ။

အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဗုဒ္ဓများ ဖြစ်၏။

သူတို့၏ ရုပ်အဆင်းသည် ခန့်ညားထည်ဝါပြီး ပညာသည်လည်း အတိုင်းအဆမရှိပေ။

ဗုဒ္ဓတိုင်းပြည်၏ရတနာသည် ကျိယွမ်၏လက်ထဲတွင် ကစားစရာတစ်ခုကဲ့သို့ ဖြစ်သွားပြီး ဖန်တီးရှင်လက်နက်၏ ဖိနှိပ်သော အရှိန်အဝါမျိုး မရှိတော့ပေ။

"ငါသည် တရားကို မြင်၏၊ တရားကိုမြင်သူသည်လည်း ဗုဒ္ဓကိုမြင်၏။ တပည့်တော် ထိုက်ဟန်က ဗုဒ္ဓများကို ဂါရဝပြုပါတယ်"

စစ်မှန်ဗုဒ္ဓတစ်ပါးဖြစ်သော ထိုက်ဟန်ဗုဒ္ဓက လက်အုပ်ချီ၍ ကျိယွမ်၏ဗုဒ္ဓခြောက်ပါးကို အရိုအသေပေးလိုက်သည်။

၎င်းကိုမြင်သောအခါ အခြားစစ်မှန်ဗုဒ္ဓများမှာလည်း စိတ်နှလုံး သန့်စင်သွားကြ၏။

"ဗုဒ္ဓများကို ဂါရဝပြုပါတယ်"

သူတို့အားလုံးကလည်း ရိုသေစွာ ဂါရဝပြုကြသည်။

ကိုးဆယ့်ခုနစ်ပါးသော စစ်မှန်ဗုဒ္ဓများ ဦးညွှတ်လိုက်ကြရာ သူတို့၏ အသံများသည် မိုးကြိုးသံကဲ့သို့ ကျယ်လောင်သွား၏။

ဗုဒ္ဓတစ်ပိုင်းများအားလုံးလည်း ထိုနည်းတူ လိုက်၍ ဦးညွှတ်ကြသည်။

"ဗုဒ္ဓများကို ဂါရဝပြုပါတယ်"

ထိုအသံသည် ကောင်းကင်တစ်ခုလုံးတွင် ဟိန်းထွက်သွားပြီး လျှူဖုန်းနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ရဟန်းများနှင့် ကျင့်ကြံသူများအားလုံး ထိုအသံကို ကြားရသောအခါ ဗုဒ္ဓတိုင်းပြည်၌ ဗုဒ္ဓအရှင်သခင်တစ်ပါး ပေါ်ထွန်းပြီဖြစ်ကြောင်း သိလိုက်ကြ၏။

ရေတွက်၍မရသော ရဟန်းများသည် ကွေ့ကျီမြို့ရှိရာ အရပ်သို့ လက်အုပ်ချီ၍ ဦးညွှတ်ကြသည်။

"ဗုဒ္ဓများကို ဂါရဝပြုပါတယ်"

ကိုးဆယ့်ခုနစ်ပါးသော ဗုဒ္ဓအလောင်းအလျာများက တထာဂတကို အရိုအသေပေးခြင်းသည် ဗုဒ္ဓတိုင်းပြည်၌ ဗုဒ္ဓအရှင်သခင်တစ်ပါး ရှိလာပြီဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

၎င်းကိုမြင်သောအခါ ကျိယွမ် ပြုံးလိုက်သည်။

"ငါက လူကောင်းတစ်ယောက်ပါဆို..မဟုတ်လား။ မင်းတို့က ငါ့ကို မဟာနေမင်းရွှေကြာပန်း ငှားတယ်၊ ငါက မင်းတို့ကို ဗုဒ္ဓအရှင်သခင်တစ်ပါး ပြန်ပေးတယ်"

မနီးမဝေးတွင်ရှိသော ဗုဒ္ဓတစ်ပိုင်း ကန်ထော်သည် ချွေးများပြန်နေ၏။

ဒီလူက တကယ်ကြီး လုပ်လိုက်တာပဲ။

ပြီးတော့ ဗုဒ္ဓအရှင်သခင်တစ်ပါးကို တကယ်ပဲ ခေါ်လာပေးတယ်။

"ဒါပေမဲ့ မင်းတို့ကလည်း လူကောင်းတွေပါပဲ၊ ဗုဒ္ဓတိုင်းပြည်ရတနာကို ဒီအတိုင်း ငါ့လက်ထဲ ထည့်ပေးလိုက်တာလေ"

ကျိယွမ်သည် ဗုဒ္ဓတိုင်းပြည်ရတနာကို ကိုင်ထားရင်း တည်ငြိမ်နေသည်။

ဓာတ်တော်တစ်ခုနှင့်တူသော ဗုဒ္ဓတိုင်းပြည်ရတနာထဲတွင် ရေတွက်၍မရသော ဗုဒ္ဓစာသား ကြယ်ပွင့်များဖြင့် ပြည့်နှက်နေသည်။ ကြည့်ရုံမျှဖြင့် ဗုဒ္ဓ၏ နက်ရှိုင်းသော ပညာကို ခံစားရသည်။

ဗုဒ္ဓတိုင်းပြည်အတွင်း၌မူ သုံးပါးသော ဗုဒ္ဓများ ရှိနေသောကြောင့် မြင့်မြတ်သော အမှန်တရားများသည် တောက်ပနေပြီး ဗုဒ္ဓစာသားရွတ်ဖတ်သံများသည် ကောင်းကင်တွင် ပြည့်နေသည်။

ထိုက်ဟန်ဗုဒ္ဓ၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားသည်။

အခြား စစ်မှန်ဗုဒ္ဓများမှာ စိတ်ပျက်နေကြသော်လည်း ထုတ်မပြောဝံ့ကြပေ။

ဗုဒ္ဓတိုင်းပြည်ရတနာသည် တန်ဖိုးဖြတ်၍မရသော အရာဖြစ်ပြီး ဗုဒ္ဓတိုင်းပြည် မြင့်မြတ်နယ်မြေများ၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

မည်သည့် စစ်မှန်ဗုဒ္ဓမျှ ထိုဖန်တီးရှင်လက်နက်ကို မထိန်းချုပ်နိုင်ပေ။

အကယ်၍ ထိန်းချုပ်နိုင်ပါက ဗုဒ္ဓတိုင်းပြည်သည် သူတို့လက်အောက်တွင် စည်းလုံးပြီးသား ဖြစ်နေပေလိမ့်မည်။

သို့သော် ယခုမူ ၎င်းက ကျိယွမ်၏ လက်ထဲသို့ မည်သို့ ရောက်သွားသနည်း။

"ဟားဟား၊ ငါ နောက်တာပါ။ ဒီဗုဒ္ဓတိုင်းပြည်က ငါ့အတွက် အသုံးမဝင်ပါဘူး"

ကျိယွမ်သည် ဗုဒ္ဓတိုင်းပြည်ရတနာကို ကိုင်ထားရင်း ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်၏။

မည်သို့ပင်ဖြစ်စေ ဤအရာသည် ဗုဒ္ဓတိုင်းပြည် မြင့်မြတ်နယ်မြေများ၏ တန်ဖိုးကြီးပစ္စည်းဖြစ်သည်။ အကယ်၍ ပျောက်ဆုံးသွားပါက ထိုနယ်မြေများသည် ပဉ္စမကောင်းကင်ဘုံမှ ပြုတ်ကျသွားနိုင်၏။

ပထမအချက်အနေဖြင့် ကျိယွမ်သည် မိမိကိုယ်ကိုယ် လူကောင်းဟု မှတ်ယူထားသည်။

သူသည် ငှားရုံသာ ငှားလျှင် ဘယ်တော့မှ ပြန်မပေးဘဲ မနေပေ။

ဒုတိယအချက်မှာ ချမ်းသာသောလမင်းသည် ဆင်းရဲသောသူထက် ပိုကောင်း၏။

အခြား စစ်မှန်ဗုဒ္ဓများသည် ထိုစကားကို ကြားသောအခါမှ သက်ပြင်းချနိုင်ကြပြီး ဗုဒ္ဓတိုင်းပြည်ရတနာကို စိုက်ကြည့်နေကြသည်။

ထို့နောက် ကျိယွမ် လက်ဝှေ့ယမ်းလိုက်၏။

"ဝူထျန်း၊ ဒီဗုဒ္ဓတိုင်းပြည်ရတနာကို မင်းပဲ စောင့်ရှောက်ထားလိုက်"

ဗုဒ္ဓတိုင်းပြည်ရတနာသည် ဝူထျန်းဗုဒ္ဓအရှင်သခင်၏ လက်ထဲသို့ ကျသွားသည်။

သူသည် မည်းမှောင်စွာ ပြုံးလိုက်ရာ သူ၏ ဖရိုဖရဲ ရုပ်သွင်သည် ပို၍ ကြောက်စရာကောင်းသွား၏။

ဗုဒ္ဓတိုင်းပြည်သည် လွတ်မြောက်ရန် ကြိုးစားသကဲ့သို့ တုန်ခါနေသည်။

သို့သော် ဝူထျန်း၏ လက်ထဲတွင် ဗုဒ္ဓတိုင်းပြည်သည် လုံးဝ အစွမ်းမပြနိုင်ပါ။

အခြား စစ်မှန်ဗုဒ္ဓများသည် ၎င်းကိုမြင်ပြီး စိုးရိမ်သွားကြ၏။

ထိုဖရိုဖရဲဖြစ်နေသော ဗုဒ္ဓကြီးက ဗုဒ္ဓတိုင်းပြည်ရတနာကို လက်ဖြင့် ချေဖျက်လိုက်မည်ကို သူတို့ ကြောက်နေကြသည်။

"စိတ်အေးအေးထားပါ၊ ဝူထျန်းဗုဒ္ဓအရှင်သခင်က... ငါ့သူငယ်ချင်းပါ၊ ယုံကြည်ရပါတယ်။ သူက ဗုဒ္ဓတိုင်းပြည်နဲ့ နည်းနည်း ကစားနေတာပါ"

ကျိယွမ်က သူတို့အား ပေါ့ပေါ့ပါးပါး နှစ်သိမ့်လိုက်သည်။

ထိုအချိန်တွင် ထိုက်ဟန်ဗုဒ္ဓသည် ရှေ့သို့ တက်လာပြီး ကျိယွမ်ကို ကြည်ညိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ကောင်းကင်ဘုံအရှင်သခင်ကို ဘယ်လို ခေါ်ရမလဲဆိုတာ သိပါရစေ"

စစ်မှန်ဗုဒ္ဓအားလုံးသည် ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်း သိချင်နေကြ၏။

အကယ်၍ သူသည် အောက်နယ်မြေမှ သွေးသခင်တစ်ယောက်မျှသာ ဆိုပါက ဤမျှ အစွမ်းထက်ရန် မဖြစ်နိုင်ပေ။

"ဒီလျူဖုန်းနယ်မြေမှာတော့ ငါက သွေးသခင်ပဲ။ ကန်းလန်နယ်မြေမှာတော့ ငါက သွေးဝတ်စုံဓားနတ်ဘုရားတဲ့။ ငါ့နာမည်က... ကျိယွမ် ပါ"

ကျိယွမ်၏ မျက်နှာသည် တည်ငြိမ်နေသည်။

စစ်မှန်ဗုဒ္ဓများ၏ မျက်လုံးများတွင် တစ်ခုခုကို သိသွားဟန် ပေါ်လာပြီး အတွေးပေါင်းများစွာ ဖြတ်သန်းသွားကြပြီး အချင်းချင်းကြည့်၏။

တစ်ဖက်တွင်မူ ချန်းဟွမ်၏ ဘေးတွင်ရှိသော ကွန်းရှတာအိုသည် ရင်ဘတ်ကို ကျောက်တုံးဖြင့် အထုခံလိုက်ရသလို ခံစားလိုက်ရပြီး သွေးအန်မလိုဖြစ်သွားသည်။

"ကန်းလန်နယ်မြေ... သွေးဝတ်စုံဓားနတ်ဘုရားလား"

သူ၏ မျက်လုံးများ ပြူးထွက်သွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားသည်။

ဒါ... ဒါ မဖြစ်နိုင်ဘူး...။

သူသည် ကောင်းကင်ရှိ နေဆယ်စင်းကို မော့ကြည့်ရင်း ငိုချင်စိတ်များပင် ပေါက်သွား၏။

သို့သော် ချန်းဟွမ်သည် ကွန်းရှတာအို၏စိုးရိမ်သောကကို သတိမထားမိပါ။

သူသည်လည်း ဗုဒ္ဓများအလားတူ အံ့သြနေပြီး သူ၏ အစ်ကိုကြီးကို ပို၍ ကြည်ညိုသွားသည်။

ငါ့အစ်ကိုကြီးက တကယ် တော်တာပဲ။

အမြဲတမ်း အံ့ဖွယ်တွေကို ဖန်တီးနိုင်တယ်။

ထိုအချိန်တွင် ထိုက်ဟန်ဗုဒ္ဓ၏ အကြည့်သည် တည်ငြိမ်သွားပြီး ကောင်းကင်ကို ကြည့်​ကာ စကားတစ်ခွန်း အော်ဟစ်လိုက်၏။

"တံဆိပ်ခတ်စေ"

ချက်ချင်းပင် လျူဖုန်းနယ်မြေသည် အထက်ဘုံနှင့် လုံးဝ ပြတ်တောက်သွားသည်။

သူ ဆင်းမလာခင်ကတည်းက နယ်မြေကို အထီးကျန်အောင် လုပ်ထားပြီးသားဖြစ်သော်လည်း ယခုတွင် ဒုတိယအလွှာကို ထပ်မံ ထည့်သွင်းလိုက်ခြင်းပင်။

မည်သို့ပင်ဖြစ်စေ ဗုဒ္ဓအရှင်သခင်၏ ကိစ္စသည် အလွန်အရေးကြီး၏။

အထူးသဖြင့် အနာဂတ်ဗုဒ္ဓ ဖြစ်သည်။

ဤလောကတွင် အနာဂတ်မရှိပါက အနာဂတ်ဗုဒ္ဓ မည်သို့ ရှိနိုင်မည်နည်း။

အကယ်၍ အနာဂတ်ဗုဒ္ဓ ရှိနေပါက ဗုဒ္ဓတိုင်းပြည် မြင့်မြတ်နယ်မြေများသည် တစ်နေ့တွင် အမြင့်ဆုံးသော ကောင်းကင်ဘုံသုံးခုသို့ ရောက်နိုင်သည်ဟု ဆိုလိုခြင်း မဟုတ်လား။

ဆဋ္ဌမကောင်းကင်ဘုံတွင် မဟာမူလနိယာမစစ်မှန်ဗုဒ္ဓတစ်ပါးသည် အုပ်ချုပ်သူ ဖြစ်နိုင်၏။

အမြင့်ဆုံးသော ကောင်းကင်ဘုံသုံးခုမှာမူ နားလည်နိုင်စွမ်းထက် ကျော်လွန်ပြီး လျှို့ဝှက်ချက်များနှင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ထိုက်ဟန်ဗုဒ္ဓ၏ မျက်လုံးများတွင် ကရုဏာရိပ်များ တောက်ပလာသည်။

"ဗုဒ္ဓတစ်သောင်းညီလာခံသို့ ဝင်ရောက်ပြီး ထာဝရချမ်းသာကို ရယူကြပါ"

ကျယ်လောင်သော ဗုဒ္ဓအသံသည် ပျံ့နှံ့သွားသည်။

ချက်ချင်းပင် ပုန်းကွယ်နေသော ကျင့်ကြံသူအချို့သည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

"အား"

"မလုပ်ပါနဲ့"

ကွန်းရှတာအိုပင်လျှင် ဗုဒ္ဓအသံ၏ ဖမ်းချုပ်မှုကို ခံလိုက်ရပြီး တစ်ကိုယ်လုံး လှုပ်မရ ဖြစ်သွား၏။

ထိုက်ဟန်ဗုဒ္ဓသည် နယ်မြေအတွင်းရှိ အထက်နယ်မြေမှ သူလျှိုများကို ရှင်းလင်းနေခြင်း ဖြစ်ကြောင်း ထင်ရှားသည်။

ရန်သူများကို ချမ်းသာရာသို့ ပို့လိုက်သည်။

မဟာမိတ်များကိုမူ လှုပ်မရအောင် လုပ်ထားပြီး သူတို့၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်၏။

ကွန်းရှတာအိုကိုမူ သူ မသတ်ပေ။

သို့သော် အနာဂတ်ဗုဒ္ဓနှင့် ပတ်သက်သော အချက်အလက်မှန်သမျှကို လူတိုင်း၏ မှတ်ဉာဏ်ထဲမှ ချက်ချင်း ဖျက်လိုက်ပြီး အခြားအရာများဖြင့် အစားထိုးလိုက်သည်။

"ဒီလူက ထိုက်ဟွမ်နန်းတော်က ဖြစ်ဖို့ များတယ်၊ ကန်းလန်နယ်မြေနဲ့ ပတ်သက်နိုင်တယ်"

ထိုက်ဟန်ဗုဒ္ဓသည် ကွန်းရှတာအိုကို ဖမ်းဆီးပြီး ကျိယွမ်၏ ဘေးသို့ ခေါ်လာ၏။

ကျိယွမ်၏ မျက်နှာကတော့ တည်ငြိမ်နေပြီး အံ့သြဟန်မရှိပေ။

သူ လက်ဆန့်လိုက်ရာ ကျောက်စိမ်းပြားအချို့ သူ၏ လက်ထဲသို့ ကျလာသည်။

ကွန်းရှတာအို၏ ဝိညာဉ်သည် ကွယ်ပျောက်သွားပြီး သူ၏ တစ်သက်တာ မှတ်ဉာဏ်များကို ကျိယွမ်က စုပ်ယူကြည့်လိုက်၏။

"ကောင်းကင်ဘုံအရှင်သခင်၊ ဒီအနာဂတ်ဗုဒ္ဓက ဗုဒ္ဓအဖြစ်ကို ဘယ်လို ရောက်သွားတာလဲဆိုတာ သိပါရစေ"

ထိုအခိုက် ထိုက်ဟန်ဗုဒ္ဓက ရိုသေစွာမေးလိုက်သည်။

စစ်မှန်ဗုဒ္ဓကိုးဆယ့်ခုနစ်ပါးထဲမှ ခြောက်ပါးသည် ရှေ့သို့ ထွက်လာပြီး ကျိယွမ်ကို ကြည့်ကြသည်။

ထိုက်ဟန်ဗုဒ္ဓ အပါအဝင် ဤခုနစ်ပါးသည် မူလသဘောတရားနယ်ပယ်စစ်မှန်ဗုဒ္ဓများ ဖြစ်ကြ၏။

ကျန်ရှိသော စစ်မှန်ဗုဒ္ဓများကတော့ အာရုံများကို ပိတ်ထားပြီး ပတ်ဝန်းကျင်ကို အထီးကျန်အောင် လုပ်ထားကြသည်။

မည်သည့် အချက်အလက်မျှ အပြင်သို့ မပေါက်ကြားစေရန် ဖြစ်သည်။

ထိုက်ဟန်ဗုဒ္ဓနှင့် ကောင်းကင်ဘုံအရှင်သခင်တို့၏ စကားပြောဆိုမှုသည် သူတို့၏ အဆင့်ထက် ကျော်လွန်နေ၏။

ယနေ့၏ မှတ်ဉာဏ်များသည် အလွန်အရေးကြီးပြီး သူတို့၏ မှတ်ဉာဏ်များလည်း အဖျက်ခံရပေလိမ့်မည်။

"သူက... ကျင့်ကြံရင်းနဲ့ အောင်မြင်သွားတာပါ"

သူတို့က လေးနက်စွာမေးနေသော်လည်း ကျိယွမ်က ပေါ့ပေါ့ပါးပါး​ဖြေ၏။

"အသေးစိတ်လေး ရှင်းပြပေးလို့ ရမလား"

ထိုက်ဟန်ဗုဒ္ဓက လေးနက်စွာ ဆက်မေးသည်။

"နတ်ဘုရားနယ်ပယ်မှာ အတိတ်နဲ့ ပစ္စုပ္ပန်ရှိတယ်၊ ဒါပေမဲ့ အနာဂတ်မရှိဘူး"

ထိုက်ဟန်ဗုဒ္ဓ၏ စကားသည် ကျိယွမ် အရင်က ကြားဖူးသောအရာနှင့် တူနေသည်။

ဝမ်ယုကုန်းမြေတိုက်ကြီးတွင် ရှိစဉ်က သူ၏ သမီးကျိကျန့်ကျွင်းက ယန်နတ်ဘုရားတွင် အတိတ်ဘဝခန္ဓာနှင့် ပစ္စုပ္ပန်ခန္ဓာရှိနိုင်သော်လည်း အနာဂတ်ခန္ဓာ မရှိနိုင်ကြောင်း ပြောဖူး၏။

နတ်ဘုရားနယ်မြေတွင် အနာဂတ်မရှိပေ။

ဒါသည် အထက်နယ်မြေ ကျင့်ကြံသူအားလုံး၏ အများသဘောတူ လက်ခံထားချက် ဖြစ်သည်။

ယခုတွင် အနာဂတ်ဗုဒ္ဓဆိုသူက ရုတ်တရက် ပေါ်လာခြင်းသည် ဗုဒ္ဓတိုင်းပြည်၏ စစ်မှန်ဗုဒ္ဓများကို တုန်လှုပ်စေသည်မှာ သဘာဝကျပါသည်။

အနာဂတ်သည် ဖော်ပြ၍မရသော အမြင့်ဆုံး ကောင်းကင်ဘုံသုံးခုနှင့် ဆက်စပ်နေသည်။

အကယ်၍ ဗုဒ္ဓတိုင်းပြည်၏ စစ်မှန်ဗုဒ္ဓတိုင်းသည် အနာဂတ်မိမိကိုယ်ကိုယ် ကျင့်ကြံနိုင်ပါက ရလဒ်သည် စိတ်ကူး၍ပင် မရနိုင်ပေ။

"ထပ်ရှင်းပြစရာ ဘာမှမရှိပါဘူး။ ငါ သူ့ကို အနာဂတ်ဗုဒ္ဓရှုမှတ်နည်း ပေးလိုက်တယ်၊ သူ ရှုမှတ်ပြီးတော့ ဗုဒ္ဓဖြစ်သွားတယ်။ ဒါပါပဲ"

ကျိယွမ်က ပခုံးတွန့်လိုက်သည်။

ထိုက်ဟန်ဗုဒ္ဓ၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းသွားပြီး ခဏအကြာတွင် သက်ပြင်းချ၏။

"ကောင်းကင်ဘုံ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်လို့ မရဘူးပဲ။ တပည့်တော်မှာ ဒါကို မြင်တွေ့ဖို့ ကံမပါဘူး ထင်ပါတယ်"

အခြား မူလသဘောတရားအဆင့်စစ်မှန် ဗုဒ္ဓများကလည်း လက်အုပ်ချီ ဆုတောင်းပြီး ပရိတ်တရားများကို ရွတ်ဖတ်လိုက်ကြသည်။

၄င်းသည် သူတို့၏ လက်ရှိအဆင့်ထက် ကျော်လွန်နေပြီး အနာဂတ်ကို မထိတွေ့နိုင်ကြောင်း သူတို့ ယုံကြည်သွား၏။

မဟာမူလသဘောတရား အဆင့်သို့ မရောက်ဘဲ ကြိုးစားခြင်းသည် ပညာရှိရာမရောက်ပေ။

"ဟေး၊ အခု ငါ့သူငယ်ချင်းတွေက မင်းတို့ရဲ့ ဗုဒ္ဓအရှင်သခင်တွေ ဖြစ်သွားပြီဆိုတော့ သူတို့ဆီက နတ်ဘုရားနည်းစနစ်တချို့ တောင်းမလို့။ မင်း ဘယ်လို ထင်သလဲ"

ကျိယွမ်သည် ထိုက်ဟန်ဗုဒ္ဓကို ကြည့်ပြီး ပြုံးလိုက်သည်။

ဤလူပျိုကြီး ရဟန်းများသည် အသက်ကြီးသော်လည်း ကျိယွမ်၏ "မျှော်လင့်ခြင်းလမင်း စံနှုန်းလမ်းညွှန်" အရ အလွန်သင့်တော်သော "လမင်း" အလောင်းလျာများ ဖြစ်ကြသည်။

"တကယ်လို့ ကောင်းကင်ဘုံအရှင်သခင်က နတ်ဘုရားနည်းစနစ်တွေ လိုချင်တယ်ဆိုရင် ဗုဒ္ဓတိုင်းပြည် မြင့်မြတ်နယ်မြေတွေရဲ့ အစွမ်းအားလုံးကို သုံးပြီး စုဆောင်းပေးပါ့မယ်"

ထိုက်ဟန်ဗုဒ္ဓ စကားပြောလိုက်သည်နှင့် ကျောက်စိမ်းပြားတစ်ခု ကျိယွမ်၏ လက်ထဲသို့ ကျလာသည်။

အခြားစစ်မှန်ဗုဒ္ဓများကလည်း ထိုက်ဟန်ဗုဒ္ဓထံမှ သတင်းစကား ရရှိလိုက်ပုံရပြီး သူတို့သိသော နတ်ဘုရားနည်းစနစ်များကို ကျောက်စိမ်းပြားများထဲသို့ ထည့်၍ ကျိယွမ်အား ပေးကြသည်။

ကျိယွမ်၏ မျက်နှာက အကြီးအကျယ် ပြုံးဖြီးသွား၏။

"ငါတော့ ထောပြီ"

သူသည် ရဟန်းများကို ကြည့်ရင်း သူတို့သည် ကတုံးများဖြင့် တကယ်ပင် ခန့်ညားထည်ဝါကြောင်း တွေးမိလာသည်။

မည်သို့ပင်ဖြစ်စေ ဤနတ်ဘုရားနည်းစနစ်များသည် သူရရှိခဲ့ဖူးသော အခြားလက်ဆောင်များထက် ပို၍ တန်ဖိုးရှိသည် မဟုတ်ပါလား။

၄င်းတို့သည် ဗုဒ္ဓတိုင်းပြည် မြင့်မြတ်နယ်မြေတစ်ခုလုံး၏ စုဆောင်းမှု ဖြစ်သည်။

"ဟင်း... ဒါတွေနဲ့ဆိုရင် ငါ ကြယ်အမြုတေ ဘယ်နှခုလောက် ရမလဲ"

ကျိယွမ် တွေးနေရင်း နည်းနည်းတော့ အားနာလာသည်။

သူသည် ကြယ်အမြုတေများကို ပုံဖော်သောအခါ ဤရဟန်းအချို့၏ နာမည်ကို ပေးရန်ပင် စဉ်းစားနေမိသည်။

ဤတစ်ကြိမ်တွင် သူ တကယ်ကြီး ချမ်းသာသွားပြီ ဖြစ်သည်။

ထို့ပြင် ယခုအခါ သူသည် ဗုဒ္ဓတိုင်းပြည်၏ ဧကရာဇ်ကဲ့သို့ပင် ဖြစ်နေ၏။

ကောင်းကင်ဘုံကိုးပါး၌ သူသည် ဩဇာရှိသူတစ်ဦးဟု သတ်မှတ်နိုင်သည်။

"ဒါနဲ့ ထိုက်ဟွမ်နန်းတော်က တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တာလား"

ကျိယွမ်က ရုတ်တရက် မေးလိုက်သည်။

ကွန်းရှတာအိုသည် ဒဏ္ဍာရီလာအဆင့်မျှသာ ဖြစ်သောကြောင့် ထိုက်ဟွမ်နန်းတော်မှ ဖြစ်သော်လည်း အတွင်းရေးကိစ္စများကို များများစားစား မသိပေ။ အရာတော်တော်များများက သူ၏ အလှမ်းဝေးရာတွင် ရှိနေ၏။

ထိုက်ဟန်ဗုဒ္ဓသည် ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်း တစ်ခုခုကို ရိပ်မိသည့်နှယ် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ထိုက်ဟွမ်နန်းတော်က ဆဋ္ဌမကောင်းကင်ဘုံမှာ ရှိတယ်၊ နတ်ဘုရားနယ်မြေရဲ့ ထိပ်ပိုင်းနားမှာပဲ။ ဆဋ္ဌမကောင်းကင်ဘုံမှာ မဟာနေမင်းကောင်းကင်ဘုံအရှင်သခင်က အုပ်ချုပ်သူပဲ။ သူ တစ်ယောက်တည်းနဲ့တင် ကျွန်တော်တို့ ဗုဒ္ဓတိုင်းပြည်ကို နှိမ်နင်းနိုင်ပါတယ်"

ထိုက်ဟန်ဗုဒ္ဓက ရှင်းပြသည်။

"အထက်နယ်မြေကို ကောင်းကင်ဘုံကိုးခု ခွဲထားတာမဟုတ်လား။ အဲ့ဒီ မဟာနေမင်းကောင်းကင်ဘုံအရှင်သခင်က အဲ့လောက် ဘဝင်မြင့်နေရင် အပေါ်ဆုံး ကောင်းကင်ဘုံသုံးခုက လူတွေက ဆင်းလာပြီး မရိုက်ကြဘူးလား"

ကွန်းရှတာအို၏ မှတ်ဉာဏ်ထဲတွင် အပေါ်ဆုံး ကောင်းကင်ဘုံသုံးခုအကြောင်း သတင်းအချက်အလက် များများစားစား မရှိပေ။

သို့သော် ကောင်းကင်ဘုံ မြင့်လေလေ၊ နတ်ဘုရားစွမ်းအင် ပိုများလေလေနှင့် အုပ်ချုပ်သူများ ပိုအစွမ်းထက်လေလေ ဖြစ်ကြောင်းမှာတော့ ရှင်းလင်းသည်။

"အပေါ်ဆုံး ကောင်းကင်ဘုံသုံးခုက ဖော်ပြလို့မရတဲ့ နယ်မြေပဲ။ အဲ့ဒီအကြောင်းကို ပြောလို့မရသလို လက်ဆင့်ကမ်းလို့လည်း မရဘူး၊ ကိုယ်တိုင်မြင်တွေ့မှပဲ သိနိုင်တယ်"

အပေါ်ဆုံး ကောင်းကင်ဘုံသုံးခုအကြောင်း ပြောသောအခါ စစ်မှန် ဗုဒ္ဓနစ်ပါးလုံးသည် ရိုသေလေးစားသော အမူအရာများ ဖြစ်သွားကြသည်။

"အော်"

ကျိယွမ်က ခေါင်းညိတ်၏။

"တကယ်လို့ ငါက မင်းတို့နဲ့ ဗုဒ္ဓအရှင်သခင်အဆင့် ရှိတဲ့လူတွေကို ခေါ်သွားရင် မဟာနေမင်းကောင်းကင်ဘုံအရှင်သခင်ရဲ့ ထိုက်ဟွမ်နန်းတော်ကို မြေလှန်ပစ်လို့ ရမလား"

မဟာမူလသဘောတရားနယ်ပယ်သည် တကယ်ပင် ကြောက်စရာကောင်းသည်။

ဤ ဗုဒ္ဓခုနစ်ပါးပင်လျှင် ကျိယွမ်အတွက် ကိုင်တွယ်ရ ခက်ခဲ၏။

ဖန်တီးရှင်လက်နက်ကို ပိုင်ဆိုင်ထားသော မဟာနေမင်းကောင်းကင်ဘုံအရှင်သခင်ဆိုလျှင် ပို၍ ပြောစရာမလိုတော့ပေ။

"ခက်ခဲပါလိမ့်မယ်"

ထိုက်ဟန်ဗုဒ္ဓက ခေါင်းယမ်းလိုက်သည်။

"အော်၊ ငါက အားနည်းနေသေးတာပဲ။ ဟူး..... ဒီမဟာနေမင်းကောင်းကင်ဘုံအရှင်သခင်က တကယ်ပဲ မတရားဘူး။ သူက ဆဋ္ဌမကောင်းကင်ဘုံက အကောင်ကြီးဖြစ်ပြီးတော့မှ ခရမ်းရောင်နန်းတော်အဆင့်ကို ခြေတစ်လှမ်းပဲ လှမ်းရသေးတဲ့ ငါလို လူသစ်လေးကို အနိုင်ကျင့်နေတယ်။ လူတွေကို အသက်ရှင်လမ်း မပေးဘူးပဲ"

" တကယ်လို့ လူတွေမှာ အသက်ရှင်လမ်း မရှိရင် သူ့ကို တော်လှန်ပစ်ကြမှာပဲ "

ကျိယွမ် စိတ်ဆိုးသွားသည်။

မဟာနေမင်းကောင်းကင်ဘုံအရှင်သခင်က အလွန် မတရားပေ။

ဒါပေမဲ့ နေဆယ်စင်းနဲ့ မလောက်ရင် နေတစ်ရာဆိုရင်ကော။

နေတစ်ထောင်ဆိုရင်ကော။

နေတစ်သောင်းဆိုရင်ကွာ..

အရေအတွက် များလာရင် အရည်အသွေး ပြောင်းလဲမှု ဖြစ်လာနိုင်တာပဲ။

ထိုက်ဟန်ဗုဒ္ဓသည် ကျိယွမ်ကို ကြည့်ပြီး ဘာမှမပြောဝံ့ပေ။

အရင်ကဆိုလျှင် နေဆယ်စင်းကောင်းကင်ဘုံအရှင်သခင်က မဟာနေမင်းကောင်းကင်ဘုံအရှင်သခင်ကို စိန်ခေါ်သည်မှာ စိတ်ကူးယဉ်မှုဟု သူ ထင်ပေလိမ့်မည်။

သို့သော် ယခုတွင် အနာဂတ်ဗုဒ္ဓ ရှိနေသဖြင့် အရာအားလုံး ပြောင်းလဲသွားပြီ ဖြစ်သည်။

ကျိယွမ် အနိုင်ရနိုင်ခြေမှာ သုံးပုံ ခုနစ်ပုံခန့် ရှိ၏။

အကယ်၍ သူ အနိုင်ရပါက ဗုဒ္ဓတိုင်းပြည်သည် ဆဋ္ဌမကောင်းကင်ဘုံသို့ပင် တက်လှမ်းနိုင်ပေလိမ့်မည်။

ထိုအခါ မဟာနေမင်းအလင်းဗုဒ္ဓ၏ မပြည့်ဝသေးသော ဆန္ဒသည် သူတို့မျိုးဆက်တွင် ပြည့်ဝသွားနိုင်သည်။

ဒါသည် မည်မျှကြီးမားသော အောင်မြင်မှု ဖြစ်မည်နည်း။

"ဒါနဲ့ အထက်နယ်မြေမှာ အခု ဘယ်ရက်စွဲလဲ"

ကျိယွမ်က ရုတ်တရက် မေးလိုက်သည်။

"ဖေဖော်ဝါရီလ ၂၇ ရက်ပါ"

ထိုက်ဟန်ဗုဒ္ဓက ပြန်ဖြေသည်။

"ဇူလိုင်လ ၁၇ ရက်... မကြာတော့ဘူးပဲ"

ကျိယွမ်၏ မျက်လုံးများ နက်ရှိုင်းသွားသည်။

ဇူလိုင်လ ၁၇ ရက်သည် ကျင်းလီ၏ မွေးနေ့ဖြစ်သည်။

သူ ကျင်းလီထံ ပေးပို့ထားသော စာသည် အဆင်ပြေပါက ယခုနှစ် သူမ၏ မွေးနေ့တွင် ရောက်ရှိပေလိမ့်မည်။

ထိုအချိန်တွင် သူသည် ဘေးဒုက္ခကို ကျော်လွှားပြီး အထက်နယ်မြေသို့ တက်လှမ်းနိုင်မလားဟု သူ တွေးနေမိသည်။

ဒါပေမဲ့... မကြာတော့ပေ။

"ထိုက်ဟန်ဗုဒ္ဓ၊ ငါ အကူအညီတစ်ခု တောင်းလို့ ရမလား။ စိတ်မပူပါနဲ့၊ မင်းကို အကျိုးအမြတ် ပြန်ပေးပါ့မယ်"

ကျိယွမ်က ချိုသာစွာမေးလိုက်သည်။

"ပြောပါ၊ တပည့်တော် နားထောင်နေပါတယ်"

ထိုက်ဟန်ဗုဒ္ဓက လေးနက်စွာ ပြန်ဖြေ၏။

"စိတ်မပူပါနဲ့၊ ဒါက ကိစ္စအသေးလေးပါ၊ မခက်ခဲပါဘူး..."

ကျိယွမ်က သူလုပ်စေချင်သော အလုပ်ကို ရှင်းပြလိုက်သည်။

သို့သော် ထိုက်ဟန်ဗုဒ္ဓ၏ မျက်နှာတွင် ခက်ခဲဟန် ပေါ်လာ၏။

"ကောင်းကင်ဘုံအရှင်သခင်၊ တပည့်တော် သွားလို့ မရပါဘူး"

"ဘာလို့"

ကျိယွမ် မျက်တောင်ခတ်လိုက်သည်။

"ကောင်းကင်ဘုံ တစ်ခုပဲ ခြားတာလေ၊ ဘာလို့ ဒီလောက် ကွာခြားနေရတာလဲ"

"ဖန်တီးရှင်လက်နက်ရဲ့ အလင်းအောက်မှာ တပည့်တော်လို မဟာမူလသဘောတရားနယ်ပယ်ဗုဒ္ဓတစ်ပါးတောင် ပုန်းကွယ်နေလို့ မရပါဘူး၊ သာမန်ရဟန်းတစ်ပါးဆိုရင် ပိုဆိုးတာပေါ့"

ထိုက်ဟန်ဗုဒ္ဓက အားနာစွာခေါင်းယမ်းလိုက်သည်။

ကျိယွမ်က သူ့ကို ခိုင်းလိုက်သော အလုပ်မှာ လနတ်သမီးနန်းတော်သို့ ခိုးဝင်ရန် ဖြစ်သည်...။

သို့သော် လနတ်သမီးနန်းတော်သည် ထိုက်ဟွမ်နန်းတော်ထက် မနိမ့်ပေ။

၎င်း၏ အဓိကနေရာများသည် ဖန်တီးရှင်လက်နက်၏ အလင်းဖြင့် ဖုံးလွှမ်းထားရာ မည်သည့် အစွမ်းထက်သူမျှ ခိုးဝင်ရန် မဖြစ်နိုင်ပေ။

ခိုးဝင်ခြင်းသည် ရန်သူဖြစ်ရန် ကြိုးစားခြင်းနှင့် အတူတူပင် ဖြစ်သည်။

.............

ဗုဒ္ဓမျှော်စင် အတွင်း၌.....

ဗုဒ္ဓတရား ဆွေးနွေးပွဲက ဆက်လက် ဖြစ်ပွားနေပြီး အပြင်မှဖြစ်ရပ်များကို သတိမထားမိကြပေ။

သန့်စင်သောဗုဒ္ဓသားတော် နေရာအတွက် ဗုဒ္ဓသားတော်များ၊ သမီးတော်များနှင့် မြောက်ပိုင်းစုန်း ၁၃ ပါးတို့အကြား ပြင်းထန်သော ပြိုင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးတွင် ပိုင်ကျိနှင့် လင်းယာယီတို့၏ အကူအညီဖြင့် အရူးတာအိုက သန့်စင်သောဗုဒ္ဓသားတော်ဘွဲ့ကို ရရှိသွားလေသည်။

ခရမ်းရောင်ကြာပန်းမယ်သီလက ပြုံးရင်း သူမ၏ ရင်ဘတ်ကို ပုတ်လိုက်၏။

"ဒီတစ်ခါတော့ သန့်စင်သောဗုဒ္ဓသားတော်နေရာက ငါ့ရဲ့ ခရမ်းရောင်ဇင် မြင့်မြတ်နယ်မြေက ဖြစ်သွားပြီ"

အခြား ဗုဒ္ဓသားတော်နှင့် သမီးတော်များသည် မနာလိုစွာ ကြည့်နေကြသော်လည်း မကြာမီမှာပင် သူတို့၏ အလိုဆန္ဒများ ပျောက်ကွယ်သွားပြီး တည်ငြိမ်သွားကြသည်။

လင်းယာယီကတော့ စိတ်လှုပ်ရှားနေ၏။

"အရူးတာအို၊ ငါ့ဆရာအတွက် အသနားခံပေးဖို့ မမေ့နဲ့ဦး။ သူတို့ မဟာနေမင်းရွှေကြာပန်းကို ယူတဲ့အခါ သူ့အသက်ကို ချမ်းသာပေးဖို့ ပြောပေးပါ။ ပြီးတော့ သူ့အတွက် ဆေးတချို့လည်း တောင်းပေးဦး၊ ငါ သွားရည်ကျနေတဲ့ ဆရာအိုကြီးကို မပြုစုချင်ဘူး"

"ဆရာ၊ အခုကစပြီး ကျွန်တော်ပဲ ဆရာ့ကို ကြည့်ရှုရတော့မှာပါ"

လင်းယာယီ စိတ်လှုပ်ရှားသွားသည်။

သူ၏ ဆရာသည် ယခုအခါ မသန်မစွမ်းဖြစ်နေပြီး သူ၏ အရပ်ရှည်ရှည် ခန့်ညားသော ကိုယ်လုံးရှေ့တွင် ရပ်နေသည်ကို သူ မြင်ယောင်နေမိသည်။

ဆရာသည် သူ့ကို "နန်းကုန်းခွေး" ဟု ခေါ်ရန်ပင် ရှက်နေပေလိမ့်မည်။

ထိုအတွေးဖြင့် လင်းယာယီသည် ဝမ်းနည်းမှုများကြားမှ စိတ်သက်သာရာ ရနေသည်။

အရူးတာအိုက လင်းယာယီကို စိုက်ကြည့်လိုက်၏။

"ငါ နားလည်ပါတယ်"

အလင်းဗုဒ္ဓကတော့တည်ငြိမ်နေဆဲ ဖြစ်သည်။

"ဒီသွေးသခင်ကို ငါ တကယ် စိတ်ဝင်စားမိတယ်။ သူက ကမ္ဘာတစ်ခုရဲ့ ဖန်တီးမှုကို ရရှိထားပြီး ဝင်စားခြင်းသံသရာရဲ့ စွမ်းအားလည်း ရှိနေတယ်။ တကယ်လို့ မဟာနေမင်းရွှေကြာပန်းသာ မရှိရင် သူက စစ်မှန်ဗုဒ္ဓ ဖြစ်လာနိုင်တယ်"

သူက နှမြောတသဟန်ဖြင့် ပြောလိုက်သည်။

တစ်ခါတစ်ရံတွင် နက်ရှိုင်းသော ပတ်သက်မှုသည်လည်း ကျိန်စာတစ်ခုပင်။

လင်းယာယီနှင့် အခြားသူများသည် စိတ်လှုပ်ရှားစွာဖြင့် ဗုဒ္ဓမျှော်စင်မှ ထွက်လာကြသည်။

သို့သော် အပြင်သို့ ရောက်သောအခါ ကောင်းကင်သည် မှောင်နေလေပြီ။

ကောင်းကင်ပေါ်တွင် ထိုင်နေသော ဗုဒ္ဓ ကိုးဆယ့်ခုနစ်ပါးကိုလည်း မတွေ့ရတော့ပေ။

စည်ကားခဲ့သော ဗုဒ္ဓတစ်သောင်း အစည်းအဝေးသည် ခြောက်ကပ်သွား၏။

လင်းယာယီ ထိတ်လန့်သွားသည်။

"လူတွေ ဘယ်ရောက်ကုန်တာလဲ။ ငါ့ဆရာကို သတ်လိုက်ကြပြီလား"

အရူးတာအိုလည်း စိုးရိမ်သွားသည်။

ထိုအချိန်တွင် ဗုဒ္ဓလောင်းလျာတစ်ပါး ပေါ်လာပြီး သူ၏ အကြည့်သည် နက်ရှိုင်းနေပြီး အံ့သြနေသော အရိပ်အယောင်များ ရှိနေသေးသည်။

"ဗုဒ္ဓတစ်သောင်း အစည်းအဝေးအတွင်းမှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်၊ ဗုဒ္ဓတွေအားလုံး ပြန်သွားကြပြီ။ သန့်စင်သောဗုဒ္ဓသားတော် ကိစ္စကို ကိုင်တွယ်ဖို့ ငါ့ကို ထားခဲ့တာ"

ထိုဗုဒ္ဓလောင်းလျာက ပြောပြီး အရူးတာအိုကို ကြင်နာစွာ ကြည့်လိုက်သည်။

"မင်းက သန့်စင်သောဗုဒ္ဓသားတော်သစ်လား"

လင်းယာယီ မျက်တောင်ခတ်လိုက်ပြီး အလင်းဗုဒ္ဓထံသို့ တိုးတိုးလေး လှမ်းမေးလိုက်သည်။

"ဒီသန့်စင်သောဗုဒ္ဓသားတော် နေရာက နည်းနည်းတော့ ပေါ့ပျက်ပျက်နိုင်လှချည်လား။ ဘယ်သူမှတောင် လာပြီး ဂုဏ်မပြုကြဘူး"

အလင်းဗုဒ္ဓလည်း ဇဝေဇဝါ ဖြစ်နေပြီး ခေါင်းကုတ်နေသည်။

"ဟေ့ကောင် မင်းဟာက အပေါ်ယံ ဘွဲ့တစ်ခုပဲလို့ မင်းထင်လား။ ငါ့ရဲ့ အသနားခံမှုက အလုပ်ဖြစ်ပါဦးမလား"

လင်းယာယီလည်း သူ၏ဆရာအတွက်စိုးရိမ်လာသည်။

ထိုအချိန်တွင် အရူးတာအိုက ပြောလိုက်၏။

"ဆရာ၊ ကျွန်တော် ကံကောင်းလို့ သန့်စင်သောဗုဒ္ဓသားတော် ဖြစ်လာခဲ့ပါပြီ။ ကျွန်တော့်မှာ တောင်းဆိုချက်လေး တစ်ခု ရှိပါတယ်၊ ခွင့်ပြုပေးလို့ ရမလား"

ဗုဒ္ဓလောင်းလျာက ခေါင်းငြိမ့်ပြသည်။

"ပြောပါ၊ ငါ နားထောင်နေပါတယ်"

"ကျွန်တော့်ရဲ့ဆရာ သွေးသခင်က မဟာနေမင်းရွှေကြာပန်းကို တမင်သက်သက် ယူခဲ့တာ မဟုတ်ပါဘူး။ အကယ်၍ ဗုဒ္ဓတိုင်းပြည်က ကြာပန်းကို ပြန်ယူရမယ်ဆိုရင်တောင် သတိထားပြီး သူ့အသက်ကို ချမ်းသာပေးလို့ ရမလား"

ဗုဒ္ဓလောင်းလျာသည် ထိုစကားကို ကြားသောအခါ မျက်ခုံးများ တွန့်သွားပြီး ရဟန်းတစ်ပါး၏ တည်ငြိမ်မှုများ ပျောက်ဆုံးသွားသည်။

"ဟေး၊ အဲ့လို မပြောနဲ့ ..ငါတို့ကို အပုပ်မချပါနဲ့ ... ဗုဒ္ဓတိုင်းပြည်က သွေးသခင်ဆီက မဟာနေမင်းရွှေကြာပန်းကို ပြန်ယူဖို့ ဘယ်တုန်းက ကြံစည်ခဲ့လို့လဲ။ ဒါက လုံးဝ အခြေအမြစ်မရှိတဲ့ စကားပဲ"

"ဗျာ"

လင်းယာယီ ကြောင်သွားသည်။

အရူးတာအိုနှင့် အလင်းဗုဒ္ဓတို့လည်း မှင်သက်သွားကြ၏။

ဗုဒ္ဓလောင်းလျာက အရေးတကြီးဆက်ပြောသည်။

"ဝူထျန်းဗုဒ္ဓအရှင်သခင်က အမိန့်ထုတ်ထားတယ်၊ သွေးသခင်က... အထွတ်အထိပ်ဗုဒ္ဓ ဖြစ်ရမယ်တဲ့။ အခုကစပြီး သွေးသခင်က ငါတို့ရဲ့ အထွတ်အထိပ်ဗုဒ္ဓပဲ"

"အထွတ်အထိပ်ဗုဒ္ဓ"

လင်းယာယီ ပို၍ ကြောင်အသွားသည်။

ဒီနာမည်က... ကြားရတာ တော်တော် ထူးဆန်းတာပဲ။

ငါက ဗုဒ္ဓတစ်သောင်း အစည်းအဝေးကို လာတက်တာလေ ၊

အခု ငါ့ဆရာက အထွတ်အထိပ်ဗုဒ္ဓ ဖြစ်သွားပြီတဲ့လား။

------------------

All Chapters