← Chapters

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈-၅၄၀)

Vol. 36 Ch. 538-540

အခန်း (၅၃၈) - နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို ကိုင်စွဲထားသည့် တောင်စောင့် မျောက်နတ်ဘုရား

~"တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသါလား"

ယဲ့ဖုန်းသည် ငြိမ်သက်စွာ ရပ်နေ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ့ထံမှ တုန်လှုပ်ဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်မနေသော်လည်း ခန္ဓာကိုယ်အတွင်း၌မူ ကျယ်ပြောလှသည့် ကြောက်မက်ဖွယ် စွမ်းအားများကို ခံစားနေရ၏။

"နောက်ဆုံး နတ်ဆိုး ဧကရာဇ် က တော်တော်လေး သန်မာတယ်လို့ ကြားတယ်... အလယ်အလတ်အဆင့် အထိ ရောက်ပြီးတော့ လေနတ်ဆိုး တောင်တန်း ကို အုပ်စိုးထားတာတဲ့... အခု အားလုံး စုပေါင်းပြီး သူ့ကို နှိမ်နင်းကြတာပေါ့... ပြီးရင် နတ်ဆိုးသားရဲဆောင် ရဲ့ ဝိညာဉ်သားရဲ အဖြစ် သိမ်းသွင်းမယ်"

ယဲ့ဖုန်းက လှည့်ကြည့်ကာ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ ခင်ဗျာ"

နတ်ဆိုး ဧကရာဇ် (၄) ပါးလုံးက ခေါင်းညိတ်လိုက်ကြပြီး ယဲ့ဖုန်း၏ ဘေးတွင် လိုက်ပါလာကြ၏။

"ဝှီး…”

လူတိုင်း လေထဲသို့ ပျံတက်သွားကြကာ လေနတ်ဆိုး တောင်တန်း ၏ မြောက်ဘက် အရှေ့ဘက်ခြမ်းသို့ ဦးတည် ပျံသန်းသွားကြတော့၏။

ထိုနေရာမှာတော့ အုပ်စိုးသူ နတ်ဆိုး ဧကရာဇ် ၏ စံအိမ် တည်ရှိသည်။

...

ကန်ရေပြင် ဘေးတွင်တော့ နတ်ဆိုးဘုရားကျောင်း သခင် ရောက်ရှိနေတော့၏။

"ရှာတွေ့ပြီ... သူတို့ ဒီနေရာမှာ ရှိခဲ့တာပဲ"

သူ့မျက်လုံးများ မှေးစင်းသွား၏။ လက်ချောင်းများကို မန္တန်အသွင် ပုံဖော်လိုက်ရာ လေထဲတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး လူတစ်စု၏ ဝေဝါးသော ပုံရိပ်များကို တွေ့လိုက်ရသည်။ ထိုလူများကြားတွင် ယဲ့ဖုန်းကို သူ တွေ့လိုက်ရသည်။

"မြူခိုးဂိုဏ်း ရဲ့ ယဲ့ဖုန်း... သူ တကယ်ပဲ ရောက်လာတာကိုး... ကောင်းပြီ... လေနတ်ဆိုး တောင်တန်း က ကျယ်ပြန့်တယ် ဆိုပေမဲ့ သူ ဒီမှာ (၃) ရက်လောက် ဆက်ရှိနေသရွေ့တော့ ငါ သူ့ကို ရှာတွေ့မှာပါ"

နတ်ဆိုးဘုရားကျောင်း သခင် က ကျေနပ်စွာ ရယ်လိုက်၏။ သူသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ဆက်လက် ရှာဖွေနေတော့သည်။

မကြာမီမှာပင် ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် နှင့် လေဝူ မင်းဆက် ၏ နန်းတွင်း အစေခံများ ကန်ဘေးသို့ ရောက်လာကြကာ ထိုနေရာ၌ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့သည့် အမှတ်အသားများကို တွေ့လိုက်ရ၏။

"ကြည့်ရတာ ငါးကြင်း နတ်ဆိုး ဧကရာဇ် ကို ဂိုဏ်းချုပ် ယဲ့ က သိမ်းသွင်းသွားပြီ ထင်တယ်... အခုတော့ ကျန်တဲ့ နတ်ဆိုး ဧကရာဇ် (၃) ပါးကို ဆက်ပြီး သိမ်းသွင်းဖို့ သွားနေတာ နေမှာ"

ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် က ပြောလိုက်၏။

ထိုအခါ၊ ရှေ့ဆုံးမှ လာသည့် နန်းတွင်း အစေခံက မေးလိုက်သည်။

"ဂိုဏ်းချုပ် ယဲ့ က နတ်ဆိုး ဧကရာဇ် တွေကို နှိမ်နင်းပြီး တောင်စောင့် ဝိညာဉ်သားရဲ အဖြစ် သိမ်းသွင်းဖို့ လေနတ်ဆိုး တောင်တန်း ကို လာတာလား"

"ဟုတ်ပါတယ်"

ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် က ခေါင်းညိတ်ပြလိုက်၏။

"ဟူး..."

နန်းတွင်း အစေခံက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ငါတို့ နန်းတော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် ဆိုတော့လည်း မထူးဆန်းပါဘူးလေ... တောင်စောင့် ဝိညာဉ်သားရဲ တွေကတောင် နတ်ဆိုး ဧကရာဇ် အဆင့် တွေ ဆိုတော့ တကယ်ကို ကြောက်စရာ ကောင်းလှတယ်"

"သွားကြစို့... ဂိုဏ်းချုပ် ယဲ့ ကို ဆက်ရှာရမယ်"

အဖွဲ့သားအားလုံးသည် လေနတ်ဆိုး တောင်တန်း ၏ အနက်ရှိုင်းဆုံး အရပ်ဆီသို့ ဦးတည်ကာ ဆက်လက် ရှာဖွေနေကြတော့၏။

ထိုသူများ ထွက်သွားပြီးနောက် မြူခိုးများ ဖုံးလွှမ်းနေသော လှပသည့် လူရိပ်တစ်ခု ရောက်ရှိလာပြန်သည်။ သူမက မရပ်နားဘဲ ရှေ့သို့ ဆက်သွားနေ၏။

'ငါ့မိတ်ဆွေဟောင်း ရဲ့ မျိုးဆက်တွေ ဘယ်မှာ ရှိနေတာလဲ...'

ဆန်းကြယ်သော မိန်းကလေးက ဝဲယာကို ကြည့်လိုက်၏။ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။

'ထူးဆန်းလိုက်တာ... လေနတ်ဆိုး တောင်တန်း လေးက ဘာလို့ ငါ့ရဲ့ တွက်ချက်မှုတွေကို နှောင့်ယှက်နေတဲ့ ထူးခြားတဲ့ သံလိုက်စက်ကွင်း ရှိနေရတာလဲ...'

သူမက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ကာ လေထုကို ခွင်း၍ ဆက်လက် ပျံသန်းသွားတော့၏။

...

လေနတ်ဆိုး တောင်တန်း ၏ အရှေ့မြောက်ဘက်။

၎င်းမှာ မိုင်ပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းသော မိစ္ဆာ မြို့တော် ကြီးတစ်ခုပင်။ ထိုနေရာ၌ အသွင်ပြောင်းထားသော နတ်ဆိုးသားရဲ အမြောက်အမြား နေထိုင်ကြပြီး အနည်းဆုံး မိစ္ဆာဗိုလ်ချုပ် အဆင့်များ ဖြစ်ကြ၏။ အသွင်မပြောင်းနိုင်သေးသော သားရဲများမှာမူ ထိုမြို့ထဲသို့ ဝင်ရောက်ခွင့် မရှိပေ။ ဤနေရာမှာတော့ လေနတ်ဆိုး တောင်တန်း ၏ အဓိက ဗဟိုချက်ပင်။ လေနတ်ဆိုး တောင်တန်း ၏ အုပ်စိုးသူ အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် သည် ဤမြို့တော်ကို တည်ထောင်ခဲ့သူဖြစ်သလို လက်ရှိ မြို့စားမင်း လည်း ဖြစ်သည်။

ဤအချိန်တွင် ယဲ့ဖုန်း နှင့် သူ၏ အဖွဲ့သားများ နေရာသို့ ရောက်ရှိလာကြတော့၏။ အောက်ဘက်ရှိ ခမ်းနားထည်ဝါလှသော မြို့တော်ကြီးကို ငုံ့ကြည့်လိုက်သောအခါ လူတိုင်းမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။

"မိစ္ဆာမျိုးနွယ်တွေ က မြို့တွေတောင် တည်ဆောက်ကြတာလား"

ဝမ်ဖင်းအန်း က တအံ့တဩ ရေရွတ်လိုက်၏။

"သေချာတာပေါ့... မိစ္ဆာဗိုလ်ချုပ် တွေက အသွင်ပြောင်းနိုင်ပြီဆိုတာနဲ့ လူသားမျိုးနွယ် ရဲ့ တည်ဆောက်ရေး နည်းစနစ်တွေကို သင်ယူနိုင်ကြပြီလေ... ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် ဟန်ပန်တွေနဲ့ မြို့ကြီးတွေကို တည်ဆောက်ကြတာပေါ့"

မီးလျှံ နတ်ဆိုး ဧကရာဇ် က ကိုယ်တိုင် ကိုယ်ကျ ရှင်းပြ၏။

"နားလည်ပါပြီ"

ဝမ်ဖင်းအန်း က သဘောပေါက်သွားသည့်အသွင်ဖြင့် ခေါင်းညိတ်လိုက်၏။ ထိုအခိုက်အတန့်၌ ယဲ့ဖုန်းက လေထဲတွင် ရပ်လျက် မြို့တော်ကို အကဲခတ်ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။

"မြို့စားမင်း က ဘယ်လို အမျိုးအစား သားရဲလဲ"

"မျောက်နတ်ဆိုး ပါ"

"ဟုတ်တယ်... အရမ်း ဆိုးတဲ့ မျောက်ကြီးပေါ့"

"ဂိုဏ်းချုပ်... ကျွန်တော်တို့ (၄) ယောက်လုံး ပူးပေါင်း တိုက်ရင်တောင်မှ အဲဒီ မျောက်စုတ် ကို မယှဉ်နိုင်ပါဘူး... ကျွန်တော် ထင်တာတော့ အစောင့်အရှောက် မင်းသမီးလေး ရဲ့ အကူအညီ လိုလိမ့်မယ်”

နတ်ဆိုး ဧကရာဇ် (၄) ပါးလုံးက တစ်ဦးပြီးတစ်ဦး ပြောလိုက်ကြ၏။

"မြို့စားမင်း ကို ထွက်လာအောင် ခေါ်လိုက်ကြစမ်း... ပြီးရင် ငါတို့ လက်ထဲ ထားလိုက်"

ယဲ့ဖုန်း က ပြောလိုက်သည်။

"ကောင်းပါပြီ... ကျွန်တော် သွားလိုက်ပါ့မယ်"

မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ အလွန်ပင် စိတ်အားထက်သန်နေ၏။ သူသည် ဧရာမ မူလပုံစံသို့ အသွင်ပြောင်းလိုက်ကာ အတောင်ပံများမှ မီးလျှံများကို တောက်လောင်စေလျက် အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးဆင်းသွားတော့သည်။

"မျောက်စုတ်... ထွက်လာပြီး အရိုက်ခံဖို့ ပြင်ထားလိုက်စမ်း"

မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ တော်တော်လေး မောက်မာနေ၏။ ထိုစကားကြောင့် မြို့တော်အတွင်းရှိ မိစ္ဆာမျိုးနွယ်ဝင် သန်းနှင့်ချီသော လူများမှာ ခေါင်းမော့ကြည့်လိုက်ကြကာ မောက်မာလှသော မီးလျှံ နတ်ဆိုး ဧကရာဇ် ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

"ရဲတင်းလှချည်လား"

မြို့တော်အတွင်းမှ ပြင်းထန်သော ကြိမ်းမောင်းသံ တစ်ခု ထွက်ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် မိစ္ဆာစွမ်းအားများမှာ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်လာကာ မီးလျှံ နတ်ဆိုး ဧကရာဇ် ကို အလွယ်တကူပင် လွင့်ထွက်သွားစေတော့သည်။

"အား..."

မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ နာကျင်စွာ အော်ဟစ်လိုက်ရကာ မောက်မာမှုများ ပျောက်ကွယ်သွားတော့၏။ သူ၏ အမွှေးအတောင်များ မည်မျှအထိ ကျွတ်ထွက်သွားသည် မသိသော်လည်း မိုးရွာသကဲ့သို့ပင် ပြုတ်ကျနေကာ ထိပ်ပြောင်မတတ် ဖြစ်သွားတော့သည်။

"ဝုန်း…”

အရပ် (၂၀) မီတာခန့် မြင့်မားကာ နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို ကိုင်စွဲထားလျက် ရွှေရောင် ချပ်ဝတ်များ ဝတ်ဆင်ထားသည့် တောင်စောင့် မျောက်နတ်ဘုရား သည် မီးလျှံ နတ်ဆိုး ဧကရာဇ် ဆီသို့ ပျံသန်းလာကာ ရိုက်နှက်ရန် ပြင်လိုက်၏။ ယဲ့ဖုန်း က သူ့ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်။

'ကြည့်ရတာ ဝါရင့် အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် ပဲ... မူလပုံစံက တောင်စောင့် မျောက် ဖြစ်ပြီးတော့ ဝိညာဉ်ရတနာ အဆင့် ရှိတဲ့ နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို ပိုင်ဆိုင်ထားတာကိုး...'

အရာရာကို ပုံဖော်နိုင်သော မျက်လုံး မှတစ်ဆင့် ယဲ့ဖုန်း သည် ပြိုင်ဘက်၏ အချက်အလက်များကို ရရှိလိုက်၏။

"မျောက်အစ်ကို... ကျွန်တော် မှားသွားပါတယ် ခင်ဗျာ"

တောင်စောင့် မျောက်နတ်ဘုရား ၏ အရှိန်အဝါကို မြင်လိုက်ရသောအခါ မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ အသိတရား ဝင်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် မျက်တောင်တစ်ခတ်အတွင်း ထွက်ပြေးတော့၏။

"ဘယ်ကို ပြေးချင်နေတာလဲ... ဒီနေ့တော့ ငါ မြို့စားမင်း က မင်းလို အမွှေးနီ ကြက်မကြီး ကို စားပြီးတော့ နောက်တစ်ခါ ဒီလောက် ရဲတင်းရဲသေးလားဆိုတာ ဆုံးမရမှာပေါ့"

တောင်စောင့် မျောက်နတ်ဘုရား က ဟိန်းဟောက်လိုက်ကာ နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို လွှဲယမ်းလျက် တိုက်ခိုက်ရန် ပြင်လိုက်၏။ သို့သော်လည်း ပန်းရောင် လူရိပ်တစ်ခုက ရုတ်တရက် လမ်းခုလတ်တွင် ပိတ်ဆို့လိုက်သည်။

"မင်းရဲ့ ပြိုင်ဘက်က ငါပဲ"

မင်းသမီးလေး ဟူဖေးဖေး သည် ဒုတိယ တိုက်ခိုက်ရေး ပုံစံ သို့ ချက်ချင်း ဝင်ရောက်လိုက်တော့၏။ သူမ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး မူလနတ်ဘုရား အဆင့် (၅) ဆင့် သို့ ရောက်ရှိသွားတော့၏။

"ဝုန်း…”

ပေါက်ကွဲစေသော တုတ်တို နှင့် နက်မှောင်သော ကောင်းကင်ယံ တုတ်တို တို့ လေထဲတွင် ထိတိုက်မိကြရာ သန်းပေါင်းများစွာသော တုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်လာပြီး မိုင်ပေါင်း ရာနှင့်ချီသော တိမ်တိုက်များကို ချက်ချင်းပင် ပျောက်ကွယ်သွားစေတော့သည်။

"ကြည့်စမ်း... မင်းက မိန်းမတစ်ယောက် ဖြစ်ပြီးတော့ ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ"

တောင်စောင့် မျောက်နတ်ဘုရား ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။

"နှစ်ဆ ပေါက်ကွဲစေသော တုတ်တို "

တိုက်ခိုက်ရသည်ကို နှစ်သက်လှသော မင်းသမီးလေး ဟူဖေးဖေး မှာ ရှင်းပြမနေတော့ဘဲ သူမ၏ တုတ်တိုကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း အချက်ပေါင်း ရာနှင့်ချီ၍ ထိုးနှက်လိုက်သည်။

"တော်တော် သန်မာတာပဲ"

တောင်စောင့် မျောက်နတ်ဘုရား ၏ မျက်သူငယ်အိမ်များ ကျုံ့သွားကာ နက်မှောင်သော ကောင်းကင်ယံ တုတ်တို ဖြင့် အလျင်အမြန်ပင် ကာကွယ်လိုက်၏။ သို့သော်လည်း ပေါက်ကွဲစေသော တုတ်တို ထံမှ ပို့လွှတ်လိုက်သော ကြောက်မက်ဖွယ် ခွန်အားများကြောင့် သူ၏ လက်ဝါးများမှာ ထုံကျဉ်သွားကာ ကွဲအက်မလို ဖြစ်သွားရတော့သည်။

ကောင်းကင်ယံထက်၌ လူတိုင်းမှာ အံ့အားသင့်သော မျက်လုံးများဖြင့် တိုက်ပွဲကို စောင့်ကြည့်နေကြ၏။

"အစောင့်အရှောက် ဟူဖေးဖေး က ပိုပြီး သန်မာလာသလိုပဲ"

"ဟုတ်တယ်... အလယ်အလတ်အဆင့် နတ်ဆိုး ဧကရာဇ် ကိုတောင်မှ ဖိနှိပ်ထားနိုင်တာပဲ... အရင်ကဆိုရင် သူ တစ်ယောက်တည်းနဲ့တင် အသားတောင် မိစ္ဆာကောင်ကြီး ကို အပြတ်နှိမ်နိုင်မှာပဲ"

လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့မှာ အားကျစိတ်များဖြင့် ငေးကြည့်နေကြ၏။

ဤအချိန်တွင် ဝမ်ဖင်းအန်း မှာတော့ ကျိန်စာ မမိစေရန်အတွက် ပါးစပ်ကို ပိတ်ကာ ဘာမှ မပြောဝံ့ဘဲ နေနေသည်။

"ဟင်... သူက တောင့်ခံထားနိုင်သေးတာလား"

မင်းသမီးလေး ဟူဖေးဖေး သည် တောင်စောင့် မျောက်နတ်ဘုရား မှာ ခုခံနိုင်စွမ်း ရှိနေသေးသည်ကို သတိပြုမိလိုက်ကာ မျက်ခုံးပင့်လိုက်၏။

သူမသည် တိုက်ပွဲအတွင်း စုစည်းထားသော စွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်ကာ တတိယ တိုက်ခိုက်ရေး ပုံစံ သို့ ဝင်ရောက်လိုက်တော့သည်။

"ဝူး…”

သူမ၏ (၃) မီတာခန့် ရှည်လျားသော ပန်းရောင် ဆံနွယ်များမှာ လေထဲတွင် ဝေ့ဝဲနေပြီး ပေါက်ကွဲစေသော တုတ်တို ၏ မျက်နှာပြင်ပေါ်တွင် ပိုမို နက်နဲလှသော နတ်ဘုရား သင်္ကေတများမှာ ရစ်ပတ်လာတော့၏။ သူမ၏ အရှိန်အဝါမှာ မူလနတ်ဘုရား အဆင့် (၆) ဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

"အဆပေါင်းများစွာ ပေါက်ကွဲစေသော တုတ်တို "

မင်းသမီးလေး ဟူဖေးဖေး သည် တောင်စောင့် မျောက်နတ်ဘုရား ကို သူ၏ သွေးမျိုးဆက် ပါရမီများကို ထုတ်သုံးခွင့် မပေးတော့ဘဲ လျင်မြန်လှသော အချက်ပေါင်း ရာနှင့်ချီ၍ ထိုးနှက်လိုက်ရာ နက်မှောင်သော ကောင်းကင်ယံ တုတ်တို မှာ ချိုင့်ဝင်သွားတော့၏။

"ချွင်…”

နောက်ဆုံးတွင်တော့ တောင်စောင့် မျောက်နတ်ဘုရား မှာ ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူ၏ လက်ဝါးများမှာ ကွဲအက်သွားကာ နက်မှောင်သော ကောင်းကင်ယံ တုတ်တို မှာလည်း လွင့်ထွက်သွားပြီး တောင်တန်းအချို့ကို ရိုက်ခွဲပစ်လိုက်တော့သည်။ သူ့ကိုတော့ မင်းသမီးလေး ဟူဖေးဖေး ၏ တုတ်ချက်က ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသဖြင့် ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရကာ ကောင်းကင်ယံမှနေ၍ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဆက်လက် မတိုက်နိုင်တော့ပေ။

"ဘယ်လိုလဲ... ဆက်တိုက်ချင်သေးလား"

မင်းသမီးလေး ဟူဖေးဖေး သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကာ ပေါက်ကွဲစေသော တုတ်တို ဖြင့် တောင်စောင့် မျောက်နတ်ဘုရား ၏ နှာခေါင်းထိပ်ကို ချိန်ရွယ်လျက် မောက်မာစွာ မေးလိုက်၏။

"တိုက်မယ်"

တောင်စောင့် မျောက်နတ်ဘုရား မှာ အရှုံးမပေးဘဲ ထရပ်ရန် ကြိုးစားနေ၏။ သို့သော်လည်း မင်းသမီးလေး ဟူဖေးဖေး က တုတ်ဖြင့် ရိုက်လိုက်တိုင်း တောင်စောင့် မျောက်နတ်ဘုရား မှာ မြေကြီးထဲသို့ ပြန်လည် မြှုပ်ဝင်သွားရကာ ခန္ဓာကိုယ်မှာလည်း ပျော့ခွေလျက် ခွန်အား တစ်စက်မျှ မရှိတော့ပေ။

"မလုပ်ပါနဲ့... ကျွန်တော့်ရဲ့ မွေးစား အဖေကို မသတ်ပါနဲ့"

ထိုအခိုက်အတန့်၌ မိစ္ဆာ မြို့တော် အတွင်းမှ စိုးရိမ်ပူပန်မှုများနှင့် တောင်းပန်တိုးလျှိုးနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့ဖုန်း က အသံလာရာဆီသို့ လှည့်ကြည့်လိုက်၏။

သူသည် ကတုံးနှင့် လူငယ်လေးတစ်ဦး ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူသည် ငယ်ရွယ်သော်လည်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံခြင်း ရှိနေသည်။

"ရှောင်လီကျိ... ဒီကို မလာနဲ့... အန္တရာယ် များတယ်"

တောင်စောင့် မျောက်နတ်ဘုရား မှာ စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်၏။

သို့သော်လည်း ကတုံးလူငယ်လေးမှာ ပြတ်သားသော အကြည့်ရှိကာ အန္တရာယ်ကို မကြောက်ဘဲ စစ်မြေပြင်၏ ဗဟိုချက်သို့ တိုးဝင်လာသည်။

သူ့ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ကာ တောင်စောင့် မျောက်နတ်ဘုရား ၏ ရှေ့တွင် ကာကွယ်လိုက်သည်။ ပေါက်ကွဲစေသော တုတ်တို ကို ကိုင်ထားသည့် မင်းသမီးလေး ဟူဖေးဖေး ကို ပိတ်ဆို့လိုက်တော့၏။

---

အခန်း (၅၃၉) - ကတုံးတပည့် လီကျောက်ခွန်နှင့် နတ်ဆိုး ဧကရာဇ် (၅) ပါးလုံး ထိတ်လန့်သွားခြင်း

~မင်းသမီးလေး ဟူဖေးဖေး၏ အကြည့်များမှာ အောက်ဘက်သို့ ရောက်ရှိသွားသည်။

တုန်ရီနေသော ကတုံးလူငယ်လေး၏ ခြေထောက်များကို ကြည့်ကာ သူမက ရယ်လျက် ပြောလိုက်၏။

"နင်က.. တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ... ကြောက်လို့ တုန်နေတာတောင် ငါ့ကို တားဖို့ ကြိုးစားနေသေးတယ်ပေါ့"

ထိုအခိုက်အတန့်၌ ယဲ့ဖုန်း၊ တတိယမင်းသားနှင့် အခြားသူများမှာလည်း မြေပြင်ပေါ်သို့ ဆင်းသက်လာကြကာ မင်းသမီးလေး ဟူဖေးဖေး၏ ဘေးတွင် ရပ်လျက် ကတုံးလူငယ်လေးကို အကဲခတ်လိုက်ကြသည်။

ဤလူငယ်လေးမှာ ဆံပင်မရှိသော်လည်း ရုပ်ရည်သန့်ပြန့်ကာ အတော်လေး ချောမောလှသည်။ အကယ်၍ သူ၌ ဆံပင်သာ ရှိမည်ဆိုလျှင် ခန့်ညားသော သခင်လေးတစ်ဦး ဖြစ်မည်မှာ သေချာလှ၏။

သို့သော်လည်း ယဲ့ဖုန်းက လူငယ်လေး၏ ပြောင်လက်နေသော ကတုံးကို သေချာကြည့်လိုက်သောအခါ ဦးရေပြားပေါ်တွင် ဆံပင်အမြစ်ပင် မရှိကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းမှာ ရိတ်ထားခြင်း မဟုတ်ဘဲ မွေးကတည်းက ဆံပင်မပါလာခြင်း ဖြစ်ပေလိမ့်မည်။

"ဂိုဏ်းချုပ် ယဲ့... ဒီလူငယ်က လူသားမျိုးနွယ် ထင်တယ်နော်"

"ထူးဆန်းလိုက်တာ... လူသားလူငယ်တစ်ယောက်က ဘယ်လိုဖြစ်ပြီး တောင်စောင့် မျောက်နတ်ဘုရား ရဲ့ သား ဖြစ်နေရတာလဲ"

"မင်း မကြားလိုက်ဘူးလား... မွေးစားသားတဲ့လေ"

လူအများမှာ စိတ်ဝင်တစားဖြင့် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးနေကြသည်။ ၎င်းတို့အားလုံးမှာ ကတုံးလူငယ်လေး၏ နောက်ခံအကြောင်းအရင်းကို အလွန်ပင် သိချင်နေကြ၏။

"ထူးဆန်းတာပဲ... ဒီမျောက်က လောကကြီးကို စိတ်ကုန်လို့ တရားအားထုတ်တော့မယ်... မိန်းမလည်း မလိုဘူးလို့ ပြောခဲ့တာ မဟုတ်လား... ဘာလို့ မွေးစားသား ရှိနေရတာလဲ"မုန်တိုင်း နတ်ဆိုး ဧကရာဇ် က သူ၏ သိချင်စိတ်ကို ဖော်ပြလိုက်၏။ သူသည် လေထဲတွင် ပျံဝဲနေကာ ကျောဘက်ရှိ ပုစဉ်းအတောင်ပံ (၁၂) စုံကို အဆက်မပြတ် ခတ်လျက် ရှိနေ၏။

ကောင်းကင်ထစ်ချုန်း ဧကရာဇ် က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"ငါ့အထင်တော့ ဒီမျောက်က ကလေးကို ကောက်ရလာတာ ဖြစ်ရမယ်"

အရင်က မိမိ၏ လက်အောက်ငယ်သားများက မိမိကို မျောက် ဟု ခေါ်ဝေါ်နေကြခြင်းကြောင့် တောင်စောင့် မျောက်နတ်ဘုရား မှာ ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့၏။

"ငါသာ အရင်လို ကျန်းမာနေဦးမယ်ဆိုရင် မင်းတို့ရဲ့ ခွေးခေါင်းတွေကို ရိုက်ခွဲပစ်လိုက်မယ်"

မီးလျှံ နတ်ဆိုး ဧကရာဇ် က ထူးဆန်းစွာ ရယ်လိုက်ကာ ပြောလိုက်၏။

"စိတ်လျှော့ပါဦး... ငါတို့က အခု မြူခိုးဂိုဏ်း ရဲ့ တောင်စောင့် ဝိညာဉ်သားရဲ တွေ ဖြစ်နေပြီလေ... အဆင့်အတန်းကလည်း မြင့်သလို လေ့ကျင့်ဖို့ နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ ကျင့်စဉ်တွေလည်း ရှိတယ်... ငါတို့ ကျင့်စဉ် တက်သွားပြီဆိုရင် မင်းကို လက်တစ်ဖက်တည်းနဲ့တင် နှိမ်နိုင်မှာပါ"

ကျန်ရှိနေသော နတ်ဆိုး ဧကရာဇ် (၃) ပါးလုံးကလည်း အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြကာ တောင်စောင့် မျောက်နတ်ဘုရားကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မယူဆကြတော့ပေ။

"နတ်ဆိုး ဧကရာဇ် အဆင့် ရှိတဲ့ ကျင့်စဉ်တွေ ဟုတ်လား"

တောင်စောင့် မျောက်နတ်ဘုရား ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားတော့သည်။

"ကောင်းပြီ"ဤအခိုက်အတန့်၌ ယဲ့ဖုန်းက နောက်ဆုံးတွင် စကားပြောလိုက်သည်။

သူသည် တုန်ရီနေသော ကတုံးလူငယ်လေးကို ကြည့်ကာ မေးလိုက်၏။

"ကလေး... မင်းနာမည် ဘယ်သူလဲ"

ကတုံးလူငယ်လေးက တံတွေးတစ်ချက် မျိုချလိုက်သည်။

"သူ့နာမည်က လီကျောက်ခွန် ပါ"

တောင်စောင့် မျောက်နတ်ဘုရားက အရင်ဦးအောင် ဖြေကြားပေးလိုက်သည်။

ယဲ့ဖုန်းသည် ဤအစွမ်းထက်သော လူအုပ်စုကြားတွင် အဓိက ပုဂ္ဂိုလ်ဖြစ်ကြောင်း သူ သိမြင်လိုက်တော့၏။

"တာအို မိတ်ဆွေ... မင်း ငါ့ကို သတ်ချင်တယ်ဆိုရင်လည်း ငါ တောင်စောင့် မျောက်နတ်ဘုရား က အသတ်ခံဖို့ အဆင်သင့်ပါပဲ... ဒါပေမဲ့ ငါ့ရဲ့ မွေးစားသားကိုတော့ မသတ်ပါနဲ့လို့ တောင်းပန်ချင်ပါတယ်"

"မွေးစားအဖေ... မလုပ်ပါနဲ့"က

ကတုံးလူငယ်လေး လီကျောက်ခွန် ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

ယဲ့ဖုန်း က အသာအယာ ပြုံးလိုက်သည်။

"ငါက မင်းကို ဘာလို့ သတ်ရမှာလဲ"

တောင်စောင့် မျောက်နတ်ဘုရား မှာ ဆွံ့အသွားကာ -

"မင်းက ဒေါသတကြီး ရောက်လာတာ ငါ့ကို သတ်ပြီး မိစ္ဆာအမြုတေကို ယူဖို့... ငါ့ရဲ့ သွေးတွေကို ယူပြီးတော့ နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို လုဖို့ မဟုတ်ဘူးလား"

"မင်း အများကြီး တွေးနေတာပဲ"

ယဲ့ဖုန်း က လက်ယမ်းပြလိုက်ကာ -

"ငါ လေနတ်ဆိုး တောင်တန်း ကို လာတာက တောင်စောင့် ဝိညာဉ်သားရဲ တစ်ကောင်ကို စည်းရုံးဖို့ပဲ... မင်းသာ ဆန္ဒရှိမယ်ဆိုရင် ငါ့ရဲ့ မြူခိုးဂိုဏ်း ကို လိုက်ခဲ့ပြီး ဝိညာဉ်သားရဲ တစ်ကောင်အဖြစ် နေနိုင်တယ်... စားစရာ၊ နေစရာနဲ့ ကျင့်စဉ်တွေလည်း ပေးမယ်လေ"

"တောင်စောင့် ဝိညာဉ်သားရဲ ဟုတ်လား... ဟား"တောင်စောင့် မျောက်နတ်ဘုရား က ခါးသီးစွာ ရယ်လိုက်၏။

"ငါကတော့ အသေခံမယ်... အညံ့မခံနိုင်ဘူး"

"မွေးစားအဖေ... မသေပါနဲ့"

ကတုံးလူငယ်လေး လီကျောက်ခွန် မှာ ကြောက်လန့်သွားတော့သည်။

"အကယ်လို့ အဖေသာ သေသွားရင် ကျွန်တော် တစ်ယောက်တည်း ဒီ မိစ္ဆာ မြို့တော် ထဲမှာ ကျန်ခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ နတ်ဆိုးသားရဲတွေ ရဲ့ စားတာကို ခံရတော့မှာပေါ့"

ထိုသို့ ကြားလိုက်ရသောအခါ တောင်စောင့် မျောက်နတ်ဘုရား ၏ မျက်နှာမှာ တည်ကြည်သွားတော့၏

အမှန်ပင် ဖြစ်သည်။ အကယ်၍ သူသာ သေဆုံးသွားခဲ့လျှင် ဆယ်နှစ်ကျော်ကြာ ပြုစုပျိုးထောင်လာခဲ့သော သူ၏ မွေးစားသားမှာ ပုန်းအောင်းနေကြသော နတ်ဆိုးသားရဲများ၏ ဖမ်းဆီးကာ ချက်စားခြင်းကို ခံရမည်မှာ သေချာလှသည်။

"ငါ့ရဲ့ မြူခိုးဂိုဏ်း မှာ လူတိုင်းက တန်းတူပဲ... အနိမ့်အမြင့်၊ အမြတ်အစွန်း ခွဲခြားတာ မရှိဘူး... မင်းရဲ့ မွေးစားသားကိုလည်း ငါ ဒုတိယမျိုးဆက် တပည့် တစ်ဦးအဖြစ် လက်ခံနိုင်ပါတယ်... သူ မင်းနဲ့အတူ ဂိုဏ်းကို လိုက်ခဲ့လို့ ရတာပေါ့"

ယဲ့ဖုန်း က တည်ငြိမ်စွာ ပြောလိုက်၏။

သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ နတ်ဆိုး ဧကရာဇ် နည်းစနစ် ၏ အပြည့်အစုံမှာ လေထဲတွင် ဖွဲ့တည်လာတော့သည်။

တောက်ပနေသော ရွှေရောင်စာလုံးများမှာ အလွန်ပင် နက်နဲလှသဖြင့် နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးမှာ ဆွံ့အသွားကြရ၏။

"နတ်ဆိုး ဧကရာဇ် အထွတ်အထိပ် အထိ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်ပဲ"

တောင်စောင့် မျောက်နတ်ဘုရား သည် ထိုကျင့်စဉ်ကို ကြည့်ရင်း သူ၏ နေ့စဉ် ကျင့်ကြံမှုများတွင် တွေ့ကြုံနေရသော အခက်အခဲများစွာအတွက် အဖြေများကို တွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယဲ့ဖုန်း၏ ကတိနှင့် သူ၏ မွေးစားသား လီကျောက်ခွန်၏ လုံခြုံရေးကို တွေးတောမိသောအခါ သူသည် ဝေခွဲမရ ဖြစ်နေတော့၏။

"တောင်စောင့် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်ရတာ ဘာဆိုးလို့လဲ... ငါ့ကို ကြည့်ပါဦး... ငါ အခုထိ မောက်မောက်မာမာနဲ့ နေနိုင်သေးတာပဲ"

မီးလျှံ နတ်ဆိုး ဧကရာဇ် က ရယ်လျက် ပြောလိုက်၏။

ထိုစကားအား ကြားလိုက်ရသောအခါ ယဲ့ဖုန်း က သူ့ကို မျက်လုံးတစ်ချက် စောင်းကြည့်လိုက်သည်။

မောက်မောက်မာမာတယ် ဟုတ်လား... ဒီကောင် စကားလုံးကို မှန်မှန်ကန်ကန် သုံးတတ်ရဲ့လား မသိဘူး။

"ကောင်းပြီ... ငါ မြူခိုးဂိုဏ်း ကို ဝင်ပြီးတော့ တောင်စောင့် ဝိညာဉ်သားရဲ လုပ်ဖို့ သဘောတူတယ်... ဒါပေမဲ့ ငါ့ရဲ့ လွတ်လပ်မှုကိုတော့ မကန့်သတ်ရဘူး... ပြီးတော့ ငါ့သား လီကျောက်ခွန် ကိုလည်း မြူခိုးဂိုဏ်း က သေချာ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ပေးရမယ်"

တောင်စောင့် မျောက်နတ်ဘုရား က နောက်ဆုံးတွင်တော့ အလျှော့ပေးလိုက်ရတော့၏။

"သဘောတူတယ်... ငါ မင်းကို ကတိပေးပါတယ်"ယဲ့ဖုန်း က ပြုံးလိုက်၏။

သူသည် တောင်စောင့် မျောက်နတ်ဘုရားရှိရာသို့ ရောက်ရှိသွားကာ သိမ်းသွင်းခြင်း လုပ်ငန်းစဉ်ကို လျင်မြန်စွာ အဆုံးသတ်လိုက်တော့၏။

"ဝုန်း…”

ယဲ့ဖုန်း သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရကာ သူ၏ ခွန်အားမှာ မူလနတ်ဘုရား အဆင့် အထွတ်အထိပ် သို့ တိုက်ရိုက် ရောက်ရှိသွားတော့၏။

"တကယ့်ကို ကြောက်စရာကောင်းလှတဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုပဲ"သူ၏ နှလုံးသားထဲတွင် ဝမ်းသာမှုများ ပြည့်နှက်သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

"ဂျွတ်…”

ဟင်းလင်းပြင်ကြီးမှာ ကြေမွသွားကာ သေးငယ်လှသော အက်ကြောင်းများ ပေါ်ထွက်လာသဖြင့် ရှိနေသမျှသော လူတိုင်းမှာ ဆွံ့အသွားကြရ၏။

"လက်ဗလာနဲ့ ဟင်းလင်းပြင်ကို ဖြိုခွဲလိုက်တာလား"တောင်စောင့် မျောက်နတ်ဘုရား ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားတော့၏။

"ဂိုဏ်းချုပ် ယဲ့... ရှင် ကျင့်ကြံခြင်း အဆင့်တွေ ပြန်ရပြီလား"

ပထမမင်းသမီး လင်ယွဲ့ က သူမ၏ လှပသော မျက်နှာလေးတွင် အံ့ဩမှုများ ပြည့်နှက်လျက် မေးမြန်းလိုက်သည်။

ဝမ်ဖင်းအန်း ၊ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း ဟူသော တပည့် (၃) ဦးမှာလည်း မှင်သက်နေကြ၏။

လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရသော ယဲ့ဖုန်း သည် သူ၏ မျက်လုံးများကို ပြူးလိုက်ကာ သူ၏ မျက်နှာပေါ်တွင် အံ့ဩမှု၊ ထိတ်လန့်မှု နှင့် စိတ်ပျက်မှု ဟူသော ရှုပ်ထွေးလှသည့် ခံစားချက်များကို ဖော်ပြလိုက်သည်။

"ဟူး..."

နောက်ဆုံးတွင်တော့ သူက သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်၏။

"တကယ်တော့ ကျွန်တော်လည်း ခွန်အားတွေ ပြန်ရပြီလို့ ထင်ထားတာ... ဒါပေမဲ့ စမ်းကြည့်လိုက်တော့ ဒါက ခေတ္တခဏပဲ ဖြစ်ပုံရတယ်"

ယဲ့ဖုန်း က စတင်ကာ လိမ်ညာလိုက်တော့၏

"ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကြောက်စရာ စွမ်းအားတွေ ရှိနေတာကို ခံစားမိတယ်... ဒါပေမဲ့ ကျွန်တော် ဒါကို မထိန်းချုပ်နိုင်ဘူး... ဒါက ရံဖန်ရံခါမှသာ ကျွန်တော့်ကို ကူညီပေးတာပါ"

ခဏမျှ ရပ်နားပြီးနောက် သူက ဆက်လက် ပြောကြားလိုက်၏။

"ကျွန်တော် တွက်ချက်မိသလောက်တော့ တစ်ခါတစ်ရံမှာ မူလ ခွန်အားတွေကို ပြန်ရနိုင်သလို... ပုံမှန်ထက်တောင် ပိုပြီး စွမ်းဆောင်နိုင်ဦးမှာပါ"

ဤသည်ကို ကြားလိုက်ရသောအခါ တပည့်များမှာ အံ့အားသင့်သွားကြရ၏။

ပုံမှန်ထက် ပိုပြီး စွမ်းဆောင်နိုင်မယ် ဟုတ်လား... ဒါဆိုရင် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့ တန်ခိုးရှင်ကြီး တစ်ယောက်ကိုတောင်မှ အလွယ်တကူ နှိမ်နိုင်မှာ မဟုတ်ဘူးလား။

ရံဖန်ရံခါမှသာ ဖြစ်တတ်သည် ဆိုသော်လည်း မြူခိုးဂိုဏ်း အတွက်တော့ ၎င်းမှာ အစွမ်းထက်လှသော ဝှက်ဖဲကြီး တစ်ခုပင် ဖြစ်တော့သည်။

နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးမှာလည်း သံသယများဖြင့် ပြည့်နှက်နေကြ၏။

"ဂိုဏ်းချုပ် ရဲ့ အရင်က အဆင့်က ဘယ်လောက်လဲ"

မီးလျှံ နတ်ဆိုး ဧကရာဇ် က ဇဝေဇဝါ ဖြစ်နေကာ သူ၏ အတောင်ပံဖြင့် ဝမ်ဖင်းအန်းကို ပုတ်လျက် အသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။

ဝမ်ဖင်းအန်း က တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ်ဦးလေး က အရင်က အရမ်း သန်မာတာပေါ့... သူ အရင်ကဆိုရင် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့ ရှေးဟောင်း ဘိုးဘေးကြီး တွေကို ခြေထောက်တစ်ချက် ဆောင့်ရုံနဲ့တင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်နိုင်တာ"

"ဘာ"

နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးနှင့် လီကျောက်ခွန် တို့မှာ ထိတ်လန့်တုန်လှုပ်သွားကြရ၏။

ခြေထောက်တစ်ချက် ဆောင့်ရုံနဲ့ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိတဲ့ ဘိုးဘေးတွေကို သတ်နိုင်တယ် ... ဒါက တကယ်ပဲ ဖြစ်နိုင်ပါ့မလား။

ယဲ့ဖုန်း က ဤကိစ္စကို ဖုံးကွယ်မထားချင်သဖြင့် ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်၏။

"ဒါတွေက အတိတ်က ကိစ္စတွေပါ... ပြင်ပမိစ္ဆာ တွေ ကျူးကျော်လာတဲ့ အချိန် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် က တိုက်ပွဲမှာ ငါ့ရဲ့ ကျင့်ကြံခြင်းတွေ အကုန် ဆုံးရှုံးသွားခဲ့ရတယ်... အခု ရုတ်တရက် ဟင်းလင်းပြင်ကို ဖြိုခွဲနိုင်တဲ့ ခွန်အားမျိုး ထွက်လာတာက နေဝင်ခါနီးမှာ တောက်ပလာတဲ့ နောက်ဆုံး အလင်းတန်း တစ်ခု ဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်"

ယဲ့ဖုန်း၏ အရင်က စွမ်းဆောင်ရည်များကို ကြားလိုက်ရသောအခါ နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးမှာ သူ့ကို ထပ်တိုး၍ ရိုသေလေးစားလာကြတော့၏။

သို့သော်လည်း ယဲ့ဖုန်းသည် နတ်ဆိုး ဧကရာဇ် နည်းစနစ် ၏ အပြည့်အစုံကို ထုတ်ပြနိုင်ခြင်းက သူသည် အရင်က ဟင်းလင်းပြင် ဖြိုခွဲ အဆင့် တွင် ရှိနေခဲ့ကြောင်း သက်သေပြနေ၏။ မဟုတ်လျှင် သာမန် မူလနတ်ဘုရား အဆင့် ရှိသူတစ်ဦးက ဤကဲ့သို့သော ရတနာကို မည်သို့ ကာကွယ်ထားနိုင်မည်နည်း။

"အတိတ်က ကိစ္စတွေကို ပြန်မပြောကြရအောင်"ယဲ့ဖုန်း က လက်ယမ်းပြလိုက်ကာ ကတုံးလူငယ်လေး လီကျောက်ခွန် ကို ကြည့်လိုက်၏။

"မင်း ငါ့ရဲ့ မြူခိုးဂိုဏ်း ကို ဝင်ချင်သလား"

"ဟုတ်ကဲ့... သေချာပေါက် ဝင်ချင်ပါတယ် ခင်ဗျာ"

လီကျောက်ခွန် က ထပ်တလဲလဲ ခေါင်းညိတ်လိုက်သည်။

ယဲ့ဖုန်း ကလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ သူ ဤလူငယ်လေးကို မြင်ကတည်းက သဘောကျနေခဲ့ခြင်းပါ။

ဘာပဲဖြစ်ဖြစ် ဤလူငယ်လေးမှာ အဆင့်မြင့်ဆုံး ခန္ဓာကိုယ် အမျိုးအစား ရှိသလို ဆယ်ကျော်သက် အရွယ်မှာတင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် (၁) ကို ရောက်ရှိနေပြီ ဖြစ်ရာ တကယ့်ကို ထူးချွန်လှသော ပါရမီရှင် တစ်ဦးပင် ဖြစ်တော့သည် ။

---

အခန်း (၅၄၀) - လေဝူ မင်းဆက်၏ ဂုဏ်သရေရှိ ဧည့်သည်တော်နှင့် ဆန်းကြယ်သော မိန်းကလေး ရောက်ရှိလာခြင်း

~ယဲ့ဖုန်းသည် နာမည်စာရင်းသွင်း စာအုပ်ကို ထုတ်ယူလိုက်၏။ သူသည် အချိန်ဆွဲမနေဘဲ လီကျောက်ခွန်၏ ကိုယ်ရေးအချက်အလက်များကို ထိရောက်စွာ မှတ်တမ်းတင်လိုက်ပြီး ဂိုဏ်းချုပ်တံဆိပ်တော်ဖြင့် ခတ်နှိပ်လိုက်၏။

"တီ..တီ.. စာရင်းသွင်းတပည့် လီကျောက်ခွန် ကို လက်ခံရရှိပါပြီ။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စတုတ္ထအလွှာ (၄) ၊ အဆင့်မြင့်ဆုံး ပါရမီ ၊ မြင့်မြတ်သော ဝိညာဉ် ခန္ဓာကိုယ်"

စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းမှာ အံ့အားသင့်သွားရသည်။

မြင့်မြတ်သော ဝိညာဉ် ခန္ဓာကိုယ် ဟုတ်လား။

ဒါက ဘယ်လိုမျိုး ထူးခြားတဲ့ ခန္ဓာကိုယ်အမျိုးအစားလဲ။

ယဲ့ဖုန်းသည် မိမိအနေဖြင့် နားမလည်ကြောင်း ဝန်ခံလိုက်ကာ နာမည်စာရင်းသွင်းကျမ်းနှင့် ဂိုဏ်းချုပ်တံဆိပ်တော်ကို ပြန်သိမ်းလိုက်ပြီး လီကျောက်ခွန်ကို သေချာစွာ အကဲခတ်ကြည့်လိုက်၏။ သူ၏ မြင်ကွင်းထဲတွင် အသေးစိတ် အချက်အလက်များ ပေါ်ထွက်လာသည်။

အမည် - လီကျောက်ခွန်

ပါရမီ - အဆင့်မြင့်ဆုံး

ကျင့်ကြံခြင်းအဆင့် - ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စတုတ္ထအလွှာ (၄)

ခန္ဓာကိုယ် - မြင့်မြတ်သော ဝိညာဉ် ခန္ဓာကိုယ် (မွေးကင်းစကလေး၏ ခန္ဓာကိုယ်အတွင်းသို့ ရှေးဟောင်း သူတော်စင် တစ်ဦး၏ အနှစ်သာရများ စိမ့်ဝင်သွားရာမှ ဖြစ်ပေါ်လာသော အလွန်အစွမ်းထက်သည့် ခန္ဓာကိုယ်အမျိုးအစား ဖြစ်သည်။ မွေးကတည်းက သဘာဝအတိုင်း ကတုံးဖြစ်နေပြီး ကျိန်စာပြန်ကန်အားများကို အလွယ်တကူ ပယ်ဖျက်နိုင်သည်။)

နောက်ဆုံးမှ မှတ်ချက်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။

"စနစ်... မင်းပြောချင်တာက လီကျောက်ခွန်က ကျိန်စာပြန်ကန်အားကို မခံရဘူးဆိုတဲ့ သဘောလား" ယဲ့ဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"မှန်ပါတယ်" စနစ်က ရှင်းပြ၏။

"ပုံမှန်အားဖြင့် ကျိန်စာနဲ့ ပတ်သက်တဲ့ မန္တန်တွေကို ကျင့်ကြံတဲ့သူတွေဟာ ကျိန်စာပြန်ကန်အားကို ခံရလေ့ ရှိပါတယ်။ ဥပမာအားဖြင့် ရှေ့ဖြစ်ဟော မျိုးနွယ်စု ရဲ့ တွက်ချက်ခြင်း အတတ် ကို ကျင့်ကြံရင် ဆံပင်တွေ အပြီးတိုင် ကျွတ်သွားတာမျိုးပေါ့။ ဒါပေမဲ့ လီကျောက်ခွန်ကတော့ အဲဒီလို မဖြစ်ပါဘူး"

ယဲ့ဖုန်းသည် လီကျောက်ခွန်၏ ပြောင်လက်နေသော ကတုံးကို တစ်ချက် ကြည့်လိုက်ရာ နှုတ်ခမ်းဖျားမှာ တုန်ခါသွားတော့၏။

ဆံပင်ကျွတ်မယ် ဟုတ်လား။

ကတုံးဖြစ်နေတဲ့လူက ဆံပင်ကျွတ်မှာကို ကြောက်နေဦးမှာလား။

စနစ်... မင်းကတော့ တကယ့်ကို နောက်ပြောင်တတ်တာပဲ။

ယဲ့ဖုန်းသည် စိတ်ထဲမှနေ၍ မကျေမနပ် ဘုတောလိုက်မိသည်။

သို့သော်လည်း လီကျောက်ခွန်သည် ကျိန်စာမန္တန်များကို ကျင့်ကြံရန် သင့်တော်ကြောင်း သိရှိလိုက်ရပြီဖြစ်ရာ ယဲ့ဖုန်းသည် သူ၏ ရှေ့ဖြစ်ဟော မျိုးနွယ်စု ကျိန်စာအတတ်ပညာများကို လီကျောက်ခွန်အား သင်ကြားပေးရန် အစီအစဉ် ချမှတ်လိုက်တော့သည်။

"ကောင်းပြီ... အခု ငါတို့ နတ်ဆိုး ဧကရာဇ်ကြီး (၅) ပါးကိုလည်း စုဆောင်းပြီးပြီ... ကျောက်ခွန်ကိုလည်း တပည့်သစ်အဖြစ် လက်ခံပြီးပြီဆိုတော့ ဂိုဏ်းကို ပြန်ဖို့ အချိန်တန်ပြီ" ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။

နတ်ဆိုး ဧကရာဇ်ကြီး (၅) ပါးကို သိမ်းသွင်းလိုက်ခြင်းက သူ၏ ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို မူလနတ်ဘုရား အဆင့် အထွတ်အထိပ်သို့ တဟုန်ထိုး တိုးတက်သွားစေခဲ့ရာ ၎င်းမှာ အလွန်ကြီးမားသော ရလဒ်ပင် ဖြစ်သည်။ အခုတော့ ပြန်ရမည့် အချိန်ရောက်ပြီ ဖြစ်၏။

ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် ဂိုဏ်းနှင့် အကြာကြီး ဝေးကွာနေ၍ မဖြစ်ပေ။ ၎င်းအပြင် မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ အေးခဲချိန်မှာလည်း ကုန်ဆုံးမလို ဖြစ်နေတော့၏။ သူသည် ဝမ်ရွှမ်ဖင်းကို အပြတ်ရှင်းရန် ပြင်ဆင်ရပေမည်။

"အဖေ... ကျွန်တော်တို့ အခုပဲ ထွက်သွားကြတော့မှာလား"

လီကျောက်ခွန်က ယဲ့ဖုန်း၏ စကားကို ကြားသောအခါ မိစ္ဆာ မြို့တော်မှ ထွက်ခွာရမည်ကို နှမျောတသဖြစ်နေပုံ ရ၏။

"ဟုတ်တယ်... ဂိုဏ်းချုပ်နောက်ကို လိုက်ဖို့ ပြင်ထားလိုက်"

တောင်စောင့် မျောက်နတ်ဘုရားက ခေါင်းညိတ်လိုက်ကာ နက်မှောင်သော ကောင်းကင်ယံ တုတ်တို ကို ပုခုံးပေါ်တွင် ထမ်းလိုက်သည်။ သူသည် ဘေးနားရှိ ဟူဖေးဖေးကို ကြည့်ရင်း သူမကဲ့သို့ သေးငယ်သော ခန္ဓာကိုယ်ထဲတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ မည်သို့ ကိန်းဝပ်နေသလဲဆိုသည်ကို စဉ်းစားမိနေတော့၏။

နာရီဝက်ခန့် ကြာပြီးနောက်၊

တောင်စောင့် မျောက်နတ်ဘုရားသည် မိစ္ဆာ မြို့တော်ရှိ သူ၏ စံအိမ်မှ ရတနာများကို ရှင်းလင်းပြီးနောက် လက်ဖက်ရည်ဆိုင်တွင် လက်ဘက်ရည် သောက်နေသော ယဲ့ဖုန်းကို လာရှာကာ ထိုနေရာမှ အတူတူ ထွက်ခွာခဲ့ကြတော့၏။ သန်းနှင့်ချီသော မိစ္ဆာမျိုးနွယ်ဝင်များ နေထိုင်ရာ မိစ္ဆာ မြို့တော်ကို ပြန်လှည့်ကြည့်ရင်း ယဲ့ဖုန်း၏ အကြည့်များမှာ စူးရှသွားသည်။

'ဒီနေရာက ကောင်းသားပဲ... နောက်ကျရင် ဒီနေရာကို သိမ်းပိုက်ဖို့ အခွင့်အရေး ရှာရမယ်။'

ယဲ့ဖုန်းက စိတ်ထဲမှနေ၍ တွေးတောနေခြင်းပါ။

*

ကောင်းကင်ထစ်ချုန်းမြို့ သို့ ပြန်ရာ လမ်းဝယ်၊

"ဟိုးမှာ၊ ဂိုဏ်းချုပ် ယဲ့ ပါလား"

ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် နှင့် နန်းတွင်း အစေခံများမှာ ကောင်းကင်ယံရှိ ဧရာမ နတ်ဆိုး ဧကရာဇ် (၅) ပါးကို မြင်လိုက်ရသောအခါ မျက်သူငယ်အိမ်များ ကျုံ့သွားကြသော်လည်း ရှေ့ဆုံးမှ ဦးဆောင်လာသော ယဲ့ဖုန်းကို မြင်လိုက်ရသောအခါတွင်မူ ဝမ်းသာသွားကြတော့၏။

"အာ... မင်းတို့ပါလား"

ယဲ့ဖုန်းသည် ပျံသန်းသော ဝိညာဉ်ဂိုဏ်းချုပ် ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ သူတို့မှာ မိမိကို လိုက်ရှာနေကြခြင်း ဖြစ်ကြောင်း သူ သိမြင်လိုက်၏။

"မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း လား ခင်ဗျာ။ ကျွန်တော်က လေဝူ မင်းဆက် ရဲ့ နန်းတွင်း အကြီးတန်း အစေခံ ဆုန့်ကျိုး ပါ... ဂိုဏ်းချုပ် ယဲ့ ကို ကောင်းကင်ထစ်ချုန်းမြို့ ဆီ လာရောက်လည်ပတ်ဖို့ ဧကရာဇ် ရဲ့ အမိန့်နဲ့ ဖိတ်ကြားဖို့ လာတာပါ ခင်ဗျာ" ဆုန့်ကျိုးက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်း ရှင်းပြလိုက်၏။

"ရတာပေါ့" ယဲ့ဖုန်းက လိုလိုလားလားပင် သဘောတူလိုက်သည်။

လေဝူ မင်းဆက် ၏ နန်းတော်မှ ကိုယ်တိုင် ကိုယ်ကျ ဖိတ်ကြားလာသည်ဖြစ်ရာ သူသည် ထိုနေရာ၌ ခဏတာ ကုန်ဆုံးလိုပါသည်။ တပည့်သစ် တစ်ယောက် နှစ်ယောက်လောက် ထပ်ရကောင်း ရနိုင်သည် မဟုတ်ပါလား။

"ဝူး…”

အဖွဲ့သားအားလုံးမှာ အနောက်ဘက်သို့ ဦးတည်ကာ ပျံသန်းသွားကြတော့၏။

တောင်စောင့် မျောက်နတ်ဘုရားနှင့် အခြား နတ်ဆိုး ဧကရာဇ် (၅) ပါးတို့က လမ်းပြပေးနေကြပြီး တောင်တန်းများကြားရှိ လျှို့ဝှက် အသေးစား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို ဖွင့်လှစ်လိုက်ကြ၏။ မကြာမီမှာပင် သူတို့သည် လေဝူ မင်းဆက် ၏ အရှေ့ဘက် အစိတ်အပိုင်းသို့ ရောက်ရှိသွားကြတော့သည်။

...

လေနတ်ဆိုး တောင်တန်း ။

နတ်ဆိုးဘုရားကျောင်း သခင်သည် အံ့အားသင့်သော အမူအရာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

'ထူးဆန်းလိုက်တာ...'

'ဘာလို့ ယဲ့ဖုန်း ရဲ့ စွမ်းအင်တွေက ရုတ်တရက် ပျောက်ကွယ်သွားရတာလဲ... နေရာရွှေ့ပြောင်းသွားသလိုပဲ။ သူ ငါ့ကို သတိထားမိသွားတာလား...'

'မဖြစ်နိုင်တာ။'

'ငါက ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာ (၄) မှာ ရှိနေတာလေ... သူ့ရဲ့ ကျင့်ကြံခြင်းတွေ ဆုံးရှုံးနေတာကို ငါ့ရဲ့ တည်ရှိမှုကို သူ ဘယ်လိုလုပ် သတိထားမိနိုင်မှာလဲ။'

နတ်ဆိုးဘုရားကျောင်း သခင်က မျက်မှောင်ကြုတ်လိုက်၏။ သူသည် ချက်ချင်းပင် ထိုနေရာ၌ တင်ပလ္လင်ခွေ ထိုင်လိုက်ကာ တွက်ချက်မှုများကို စတင်လိုက်တော့၏။

...

မိုင်ပေါင်း ထောင်ချီသော အကွာအဝေးဝယ်၊

မြူခိုးများ ဖုံးလွှမ်းနေသော လှပသည့် လူရိပ်တစ်ခုမှာ ဖြည်းညှင်းစွာ ပျံသန်းလာပြီး နောက်ဆုံးတွင် မိစ္ဆာ မြို့တော် ၏ အထက်သို့ ရောက်ရှိလာခဲ့သည်။

'တွေ့ပြီ... ဒီနေရာပဲ။'

'ငါ့မိတ်ဆွေဟောင်း ရဲ့ မျိုးဆက်က ဒီ မိစ္ဆာမျိုးနွယ်တွေချည်းပဲ နေတဲ့ မြို့ထဲမှာ ရှိနေတာပဲ။'

'ငါ ရှာနေတဲ့ အရာကို နောက်ဆုံးတော့ ရတော့မှာပေါ့။'

ဆန်းကြယ်သော မိန်းကလေးက ခပ်ပြုံးပြုံး ပြောလိုက်၏။

လက်ဘက်ရည် တစ်ဝက်လောက် သောက်စာမျှသော အချိန်အတွင်းမှာပင်၊

ဆန်းကြယ်သော မိန်းကလေးသည် တောင်စောင့် မျောက်နတ်ဘုရား ၏ စံအိမ်အတွင်း၌ ရပ်နေသည်။ စံအိမ်မှာ ဟောင်းလောင်းပြင် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်လာ၏။ သူမက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အထွတ်အထိပ် မိစ္ဆာဘုရင်များ အားလုံးမှာ မြေပြင်ပေါ်၌ ဝပ်စင်းနေကြပြီး ကြောက်လန့်တုန်ရီနေကြသည်ကို တွေ့လိုက်ရသည်။

"နတ်ဆိုး ဧကရာဇ်ကြီး ခင်ဗျာ... အဲဒီ မျောက် ဘယ်ကို ရောက်သွားတယ်ဆိုတာ ကျွန်တော်တို့ တကယ် မသိပါဘူး"

"ဒါပေမဲ့ အဲဒီ မျောက်က လူသားမျိုးနွယ် ကတုံးလူငယ်လေး တစ်ယောက်ကိုတော့ တကယ်ပဲ ခေါ်ထားတာပါ... အဲဒီကလေးက တော်တော်လေး ပါရမီ ပါတယ် ခင်ဗျာ... ငယ်ငယ်လေးနဲ့တင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်နေတာပါ"

"နတ်ဆိုး ဧကရာဇ်ကြီး ခင်ဗျာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျွန်တော် ဘာမှ မသိပါဘူး"

ဘေးပတ်ဝန်းကျင်ရှိ အထွတ်အထိပ် မိစ္ဆာဘုရင်များမှာ တုန်တုန်ရင်ရင်ဖြင့် ဖြစ်ပျက်သမျှကို အကုန် ဖွင့်ဟနေကြတော့သည်။

"ကတုံးလူငယ်လေး ဟုတ်လား"

ဆန်းကြယ်သော မိန်းကလေးက ခေါင်းညိတ်လိုက်ကာ

"ဟုတ်တယ်... ငါ့မိတ်ဆွေဟောင်း ရဲ့ မျိုးဆက်က မွေးကတည်းက ဆံပင်မပါတာ အမှန်ပဲ

သူမသည် စံအိမ်အတွင်း၌ စတင် လှည့်ပတ် လျှောက်လှမ်းလိုက်၏။

ခဏမျှ တွက်ချက်ကြည့်ပြီးနောက် သူမသည် စံအိမ်အတွင်း နေထိုင်ခဲ့သော လီကျောက်ခွန်၏ အတိတ်ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။ ၎င်းတွင် သူ၏ လည်ပင်း၌ ကျောက်စိမ်းဆွဲပြားလေး ဆွဲထားသည့် မြင်ကွင်းလည်း ပါဝင်သည်။

"တကယ်ပဲ သူ ဖြစ်နေတာပဲ"

ဆန်းကြယ်သော မိန်းကလေး၏ နှုတ်ခမ်းဖျားမှာ အနည်းငယ် ကွေးညွတ်သွား၏။ သူမသည် လှည့်ကြည့်လိုက်ကာ ခဏမျှ အာရုံခံကြည့်ပြီးနောက် ကောင်းကင်ထစ်ချုန်းမြို့ ဆီသို့ ပျံသန်းသွားတော့သည်။

မိုင်ပေါင်း ထောင်ချီသော အကွာအဝေးဝယ်၊

နတ်ဆိုးဘုရားကျောင်း သခင်သည် မိစ္ဆာ မြို့တော် ဆီသို့ ပျံသန်းလာနေ၏။

ကြာမြင့်စွာ မစောင့်လိုက်ရပေ။

"ဟင်... မင်းပါလား"

ဆန်းကြယ်သော မိန်းကလေးသည် လေထဲတွင် နတ်ဆိုးဘုရားကျောင်း သခင်နှင့် တွေ့ဆုံလိုက်ရရာ သူမ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှု အနည်းငယ် ပေါ်လာ၏။

"ယွီကျူး.. ပါလား" နတ်ဆိုးဘုရားကျောင်း သခင်သည် ဆန်းကြယ်သော မိန်းကလေးကို မြင်လိုက်ရသောအခါ မျက်သူငယ်အိမ်များ ကျုံ့သွားကာ ကပျာကယာ ဦးညွှတ် နှုတ်ဆက်လိုက်ရတော့သည်။

သူမသည် ကျောင်းယန် ရှေးဟောင်းသူတော်စင် ၏ ထိပ်တန်းတပည့် ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ လွန်ခဲ့သော အချိန်အချို့က ယွီကျူး ပေးခဲ့သော သတိပေးချက်ကို ပြန်လည် သတိရမိသောအခါ နတ်ဆိုးဘုရားကျောင်း သခင်၏ နှလုံးသားမှာ အေးစက်သွားတော့၏။

သူမသည် မိမိ ယဲ့ဖုန်းကို ရန်မူတော့မည်ကို သိရှိသဖြင့် လိုက်လာခြင်းများလားဟု သူ သံသယဝင်နေမိသည်။

"တိုက်ဆိုင်လိုက်တာ"

ယွီကျူးသည် နတ်ဆိုးဘုရားကျောင်း သခင်ကို တစ်ချက် ကြည့်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင် လီကျောက်ခွန်၏ စွမ်းအင် အမှတ်အသား တစ်ခုမှ မရှိသည်ကို သတိပြုမိလိုက်သဖြင့် ဆက်လက် ဂရုမစိုက်တော့ဘဲ ကောင်းကင်ထစ်ချုန်းမြို့ ဆီသို့ ဆက်လက် ပျံသန်းသွားတော့၏။

"တော်သေးတာပေါ့"

ယွီကျူး ပျောက်ကွယ်သွားသော လမ်းကြောင်းကို ကြည့်ကာ နတ်ဆိုးဘုရားကျောင်း သခင်သည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။

သူသည် ခဏမျှ တွေးတောလိုက်ပြီးနောက် မိစ္ဆာ မြို့တော် ဆီသို့ ဆက်လက် ပျံသန်းသွားတော့သည်။

...

ကောင်းကင်ထစ်ချုန်းမြို့ဝယ်၊ ။

ဤအခိုက်အတန့်၌ ယဲ့ဖုန်းနှင့် သူ၏ အဖွဲ့သားများသည် နန်းတွင်း အကြီးတန်း အစေခံ ဆုန့်ကျိုး ပြင်ဆင်ထားပေးသော အသေးစား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကို အသုံးပြုကာ မြို့အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်၏။

"ဂိုဏ်းချုပ် ယဲ့... နန်းတော်က အရှေ့မှာပါ။ ဧကရာဇ် က အထဲမှာ ဂိုဏ်းချုပ်ကို ကြိုဆိုဖို့အတွက် စားသောက်ပွဲကြီး ပြင်ဆင်ထားပါတယ် ခင်ဗျာ" ဆုန့်ကျိုးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

"ဒုက္ခပေးမိပြီဗျ"

ယဲ့ဖုန်းက ခေါင်းညိတ်လိုက်သည်။

ဤအချိန်တွင် လီကျောက်ခွန်သည် ပထမမျိုးဆက် တပည့်များ ဖြစ်ကြသော ဝမ်ဖင်းအန်း ၊ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့နှင့်အတူ ပုခုံးချင်း ယှဉ်လျက် လျှောက်လှမ်းနေ၏။

ဝမ်ဖင်းအန်းက လီကျောက်ခွန်၏ လည်ပင်းတွင် ဆွဲထားသော အဝိုင်းပုံစံ ကျောက်စိမ်းဆွဲပြားလေးကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဂျူနီယာညီလေး လီ... မင်းလည်ပင်းက ဘာလေးလဲ... အချစ်အမှတ်အသားလား"

လီကျောက်ခွန်က ငုံ့ကြည့်လိုက်ကာ ကျောက်စိမ်းဆွဲပြားလေးကို ကိုင်လိုက်ပြီး -

"ဒါလား... ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ရဲ့ မွေးစားအဖေ ပြောတာကတော့ သူ ကျွန်တော့်ကို တွေ့တဲ့ အချိန်မှာ ဒီကျောက်စိမ်းဆွဲပြားလေးက ကျွန်တော့်ဆီမှာ ရှိနေပြီးသားတဲ့။ ဒီနှစ်တွေအတွင်းမှာ ဒါက ထူးထူးခြားခြား ဘာမှ မဖြစ်ခဲ့ဖူးဘူး"

ထိုအဖြေအား ကြားလိုက်ရသောအခါ ယဲ့ဖုန်းမှာ အံ့အားသင့်သွားရသည်။

သူသည် ပတ်ဝိုင်းပုံစံ ကျောက်စိမ်းဆွဲပြားလေးကို ငုံ့ကြည့်လိုက်ကာ အရာရာကို ပုံဖော်နိုင်သော မျက်လုံး ကို မသိမသာ အသုံးပြုလိုက်ရာ အကြည့်များမှာ စူးရှသွားရတော့၏။

---

All Chapters