အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အခန်း (၁၀)
ကျိန်စာလက်နက်က အလောင်းကောင်ကို ခေါင်းဖြတ်လိုက်ခြင်း
ထိုအခါမှသာ ယွမ်ယန်စားသောက်ဆိုင်တွင် ကျားတစ်ကောင်အားရှိသည့် လက်တစ်ဖက်ပြတ် တပည့်မှာ မည်သို့ သေဆုံးသွားခဲ့ရသည်ကို ချူရွှမ် နားလည်သွားတော့သည်။ သူသည် သွေးမြွေနဂါး ဓားဝိဉာဉ်ဆီမှ ထွက်ပေါ်လာသော မိစ္ဆာချီတစ်ချက်ဖြင့်ပင် အပိုင်းပိုင်း ခုတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
ချူရွှမ်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ကျားတစ်ကောင်အားမျှသာ ရှိသေးသည်။
အကယ်၍ သူသာ တိုက်ရိုက် ရင်ဆိုင်ရမည်ဆိုပါက သွေးမြွေနဂါး ဓားဝိညာဉ်၏ တိုက်ကွက် တစ်ချက်ကိုပင် သူ သေချာပေါက် တောင့်ခံနိုင်မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ အသိစိတ်ကို အာရုံခံနိုင်သော ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ရှိနေခဲ့သည်။
ဝင်ရောက်လာသော မရေမတွက်နိုင်သည့် ဓားအလင်းတန်းများကို ရင်ဆိုင်ရာတွင်...
ချူရွှမ်သည် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာကို သူ၏ရှေ့တွင် အကာအကွယ်အဖြစ် ပြတ်သားစွာ ထားရှိလိုက်သည်။ ထို့နောက်တွင် ဓားအလင်းတန်းများနှင့် ရတနာတို့ ထိတွေ့မိသံများ ထွက်ပေါ်လာပြီး ချူရွှမ်၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေခဲ့သည်။
သူသည် သူ၏ အသက်အတွက်ရော၊ ရတနာ ပျက်စီးသွားမှာကိုရော နှစ်ဖက်စလုံး စိုးရိမ်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာမှာ အလွန်ပင် စွမ်းအားကြီးလှသည်။
မရေမတွက်နိုင်သော ဓားအလင်းတန်းများစွာ ထိမှန်သော်လည်း ၎င်းမှာ လုံးဝ ပျက်စီးခြင်း မရှိခဲ့ပေ။ ယင်းအစား စိန်ခေါ်ခံလိုက်ရသကဲ့သို့ပင် ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာသည် ထိုဓားအလင်းတန်းများကို စတင်၍ ဝါးမြိုပစ်လိုက်တော့သည်။
ထိုရတနာစာအုပ်၏ စာမျက်နှာအသစ်တစ်ခုလည်း ပွင့်လာခဲ့၏။
【သွေးမြွေနဂါး ဓားဝိညာဉ်】
ခုနစ်ပွင့်အဆင့်ရှိသော အပြစ်
မိစ္ဆာချီ ၁၀၀ ရရှိသည်၊ ၂၀၀ ရရှိသည်၊ ၃၀၀...
ဓားအလင်းတန်းများကို ဝါးမြိုလိုက်သည်နှင့်အမျှ ရရှိလာသော မိစ္ဆာချီ ပမာဏမှာလည်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။
မှန်ပါသည်၊ ချူရွှမ်ကို အံ့အားအသင့်စေဆုံးအချက်မှာ ‘ခုနစ်ပွင့်အဆင့်ရှိသော အပြစ်’ ဖြစ်နေခြင်းပင်။
သို့သော်လည်း ဤဓားဝိညာဉ်၏ မူလအစဖြစ်သော သွေးသောက်အရူးဓားမသည် မိစ္ဆာပေါင်း မည်မျှကို သတ်ဖြတ်ခဲ့သနည်းဟု တွေးကြည့်လိုက်သောအခါ ချူရွှမ်မှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့်...
သွေးမြွေနဂါး ဓားဝိညာဉ်မှာ ယခုအခါ စတင်၍ ကြောက်ရွံ့လာခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် ၎င်းသည် ဓားအလင်းတန်းများကို မှုတ်ထုတ်ခြင်း မပြုတော့ပေ။ သို့သော်လည်း ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာက ၎င်းကို လွှတ်မပေးခဲ့ပေ။ စိန်ခေါ်မှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ မိစ္ဆာချီများကို ဆက်လက် ဝါးမြိုနေဆဲ ဖြစ်သည်။
မိစ္ဆာချီ အမြောက်အမြား ဆုံးရှုံးသွားသည်နှင့်အမျှ...
ချူရွှမ်၏ မျက်လုံးထဲတွင် အမြင့် ပေပေါင်းများစွာ ရှိနေသော သွေးမြွေနဂါး ဓားဝိညာဉ်မှာ အလျင်အမြန်ပင် အရွယ်အစား သေးငယ်သွားတော့သည်။
မကြာမီမှာပင် ၎င်းသည် ချူရွှမ်၏ အရပ်အမောင်းခန့်အထိ သေးငယ်သွားပြီး ၎င်း၏ အရှိန်အဝါမှာလည်း အလွန်ပင် အားနည်းသွားတော့သည်။ သွေးမြွေနဂါး၏ မျက်လုံးများထဲတွင်လည်း အဆုံးမရှိသော ထိတ်လန့်မှုများ ပေါ်ပေါက်လာခဲ့၏။
အကယ်၍ ဤအတိုင်း ဆက်သွားမည်ဆိုပါက မိစ္ဆာချီဖြင့် ဖွဲ့စည်းထားသော သွေးမြွေနဂါး ဓားဝိညာဉ်မှာ မကြာမီ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။
ထိုပြိုင်ဘက်ကင်း ကျိန်စာလက်နက်မှာလည်း သံတိုသံစ အပိုင်းအစတစ်ခု ဖြစ်သွားရပေမည်။
ဒါဟာ ချူရွှမ် အလိုရှိတဲ့အရာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ဒီကျိန်စာလက်နက်က သူ့ပိုင်ဆိုင်မှု မဟုတ်သေးဘူး၊ အကယ်၍ သူ ဒါကို ပျက်စီးအောင် လုပ်မိရင် နောက်ကျရင် မြို့စောင့်အကျဉ်းထောင်ဌာနကို ဘယ်လိုမှ ရှင်းပြနိုင်မှာ မဟုတ်ဘူး။ သူ့ရဲ့ လျှို့ဝှက်ချက်တောင် ပေါ်သွားနိုင်တယ်။
သွေးမြွေနဂါး ဓားဝိညာဉ်မှာ မြေပြင်ပေါ်တွင် တုန်လှုပ်နေရသည့်အထိ စွမ်းအင် စုပ်ယူခံလိုက်ရသည်ကို မြင်သောအခါ၊ ချူရွှမ်သည် သူ၏ အသိစိတ်ကို အသုံးပြုကာ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာကို ပြတ်သားစွာ ရပ်တန့်လိုက်သည်။ ထို့နောက် သွေးမြွေနဂါး ဓားဝိညာဉ်ကို အေးစက်စွာ ပြန်ကြည့်လျက် ဆိုလိုက်သည်။ “နောက်ဆုံး အခွင့်အရေးပဲ... ငါ့ကို နာခံမလား၊ ဒါမှမဟုတ် ပျက်စီးသွားမလား”
ဟိန်းဟောက်သံ
သွေးမြွေနဂါး ဓားဝိညာဉ်သည် အလွန်ပင် မကျေမနပ်ဖြစ်သော ဟိန်းဟောက်သံတစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ထို့နောက် ၎င်းသည် ရုတ်တရက် သွေးရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချူရွှမ်၏ အသိစိတ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ ချူရွှမ်က ၎င်းကို တားဆီးရန် ပြင်ဆင်လိုက်စဉ်မှာပင် သူ၏ အသိစိတ်မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိသွားကြောင်း သိလိုက်ရသည်။
ထို့နောက် အသံတစ်ချက်နှင့်အတူ..သူ၏လက်ထဲမှ သွေးသောက်အရူးဓားမသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားကို ကိုင်ထားခဲ့သော သူ၏ လက်မောင်းပေါ်၌ ခရမ်းရွှေရောင် သွေးမြွေနဂါး တက်တူးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ချူရွှမ်မှာ ချက်ချင်းပင် မှင်သက်သွားရသည်။ သူသည် သွေးသောက်အရူးဓားမကို ကောက်ယူ၍ စစ်ဆေးရန် ပြင်လိုက်သည်။
သူ၏ အသိစိတ်ကို အာရုံခံမိသည့်အလား သူ၏ လက်မောင်းပေါ်မှ သွေးမြွေနဂါး တက်တူးမှာ လက်ခနဲ ဖြစ်သွားပြီး၊ မြေပြင်ပေါ်သို့ ကျနေသော သွေးသောက်အရူးဓားမမှာ သူ၏လက်ထဲသို့ ချက်ချင်းပင် ပျံတက်လာခဲ့တော့သည်။
၎င်းသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချူပ်ရန်လည်း မကြိုးစားတော့ပေ။
ယင်းအစား ချူရွှမ် စဉ်းစားလိုက်သမျှကို ၎င်းက လိုက်နာဆောင်ရွက်ပေးနေသည်။
သူက ၎င်းကို ကခုန်ခိုင်းလျှင်ပင်...
သွေးသောက်အရူးဓားမသည် ချူရွှမ်၏ လက်ဖဝါးပေါ်တွင် အမှန်တကယ်ပင် လည်ပတ်နေခဲ့သည်။
“ဒါဟာ ကျိန်စာလက်နက်က သခင်အဖြစ် အသိအမှတ်ပြုလိုက်တာလား”
ချူရွှမ်သည် သွေးသောက်အရူးဓားမကို ဝမ်းသာအားရ ဆုပ်ကိုင်လိုက်ပြီး သေချာစွာ စတင် လေ့လာတော့သည်။
တစ်ချိန်တည်းမှာပင်...
ဆွေယိလမ်းကြားတစ်ခုလုံးမှာ တင်းကျပ်သော ကင်းစောင့်မှုများအောက်တွင် ရှိနေသည်။
မြို့စောင့်အကျဉ်းထောင်ဌာန၏ ပညာရှင်များ အားလုံး ထွက်ပေါ်လာကြပြီး ဆွေယီလမ်းကြားတစ်လျှောက် ထျန်းယင်ဂိုဏ်း၏ ခြေရာလက်ရာများကို ဆက်တိုက် ခြေရာခံနေကြသည်။
သို့သော်လည်း အလောင်းကောင်သခင်မမှာ အစွမ်းထက်ရုံတင်မကဘဲ အလွန်ပင် ကောက်ကျစ်ဉာဏ်များသူ ဖြစ်သည်။
ညဉ့်နက်သည်အထိ လိုက်လံ ရှာဖွေခဲ့သော်လည်း ထျန်းယင်ဂိုဏ်း၏ သူလျှိုများကို သတ်ဖြတ်ခြင်း သို့မဟုတ် ဖမ်းဆီးခြင်းများသာ ပြုလုပ်နိုင်ခဲ့ပြီး၊ အလောင်းကောင်သခင်မမှာမူ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
၎င်းကြောင့် ဝမ်ရှန့်နှင့် မြို့စောင့်တပ်ဖွဲ့ ပညာရှင်များမှာ မျက်နှာပျက်နေကြရသည်။
သူတို့ မသိကြသည်မှာ...
ကောင်းကင်ဘုံအကျဉ်းထောင်နှင့် မဝေးသော အရပ်သားနေအိမ် တစ်လုံးအတွင်းမှာ သွေးများ စွန်းထင်းနေသော အဝတ်အစားများ ဝတ်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် အံကြိတ်လျက် ကောင်းကင်ဘုံအကျဉ်းထောင်ရှိရာ ဘက်သို့ စိုက်ကြည့်နေသည်။
“အလောင်းကောင်လမ်းစဉ်ကို ကျင့်ကြံကတည်းက ငါဟာ တခြားသူတွေကိုပဲ အမြဲ နှိပ်စက်ခဲ့တာ။ ဒီနေ့တော့ သာမန် ကွပ်မျက်သူ တစ်ယောက်ရဲ့ လှည့်စားမှုကို ခံလိုက်ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ သူက ငါ့ယောကျ်ားကို သတ်ရုံတင်မကဘဲ ငါ့ရဲ့ စားသောက်ဆိုင်မှာတောင် လာပြီး အောင်ပွဲခံဝံ့သေးတယ်။ နောက်ဆုံးကျတော့ ငါ့ရဲ့ လျှို့ဝှက်စခန်းကို ဖော်ထုတ်လိုက်ပြီး အဲဒီ သတ်ဖြတ်သူ ဝမ်ရှန့်ရဲ့ လက်ချက်နဲ့ ငါ ဒဏ်ရာ အပြင်းအထန် ရခဲ့ရတယ်”
“ငါသာ ဒီကလဲ့စားကို မချေနိုင်ရင်... ငါ အလောင်းကောင် သခင်မတစ်ယောက်အဖြစ် မရှင်သန်တော့ဘူးလို့ ကျိန်ဆိုတယ်”
“မြို့စောင့်အကျဉ်းထောင်ဌာန... ငါ အလောင်းကောင်သခင်မက ဒဏ်ရာ အပြင်းအထန် ရပြီးတဲ့နောက်မှာ မြို့တော်ကနေ ထွက်ပြေးဖို့ အခွင့်အရေး မယူဘဲ၊ ကောင်းကင်ဘုံအကျဉ်းထောင်ရဲ့ အောက်ခြေကို တိုက်ရိုက် ခိုးဝင်လာလိမ့်မယ်လို့ မင်းတို့ ဘယ်တော့မှ ထင်မှာမဟုတ်ဘူး ဝူး... ဝူး... ဝူး”
အလောင်းကောင်သခင်မသည် ငိုတစ်လှည့် ရယ်တစ်လှည့် ဖြစ်နေပြီးနောက် လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ကာ ကောင်းကင်ဘုံအကျဉ်းထောင် အနီးရှိ အိမ်ရာတစ်ခုဆီသို့ ပြေးဝင်သွားသည်။ ထိုအချိန်အတွင်း ကောင်းကင်ဘုံအကျဉ်းထောင်မှ အကျဉ်းစောင့်အချို့ ဖြတ်သွားသော်လည်း သူတို့သည် အလောင်းကောင်သခင်မ ရှိနေခြင်းကို လုံးဝ သတိမပြုမိကြပေ။
ခေတ္တမျှ ကြာပြီးနောက်...
အလောင်းကောင်သခင်မသည် ထိုခြံဝင်းအတွင်း၌ ပေါ်လာခဲ့ပြီး သူမ၏ မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ရှိနေသည်။ သူမသည် အသံတိတ်စွာပင် နံရံကို ဖြတ်ကျော်ကာ ခြံဝင်းအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
သူမ၏ နီမြန်းသော မျက်လုံးများသည် ဆီမီးထွန်းထားသော အခန်းတစ်ခန်းဆီသို့ ချက်ချင်းပင် အာရုံရောက်သွားတော့သည်။
“ဒီနေရာပဲ အဲဒီ အမင်္ဂလာရှိတဲ့၊ ယုတ်မာတဲ့ ကွပ်မျက်သူက ဒီမှာရှိနေတာပဲ ငါ မင်းရဲ့ အသားကို စားပြီး မင်းရဲ့ သွေးကို သောက်ပစ်မယ် ဟိန်း”
သူမ၏ ပါးစပ်မှ ခြင်္သေ့ဟိန်းသံကဲ့သို့ အသံတစ်ချက် ထွက်ပေါ်လာသည်။
အလောင်းကောင်သခင်မသည် သူမ၏ တစ်ကိုယ်လုံးရှိ အလောင်းကောင်ချီများကို ရုတ်တရက် ထုတ်ဖော်လိုက်ရာ၊ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာမှာ မျက်နှာစိမ်းနှင့် အစွယ်များ ထွက်နေသော ကြောက်မက်ဖွယ် မျက်နှာအဖြစ် ပြောင်းလဲသွားပြီး သူမ၏ ပါးစပ်မှ ဝါဖန့်ဖန့် အရည်များ ဆက်တိုက် စီးကျနေသည်။
သူမသည် လင်းထိန်နေသော အခန်းအတွင်းသို့ ပြေးဝင်သွားပြီး သူမ၏ ထက်မြက်လှသော အလောင်းကောင်လက်သည်းများဖြင့် အထဲရှိ ကုတင်ကို ချက်ချင်းပင် အပိုင်းပိုင်း ဆွဲဖြတ်ပစ်လိုက်သော်လည်း ထိုနေရာတွင် လူမရှိပေ။
ယင်းအစား ပွင့်နေသော ခေါင်မိုးပေါ်တွင် သွေးဓားမကို ကိုင်ဆောင်ထားသည့် လူငယ်ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး အောက်ထပ်ရှိ မြင်ကွင်းကို ထိတ်လန့်မှု အချို့ဖြင့် ကြည့်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သွေးကျားသစ် နှင့် ထျန်းယင်ခန်းမသခင်တို့ကို ဆက်တိုက် သတ်ဖြတ်ပြီးနောက်တွင် ချူရွှမ်သည် မိမိအပေါ် သတ်ဖြတ်လိုစိတ် သို့မဟုတ် မကောင်းသောစိတ် ရှိသူရှိလာပါက ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ က အာရုံခံနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ပြင် အပြစ်တန်ဖိုးများလေလေ၊ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ၏ အာရုံခံနိုင်စွမ်းမှာ ပို၍ အားကောင်းလေလေ ဖြစ်သည်။
မဟုတ်ပါက သူသည် အမှန်တကယ်ပင် အလစ်အငိုက် အတိုက်ခိုက်ခံရပေလိမ့်မည်။
“ဒါပေမဲ့ ဒီအလောင်းကောင်သခင်မကိုတော့ လွှတ်ပေးလို့ မဖြစ်ဘူး”
ချူရွှမ်သည် ထိုသို့တွေးလျက်၊ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးကာစဖြစ်သော သွေးသောက်အရူးဓားမကို မြှောက်ကာ အလောင်းကောင်သခင်မ၏ ကျောပြင်ဆီသို့ ပိုင်းချလိုက်သည်။ မမျှော်လင့်ဘဲ ထိုအချိန်တွင် အလောင်းကောင်သခင်မ၏ ခေါင်းမှာ ၃၆၀ ဒီဂရီ လည်သွားပြီး ကြောက်မက်ဖွယ် အမူအရာဖြင့် ချူရွှမ်ကို ဟိန်းဟောက်လိုက်သည်။ “နင် ငါ့ယောကျ်ားကို သတ်ခဲ့တယ်၊ ငါ့ရဲ့ စခန်းကို ဖျက်ဆီးခဲ့တယ် ငါ နင့်ရဲ့ အရိုးတွေကို ပြာဖြစ်အောင်ကြိတ်ပြီး နင့်ကို အရှင်လတ်လတ် ဝါးစားပစ်မယ်”
သူမ၏ ကြောက်မက်ဖွယ်ကောင်းသော အလောင်းကောင်လက်သည်းများသည် ချူရွှမ်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ဦးတည်လာသော်လည်း ချူရွှမ်က ကြည့်ပင်မကြည့်ဘဲ သူ၏ လူသားအဆင့်၏ အထွတ်အထိပ်ဖြစ်သော ကျားတစ်ကောင်အားကို ထုတ်ဖော်ကာ ဓားဖြင့် ပိုင်းချလိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ...
အလောင်းကောင်လက်သည်း နှစ်ဖက်စလုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
အလောင်းကောင်သခင်မမှာ စူးရှစွာ အော်ဟစ်လိုက်သည်။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လူသားအဆင့် အထွတ်အထိပ်၊ ကျားတစ်ကောင်အားလား မင်းလို ပါရမီရှင်တစ်ယောက်က ဘာလို့ ကွပ်မျက်သူ ဖြစ်နေရတာလဲ ငါ မင်းကို သတ်ကိုသတ်ရမယ်၊ သတ်ရမယ်”
သူမ၏ အလောင်းကောင်လက်သည်းများ ဖြတ်တောက်ခံလိုက်ရသဖြင့် ဒေါသတကြီး ဖြစ်နေသော အလောင်းကောင်သခင်မသည် သူမ၏ အလောင်းကောင်အစွယ်များကို ထုတ်ကာ ချူရွှမ်ကို ကိုက်ရန် ရူးသွပ်စွာ ခုန်အုပ်လိုက်သည်။ သို့သော် သူမ အနားမကပ်နိုင်ခင်မှာပင်...
သူမ၏ ခြေထောက်များမှာ ရုတ်တရက် အမိန့်မနာခံတော့ပေ။
သူမ အောက်ကို ငုံ့ကြည့်လိုက်သောအခါ မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော သွေးမြွေနဂါး တစ်ကောင်သည် မြေပြင်ပေါ်တွင် ခွေနေပြီး သူမ၏ ခြေထောက်များကို ပတ်ထားသည်ကို တွေ့လိုက်ရသည်။ ချူရွှမ်ကိုယ်တိုင်ပင် ဒါကို မမျှော်လင့်ထားသော်လည်း ၎င်းမှာ သူ့ကို တုံ့ပြန်ရန် အဟန့်အတား မဖြစ်ခဲ့ပေ။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျားတစ်ကောင်အား အားလုံး ပေါက်ကွဲထွက်လာသည်။
သူ၏လက်ထဲမှ သွေးသောက်အရူးဓားမသည် သွေးမြစ်တစ်ခုကဲ့သို့ ဟိန်းဟောက်လျက် ရှေ့သို့ အားကုန် ပိုင်းချလိုက်သည်။ အလောင်းကောင်သခင်မ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး၊ သူမ၏ ဆွဲဆောင်မှုရှိသော လှပသည့် ခေါင်းကြီးမှာ ပခုံးပေါ်မှ မြေပြင်ပေါ်သို့ ဘုန်းခနဲ အသံနှင့်အတူ လိမ့်ဆင်းသွားတော့သည်။
အခန်း (၁၁)
အဆင့်တက်လှမ်းခြင်း
အလောင်းကောင်သခင်မကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့ပြီးသည့်တိုင်အောင် ချူရွှမ်တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လီကွိုက်၏ မှတ်ဉာဏ်များအရ ဤအလောင်းကောင်သခင်မသည် ဉာဏ်အလင်းပွင့်သွားသည့် ဖုတ်ကောင်တစ်ကောင်သာမက၊ နတ်အဆင့်တွင် ပထမအဆင့်ကို ရောက်နေသော အလောင်းကောင် စစ်သူကြီးတစ်ကောင်လည်း ဖြစ်သောကြောင့်ပင်။ လူသားအဆင့် ကိုယ်ခံပညာရှင်တစ်ဦးအနေဖြင့် သူမနှင့် ထိပ်တိုက်ရင်ဆိုင်ပါက မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။
"ကံကောင်းတာက... ဒီအလောင်းကောင်သခင်မ ငါ့ကို အလစ်အငိုက် မတိုက်ခိုက်ခင်မှာပဲ အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်ရဲ့ လက်ချက်နဲ့ ဒဏ်ရာအပြင်းအထန် ရထားနှင့်ပြီးသား ဖြစ်နေတာပဲ။ ပြီးတော့ သွေးမြွေနဂါး ဓားဝိညာဉ်ကလည်း သူမကို တိတ်တဆိတ် နှောင့်ယှက်ပြီး သူမရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ပေးခဲ့လို့ပေါ့"
အကြီးမားဆုံး အထောက်အပံ့ကတော့ သူ၏လက်ထဲရှိ ‘သွေးသောက်အရူးဓားမ' ပင် ဖြစ်သည်။ ၎င်းက တကယ်ကို ကြောက်စရာကောင်းလှသည်။
နတ်အဆင့်ရှိသော အလောင်းကောင်စစ်သူကြီး၏ သံမဏိကဲ့သို့ မာကျောသည့် အရိုးများနှင့် သံကဲ့သို့ ခိုင်မာသည့် အသားများကို ပိုင်းဖြတ်ရာတွင် တို့ဟူးကို လှီးဖြတ်နေရသကဲ့သို့ပင် လွယ်ကူလှသည်။
"ကြယ်ခုနစ်ပွင့်အဆင့်ရှိတဲ့ အပြစ်တွေနဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာသတ္တဝါတွေကို သတ်ဖြတ်ခဲ့တဲ့ မိစ္ဆာလက်နက်ဆိုတာ တကယ်ကို မဆိုးဘူးပဲ"
ချူရွှမ်သည် သွေးသောက်အရူးဓားမကို ပွတ်သပ်ကြည့်နေမိသည်။ ဤအခိုက်အတန့်တွင် သူသည် ဤဓားကို လုံးဝ လက်မလွှတ်နိုင်တော့ပေ။
အခြားကြောင့်မဟုတ်ဘဲ ဤကျိန်စာလက်နက်ကို အားကိုးရုံဖြင့် သူသည် နတ်အဆင့်ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သည်ဟု ချူရွှမ် ခံစားနေရသည်။
အကယ်၍ သူသည် သွေးမြွေနဂါး ဓားဝိညာဉ်နှင့်သာ ပူးပေါင်းလိုက်မည်ဆိုပါက အားနည်းသော နတ်အဆင့်ပညာရှင်အချို့ကို တိုက်ရိုက်ပင် သတ်ဖြတ်နိုင်ပေလိမ့်မည်။ ချူရွှမ်သည် အလောင်းကောင်သခင်မ၏ ခန္ဓာကိုယ်ပေါ်တွင် ခွေပတ်နေဆဲဖြစ်သော သွေးမြွေနဂါး ဓားဝိညာဉ်ကို ကြည့်လိုက်သည်။
၎င်း၏ မြွေမျက်လုံးများသည် အလွန်ပင် စိတ်လှုပ်ရှားနေသော အလင်းများဖြင့် လက်ခနဲဖြစ်နေပြီး၊ ၎င်း၏ ပါးစပ်ကြီးမှာ မှောင်မည်းသော တွင်းနက်ကြီးတစ်ခုကဲ့သို့ ရုတ်တရက် ပွင့်လာကာ အလောင်းကောင်သခင်မထံမှ ချီစွမ်းအင်များကို အားပါးတရ စုပ်ယူလိုက်တော့သည်။
အလောင်းကောင်သခင်မ၏ ခန္ဓာကိုယ်အတွင်းမှ အလောင်းကောင်ချီအမြောက်အမြား ထွက်ပေါ်လာပြီး သွေးမြွေနဂါး၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ယခင်က ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ ၏ ဝါးမြိုခြင်းကြောင့် အားနည်းသွားခဲ့သော သွေးမြွေနဂါးမှာ ယခုအခါ ပြန်လည်၍ အားအင်ပြည့်ဝလာသည်ကို ချူရွှမ် အံ့ဩစွာ တွေ့လိုက်ရသည်။
"ဒါကြောင့်ကိုး... ဒီသွေးမြွေနဂါး ဓားဝိညာဉ်က မူလကတည်းက မရေမတွက်နိုင်တဲ့ မိစ္ဆာချီ တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့၊ မိစ္ဆာစွမ်းအင်တွေကို ပိုပြီး ဝါးမြိုနိုင်လေလေ ပိုပြီး အားကောင်းလာလေလေပဲပေါ့"
ထို့နောက် ချူရွှမ်သည် သူ၏ အသိစိတ်ကို ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ နှင့် ထပ်မံ ချိတ်ဆက်လိုက်သည်။
ရတနာစာအုပ်အတွင်း၌ စာမျက်နှာအသစ်တစ်ခု ပွင့်လာပြန်သည်။
【အလောင်းကောင်သခင်မ】
ကြယ်လေးပွင့်အဆင့် အပြစ်
ဉာဏ်အလင်းပွင့်သွားသည့် ဖုတ်ကောင်၊ နတ်အဆင့်ရှိ အလောင်းကောင်စစ်သူကြီး။
ကွပ်မျက်ခြင်းအတွက် ဆုလာဘ် - ကျင့်ကြံမှုသက်တမ်း နှစ် (၃၀) နှင့် မှတ်ဉာဏ်အပိုင်းအစတစ်ခု။
‘အလောင်းကောင်ခန္ဓာ ကျင့်ကြံခြင်း ကျင့်စဉ်’ - မပြည့်စုံသော အခန်း။
တစ်ချိန်တည်းမှာပင် ထိုမပြည့်စုံသော ကျင့်စဉ်မှာ ချူရွှမ်၏ စိတ်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
၎င်းကို ဖတ်ကြည့်ပြီးနောက် ချူရွှမ် တစ်ကိုယ်လုံး မသက်မသာ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်၏ ကျင့်ကြံပုံမှာ အလွန်ပင် သွေးအေးရက်စက်လှသောကြောင့် ဖြစ်သည်။ ၎င်းသည် လူအရှင်များကို ဖုတ်ကောင်များအဖြစ် တိုက်ရိုက် ပြုပြင်ပြောင်းလဲရခြင်း ဖြစ်ပြီး၊ နေ့စဉ်နေ့တိုင်း လူသားတို့၏ အသားစိမ်းများကို စားကာ သွေးစိမ်းများကို သောက်ရမည် ဖြစ်သည်။
ဒါကို မြင်လိုက်ရရုံဖြင့် ချူရွှမ်သည် ထိုအလောင်းကောင်သခင်မမှာ သေသင့်သည်ဟု ဆဲရေးလိုက်မိတော့သည်။
ထို့နောက် သူသည် အလောင်းကောင်သခင်မ၏ မှတ်ဉာဏ်အပိုင်းအစများကို ဆက်လက် ကြည့်ရှုလိုက်ရာ သူ၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး အလောင်းကောင်သခင်မ၏ အလောင်းထံသို့ ချက်ချင်း ပြေးသွားတော့သည်။
ခေတ္တမျှ ကြာပြီးနောက် ချူရွှမ်၏ လက်ထဲတွင် အိတ်လေးတစ်အိတ် ရောက်ရှိလာပြီး၊ ထိုအထဲတွင် ကြည်လင်တောက်ပနေသော ပုလဲလုံးလေး တစ်လုံး ပါရှိသည်။ အလောင်းကောင်သခင်မ၏ မှတ်ဉာဏ်များအရ ဤသည်မှာ အလွန်ပင် ရှားပါးလှသော ‘ရေစွမ်းအင်ပုလဲ’ ဖြစ်ပြီး ပဉ္စဘူတ ဝိညာဉ်ပုလဲ ငါးမျိုးထဲမှ တစ်ခု ဖြစ်သည်။
၎င်း၏ အကြီးမားဆုံး အသုံးဝင်ပုံမှာ မိမိ၏ ကျင့်ကြံမှုအဆင့်နှင့် အရှိန်အဝါ ကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။
ထို့ပြင် မဟာဆရာသခင်အဆင့်အောက်ရှိ မည်သူမျှ ၎င်းကို ထိုးဖောက် မြင်နိုင်မည်မဟုတ်ပေ။
ဒါဟာ မြို့စောင့်အကျဉ်းထောင်ဌာနရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံရချိန်တိုင်းမှာ အလောင်းကောင်သခင်မ လွတ်မြောက်နိုင်ခဲ့တဲ့ အကြီးမားဆုံး အားကိုးရာပဲ ဖြစ်သည်။
အလောင်းကောင်သခင်မသည် မည်သူမျှ သတိမထားမိဘဲ မည်သို့ တိတ်တဆိတ် ခိုးဝင်နိုင်ခဲ့သနည်းဆိုသည်ကို ချူရွှမ် ယခုမှပင် အပြည့်အဝ နားလည်သွားတော့သည်။
"ဒီပဉ္စဘူတ ဝိညာဉ်ပုလဲထဲက ရေစွမ်းအင်ပုလဲကြောင့်ပဲပေါ့ ကံကောင်းတာက အခုတော့ ငါ့အတွက် အသုံးဝင်သွားပြီ။ ဒါဟာ ငါ့အတွက် ဝှက်ဖဲတစ်ခု ဖြစ်လာရုံတင်မကဘဲ၊ ငါ့ရဲ့ ကျင့်ကြံမှုကိုလည်း ဘယ်သူ့မှ မကြောက်ရဘဲ တိုးမြှင့်နိုင်တော့မယ်"
ချူရွှမ်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
အမှန်စင်စစ် သူသည် နတ်အဆင့်သို့ အဆင့်တက်လှမ်းလိုသည်မှာ ကြာပြီဖြစ်သည်။
သို့သော် သူ၏ ကျင့်ကြံမှု တိုးတက်လာခြင်းကို သူများ သိရှိသွားပါက ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ ၏ လျှို့ဝှက်ချက် ပေါ်သွားမည်ကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ယခင်က ထျန်းယင်ခန်းမသခင်ကို သတ်ဖြတ်ပြီး ရရှိလာသော ကျင့်ကြံမှုကို ကိုယ်ခံပညာအဆင့်မြှင့်တင်ရန် အသုံးမပြုဘဲ ‘ကိုးပါးယင်း အရိုးဖြူလက်သည်း’ ကို မြှင့်တင်ရန်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ယခုမူ ဤရေစွမ်းအင်ပုလဲ ရှိနေပြီဖြစ်ရာ ချူရွှမ်သည် သူ၏ ကျင့်ကြံမှု ပေါ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ချက်ချင်းပင် သူသည် ရရှိထားသော ကျင့်ကြံမှုသက်တမ်း နှစ် (၃၀) အားလုံးကို အသုံးပြုကာ သူ၏ ကိုယ်ခံပညာအဆင့်ကို တိုက်ရိုက် မြှင့်တင်လိုက်တော့သည်။
မကြာမီမှာပင် အလွန် ကျယ်ပြောလှသော ချီစွမ်းအားတစ်ခုမှာ ချူရွှမ်၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်လာပြီး၊ ချူရွှမ်၏ ကျင့်ကြံမှုကို လူသားအဆင့်အထွတ်အထိပ် (ကျားတစ်ကောင်အား) မှ နတ်အဆင့်နယ်ပယ် (ကျားနှစ်ကောင်အား) သို့ လျင်မြန်စွာ မြှင့်တင်ပေးလိုက်သည်။
သူ လက်သီးတစ်ချက် ထိုးလိုက်သောအခါ လေထုထဲ၌ ကျားဟိန်းသံ နှစ်ချက် ထွက်ပေါ်လာသကဲ့သို့ပင်။
"ဒါဟာ နတ်အဆင့် ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ စွမ်းအားလား" ချူရွှမ်သည် သူ၏ လက်သီးကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ သူသည် လက်ဝဲအမတ်ချူပ်၏ သားကို ရိုက်နှက်ခဲ့သဖြင့် မိစ္ဆာနှိမ်နင်းရေးဌာန မှ စွန့်ပစ်ခြင်းခံရပြီး အကျဉ်းထောင်ထဲ၌ သေရက်စောင့်နေရစဉ်က သူ၏ ယနေ့ကဲ့သို့ အခြေအနေမျိုးကို မည်သူက တွေးမိပါမည်နည်း။
ယခုအချိန်တွင် အလောင်းကောင်သခင်မသာ ပြန်ရှင်လာခဲ့လျှင်တောင်၊ ချူရွှမ်သည် သွေးသောက်အရူးဓားမကို အသုံးမပြုဘဲ သူမကို ရင်ဆိုင်နိုင်သည်ဟု ယုံကြည်ချက် ရှိနေသည်။
"ဒါပေမဲ့ အခု အရေးကြီးဆုံးက အထောက်အထားတွေကို အမြန် ဖျက်ဆီးပစ်ဖို့ပဲ"
မဟုတ်ပါက အလောင်းကောင်သခင်မကို သူ သတ်ခဲ့သည်ကို လူများ သိရှိသွားပါက၊ သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားနိုင်သော်လည်း သူသည် သံသယဖြစ်ခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။
ဒါကို တွေးမိသောအခါ ချူရွှမ်၏ လက်ချောင်းထိပ်တွင် ထူးဆန်းသော မီးခိုးဖြူ မီးလျှံတစ်ခုမှာ လျင်မြန်စွာ စုစည်းလာခဲ့သည်။
ဒါဟာ အလောင်းကောင်ခန္ဓာ ကျင့်ကြံခြင်း ကျင့်စဉ်ထဲက ‘စုစည်းထားသော အလောင်းကောင် မီးတောက်ချီ’ ပင် ဖြစ်သည်။
ထိုမပြည့်စုံသော ကျင့်စဉ်ကို ဖတ်ဖူးသူ မည်သူမဆို ၎င်းကို သင်ယူနိုင်သည်။
ထို့ပြင် လူသတ်မှု များလေလေ၊ အလောင်းကောင်ချီနှင့် မိစ္ဆာချီများ စုစည်းမှု များလေလေ၊ ၎င်း၏ စွမ်းအားမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလေလေ ဖြစ်သည်။ ချူရွှမ်တွင် အလောင်းကောင်စွမ်းအင် မရှိသော်လည်း၊ သူ၏ ခန္ဓာကိုယ်ထဲတွင် မိစ္ဆာချီအမှတ်ပေါင်း ၅၀၀ ကျော် ရှိနေသည်။
၎င်းတို့ အားလုံးမှာ သွေးမြွေနဂါး ဓားဝိညာဉ်ထံမှ ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာက စုပ်ယူထားခြင်း ဖြစ်သည်။
သွေးမြွေနဂါး ဓားဝိညာဉ်သည် ချူရွှမ်က ၎င်း၏ မိစ္ဆာချီများကို အသုံးပြုကာ မီးလျှံများ ဖန်တီးနေသည်ကို မြင်သောအခါ၊ ၎င်း၏ မြွေမျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် ၎င်းသည် လိမ္မာစွာပင် ချူရွှမ်ထံသို့ ပြေးဝင်လာပြီး ချူရွှမ်၏ ညာဘက်လက်မောင်းပေါ်ရှိ သွေးမြွေနဂါး တက်တူးအဖြစ် ပြန်လည် ပြောင်းလဲသွားတော့သည်။
အလောင်းကောင်သခင်မ၏ ခန္ဓာကိုယ်မှာလည်း ထိုတောက်လောင်နေသော မီးလျှံများအောက်တွင် ပြာအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။
သို့သော် ချူရွှမ်မှာ မပျော်ရွှင်နိုင်ပေ။ သူသည် သူ၏ လက်ချောင်းထိပ်မှ မီးလျှံကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိသည်။ "ဒီမိစ္ဆာကောင်တွေက အရာရာ တော်ကြပေမဲ့၊ သူတို့သိတဲ့ ကိုယ်ခံပညာတွေကတော့ တစ်ခုထက်တစ်ခု ပိုပြီး ယုတ်မာနေတာပဲ"
ဘုရားသိပါလိမ့်မည်၊ သူသည် အမှန်တကယ်တော့ ရိုးသားသော လူတစ်ယောက် ဖြစ်သော်လည်း ယခုမူ မိစ္ဆာကောင်တို့၏ ကိုယ်ခံပညာများကို အသုံးပြုနေရသည်။
"နောင်တစ်ချိန် အခွင့်အရေးရရင်တော့ ပုံမှန်ဖြစ်တဲ့ ကိုယ်ခံပညာအချို့ကို ရှာပြီး ကျင့်ကြံဦးမှ ဖြစ်မယ်"
ချူရွှမ်သည် စိတ်ထဲမှ တွေးလိုက်မိသည်။
ဤရုန်းရင်းဆန်ခတ်မှုများ ပြီးဆုံးသွားချိန်တွင် ကောင်းကင်ယံ၌ အလင်းရောင် အနည်းငယ် ပေါ်ထွက်နေပြီ ဖြစ်သည်။
မြို့စောင့်အကျဉ်းထောင်ဌာန၏ ပညာရှင်များမှာမူ အနည်းငယ်မျှပင် ပေါ့ဆခြင်း မရှိကြပေ။ ထို့ကြောင့် မိုးသောက်ယံသို့ ရောက်သည်နှင့် ရွှေခေါင်းလောင်းသံကို တီးခတ်လိုက်ကြသည်။ ဒါဟာ ကောင်းကင်ဘုံအကျဉ်းထောင်ရှိ အကျဉ်းထောင်စောင့်များ အားလုံး စုရုံးရန် အချက်ပေးသံပင် ဖြစ်သည်။
ကျွမ်းကျင်သော ကွပ်မျက်သူတစ်ဦးအနေဖြင့် ချူရွှမ်သည် နောက်ကျ၍ မရပေ။
ခေါင်းလောင်းသံကို ကြားသည်နှင့် သူသည် သွေးသောက်အရူးဓားမကို ယူဆောင်ကာ ကောင်းကင်ဘုံအကျဉ်းထောင်သို့ အမြန် ရောက်ရှိလာခဲ့သည်။ လမ်းခရီးတစ်လျှောက်တွင် အကျဉ်းစောင့်ပေါင်းများစွာ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်ကို သူ တွေ့လိုက်ရသည်။
ကျန်းလုံနှင့် ကျောက်ဟူတို့လည်း ထိုနေရာတွင် ရှိနေကြသည်။ ချူရွှမ်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးမှာ ဦးစွာ အံ့ဩသွားပြီးနောက်၊ ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။ "ချူရွှမ်... မင်းက လူလား၊ ဝိညာဉ်လား"
"မနက်စောစောစီးစီး ငါ့ကို ကျိန်ဆဲနေတာလား၊ မင်းတို့သာ လူမဟုတ်တာပါ၊ ငါ့ရဲ့ အရိပ်ကို မမြင်ဘူးလား" ချူရွှမ်မှာ ဒေါသထွက်လွန်းသဖြင့် သွေးပင် အန်ချင်သွားတော့သည်။
ကျန်းလုံနှင့် ကျောက်ဟူတို့မှာ ပို၍ပင် အံ့ဩသွားကြသည်။ "ချူရွှမ်... မင်းကို အဲဒီ ပြိုင်ဘက်ကင်း ကျိန်စာလက်နက်က ထိန်းချူပ်ထားတာ မဟုတ်ဘူးလား”
ချူရွှမ်သည် မိမိကိုယ်မိမိ လက်ညှိုးထိုးပြကာ စကားပင် မပြောနိုင်တော့ပေ။ "ငါ့ကိုကြည့်ရတာ ထိန်းချူပ်ခံထားရတဲ့ပုံ ပေါက်နေလို့လား စိတ်မပူကြပါနဲ့၊ အဲဒီဓားရဲ့ အန္တရာယ်ကို ငါ ဖြေရှင်းပြီးသွားပြီ"
သူသည် ဤအချက်ကို ဖုံးကွယ်မထားပေ။ ဘာပဲဖြစ်ဖြစ် သွေးသောက်အရူးဓားမသည် သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်ရာ၊ သူ ဖုံးကွယ်ထားချင်လျှင်ပင် ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
ဤစကားများက ကျန်းလုံနှင့် ကျောက်ဟူတို့ကို လုံးဝ အံ့အားသင့်သွားစေသည်။ ထို့နောက် သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာအားရ ဖြစ်သွားသည့် အမူအရာများ ပေါ်လာပြီး ချူရွှမ်ထံသို့ အတူတူ ပြေးလာကြသည်။ "မင်း ထိန်းချူပ်မခံရတာ တကယ်ကို ကောင်းတာပဲ။ ချူရွှမ်... ဂုဏ်ယူပါတယ်၊ မင်း မနေ့ညက တကယ်ကို ကြီးကျယ်တဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တာပဲ အကျဉ်းထောင်မှူးကြီး ကိုယ်တိုင်က မင်းကို ပါရမီရှင်တစ်ယောက်တင် မဟုတ်ဘဲ ကံကောင်းတဲ့ စစ်သူကြီးတစ်ယောက်လို့တောင် ချီးကျူးခဲ့တာ ငါတို့ ကိုယ်တိုင် ကြားခဲ့တယ် မင်းလိုလူက ကွပ်မျက်သူ လုပ်နေရတာဟာ နှမြောစရာပဲတဲ့ ဒါကြောင့် မင်းသာ ဒီကျိန်စာလက်နက်ရဲ့ ထိန်းချူပ်မှုကို မခံရဘူးဆိုရင်၊ မင်းရရှိထားတဲ့ အကျိုးဆောင်မှုတွေအရ မင်းဟာ မကြာခင်မှာ ရာထူးတိုးတော့မှာ ဖြစ်သလို၊ ကွပ်မျက်ခြင်း အလုပ်တွေကိုလည်း လုပ်စရာ မလိုတော့ဘူးလို့ ငါတို့ ယုံကြည်တယ်”
အခန်း (၁၂)
နေ့ခင်းကြောင်တောင် အခေါင်းလာပို့ခြင်း
“ဘာ... ငါက ရာထူးတိုးလို့ ကွပ်မျက်တာတွေ မလုပ်ရတော့ဘူး ဟုတ်လား”
ကျန်းလုံနှင့် ကျောက်ဟူတို့၏ ဝမ်းသာအားရ ဖြစ်နေမှုများနှင့် ဆန့်ကျင်ဘက်အနေဖြင့်၊ချူရွှမ်သည် ဤစကားကို ကြားလိုက်ရသောအခါ သွေးပင် အန်ချင်သွားတော့သည်။
သူသည် ‘ကောင်းကင်ဘုံ ပြစ်ဒဏ်ခတ်ခြင်း ရတနာ’ ၏ အသုံးဝင်ပုံကို နားလည်ကာစရှိသေးသည်။ အကယ်၍ သူက ကွပ်မျက်ခြင်းတွေ မလုပ်ရတော့ဘဲ မိစ္ဆာတွေကို မသတ်ရတော့ဘူးဆိုလျှင် သူ၏ အင်အားကို မည်သို့ တိုးမြှင့်နိုင်တော့မည်နည်း။
ချူရွှမ်သည် အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်ကို ယွမ်ယန်စားသောက်ဆိုင်သို့ ခေါ်သွားခဲ့မိသည်ကိုပင် နောင်တရစပြုလာသည်။
“ရာထူးတိုးတာကို ငြင်းဖို့ နည်းလမ်းရှာမှ ဖြစ်မယ်”
သူ၏ ကျင့်ကြံမှုအတွက် စိုးရိမ်စိတ်ဖြင့်ချူရွှမ်သည် ကျန်းလုံနှင့် ကျောက်ဟူတို့၏ အံ့ဩနေသော အကြည့်များကြားမှ စစ်ဆေးရေးခန်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။
ထိုအချိန်တွင် စစ်ဆေးရေးခန်းအတွင်း၌ အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်သည် အကျဉ်းသားစာရင်းကို စစ်ဆေးနေသည်။ချူရွှမ်က “စိတ်လှုပ်ရှားနေသော မျက်နှာထား” ဖြင့် ပြေးဝင်လာသည်ကို မြင်သောအခါ သူက အံ့ဩခြင်း မရှိပေ။
“လိမ္မာတဲ့ကောင်လေး၊ မင်း ရာထူးတိုးမယ့် သတင်းကို ရပြီးပြီပေါ့ ဒါပေမဲ့ မင်းက ဒါနဲ့ ထိုက်တန်ပါတယ်။ အကယ်၍ မင်းက ငါ့ကို တကယ် ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ငါ့ကို နောက်တစ်ခါ ထမင်းပြန်ကျွေးပေါ့။ မင်းရဲ့ ကံကောင်းမှုတွေကြောင့် ငါလည်း အကျိုးဆောင်မှုတွေ ထပ်ရဦးမလား မသိဘူး၊ ဟားဟားဟားဟား...”
ဝမ်ရှန့်သည် ယနေ့တွင် အလွန်ပင် ပျော်ရွှင်နေကြောင်း သိသာလှသည်။
အမြဲတမ်း တည်ကြည်လွန်းသော အကျဉ်းထောင်မှူးကြီးသည် ယခုကဲ့သို့ နောက်ပြောင်စကား ပြောဆိုခြင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးပေ။
အကယ်၍ အခြားသော လက်အောက်ငယ်သားသာဆိုလျှင် အလွန်ပင် မြှောက်ပင့်ခြင်း ခံရသည်ဟု ခံစားရပေလိမ့်မည်။
ချူရွှမ်မှာမူ အမှန်တကယ်ပင် ထိတ်လန့်သွားခဲ့ရသည်။
မြှောက်ပင့်ခံရ၍ မဟုတ်ပေ။
ကြောက်ရွံ့၍ ဖြစ်သည်။
ဝမ်ရှန့်က ရယ်မောပြီးသည်နှင့် သူ၏ ကွပ်မျက်သူအလုပ်ကို တိုက်ရိုက် ရပ်စဲလိုက်မည်ကို သူ စိုးရိမ်နေခြင်းပင်။
ချူရွှမ်သည် လက်အုပ်ကို အမြန်ချီကာ မျက်ရည်ပင် ထွက်လုနီးပါးအထိ ရိုးသားစွာဖြင့် လျှောက်တင်လိုက်သည်။ “အကျဉ်းထောင်မှူးကြီး... ကျွန်တော့်အပေါ် ထားရှိတဲ့ သင်ကြားပြသမှု ကျေးဇူးတွေကို ရင်ထဲမှာ အမြဲ မှတ်သားထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ကောင်းကင်ဘုံအကျဉ်းထောင်မှာပဲ ဆက်နေပြီး ကွပ်မျက်သူအဖြစ်ပဲ အေးအေးဆေးဆေး အလုပ်လုပ်ချင်ပါတယ်”
“ကျွန်တော် ရာထူးတိုးတာကို အလိုမရှိပါဘူး။ အကျဉ်းထောင်မှူးကြီးအနေနဲ့ အမိန့်ကို ပြန်လည် ရုပ်သိမ်းပေးပါလို့ တောင်းပန်ပါတယ်”
ထိုသို့ပြောပြီးနောက် သူသည် သုံးကြိမ်ဆက်တိုက် ဦးညွှတ်လိုက်သည်။
အကျဉ်းထောင်မှူးကြီး ဝမ်ရှန့်၏ ဒေါသမှာ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။
“ဘာ... မင်းက ရာထူးတိုးတာကို မလိုချင်ဘူး ဟုတ်လား မင်း ရူးနေတာလား၊ အနာဂတ်မရှိတဲ့ကောင်လား ဒါမှမဟုတ် မင်းမှာ ပြောပြလို့မရတဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိနေလို့လား”
ဝမ်ရှန့်၏ အကြည့်မှာ ထက်မြက်လှသည်။
သူသည် အကျဉ်းထောင်မှူးကြီး တစ်ဦး မဟုတ်ပါလား။
သူ၏ အလုပ်မှာ အကျဉ်းသားများကို စစ်ဆေးမေးမြန်းရန်ပင် ဖြစ်သည်။
အကယ်၍ အခြားသော ကွပ်မျက်သူသာဆိုလျှင် ကွပ်မျက်ခြင်းတွေ မလုပ်ရတော့ဘူးဟု ကြားသည်နှင့် ဝမ်းသာအားရ ကျေးဇူးတင်ကြပေလိမ့်မည်။ ယခုကဲ့သို့ ငြင်းပယ်ခြင်းမှာ သံသယဖြစ်စရာ ကောင်းလှသည်။
ကံကောင်းထောက်မစွာဖြင့်ချူရွှမ်သည် အဆင်သင့် မဖြစ်ဘဲ ပြေးဝင်လာခဲ့ခြင်း မဟုတ်ပေ။
မဝင်လာခင်ကတည်းက သူသည် ဆင်ခြေတစ်ခု စဉ်းစားထားပြီးသား ဖြစ်သည်။ “အကျဉ်းထောင်မှူးကြီး... ကျွန်တော်က ရာထူးတိုးတာကို မလိုချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်က လက်ဝဲအမတ်ချုပ်ရဲ့ သားကို စော်ကားမိခဲ့ဖူးတယ်လေ။ အလားအလာမရှိတဲ့ ကွပ်မျက်သူတစ်ယောက်အဖြစ် နေတာက ပြဿနာမရှိပေမဲ့၊ အကယ်၍ ကျွန်တော်က ရာထူးတိုးသွားရင်တော့ ကလဲ့စားချေတာကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူးလို့ ကျွန်တော် စိုးရိမ်မိလို့ပါ”
ဤစကားများကြောင့် ဝမ်ရှန့်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးချူရွှမ်အပေါ်ထားသော သူ၏ အမြင်မှာ ပို၍ပင် လေးစားမှု ရှိလာခဲ့သည်။
“ချူရွှမ်... ငါ မင်းကို အနှစ်သက်ဆုံး အချက်က ဘာလဲဆိုတာ မင်းသိလား မင်းရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်အပြင်၊ အောင်ပွဲရချိန်မှာ မာန်မတက်ဘဲ ရှုံးနိမ့်ချိန်မှာ အားမလျော့တဲ့ မင်းရဲ့ ဒီလို စိတ်ဓာတ်ကို ငါ တကယ် သဘောကျတယ်”
“ဒါကြောင့် မင်းစိုးရိမ်တာတွေကို ငါ စဉ်းစားပေးထားပြီးသားပါ။ ကံကောင်းတာက မင်း ဒီတစ်ခေါက် ရရှိခဲ့တဲ့ အကျိုးဆောင်မှုက တကယ်ကို ကြီးမားပါတယ်။ ဒါဟာ ငါ့အတွက် အကျိုးရှိရုံတင်မကဘဲ၊ လက်ယာအမတ်ချုပ်ကိုလည်း နန်းတွင်းထဲမှာ အကြီးအကျယ် မျက်နှာပွင့်စေခဲ့တယ်။ ဒီပစ္စည်းက လက်ယာအမတ်ချုပ်ဆီက ရတဲ့ ဆုလာဘ်ပဲ”
ရွှစ်…
စကားသံဆုံးသည်နှင့် ရွှေရောင် ကမ္ပည်းပြားတစ်ခုသည် ချူရွှမ်၏ လက်ထဲသို့ ကျရောက်လာသည်။ ထိုအပေါ်တွင် ရွှေစာလုံး နှစ်လုံး ရေးထိုးထားသည်။
“အကျဉ်းထောင်မှူးကြီး... ဒါက...”
ချူရွှမ် အနည်းငယ် မှင်သက်သွားသည်။
ဝမ်ရှန့်က တည်ကြည်သော လေသံဖြင့် ရွှေရောင်ကမ္ပည်းပြားကို လက်ညှိုးထိုးပြကာ ဆိုလိုက်သည်။ “ဒါက အမှောင်ထဲကနေ အလင်းဆီကို ကူးပြောင်းလာပြီး၊ အမှားကိုပြင်ကာ နန်းတွင်းအပေါ် သစ္စာရှိတဲ့ သူတွေအတွက် အထူး ထုတ်ပေးထားတာပဲ။ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ ဒီစာလုံးနှစ်လုံးကို ကြည့်လိုက်တာနဲ့ မင်း နားလည်မှာပါ။ ငါ့မှာ အခု ကိုင်တွယ်ရမယ့် အမှုကြီးတစ်ခု ရှိသေးတယ်၊ အခု ချက်ချင်း သွားရတော့မယ်”
ပြောပြီးသည်နှင့် ဝမ်ရှန့်သည် စစ်ဆေးရေးခန်းထဲမှ အမြန် ထွက်ခွာသွားတော့သည်။
အကျဉ်းထောင်မှူးကြီး တစ်ဦးအနေဖြင့် ရာဇဝတ်သားများကို ခြေရာခံခြင်း၊ အမှုစစ်ဆေးခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း စသဖြင့် နေ့စဉ် ကိုင်တွယ်ရမည့် ကိစ္စများစွာ ရှိနေသောကြောင့် ချူရွှမ်ကို အသေးစိတ် ရှင်းပြရန် အချိန်မပေးနိုင်ပေ။
ချူရွှမ်သည် စစ်ဆေးရေးခန်းထဲမှ ကြောင်အအဖြင့် ထွက်လာခဲ့ပြီး မကြာမီမှာပင် သူ၏ နေအိမ်သို့ ပြန်ရောက်ခဲ့သည်။
နောင်တွင် မိစ္ဆာများကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ခွင့် မရတော့မည်ကို တွေးမိသောအခါ သူသည် ရုတ်တရက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
“မိစ္ဆာတွေကို သတ်ရမယ်၊ ငါ ပိုပြီး အစွမ်းထက်လာရမယ် ဒီမြို့စောင့်အကျဉ်းထောင်ဌာနမှာ မိစ္ဆာသတ်ဖို့ နည်းလမ်းမရှိတော့ရင် ငါ ထွက်ပြေးတာပဲ ကောင်းတယ်”
ဆိုရိုးစကားအတိုင်းပင်၊ နန်းတွင်း၏ မြင့်မားသော နေရာများသည် ကျယ်ပြောလှသော လောကကြီးနှင့် မယှဉ်နိုင်ပေ။
ကွပ်မျက်သူအဖြစ် ဆက်လက် လုပ်ကိုင်၍ မရတော့သဖြင့်၊ချူရွှမ်သည် လောကကြီးထဲသို့ လှည့်လည်ကာ တရားမျှတမှုကို ဖော်ဆောင်ပြီး မိစ္ဆာများကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူ စဉ်းစားမိသည်နှင့် ချက်ချင်းပင် လှုပ်ရှားလိုက်သည်။
အထုတ်အပိုး အနည်းငယ်ကို အမြန်ပြင်ဆင်ပြီးနောက်၊ ချူရွှမ်သည် အိတ်ကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ခြံဝင်းတံခါး အပြင်ဘက်မှ နှဲသံများ ရုတ်တရက် ထွက်ပေါ်လာပြီး၊ တံခါးကို ပြင်းထန်စွာ လာရောက် ခေါက်ကြသည်။ချူရွှမ်က ထူးဆန်းစွာဖြင့် တံခါးကို ဖွင့်ကြည့်လိုက်သောအခါ အဖြူရောင် ဝတ်စုံဝတ်ထားသော နှဲမှုတ်သူများကို တွေ့လိုက်ရသည်။
အလယ်တွင်မူ အမည်းရောင် အခေါင်းတစ်ခု ရှိနေသည်။
ထိုအခေါင်းကိုချူရွှမ်၏ တံခါးရှေ့တည့်တည့်တွင် ချထားခဲ့ခြင်းပင်။
ချူရွှမ်သည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ “မင်းတို့က ဘယ်သူတွေလဲ ငါက မင်းတို့နဲ့ ဘာအငြိုးအတေးမှ မရှိဘဲနဲ့ ဘာလို့ နေ့ခင်းကြောင်တောင် အခေါင်းလာပို့တာလဲ”
ဒါဟာ သူ့ကို သေပါစေဟု တိုက်ရိုက် ကျိန်ဆဲလိုက်ခြင်းပင်။
ချူရွှမ်သည် ဒေါသထွက်လွန်းသဖြင့် ဓားကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း၊ နှဲမှုတ်သူများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အလျင်အမြန် ထွက်ပြေး ပျောက်ကွယ်သွားကြတော့သည်။ မြေပြင်ပေါ်တွင် စာတိုလေးတစ်စောင်သာ ကျန်ရစ်ခဲ့သည်။
သူသည် ၎င်းကို ဖွင့်ကြည့်လိုက်ရာ စာလုံး ရှစ်လုံးကို တွေ့လိုက်ရသည်။
“မွန်းလွဲ သုံးချက်တီး၊ ကျန့်ယန်တံခါးအောက်”
ဤအချိန်၊ ဤနေရာ။
ရင်းနှီးနေသလို ခံစားရသော်လည်း ခေတ္တမျှ စဉ်းစား၍ မရခဲ့ပေ။
“ဒါပေမဲ့ ဒီစာက ဒီအခေါင်းနဲ့ ပတ်သက်နေမှာ သေချာတယ်။ ဘယ်သူကများ ဒီလောက်တောင် အားယားနေပြီး နေ့ခင်းကြောင်တောင် အခေါင်းလာပို့တာလဲဆိုတာ ငါ သွားကြည့်ဦးမယ်”
ချူရွှမ်၏ မျက်နှာတွင် ရက်စက်သော အမူအရာတစ်ခု ပေါ်လာသည်။
သူသည် ထွက်ပြေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် မည်သည့်အရာကိုမျှ ထည့်တွက်မနေတော့ပေ။
သူသည် ကျိန်စာလက်နက်ကို သယ်ဆောင်ကာ ကျန့်ယန်တံခါးဆီသို့ လျှောက်လှမ်းသွားတော့သည်။
သူ ရောက်သွားသည်နှင့် ချူရွှမ်သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကြောင့် အံ့ဩသွားရသည်။ ထိုနေရာတွင် လူပေါင်း ထောင်ချီ၍ စုရုံးနေကြပြီး၊ အထဲမှ တစ်ခုခုကို လက်ညှိုးထိုးကာ ဝိုင်းဝန်း ပြောဆိုနေကြသည်။
မကြာမီမှာပင် လူအုပ်ထဲမှ ရင်းနှီးပြီး မာန်တက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းလို အောက်တန်းစား အဘိုးကြီးက ငါကိုယ်တိုင် မင်းရဲ့ သမီးကို သဘောကျပြီး ငါ့နားမှာ အိပ်ခွင့်ပေးတာကိုပဲ... မင်းတို့ ဘိုးဘွားပိုင် သင်္ချိုင်းက မီးခိုးစိမ်းတွေ ထွက်လာတဲ့အထိ ကံကောင်းတယ်လို့ မှတ်ရမှာ၊ ဒါဟာ ဘဝ ရှစ်ဆက်စာ ကျင့်ကြံရင်တောင် မရနိုင်တဲ့ ကောင်းချီးပဲ”
“ငါ အခု မင်းနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ချူလို့ နာမည်ရတဲ့ အကောင် ရောက်လာရင်တော့ ငါ မင်းတို့ သားအဖနဲ့ အေးဆေး ပျော်ပါးပေးဦးမှာပါ၊ ဝါးဟားဟားဟားဟား...”
ထိုဝင့်ကြွားလှသော ရယ်သံ၊ ထိုမောက်မာလှသော လေသံ၊ ပြီးတော့ ရင်းနှီးနေတဲ့ ဒီကျန့်ယန်တံခါး။
ဒီလောက်အထိတော့ ကံမဆိုးလောက်ပါဘူးနော်။
ချူရွှမ်သည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် လူအုပ်ကို တိုးထွက်ကာ အတွင်းသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။
လူအုပ်အတွင်းမှ အလွန်ပင် ဒေါသထွက်နေသော ဟိန်းဟောက်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ “ချူလို့ နာမည်ရတဲ့ကောင်၊ မင်း တကယ် ရောက်လာတာပဲ ငါ မင်းကို စောင့်နေတာ ကြာပြီ”
ဟိန်းဟောက်လိုက်သူမှာ ဇိမ်ခံဝတ်စုံများကို ဝတ်ဆင်ထားပြီး၊ ယိုင်တိယိုင်တိုင် ခြေလှမ်းများနှင့် ယုတ်မာသော မျက်နှာရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။ချူရွှမ် ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများထဲမှ မီးတောက်များ ထွက်လာမတတ် ဖြစ်နေသည်။
ဤလူကို မြင်လိုက်ရသောအခါချူရွှမ်သည်လည်း စိတ်ပျက်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလူသည် အခြားသူမဟုတ်ဘဲ၊ သူ တစ်ခါက “ဥနှစ်လုံး ပွင့်ထွက်သွားအောင်” ရိုက်နှက်ခဲ့ဖူးသော လက်ဝဲအမတ်ချူပ်၏ သား ဖြစ်နေသောကြောင့်ပင်။
သူသည် စိတ်ထဲမှ ချက်ချင်းပင် နားလည်လိုက်သည်။
“ငါ့အိမ်ရှေ့က အခေါင်းကို မင်း ပို့လိုက်တာလား”
ချူရွှမ်က ဒေါသတကြီး မေးလိုက်သည်။
“မှန်တယ်။ မင်း ရာထူးတိုးတော့မယ်လို့ ငါ ကြားလိုက်ရတာနဲ့၊ မင်းအတွက် လက်ဆောင်တစ်ခု ပေးဖို့ ငါ့လူတွေကို ချက်ချင်း အမိန့်ပေးလိုက်တာပဲ။ မင်းကို ‘ရာထူးတိုး (အခေါင်းသွင်း) ပြီး စီးပွားတက်ပါစေ’ လို့ ဆုတောင်းပေးရင်းနဲ့ အမြန်ဆုံး သေပြီး လူပြန်ဖြစ်ပါစေလို့လည်း မျှော်လင့်ပါတယ်”
“ဒါကို အောင်ပွဲခံတဲ့အနေနဲ့ ငါက နောက်ထပ် အောက်တန်းစား သားအဖနှစ်ယောက်ကိုတောင် ဖမ်းခိုင်းထားသေးတယ်။ ဒီမြင်ကွင်းက တကယ်ကို ရင်းနှီးနေတယ် မဟုတ်လား လွန်ခဲ့တဲ့ တစ်လတုန်းက ငါ အောက်တန်းစား မိန်းကလေးတစ်ယောက်ကို ဆွဲခေါ်ဖို့ လုပ်နေတုန်း မင်းက ငါ့ကို ရိုက်နှက်ခဲ့တယ်လေ”
“ငါ့အဖေက ဒါကို လွှတ်ထားလိုက်ဖို့ ပြောပေမဲ့၊ ငါကတော့ ဒီဒေါသကို ဘယ်လိုမှ မျိုချလို့ မရဘူး”
“အခု ငါ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးမယ်။ လာလေ... ငါ့ကို လာရိုက်စမ်းပါ၊ လာရိုက်စမ်းပါ... ဟားဟားဟားဟား...”
ရူးသွပ်စွာ ရယ်မောရင်း၊ လက်ဝဲအမတ်ချူပ်၏ သားသည် ထိုမိန်းကလေးကို သူ၏ ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်သည်။
ဝန်းရံကြည့်ရှုနေသော လူပေါင်း ထောင်ချီမှာ ဒေါသထွက်နေကြသော်လည်း မည်သူမျှ စကားမပြောရဲကြပေ။
စုတ်ပြတ်နေသော အင်္ကျီကို ဝတ်ဆင်ထားသည့် မိန်းကလေး၏ အဘိုးအိုဖြစ်သူ ဖခင်မှာမူ လက်ဝဲအမတ်ချူပ်၏ သားရှေ့တွင် အသည်းအသန် ဒူးထောက် ရှိခိုးနေရှာသည်။ “သခင်လေး... ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ၊ သခင်လေး... ကျွန်တော်တို့ သားအဖကို လွှတ်ပေးပါ။ ကျွန်တော့်သမီးလေးက အသက် ၁၃ နှစ်ပဲ ရှိပါသေးတယ်”
“ဖယ်စမ်း၊ အသုံးမကျတဲ့ အဘိုးကြီး၊ ဆူညံမနေနဲ့”
ဘုန်း
မဆင်မခြင် ကန်လိုက်သောကြောင့် ဒူးထောက်နေသော အဘိုးအိုမှာ နာကျင်စွာ အော်ဟစ်လျက် နောက်သို့ လွင့်ထွက်သွားတော့သည်။