← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း-(၃၀၄)

ကျိူးလီဇီ ပစ္စည်းတွေထည့်ဖို့သုံးခဲ့တဲ့ကျောပိုးအိတ်က သူမရဲ့ ကျောပိုးအိတ်အဟောင်းပါ။ ကြီးကြီးမားမားမဟုတ်သလို နှစ်ပေါင်းများစွာအသုံးပြုခဲ့လို့ စုတ်ပြဲနေပါတယ်။ လူတွေက ဒါကိုမြင်တဲ့အခါ ကောင်လေးက အမှိုက်ပုံထဲကနေ ကောက်ယူလာတယ်လို့ပဲ ယူဆခဲ့ကြတယ်။

ကောင်လေးဟာ ဗီလာရဲ့အနောက်ဘက်ကိုပြေးသွားဖို့ မိနစ် ၂၀ ကြာတယ်။ ဒီနေရာဟာ လူသူကင်းမဲ့ပြီး နေမကောင်းသူတွေကို ထားရာနေရာ ဖြစ်သည်။

ဒီအဖွဲ့ဟာ ရွာငယ်လေးတစ်ရွာကလာကြပြီး ဇွန်ဘီဗိုင်းရပ်စ်အကြောင်း သိပ်မသိကြဘူး။ ဒါကြောင့် လူတွေက တစ်ယောက်ပြီးတစ်ယောက်ဖျားနာလာကြကာ အများစုက အဖျားကြီးပြီး သေဆုံးသွားတဲ့အခါမှာတော့ ကူးစက်တတ်တဲ့တုပ်ကွေးလို့ပဲ ထင်ခဲ့ကြတယ်။

ဆေးဝါး၊ အစားအစာနှင့် ရေမရှိခြင်းကြောင့် မည်သူကမျှ ဖျားနာရဲခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ဖျားနာသူများကို နောက်ဖေးတွင် သီးခြားခွဲထားခဲ့တယ်။ ၎င်းတို့ကို ထားရှိသည့် အဆောက်အအုံဟာ တစ်ချိန်ကဆို ဗီလာပိုင်ရှင်က သိုလှောင်ရန်အတွက် အသုံးပြုခဲ့သော ဂိုဒေါင်ငယ်တစ်ခုဖြစ်သည်။

အရင်ကဆို ဖျားနာသူ အယောက်နှစ်ဆယ်ကျော်ရှိခဲ့တယ်။ အခုတော့ အထဲမှာ နှစ်ယောက်ပဲကျန်တော့တယ်။ သူ့အစ်မနှင့် သူတို့နဲ့အတူ ကြီးပြင်းလာတဲ့ အိမ်နီးချင်း အစ်ကိုပဲ။

ဒီအချိန်မှာတော့ သူတို့သုံးယောက်ပဲ ဒီအိမ်မှာနေကြတယ်။ ကျန်တဲ့သူတွေအားလုံးက ထွက်သွားဖို့ ပစ္စည်းတွေထုပ်ပိုးနေကြချိန်မှာ ကောင်လေးကတော့ သူ့အစ်မရယ် အိမ်နီးချင်းအစ်ကိုရယ်နဲ့ပဲ အတူနေဖို့ဆုံးဖြတ်လိုက်တယ်။

သူပြန်ရောက်တာနဲ့ တံခါးကိုအမြန်ပိတ်ပြီး ပြတင်းပေါက်တွေကို စစ်ဆေးလိုက်တယ်။ အကြီးအကဲရဲ့ ထွက်သွားမယ့် အစီအစဉ်အကြောင်းကို သူကြားထားတယ်။ အဲဒီဘီလူးတွေကို သတ်မယ့်သူသာမရှိရင် အနာဂတ်မှာ ဒီနေရာက ဘာဖြစ်လာမလဲဆိုတာ သူမသိဘူး။ ဒါကြောင့် ပြတင်းပေါက်တွေကို ပိတ်ပြီး တံခါးကိုလည်း တစ်ခုခုနဲ့ ပိတ်ဆို့လိုက်တယ်။

သူတို့ဘေးကင်းကြောင်း သေချာသွားတော့မှ ကျောပိုးအိတ်ကိုဖွင့်ပြီး ဆေးနှင့်ရေကို သူထုတ်ယူလိုက်သည်။ ကျန်တဲ့အရာများကို အရင်စစ်ဆေးပြီးမှ သူ့အစ်နှင့် အိမ်နီးချင်းအစ်ကိုကို ရေတိုက်လိုက်တယ်။

ဘီစကွတ် ၁၂ ထုပ်၊ ကင်ထားသော အခွံမာသီးအိတ်တစ်အိတ်၊ ချောကလက်နှစ်ထုပ်၊ ပရိုတင်းဘားအချို့၊ အဖျားနှင့် အအေးမိအတွက် ဆေး၄ပုလင်းနှင့် ရေဗူး ၁၀ဗူးတို့ ပါဝင်သည်။ ၎င်းတို့အပြင် ဘေးအကန့်တစ်ခုတွင်လည်း အကြည်ရောင် အမြုတေများစွာရှိသည်။

အမြုတေတွေကို ဘာအတွက်သုံးလဲဆိုတာ သူ မသိပေမယ့် ပစ္စည်းတွေဝယ်ဖို့ သုံးနိုင်တယ်လို့တော့ ကြားဖူးတယ်။ အကြီးအကဲနှင့်သူ့အဖွဲ့သားတွေ ဘီလူးတွေကိုသတ်ဖို့ ထွက်သွားပြီးတဲ့အခါကြရင် အမြုတေတွေကို ပြန်ယူလာကြပြီး ဖြတ်သွားတဲ့လူတွေဆီက အစားအစာနဲ့ လဲလှယ်ကြတယ်။

ဒီပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ သိတဲ့ ကောင်လေးက မျက်ရည်တွေကျနေပြီး "ကျေးဇူးပါ အစ်မ" လို့ တိုးတိုးလေးပြောလိုက်တယ်။

သူ့ရဲ့ ကျေးဇူးရှင်နာမည်ကိုတောင် သူ မသိပါဘူး။ ဒါပေမယ့်လည်း သူမရဲ့မျက်နှာကို သူ မှတ်မိနေမှာဖြစ်ပြီး တစ်နေ့နေ့မှာတော့ သူမကို ပြန်ပေးဆပ်မှာပါ။

ခြံဝင်းမှထွက်ခွာလာတဲ့ နတ်ဆိုးအဖွဲ့က ပင်းကျန်းမြို့သို့ ခရီးဆက်ခဲ့သည်။

မြို့အနီးတွင် ဇန်ဇီရေကန်ဟုခေါ်သော သဘာဝရေကန်တစ်ခုရှိသည်။ ဤရေကန်ရဲ့ အနောက်တောင်ဘက်တွင် ပင်းကျန်းမြို့၊ မြောက်ဘက်တွင် ကျင်းကွေမြို့နှင့် အရှေ့ဘက်တွင် ကုစုမြို့တို့ ဝန်းရံထားသည်။

မြို့သုံးမြို့အနီးတွင် ရေကန်တည်ရှိသောကြောင့် ဒုတိယအကြိမ်မိုးရွာပြီးနောက်မှာတော့ မျိုးရိုးဗီဇပြောင်းလဲသွားသော တိရစ္ဆာန်များက ထိုဒေသများတွင် သောင်းကျန်းကြမည်ဖြစ်သည်။ ဤဒေသတွင် အန္တရာယ်များတိုးလာမည်ဖြစ်သော်လည်း ဗီဇပြောင်း တိရစ္ဆာန်များက ဇွန်ဘီတိရစ္ဆာန်များနှင့်မတူဘဲ သူတို့ကို စားသုံးနိုင်သောကြောင့် အစားအစာများကုန်သွားမည်ကို စိတ်ပူစရာမလိုပါဘူး။

ဒီအကြောင်းကိုစဉ်းစားမိတော့ ကျိူးလီဇီက သူမရဲ့စေ့စပ်ထားသူဘက်လှည့်ပြီး "အစ်ကိုယန်း၊ ဇန်ဇီရေကန်ကို သွားလည်လို့ရမလား" လို့ မေးလိုက်တယ်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက "အာဇီ ၊ ငါးဖမ်းချင်လို့လား" လို့ မေးလိုက်တယ်။

ကျိူးလီဇီက ခေါင်းညိတ်ပြီး "ကျွန်မတို့ ရေကန်တူးလို့ရတယ်‌လေ ဒါမှမဟုတ်ရင်လည်း ကျွန်မရဲ့နေရာလွတ်ထဲက ရေသွင်းမြောင်းတွေထဲမှာ ငါးတွေ မွေးမြူလို့ရတယ်။ ဒီနည်းနဲ့ဆို အနာဂတ်မှာ ကျွန်မတို့စားဖို့ ငါးတွေ ရှိလိမ့်မယ်" လို့ ပြောလိုက်တယ်။

သူတို့ရဲ့ အနာဂတ်ကလေးတွေအကြောင်း စဉ်းစားမိတဲ့အခါမှာ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ။ သူတို့ ပိုမြန်မြန်မျိုးပွားနိုင်အောင် ကိုယ်တို့က များများဖမ်းသင့်တယ်" လို့ ပြောလိုက်တယ်။

သူတို့က နှစ်အနည်းငယ်အတွင်းမှာ ကလေးယူဖို့ပြင်ဆင်နေကြောင့် သူ့ရဲ့အာဇီ၏ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးဖို့ လိုအပ်လိမ့်မယ်။

"ပြဿနာမရှိပါဘူး" ဟု သူမက အလွယ်တကူပဲ သဘောတူလိုက်သည်။

သူတို့နှစ်ယောက် အစီအစဉ်ဆွဲနေတုန်းမှာ ကုရှကျယ်နှင့် ရုန်မိုအာတို့က လင်အန်းနှင့်ယွန်ရှန်မြို့ကြားက နယ်စပ်ကို ရောက်နေပါပြီ။

နတ်ဆိုးအဖွဲ့နဲ့မတူဘဲ သူတို့ကတော့ အနားယူဖို့ လမ်းမှာ မရပ်တန့်ခဲ့ပါဘူး။ လမ်းတစ်လျှောက်မှာ သူတို့က ဓာတ်ဆီဖြည့်ဖို့နှင့် ရိက္ခာတွေထပ်ယူဖို့အတွက်ပဲ ဓာတ်ဆီဆိုင်တွေမှာ ရပ်နားခဲ့ကြတယ်။ SUV ကားမှာ ပစ္စည်းအများကြီး တင်ဆောင်နိုင်တဲ့ အမိုးတန်းတစ်ခု တပ်ဆင်ထားပါသည်။

ဓာတ်ဆီဆိုင်က မီနီမားကတ်တစ်ခုကိုတွေ့တိုင်း သွားကြည့်ကြတယ်။ ပြန့်ကျဲနေတဲ့ ဇွန်ဘီတွေကို သတ်ပစ်ပြီး စင်ပေါ်က ပစ္စည်းတွေယူမယ့်အစား ဂိုဒေါင်ကိုပဲ တန်းသွားကြတယ်။

ဒါက သူတို့ရဲ့ခရီးစဉ်ကို နှောင့်နှေးစေခဲ့ပေမယ့် သူတို့မှာ ရိက္ခာတွေ မကုန်သွားဘူးဆိုတာကိုတော့ သေချာစေခဲ့ပါတယ်။ ရုန်မိုအာရဲ့မိသားစုကိုသာ ရှာတွေ့နိုင်ခဲ့ရင် ရိက္ခာတွေက သူတို့အတွက် ပိုပြီးတောင် လိုအပ်လာဦးမှာပါ။

သူတို့နှစ်ယောက်က ယွန်ရှန်မြို့ရဲ့ ဆင်ခြေဖုံးကိုရောက်တဲ့အထိ မောင်းလာခဲ့ကြတယ်။ ပြီးတော့ ကုရှကျယ်က “မိုးအာ၊ ညအိပ်ဖို့ နေရာရှာရအောင်” လို့ ပြောလိုက်တယ်။

"အိုကေ"

နောက်ထပ် တစ်နာရီလောက် ဆက်မောင်းပြီးတဲ့နောက်မှာတော့ လမ်းဘေးတစ်လျှောက်မှာ အဆောက်အဦး အတော်များများကို တွေ့လိုက်ရသည်။ အဲဒီနေရာက မြို့လယ်လောက် လူဦးရေ မထူထပ်တာကြောင့် ဇွန်ဘီတွေ နည်းပါးသွားတယ်။

"ရှကျယ်၊ ဘယ်ဘက်ခြမ်းမှာ အိမ်ငယ်လေးတစ်လုံးရှိတယ်။ အဲဒီမှာ နေကြရအောင်" ဟု ရုန်မိုအာက အကြံပြုသည်။

ကုရှကျယ်က ခေါင်းညိတ်ပြီး ကားကို အိမ်ဘက်သို့ မောင်းလာခဲ့သည်။ ကားရပ်ပြီးနောက်မှာတော့ နှစ်ယောက်သားက ကျိူးလီဇီ ပြင်ဆင်ပေးထားသော ကျောပိုးအိတ်များကိုယူကာ အပိုပစ္စည်းများကိုထုပ်ပိုးလို့ ထွက်ခွာလာကြသည်။ သူတို့မှာ အာကာသစွမ်းရည်မရှိသောကြောင့် ကားကိုတော့ ဝင်ပေါက်အနီးတွင် ရပ်ထားကာ စောင့်ကြည့်နေဖို့ ဆုံးဖြတ်လိုက်သည်။

သူတို့ရဲ့ ဓားမြှောင်တွေကိုဆုပ်ကိုင်ထားပြီး ကုရှကျယ်က "မိုအာ၊ ငါ့နောက်မှာ နေ" လို့ ပြောလိုက်တယ်။

အခုဆို သူက အဆင့်တစ်ရောက်နေပြီဆိုတော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ရုန်မိုအာထက် မနည်းပါဘူး။ သူ့ရဲ့ ရောနှောတိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာဆို သူ့ရဲ့တုံ့ပြန်မှုက သူမထက် ပိုမြန်ပါတယ်။

တံခါးမဖွင့်ခင်မှာ သူ့ရည်းစားကို ခေါင်းညိတ်ပြလိုက်တယ်။ သူ တံခါးကိုဖွင့်လိုက်တာနဲ့ မြားတစ်စင်းက သူ့ဆီကို အမြန်နှုန်းမြင့်မြင့်နဲ့ ဝင်လာသည်။ အန္တရာယ်ကို ခံစားမိပြီး သူ့ရဲ့ဓားမြှောင်ကို အလိုလို မြှောက်လိုက်တယ်။

" ကလန် ဒုန်း"

မြားက ဓား‌မြှောင်ကြောင့် လမ်းကြောင်းပြောင်းသွားပြီး နံရံထဲကို ခပ်နက်နက် စိုက်ဝင်သွားတယ်။ အမှောင်ထဲကနေ လူတစ်ယောက် ထွက်လာပြီး "ဒီနေရာကို သိမ်းပိုက်ထားတယ်။ ထွက်သွား" လို့ အေးစက်စက်နဲ့ပြောလိုက်တယ်။

ရင်းနှီးသောအသံကိုကြားသောအခါတွင် ရုန်မိုအာက အံ့အားသင့်သွားသည်။ ကုရှကျယ် မတားဆီးနိုင်မီတွင်ပဲ သူမက အရှေ့ကိုတိုးသွားပြီး "ဝမ်းကွဲလား" ဟု မေးလိုက်သည်။

သူမကိုမြင်တော့ အမျိုးသားကလည်း ကြောင်အသွားပြီး မယုံနိုင်စွာနဲ့ မေးလာတယ် "မိုအာ၊ အဲဒါ မင်းလား"

ဒါကိုကြားလိုက်ရတဲ့အချိန်မှာ ရုန်မိုအာက အရှေ့ကိုပြေးသွားပြီး သူ့ကိုဖက်လိုက်တယ်။

အခန်း-(၃၀၅)

ဘာတွေဖြစ်နေလဲဆိုတာမြင်တော့ ကုရှကျယ်က ခဏလောက် မှင်သက်သွားတယ်။ သူမက အဲဒီလူကို ဝမ်းကွဲလို့ခေါ်တာကြားပေမယ့် သူ့ရည်းစားက တခြားယောက်ျားတစ်ယောက်ကို ဖက်ထားတာကိုမြင်တော့ သူမှာ မသက်မသာဖြစ်နေတယ်။

သူ့ရည်းစားရဲ့ မနာလိုမှုကိုမသိတဲ့ ရုန်မိုအာကတော့ သူ့ဝမ်းကွဲကို ခဏလောက် ဖက်ထားပြီးနောက်မှ လွှတ်ပေးလိုက်ကာ "ဝမ်းကွဲ၊ ဘာလို့ဒီမှာရှိနေတာလဲ ၊ ကျွန်မမိဘတွေကို တွေ့ပြီးပြီလား။ တခြားသူတွေကော" လို့ မေးလိုက်တယ်။

သူမရဲ့မေးခွန်းတွေကိုကြားတော့ ရုန်ချင်ယုက ခဏလောက်တိတ်ဆိတ်သွားပြီးမှ အက်ကွဲကွဲအသံနဲ့ပြန်ဖြေလိုက်တယ် "မိုအာ၊ မင်းရဲ့မိဘတွေ... သူတို့က ဇွန်ဘီတွေဖြစ်သွားကြတယ်"

"ဝမ်းကွဲအစ်ကို၊ အစ်ကို ဘာကိုဆိုလိုတာလဲ" ရုန်မိုအာ အံ့အားသင့်သွားသည်။

ရုန်ချင်ယုက ခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်တယ် "ငါတို့တွေ အဘိုးအဘွားတွေဆီ သွားလည်တုန်းက ငါက အဖျားကြီးခဲ့တယ်။ ရက်အနည်းငယ်ကြာပြီး နိုးလာတော့ အားလုံးက သေကုန်ပြီ"

ရုန်မိုအာ နားလည်နိုင်ဖို့အတွက် အသေးစိတ်အချက်အလက်များကို သူမကို ပြောပြရန် မလိုအပ်ပါ။ သူမရဲ့မိဘများသာ ဇွန်ဘီများအဖြစ် ပြောင်းလဲသွားပါက သူမရဲ့မိသားစုဝင်များအားလုံးကလည်း ၎င်းတို့ရဲ့လက်ချက်ဖြင့် သေဆုံးသွားရန် အလားအလာများပါသည်။

ဒီအချိန်တစ်လျှောက်လုံးမှာ သူမရဲ့မိသားစုက သူမရဲ့ကျောက်ဆူးဖြစ်ခဲ့ပြီး သူမဘဝရဲ့ အရှက်ရဆုံးအချိန်တွေမှာတောင် အသက်ရှင်နေနိုင်ဖို့ အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ သူတို့မရှိတော့ကြောင်းကို သူမသိလိုက်ရသည်။ ဒီလိုအမှန်တရားကို သူမ ဘယ်လိုလုပ်ပြီးလက်ခံနိုင်မှာလဲ။

နောက်တစ်ခဏမှာတော့ သူမရဲ့မျက်လုံးတွေ မှိတ်သွားပြီး လဲကျသွားတယ်။

"မိုအာ" ကုရှကျယ် နှင့် ရုန်ချင်ယုက တစ်ချိန်တည်းတွင် အော်လိုက်သည်။

ရုန်ချင်ယု သူမကို မဖမ်းမိခင်မှာပဲ ကုရှကျယ်က သူမကို ပွေ့ချီပြီး ဖက်ထားလိုက်ပါပြီ။ သူမရဲ့ ပါးတွေကို ညင်သာစွာ ပုတ်ပေးပြီး "မိုအာ ၊ ထပါအုံး။ မိုအာ" လို့ နိုးနေသည်။

အနားမှာရပ်နေတဲ့ ရုန်ချင်ယုက သူ့ကို အနီးကပ်ကြည့်နေတယ်။ ကုရှကျယ်ရဲ့ မျက်လုံးတွေထဲက စိုးရိမ်ပူပန်မှုတွေကို သူမြင်လိုက်ရတယ်။ မိုအာ အပေါ် သူ့ရဲ့စိုးရိမ်ပူပန်မှုက စစ်မှန်ပုံရသည်။

ကုရှကျယ်က သူမရဲ့ အပ်စိုက်ကုထုံးအမှတ်ကို နှိပ်လိုက်ပြီးနောက်မှာပဲ ရုန်မိုအာက နိုးလာပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေတဲ့ သူမရဲ့ ရည်းစား၏ နီရဲနေတဲ့မျက်လုံးတွေကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူမက မျက်ရည်တွေကျလာပြီး သူ့ကို ဖက်လိုက်တယ်။

သူမက အရမ်းစိတ်လှုပ်ရှားပြီး ထပ်မူးလဲသွားမှာကို စိုးရိမ်တဲ့အတွက် ကုရှကျယ်က သူမကို ညင်သာစွာဖက်ထားရင်း ကျောကို ပုတ်ပေးကာ "မိုအာ၊ ငါဒီမှာရှိနေတယ်။ ဘယ်မှ မသွားဘူး။ ငါ မင်းနဲ့အတူ အမြဲရှိနေမယ်" လို့ တိုးတိုးလေးပြောနေလိုက်တယ်။

ဆယ့်ငါးမိနစ်ကြာပြီး နောက်ဆုံးတော့မှ ရုန်မိုအာက စိတ်ငြိမ်သွားသည်။ သူမက ငိုကြွေးနေဆဲဖြစ်သော်လည်း ယခင်ကကဲ့သို့ စိတ်ပျက်အားငယ်ခြင်း မရှိတော့ပေ။

သူမဟာ ကမ္ဘာပျက်ကြီးမှာ တစ်လနီးပါး နေထိုင်ခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်မှုနဲ့ အရှက်ခွဲမှုတွေကိုပါ ခံခဲ့ရပေမယ့် အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ကမ္ဘာကြီးက ငရဲအဖြစ် မပြောင်းလဲသွားခင်ကတုန်းလိုမျိူးတော့ သူမရဲ့စိတ်တွေက ပျက်စီးလွယ်တာမျိူး မဟုတ်တော့ပါဘူး။

အခုဆို သူမရဲ့ မိသားစုတွေ မရှိတော့ပြီဆိုတဲ့အချက်ကို လက်ခံလိုက်ပြီမို့ ပိုပြီးဆင်ခြင်တုံတရားနဲ့ စဉ်းစားလာနိုင်ပါပြီ။ ခေါင်းမော့ပြီး သူမရဲ့ဝမ်းကွဲကိုကြည့်ကာ အက်ကွဲနေတဲ့လေသံနဲ့ "ဝမ်းကွဲ၊ နောက်ထပ်အစီအစဉ်တွေ ရှိလား" လို့ မေးလိုက်တယ်။

ရုန်ချင်ယုဟာ ရှင်သန်နိုင်ဖို့အတွက် တစ်ယောက်တည်း ရုန်းကန်နေခဲ့ရတယ်။ အခုဆို မိသားစုနဲ့ ပြန်လည်ဆုံတွေ့ပြီဆိုတော့ သူ ထပ်ပြီး မခွဲခွာချင်တော့ဘူး။ သူက ခေါင်းခါပြီး "ငါ့ရဲ့အစီအစဉ်က မင်းကို ရှာဖို့ပဲ။ အခုက မင်းကို ရှာတွေ့ပြီဆိုတော့ မင်းသွားလေရာ ငါလိုက်ခဲ့မယ်။ မင်းက အခုဆို ငါ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ပဲ" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကုရှကျယ်က "အစ်ကို၊ အဲဒီလိုဆိုရင် ဒီနေ့တော့ ဒီမှာအနားယူပြီး ကျွန်တော်တို့နဲ့အတူ အခြေစိုက်စခန်းကို ပြန်ကြရအောင်။ မိုအာနဲ့ ကျွန်တော်က ကြေးစားတပ်ဖွဲ့ထဲ ဝင်ထားတော့ ထောက်ပံ့ရေးပစ္စည်းတွေ ဒါမှမဟုတ် နေစရာအတွက် စိတ်ပူစရာမလိုဘူး။ အစ်ကိုသာ ကျွန်တော်တို့နဲ့အတူ လိုက်လာရင် ပိုကောင်းတဲ့ နေထိုင်မှုအခြေအနေတွေ ရှိလာလိမ့်မယ်" လို့ ပြောလိုက်တယ်။

ရုန်ချင်ယုက သူ့ကို စူးစမ်းကြည့်နေပြီး "မင်းက ဘယ်သူလဲ" လို့ မေးလိုက်တယ်။

သူမက သူတို့ကို မိတ်ဆက်မပေးထားမိမှန်း သဘောပေါက်လိုက်တဲ့အခါမှာပဲ ရုန်မိုအာက "ဝမ်းကွဲအစ်ကို ဒါက ကျွန်မရဲ့ ရည်းစား ကုရှကျယ်ပါ။ သူက တက္ကသိုလ်က ကျွန်မရဲ့ စီနီယာပါ" လို့ ပြောလိုက်တယ်။

ဤအချက်အလက်ကိုကြားသောအခါတွင် ရုန်ချင်ယုက မျက်ခုံးပင့်ကာ ခေါင်းညိတ်ပြသော်လည်း ဘာမှတ်ချက်မှ မပေးတော့ပေ။

အနောက်ဘက် မိုးကုပ်စက်ဝိုင်းက နေလုံးကြီးဝင်သွားတဲ့အခါတွင် ကုရှကျယ်က "မိုအာ၊ ငါ မင်းရဲ့အစ်ကိုအတွက် စားစရာသွားယူလိုက်ဦးမယ်" လို့ ပြောပါတယ်။

"အိုကေ"

သူ ကားဆီသွားနေတုန်းမှာ ရုန်ချင်ယုက သူ့ဝမ်းကွဲကို စစ်ဆေးဖို့ အချိန်ရခဲ့သည်။ သူမကို အပေါ်အောက် ကြည့်ပြီးမှ "မိုအာ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ မင်းဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို ငါမသိဘူး။ ဒါပေမယ့် အခုက မင်းအစ်ကိုရောက်လာပြီဆိုတော့ ငါမင်းကို ကာကွယ်ပေးမယ်။ မင်းရဲ့ရည်းစားဖြစ်နေရင်တောင် တခြားသူတွေကို အရမ်းမယုံနဲ့" လို့ ပြောလိုက်တယ်။

ဒီစကားကိုကြားတော့မှ ရုန်မိုအာဟာ သူမရဲ့ဝမ်းကွဲမှာလည်း ရည်းစားရှိပေမယ့် သူမကို မပြောပြခဲ့ဘူးဆိုတာကို သတိရသွားတယ်။ သူတို့ကြားမှာ တစ်ခုခုဖြစ်ခဲ့တာလား။

သူမက စပ်စုချင်သော်လည်း သူမရဲ့ဝမ်းကွဲက သူမကို ပြောဆိုလိုခြင်းမရှိသောကြောင့် မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့စကားကိုကြားတော့ ခေါင်းညိတ်ပြပြီး "ဝမ်းကွဲ၊ ကျွန်မ နားလည်ပါတယ်" ဟု ပြန်ဖြေလိုက်သည်။

မကြာခင်မှာပဲ ကုရှကျယ်က အစားအစာအိတ်တစ်လုံးနဲ့ ပြန်ရောက်လာတယ်။ တံခါးကိုသော့ခတ်ပြီး စားပွဲရယ် ထိုင်ခုံတွေနဲ့ ပိတ်ဆို့ပြီးတဲ့နောက်မှ ပြတင်းပေါက်အားလုံးကို ထပ်စစ်ဆေးလိုက်သည်။ အရာအားလုံးက လုံခြုံကြောင်းကို သေချာအောင်လုပ်ပြီးမှ အခြားသူတွေဆီ လျှောက်သွားလိုက်တယ်။

သူတို့သုံးယောက်က စားပွဲဝိုင်းတစ်ဝိုက်က ထိုင်ခုံတွေမှာ ထိုင်နေကြတယ်။ ကုရှကျယ်က အိတ်ထဲက ဗူးခွံတစ်ခုကို ထုတ်ယူပြီး ရေမဖြည့်ခင်မှာ "အစ်ကို၊ ကျွန်တော်က ရေအမျိုးအစား စွမ်းရည်အသုံးပြုသူပါ။ နောင်တစ်ချိန်မှာ ရေလိုအပ်ရင် ကျွန်တော့်ကို အသိပေးပါ" လို့ ပြောလိုက်တယ်။

ရုန်ချင်ယူက ခေါင်းညိတ်ပြီး "ငါက သတ္တုအမျိုးအစား စွမ်းရည်အသုံးပြုသူပဲ။ တစ်ကြိမ်ကို ရေဘယ်လောက်ထုတ်လုပ်နိုင်လဲ" လို့ မေးလိုက်တယ်။

"အခုအချိန်မှာ ကျွန်တော်က အဆင့်တစ်မှာ ရှိနေတာကြောင့် ကျွန်တော့်ရဲ့ စွမ်းအင်တွေ မကုန်ဆုံးခင်အထိ လီတာ ၁၀၀၀ လောက် ဖန်တီးနိုင်ပါတယ်။ ပြန်လည်ကောင်းမွန်လာဖို့အတွက်က ခုနစ်နာရီ အနားယူဖို့ ဒါမှမဟုတ် အမြုတေ ၅ခု စုတ်ယူဖို့လိုအပ်ပါတယ်" ဟု ကုရှကျယ်က ရှင်းပြသည်။

ဒါကိုကြားတော့ ရုန်မိုအာက အံ့အားသင့်သွားတယ်။ သူမရဲ့ရည်းစားက သူမရဲ့ဝမ်းကွဲကို သူ့ရဲ့စွမ်းရည်အကြောင်း ဒီလောက်အသေးစိတ်အချက်အလက်တွေ မျှဝေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။

သူဟာ သူစိမ်းတွေရှိရင် သတိထားလေ့ရှိပြီး သူ့ရဲ့တကယ့်ရှိရိုးစွဲထက် အားနည်းသလို ဟန်ဆောင်လေ့ရှိပါတယ်။ သူ့ရဲ့ရိုးသားမှုက သူမရဲ့ဝမ်းကွဲကို မိသားစုဝင်တစ်ယောက်လို တကယ်ဆက်ဆံကြောင်း ပြသနေသည်။

သူမက‌တော့ သူ့ရဲ့ယုံကြည်မှုကြောင့် စိတ်လှုပ်ရှားသွားပေမယ့် ရုန်ချင်ယုကတော့ ကုရှကျယ်ရဲ့စွမ်းရည်ကြောင့် အံ့အားသင့်သွားခဲ့သည်။

သူဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ စွမ်းရည်အသုံးပြုသူ အများအပြားအပါအဝင် လူအများအပြားနဲ့ တွေ့ဆုံခဲ့ပါတယ်။ အများစုမှာ အခြေခံစွမ်းရည်တွေရှိပြီး သူတို့ထဲမှ ၃ယောက်လောက်ကသာ သဘာဝစွမ်းရည်တွေ ပိုင်ဆိုင်ထားပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ ရေအမျိုးအစား စွမ်းရည်အသုံးပြုသူပါ။

စွမ်းအင်တွေမကုန်ဆုံးခင် ရေ ၈၀၀ မီလီလီတာလောက်ပဲ ထုတ်လုပ်နိုင်တဲ့သူနဲ့ ယှဉ်ရင် ကုရှကျယ်ရဲ့ စွမ်းရည်က အဆတစ်ရာ ပိုအားကောင်းတယ်။

သူ အတွေးနက်သွားတာကို သတိထားမိတော့ ရုန်မိုအာက "ဝမ်းကွဲ၊ ကျွန်မရဲ့စွမ်းရည်က မီးအမျိုးအစားပဲ။ ဒါပေမယ့် အဆင့်တစ်ကို မတက်နိုင်သေးဘူး" လို့ ပြောလိုက်တယ်။

သူမရဲ့စကားကြောင့်ပဲ ရုန်ချင်ယုဟာ ကြောင်အသွားရာကနေ လွတ်မြောက်လာသည်။ သူက ခေါင်းညိတ်ပြလိုက်ပေမယ့် ဘာမှမပြောဘူး။ သူစကားပြောချင်စိတ်မရှိတာကိုမြင်တော့ သူတို့က သူ့ကိုမနှောင့်ယှက်တော့ဘဲ အစားအသောက်အိတ်ကိုသာ ပေးလိုက်တယ်။

အခန်း-(၃၀၆)

ကုရှကျယ်တို့အဖွဲ့ စားသောက်ပြီးအနားယူနေစဉ်တွင် နတ်ဆိုးအဖွဲ့ဝင်များက ပင်းကျန်းမြို့သို့ ဝင်ရောက်ခဲ့ကြသည်။

တတိယတန်းစားမြို့တော်တစ်ခုဖြစ်တဲ့ ပင်းကျန်းမြို့တွင် မြို့ငါးဆယ်၊ မြို့နယ်ဆယ်မြို့နယ်နှင့် ခရိုင်ခွဲခြောက်ခုအဖြစ် ပိုင်းခြားထားသော ခရိုင်အဆင့်တိုင်းခြောက်ခုရှိသည်။

ဒီအချိန်မှာတော့ သူတို့ဟာ ဧရိယာ ၉၈၀ စတုရန်းကီလိုမီတာသာရှိပေမယ့် လူဦးရေ ၈၅၀,၀၀၀ ကျော်ရှိတဲ့ ခရိုင်တစ်ခုထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီခရိုင်မှာက လူဦးရေများပြားတာကြောင့် ဒီခရိုင်မှာက အနည်းဆုံး ဇွန်ဘီ ၆၀၀,၀၀၀ ကျော်ရှိမယ်လို့ မျှော်လင့်နိုင်ပါတယ်။

သူ့ရဲ့နာရီကို စစ်ဆေးအပြီးမှာ ကျင်းရွှီယန်းက ဝေါ်ကီတော်ကီကို ယူပြီး "အဘိုးကြီးချင်၊ ဒီနေရာကို စစ်ဆေးပြီး ငါတို့ ညအိပ်ဖို့ နေရာရှာပေးပါ" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ" ဟု ချင်လူဇီက ပြန်ဖြေသည်။

သူက စိတ်မြေပုံကို ခဏလောက် စစ်ဆေးပြီးမှ "ကပ္ပတိန်၊ အရှေ့ဘက် မီတာ ၄၀၀ အကွာမှာ ရွာတစ်ရွာရှိနေတယ်၊း" လို့ ပြောလိုက်တယ်။

"အားလုံးပဲ၊ အဲဒီနေရာကို အရင်သွားစစ်ကြည့်မယ်" ဟု ကျင်းရွှီယန်းက ကားကိုလမ်းကြောင်းပြောင်းရင်း ပြောလိုက်သည်။

သူ့နောက်က လိုက်လာတဲ့ နတ်ဆိုးအဖွဲ့ဝင်တွေက "နားလည်ပါပြီ" လို့ ပြန်ဖြေကြတယ်။

သူတို့ နာရီဝက်လောက် မောင်းလာပြီးတဲ့နောက်တော့ လမ်းဘေးမှာ လမ်းဆိုင်းဘုတ်ကို တွေ့လိုက်ရသည်။ ဒီရွာရဲ့ လူဦးရေက ၆၀၀၀ ကျော်ရှိပြီး ဇန်ဇီ ရေကန်အနီးမှာ တည်ရှိပါတယ်။

လမ်းဆိုင်းဘုတ်ကို ဖတ်ပြီးနောက်မှာတော့ ကျိူးလီဇီက "အစ်ကိုယန်း ၊ မနက်ဖြန်ကြရင် ရေကန်ကို သွားလည်လို့ရမလား" ဟု မေးလိုက်သည်။

"ကောင်းပြီ" ကျင်းရွှီယန်းက အလွယ်တကူပဲ သဘောတူလိုက်တယ်။

နောက်ထပ် တစ်နာရီလောက် မောင်းလာပြီးတဲ့နောက်မှာပဲ ရွာဝင်ပေါက်ကို သူတို့မြင်လိုက်ရသည်။ ရောက်တာနဲ့ သံချပ်ကာကားတွေကိုရပ်ပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတယ်။

ကျိူးလီဇီက သံချပ်ကာယာဉ်များကို သူမရဲ့နေရာလွတ်၌ သိမ်းဆည်းလိုက်ပြီးနောက်မှာပဲ ကျင်းရွှီယန်းက သူ့အဖွဲ့ဘက်သို့ လှည့်၍ "အားလုံး သတိထားကြ" ဟု ပြောလိုက်သည်။

နေဝင်သွားပြီး ကောင်းကင်မှာ လရောင်နီနီတွေ ဖြန့်ကျက်လာတဲ့အခါမှာတော့ ဇွန်ဘီတွေဟာ နေ့ခင်းဘက်ထက် ပိုအားကောင်းလာလိမ့်မယ်။ အဖွဲ့ဝင်တွေက သူတို့ရဲ့ လေသေနတ်တွေကိုထုတ်ယူပြီး ရွာထဲကို လျှောက်ဝင်လာရင်း အဖွဲ့လိုက် လှုပ်ရှားကြသည်။

အဖွဲ့ရဲ့အလယ်ဗဟိုတွင် ရပ်နေသော ချင်လူဇီက “ကပ္ပတိန်၊ အရှေ့မှာ ဇွန်ဘီအုပ်စုတစ်စုရှိနေပြီး အိမ်တွေအထဲမှာလည်း ဇွန်ဘီတွေရှိတယ်” ဟု ပြောလိုက်သည်။

သူ့ရဲ့သတိပေးချက်ကိုကြားတော့ အဖွဲ့ဝင်တွေရဲ့မျက်လုံးတွေက တောက်ပသွားတယ်။ သူတို့ဟာ ကားထဲမှာ နာရီပေါင်းများစွာထိုင်နေခဲ့ရပြီး ပျင်းရိနေကြပါပြီ။ အခုတော့ သူတို့ရဲ့ကြွက်သားတွေကို ပြေလျော့ဖို့ အခွင့်အရေးရလာပြီမို့ လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေကြသည်။

သူတို့ ငါးမိနစ်လောက် လမ်းဆက်လျှောက်ပြီးနောက်မှာတော့ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ခါတိုင်းလိုမဟုတ်တော့ဘဲ ဇွန်ဘီတွေကို စောင့်နေတုန်းမှာပဲ ကျင်းရွှီယန်းက "ဒီနေရာကို အမြန်ဆုံးရှင်းလင်းလိုက်" လို့ အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ" အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေကြတယ်။

အမိန့်ကို လက်ခံရရှိတာနဲ့ သူတို့ဟာ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံကို ကြားရတဲ့ လမ်းကြောင်းဆီကို အပြေးအလွှား သွားကြပါတယ်။

သူ့စိတ်မြေပုံထဲက အနီရောင်အစက်လေးတွေ နီးကပ်လာတာကိုမြင်တော့ ချင်လူဇီက ဒူးတွေကိုကွေးပြီး လေထဲကို ခုန်တက်လိုက်တယ်။ လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာ‌တော့ လေဆင်နှာမောင်းတစ်ခုက လေထဲမှာ ပေါ်လာပြီး ဇွန်ဘီတွေဆီကို မြန်ဆန်တဲ့အမြန်နှုန်းနဲ့ ပျံသန်းသွားသည်။

"ရားးးး"

"ဝှစ်ရှ် ဘွမ်း "

လေဆင်နှာမောင်းက ဇွန်ဘီတွေကိုဝင်တိုက်လိုက်ပြီး ဇွန်ဘီအကောင် ၂၀ ကျော်က လေဆင်နှာမောင်းထဲကို စုပ်ယူခံလိုက်ရကာ ကျန်တာတွေက လွင့်ထွက်သွားကြသည်။

နတ်ဆိုးအဖွဲ့ဝင်တွေကတော့ ဇွန်ဘီတွေ လေထဲမှာပျံဝဲနေတာ မြင်တာနဲ့ သူတို့ရဲ့ လေသေနတ်တွေနဲ့ ချိန်ပြီး ပစ်ခတ်ကြပါတယ်။

"ပေါက် ပေါက် ပေါက်"

လရဲ့ အနီရောင်အလင်းကြောင့် ဇွန်ဘီတွေကို သတ်နိုင်ဖို့ကို အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့ရပါတယ်။အသက်ရှင်နေသေးတဲ့ ဇွန်ဘီတချို့ မြေပြင်ပေါ် ပြုတ်ကျလာချိန်မှာတော့ နွယ်ပင်နှစ်ပင်က ရိုက်နှက်ခဲ့သည်။

" ဘုန်း ဘုန်း ဘုန်း"

လင်အန်းမြို့နယ်စပ်မှ ဇွန်ဘီအုပ်နဲ့ နောက်ဆုံးတိုက်ပွဲအပြီးမှာတော့ ကျိုးဟွာကျဲရဲ့ နွယ်ပင်တွေကို ထိန်းချုပ်နိုင်စွမ်းက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ အခုဆို သူ့လက်ရဲ့ လှုပ်ရှားမှုတိုင်းက မြန်ဆန်ပြီး နွယ်ပင်တွေကိုလည်း တိတိကျကျ ရွေ့လျားအောင် ထိန်းချုပ်နိုင်နေပါပြီ။

နွယ်ပင်တွေက ဇွန်ဘီတွေရဲ့လည်ပင်းကို ရိုက်ခတ်ကာ ချက်ချင်းပဲ ဖြတ်ပစ်လိုက်ကြသည်။ အနံ့ဆိုးတွေက ထွက်ပြီး မည်းနက်နေတဲ့ သွေးတွေနှင့် ပုပ်နေတဲ့ အသားတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲသွားတယ်။

သူများထက်သာလွန်လိုခြင်းမရှိသော ကုန်းပိုင်ကတော့ လေဓားသုံးချောင်းကိုဖန်တီးပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်သောအခါ အသားကြိတ်စက်တွင် အသုံးပြုသော ဓားနှင့် ဆင်တူသွားသည်။

သူ့လက်ဖဝါးထက်က လေဓားများက ပိုပိုမြန်ဆန်စွာလည်ပတ်လာသောအခါတွင် သူသည် လေဓါးကို ဇွန်ဘီများဆီသို့ ပစ်လွှတ်လိုက်တယ်။

" ဒုန်း ဒုန်း ဒုန်း "

သူ့ရဲ့စွမ်းရည်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာကြောင့် သူ့ရဲ့ စွမ်းအင်ကို အသုံးပြုပြီး လေဓားတွေကိုထိန်းချုပ်ကာ ဇွန်ဘီတွေကို အသားငါးပိအဖြစ် ပြောင်းလဲလိုက်ပါသည်။

ဒါကိုမြင်တော့ ချန်ချန်ဖုန်းက မျက်မှောင်ကြုတ်ပြီး "အစ်ကိုကုန်း မင်းရဲ့တိုက်ခိုက်မှုကက အရမ်းရွံရှာစရာကောင်းလွန်းတယ်" လို့ ပြောလိုက်တယ်။

"တောင်းပန်ပါတယ်၊ ငါ လေ့ကျင့်နေဆဲပါ" ဟု ကုန်းပိုင်က တောင်းပန်သည့်ပုံစံဖြင့် ပြန်ဖြေသည်။

ဇွန်ဘီတွေကို သတ်ဖြတ်နေရင်းနဲ့ပဲ အရှေ့ကို ဆက်လျှောက်သွားကြတယ်။ မြေပြင်ပေါ်က အသွေးအသားတွေကို သတိထားမိတော့ ရှန်းကျင်းဇီက "အစ်ကို ချန်းဖုန်း၊ ဒီအရာတွေအတွက် တစ်ခုခု လုပ်ပေးလို့ရမလား" လို့ မေးလိုက်တယ်။

ဒီလူမှာက အပျော့စား OCD ရှိတယ်ဆိုတာ သိတော့ ချန်ချန်းဖုန်းက "ငါ သူတို့ကို ဆေးကြောပစ်လိုက်မယ်" လို့ ပြောလိုက်သည်။

သူလက်များကိုမြှောက်ပြီး အဖွဲ့တစ်ခုလုံးရဲ့ရှေ့တွင် တစ်ဝက်စက်ဝိုင်းပုံသဏ္ဍာန် ရေဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

ရေဒိုင်းက ကျိူးလီဇီရဲ့ ရေဒိုင်းလောက် မခိုင်မာပေမယ့် အဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ် ဇွန်ဘီတွေရဲ့ တိုက်ခိုက်မှုကို တားဆီးဖို့တော့ လုံလောက်ပါတယ်။ မြေပြင်ပေါ်က အနက်ရောင်သွေးတွေနဲ့ ပုပ်နေတဲ့ အသားစတွေကို တွန်းထုတ်ဖို့ကတော့ တော်တော့ကို လုံလောက်ပါတယ်။ သူ့ရဲ့ ရေဒိုင်းက ဘူဒိုဇာနဲ့ ဆင်တူတဲ့အတွက် သန့်ရှင်းရေးလုပ်ရတာ ပိုလွယ်ကူစေပါတယ်။

နှစ်နာရီကြာပြီးနောက်မှာတော့ သူတို့ဟာ မီတာ ၅၀၀ ပတ်လည်အတွင်းက လှည့်လည်သွားလာနေတဲ့ ဇွန်ဘီတွေအားလုံးကို နောက်ဆုံးတော့ ရှင်းလင်းနိုင်ခဲ့ပါပြီ။ ပြီးသွားတဲ့အခါမှာပဲ ကျင်းရွှီယန်းက "ဒီနေ့မကုန်ခင် အနီးနားက အိမ်တွေမှာရှိတဲ့ ဇွန်ဘီတွေကို အရင်ရှင်းလင်းလိုက်ပါ" လို့ ပြောလိုက်ပါတယ်။

"ဟုတ်ကဲ့၊ ကပ္ပတိန်"

အိမ်တွေအထဲမှာရှိတဲ့ ဇွန်ဘီတွေအားလုံးကို ရှင်းလင်းဖို့က နောက်ထပ် မိနစ် ၃၀ ကြာခဲ့ပါတယ်။ ရွာဝင်ပေါက်နားက ကွင်းပြင်ထဲမှာ ဇွန်ဘီတွေရဲ့ အလောင်းတွေအားလုံးကို စုရုံး လောက်ပြီးတဲ့နောက်မှာတော့ ကျင်းရွှီယန်းက သူ့ရဲ့ အနက်ရောင်မီးတောက်ကိုအသုံးပြုပြီး အရာအားလုံးကို လောင်ကျွမ်းစေခဲ့ကာ အမြုတေတွေကိုသာ ချန်ထားခဲ့ပါတယ်။

ကျိူးလီဇီက လက်ကိုဝှေ့ယမ်းပြီး အမြုတေအားလုံးကို သူမရဲ့နေရာလွတ်ထဲမှာ သိမ်းဆည်းလိုက်သည်။ သူမရဲ့နေရာလွတ်က ဇွန်ဘီဗိုင်းရပ်စ်ပါတဲ့ အရာအားလုံးကို စွမ်းအင်အဖြစ်ပြောင်းလဲပြီး စုပ်ယူသွားမှာမို့လို့ အမြုတေတွေကို ဆေးကြောဖို့ကို စိတ်မဝင်စားတော့ပါဘူး။

အဝေးဆီက မြေအောက်ခန်းတွေထဲမှာ ပုန်းနေတဲ့ ရွာသားတွေက ဘာမှမမြင်ရပေမယ့် လေဝင်လေထွက်အဖြစ် အသုံးပြုတဲ့ အပေါက်ငယ်လေးတွေကနေတစ်ဆင့် ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံတွေနဲ့ အပြင်မှာ တိုက်ခိုက်နေတဲ့ အသံတွေကိုတော့ ကြားနေရတယ်။

မြေအောက်ခန်းထဲမှ အဘွားအိုတစ်ယောက်က သူ့သားဘက် လှည့်ပြီး "ဒါလန်း၊ အစိုးရက အမေတို့ကို ကယ်တင်ဖို့ စစ်သားတွေ စေလွှတ်လိမ့်မယ်လို့ ထင်လား" လို့ မေးလိုက်တယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

All Chapters