အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
အခန်း-(၃၁၃)
ကျင်းရွှီယန်းက သူ့အပြေးနှုန်းကို ထိန်းချုပ်ပြီး ဇွန်ဘီတွေ သူ့အနောက် သုံးမီတာလောက်ဝေးဝေးမှာ ရှိနေအောင် သေချာလုပ်လိုက်တယ်။ သူ ပြေးနေရင်းဖြင့် ခေါင်းမော့ပြီး လမ်းဘေးက အဆောက်အအုံတစ်ခုရဲ့ ပြတင်းပေါက်ကို ကြည့်လိုက်သည်။
အဆောက်အဦးအတွင်းရှိ လူအတော်များများက သူရဲ့အကြည့်ကြောင့် လန့်ဖြန့်သွားကာ ကုလားကာနောက်တွင် အမြန်ပုန်းလိုက်ကြသည်။သူတို့ထဲပ တစ်ယောက်ကတော့ သူ့ရင်ဘတ်ကိုသူပုတ်ကာ "အစ်ကို ၊ သူ ကျွန်တော်တို့ကိုမြင်တယ်လို့ ထင်လား" ဟုမေးလိုက်သည်။
"မဖြစ်နိုင်ဘူး။ ငါတို့ဆီမှာ အလင်းရောင်မရှိဘူးဆိုတာကို ထည့်မပြောနဲ့တော့၊ အလင်းရောင်ရှိရင်တောင် သူက အဲဒီအဝေးကနေ ကျွန်တော်တို့ကို မြင်နိုင်မှာမဟုတ်ဘူး" လို့ နောက်တစ်ယောက်က ပြန်ဖြေတယ်။
ဒါကိုကြားတော့ လူအုပ်က ခေါင်းညိတ်ပြီး သူတို့ထဲတစ်ယောက်က "အစ်ကို ၊ အဲဒီလူက ဇွန်ဘီတွေကို ဆွဲဆောင်နိုင်ရင် ကျွန်တော်တို့ ဒီနေရာကနေ ထွက်သွားသင့်လား" လို့ မေးလိုက်တယ်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခေါင်းခါပြီး "အခုတော့ မဟုတ်ဘူး။ ညဘက်မှာခရီးသွားရတာက အန္တရာယ်များတယ်။ မနက်ဖြန်မနက်မှ ထွက်သွားမယ်" လို့ ပြန်ဖြေတယ်။
"အိုကေ"
လူအုပ်ကြီးက ဘယ်အချိန်ထွက်ရမလဲ၊ နောက်ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးနေတုန်းမှာ ကျိူးလီဇီနဲ့ နတ်ဆိုးအဖွဲ့ဝင်တွေကတော့ ကျောင်းဧရိယာကို ရောက်နှင့်နေပါပြီ။ ချင်လူဇီ ခန့်မှန်းထားတဲ့အတိုင်းပဲ ကွင်းပြင်ကျယ်ကြီးက ကျောင်းရဲ့ ကားပါကင်နေရာပါ။
သံတံခါးတစ်ခုရှိပေမယ့် တံခါးက ပါးလွှာတာကြောင့် ဇွန်ဘီတွေကို ပိတ်ဆို့ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ အဲဒီနေရာကို ရောက်တဲ့အခါ ရှန်ကျင်းဇီက ဇွန်ဘီတွေဆီကို အပြာရောင်မီးလုံးတစ်လုံး လွှတ်လိုက်ပြီး ကုန်းပိုင်က လေဆင်နှာမောင်းတစ်ခုပစ်လွှတ်လိုက်ပါတယ်။
" ဘုန်းး"
မီးလုံးနှင့် လေဆင်နှာမောင်းတို့ ပေါင်းစပ်သွားသောအခါတွင် မီးလေဆင်နှာမောင်းဖြစ်ပေါ်လာပြီး ဇွန်ဘီများကို သယ်ဆောင်သွားကာ တစ်ချိန်တည်းမှာပဲ ဇွန်ဘီအုပ်စုကြီးတစ်ခုလုံးကိုလည်း သတ်ပစ်ခဲ့သည်။
ဒါကိုမြင်တော့ လီချီရွှမ်က အံ့အားသင့်သွားတယ်။ ဇွန်ဘီတွေနဲ့တိုက်ခိုက်တဲ့အခါကြရင် သူ့ကိုယ်သူပဲ အားကိုးရမယ်လို့ သူအမြဲတွေးခဲ့တယ်။ သူအားကောင်းမှသာ ရှင်သန်နိုင်ခြေပိုများမယ်ပေါ့။
ထို့ကြောင့် တိုက်ပွဲအတွင်းတွင် အဖွဲ့ဝင်များရဲ့ စွမ်းရည်များအာစ မည်သို့ပေါင်းစပ်ထားတယ်ဆိုတာကို မြင်သောအခါမှာတော့ မယုံနိုင်သလိုပဲ သူ ခံစားနေရသည်။
သူတို့မှာ ကောင်းမွန်တဲ့ နားလည်မှုတွေ ရှိဖို့လိုရုံသာမကဘဲ တစ်ယောက်ရဲ့ အားသာချက်တွေ အားနည်းချက်တွေကိုလည်း တစ်ယောက်က သိထားဖို့ လိုပါတယ်။ မဟုတ်ရင် သူတို့ရဲ့စွမ်းရည်တွေကို ဒီလောက်အထိ ပြီးပြည့်စုံအောင် ပေါင်းစပ်ဖို့က မဖြစ်နိုင်ပါဘူး။
သူတို့ရဲ့အဖွဲ့လိုက်လုပ်ဆောင်မှုကို သူ ခွဲခြမ်းစိတ်ဖြာနေတုန်းမှာပဲ ဇွန်ဘီတွေဟာ ကွင်းပြင်ကနေ တွန်းထုတ်ခံလိုက်ရပါပြီ။
ဝိန့်ညီအစ်ကိုတို့က မြေပြင်ပေါ်ကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ နောက်တစ်ခဏတွင်တော့ ကျောင်းကို ဝန်းရံထားသော သတ္တုနံရံတစ်ခု မြေပြင်မှပေါ်လာသည်။ သတ္တုနံရံက သုံးမီတာအမြင့်နှင့် ငါးဆယ်စင်တီမီတာ ထူသည်။
သူတို့က အပြင်ဘက်မှ ဇွန်ဘီတွေကို ပိတ်ဆို့ပစ်လိုက်တယ်။ ချင်လူဇီက "ဒီကျောင်းမှာ ဇွန်ဘီ စုစုပေါင်း ၅၀၀၀ ကျော်ရှိတယ်" လို့ ပြောပါတယ်။
"ဂါးးး"
သူ ဒီလိုပြောပြီးမကြာခင်မှာပဲ အိမ်ခေါင်မိုးပေါ်ကနေ ဇွန်ဘီတစ်ကောင်ရဲ့ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်တော့ နာရီစင်ထိပ်မှာ ဇွန်ဘီတစ်ကောင်ရပ်နေတာကို တွေ့လိုက်ရတယ်။
ကျိူးလီဇီက သူမရဲ့ဓားမြှောင်ကိုဆွဲထုတ်ပြီး "ကျွန်မ အဲဒီဇွန်ဘီကို ကိုင်တွယ်လိုက်မယ်။ ကျန်တဲ့သူတွေကတော့ ပတ်ဝန်းကျင်က ဇွန်ဘီတွေကို ဂရုစိုက်လိုက်ကြ" လို့ ပြောလိုက်သည်။
"ကောင်းပြီ" ကျန်းယွမ်က ခေါင်းညိတ်ပြလိုက်သည်။
စကားဆုံးသည်နှင့် သူမက အဆောက်အအုံဆီသို့ အပြေးအလွှားသွားလိုက်သည်။ နာရီစင်အနီးသို့ ရောက်သောအခါမှာတော့ သူမရဲ့စွမ်းအင်ကို ဓားမြှောင်ထဲသို့ စုစည်းလိုက်သည်။ နှစ်စက္ကန့်အတွင်းမှာပဲ ဓားမြှောင်ကို ရေခဲများဖြင့် ဖုံးလွှမ်းသွားသည်။ ရေခဲများက မာကျောလာသလို ဆက်လက်၍လည်းကြီးထွားကျယ်ပြန့်လာသည်။
"ဂါးးး"
ဇွန်ဘီက အိမ်ခေါင်မိုးပေါ်ကနေ ခုန်ဆင်းရင်း လက်တွေကို ဝှေ့ယမ်းလိုက်တယ်။ နောက်တစ်ခဏမှာပဲ ရေခဲလှံနှစ်ချောင်းဟာ သူမဆီကို မြန်ဆန်တဲ့အမြန်နှုန်းနဲ့ ပျံသန်းလာသည်။
ဒါကိုမြင်တော့ ကျိူးလီဇီက ဓားမြှောင်ကို လွှဲလိုက်သည်။ ဒီအချိန်မှာပဲ ဓားမြှောင်ကို ဖုံးအုပ်ထားတဲ့ရေခဲက ဓားရှည်ကြီးတစ်ချောင်းပါတဲ့ တံစဉ်ပုံသဏ္ဍာန် ဖြစ်လာတယ်။
ဓားမြှောင်ကို လက်ကိုင်ရှည်ရဲ့အလယ်ဗဟိုတွင် ထားရှိသည်။ ရေခဲတံစဉ်က နေရောင်ခြည်အောက်တွင် တောက်ပနေပြီး ရေခဲလှံများနှင့် ဆုံတွေ့သောအခါတွင် လှပသော အကွေ့အတိုက်သဏ္ဍာန်တစ်ခု ဖြစ်ပေါ်သွားသည်။
"ကလန့် ကလန့် ခရစ်ပ်"
နှစ်ခုစလုံးက ရေခဲဖြစ်သော်လည်း ရေခဲတံစဉ်ကတော့ ရေစုပုံလာပြီး အပူချိန်လျော့ကျခြင်းမှ ဖွဲ့စည်းထားခြင်းကြောင့် ရေခဲလှံများထက် ပိုမိုမာကျောသည်။
ရေခဲတံစဉ်နှင့် ထိပ်တိုက်တွေ့သည့် ရေလှံတစ်ချောင်းက ပိတ်ဆို့ခံရပြီးနောက်မှာ မြေပြင်ဆီသို့ လွင့်စင်သွားကာ နောက်တစ်ချောင်းကတော့ ထက်ခြမ်းကွဲသွားသည်။
ရေခဲတံစဉ်ကို ကိုင်ဆောင်ထားစဉ်မှာပဲ ကျိူးလီဇီသည် ဤလက်နက်မျိုးကို အသုံးပြုရန်အတွက် သူမပြန်လည်မွေးဖွားလာသကဲ့သို့ ထူးဆန်းသော ရင်းနှီးမှုကို ခံစားလိုက်ရတယ်။
တကယ်တော့ သူမရဲ့ အရင်ဘဝတုန်းကတောင် ဓားမြှောင်ကို သုံးနေကျဖြစ်တာကြောင့် ဒီကြီးမားတဲ့ တံစဉ်ကို သုံးတာက ဒါ ပထမဆုံးအကြိမ်ပါ။ အခုက သူမရဲ့ စွမ်းရည်နဲ့ လုပ်ထားတဲ့ ဒီလက်နက်ကို ကိုင်ဆောင်ထားတာကြောင့် မသင့်လျော်တဲ့ ခံစားချက်မျိူး သူမ၊မခံစားရတော့ပါဘူး။
"ဂါးးး"
ဇွန်ဘီက မြေပြင်ပေါ်ခြေအချမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခြေထောက်အောက်မှာတော့ အက်ကွဲကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
ကျိူးလီဇီက ဇွန်ဘီရဲ့အဝတ်အစားများကို ကြည့်လိုက်ပြီး အဝတ်အစားပေါ်ရှိ တံဆိပ်ကို သတိပြုမိလိုက်သည်။ ထိုဇွန်ဘီက ဆရာတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။
ဇွန်ဘီက ဒူးအနည်းငယ်ကိုင်းလိုက်ချိန်မှာပဲ ရုတ်တရက်ကြီး နေရာမှ ပျောက်ကွယ်သွားသည်။ ဒါကို သတိပြုမိတော့ ကျိူးလီဇီက ထိတ်လန့်သွားပြီး သူမရဲ့ ရေခဲတံစဉ်ကို မြှောက်လိုက်သည်။
"ကလန်"
ဇွန်ဘီရဲ့ ချွန်ထက်တဲ့လက်သည်းတွေက သူမရဲ့မျက်လုံးနဲ့ သုံးလက်မလောက်ပဲ ဝေးတယ်။ သူမ အဆင်သင့်မဖြစ်သေးခင်မှာပဲ သူမရဲ့ခေါင်းကို ချိန်ရွယ်ပြီး ဇွန်ဘီက သူရဲ့ ဘယ်ဘက်လက်ကိုဝှေ့ယမ်း လိုက်တယ်။
ဒါကိုမြင်တော့ တိုက်ခိုက်မှုကိုရှောင်ဖို့ ကျိူးလီဇီက ဘယ်ဘက်ကိုကိုင်းလိုက်ပြီး တစ်ချိန်တည်းမှာပဲ ရေခဲတံစဥ်ကို အားပြုကာ ခန္ဓာကိုယ်ကို ဘေးတိုက်လှည့်လိုက်သည်။သူမရဲ့ ခြေထောက်တွေ မြေပြင်ကိုထိလိုက်တဲ့အခါမှာပဲ ရေခဲတံစဉ်ကို အောက်ကနေ အပေါ်ဆီ အားပြင်းပြင်းဖြင့် ဒေါင်လိုက် လွှဲလိုက်သည်။
" ဒုတ်"
"ဂါးးးး"
ရေခဲတံစဉ်ရဲ့ဓားသွားက ပုစဉ်းရင်ကွဲရဲ့တောင်ပံလောက်အထိပါးပေမယ့် သူမရဲ့ဓားမြှောင်ထက်တော့ ပိုထက်တယ်။ တစ်ချက်တည်းနဲ့ သူမက ဇွန်ဘီရဲ့ဘယ်ဘက်လက်ကို ဖြတ်လိုက်သည်။
ပုပ်ပွနေသော လက်မောင်းက ဘုတ်ခနဲ မြေပြင်ပေါ်ပြုတ်ကျသွားပြီး အနက်ရောင်သွေးမည်းများမှာလည်း မြေပြင်ပေါ်ကိုပက်ဖျန်းသွားသည်။
ဇွန်ဘီက တုံ့ပြန်နိုင်ခြင်း မရှိသေးမီတွင်ပဲ ကျိူးလီဇီက လက်ကို ဝှေ့ယမ်းလိုက်တာ ရေဓားများစွာက ဇွန်ဘီရဲ့လည်ပင်းဆီသို့ ပျံသန်းသွားသည်။ အန္တရာယ်ကို သတိပြုမိတဲ့ ဇွန်ဘီက လက်မောင်းကိုဝှေ့ယမ်းရင်း အနောက်သို့ ခုန်ဆုတ်သွားသည်။
၎င်းရဲ့လက်မောင်းကို ရေခဲအလွှာထူထူဖြင့် ဖုံးအုပ်ထားပြီး ရေဓားများကတော့ ရေခဲဒိုင်းကိုသာ ဖျက်ဆီးနိုင်ခဲ့ကာ ဇွန်ဘီကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခြင်းမရှိခဲ့ပါ။ အနိုင်ရမည်မဟုတ်ကြောင်း သိသကဲ့သို့ပင် ဇွန်ဘီက လှည့်ထွက်ပြေးရန် ကြိုးစားခဲ့သည်။
ဒါကိုမြင်တော့ ကျိူးလီဇီက "ဘယ်ကိုပြေးချင်တာလဲ" လို့ မေးလိုက်တယ်။
သူမတွင် အန္တရာယ်ကနေလွတ်မြောက်နိုင်တဲ့ အခွင့်အလမ်းတစ်ခုအဖြစ် သူမရဲ့နေရာလွတ်ကို အသုံးပြုနိုင်သောကြောင့် တိုက်ပွဲဝင်ရန် သူမက ရဲရဲဝဲ့ဝဲ့ရှိလှသည်။ အန္တရာယ်ကို မစဉ်းစားဘဲ ဇွန်ဘီကိုသာ လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ကျန်းယွမ်က ဒါကိုမြင်တော့ "ခယ်မ၊ မလိုက်သွားနဲ့" လို့ အော်ပြောလိုက်တယ်။
အခန်း-(၃၁၄)
ကျန်းယွမ် စကားမဆုံးခင်မှာပဲ နာရီစင်အဆောက်အဦးထဲကို ဇွန်ဘီ လိုက်လံရှာဖွေဖို့ ကျိူးလီဇီက ဝင်သွားခဲ့ပါပြီ။
ဒါကိုမြင်တော့ ချင်လူဇီက "ဒုတိယကပ္ပတိန်၊ ကျွန်တော် သူ့နောက် လိုက်သွားပါ့မယ်" လို့ ပြောလိုက်တယ်။
ဒီအချိန်မှာပဲ အဖွဲ့ဝင်တွေကလည်း ကျောင်းထဲကရော ကျောင်းအပြင်ဘက်ကပါလာတဲ့ ဇွန်ဘီတွေနဲ့ တိုက်ခိုက်နေကြတယ်။ သူတို့အဖွဲ့က နှစ်ဖက်စလုံးရဲ့ အလယ်မှာ ပိတ်မိနေတာကြောင့် ကျိူးလီဇီနောက်ကို တကယ်မလိုက်နိုင်ကြပါဘူး။
ဒါကြောင့် ချင်လူဇီကို သူမနဲ့အတူ လိုက်သွားစေတာက အခုအချိန်မှာတော့ အကောင်းဆုံးဆုံးဖြတ်ချက်ပဲ။ ကျန်းယွမ်က ခေါင်းညိတ်ပြီး "သူမကို လုံခြုံအောင်ထားပါ" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ"
သူဒီလိုပြောပြီးတဲ့နောက်မှာ သူ့စွမ်းအင်ကို ခြေထောက်တွေပေါ်မှာ စုစည်းလိုက်တယ်။ သူ့ရဲ့ လေအမျိုးအစားစွမ်းရည်နဲ့ သူ့ရဲ့အမြန်နှုန်းကို မြှင့်တင်လိုက်ပြီးရင် သူ့ရဲ့ခယ်မကို လိုက်မီနိုင်တယ်။
တစ်ချိန်တည်းမှာပဲ ကျိူးလီဇီဟာ နာရီစင်ထိပ်ကိုရောက်တဲ့အထိ ဇွန်ဘီကို လိုက်ဖမ်းနေခဲ့တယ်။ နာရီအင်ဂျင်ခန်းကို ဦးတည်တဲ့ တံခါးရဲ့အပြင်ဘက်ကို ရောက်တဲ့အခါမှာတော့ ဇွန်ဘီက ပြေးတာကိုရပ်ပြီး သူမဘက်ကို လှည့်လာတယ်။
ဇွန်ဘီက အခန်းကိုပိတ်ဆို့ထားတာကြောင့် ကျိူးလီဇီရဲ့ မျက်လုံးတွေက သံသယတွေကြောင့် တောက်ပနေတယ်။ မှန်ပါတယ်။ ဇွန်ဘီတွေဟာ အဆင့်လေးအထက် ဒါမှမဟုတ် အထူးစွမ်းရည်သာမရှိရင် လူသားတွေလို တွေးခေါ်နိုင်မှာ မဟုတ်ဘူး။
သူမမြင်တွေ့ရသလောက်တော့ ဒီဇွန်ဘီမှာက ဗီဇပြောင်းလဲထားတဲ့ ရေခဲအမျိုးအစားစွမ်းရည်ပဲရှိတယ်။ ဒါပေမယ့် စိတ်စွမ်းအားအမျိုးအစားစွမ်းရည်ရှိတဲ့ ဇွန်ဘီတွေကသာ အဆင့်လေးအောက်မှာ လူ့ဘဝက မှတ်ဉာဏ်တွေကို ပြန်လည်ရယူနိုင်ခဲ့ကြပါတယ်။
ဇွန်ဘီရဲ့မျက်လုံးတွေထဲကို သူမကြည့်လိုက်တဲ့အခါမှာတော့ အဲဒီမည်းနက်တဲ့မျက်လုံးတစ်စုံထဲမှာ ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုတွေကို သတိထားမိလိုက်တယ်။ ဒါကိုမြင်တော့ သူမက တည်တည်ငြိမ်ငြိမ်နဲ့ပဲ "မင်းဘာတွေဝှက်ထားလဲ" လို့ မေးလိုက်တယ်။
ဇွန်ဘီက သူ့ခန္ဓာကိုယ်ကို နှိမ့်ချပြီး တိုက်ပွဲပုံစံ အနေအထားယူကာ "ဂရ်...ဂရားးး" ခြိမ်းခြောက်သံဖြင့် တိုးတိုးလေး အော်ဟစ်လိုက်သည်။
ကျိူးလီဇီက မျက်လုံးများကိုကျဉ်းမြောင်းကာ ကြည့်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေသော သူမရဲ့လက်နက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သို့သော် သူမ တိုက်ခိုက်နိုင်ခြင်းမပြုမီတွင်ပဲ တံခါးနောက်မှ ငိုကြွေးသံအတိုးတိုးလေးများကို ကြားလိုက်ရသည်။
ဒီအချိန်မှာ ချင်လူဇီ ရောက်လာပြီး သူမရဲ့အနောက်မှာ ရပ်နေတယ်။ သူ့ရဲ့စိတ်မြေပုံကို ကြည့်လိုက်တော့ ဒီနာရီစင်ထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ အများကြီးတွေ့လိုက်ရလို့ သူအံ့သြသွားတယ်။ ဒါက ကျောင်းတစ်ကျောင်းဖြစ်တဲ့အတွက် အထဲမှာ အသက်ရှင်ကျန်ရစ်တဲ့သူတွေက ကလေးတွေပဲ ဖြစ်လောက်တယ်။
ဇွန်ဘီက သူ့ကိုမြင်တဲ့အခါမှာတော့ ထွက်သွားဖို့ သတိပေးသလိုမျိူး ဟိန်းဟောက်လိုက်တယ်။
"ဂါးးး"
ဒါကိုမြင်တော့ ကျိူးလီဇီက ခဏလောက်စဉ်းစားလိုက်ပြီးမှ "ကလေးတွေကို ကျွန်မတို့ ထိခိုက်အောင် မလုပ်ပါဘူး။ သူတို့ကို အသက်ရှင်စေချင်ရင် ကျွန်မနဲ့ ကျွန်မအဖွဲ့က သူတို့ကို ခေါ်သွားမှာကို ခွင့်ပြုပေးရမယ်။ သူတို့ ဒီမှာ မနေနိုင်ဘူး" လို့ ပြောလိုက်တယ်။
"ဂါးးး"
ဇွန်ဘီက နောက်ထပ်သတိပေးဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ကျိူးလီဇီသည် ဤဇွန်ဘီဟာ လူသားဘဝမှ မှတ်ဉာဏ်များ ပြန်လည်ရရှိခြင်း သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးလာခြင်း မရှိကြောင်း သေချာသွားခဲ့သည်။ သူ့ရဲ့ အပြုအမူများအားလုံးက ဇွန်ဘီမဖြစ်မီကရှိခဲ့သော အပြင်းထန်ဆုံးဗီဇကြောင့် ဖြစ်သည်။
ဇွန်ဘီအဖြစ်ပြောင်းလဲသွားသူအများစုက စွမ်းအားကို တောင့်တကြတယ် ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ကြတယ်။ ဒါကြောင့် ဒီလူတွေဆီကနေ ပြောင်းလဲလာတဲ့ ဇွန်ဘီတွေဟာ ပိုမိုအားကောင်းတဲ့ စွမ်းရည်တွေနဲ့ ရှင်သန်မှုဗီဇတွေ ရှိကြပါတယ်။
ဒါပေမယ့် ကလေးတွေကိုကာကွယ်ဖို့ သူ့ရဲ့ဗီဇက ဦးဆောင်တဲ့ ဇွန်ဘီတစ်ကောင်ကိုတော့ သူမ ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာပါ။ ဒီအကြောင်း စဉ်းစားမိတဲ့အခါ ဒီဆရာကို လေးစားမိပါတယ်။ သူ ကွယ်လွန်ပြီးတဲ့နောက်မှာတောင် သူ့တပည့်တွေအကြောင်း စဉ်းစားပြီး သူတို့ကို ကာကွယ်ပေးနေတုန်းပါပဲ။
"ခယ်မ၊ ဒီဖုတ်ကောင်ကို ငါတို့မထိန်းနိုင်ဘူး" ဟု ချင်လူဇီက ပြောသည်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး သူ့စကားကို သဘောတူလိုက်တယ်။ ဒီဆရာအပေါ် စာနာမှုနှင့် လေးစားမှုကို ခံစားရပေမယ့်လည်း ဒီအဆင့်နှစ် ဇွန်ဘီကို အသက်ရှင်လျက် ထားခဲ့မှာ မဟုတ်ဘူး။ ထားခဲ့လို့လည်း မရဘူး။
အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ ဒီဇွန်ဘီက ကလေးတွေကို ကာကွယ်ဖို့ သူ့ရဲ့ဗီဇအတိုင်း ဆက်သွားမလားဆိုတာလည်း ဘယ်သူမှ မသိကြဘူး။
အဲဒီလိုဖြစ်ခဲ့ရင်တောင်မှ အချက်တစ်ခုတော့ ကျန်နေခဲ့တယ်။ ဒီဇွန်ဘီက ကလေးတွေကို သားကောင်အဖြစ်မရှာပေမယ့် လူ့အသားကို သတ်ဖြတ်စားသောက်ချင်တဲ့ သူ့ရဲ့ဗီဇကြောင့် လူသားတွေကိုတော့ ဆက်လက်သတ်ဖြတ်နေဦးမှာပဲ။
ဆုံးဖြတ်ချက်ချပြီးနောက်မှာ ကျိူးလီဇီက လက်ကိုမြှောက်လိုက်တော့ ရေခဲအပ်အချို့က ဇွန်ဘီဆီသို့ ပျံသန်းသွားသည်။ ဒါကိုမြင်တော့ ဇွန်ဘီကလည်း တိုက်ခိုက်မှုကို တားဆီးရန် လက်မြှောက်လိုက်သည်။
ယခင်ကနှင့်မတူတာက ရေခဲအပ်များက ဇွန်ဘီကို ထိခိုက်ဒဏ်ရာရစေခြင်းမပြုဘဲ ဇွန်ဘီရဲ့လက်မောင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ရေခဲအပ်များက ဇွန်ဘီရဲ့ခန္ဓာကိုယ်အထဲသို့ ဝင်ရောက်သွားသည်နှင့် ရေခဲအလွှာတစ်ခုက ဇွန်ဘီရဲ့လက်မောင်းပေါ်တွင် ရုတ်တရက်ပေါ်လာကာ မြန်ဆန်သောအမြန်နှုန်းဖြင့် ပျံ့နှံ့သွားခဲ့သည်။
"ဂါးးး"
ဇွန်ဘီက ထိတ်လန့်တကြားဖြင့် ဟိန်းဟောက်လိုက်ပြီး ခန္ဓာကိုယ်ကို လူးလွန့်ကာ လှုပ်ခါနေသည်။ ရေခဲတွေ ပိုမပြန့်နှံ့သွားအောင် ပခုံးကိုတောင် ကိုက်ဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့် အဲဒီလို မလုပ်ခင်မှာပဲ သူ့ခန္ဓာကိုယ်တစ်ဝက်က ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားခဲ့တယ်။
သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲအဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် ကျိူးလီဇီက ဇွန်ဘီရဲ့မျက်လုံးများကို ကြည့်ပြီး "ကလေးတွေကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ အနားယူဖို့ အချိန်ရောက်ပါပြီ။ နှုတ်ဆက်ပါတယ်" ဟု ပြောလိုက်သည်။
" ဒုတ်"
စကားဆုံးသည်နှင့် သူမရဲ့ ရေခဲတံစဉ်ကိုလွှဲကာ ဇွန်ဘီရဲ့ ခေါင်းကို ဖြတ်လိုက်သည်။ ဦးခေါင်းက မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်နှင့် ထိုဇွန်ဘီရဲ့တောင့်ခဲနေသော ခန္ဓာကိုယ်ကလည်း မှန်တစ်ချပ်ကဲ့သို့ ကွဲအက်သွားပြီး မြေပြင်ပေါ်သို့ တစစီကျသွားသည်။
ဒါကို ဘေးကနေကြည့်နေတဲ့ ချင်လူဇီဟာ မှင်သက်သွားမိတယ်။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ကျိူးလီဇီက ဒီလောက်အထိတိုးတက်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူတို့အဖွဲ့ထဲကို သူမစဝင်လာတုန်းက သူမက တခြားစွမ်းရည်အသုံးပြုသူတွေထက် ပိုအားကောင်းနေပြီးသားပဲ။
သူမရဲ့ စွမ်းအားက အားကောင်းပေမယ့် အံ့သြစရာအကောင်းဆုံးအပိုင်းကတော့ သူမရဲ့ စိတ်ကူးဉာဏ်ပါပဲ။ စွမ်းအင်နည်းနည်းနဲ့ ပိုမိုပြင်းထန်တဲ့ ထိခိုက်မှုဖြစ်စေဖို့အတွက် သူမရဲ့ စွမ်းရည်ကို အမြင့်ဆုံးဖြစ်အောင်လုပ်နိူင်မယ့် နည်းလမ်းကို အမြဲရှာတွေ့ခဲ့တယ်။ ဒီတိုက်ခိုက်ရေးပုံစံက သူ့ကပ္ပတိန်ရဲ့ တိုက်ခိုက်ရေးပုံစံနဲ့ အရမ်းဆင်တူပါတယ်။
ဇွန်ဘီကိုသတ်ပြီးနောက်တွင် ကျိူးလီဇီက အမြုတေကို ကောက်ယူလို့ တံခါးဖွင့်ကာ အထဲသို့ဝင်သွားသည်။ အခန်းထဲကိုဝင်သွားတာနဲ့ လိုက်ရသောမြင်ကွင်းကြောင့် သူမနှင့် ချင်လူဇီ နှစ်ဦးစလုံးဟာ အံ့အားသင့်သွားကြသည်။ ကလေးများနှင့်အတူ ဆရာ၊ ဆရာမများနှင့် ကျောင်းဝန်ထမ်းများဖြစ်သည့် လူကြီးအချို့လည်း ရှိနေသည်။
အခန်းထဲမှာက အနံ့အသက်ဆိုးတွေ အရမ်းထူထပ်နေတာကြောင့် ပျို့ချင်ချင်ဖြစ်စေတယ်။ လူသေအလောင်းတွေအပြင် ရေဆိုးပုံးအတော်များများလည်း ရှိနေတယ်။
သူစိမ်းနှစ်ယောက်က အခန်းထဲဝင်လာတာကိုမြင်တော့ လူကြီးတွေက ကလေးတွေကို သူတို့အနောက်မှာ ဝှက်ထားပြီး သတိထားကြည့်နေကြတယ်။
ဒါကို သတိထားမိတော့ ကျိူးလီဇီက "ကျွန်မတို့က ကြေးစားတပ်ဖွဲ့ဖြစ်ပြီး ဇွန်ဘီတွေကို ရှင်းထုတ်ဖို့ ဒီကိုရောက်လာတာပါ။ အခု ရှင်တို့ ဘေးကင်းပါပြီ" လို့ ပြောလိုက်တယ်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆရာတစ်ယောက်က တိုးတိုးလေးမေးလိုက်တယ် "အစိုးရက စေလွှတ်လိုက်တာလား"
ကျိူးလီဇီက သူတို့ကို ကြည့်ရင်း လက်ကို လှုပ်ရှားလိုက်တော့ ရေခဲတံစဉ်က ပျောက်ကွယ်သွားသည်။
အခန်း-(၃၁၅)
ကျိူးလီဇီက သူမရဲ့ဓားမြှောင်ကို ကျောပိုးအိတ်ထဲထည့်လိုက်ပြီး "ကျွန်မတို့က ဖြတ်သွားရင်း ဇွန်ဘီတွေကို ရှင်းလင်းနေတာပါ။ အစိုးရကမရှိတော့ဘူး။ ဒီနေရာကနေ ထွက်သွားဖို့ကို နည်းလမ်းရှာသင့်တယ်။ ကယ်ဆယ်ရေးကို နောက်ထပ်မစောင့်နဲ့။ ဘယ်သူကမှ ရှင်တို့ကို လာကယ်မှာမဟုတ်ဘူး" လို့ ပြန်ဖြေလိုက်တယ်။
ဒါကိုကြားတော့ လူကြီးတွေက အံ့အားသင့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြတယ်။ သူတို့သည် ဆရာ၊ ဆရာမများပီပီ မိမိတို့ရဲ့ တာဝန်ဝတ္တရားကြောင့်သာမက အစိုးရက ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြသောကြောင့် ထိုနေရာတွင်ပင် ဆက်နေရန် အခိုင်အမာ ဆုံးဖြတ်ခဲ့ကြသည်"
အခုက အစိုးရမရှိတော့ဘူးဆိုတော့ ဘယ်သူက သူတို့ကို လာကယ်မှာလဲ။အကယ်လို့များ သူတို့ကသာ ဒီနေရာက ထွက်သွားခဲ့မယ်ဆိုရင် အသက်ရှင်နိုင်ခြေရှိပေမယ့် ကလေးတွေကကော။
အစားအစာ ဒါမှမဟုတ် ရေရှာမတွေ့ရင် သူတို့ရဲ့ကာကွယ်မှုသာမရှိရင် အဲဒီဘီလူးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကလေးတွေက ထွက်ပြေးနိုင်မှာမဟုတ်ဘူး။
ဒီအကြောင်းကိုစဉ်းစားမိတဲ့အခါမှာ ဆရာ၊ ဆရာမတွေက ကလေးတွေကို ချန်ထားခဲ့ဖို့ မလိုလားကြတော့ပေမယ့် ဝန်ထမ်းတွေကတော့ တွန့်ဆုတ်နေကြပါတယ်။ သူတို့က သာမန်ဝန်ထမ်းတွေသာဖြစ်ပြီး ဆရာ၊ ဆရာမတွေလို တာဝန်ယူစိတ်မရှိကြပါဘူး။ သူတို့ရဲ့ ပထမဦးစားပေးက ကလေးတွေမဟုတ်ဘဲ သူတို့ကိုယ်တိုင်ရဲ့ ရှင်သန်ရပ်တည်ရေးပါ။
အားသာချက်၊ အားနည်းချက်များကို စဉ်းစားပြီးနောက်တွင် ဝန်ထမ်းများက အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ထဲကတစ်ဦးက "ရဲဘော်၊ အပြင်မှာက အခြေအနေ ဘယ်လိုရှိလဲ" ဟု မေးလိုက်သည်။
ကျိူးလီဇီက သူတို့ရဲ့အတွေးတွေကို ခန့်မှန်းနိုင်ပြီး သူတို့ကို အပြစ်မတင်ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ ကမ္ဘာပျက်ကြီးမှာဆို လူကောင်းတွေက အမြန်ဆုံးသေဆုံးသွားကြပြီး ကြင်နာမှုကတော့ ဇိမ်ခံပစ္စည်းတစ်ခုပါပဲ။
"ကျွန်မတို့အဖွဲ့က အပြင်မှာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်နေတုန်းပါပဲ။ဒါပေမယ့် ဒီအဆောက်အဦးမှာက ဇွန်ဘီ မရှိပါဘူး။ လောလောဆယ်တော့ ဒီနေရာက အလုံခြုံဆုံးပါပဲ။ ဇွန်ဘီတွေကို သတ်လို့ပြီးရင် ဒီနေရာကနေ ထွက်သွားလို့ရပါပြီ" လို့ သူမက ပြန်ဖြေလိုက်တယ်။
သူမ ဒီလိုပြောပြီးတဲ့နောက်မှာ ခဏလောက် ရပ်တန့်သွားပြီး "ဒီအခန်းထဲက သွေးနံ့က ဇွန်ဘီတွေကို ဆွဲဆောင်မိလိမ့်မယ်။ ရှင်တို့ နေရာပြောင်းသင့်တယ်" လို့ ထပ်ပြောလိုက်တယ်။
ဒီစကားကိုကြားတာနဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့အိတ်တွေကို မြန်မြန်ယူပြီး နောက်တောင်လှည့်မကြည့်ဘဲ ထွက်သွားကြသည်။ အစားအစာနဲ့ရေမရှိတာကြောင့် သူတို့ကအားနည်းနေပြီး ခြေလှမ်းတွေမတည်မငြိမ်ဖြစ်နေကြတယ်။
ဒါကိုမြင်တော့ ဆရာ၊ ဆရာမတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ထဲကတစ်ယောက်က "ကလေးတွေကို တခြားနေရာကို ရွှေ့သင့်တယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျန်တဲ့ဆရာတွေကလည်း ခေါင်းညိတ်ပြီး ကလေးတွေကို ခပ်တိုးတိုးပြောပြသည်။ အသက်ခုနစ်နှစ်ကနေ ဆယ့်တစ်နှစ်ကြား ကလေးတွေ စုစုပေါင်းက ငါးဆယ်နီးပါးရှိတယ်။
ကျောင်းဟာ ဘော်ဒါကျောင်းဖြစ်တာကြောင့် ကလေးတွေနှင့် ဆရာ၊ ဆရာမတွေဟာ ကမ္ဘာပျက်ကပ်ကျရောက်ချိန်မှာ အဆောင်မှာ တည်းခိုနေခဲ့ကြတယ်။ ပထမဆုံးမိုးရွာပြီးနောက်တွင်တော့ အသက်ရှင်ကျန်ရစ်သူ ရာပေါင်းများစွာထဲကမှ သူတို့သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။
ကျိူးလီဇီ သတ်လိုက်တဲ့ ဇွန်ဘီက ကျောင်းအုပ်ဆရာကြီးဖြစ်ပြီး မိုးရေသောက်ပြီးနောက်တွင် ဇွန်ဘီဖြစ်သွားတာကြောင့် ဒါဟာ ကောင်းချီးတစ်ခုလားဆိုတာကို ဘယ်သူမှ မသိပါဘူး။ အဆောက်အဦးကို သူစောင့်ကြပ်နေတဲ့အချိန်မှာ ဘယ်ဇွန်ဘီကမှ သူတို့ကို မတိုက်ခိုက်နိုင်ပေမယ့် အခန်းထဲကလည်း ထွက်သွားလို့မရပါဘူး။
ရက်အနည်းငယ်တိုင်းတွင် သူတို့စားဖို့အတွက် လတ်ဆတ်တဲ့ လူ့အလောင်းတစ်လောင်းကို ကျောင်းအုပ်ကြီးကယူလာပေးတယ်။ ဒါပေမယ့် လူသားတွေအနေနဲ့ သူတို့ဟာ သူတို့ရဲ့လူမျိုးကို ဘယ်လိုလုပ်ပြီးပြန်စားနိုင်မှာလဲ။
ထို့ကြောင့် ဇွန်ဘီက လူသားများကို အမဲလိုက်ရန် ထွက်သွားသည့်အခါမှသာ အစာရှာရန် ခိုးထွက်နိုင်ကြသည်။ ရေအတွက်ကမူ ရေတိုင်ကီထဲတွင် သိုလှောင်ထားသော ရေကိုသာ သောက်သုံးနိုင်သည်။ ရေကို ကျိုချက်ခြင်းမပြုဘဲ သောက်ပြီးနောက်တွင် ဖျားနာသွားနိုင်သော်လည်း ရေဓာတ်ခန်းခြောက်၍ သေဆုံးခြင်းထက်တော့ ပိုကောင်းပါသည်။
တစ်လနီးပါးကြာတဲ့အထိ ဖြတ်သန်းနိုင်မယ်လို့ သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြဘူး။ အခုတော့ ဒီနေ့ရဲ့တစ်နေ့တာ ဒီနေရာရဲ့ နောက်ဆုံးနေ့လိုမျိူး ဖြတ်သန်းရတော့မှာပါ။
ကျိူးလီဇီနှင့် ချင်လူဇီတို့က ကလေးများကို ဒုတိယထပ်ရှိ ခန်းမငယ်တစ်ခုသို့ ခေါ်ဆောင်သွားတာကို ကြည့်နေကြတယ်။
သူတို့နှစ်ယောက်က ဆရာ၊ ဆရာမတွေနှင့် ကလေးတွေနောက်ကို လိုက်သွားတဲ့အခါ ဝန်ထမ်းတွေကတော့ နာရီစင်ကနေ ထွက်ခွာသွားပြီး ထမင်းစားခန်းကို သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဇွန်ဘီတွေက အပြင်ကတိုက်ပွဲဆီမှာ ဆွဲဆောင်ခံထားရတာကြောင့် အဲဒီနေရာကို ဘေးကင်းစွာ ရောက်ရှိနိုင်မှာပါ။
ဝန်ထမ်းတွေသာမပါရင် လူကြီးလေးယောက်ပဲရှိပြီး ကလေးက ငါးဆယ်ရှိတယ်။ ကျွေးရမယ့် ပါးစပ်တွေအများကြီးရှိတာကြောင့် ဆရာ၊ ဆရာမတွေဟာ သူတို့အတွက် လုံလောက်တဲ့ပစ္စည်းတွေ ရှာမတွေ့နိုင်ပါဘူး။
သူ့ချစ်သူရဲ့ ကလေးတွေကို လေ့ကျင့်ပေးမယ့် အစီအစဉ်ကို စဉ်းစားရင်း ကျိူးလီဇီက "ဆရာ၊ ကျွန်မမှာ အကြံပြုချက်တစ်ခုရှိတယ်။ ဆရာက နားထောင်ချင်ပါ့မလားတော့ မသိဘူး" လို့ ပြောလိုက်တယ်။
သူမက သူတို့ကို ကယ်တင်ခဲ့တဲ့သူမို့ ဆရာတွေက သူမကို ယုံကြည်ကြပြီး သူတို့ထဲက တစ်ယောက်က "ရဲဘော်၊ မင်းရဲ့စိတ်ထဲရှိတာကို ပြောပါ" လို့ မေးလိုက်တယ်။
"ကျွန်မအဖွဲ့က လင်အန်းအခြေစိုက်စခန်းက လာတာပါ။ အခြေစိုက်စခန်းခေါင်းဆောင်က ကလေးတွေကို သင်ကြားပေးဖို့ အရည်အချင်းရှိသူတွေကို ရှာဖွေနေတယ်။ ရှင်တို့အားလုံးသာ အခြေစိုက်စခန်းကို သွားကြမယ်ဆိုရင် အခြေစိုက်စခန်းက ရှင်တို့ကို ဆရာအဖြစ် ဝမ်းမြောက်စွာ လက်ခံလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ရှင်တို့က အဲဒီမှာ အလုပ်လုပ်နိုင်ပြီး လစဉ်လစာနဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း ရနိုင်ပါတယ်" ဟု ကျိူးလီဇီက ပြောပြသည်။
"အဲဒီမှာက ဘေးကင်းတဲ့နေရာ ရှိလား" လို့ ဆရာတစ်ယောက်က မေးလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး "စခန်းက အစောပိုင်းတည် ဆောက်မှုအဆင့်မှာပဲရှိသေးပေမယ့် အသက်ရှင်ကျန်ရစ်သူတွေအတွက် ဘေးကင်းတဲ့နေရာတစ်ခုဖြစ်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်" လို့ ပြန်ဖြေလိုက်တယ်။
"ကလေးတွေကို ကျွန်မတို့နဲ့အတူ ခေါ်သွားလို့ရမလား" လို့ တခြားဆရာမတစ်ယောက်က မေးတယ်။
"စခန်းက ကလေးတွေအပါအဝင် လူတိုင်းကို လက်ခံပါတယ်။ ဇွန်ဘီတွေကို မတိုက်နိုင်ဘူးဆိုရင် စခန်းမှာ အလုပ်လုပ်နိုင်တယ်။ အရည်အချင်း ဒါမှမဟုတ် ကျွမ်းကျင်မှုသာရှိရင် လစာပိုရပါလိမ့်မယ်။ စခန်းမှာက စည်းမျဉ်းတွေရှိတယ်။ ဒါပေမယ့်လည်း လိုက်နာနေသရွေ့တော့ စားစရာမရှိတာ ဒါမှမဟုတ် နေစရာမရှိမှာကို စိတ်ပူစရာမလိုပါဘူး" ဟု ကျိူးလီဇီက ရှင်းပြသည်။
ဒီစကားကိုကြားတော့ ဆရာ၊ ဆရာမတွေရဲ့မျက်လုံးထဲမှာ မျှော်လင့်ချက်ရဲ့ အလင်းရောင်တွေ တောက်ပလာပြီး ကလေးတွေကတော့ သူတို့ကို ဇဝေဇဝါနဲ့သာ ကြည့်နေကြတယ်။ သူတို့ဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြောက်ရွံ့နေခဲ့ရပြီး တစ်နေ့ကို အစာအနည်းငယ်နဲ့ ရေအနည်းငယ်ပဲ သောက်ခဲ့ရတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက အားနည်းလာပြီး ပိုပြီးလည်းကြောက်ရွံ့တတ်လာကြတယ်။
ဆရာ၊ ဆရာမတွေ ခဏလောက် အချင်းချင်း ဆွေးနွေးပြီးမှ သူတို့ထဲကတစ်ယောက်က "ရဲဘော်၊ ကျွန်တော်တို့အတွက် မြေပုံတစ်ခု ဆွဲပေးနိုင်မလား။ ကလေးတွေကို အခြေစိုက်စခန်းကို ခေါ်သွားပေးပါ့မယ်" လို့ ပြောပါတယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး သူမရဲ့နေရာလွတ်ကနေ ဘောပင်တစ်ချောင်းနဲ့ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်တယ်။ သူမက သူတို့အတွက် ရိုးရှင်းတဲ့မြေပုံတစ်ခုကို ရေးဆွဲပေးလိုက်တယ်။ မြေပုံကို ပေးရင်း ပြောလိုက်တယ် "မြေပုံအတိုင်း လိုက်လုပ်ရုံပါပဲ။ အခြေစိုက်စခန်းက လင်အန်းတက္ကသိုလ်နဲ့ မဝေးပါဘူး"
ဆရာက မြေပုံကိုယူပြီး "ကျေးဇူးတင်ပါတယ် ရဲဘော်" လို့ပြောလိုက်တယ်။
ထွက်ခွာမသွားမီတွင် ကျိူးလီဇီသည် ရေဗူးများစွာ၊ ဘီစကွတ်ဗူးများစွာ၊ အဖျားကျဆေးပုလင်းနှစ်ပုလင်းနှင့် ချောကလက်ထုပ်များစွာကို ထုတ်ယူပေးခဲ့သည်။
"ပစ္စည်းတွေကို သိမ်းထားပါ၊ ကံကောင်းပါစေလို့ ဆုတောင်းပေးတယ်" ဟု အခန်းထဲက ထွက်သွားရင်း သူမက ပြောလိုက်သည်။