← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း။ ၉၅

ထိုလူငယ်၏အနားတွင် ဝမ်မိုသည် အစောင့်တစ်ယောက်ကဲ့သို့ ရပ်နေပြီး လူငယ်၏ ခန့်မှန်းရခက်သော အကြည့်များအောက်တွင် စကားတစ်လုံးမျှပင် မဟရဲဘဲ ရှိနေသည်။

ထိုလူငယ်၏အမည်မှာ ဟန်ဝမ် ဖြစ်ပြီး အစွန်းရောက်တောင်တန်း၏ သခင်လေးဖြစ်သည်။ အစွန်းရောက်တောင်တန်းသည် ကြယ် ၂ ပွင့်အဆင့်ရှိသော အင်အားစုတစ်ခု ဖြစ်သော်လည်း ယခင်က မသေမျိုးဂိုဏ်းနှင့်တော့ လုံးဝမတူပေ။ မသေမျိုးဂိုဏ်းမှာ ထိုအဆင့်၏ အစပျိုးရုံသာ ရှိခဲ့သော်လည်း အစွန်းရောက်တောင်တန်းမှာမူ ကြယ် ၂ ပွင့်အဆင့်တွင် နှစ်ပေါင်းရာနှင့်ချီ၍ တည်ရှိနေခဲ့ခြင်းပင်။

သူတို့၏ လက်အောက်တွင် အလင်းဆက်သွယ်ခြင်း နက်နဲသောနယ်ပယ်ကျွမ်းကျင်သူ ၅ ဦးအထိ ရှိနေပြီး ပျံလွှားနဂါးအဖွဲ့ချုပ်ဟူသော လက်အောက်ခံ အင်အားစုတစ်ခုလည်း ရှိသေးသည်။

ဟန်ဝမ်၏ ရှေ့တွင် ဝမ်မိုသည် အသက်ကိုပင် ပြင်းပြင်းမရှူရဲဘဲ ရှိနေသည်။ သူ၏ အမှားများကြောင့် မှီခိုရာဂိုဏ်း ဒုက္ခရောက်မည်ကို သူ အလွန်စိုးရိမ်နေမိသည်။ သူနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသော မိတ်ဆွေ လီခုန်းဆန်း ဒုက္ခရောက်နေသည်ကို မြင်လျှင်ပင် သူ မကူညီရဲပေ။

လီခုန်းဆန်းသည် မှီခိုရာဂိုဏ်းကို တစ်နှစ်အတွင်း တိုးတက်လာအောင် လမ်းစများ ရှာဖွေပေးခဲ့သူ ဖြစ်သော်လည်း ယခုမူ ဝမ်မိုက သူ့အတွက် အသနားခံမပေးရဲချေ။

လီခုန်းဆန်း၏ စကားများကို ကြားပြီးနောက် ဟန်ကျိယွီသည် ရှေ့သို့ တိုးလာကာ သူ့ကို တည့်တည့် ကန်ပစ်လိုက်သည်။

"အသုံးမကျတဲ့ကောင်... သစ်သားစီးဆင်းသဲကို ယူမလာနိုင်ရုံတင်မကဘူး။ ကြယ်မဲ့ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်းချုပ်ကိုတောင် မဖမ်းနိုင်ဘူးလား"

ဟန်ကျိယွီ၏ ကန်ချက်မှာ မပေါ့လှပေ။ လီခုန်းဆန်းမှာ လေးငါးမီတာခန့် လွင့်ထွက်သွားပြီး ပင်မတိုင်ကြီးကို အားပြင်းစွာ ဆောင့်မိမှသာ ရပ်တန့်သွားတော့သည်။

သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားသော်လည်း လက်မောင်းမှ သွေးများနှင့် ပါးစပ်ထောင့်မှ စီးကျလာသော သွေးများကိုမူ သူ မတားနိုင်တော့ချေ။

သို့သော်လည်း လီခုန်းဆန်းသည် အားယူကာ ပြန်ထလာပြီး မြေပြင်ပေါ်တွင် ဝပ်စင်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ငြိမ်နေခြင်းမှာ သေမင်းထံသို့ သွားနေခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူ သိနေသောကြောင့်ပင်။

"စီနီယာဟန်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ဝမ်ပင်းရဲ့ ခွန်အားက ကျွန်တော့်ထက် သာနေလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ပါဘူး။ ပြီးတော့ သူ့မှာ အရမ်းစွမ်းတဲ့ ခွေးတစ်ကောင်

လည်း ရှိနေတယ်... အဟွတ် အဟွတ်"

စကားပြောနေရင်းပင် လည်ချောင်းထဲသို့ သွေးများ တက်လာသဖြင့် လီခုန်းဆန်းမှာ စကားပြတ်သွားခဲ့ရသည်။ သူသည် အကြိမ်အနည်းငယ် အပြင်းအထန် ချောင်းဆိုးပြီးနောက် ထပ်မံပြောရန် ကြိုးစားသော်လည်း ဟန်ကျိယွီက ခွင့်မပြုတော့ပေ။

ဟန်ကျိယွီ၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသည့်အခါ လီခုန်းဆန်းမှာ ထိတ်လန့်တကြား နောက်သို့ ဆုတ်မိသွားသည်။

သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ဤအကြောက်တရားမှာ သူ၏ အစီအစဉ်များ မအောင်မြင်ခဲ့သည့်အပေါ် မယုံကြည်နိုင်မှုမှ မြစ်ဖျားခံလာခြင်းပင်။

သို့သော် ဟန်ကျိယွီက တစ်ခုခု ထပ်လုပ်ရန် ပြင်လိုက်စဉ်မှာပင် ရွှေရောင်ပလ္လင်ပေါ်တွင် ထိုင်နေသော လူငယ်က ရုတ်တရက် စကားပြောလာသည်။

"အဖိုးကြီးဟန်... ဒါက ကောင်းတဲ့ကိစ္စပဲလေ။ ဘာလို့ သူ့ကို သတ်ချင်နေရတာလဲ"

ဟန်ကျိယွီမှာ ဇဝေဇဝါဖြစ်သွားပြီး "သခင်လေး... သူက ဒီလိုကိစ္စသေးသေးလေးကိုတောင် မလုပ်နိုင်ဘဲ သခင်လေးရဲ့ အစီအစဉ်ကြီးတွေကို ဖျက်ဆီးခဲ့တာပါ။ သူက သေထိုက်ပါတယ်" ဟု ပြောလိုက်သည်။

ထိုလူငယ်သည် မတ်တပ်ရပ်လိုက်ပြီး လီခုန်းဆန်းထံသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ သူ၏ နုနယ်သော လက်ချောင်းလေးများဖြင့် လီခုန်းဆန်း၏ ပါးစပ်ထောင့်မှ သွေးများကို သုတ်ပေးရင်း "မဟုတ်ဘူး သူ ကောင်းကောင်းလုပ်ခဲ့တာပဲ။ အနည်းဆုံးတော့ ငါ့အမြင်မှာ ဒီရလဒ်က မင်းတို့နှစ်ယောက် အစက လိုချင်ခဲ့တဲ့ ရလဒ်ထက်တောင် ပိုကောင်းနေသေးတယ်" ဟု ပြောလိုက်သည်။

"သခင်လေး... အဲဒါ ဘာအဓိပ္ပာယ်လဲခင်ဗျ"

"ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့က ဒီအတိုင်း လွှတ်ထားလိမ့်မယ်လို့ မင်းထင်နေလား။ တစ်စုံတစ်ယောက်က သူတို့ရဲ့ အိမ်တော်ထဲကို ဝင်ပြီး လူသတ်သွားတာကို သူတို့က လျစ်လျူရှုထားမှာလား။ တစ်ဖက်မှာလည်း အဲဒီ ကြယ်ပွင့်အဆင့်မြှင့်တင်ရေးလျှောက်လွှာက ပျက်ပြယ်သွားပြီ။ ငါ့ရှေ့မှာတော့ မိစ္ဆာသားရဲကြီးဆိုတာ ဘာမှမဟုတ်သလို ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့အတွက်လည်း အတူတူပါပဲ"

"မှန်ပါတယ် မှန်ပါတယ်"

လီခုန်းဆန်းက အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံလိုက်သည်။ ဟန်ကျိယွီက သူ့ကို ချက်ချင်း စိုက်ကြည့်လိုက်သဖြင့် သူက ကြောက်လန့်တကြား ခေါင်းပြန်ငုံ့သွားရသည်။

"နားလည်ပါပြီ သခင်လေး... သခင်လေးက တကယ်ကို အမြော်အမြင် ကြီးမားတာပဲ"

"မနက်ဖြန်ကျရင် ရွှေရောင်လွန်းပျံရွက်သွားယူဖို့ ငါနဲ့ လိုက်ခဲ့။ ပြီးတော့ နောက်ထပ် ရက်အနည်းငယ်ကြာရင် ငါ့ရဲ့ သစ်သားစီးဆင်းသဲကို ယူဖို့ မသေမျိုးဂိုဏ်းကို သွားကြမယ်။ အဲဒီမတိုင်ခင် မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေသလဲဆိုတာ အရင် စုံစမ်းထားဦး။ ငါ သိထားသလောက်တော့ မသေမျိုးဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်ကတော်က သာမန်လူတော့ မဟုတ်ဘူး။ ဝဲဂယက်မြေပုံဖန်တီးမယ့် ငါ့ရဲ့ အစီအစဉ်ကိုတော့ ဘယ်လိုမှ အရှုံးမခံနိုင်ဘူး"

"ဟုတ်ကဲ့ပါ"

ဟန်ကျိယွီက ခေါင်းညိတ်လိုက်သည်။

...

ယခုအခါ ချင်မိုဘက်သို့ ပြန်ကြည့်လျှင် ကျောက်ယီသည် သူ့ကို ဆွဲအားစက်ကွင်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။

ကျောက်ယီက ရယ်မောရင်း "ညီလေးချင်... စိတ်ကို အေးအေးထားဖို့ မမေ့နဲ့နော်" ဟု ပြောလိုက်သည်။

ချင်မိုက နားလည်သလို ခေါင်းညိတ်ပြပြီးနောက် သူ၏ ဘေးနားရှိ ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်ရာ ၉ ဆသော ကျင့်ကြံမှု တိုးတက်နှုန်းကို မြင်ပြီး အလွန်အံ့ဩသွားတော့သည်။

သို့သော် သူသည် သံသယစိတ်ကို ဆက်လက်ထိန်းထားဆဲပင်။

သူသည် ဆွဲအားစက်ကွင်းအတွင်းသို့ ခြေစုံပစ်ဝင်လိုက်သည်နှင့် ရုတ်တရက် ကျရောက်လာသော ဖိအားဒဏ်ကြောင့် ဤနေရာကို စတင်ယုံကြည်သွားတော့သည်။ ဤနေရာသည် ဟင်းလင်းပြင်ကိုပင် ပြောင်းလဲနိုင်စွမ်းရှိနေမှတော့ ကျင့်ကြံမှုနှုန်း မြန်ဆန်လာမည်ဆိုသည်မှာလည်း အမှန်ပင် ဖြစ်ရပေမည်။

ထို့နောက် ကျောက်ယီ၏ သတိပေးချက်အတိုင်း သူသည် ခန္ဓာကိုယ်ကို အရင်ဆုံး အသားကျအောင် ကြိုးစားပြီးနောက် တိုက်ခိုက်ရေးမုဒ်ကို ရွေးချယ်လိုက်သည်။

လေဆာတန်းတစ်ခု ပစ်ခတ်လိုက်သည့်အခါ ချင်မို လန့်ဖျပ်သွားခဲ့သည်။

"ဒါက ဘာလဲ"

ချင်မိုသည် ရှေ့သို့ အမြန်ခုန်ရှောင်လိုက်ရာ လီလီ၏ ခြေရင်းသို့ တည့်တည့်ကျသွားသည်။ လီလီ၏ ပြုံးနေသော မျက်နှာကို မော့ကြည့်ပြီးနောက် သူ ပြန်လှည့်ကြည့်လိုက်ရာ သူ၏နောက်ကွယ်မှ လိုက်ပါလာသော အနီရောင်အရာကို မြင်လိုက်ရသည်။

"ဒီအရူးကောင်က ဘာကြီးလဲ။ ငါ့ကို အပြင်လွှတ်ပေးကြပါဦး"

သူသည် ထိုသို့ပြောပြီးနောက် အမြန်ထကာ သူ၏ တိုက်ခိုက်ရေးဗီဇဖြင့် ရှောင်တိမ်းရင်း ဆွဲအားစက်ကွင်းအပြင်ဘက်သို့ ပြေးထွက်ရန် ကြိုးစားတော့သည်။

...

သုံးနာရီကြာပြီးနောက် ညမှောင်လာချိန်တွင် ချင်မိုသည် မျက်နှာတစ်ခုလုံး နီမြန်းကာ ဆွဲအားစက်ကွင်း အပြင်ဘက်တွင် ရပ်နေသည်။ သူသည် အားအင်ကုန်ခမ်းစွာဖြင့် ဆွဲအားစက်ကွင်း၏ အကာအကွယ်အတားအဆီးကို မှီထားရင်း အတွင်းဘက်သို့ အသက်မဲ့သော အကြည့်များဖြင့် လှမ်းကြည့်နေသည်။

"ငါ့ကို အထဲပြန်လွှတ်ပေးပါ"

လွန်ခဲ့တဲ့ နာရီဝက်အတွင်းမှာ သူ ဤစကားကို ၃၃၃ ကြိမ်မြောက် အော်ဟစ်နေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ခါနီးမှ သူသည် အပြင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသောကြောင့်ပင်။

သူ ကျင့်ကြံနေသော "တစ်ရှူးဖွဲ့စည်းခြင်း နည်းပညာမှာ အဆင့်နိမ့်အောင်မြင်မှုသို့ ရောက်ရှိပြီးကတည်းက ထူးခြားသော တိုးတက်မှု မရှိခဲ့ချေ။ သူသည် သူ၏ဖခင်ကိုလည်းကောင်း လေ့ကျင့်ဖော် မိစ္ဆာသားရဲကြီးကိုလည်းကောင်း အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း ရရှိလာသော အဖြေမှာ "အချိန်မတိုင်သေးဘူး" ဆိုသည်သာ ဖြစ်သည်။

အချိန်တန်ပြီဆိုသည်မှာ ဘာကို ဆိုလိုမှန်း သူ နားမလည်ခဲ့ပေ။

သူ သိထားသလောက် သူ၏ဖခင်သည် တစ်ရှူးဖွဲ့စည်းခြင်း နည်းပညာကို အဆင့်နိမ့်အောင်မြင်မှုမှ အဆင့်မြင့်အောင်မြင်မှုသို့ ရောက်ရန် ဆယ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ သူသည်လည်း ဤမျှလောက်သော အချိန် သို့မဟုတ် ထိုထက်မက ကြာရှည်စွာ စောင့်ဆိုင်းရမည်ဟု ထင်မှတ်ခဲ့သည်။

မည်သို့ပင်ဆိုစေ သူ၏ ပါရမီမှာ သူ၏ဖခင်ထက် များစွာ နိမ့်ကျနေခြင်းပင်။

သို့သော် ယခုလေးတင် ဆွဲအားစက်ကွင်းကို အသုံးပြုနေစဉ်မှာပင် သူသည် နယ်ပယ်သစ်တစ်ခု၏ အရိပ်အယောင်ကို မသဲမကွဲ ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ သူ၏ ခန္ဓာကိုယ်ကို လှုပ်နှိုးလိုက်သော ငှက်မွေးတစ်ပင်ကဲ့သို့ပင်။

တစ်ရှူးဖွဲ့စည်းခြင်း နည်းပညာအတွက် ထူးခြားသော ခံစားမှုမျိုးကို ပေးစွမ်းခဲ့သည်။ အကယ်၍သာ သူ ဆက်လက်ကျင့်ကြံခွင့်ရပါက သူ၏ဖခင် ပြောဆိုခဲ့သော အချိန်မှာ ရောက်ရှိလာတော့မည်ဟု သူ ယုံကြည်နေသည်။

ဆယ်နှစ်အထိ စောင့်ရန်မလိုဘဲ သူသည် အဆင့်မြင့်အောင်မြင်မှု၏ အဆင့်အတားအဆီးကို မြင်တွေ့နိုင်တော့မည်ပင်။

သို့သော် သူ အပြင်သို့ ရောက်ရှိသွားသည့်အခါမှ ကျောက်ယီ ပြောခဲ့သော စကားကို သတိရလိုက်မိသည်။ ဆွဲအားစက်ကွင်းတွင် တစ်နေ့လျှင် သုံးနာရီသာ ကျင့်ကြံခွင့်ရှိသည်ဟူသော အချက်ပင်။

"ငါ့ကို အထဲပြန်လွှတ်ပေးပါ"

၃၃၄ ကြိမ်မြောက်။

"ငါ့ကို အထဲပြန်လွှတ်ပေးပါ"

၃၃၅ ကြိမ်မြောက်။

ထိုအချိန်တွင် လီလီသည် သစ်တောအုပ်ထဲမှ ထွက်လာပြီး သူ၏နဖူးပေါ်မှ ချွေးများကို သုတ်ရင်း မေးလိုက်သည်။

"မင်း မပင်ပန်းဘူးလား"

"ပင်ပန်းတာပေါ့ ဒါပေမဲ့ ငါ အထဲကို ပြန်ဝင်ပြီး ကျင့်ချင်သေးတယ်"

"အိပ်မက်မက်မနေနဲ့ တစ်နေ့ သုံးနာရီဆိုတာ စည်းကမ်းပဲ"

"ငါ ပိုက်ဆံ ဆယ်ဆ ပိုပေးပါ့မယ်"

လီလီက အားမလိုအားမရ ပြုံးလိုက်ပြီးနောက် စီနီယာအစ်ကိုကြီးတစ်ယောက်ကဲ့သို့ ဆုံးမသောလေသံဖြင့် "မင်း အဆပေါင်း တစ်သောင်း ပေးရင်တောင် မရဘူး။ ဂိုဏ်းချုပ်က မင်းရဲ့ ရွှေအကြွေစေ့ အနည်းငယ်ကို လိုချင်နေတယ်လို့ ထင်နေတာလား။ ဆွဲအားစက်ကွင်းဆိုတာ အပြင်လောကမှာ ရှာမတွေ့နိုင်တဲ့ အရာပဲ။ ဂိုဏ်းချုပ်က ပိုက်ဆံကောက်တာက လူတိုင်းကို ကိုယ်ပိုင်ဆိုင်ထားတဲ့အရာကို တန်ဖိုးထားတတ်အောင် သင်ပေးချင်လို့ပဲ"

"အခု ငါ တကယ် တန်ဖိုးထားနေပါပြီ"

လီလီက ဆက်၍ ဆုံးမပြန်သည်။

"အော်မနေနဲ့တော့ ထမင်းသွားစားပြီး မနက်ဖြန်မှ ပြန်လာခဲ့။ ငါက အလကားပြောနေတာ မဟုတ်ဘူး။ မင်း ဆယ်ဆ ပေးရင်တောင် ဂိုဏ်းချုပ်က မင်းကို အသက်တစ်ချက်ရှူစာ အချိန်တောင် ပိုပေးမှာ မဟုတ်ဘူး။ ငါတို့ ဂိုဏ်းချုပ်က ပိုက်ဆံကို ဂရုမစိုက်ဘူး။ သူက ဒီကျင့်ကြံရေးနေရာတွေရဲ့ အဖိုးတန်မှုကို ငါတို့ကို နားလည်စေချင်ရုံပဲ"

ချင်မို ခေါင်းညိတ်လိုက်သည်။

ယခုအချိန်တွင် သူ့အတွက် သုံးနာရီဆိုသော အချိန်မှာ အိမ်တွင် ဆယ်ရက်ကြာ ကျင့်ကြံခြင်းထက်ပင် ပို၍ အဖိုးတန်နေသည်။ နောက်ထပ် မိစ္ဆာသားရဲကြီး နှစ်ကောင်လာပြီး လေ့ကျင့်ပေးလျှင်ပင် ဤနေရာကို မမီနိုင်ချေ။

သူသည် ဆွဲအားစက်ကွင်းကို အားမလိုအားမရ ကြည့်ရင်း လီလီနောက်သို့သာ လိုက်သွားရတော့သည်။

လမ်းလျှောက်နေစဉ်တွင် သူ၏ပုံစံမှာ စိတ်မပါလက်မပါ ဖြစ်နေသည်။ သူသည် ထိုနေရာတွင် ထပ်မံကျင့်ကြံချင်မိသည်။ တစ်နာရီ၏ လေးပုံတစ်ပုံခန့်ဆိုလျှင်ပင် လုံလောက်သည်။ အနည်းဆုံးတော့ ထိုခံစားချက်ကို ထပ်မံခံစားကြည့်ပြီး တစ်ရှူးဖွဲ့စည်းခြင်း နည်းပညာတွင် နောက်ထပ် ခြေတစ်လှမ်း တိုးချင်မိသည်။

ခဏကြာသော်အခါ ကျောက်ယီက ဘာကြောင့် စိတ်ကို အေးအေးထားဖို့ အစကတည်းက သတိပေးခဲ့သလဲဆိုတာကို သူ အခုမှ ကောင်းကောင်း နားလည်သွားတော့သည်။

အခန်း။ ၉၆

ညဦးပိုင်း လေပြေညင်းမှာ အနည်းငယ် အေးစက်နေပြီး ယွန်းလန်တောင်ကုန်းမှာလည်း မြင့်မားသဖြင့် ပို၍ ချမ်းစိမ့်လှသည်။ အထူးသဖြင့် ညနေခင်း လေစိမ်းတစ်ချက် အဝှေ့တွင် ရန်

လီလီမှာ အကျင့်ပါနေသည့်အတိုင်း အဝတ်အစားများကို ခပ်တင်းတင်း ဆွဲစိလိုက်

မိသည်။

အမှန်တကယ် ချမ်းနေ၍တော့ မဟုတ်ပေ။ မိုးရွာလျှင် ထီးဆောင်းသကဲ့သို့ လေတိုက်လျှင် အဝတ်ကို ကျစ်ကျစ်ပါအောင် ဝတ်တတ်သည့် အလေ့အထတစ်ခုသာ ဖြစ်သည်။

တောအုပ်လေးအတွင်းရှိ လမ်းကလေးပေါ်တွင် ခြေသံများ ပဲ့တင်ထပ်နေသည်။ ရန်လယ်

လယ်က လမ်းလျှောက်ရင်း ချင်မိုကို လှမ်း၍ တိုက်တွန်းလိုက်သည်။

"ညီလေးချင်မို... မြန်မြန်လုပ်ပါ လူတိုင်းက မင်းကို စောင့်နေကြတာ"

"စီနီယာအစ်ကိုရန်... ကျွန်တော်တို့ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ကျင့်ကြံသူတွေက ရက်အတော်ကြာအောင် ထမင်းမစားဘဲ နေနိုင်တာပဲ။ ဒါက ထမင်းတစ်နပ်ပဲဟာကို... ဒီလောက်ကြီး အလောတကြီး လုပ်ဖို့ မလိုပါဘူး မဟုတ်လား"

"မင်းက အေးဆေးနေနိုင်ပေမဲ့ ငါကတော့ မအေးဆေးနိုင်ဘူးဟေ့"

ပြောပြောဆိုဆိုဖြင့် ရန်လီလီက ခြေလှမ်းကို သွက်လိုက်သည်။ သူ၏ စိတ်ထဲတွင် လရောင်ကောက်ညှင်းထုပ်တစ်ခုတည်းကိုသာ အာရုံရောက်နေတော့သည်။

မွန်းလွဲပိုင်းက မီးဖိုချောင်ဘေးမှ ဖြတ်သွားစဉ် အကြီးအကဲ ယွမ်လျောင်က လရောင်ကောက်ညှင်းထုပ် လုပ်မည့် ပါဝင်ပစ္စည်းများကို ယူလာသည်ကို သူ ကံကောင်းထောက်မစွာ မြင်ခဲ့ရသည်။

ထို့ပြင် အကြီးအကဲက ဂိုဏ်းချုပ်ကို ထိုမုန့်လုပ်ပေးရန် တောင်းဆိုနေပြီး ဂိုဏ်းချုပ်ကလည်း သဘောတူလိုက်သည်ကို သူ ကြားခဲ့ရသေးသည်။

ယခုအချိန်တွင် လူတိုင်းမှာ ထိုအရသာရှိသော စားသောက်ပွဲကြီးကို စောင့်မျှော်နေကြပြီ ဖြစ်သည်။

သူသာ ကျောက်ချင်း၏ ဖိနှိပ်မှုကို မခံရဘဲ ဟွမ်ယီ၏ နောက်ကျောကို ဓားနှင့် အထိုးမခံရပါက အနိုင်ကျင့်မခံရပါက ယခုအချိန်တွင် ချင်မိုကို လာရှာနေမည့်အစား ထိုနေရာတွင် ရှိနေမိမည်မှာ အသေအချာပင်။

သူသည် ကျောက်ယီကို လာခိုင်းရန် စဉ်းစားခဲ့သော်လည်း ကျောက်ယီက ကျောက်ချင်းကို အားကိုးရှာထားသဖြင့် သူ စကားပင် မပြောရသေးခင်မှာပင် အထုတ်ခံလိုက်ရသည်။ ကျောက်ချင်းတစ်ယောက် ဂိုဏ်းချုပ်က ကောက်ညှင်းထုပ်များကို အပေါ်ထပ်သို့ ယူလာသည်ကို ကြည့်ရင်း တံတွေးတောက်တောက် မျိုနေမည်ကို သူ မှန်းဆမိသည်။ ဤသို့တွေးလိုက်မိရုံနှင့် ရန်လီလီမှာ တစ်ကိုယ်လုံး နေရထိုင်ရ ခက်လာတော့သည်။

သူသည် ဗီဇအရပင် ခြေလှမ်းများကို ပို၍ မြန်လိုက်မိသည်။

မီးဖိုချောင်သို့ ရောက်သောအခါ ဝမ်ပင်းတစ်ယောက် အောက်ထပ်တွင် အလုပ်ရှုပ်နေဆဲဖြစ်သည်ကို မြင်ရသဖြင့် သူ သက်ပြင်းချနိုင်သွားပြီး အပေါ်ထပ်သို့ အပြေးအလွှား တက်သွားတော့သည်။

သူတို့နှစ်ဦး အပေါ်ထပ်သို့ ရောက်သည်နှင့် ဟွမ်ယီက ချင်မိုကို လှမ်း၍ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

"မောင်လေးချင်မို... ဒီမှာလာထိုင်"

ပြောရင်းနှင့် ဟွမ်ယီက သူ၏ဘေးရှိ ထိုင်ခုံကို ပုတ်ပြလိုက်သည်။

ချင်မိုက ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ပြတင်းပေါက်နားတွင် ထိုင်နေသော ယွမ်လျောင်ထံသို့ လျှောက်သွားကာ အနည်းငယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

"အကြီးအကဲယွမ်..."

"ထိုင်ပါ"

"ဒါက..."

ချင်မိုသည် ဝိုင်းတွင် စုံစုံလင်လင် ထိုင်နေကြသော လူများကို ကြည့်ကာ အနည်းငယ် အံ့ဩသွားသည်။ ဤဂိုဏ်းတွင် အဆင့်အတန်း ခွဲခြားမှု မရှိဘူးလားဟု သူ သိချင်မိသွားသည်။

ဤကမ္ဘာတွင် အဆင့်အတန်း ကွာခြားမှု ရှိနေသရွေ့ အတူတူ စားသောက်ရန် မဆိုထားနှင့် ဘေးချင်းကပ် အခန်းများတွင် အိပ်စက်ရန်ပင် ခွင့်မပြုကြချေ။ ပျံလွှားငါးကျွန်းတွင် ရှိသော မိစ္ဆာသားရဲကြီးများပင်လျှင် သူ၏ဖခင်က ဖိတ်ကြားခြင်း မပြုပါက အတူတူ ထမင်းမစားရဲကြပေ။ ထို့ပြင် ထိုမိစ္ဆာသားရဲကြီးများသည် အလွန်တရာ အစွမ်းထက်ကြသော်လည်း ချင်မိုကို မြင်လျှင် သခင်လေးဟု ခေါ်ကာ အရိုအသေ ပေးကြရသည်။

ယခုမူ တပည့်များ၊ အကြီးအကဲများအားလုံးမှာ လယ်သမား မိသားစုတစ်ခု ထမင်းဝိုင်းဖွဲ့ စားနေကြသကဲ့သို့ တစ်ဝိုင်းတည်းတွင် ရှိနေကြခြင်းမှာ သူ့အတွက် အလွန် အံ့အားသင့်စရာနှင့် ဇဝေဇဝါ ဖြစ်စရာ ကောင်းလှသည်။

ဤသည်ကို ရိပ်မိသော ယွမ်လျောင်က ချင်မို၏ မျက်နှာရိပ်မျက်နှာကဲကို ခဏမျှ ကြည့်

လိုက်ပြီးနောက် သူ ဘာတွေးနေသည်ကို မှန်းဆမိဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"အံ့ဩမနေပါနဲ့ ဒါက ဂိုဏ်းချုပ်ရဲ့ စည်းကမ်းပဲ။ ထမင်းစားတဲ့အခါမှာ အဆင့်အတန်း ခွဲခြားမှု မရှိစေရဘူးတဲ့"

"နားလည်ပါပြီ"

ချင်မိုသည် စိတ်ထဲမှ အလွန်အမင်း တုန်လှုပ်သွားပြီး မသေမျိုးဂိုဏ်းချုပ်အပေါ် သူ၏ ထင်မြင်ယူဆချက်မှာ စတင် ပြောင်းလဲလာတော့သည်။

ဝမ်ပင်းသည် အရှေ့အိုင်ဒေသတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော အဖိုးတန် ကျင့်ကြံရေး အရင်းအမြစ်များကို ပိုင်ဆိုင်ထားသော်လည်း တပည့်များကို အနည်းငယ်သော ကုန်ကျစရိတ်ဖြင့်သာ အသုံးပြုခွင့် ပေးထားသည်။

စကားလုံး နှစ်လုံးနှင့် ပြောရလျှင် ကိုယ်ကျိုးစွန့်ခြင်းပင်။

ရိုးရာ စည်းမျဉ်းဟောင်းများကို ရဲရဲဝံ့ဝံ့ ချိုးဖျက်ရဲသည့် လူငယ်တစ်ဦးပင်။

စကားလုံး နှစ်လုံးနှင့် ပြောရလျှင် ထူးခြားပြောင်မြောက်ခြင်းပင်။

အခြားသော ဂိုဏ်းချုပ်များသည် သူတို့သွားလေရာရာ၌ တပည့်များ ဒူးထောက်နေသည်ကို မြင်ချင်ကြသော်လည်း ဝမ်ပင်းကမူ တပည့်များနှင့် တစ်ဝိုင်းတည်းတွင် အတူတူ ထမင်းစားနိုင်သည်။

စကားလုံး လေးလုံးနှင့် ပြောရလျှင် ခင်မင်ရင်းနှီးရလွယ်ခြင်းပင်။

ဝမ်ပင်း၏ ပုံရိပ်ကို သူ၏ စိတ်ထဲတွင် ပုံဖော်ကြည့်ပြီးနောက် ချင်မိုသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤကဲ့သို့ မြင့်မြတ်သော ဂိုဏ်းချုပ်မျိုးကို ကောင်းကင်နှင့် မြေကြီးအိုင်တစ်ခုလုံးတွင်ပင် ရှာတွေ့ရန် ခက်ခဲလိမ့်မည်ဟု သူ တွေးမိနေတော့သည်။

ထိုအခါ ဟွမ်ယီ၏ တိုက်တွန်းမှုကြောင့် ချင်မိုသည် ထိုင်ခုံကို ဆွဲကာ အသာအယာ ထိုင်

လိုက်သည်။ သူသည် အနည်းငယ် ရှိန်နေမိပြီး ဘာပြောရမှန်း မသိဖြစ်နေသဖြင့် မတ်တပ်

ရပ်ကာ သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်နာမည်က ချင်မိုပါ။ နောက်နောင် ကျွန်တော့်ကို ကူညီစောင့်ရှောက်ပေးကြပါဦး"

"ဒါက မင်းရဲ့ စီနီယာအစ်မ ကျောက်ချင်း။ ဒါက စီနီယာအစ်ကို ရန်လီလီ။ ဒါကတော့ စီနီယာအစ်ကို ကျောက်ယီ..."

ယွမ်လျောင်က တစ်ဦးချင်းစီကို မိတ်ဆက်ပေးလိုက်သည်။

မိတ်ဆက်ပြီးနောက် အနည်းငယ် စကားစမြည် ပြောဆိုနေစဉ်မှာပင် ဝမ်ပင်းက လရောင်ကောက်ညှင်းထုပ်များကို ယူဆောင်လာခဲ့သည်။ နေမဝင်သေးသည့်အတွက် ထိုနေ့ကကဲ့သို့ တောက်ပခြင်း မရှိဘဲ အနည်းငယ် ဖြူဖျော့နေသော်လည်း တစုံတရာသော ဆွဲဆောင်မှုတော့ ရှိနေဆဲပင်။

လရောင်ကောက်ညှင်းထုပ်များကို မြင်လိုက်ရသည်နှင့် လူတိုင်း၏ မျက်လုံးများမှာ ထူးခြားသော အရောင်အဝါများဖြင့် တောက်ပသွားကြရာ ထိုအခြင်းအရာကပင် ကောက်ညှင်းထုပ်များကို ပို၍ တောက်ပစေသယောင် ထင်ရသည်။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို ပေးပါ"

ချင်မိုက အမြန်ရှေ့တိုးကာ လင်ဗန်းကို လှမ်းယူလိုက်သည်။ ထိုအရာများမှာ ကောက်ညှင်းထုပ်များသာ ဖြစ်သည်ကို မြင်သောအခါ သူသည် စိတ်လှုပ်ရှားခြင်း သို့မဟုတ် စိတ်ပျက်ခြင်း တစ်စုံတစ်ရာ မပြပေ။ သူသည် လူတိုင်းကို ကောက်ညှင်းထုပ်များ စတင် ခွဲဝေပေးလိုက်သည်။

"ညီလေး... ငါ့ကို နောက်ထပ်ပေးပါဦး"

သူ၏ ပန်းကန်ထဲတွင် ကောက်ညှင်းထုပ်များ ကုန်ခါနီးနေသည်ကို မြင်သောအခါ ရန်လီလီက အလျင်အမြန် လှမ်းပြောလိုက်သည်။

သို့သော် ကျောက်ချင်းက ချက်ချင်းပင် မျက်စောင်းထိုးကာ တားလိုက်သည်။

"ဘာလို့ ဒီလောက် အများကြီး စားနေတာလဲ။ ညီလေးချင်မိုအတွက် မချန်တော့ဘူးလား"

ရန်လီလီ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ချင်မိုက ကြားဖြတ်ကာ "ရပါတယ် စီနီယာအစ်မရန်က ကောက်ညှင်းထုပ် ကြိုက်တယ်ဆိုမှတော့ ကျွန်တော့်ဝေစုထဲက ခွဲပေးလိုက်တာ ဘာမှမဖြစ်ပါဘူး" ဟု ပြောလိုက်သည်။

"တွေ့လား... ညီလေးချင်မိုက ငါ့ကို ပေးတာ"

ရန်လီလီက ရယ်မောရင်း ချင်မိုပေးသော ကြွေပန်းကန်ကို ယူကာ ကောက်ညှင်းထုပ် တစ်လုံးကို တစ်လုတ်တည်း ငုံစားပစ်လိုက်သည်။

စားနေစဉ်တွင် သူ၏ မျက်နှာထက်၌ အလွန် ပျော်ရွှင်ကြည်နူးသော အပြုံးမျိုး ရှိနေသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ချင်မိုမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက စိတ်ထဲမှ တွေးမိသည်။

"ဒါက ကောက်ညှင်းထုပ်လေးတွေပဲဟာကို... ဒီလောက်အထိ စိတ်လှုပ်ရှားဖို့ လိုလို့လား"

သူ ဆက်လက် စဉ်းစားကြည့်သော်လည်း အဖြေမထွက်ပေ။ အဘယ်ကြောင့်ဆိုသော် ဤဂိုဏ်းရှိ အရာအားလုံးမှာ ငွေကုန်ကြေးကျ ရှိသောကြောင့်ပင်။ တစ်နာရီလျှင် ရွှေဆယ်ပြားဆိုသည်မှာ များပြားလှသည်မဟုတ်သော်လည်း ထိုငွေဖြင့် ကောက်ညှင်းထုပ်ပေါင်း ထောင်ချီ၍ ဝယ်ယူနိုင်သည်။

"သူတို့မှာ ငွေမရှိကြတာလည်း မဟုတ်ဘဲနဲ့၊ ဘာဖြစ်လို့ ကောက်ညှင်းထုပ် စားရရုံလေးနဲ့ ဒီလောက်တောင် ပျော်နေကြရတာလဲ"

ဟွမ်ယီကို ကောက်ညှင်းထုပ် ခွဲဝေပေးနေစဉ် ချင်မိုက အတွေးလွန်နေရင်းပင် မေးလိုက်မိသည် "စီနီယာအစ်မ... နောက်ထပ် နှစ်လုံးလောက် ထပ်ယူဦးမလား"

"ယူမယ် ယူမယ် ယူမယ်"

ဟွမ်ယီ၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရသည့်အခါ သူသည် အခြေအနေနှင့် အနည်းငယ် အံဝင်ခွင်ကျ မဖြစ်သလို ခံစားလိုက်ရသည်။

"ဆန်းဝူမြို့မှာ အစာခေါင်းပါးဘေး ဆိုက်နေတာလား..."

"ကောက်ညှင်းထုပ်လေး စားရတာကို ဒီလောက်တောင် ပျော်နေရသလား"

သူ ထိုသို့တွေးတောရင်းပင် ချင်မိုသည် သူ၏ ဝေစုထဲမှ နောက်ထပ် နှစ်လုံး၊ သုံးလုံးခန့်ကို ဟွမ်ယီအတွက် ထည့်ပေးလိုက်သည်။

လူတိုင်း သူတို့ဝေစုအသီးသီး ရရှိသွားကြပြီးနောက် ဝမ်ပင်းသည် သူ၏ ပန်းကန်ကို ကိုင်ကာ အောက်ထပ်မှ တက်လာခဲ့သည်။ ချင်မို၏ ရှေ့တွင် အိုးရော ပန်းကန်ပါ အချည်းနှီး ဖြစ်

နေသည်ကို မြင်သောအခါ သူက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"မကြိုက်လို့လား"

"စီနီယာအစ်မတွေကို ပေးလိုက်တာပါ"

ချင်မိုက ဘာမှမဖြစ်သလို ပြန်ဖြေလိုက်သည်။ သူကိုယ်တိုင်လည်း ဗိုက်မဆာသေးသည်မှာ အမှန်ပင်။

ထိုအခါ ရန်လီလီမှာ မအောင့်နိုင်တော့ဘဲ သူမ၏ ပေါင်ကို ပုတ်ကာ ရယ်မောတော့သည်။ သူမသည် ရယ်သံကို မနည်းထိန်းရင်း ချင်မိုကို ပြောလိုက်သည်။

"ငါ့ရဲ့ ညီလေးရယ်... မင်း ဘာလို့ ဒီလောက်တောင် အူကြောင်ကြောင်နိုင်ရတာလဲ။ ဒါတွေက ဝိညာဉ်လရောင်ကောက်ညှင်းထုပ်တွေလေ။ ဒီတစ်ပန်းကန်တည်းနဲ့တင် မင်းရဲ့ ကျင့်ကြံမှုက နက်နဲသောနယ်ပယ်နားကို ရောက်သွားနိုင်သလို စင်ကြယ်တဲ့ ခန္ဓာကိုယ်ကိုလည်း ရရှိနိုင်တာ။ ဘာလို့ အားလုံးကို ဟွမ်ယီနဲ့ ကျောက်ချင်းကို ပေးလိုက်ရတာလဲ"

"ဗျာ"

ချင်မိုမှာ ဆွံ့အသွားခဲ့ရသည်။

မကြာမီမှာပင် ဝိညာဉ်အစားအစာဆိုသည့် စကားလုံးမှာ သူ၏ ဦးနှောက်ထဲတွင် လှည့်ပတ်နေတော့သည်။

သူသည် လူတိုင်း၏ ပန်းကန်ထဲမှ ကောက်ညှင်းထုပ်များကို ချက်ချင်း လှမ်းကြည့်လိုက်မိသည်။ အထူးသဖြင့် ကောက်ညှင်းထုပ် အစာသွပ်ထဲမှ ထွက်ပေါ်နေသော ထူးခြားသည့် ဝိညာဉ်

အငွေ့အသက်ကို ခံစားမိလိုက်သည့်အခါ သူ၏ မျက်နှာမှာ တောင့်တင်းသွားတော့သည်။

ဤသည်မှာ သူ၏ဖခင်က သူ့ကို ပထမဆုံး စတင်မိတ်ဆက်ပေးစဉ်က ခံစားခဲ့ရဖူးသော ဝိညာဉ်အစားအစာ၏ အငွေ့အသက်မျိုး အစစ်အမှန်ပင်။

နှမြောစရာ ကောင်းသည်မှာ သူသည် ထိုအရာကို မြည်းစမ်းခွင့် မရလိုက်ခြင်းပင်။ ပျံလွှားငါးကျွန်း၏ သခင်လေး ဖြစ်သော်လည်း သူသည် ဝိညာဉ်အစားအစာကို ယခင်က တစ်ခါမျှ မစားဖူးခဲ့ချေ။

ယခုမှပင် သူ၏ စီနီယာအစ်ကို၊ အစ်မများမှာ သူ၏ ဝေစုကို ရရှိပြီးနောက် ဘာကြောင့် ဤမျှ ကြည်နူးနေကြသည်ကို သူ နားလည်သွားတော့သည်။

အကြီးအကဲ ယွမ်လျောင် စားသောက်ပြီးနောက် ဒုတိယထပ်မှ ထွက်ခွာသွားသည်ကို မြင်

သောအခါ ချင်မိုက ရန်လီလီကို နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"စီနီယာအစ်ကိုရန်... ခုနက ကျွန်တော့်ဆီက ကောက်ညှင်းထုပ် နှစ်လုံး ယူထားတယ်မလား။ မစားရသေးရင် အဲဒါလေး ပြန်ပေးပါလားဗျာ"

"ညီလေး... တစ်ခါပေးပြီးရင် ပြန်တောင်းလို့ မရဘူးလေ။ မင်း... မင်းရဲ့ တူကို ငါ့ပန်းကန်ထဲက ဖယ်စမ်း မဟုတ်ရင် ငါ တကယ် စိတ်ဆိုးမှာနော်။ ချင်မို"

"စီနီယာ... တောင်းပန်ပါတယ်။ ကျွန်တော် ဝိညာဉ်အစားအစာကို မမြည်းဖူးသေးလို့ပါ။ ဒီနှစ်လုံးကိုတော့ ပေးလို့ မရတော့ဘူး"

"ဒီကောင်စုတ်လေး... သတိထားဦး။ ကောက်ညှင်းထုပ်တွေ ဖိတ်ကုန်တော့မယ်။ ဖိတ်ကုန်ပြီ တကယ် ဖိတ်ကုန်ပြီ"

...

ညစာစားပြီးနောက် ဝမ်ပင်းသည် လူတိုင်းကို စကားအနည်းငယ် ပြောကြားပြီး တင်းယွီဆောင်သို့ ပြန်လာခဲ့သည်။ သူသည် တံခါးကို ပိတ်လိုက်ပြီးနောက် မသေမျိုးလေညင်းဝတ်စုံကို စတင် အဆင့်မြှင့်တင်တော့သည်။

ဝမ်ပင်းသည် လူတိုင်းအတွက် အဝတ်အစား နှစ်စုံစီ ပြုလုပ်ပေးထားပြီး ကျန်ရှိသော အရာများကိုမူ သူ၏ အရံအဝတ်အစားများအဖြစ် ထားရှိလိုက်သည်။

ရွှေပြားပေါင်း တစ်သောင်းကျော်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်၏ အသံမှာ အမြဲတမ်းလိုပင် မျှော်လင့်မထားသော အချိန်တွင် ထွက်ပေါ်လာခဲ့တော့သည်။

All Chapters