← Chapters

အခန်း (၃၆၅)

Vol. 37 Ch. 365

အခန်း (၃၆၅)

Vol. 37 Ch. 365

နန်းဆောင်က သက်ပြင်းကို အလေးအနက်ချရင်း "အခြားရွေးချယ်စရာ မရှိဘူး။ ငါတို့ ဒီအတိုင်းပဲ တောင့်ခံထားရမယ်။ အခု အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာတာပဲ။ မြေကမ္ဘာကြောရိုးတွေနဲ့ ဝိညာဉ်ချီစွမ်းအင်တွေကနေ ဖြစ်တည်လာတဲ့ ဗျူဟာတွေက ရန်သူကို အားနည်းသွားစေတယ်..."

ဘဏ်လုပ်ငန်းရှင်က "ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ စစ်ပွဲမျိုးဆိုရင် စီးပွားရေးစနစ် ပြိုလဲသွားမှာကို စိုးရိမ်မိတယ်။ တည်ငြိမ်တဲ့ စီးပွားရေးရှိမှသာ ကျင့်ကြံသူတွေကို အဆက်မပြတ် မွေးထုတ်ပေးနိုင်မှာလေ..."

ဘဏ်လုပ်ငန်းရှင်သည် အလွန်ပင် စိတ်သောကရောက်နေသည်။ ရှေ့တန်းမှ စစ်သည်များ သေဆုံးနေရခြင်းက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသလို နောက်တန်း ထောက်ပံ့ရေးကိစ္စများ တောင့်ခံနိုင်ပါ့မလား ဆိုသည်ကလည်း သူ့ကို ပူပန်စေသည်။ ဟွာရှနိုင်ငံ၏ ကြီးမားလှသော လုပ်ငန်းဆောင်တာများမှာ စက္ကန့်တိုင်းတွင် ငွေကြေးအမြောက်အမြား အသုံးပြု၍ လည်ပတ်နေရခြင်းပင်။

...

လူအများမှာ ခေတ္တမျှ ဆွေးနွေးလိုက်ကြသည်။

ရုတ်တရက် ကောင်းကင်ဘုံလက်ရာက "ရွှီရန်နဲ့ ယဲ့ဖျင် ရောက်လာကြပြီ သူတို့မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခု ရှိတယ်လို့ ပြောတယ်"

နန်းဆောင်က "သူတို့ကို ဝင်ခိုင်းလိုက်ပါ"

မကြာမီမှာပင် အစည်းအဝေးခန်းမ တံခါးများ ပွင့်သွားပြီး ရွှီရန်နှင့် ယဲ့ဖျင်တို့ ငါးဦးရှေ့တွင် ပေါ်လာတော့သည်။

ကောင်းကင်ဘုံလက်ရာက စပ်စုချင်စိတ်ဖြင့် "ရွှီရန်... မင်းက တစ်ပါးကမ္ဘာ စစ်မြေပြင်ကနေ အခုတင် ပြန်ရောက်တာလေ။ ဘာလို့ ကောင်းကောင်း အနားမယူဘဲ ငါတို့ကို အသည်းအသန် လာတွေ့ရတာလဲ"

ရေပြင်ကျမ်းက "ဟုတ်တယ် တစ်ပါးကမ္ဘာ စစ်မြေပြင်က အခြေအနေအားလုံးကို ငါတို့ သိပြီးသားပါ။ အစီရင်ခံစာ တင်ဖို့တောင် မလိုတော့ပါဘူး"

ရွှီရန်က ခေါင်းခါယမ်းလျက် "ကျွန်တော် ကောင်းကင်ဘုံအထွတ်အထိပ် နန်းဆောင်ကို လာခဲ့တာက စစ်မြေပြင်ကို ရှင်းလင်းရင်းနဲ့ အရမ်းအရေးကြီးတဲ့ အချက်တစ်ခုကို တွေ့ရှိခဲ့လို့ပါ"

နန်းဆောင်က စိတ်ဝင်တစား မေးလိုက်သည်။

"အဲဒါက ဘာလဲ"

အကယ်၍ ရွှီရန်ကဲ့သို့သော သူပင်လျှင် စိတ်ဝင်စားသွားရသည်ဆိုပါက ထိုအရာသည် နာကျည်းမှုနတ်ဘုရား လက်ဖွဲ့ကဲ့သို့ပင် လုံးဝ မရိုးရှင်းနိုင်ပေ။

မကြာမီမှာပင် ရွှီရန်သည် ဂြိုလ်သုံးလုံး ပူးပေါင်းမှုနှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်များကို လူတိုင်းအား မျှဝေလိုက်သည်။

နားထောင်ပြီးနောက်တွင် လူတိုင်း၏ မျက်နှာမှ ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော စိုးရိမ်မှုများက အစားထိုးဝင်ရောက်လာတော့သည်။

နန်းဆောင်က "ဂြိုလ်သုံးလုံးရဲ့ မဟာမိတ်ဖွဲ့မှုဆိုတာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး"

ရေပြင်ကျမ်းက "အခုချိန်မှာတော့ အဲဒီဂြိုလ်သုံးလုံးက ကျွန်တော်တို့ကို တစ်ပြိုင်တည်း ကျူးကျော်နေတာ မှန်ပေမဲ့။ အရင်ကတော့ သူတို့တွေ စနစ်တကျ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိခဲ့ဘူး။ ဒါတောင်မှ လူသားတွေအတွက် ခုခံရတာ အလွန်တရာ ခက်ခဲခဲ့တာ"

ဘဏ်လုပ်ငန်းရှင်က "သူတို့တွေက လုံးဝ အမြစ်ဖြတ် ကျူးကျော်ဖို့ ဆုံးဖြတ်ထားပုံပဲ။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက လူသားတွေရဲ့ လက်ရှိ စွမ်းအားကတော့ ထိရောက်စွာ ခုခံနိုင်ဖို့ အားနည်းလွန်းနေသေးတာပဲ"

လူအများက ထိုစကားကို သဘောတူကြသည်။

ဂြိုလ်သုံးလုံး၏ အခြေခံအုတ်မြစ်မှာ ကြောက်ခမန်းလိလိ အားကောင်းလှသည်။ အကယ်၍သာ စည်းမျဉ်းစည်းကမ်းများ၏ ကန့်သတ်ချက်များသာ မရှိပါက အပြာရောင်ကြယ်ဂြိုလ်မှာ ကျဆုံးသွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

ဗေဒင်ဆရာက သက်ပြင်းချရင်း "လူသားတွေအတွက် ရတဲ့အချိန်က နည်းလွန်းသေးတယ်။ အကယ်၍ လူသားတွေရဲ့ ခွန်အားကို ချက်ချင်း မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းသာ ရှိမယ်ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

ချက်ချင်းဆိုသလိုပင် ရွှီရန်၏ အသံ ထွက်ပေါ်လာသည်။

"အမှန်တော့ ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိပါတယ်"

လူတိုင်းက ရွှီရန်အား အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

လူသားမျိုးနွယ် တစ်ရပ်လုံး၏ အလုံးစုံသော အစွမ်းအစကို မြှင့်တင်ရန်မှာ အလွန်တရာ ခက်ခဲလှသော တာဝန်တစ်ခု ဖြစ်သည်။ ယွဲ့နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးတည်းကို မွေးထုတ်ရန်ပင် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရသည်။

ကျင့်ကြံသူတစ်ဦးကို ယွဲ့နယ်ပယ်အဆင့်သို့ ချက်ချင်းရောက်အောင် မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများ သူတို့တွင် ရှိသည်။ သို့သော် ထိုသို့သောနည်းလမ်းဖြင့် မွေးထုတ်လိုက်သည့် ယွဲ့နယ်ပယ်ကျွမ်းကျင်သူများသည် တိုက်ခိုက်ရေးစွမ်းအား အလွန်အားနည်းပြီး သွေးစွမ်းအင်တန်ဖိုး တစ်သန်းရှိသည့် တိုက်ခိုက်မှုကိုပင် ကြံ့ကြံ့မခံနိုင်ကြချေ။

ကောင်းကင်ဘုံလက်ရာက "ရွှီရန်... အနာဂတ်အလားအလာတွေကို ရင်းပြီး အစွမ်းမြှင့်တဲ့ နည်းလမ်းတွေက သဘာဝတရားကို ဆန့်ကျင်ရာရောက်တယ်နော်"

ရွှီရန်က လက်ယမ်းပြလိုက်ပြီး "ဒါမျိုး မဟုတ်ပါဘူး။ ကျွန်တော်ပြောတဲ့ နည်းလမ်းက မြေကမ္ဘာကြောရိုးပန်းပွင့်ပါ"

ထို့နောက် ရွှီရန်သည် မြေကမ္ဘာကြောရိုးပန်းပွင့်နှင့် ပတ်သက်သည့် အကြောင်းအရာများကို လူတိုင်းအား ရှင်းပြလိုက်သည်။ လူတိုင်းမှာ နားထောင်ရင်း ဝေခွဲမရဖြစ်ကာ အံ့အားသင့်နေကြတော့သည်။

ကောင်းကင်ဘုံအထွတ်အထိပ် နန်းဆောင်၏ ဆုံးဖြတ်ချက်ချမှတ်သူ ငါးဦးအနေဖြင့် ဘေးကင်းရာဇုန်အကြောင်းကို သူတို့ထက် ပိုသိသူ မရှိချေ။ သို့သော်လည်း ရွှီရန်ပြောသည့် အပြာရောင်ဝတ်စုံနှင့် မိန်းကလေးကို သူတို့တစ်ခါမျှ မမြင်ဖူးသလို မြေကမ္ဘာကြောရိုးပန်းပွင့်ဆိုသည့် စကားလုံးကိုလည်း တစ်ခါမျှ မကြားဖူးကြချေ။

သို့သော် မြေကမ္ဘာကြောရိုးများကို သန့်စင်ခြင်းဖြင့် လူသားမျိုးနွယ်အတွက် ရရှိလာမည့် ကြီးမားလှသော အကျိုးကျေးဇူးများကို ကြားလိုက်ရချိန်တွင် မည်သူမျှ ငြိမ်သက်စွာ မထိုင်နိုင်ကြတော့ပေ။ အမြဲတမ်း တည်ငြိမ်နေတတ်သော ဘဏ်လုပ်ငန်းရှင်ပင်လျှင် ယခုအချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

"ရွှီရန်... မင်း တကယ်ပြောနေတာလား"

သူက ရွှီရန်ကို နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်သည်။

မြေကမ္ဘာကြောရိုးပန်းပွင့်၏ ကိစ္စမှာ အလွန်ပင် အရေးကြီးလှသည်။ ရွှီရန်ကိုယ်တိုင် ပြောနေခြင်း ဖြစ်သော်လည်း ဘဏ်လုပ်ငန်းရှင်အနေဖြင့် ထပ်ခါတလဲလဲ အတည်ပြုရန် လိုအပ်နေခြင်းပင်။

ရွှီရန်က ခေါင်းညိတ်ပြလျက် "ဒီလိုကိစ္စမျိုးကို ကျွန်တော် နောက်ပြောင်မှာ မဟုတ်ပါဘူး"

ကောင်းကင်ဘုံလက်ရာက စိတ်လှုပ်ရှားစွာဖြင့် "ရွှီရန်... မင်း ဘယ်တော့ စနိုင်မလဲ"

ရွှီရန်က ပြန်ဖြေလိုက်သည်။

"လိုအပ်တဲ့ ပစ္စည်းတွေ အဆင်သင့်ဖြစ်တာနဲ့ မနက်ဖြန်ဆိုရင်တောင် စလို့ရပါတယ်"

အမြဲတမ်း စေ့စပ်သေချာလှသော ဘဏ်လုပ်ငန်းရှင်က လက်ကို ရက်ရက်ရောရော ယမ်းပြလိုက်ပြီး "မင်းလိုအပ်တဲ့ ပစ္စည်းစာရင်းကိုသာ ပေးလိုက်စမ်းပါ။ နေ့တိုင်း ပစ္စည်းအားလုံး မင်းဆီရောက်အောင် ငါ စီစဉ်ပေးမယ်"

ဘဏ်လုပ်ငန်းရှင်၏ ရက်ရောမှုကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။

ရေပြင်ကျမ်းက "ဘဏ်လုပ်ငန်းရှင်... နေပါဦး မင်းက ဘယ်တုန်းက ဒီလောက်တောင် ရက်ရောသွားတာလဲ"

ကောင်းကင်ဘုံလက်ရာကလည်း "အရင်ကတော့ တစ်ကျပ်တစ်ပြားကအစ တွက်ကပ်နေပြီးတော့ အခုကျတော့ ပိုက်ဆံအကြောင်းတောင် မဟတော့ဘူးလား"

နန်းဆောင်က "ဘဏ်လုပ်ငန်းရှင်က ဒီလိုမျိုး ဖြစ်နိုင်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး"

မကြာမီမှာပင် ဘဏ်လုပ်ငန်းရှင်က သူ၏ ရက်ရောသော အမူအရာကို ပြန်သိမ်းလိုက်ပြီး တည်ကြည်စွာဖြင့်

"ဒီကိစ္စတွေက လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် အကျိုးပြုတာပဲ။ ရွှီရန် တစ်ယောက်တည်းကို ဘယ်လိုလုပ် ခိုင်းထားလို့ ဖြစ်မှာလဲ"

"ငါတို့က သန့်စင်ခြင်းဗျူဟာကို မရေးဆွဲနိုင်သလို မြေကမ္ဘာကြောရိုးပန်းပွင့်ကို ဘယ်လိုသန့်စင်ရမလဲဆိုတာလည်း မသိဘူး။ ဒါပေမဲ့ ပစ္စည်းထောက်ပံ့ပေးဖို့ကတော့ ငါတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ။ အကယ်၍ ဒါကိုတောင် ငါတို့ မလုပ်နိုင်ဘူးဆိုရင် ကောင်းကင်ဘုံအထွတ်အထိပ် နန်းဆောင်က ငါတို့ကို ဖယ်ထုတ်ပြီး တခြားလူတွေနဲ့ အစားထိုးလိုက်တာ ပိုကောင်းလိမ့်မယ်"

ဘဏ်လုပ်ငန်းရှင်က တရားသော စကားများကို ပြောနေသော်လည်း သူ့အကြောင်း ကောင်းကောင်းသိသူများကတော့ သူသည် ဤကိစ္စတွင် ကိုယ်ပိုင်တွက်ချက်မှုများ ရှိနေမည်ကို နားလည်ကြသည်။

အမှန်တကယ်လည်း ထိုသို့ပင်။

ဘဏ်လုပ်ငန်းရှင်၏ ကတိကို ရရှိပြီးနောက် ရွှီရန်သည် ကောင်းကင်ဘုံအထွတ်အထိပ် နန်းဆောင်မှ ထွက်ခွာလာပြီး ဘေးကင်းရာဇုန်ရှိ ရတနာတိုက်သို့ ပြန်လာခဲ့သည်။

သူ ရတနာတိုက်သို့ ချဉ်းကပ်လိုက်သည်နှင့် အပြာရောင်ပုံရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာတော့သည်။

"နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ"

ထို့နောက် စိုးရိမ်တကြီးဖြင့် "ရုတ်တရက်ကြီး ပြင်းထန်တဲ့ မိစ္ဆာလှိုင်းတွေ ဖြစ်နေတယ်လို့ ကြားလို့ မင်း ဘာမှ မဖြစ်ဘူးမလား"

ရွှီရန်သည် ရတနာတိုက်နှင့် ပင်လယ်အောက်ခြေမြစ်ကြောင်းတွင် မဟာကရုဏာ ဗျူဟာကို ရေးဆွဲပြီးနောက် အပြာရောင်ကြယ်ဂြိုလ်၏ ဝိညာဉ်ချီစွမ်းအင်သိပ်သည်းဆမှာ သိသိသာသာ ပြောင်းလဲသွားပြီး ညစ်ညမ်းမှုများလည်း သန့်စင်သွားခဲ့သည်။

မြေကမ္ဘာကြောရိုးပန်းပွင့် ဖြစ်သောကြောင့် အပြာရောင်ဝတ်စုံနှင့် မိန်းကလေးသည် ဝိညာဉ်ချီစွမ်းအင်အပေါ် အလွန် အာရုံခံစားနိုင်စွမ်းရှိပြီး အပြာရောင်ကြယ်ဂြိုလ်၏ ကြီးမားသော အပြောင်းအလဲများကို ချက်ချင်း သိရှိခဲ့သည်။ ထိုအပြောင်းအလဲများကို ရွှီရန်ကသာ ပြုလုပ်နိုင်ခြင်းဖြစ်ပြီး အပြာရောင်ကြယ်ဂြိုလ်ပေါ်တွင် အခြားမည်သူမျှ မလုပ်ဆောင်နိုင်ကြောင်း သူမ သေချာပေါက် သိနေသည်။

မြေကမ္ဘာကြောရိုးပန်းပွင့်ကို သန့်စင်ရမည့်ကိစ္စမှာ သူမ၏ စိတ်ထဲတွင် အမြဲရှိနေသော်လည်း ရုတ်တရက် ဖြစ်ပေါ်လာသည့် မိစ္ဆာလှိုင်းများကြောင့် ခေတ္တမျှ ဆိုင်းငံ့ထားခဲ့ရခြင်းပင်။

All Chapters