အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း (၅၄၇) - ကြေညာချက် မပါသော စစ်ပွဲ(၃)
ချင်းရွှမ် ဂိုဏ်းချုပ် ၏ ရင်ထဲတွင် မနာလို ဝန်တိုမှုများပင် အနည်းငယ် ဖြစ်ပေါ် လာခဲ့သည်။ စတုတ္ထအဆင့် အဆင့်နိမ့် အဆင့်မြင့် ရုပ်သေး တဲ့လား... အကယ်၍သာ ထို ရုပ်သေး သည် အပြည့်အဝ အလုပ်လုပ်နိုင်သော ရုပ်သေးကြီး တစ်ခု ဖြစ်မည် ဆိုပါက၊ ၎င်း၏ စွမ်းအား သည် မူလဝိညာဉ် အထွတ်အထိပ် အဆင့် နှင့်ပင် ယှဉ်ပြိုင် နိုင်စွမ်း ရှိပေလိမ့်မည်။
အကယ်၍ ထိုရုပ်သေးကြီး က လုံးဝ ပျက်စီးနေခဲ့လျှင်တောင်မှ... ၎င်း၏ တန်ဖိုး မှာ အဆင့်နိမ့် မှော်လက်နက် ကုန်ကြမ်း ပစ္စည်း တစ်ခု ထက်တော့ သေချာပေါက် လျော့နည်း လိမ့်မည် မဟုတ်ချေ။
အကယ်၍များ သူသာ ဤ ရုပ်သေးကြီးကို ကိုယ်ပိုင် အဖြစ် ရရှိနိုင်မည် ဆိုပါက... သူ၏ တစ်သက်တာ အတွက် အရေးပါဆုံးသော ကိုယ်ပိုင် မှော်လက်နက် တစ်ခုကို ဖန်တီး နိုင်မည့် အခွင့်အရေး ရလာနိုင်ပေလိမ့်မည်။
သို့သော်ငြားလည်း သူသည် သူ၏ ရှေ့တွင် ရပ်နေကြသော ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး မှ အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့ကို တစ်ချက် လှမ်းကြည့် လိုက်ပြီး၊ ရင်ထဲတွင် သက်ပြင်း တစ်ချက်ကို ဖွဖွလေး ချလိုက်၏။ ရွှမ်ထျန်း ဂိုဏ်း ၏ တည်ရှိနေမှု ကြောင့်... သူ အနေဖြင့် ထိုမျှလောက်ကြီးကျယ် ခမ်းနားသော ပစ္စည်းကြီးကို ရရှိနိုင်ရန် လုံးဝ (လုံးဝ) အခွင့်အရေး မရှိနိုင်တော့ကြောင်း သူ သဘောပေါက် သွားတော့၏။
ရွှမ်ထျန်း ဂိုဏ်း မှ အကြီးအကဲ ဟွမ်ချန် သည် သူ၏ ရှေ့ရှိ တာ့ယွဲ့ နန်းတော်ကို ခံစားချက် ကင်းမဲ့သော အမူအရာ ဖြင့် စိုက်ကြည့် နေပြီး၊ ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်ကို လှမ်းပြော လိုက်၏။
"တာအိုမိတ်ဆွေ ထိုက်ရွှီ... ဟိုဘက် က မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးကို အပြင် ထွက်လာဖို့ ခေါ်လိုက်စမ်းပါ"
"ငါ က သူ့ကို အသက်ရှင်ခွင့် တစ်ကြိမ် ပေးမလို့... မသိနားမလည် တာမျိုး မဖြစ်စေနဲ့ လို့ ပြောလိုက်"
ထိုစကားကို ကြားလိုက်ရသောအခါ၊ ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် သည် ခေါင်းကို ညိတ်လိုက်ပြီး ဖြေကြား သည်။
"ဟုတ်ကဲ့ပါ"
"ဝှစ်..."
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် သည် ယာဉ်ပျံ ပေါ်မှနေ၍ လေထဲသို့ ပျံသန်း ထွက်ခွာ သွားပြီး၊ တာ့ယွဲ့ နန်းတော် ၏ တောင်တံခါး အခင်းအကျင်းကြီး ၏ ရှေ့တည့်တည့် တွင် ရပ်တန့် လိုက်၏။ သူ၏ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ၏ အရှိန်အဝါကြီးမှာ သူ၏ ခန္ဓာကိုယ် ပတ်လည် တွင် စုစည်း လာပြီး... ကောင်းကင် နှင့် မြေကြီး ၏ကြီးမားလှသော တာအို စွမ်းအားများနှင့် အတူ၊ တာ့ယွဲ့ နန်းတော် အပေါ်သို့လေးလံလှသော ဖိအားကြီး တစ်ခု အဖြစ် ဖိချ လိုက်တော့သည်။
"ဝုန်း..."
ကောင်းကင်ယံ ၏ အမည်မသိ အမြင့် တစ်နေရာ မှနေ၍၊ အလွန်တရာကြီးမား ကျယ်ပြန့်လှသော အပြာရင့်ရောင် ရေ ဓာတ်သဘာဝ တာအို စွမ်းအားကြီး သည်... ဒေါသတကြီး ရိုက်ခတ် လာသော ဒီရေ လှိုင်းလုံးကြီး တစ်ခု အလား၊ တာ့ယွဲ့ နန်းတော် ၏ ကာကွယ်ရေး အခင်းအကျင်း အတားအဆီးကြီးကို ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ် လိုက်တော့၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်၊ ကောင်းကင် နှင့် မြေကြီး တစ်ခွင်လုံး တွင် မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်လှသော မြည်ဟည်းသံ တစ်ခု ပဲ့တင်ထပ် သွားပြီး၊ မြေပြင်ကြီးကိုပင် တုန်လှုပ် သွားစေခဲ့သည်။
သိပ်မဝေးလှသော တာ့ယွဲ့ အင်မော်တယ် မြို့တော် အတွင်းရှိ ကျင့်ကြံသူ အားလုံး ၏ မျက်နှာ အမူအရာများ မှာ သိသိသာသာ ပျက်ယွင်း သွားကြတော့သည်။
မကြာသေးမီ အချိန်များ အတွင်း၊ အင်အားစု အသီးသီး မှ ကျင့်ကြံသူများ သည် တာ့ယွဲ့ အင်မော်တယ် မြို့တော် တွင် လာရောက် စုဝေး နေခဲ့ကြသည်။ သူတို့ အားလုံး မှာ အလွန်အမင်း ထိတ်လန့် တုန်လှုပ် သွားကြပြီး၊ တာ့ယွဲ့ နန်းတော် ရှိရာ အရပ်ဆီသို့ အပြေးအလွှား လှမ်းကြည့် လိုက်ကြသည်။ စိတ်ကူးဖြင့် မှန်းဆ ၍ပင် မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါကြီး တစ်ခု သည် ရုတ်တရက် ကျဆင်း လာပြီး... လူတိုင်းကို အသက်ရှူ ရပ်မတတ် မွန်းကြပ်မှုများကို ခံစား လိုက်ရစေသည်။
"ဘာတွေ ဖြစ်နေတာလဲ ဟ"
"ဒီ...အရှိန်အဝါကြီး က... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ရဲ့ အရှိန်အဝါ ပဲ"
"ဟာ... ရွှေအမြုတေ အဆင့်ကို ကျော်လွန် နေတဲ့ ကြောက်စရာ ကောင်းတဲ့ အရှင်သခင်ကြီး တစ်ပါး က... တာ့ယွဲ့ နန်းတော်ကို ပစ်မှတ်ထား လာတာလား"
"အခြေအနေ မဟန်တော့ဘူးဟေ့... တာ့ယွဲ့ နန်းတော် ရဲ့ တောင်တံခါး အခင်းအကျင်းကြီး လည်း အသက်ဝင် နေပြီ။ ပြဿနာ အကြီးကြီး တစ်ခုခု သေချာပေါက် ဖြစ်တော့မယ်"
တာ့ယွဲ့ အင်မော်တယ် မြို့တော် အတွင်းရှိ အင်အားစု အသီးသီး မှ ကျင့်ကြံသူ အများအပြား မှာ အကြီးအကျယ် ထိတ်လန့် ပျာယာခတ် နေကြတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ရွှေအမြုတေ အဆင့် နှင့် အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ သည် သူတို့၏ တည်းခိုခန်းများ နှင့် အခြေစိုက် စခန်းများ ထဲမှ တစ်ဦးပြီး တစ်ဦး ပျံသန်း ထွက်ပေါ် လာကြပြီး... တာ့ယွဲ့ နန်းတော် ရှိရာ အရပ်ဆီသို့ ကြောက်လန့်တကြား လှမ်းကြည့် နေကြသည်။ ထူးကဲသော အမြင်အာရုံကို ပိုင်ဆိုင် ထားကြသည့် ကျင့်ကြံသူ အချို့ ကမူ... တာ့ယွဲ့ နန်းတော် ၏ အထက် ကောင်းကင်ယံ တွင် ဆိုင်းငံ့ နေသော ဧရာမ ယာဉ်ပျံကြီးကို အဝေးမှနေ၍ ရှင်းလင်းစွာ မြင်တွေ့ လိုက်ကြရသည်။
သူတို့သည် ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ၏ ကျင့်ကြံခြင်း အရှိန်အဝါကို အာရုံခံ မိလိုက်ကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ အလိုအလျောက် တဆက်ဆက် တုန်ယင် လာကာ... ကြောက်ရွံ့ ရိုသေမှုများနှင့် ထိတ်လန့် တုန်လှုပ်မှုများ တစ်ပြိုင်နက်တည်း ရောယှက် ဖြစ်ပေါ် လာကြတော့သည်။
သူတို့ ထဲမှ အချို့မှာ... မကြာသေးမီ က ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ က တာ့ယွဲ့ နယ်နိမိတ်ကြီး အပေါ်သို့ ကြေညာချက် မပါဘဲ စစ်ခင်း ခဲ့သည့် ကိစ္စ နှင့်... တာ့ယွဲ့ နယ်နိမိတ် ၏ ဈေးတန်းများ နှင့် အရင်းအမြစ် နယ်မြေ အများအပြားကို သိမ်းပိုက် ခဲ့သည့် ကိစ္စများကို ကြိုတင် သိရှိ ထားခဲ့ကြသည်။
ယခု မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ လိုက်ရသော အခါ၊ သူတို့ အားလုံး မှာ ရုတ်တရက် အကြီးအကျယ် ထိတ်လန့် ပျာယာခတ် သွားကြပြီး... သူတို့၏ ရင်ထဲတွင် စကားဖြင့် ဖော်ပြရန် ခက်ခဲလှသော ဒေါသများ ပွက်လောရိုက် လာကြတော့သည်။
"ဒီ ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ က... တာ့ယွဲ့ နန်းတော်ကို တိုက်ရိုက်ကြီး ဝင်စီး ရဲတယ် ပေါ့လေ။ ဘယ်လိုတောင် သတ္တိတွေ ကောင်းနေရတာလဲ"
"သူတို့တွေ ဘယ်လို လုပ်ပြီး ဒီလောက် အတင့်ရဲ နေရတာလဲ။ ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ တစ်ခုတည်း ရဲ့ အင်အား လောက်လေး နဲ့များ... တာ့ယွဲ့ နန်းတော်ကို အမြစ်ပြတ် ရှင်းလင်း လို့ ရမယ် ထင်နေတာလား။ ဒါ က လုံးဝကို ရယ်စရာ ကောင်းတဲ့ ကိစ္စ ပဲ"
"ဒီ အရှိန်အဝါကြီး က... ကောလာဟလ တွေ ထဲက ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ရဲ့ အရှိန်အဝါကြီး ဖြစ်ရမယ်.. တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း အရှိန်အဝါလေး တစ်ခု တည်း နဲ့ တင်... ငါ သွေးပျက် သွားပြီ.. ဒါပေမဲ့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ က ဘယ်လောက်ပဲ အစွမ်းထက် ထက်... တာ့ယွဲ့ နန်းတော် ကလည်း သူတို့ စိတ်ကြိုက် အလွယ်တကူ ညှစ်လို့ ရတဲ့ ခရမ်းချဉ်သီး မှ မဟုတ်တာ"
"သူတို့ တွေ တကယ်ပဲ စချ တော့မှာလား"
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် သည် သူ၏ ကျင့်ကြံခြင်း စွမ်းအား ၏ကြီးမားလှသော အရှိန်အဝါကြီး ဖြင့် တာ့ယွဲ့ နန်းတော်ကို ဖိနှိပ် လိုက်သည့် အခိုက်အတန့် တွင်၊ ကောင်းကင် နှင့် မြေကြီး တစ်ခွင်လုံး မှာ ခေတ္တမျှ တိတ်ဆိတ် ငြိမ်သက် သွားသကဲ့သို့ ရှိ၏။
သို့သော် နောက်တစ်စက္ကန့် တွင်... ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ၏ အရှိန်အဝါ ထက် နည်းနည်းလေး မျှပင် မယုတ်လျော့သော အခြား အရှိန်အဝါကြီး တစ်ခု သည် တာ့ယွဲ့ နန်းတော် ၏ အတွင်းပိုင်း မှနေ၍ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ် လာ၏။ တဆက်တည်း၌ နတ်မိမယ် လျူရွှီး ၏ အေးစက်စက် အသံမှာ ကောင်းကင် နှင့် မြေကြီး တစ်ခွင် သို့ ပဲ့တင်ထပ် သွားတော့သည်။
"ထိုက်ရွှီ... မင်းကိုယ့် သေတွင်းကိုယ် လာတူး တာလား"
အထက် ကောင်းကင်ယံ တွင်မူ။
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ၏ မျက်နှာ ပေါ်တွင် အေးစက်စက် အပြုံး တစ်ခု ထွက်ပေါ် လာပြီး၊ တာ့ယွဲ့ နန်းတော် ၏ ကာကွယ်ရေး အခင်းအကျင်း အတားအဆီး အတွင်း၌ ထွက်ပေါ် လာသော... အစိမ်းရောင် ဝတ်ရုံ နှင့် ရင်းနှီး ကျွမ်းဝင် နေသည့် ပုံရိပ်ကို စိုက်ကြည့်နေလေသည်။
ထို့နောက် ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် က တည်ငြိမ်သော လေသံ ဖြင့် ပြောလိုက်၏။
"လျူရွှီး... ငါ မင်းကို အသက်ရှင်ခွင့် တစ်ကြိမ် ပေးမလို့။ တာ့ယွဲ့ နန်းတော် ရဲ့ တောင်တံခါး အခင်းအကျင်းကြီးကို ဖွင့်ပေးလိုက်ပါ။ ဒီကနေ့ ကစပြီး... တာ့ယွဲ့ နန်းတော် ဟာ ငါ့ရဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ ရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားပြီ"
"အဲဒီလိုမှ မဟုတ်ရင်တော့... ရွှမ်ထျန်း ဂိုဏ်းကို စော်ကား မိတဲ့ အကျိုးဆက် က ဘယ်လို နေမလဲ ဆိုတာ မင်းကိုယ်တိုင် ခံစားသွားရလိမ့်မယ်"
အခန်း (၅၄၈) - တာ့ယွဲ့ နန်းတော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည်လား(၁)
တာ့ယွဲ့ နန်းတော်၏ ခမ်းနားထည်ဝါလှသော တောင်တံခါး ကာကွယ်ရေး အတားအဆီးကြီး၏ အတွင်းဘက်တွင်... နတ်မိမယ် လျူရွှီးသည် လေဟာပြင်ထက်သို့ ခြေလှမ်းများကို ဖြည်းညင်းစွာ လှမ်းကာ မတ်မတ်ရပ်တည်နေသည်။ သူမ၏ အစိမ်းရောင် ဂါဝန်ရှည်ကြီးမှာ လေပြေအဝှေ့တွင် လှိုင်းဂယက်များအလား တလူလူ လွင့်ပျံနေပြီး၊ သစ်သား တာအို၏လေးနက်သော အရှိန်အဝါများသည် သူမ၏ ပတ်ဝန်းကျင်တွင် စုစည်းလာကာ ပြိုင်ဘက်ကင်းသော တာအို နယ်ပယ်ကြီး တစ်ခုအဖြစ် ရုပ်လုံးပေါ်လာ၏။ သူမထံမှ ထွက်ပေါ်နေသော အင်မော်တယ် စွမ်းအားကြီးမှာ ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးထားနိုင်လောက်အောင်ကြီးမားလှပြီး၊ ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်၏ ဖိနှိပ်လာသော အာဏာစက်များကို သူမ၏ အဝေးသို့ တွန်းထုတ် ဖယ်ရှားထား၏။
နတ်မိမယ် လျူရွှီးသည် ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်၏ အနောက်ဘက်ရှိ ယာဉ်ပျံကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။
"ထိုက်ရွှီ... မင်းက တစ်ချိန်တုန်းကတော့ လေးစားရတဲ့ လူတစ်ယောက်ပါပဲ"
"ကိုယ့်ဆရာကို ပြန်ကိုက်ပြီး ဆရာ့ရဲ့ ကျင့်ကြံခြင်းတွေကို လုယူခဲ့ပေမဲ့... အနည်းဆုံးတော့ မင်းလက်ထက်မှာ ထိုက်ရွှီ မဟာမိတ် အဖွဲ့က အရင်ကထက် အများကြီး တိုးတက်ကြီးပွားလာခဲ့တာပဲလေ"
"ဒါပေမဲ့ အခုတော့..."
"မင်းက အိမ်ထဲကို ဝံပုလွေ ခေါ်လာပြီး ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး အတွက် ခွေး ဝင်လုပ်ပေးနေတာလား"
"ခွေးလုပ်တာက မင်းရဲ့ကိုယ်ပိုင် အရှက်ကွဲမှုပဲ"
"ဒါပေမဲ့... မင်း ဘာပဲလုပ်လုပ်... တာ့ယွဲ့ နန်းတော်ကိုတော့ လာမစမ်းသင့်ဘူး"
"ဝုန်း..." ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ လေထုတစ်ခုလုံး တုန်ခါသွားသည်။
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်၏ မျက်ဝန်းများထဲတွင် လူသတ်ချင်သော အရိပ်အယောင်များ လျင်မြန်စွာ ဖြတ်ပြေးသွားပြီး၊ သူ၏ ရင်ထဲမှ ဒေါသတရားများသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာ၏။ သူ၏ တာအို နယ်ပယ် အရှိန်အဝါကြီးမှာ သိသိသာသာ လှိုင်းထလှုပ်ရှားသွားပြီး... အလွန်တရာ ရက်စက် ကြမ်းကြုတ်သော အရှိန်အဟုန်ဖြင့် နတ်မိမယ် လျူရွှီး၏ တာအို နယ်ပယ်ကို အကြမ်းပတမ်း ဖိနှိပ် ဝင်ရောက်လာတော့သည်။
ထိုက်ရွှီသည် လျူရွှီးကို မှိုင်းညို့သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ အေးစက်စက် နှာမှုတ်လိုက်၏။
"လျူရွှီး... စကားပြောတာ အတိုင်းအတာ သိစမ်းပါ"
"မင်းတို့က တောင်တံခါး အခင်းအကျင်းကြီးထဲမှာ ပုန်းနေလို့ လုံခြုံတယ် ထင်နေတာ မှန်ပါတယ်"
"ဒါပေမဲ့ ဒီလောက် အခင်းအကျင်း စုတ်လေးနဲ့... ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါးကို တကယ်ကြီး တားနိုင်မယ် ထင်နေတာလား"
"ထားပါတော့... မင်းတို့က အထဲမှာ ခွေးလို ပုန်းပြီး အသက်ဆက်ရှင်နေလို့ ရပေမဲ့... အပြင်က လူတွေကရော ဘယ်လိုလုပ်မလဲ"
"မင်းတို့ တစ်ရက် ပုန်းမလား၊ တစ်လ ပုန်းမလား... တစ်နှစ်၊ ဒါမှမဟုတ် ဆယ်နှစ် လောက်အထိ ပုန်းနေနိုင်မလား"
"ဝီ..."
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်သည် သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ... သူ၏ ရေ ဓာတ်သဘာဝ မန္တန်စွမ်းအားများဖြင့် ဖွဲ့တည်ထားသော ဧရာမ ရေနဂါးပျံကြီးများသည် ဒေါသတကြီး ဟိန်းဟောက်ကာ တာ့ယွဲ့ နန်းတော်၏ ကာကွယ်ရေး အတားအဆီးကြီးဆီသို့ ပြင်းထန်စွာ ဝင်ရောက် ရိုက်ခတ်တော့သည်။ ကြောက်မက်ဖွယ်ကောင်းလှသော မန္တန်စွမ်းအား တိုက်ခိုက်မှုကြီးကြောင့် ကာကွယ်ရေး အတားအဆီးပေါ်တွင် လှိုင်းဂယက်များ အထပ်ထပ် ထသွားပြီး၊ တာ့ယွဲ့ နန်းတော်၏ အင်မော်တယ် တောင်ထွတ်ကြီး တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားတော့၏။
"ဘုန်း..."
နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံသည် ကောင်းကင်နှင့် မြေကြီး တစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားပြီး... အဝေးရှိ လမင်း မြို့တော် အတွင်းမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာများကို ဖြူရော်သွားစေခဲ့သည်။ သူတို့၏ အလိုအလျောက် တုံ့ပြန်မှုများက သူတို့ကို လက်တွေ့ကမ္ဘာဆီသို့ ဆွဲခေါ်သွားခဲ့လေပြီ။
'သေပါပြီ... တကယ် ချနေကြပြီ။ ငါတို့တော့ မြေစာပင် ဖြစ်တော့မှာပဲ။ ပြေးပေါက် ရှာထားမှ။'
*
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်က အေးစက်စက် လေသံဖြင့် ဆက်ပြောလိုက်၏။
"မင်းတို့ကို စဉ်းစားဖို့ အသက်ဆယ်ရှူစာ အချိန်ပေးမယ်"
"တောင်တံခါး အခင်းအကျင်းကို ရုပ်သိမ်းပြီး ငါ့ရဲ့ ထိုက်ရွှီ မဟာမိတ် အဖွဲ့ဆီ အညံ့ခံ"
"အဲဒီလိုမှ မဟုတ်ရင်... တာ့ယွဲ့ နယ်နိမိတ် တစ်ခုလုံးကို အမြစ်ပြတ် သတ်ပစ်မယ်"
“အဟင်းဟင်း..”
နတ်မိမယ် လျူရွှီးသည် အသံထွက်ကာ ရယ်မောလိုက်၏။ ထိုအချိန်တွင် တာ့ယွဲ့ နန်းတော်၏ နန်းတော်သခင် နှင့် ကုယွဲ့ အင်မော်တယ်၊ အရက်ကြမ်း တာအိုဆရာမလေး ၊ သံစာလိပ် တာအိုဆရာ တို့ အပါအဝင် အခြားသော အကြီးအကဲများ အားလုံးသည် သူမ၏ ဘေးသို့ ရောက်ရှိလာကြပြီး... အပြင်ဘက်ရှိ ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်ကို စားမတတ် ဝါးမတတ် ကြည့်နေကြသည်။
နတ်မိမယ် လျူရွှီးသည် သူ၏ အနောက်ဘက်ရှိ ယာဉ်ပျံကြီးကို ကြည့်ကာ အေးအေးလူလူပင် ပြောလိုက်၏။
"ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး က တာအိုမိတ်ဆွေတို့..."
"ရှင်တို့ရဲ့ ပင်လယ်ပြင်ကို အမြန်ဆုံး ပြန်သွားဖို့ ကျွန်မ အကြံပေးချင်တယ်။ ကုန်းမြေပေါ်ကနေ အမြန် ထွက်သွားတာ အကောင်းဆုံးပဲ"
"မှတ်ထားပါ... ဒီနေရာက တာ့ချန် ရဲ့ ကျင့်ကြံခြင်း လောကပဲ။ ရှင်တို့ရဲ့ ပင်လယ်ပြင် ဒေသ မဟုတ်ဘူး"
"ရှင်တို့ရဲ့ ပင်လယ် ဂိုဏ်း က ဒီမှာ လာပြီး သောင်းကျန်းခွင့် မရှိဘူး"
"ဝှစ်... ဝှစ်... ဝှစ်..."
အရှင်သခင်ကြီး ဟွမ်ချန်၊ အရှင်သခင်ကြီး ကျင်းလင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့သည် ယာဉ်ပျံကြီး ပေါ်မှနေ၍ လေထဲသို့ ပျံသန်း ထွက်ပေါ်လာကြပြီး... ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်၏ ဘေးတွင် ဝင်ရောက် ရပ်တန့်လိုက်ကြသည်။ သူတို့သည် အောက်ဘက်ရှိ တာ့ယွဲ့ နန်းတော်၏ တောင်တံခါးကို ခံစားချက်ကင်းမဲ့သော မျက်နှာထားများဖြင့် အထက်စီးမှနေ၍ စီးမိုး ကြည့်ရှုနေကြသည်။
ဤအခိုက်အတန့်တွင်၊ ချင်းရွှမ် ဂိုဏ်းချုပ်သည် နတ်မိမယ် လျူရွှီးကို စိုက်ကြည့်ကာ လှောင်ပြောင် သရော်လိုက်၏။
"မူလဝိညာဉ် အစောပိုင်း အဆင့်လောက်လေးပဲ ရှိတဲ့ ကောင်မလေးက... စကားကြီး စကားကျယ်တွေ လာပြောနေတယ်"
"ငါတို့က ဒီမှာ လာပြီး ပြဿနာ လာရှာတာပဲ။ မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ"
နတ်မိမယ် လျူရွှီးသည် ဘာစကား တစ်ခွန်းမျှ ပြန်မပြောခဲ့ချေ။ ထိုအချိန်တွင် စုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ၊ မာရှီချင်း နှင့် အခြားသူများ အားလုံး ရုတ်တရက် ထွက်ပေါ်လာကြသည်။ တာအိုဆရာမ ချင်းချွမ်သည် အကြီးအကဲ လျူရွှီးကို တောင်တံခါး အခင်းအကျင်း၏ ကာကွယ်ရေး အတားအဆီးကို ဖွင့်ပေးရန် တောင်းဆိုလိုက်ပြီး... ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် အရှင်သခင်ကြီး ဟွမ်ချန် တို့ကို တိုက်ရိုက် မျက်နှာချင်းဆိုင်ရန် အပြင်သို့ ထွက်လာခဲ့၏။
'ဟင်... ဒီကောင်တွေ ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ။ လွန်ခဲ့တဲ့ နှစ်ဆယ်၊ သုံးဆယ် လောက်က မြေကမ္ဘာအင်မော်တယ် နယ်မြေက အရှင်သခင်ကြီး နောက် လိုက်သွားတာ မဟုတ်ဘူးလား။ သောက်ကျိုးနည်း... တစ်ခုခုတော့ လွဲနေပြီ။'
တာအိုဆရာမ ချင်းချွမ်၊ စုယွီ နှင့် အခြားသူများကို မြင်လိုက်ရသောအခါ... ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင်မှာ လုံးဝ ဆွံ့အ မှင်သက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ သိထားသလောက် အရ... တာ့ယွဲ့ နယ်နိမိတ် မှ ထွက်ပေါ်လာခဲ့သော ဤ ပါရမီရှင် လူငယ်လေးများ သည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ် ခန့်က... မြေကမ္ဘာအင်မော်တယ် နယ်မြေ မှ အရှင်သခင်ကြီး တစ်ပါး၏ နောက်သို့ လိုက်ပါကာ တာ့ချန် ကျင့်ကြံခြင်း လောက၏ အလယ်ဗဟို ဒေသသို့ လေ့ကျင့်ရေး ဆင်းရန် ထွက်ခွာသွားခဲ့ကြသည် မဟုတ်ပါလော။ ယခု ဘာကြောင့် ရုတ်တရက်ကြီး ပြန်ရောက်နေကြသနည်း။
'မင်းတို့ အကုန်လုံး လူပါးဝချင်တိုင်း ဝလို့ မရဘူး။ ငါ့နောက်ကွယ်က ဘယ်သူလဲ ဆိုတာ သိရင် သေးထွက်ကျသွားမယ်။'
တာအိုဆရာမ ချင်းချွမ်သည် ချင်းရွှမ် ဂိုဏ်းချုပ်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောသည်။
"ရှင်က ဘယ်သူလဲ ဆိုတာကိုတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ရှင်က မူလဝိညာဉ် အစောပိုင်း အဆင့်လောက်လေးပဲ ရှိတာလေ"
"အကြီးအကဲ ရှေ့မှာ ဒီလို ရိုင်းရိုင်းစိုင်းစိုင်း လာပြောခွင့် ရှင့်မှာ မရှိဘူး"
ထိုသို့ပြောပြီးနောက်၊ တာအိုဆရာမ ချင်းချွမ်သည် အရှင်သခင်ကြီး ဟွမ်ချန်ကို စူးစိုက် ကြည့်လိုက်၏။ မူလဝိညာဉ် အဆင့် သုံးပါး အနက်... အရှင်သခင်ကြီး ဟွမ်ချန်၏ အရှိန်အဝါမှာ အကြီးမားဆုံး နှင့် အပြင်းထန်ဆုံး ဖြစ်ပြီး၊ သူသည် အလွန်တရာ အစွမ်းထက်လှသော မူလဝိညာဉ် အလယ်အလတ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း ယုံမှား သံသယ ဖြစ်ဖွယ် မရှိချေ။
တာအိုဆရာမ ချင်းချွမ်၏ မျက်နှာ အမူအရာမှာ အနည်းငယ်လေးနက် တည်ကြည်သွားပြီး၊ အရှင်သခင်ကြီး ဟွမ်ချန်ကို တည့်တည့် စိုက်ကြည့်ကာ မေးလိုက်၏။
"ရှင်က ပင်လယ်ပြင် က ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး က လူ လား"
"ရှင့်ရဲ့ ဂုဏ်သရေရှိ နာမည်က ဘယ်လိုခေါ်လဲ မသိဘူး"
"ကျွန်မရဲ့ ဆရာ... မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ တောင်ထွတ်သခင် တွေထဲက တစ်ယောက် ဖြစ်တဲ့ အရှင်သခင်ကြီး ယွဲ့လန် နဲ့ ရှင်တို့များ အဆက်အသွယ် ရှိနေမလား လို့ပါ"
အရှင်သခင်ကြီး ဟွမ်ချန်သည် အခြေခံ တည်ဆောက်ခြင်း အဆင့်မျှသာ ရှိသေးသော... တာအိုဆရာမ ချင်းချွမ် ကဲ့သို့သော လူငယ်လေး တစ်ဦး၏ စကားကို အရေးတယူ ပြန်လည် တုံ့ပြန်ရန် လုံးဝ စိတ်မဝင်စားခဲ့ချေ။ သို့သော်ငြားလည်း... တာအိုဆရာမ ချင်းချွမ်၏ ဆရာမှာ မြေကမ္ဘာအင်မော်တယ် နယ်မြေ၏ တောင်ထွတ်သခင် ဆယ့်ရှစ်ပါး အနက် တစ်ပါး အပါအဝင် ဖြစ်သော ယွဲ့လန် ဖြစ်ကြောင်း ကြားလိုက်ရသည့် အခိုက်အတန့်တွင်မူ... အရှင်သခင်ကြီး ဟွမ်ချန်၏ ခံစားချက် ကင်းမဲ့နေသော မျက်နှာထားမှာ ရုတ်ချည်း ပျက်ယွင်းသွားပြီး၊ သူ၏ မျက်ဝန်းများထဲတွင် အကြီးအကျယ် အံ့အားသင့်မှုများ ထွက်ပေါ်လာကာ... မျက်ဝန်းအိမ်များမှာလည်း ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။
မြေကမ္ဘာအင်မော်တယ် နယ်မြေ.. တာ့ချန် ကျင့်ကြံခြင်း လောက၏ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး ဆယ်ခု အနက် တစ်ခု..
တောင်ထွတ်သခင် ဆယ့်ရှစ်ပါး အနက် တစ်ပါး ဖြစ်သော... အရှင်သခင်ကြီး ယွဲ့လန်..
'ဘာ... မြေကမ္ဘာအင်မော်တယ် နယ်မြေ။ တောင်ထွတ်သခင် ယွဲ့လန်။ သေစမ်း... ဒီကောင်မလေးက အဲဒီလောက် အကောင်ကြီးရဲ့ တပည့်လား။ ထိုက်ရွှီ ဆိုတဲ့ကောင် ငါ့ကို ဒုက္ခပေးပြီ။ နောက်ကွယ်က အင်အားကြီးမှန်း မသိဘဲ လာရှုပ်မိတာလား။ ဒီ တောင်ထွတ်သခင်တွေက မူလဝိညာဉ် နောက်ပိုင်း အဆင့်တွေချည်းပဲလေ။ ငါလို မူလဝိညာဉ် အလယ်အလတ် အဆင့်က သွားယှဉ်လို့ ဘယ်ရပါ့မလဲ။ လခွမ်း...ကိုယ့်သေတွင်းကိုယ်တူးမိပြီလား။'
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့သည် ဤ အမည်နာမများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ် အစစ်အမှန်ကို ကောင်းစွာ နားလည် သဘောပေါက်ချင်မှ ပေါက်ပေလိမ့်မည်။ သို့သော် အရှင်သခင်ကြီး ဟွမ်ချန် ကတော့ လုံးဝကို သိရှိထား၏။
မြေကမ္ဘာအင်မော်တယ် နယ်မြေ ၏ တောင်ထွတ်သခင် ဆယ့်ရှစ်ပါး စလုံး၏ ကျင့်ကြံခြင်း အစွမ်းအစများမှာ... အနည်းဆုံး မူလဝိညာဉ် နောက်ပိုင်း အဆင့် အထက်တွင် သာ ရှိကြသည်။
သူသည် ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး ၏ အကြီးအကဲ တစ်ပါး ဖြစ်ပြီး မူလဝိညာဉ် နောက်ပိုင်း အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်ငြားလည်း... ထိုမျှလောက် ကြောက်မက်ဖွယ် ကောင်းလှသော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ တပည့် ဖြစ်သူကို လျစ်လျူရှု ပစ်ရန် လုံးဝ (လုံးဝ) မဝံ့ရဲခဲ့ချေ။
'တာ့ချန် ရဲ့ ထိပ်သီး ဂိုဏ်း ဆယ်ခုထဲက မြေကမ္ဘာအင်မော်တယ် နယ်မြေ တဲ့လား။ ငါတို့ ချင်းရွှမ် ဂိုဏ်း လောက်က သွားရှုပ်လို့ ရတဲ့ အဆင့်မှ မဟုတ်တာ။ သွားပါပြီကွာ... ပြဿနာ အကြီးကြီး တက်ပြီ။ ငါတို့တော့ သေဖို့သာ ပြင်ထားရတော့မယ်။'
မြေကမ္ဘာအင်မော်တယ် နယ်မြေ ဟူသော အမည်နာမကို ကြားလိုက်ရသောအခါ၊ ချင်းရွှမ် ဂိုဏ်းချုပ် မှာလည်း အကြီးအကျယ် တုန်လှုပ် အံ့အားသင့် သွားရသည်။ တာအိုဆရာမ ချင်းချွမ် အပေါ် ကြည့်ရှုသော သူ၏ အကြည့်များမှာ အနည်းငယ် ပိုမို ရိုသေလေးစားလာပြီးလေးနက် တည်ကြည် သွားတော့သည်။
ဒီ မိန်းကလေး က... တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး ဆယ်ခု ထဲက တစ်ခု ဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ က လူ တဲ့လား။
ပြီးတော့ သူမ ရဲ့ စကားတွေ အရ ဆိုရင်... သူမ ရဲ့ ဆရာ က မြေကမ္ဘာအင်မော်တယ် နယ်မြေ ရဲ့ တောင်ထွတ်သခင် တွေထဲက တစ်ယောက် တဲ့လား။
တကယ်လို့များ ငါတို့ သာ ဒီလို ပုဂ္ဂိုလ် မျိုးကို သွားပြီး အပြစ်ပြု စော်ကား မိမယ် ဆိုရင်... သူတို့ ချင်းရွှမ် ဂိုဏ်းလေး က အဲဒီ ဒဏ်ကို ခံနိုင်ရည် ရှိပါ့မလား။
'ဟိုက်... အခြေအနေ မဟန်တော့ဘူး။ အကြီးအကဲ ဟွမ်ချန် ရဲ့ မျက်နှာပျက်သွားတာပဲ။ ငါ့ကိုများ အပြစ်တင်တော့မလား မသိဘူး။ ကျက်သရေကို တုံးတာပဲ။'
ဘေးဘက်တွင် ရပ်နေသော ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် သည်လည်း... အရှင်သခင်ကြီး ဟွမ်ချန်၊ အရှင်သခင်ကြီး ကျင်းလင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့၏ မျက်နှာ အမူအရာများ ရုတ်ချည်း ပြောင်းလဲ ပျက်ယွင်း သွားသည်ကို မြင်လိုက်ရသောအခါ၊ သူ၏ ရင်ထဲတွင် အကြီးအကျယ် ထိတ်လန့် တုန်လှုပ် သွားတော့သည်။
ကြီးမားလေးလံလှသော တိတ်ဆိတ် ငြိမ်သက်မှုကြီး တစ်ခုသည် သူတို့ အားလုံး အပေါ်သို့ ဖိကျလာပြီး၊ ယခင်က သူတို့ ပြသခဲ့သော မောက်မာ ရိုင်းစိုင်းမှုများ အားလုံးမှာ... မြေကမ္ဘာအင်မော်တယ် နယ်မြေ ဟူသော အမည်နာမ ၏ အောက်တွင် အစအန မကျန်အောင် ကြေမွ ပျောက်ကွယ် သွားတော့၏။
အခန်း (၅၄၉) - တာ့ယွဲ့ နန်းတော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမည်လား(၂)
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် သည် တာအိုဆရာမ ချင်းချွမ် ၏ ဘေးတွင် ရပ်နေကြသော စုယွီ၊ လော့ချန်ယွီ၊ မာရှီချင်း နှင့် အခြားသူများကို တစ်ချက် ဝေ့ကြည့် လိုက်၏။ ထို့နောက် အရှင်သခင်ကြီး ဟွမ်ချန် နှင့် အခြားသူ နှစ်ဦး ထံသို့ အလျင်စလို အသံလွှင့် ကာ ဆက်သွယ် ပြောဆို လိုက်၏။
"အကြီးအကဲ ဟွမ်ချန်၊ တာအိုမိတ်ဆွေ ကျင်းလင်၊ တာအိုမိတ်ဆွေ ချင်းရွှမ်... ဒီ တာ့ယွဲ့ နန်းတော်ကြီး က တာ့ချန် ကျင့်ကြံသူ လောက ရဲ့ အလယ်ဗဟို ဒေသ နဲ့ ဆိုရင် အရမ်းကို ဝေးကွာလွန်း တဲ့ နေရာမှာ ရှိတာပါ။ ပြီးတော့ အခု ဒီမှာ ရှိနေတဲ့ လူတွေ ထဲမှာ... ဟို လျူရွှီး ဆိုတဲ့ အဘွားကြီး တစ်ယောက် တည်း က သာ မူလဝိညာဉ် အစောပိုင်း အဆင့်ကို ရောက်နေတာ ပါ။ ကျန်တဲ့ ကောင်တွေ အကုန်လုံး က ပုရွက်ဆိတ်လေးတွေ လိုပဲ ဘာမှ အသုံးမကျ တဲ့ ကောင်တွေ ချည်းပါပဲ"
"တကယ်လို့များ ကျုပ်တို့သာ သူတို့ကို တိုက်ခိုက် လိုက်မယ် ဆိုရင်တောင်... ဘယ်သူ ကများ ကျုပ်တို့ကို လာပြီး တားဆီး ရဲမှာလဲ"
"အဲဒီအပြင်... သူနဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေ အကြားက ဆက်ဆံရေး က တကယ်ပဲ အမှန် ဟုတ် မဟုတ် ဆိုတာကို တိတိကျကျ ပြောနိုင် လို့လား။ တကယ်လို့ သူက လေလုံး ထွားပြီး လျှောက်ပြော နေတာ ဆိုရင်ကော"
"ပြီးတော့... ဒီကောင်တွေ တစ်ယောက်ချင်းစီ တိုင်း ဆီမှာ ထူးခြားတဲ့ ကံကြမ္မာ တွေ ရှိနေကြတယ်။ အရင်တုန်းက ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ နဲ့ တာ့ယွဲ့ နန်းတော် ကြားက ပြိုင်ပွဲ တစ်ခု မှာ ဆိုရင်... သူတို့ ထဲက တစ်ယောက် ဆီကနေ မှော်လက်နက် တစ်ခု တောင် ထွက်လာ ခဲ့ဖူးတယ်"
"အရင် တုန်းကတော့ ကျုပ် သေချာ မသိခဲ့ဘူး။ ဒါပေမဲ့ အခုတော့... တကယ်လို့ ကျုပ်တို့သာ တာ့ယွဲ့ နန်းတော်ကို သိမ်းပိုက် နိုင်ခဲ့မယ် ဆိုရင်၊ ကျုပ်တို့ တစ်ယောက်ချင်းစီ တိုင်း အတွက် အနည်းဆုံး မှော်လက်နက် တစ်ခု စီ တော့ သေချာပေါက် ရလိမ့်မယ် လို့ အပြည့်အဝ ယုံကြည် နေပါပြီ"
"နောက်ဆက်တွဲ ပြဿနာ တွေ နဲ့ ပတ်သက်လို့ ကတော့..."
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် က ဆက်လက် ပြောဆို သည်။
"မြေကမ္ဘာအင်မော်တယ် နယ်မြေ ဆိုတာ တာ့ချန် ကျင့်ကြံသူ လောက ရဲ့ ဂိုဏ်း တစ်ခုသာ ဖြစ်ပြီး၊ ဒီကောင်တွေ ကလည်း အရေးမပါ တဲ့ ကောင်စုတ်လေးတွေ သက်သက် ပါပဲ။ မြေကမ္ဘာအင်မော်တယ် နယ်မြေ အနေနဲ့ ဒီကောင်လေး တွေ အတွက် နဲ့... ကျယ်ပြန့်လှတဲ့ ဖူလင်း ပင်လယ်ပြင် ဒေသကြီး ထဲကို ဝင်လာပြီး ကျုပ်တို့ကို လာစိန်ခေါ် ရဲပါ့မလား"
"မြေကမ္ဘာအင်မော်တယ် နယ်မြေ က တကယ်ပဲ ရဲပါ့မလား။ ဖူလင်း ပင်လယ်ပြင် ဒေသ ထဲမှာ ရော သူတို့ လုပ်နိုင်စွမ်း ရှိလို့လား"
"အဲဒါကြောင့်... အကြီးအကဲ ဟွမ်ချန်၊ တာအိုမိတ်ဆွေ ကျင်းလင်၊ တာအိုမိတ်ဆွေ ချင်းရွှမ်... သူတို့ကို နည်းနည်းလေး မှ မျက်နှာသာ ပေးပြီး ညှာတာ နေစရာ မလိုပါဘူး"
"မှော်လက်နက် အနည်းငယ်... ပြီးတော့ တခြား ထူးကဲတဲ့ အမွေအနှစ် တချို့ကိုပါ ရလာနိုင်တဲ့ ကိစ္စ ပဲ။ အဲဒါတွေ အားလုံး အတွက် စွန့်စား ရတာ တကယ် မတန်ဘူးလား"
ထိုသို့ တိုက်တွန်းသည်ကို ကြားလိုက်ရသောအခါ၊ အရှင်သခင်ကြီး ဟွမ်ချန်၊ အရှင်သခင်ကြီး ကျင်းလင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့၏ မျက်နှာများ မှာ အနည်းငယ် တင်းမာ သွားကြသော်ငြားလည်း... ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ၏ စကားများကို ကြားလိုက်ရသော အခါ၊ အားလုံး ၏ ရင်ထဲတွင် လောဘစိတ်များ အကြီးအကျယ် ပွက်လောရိုက် လာပြီး စိတ်ပါသွားကြရသည်။
‘ဒါ တကယ် အမှန် ပဲလေ။
မြေကမ္ဘာအင်မော်တယ် နယ်မြေ ဆိုတာ တာ့ချန် ကျင့်ကြံသူ လောက ရဲ့ ဂိုဏ်း တစ်ခုပဲ.. ဖူလင်း ပင်လယ်ပြင်ကြီး ထဲကို လက်တံတွေ ဆန့်တန်းနိုင်စွမ်းမှ မရှိတာ။
တကယ်လို့များ’
အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့သည် တစ်ဦး နှင့် တစ်ဦး အဓိပ္ပာယ် ပါပါ အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ အရှင်သခင်ကြီး ဟွမ်ချန် က အသံလွှင့် ပြောဆို လိုက်၏။
"ညီငယ်... ငါတို့ တွေ တာ့ယွဲ့ နန်းတော်ကိုပဲ ပစ်မှတ်ထား ပြီး သူတို့ရဲ့ မှော်လက်နက် တွေကို တောင်းဆို သင့်တယ်။ သူတို့ကို အသက် ချမ်းသာ ပေးလိုက်မယ် ဆိုရင်တော့... ဘာပြဿနာ မှ ရှိလာမှာ မဟုတ်ဘူး"
"နောက်ပိုင်း ကျမှ မြေကမ္ဘာအင်မော်တယ် နယ်မြေ ဘက်က မကျေမနပ် ဖြစ်လာရင်တောင်... သူတို့ အရင်ဆုံး လာရှာရမှာ က ငါတို့ရဲ့ ဂိုဏ်းကိုပဲလေ"
"ငါတို့ ပင်လယ်ပြင်ကို ရောက်သွားတဲ့ အချိန်ကျရင်တော့... တာ့ချန် ကျင့်ကြံသူ လောက ရဲ့ ထိပ်သီး ဂိုဏ်း ဆယ်ခု စလုံး လာရင်တောင် ဘာမှ အရေးမပါ တော့ဘူး။ ငါတို့ ရွှမ်ထျန်း ဂိုဏ်း အနေနဲ့ မြေကမ္ဘာအင်မော်တယ် နယ်မြေကို ဂရုစိုက် နေစရာ လိုသေးလို့လား"
"အဲဒီအပြင်... ငါတို့ လို ရွှမ်ထျန်း ဂိုဏ်း ရဲ့ ဂုဏ်သရေရှိ အကြီးအကဲ နှစ်ပါး စလုံး က... မြေကမ္ဘာအင်မော်တယ် နယ်မြေ က ရွှေအမြုတေ အဆင့် ကောင်စုတ်လေး တစ်ယောက် ရဲ့ ခြိမ်းခြောက်မှု ကြောင့် လန့်ပြေး သွားတယ် ဆိုတာများ သတင်း ထွက်သွားရင်... ငါတို့ ဂိုဏ်း ရဲ့ မျက်နှာကို အိုးမဲ သုတ် သလို ဖြစ်သွားလိမ့်မယ်"
ယခင် ကတည်းက အလွန်အမင်း စိတ်အား ထက်သန် နေခဲ့သော အရှင်သခင်ကြီး ကျင်းလင် က ချက်ချင်းပင် ထောက်ခံ လိုက်၏။
"စီနီယာ အစ်ကိုကြီး... ကျွန်တော်တို့ စလုပ် ကြတာပေါ့။ ကျွန်တော်ကိုယ်တိုင် လည်း စိတ်ကြိုက် ဖြစ်မယ့် ကာကွယ်ရေး ရတနာ တစ်ခု လိုအပ် နေတာ။ တကယ်လို့ ဒီနေရာ ကနေ တစ်ခုလောက် လုယူ နိုင်ခဲ့မယ် ဆိုရင်... ကျွန်တော့် ရဲ့ စုဆောင်းထားတဲ့ ပစ္စည်း တချို့ နဲ့ ပေါင်းပြီး ဂိုဏ်းကို ပြန်ရောက်တဲ့ အချိန်ကျရင် အကောင်းစား တစ်ခု နဲ့ သွားလဲလို့ ရနိုင်တယ်"
အရှင်သခင်ကြီး ဟွမ်ချန် မှာ အလွန်တရာ ဝမ်းသာ အားရ သွားပြီး ပြောလိုက်သည်။
"ကောင်းတယ်"
ညီအစ်ကို နှစ်ဦး ၏ ဆွေးနွေး တိုင်ပင်မှု အဆုံးသတ် သွားသောအခါ၊ အရှင်သခင်ကြီး ဟွမ်ချန် သည် ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့ထံသို့ အသံလွှင့် ကာ ဆက်သွယ် လိုက်၏။
"သူတို့ တွေ တောင်တံခါး ရဲ့ ကာကွယ်ရေး အတားအဆီးကို ဖွင့်ပေးလိုက်ပြီ ဆိုတော့... ငါတို့ အတွက် အခွင့်အရေး ရသွားပြီ။ နောက်ထပ် လုပ်ရမှာ က... ငါ နဲ့ ငါ့ရဲ့ ညီငယ် က ဟို မူလဝိညာဉ် အစောပိုင်း အဆင့် က အမျိုးသမီးကို တာဝန်ယူ ဖြေရှင်း လိုက်မယ်။ မင်းတို့ နှစ်ယောက် က ကျန်တဲ့ ကောင်တွေကို တာဝန်ယူ လိုက်"
"သူတို့ကို အသက် ချမ်းသာ ပေးမလား၊ မပေးဘူးလား ဆိုတာ ကတော့... မင်းတို့ ဘာသာ ဆုံးဖြတ် ကြပေါ့။ သူတို့ သေချင် သေ၊ ရှင်ချင် ရှင်... အဲဒါ ငါတို့ ရွှမ်ထျန်း ဂိုဏ်း နဲ့ ဘာမှ မဆိုင်ဘူး"
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် ၏ မျက်မှောင်များ မှာ ကြုံ့ဝင် သွားသည်။
'ဒါက သူတို့ က မှော်လက်နက် တွေကို ယူသွားမယ်... ဒါပေမဲ့ အပြစ် တင်ခံရမယ့် ကိစ္စ တွေ ကျတော့ ဝင်မပါဘူး ဆိုတဲ့ သဘောလား။ တော်တော် လည်တဲ့ ကောင်တွေ။'
ခေတ္တမျှ စဉ်းစား တွေးတော ပြီးနောက်၊ ၎င်းမှာ သိပ်ပြီးကြီးမားသော ပြဿနာကြီး တစ်ခု မဟုတ်ဟု သူ ဆုံးဖြတ် လိုက်၏။
မည်သို့ပင် ဖြစ်စေကာမူ၊ သူသည် နောက်ပိုင်း တွင် ဖူလင်း ပင်လယ်ပြင် ဒေသ ၌သာ သူ၏ ကျင့်ကြံခြင်းများကို ဆက်လက် ပြုလုပ် သွားမည် ဖြစ်ပြီး... မူလဝိညာဉ် အလယ်အလတ် အဆင့် သို့ ကျော်ဖြတ် ဝင်ရောက် နိုင်မည့် အခွင့်အရေးကို ရှာဖွေ ရမည် ဖြစ်သဖြင့်၊ ဇီကွမ် နယ်မြေ တွင် ဆက်လက် နေထိုင် တော့မည် မဟုတ်ချေ။
‘တကယ်လို့များ ပြဿနာ တစ်ခုခု တက်လာခဲ့ရင်တောင်... မြေကမ္ဘာအင်မော်တယ် နယ်မြေ အနေနဲ့ သူ့ကို လာရှာတွေ့ နိုင်မှာ မဟုတ်ဘူးလေ။
ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ နဲ့ ပတ်သက်လို့ ကတော့...
သူ ရှိနေသရွေ့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ ဆိုတာ အမြဲတမ်း တည်ရှိ နေမှာပဲ။
သူ့ရဲ့ လက်ရှိ အစွမ်းအစ နဲ့ ဆိုရင်... ထိုက်ရွှီ အင်မော်တယ် မဟာမိတ် အဖွဲ့ကြီး အစမကျန်အောင် ဖျက်ဆီး ခံလိုက်ရရင် တောင်မှ၊ နောက်ထပ် အဖွဲ့ အသစ် တစ်ခုကို ပြန်လည် တည်ထောင် ဖို့ ဆိုတာ သူ့အတွက် သိပ်ပြီး ခက်ခဲတဲ့ ကိစ္စ မှ မဟုတ်တာ’
ထို့ကြောင့် အခြေအနေ အရပ်ရပ်ကို သေချာစွာ ချိန်ဆ စဉ်းစား ပြီးနောက်၊ ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် သည် ပြတ်သားစွာ ဖြင့် ဖြေကြား လိုက်၏။
"ကောင်းပါပြီ"
ချင်းရွှမ် ဂိုဏ်းချုပ်ကကတော့... မိမိက ရတနာ တွေကိုပဲ လုယူပြီး ဘယ်သူ့ကိုမှ မသတ်ဘူး ဆိုလျှင်... နောက်ဆက်တွဲ ပြဿနာ တွေကို အေးအေးဆေးဆေးကိုင်တွယ် ဖြေရှင်း နိုင်လိမ့်မည် ဟု သူ တွက်ဆ ထား၏။ မြေကမ္ဘာအင်မော်တယ် နယ်မြေ အနေဖြင့် လူငယ်လေး အနည်းငယ် ၏ ကိစ္စ အတွက် နှင့်... ဖူလင်း ပင်လယ်ပြင် ဒေသ အထိ အဝေးကြီး လာပြီး ပြဿနာ လာရှာ လိမ့်မည် ဟု သူ မထင်မှတ် ထားချေ။
"ဝီ..."
သူတို့လေးဦးစလုံး သည် သဘောတူညီချက် တစ်ခုကို အောင်မြင်စွာ ရရှိ သွားခဲ့ကြလေပြီ။
နောက်တစ်စက္ကန့် တွင်... အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့သည် သူတို့၏ စိတ်အာရုံ တစ်ချက် လှုပ်ရှား လိုက်ရုံ ဖြင့် သူတို့၏ ရှေ့မှောက် တွင် မှော်လက်နက် နှစ်ခုကို ထုတ်ယူ လိုက်ကြသည်။ အရှင်သခင်ကြီး ဟွမ်ချန် ၏ မှော်လက်နက် မှာ 'နဂါးပျံ ကတ်ကြေး' ဟု လူသိများသော အဆင့်နိမ့် မှော်လက်နက် တစ်ခု ပင်။ ၎င်း ထွက်ပေါ် လာသည့် အခိုက်အတန့် တွင်ပင်... အဆုံးအစ မရှိသော ရက်စက် ကြမ်းကြုတ်သည့် လူသတ်လိုသော အငွေ့အသက်ကြီး တစ်ခုကို ထုတ်လွှတ် လိုက်ပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင်တခြမ်းအား သွေးရောင် လွှမ်း သွားစေခဲ့သည်။
အရှင်သခင်ကြီး ကျင်းလင် ၏ မှော်လက်နက် မှာမူ အေးစက်စက် အပြာရောင် အရိုး လှံရှည်ကြီး တစ်လက် ပင်။ ၎င်းမှာ ဧရာမ သားရဲကြီး တစ်ကောင် ၏ ကျောရိုးကို အဓိက အူတိုင် အဖြစ် အသုံးပြုကာ ဖန်တီး သန့်စင် ထားသော မှော်လက်နက် တစ်ခု ဖြစ်ပုံ ရ၏။ ၎င်း ထွက်ပေါ် လာသည့် အခိုက်အတန့် တွင်... ပတ်ဝန်းကျင် လေထု တစ်ခုလုံး တွင် အရိုးတစိမ့်စိမ့် အေးခဲ သွားစေနိုင်သော အအေးဓာတ်ကြီး တစ်ခု လွှမ်းခြုံ သွားသည်။ ကောင်းကင် နှင့် မြေကြီး တစ်ခွင်လုံး မှာ ရေခဲ ရိုက်ခံရတော့မည့် အလား ထင်မှတ် ရ၏။
သို့သော်ငြားလည်း... အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့သည် တာ့ယွဲ့ နန်းတော် ၏ ကာကွယ်ရေး အခင်းအကျင်းကြီး ရုပ်သိမ်း သွားသည့် အချိန်တွင်... အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် ရန် ပြင်ဆင် နေကြဆဲ အချိန်လေး တွင်ပင်... လုံးဝ မမျှော်လင့် ထားသော အရာ တစ်ခု ဖြစ်ပျက် သွားခဲ့သည်။
အဝါရောင်ဖျော့ဖျော့ ဂါဝန်လေး ဝတ်ဆင် ထားသော ပုံရိပ် တစ်ခု သည် စုယွီ ၏ ဘေးတွင် မျက်စိတစ်မှိတ် အတွင်း ရုတ်တရက် ထွက်ပေါ် လာ၏။
သူမ ၏ အရှိန်နှုန်း မှာ အလွန်တရာ မြန်ဆန် လွန်းလှသဖြင့်... ထိုနေရာ တွင် ရှိနေကြသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများကိုယ်တိုင် ပင်လျှင် သူမ ၏ လှုပ်ရှားမှု အရိပ်အယောင်များကို လုံးဝ (လုံးဝ) အာရုံခံ မိနိုင်စွမ်း မရှိခဲ့ကြချေ။
ဟွမ်ကျူး သည် စုယွီ ၏ ဘေးတွင် ရပ်တန့်လိုက်သည်။ သူမ ၏ မျက်တောင်လေးများ တဆတ်ဆတ် ခုန်သွားပြီး... ယခုလေးတင် မှော်လက်နက်များကို ထုတ်ယူ ထားကြသော အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့ကို ခံစားချက် ကင်းမဲ့စွာ ဖြင့် တစ်ချက် လှမ်းကြည့် လိုက်၏။
ထို အကြည့် တစ်ချက် တည်း ဖြင့်ပင်... မှော်လက်နက်များကို ထုတ်ယူ ပြီးနောက် အေးစက်စက် လူသတ်လိုသော အရိပ်အယောင်များ ပြသ နေကြသည့် အရှင်သခင်ကြီး ဟွမ်ချန် နှင့် ကျင်းလင် တို့ နှစ်ဦးစလုံး မှာ... ထိုနေရာ တွင်ပင် ရေခဲ ရိုက်ခံလိုက်ရသကဲ့သို့ ချက်ချင်း အေးခဲ သွားကြတော့သည်။
နောက်တစ်စက္ကန့် တွင်..
အရှင်သခင်ကြီး ဟွမ်ချန် နှင့် ကျင်းလင် တို့၏ မျက်ဝန်းအိမ်များမှာ အပ်ပေါက် တစ်ပေါက်စာ ခန့် အထိ ပြင်းထန်စွာ ကျုံ့ဝင် သွားတော့သည်။ ယခင်က အေးစက် ရက်စက်သော အမူအရာများနှင့် လူသတ်လိုသော အငွေ့အသက်များ ယိုစိမ့် ထွက်ပေါ် နေခဲ့သော သူတို့၏ မျက်နှာများ မှာ... မျက်စိတစ်မှိတ် အတွင်း သွေးဆုတ် သွားသကဲ့သို့ ဖြူရော် သွားကြသည်။ ထိတ်လန့် ကြောက်ရွံ့မှု ၏ အရိပ်အယောင်ကြီး တစ်ခု သည် သူတို့၏ မျက်ဝန်းများ ထဲမှ အလိုအလျောက် ပေါက်ကွဲ ထွက်ပေါ် လာတော့သည်။
'ဟိုက်... သေပြီ။ ဒါ ဘယ်က မိစ္ဆာ အိုကြီး လဲ။ သူ ကြည့်လိုက်တဲ့ အကြည့် တစ်ချက် တည်း နဲ့ တင် ငါ့ဝိညာဉ် လွင့်မတတ် ဖြစ်သွားတယ်။'
ထို အကြည့် တစ်ချက် တည်း ကပင်... အရှင်သခင်ကြီး ဟွမ်ချန် နှင့် ကျင်းလင် တို့ထံမှ ယခုလေးတင် ထွက်ပေါ် လာခဲ့သော မူလဝိညာဉ် အရှိန်အဝါများ နှင့် လူသတ်လိုသော အငွေ့အသက်များကို အစမကျန်အောင် အရည်ပျော် ကြေမွ သွားစေရန် အတွက် လုံလောက် နေခဲ့လေပြီ။
သူတို့ နှစ်ဦးစလုံး မှာ တစ်ဆက်ဆက် တုန်ယင် နေကြပြီး၊ ဖြူရော် နေသော မျက်နှာများ ဖြင့်... ယခုလေးတင် ထွက်ပေါ် လာခဲ့သော ဟွမ်ကျူးကို အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ နေသည့် မျက်လုံးများ ဖြင့် စိုက်ကြည့် နေကြသည်။
ဟွမ်ကျူး ထွက်ပေါ် လာသည်ကို မြင်လိုက်ရသောအခါ၊ စုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ၊ မာရှီချင်း၊ ယွီခယ်အာ နှင့် အခြားသူများ အားလုံး သည် ဟွမ်ကျူး ရှိရာသို့ လှည့်ကာ ရိုသေ ကျိုးနွံစွာ ဖြင့် ဦးညွှတ် နှုတ်ဆက် လိုက်ကြ၏။
"အကြီးအကဲ"
နတ်မိမယ် လျူရွှီး၊ နတ်မိမယ် ကုယွဲ့၊ အရက်ကြမ်း တာအိုဆရာမလေး ၊ နှင့် တာ့ယွဲ့ နန်းတော် မှ အခြားသော အကြီးအကဲများ သည်လည်း သူတို့၏ အရှိန်အဝါများကို ချက်ချင်း ရုပ်သိမ်း လိုက်ကြပြီး၊ ဟွမ်ကျူးကို ရိုသေစွာ ဖြင့် အရိုအသေ ပေးလိုက်ကြသည်။
"အကြီးအကဲ"
ဟွမ်ကျူး သည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီး၊ အရှင်သခင်ကြီး ဟွမ်ချန် နှင့် ကျင်းလင် တို့ကို တစ်ချက် ဝေ့ကြည့် ကာ ပြောလိုက်၏။
"ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး က ဟုတ်လား။ ဘာလဲ... မင်းတို့ က ကုန်းတွင်းပိုင်း က အင်မော်တယ် နန်းတော် တွေ ဆီကို လာပြီး ငါ့ နန်းတော် က တပည့် တွေကို သတ်ချင်နေတာလား"
"မင်းတို့ ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး က ဟို ငါးအိုကြီး က... ကုန်းတွင်းပိုင်း က အင်မော်တယ် နန်းတော် တွေကို လာရင် စည်းမျဉ်းစည်းကမ်း တချို့ကို လိုက်နာ ရမယ် ဆိုတာ မင်းတို့ကို မပြောပြ ထားဘူးလား။ အဲဒီလိုမှ မဟုတ်ရင်... လူသေ တတ်တယ် ဆိုတာကော မသိဘူးလား"
အရှင်သခင်ကြီး ဟွမ်ချန် နှင့် ကျင်းလင် တို့၏ မျက်နှာများ မှာ ပိုမို ဖြူရော် သွားကြပြီး၊ သူတို့၏ မျက်ဝန်းများ ထဲတွင် အကြောက်တရားများ အပြည့်အဝ ဖုံးလွှမ်း သွားတော့သည်။ သူတို့သည် သူတို့၏ ရှေ့မှောက်တွင် ထုတ်ယူ ထားသော မှော်လက်နက်များကို အလျင်စလို ပြန်လည် ရုပ်သိမ်း လိုက်ကြပြီး၊ ခန္ဓာကိုယ်များ တဆက်ဆက် တုန်ယင် နေလျက် အသနားခံ တောင်းပန် လိုက်ကြ၏။
"ခွင့်လွှတ် ပေးပါ အကြီးအကဲ... ကျွန်တော်တို့ အကြီးအကဲကို စော်ကား ဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ က ကုန်းပေါ်ကို တက်လာပြီး မျိုးဆက်သစ် တပည့် တချို့ကို လာရောက် ရှာဖွေ စုဆောင်း တာပါ။ ဟုတ်ပါတယ်... ကျွန်တော်တို့ အကြီးအကဲကို လုံးဝ အပြစ်ပြု စော်ကား ဖို့ ရည်ရွယ်ချက် မရှိပါဘူး"
"တော်ပြီ... တိတ်တော့"
ဟွမ်ကျူး သည် ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့ကို တစ်ချက် လှမ်းကြည့် လိုက်ပြီး မေးသည်။
"ဒီ နှစ်ယောက် က ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး က မဟုတ်ဘူး မလား"
အရှင်သခင်ကြီး ဟွမ်ချန် ၏ နှလုံးသား မှာ ပြင်းထန်စွာ တုန်လှုပ် သွားပြီး၊ ခေါင်းကို ငုံ့ကာ ပြန်ဖြေ လိုက်၏။
"ဟုတ်ပါတယ် အကြီးအကဲ... သူတို့ က မဟုတ်ပါဘူး"
ဟွမ်ကျူး သည် သူမ ၏ အကြည့်များကို ပြန်လည် ရုပ်သိမ်း လိုက်ပြီး ပြောသည်။
"အဲဒီလို ဆိုရင်လည်း... မင်းတို့ နှစ်ယောက် နောက်ဆုတ် သွားလို့ ရပြီ။ ကျန်တဲ့ ကောင်တွေ အတွက် ကတော့..."
သူမ သည် နတ်မိမယ် လျူရွှီးကို တစ်ချက် ကြည့်လိုက်ပြီး၊ ထို့နောက် စုယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် လော့ချန်ယွီ တို့ကို ကြည့်ကာ ခေတ္တမျှ စဉ်းစား လိုက်၏။ ထို့နောက် ပြောလိုက်၏။
"ငါကိုယ်တိုင် ဝင်မပါ တော့ဘူး။ မူလဝိညာဉ် အဆင့် (၂) လောက်လေး ပဲ ရှိတဲ့ အကောင်ပလောင် နှစ်ကောင်ကို..."
'မင်းတို့ ဘာသာ မင်းတို့ ရှင်းကြ။ ငါ က မင်းတို့ ရဲ့ အစောင့် အရှောက် သက်သက် ပဲ။ အားလုံးကို ငါ ဝင်လုပ် ပေးနေရင် မင်းတို့ ဘယ်တော့မှကြီးလာမှာ မဟုတ်ဘူး။'
နတ်မိမယ် လျူရွှီး က ချက်ချင်းပင် ရိုသေစွာ ပြန်လည် ဖြေကြား လိုက်၏။
"အကြီးအကဲ ခင်ဗျာ... ပင်လယ်ပြင် က အင်အားစု တွေ ဝင်မပါ သရွေ့တော့... ကျန်တဲ့ ကိစ္စ တွေကို ကျွန်မတို့ တာ့ယွဲ့ နန်းတော် က အပြည့်အဝ တာဝန်ယူ ဖြေရှင်း နိုင်ပါတယ်။ အခုလို ကူညီ ပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ် ရှင်"
ဟွမ်ကျူး သည် သူမ ၏ လက်ကို ပေါ့ပေါ့ပါးပါး တစ်ချက် ဝှေ့ယမ်း လိုက်ပြီး၊ ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး မှ အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့ကို သူမ ၏ နောက်သို့ လိုက်ခဲ့ရန် အမိန့်ပေး လိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပုံရိပ် သုံးခု သည် အဝေးသို့ ပျောက်ကွယ် သွားကြတော့သည်။
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့ အတွက် ကတော့...
ဟွမ်ကျူး သည် မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ် ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမ သည် တာ့ယွဲ့ နန်းတော်ကို စောင့်ရှောက် ပေးရမည့် ကလေးထိန်း တစ်ယောက် မဟုတ်သောကြောင့် ပင်။
ရွှမ်ထျန်း အင်မော်တယ် ဂိတ်တံခါး မှ အရှင်သခင်ကြီး ဟွမ်ချန် နှင့် အရှင်သခင်ကြီး ကျင်းလင် တို့ကို ဟန့်တား ရပ်တန့် ပေးခဲ့ခြင်း မှာ... စုယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် လော့ချန်ယွီ တို့ အတွက် မျက်နှာ လုပ်ပေး ရုံ သက်သက် သာ ဖြစ်သည်။
ကျန်ရှိနေသော ကိစ္စရပ်များကိုတော့ သူတို့ဘာသာ သူတို့ ဖြေရှင်း ရမည် ပင်။
ဟွမ်ကျူး ၏ အမြင် တွင်... အကယ်၍ သူမ က သာ အရာအားလုံးကို တာဝန်ယူ ဖြေရှင်း ပေးလိုက်မည် ဆိုပါက၊ စုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ နှင့် အခြားသူများ ဤနေရာ သို့ ပြန်လည် ရောက်ရှိ လာခြင်းမှာ လုံးဝ အဟောသိကံ ဖြစ်သွားမည် မဟုတ်ပါလော။
သူမ သည် မြေကမ္ဘာအင်မော်တယ် နယ်မြေ အတွက် ဖန်လုံအိမ် ထဲတွင် ပျိုးထောင် ထားသော ပန်းပွင့် နုနုလေးများကို ပျိုးထောင် ပေးမည် မဟုတ်ချေ။
မူလဝိညာဉ် အဆင့် (၂) တွင်သာ ရှိသေးသော ကျင့်ကြံသူ ငယ်လေး နှစ်ဦးကို ချန်လှပ် ထားခဲ့ပြီး... ထိုက်ရွှီ မဟာမိတ် အဖွဲ့ နှင့် ချင်းရွှမ် ဂိုဏ်း တို့၏ ပြဿနာများကိုပါ တစ်ပါတည်း ချန်ထား ခဲ့ခြင်း မှာ... စုယွီ နှင့် အခြားသူများကို ကြံ့ခိုင် ရင့်ကျက် လာစေရန် လေ့ကျင့် သင်ကြား ပေးရန် အတွက် အကောင်းဆုံးသော အခွင့်အရေး တစ်ခု ပင်။
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့၏ မျက်နှာများ မှာလည်း သွေးဆုတ် သွားသကဲ့သို့ ဖြူရော် သွားကြ၏။ သူတို့၏ စိတ်အာရုံများမှာ ခေတ္တမျှ ထုံထိုင်း သွားကာ၊ တာ့ယွဲ့ နန်းတော် ၏ အထက် ကောင်းကင်ယံ တွင် ဆိုင်းငံ့ နေလျက်... သူတို့၏ အကြီးအကျယ် ထိတ်လန့် တုန်လှုပ် မှုကြီး ထဲမှ ယခုတိုင်အောင် ပြန်လည် နိုးထ လာနိုင်စွမ်း မရှိကြသေးချေ။
ဟွမ်ကျူး ထွက်ပေါ် လာသည့် အခိုက်အတန့် တွင်ပင်၊ သူတို့သည် သေမင်း နှင့် လက်တစ်ကမ်း အလို သို့ ရောက်ရှိ သွားသကဲ့သို့ ခံစား လိုက်ကြရပြီး... သူတို့၏ ခန္ဓာကိုယ်များမှာ သစ်တုံးကြီးများ အလား အေးခဲ တောင့်တင်း သွားခဲ့ရသည်။
သူတို့၏ နှလုံးသားများ ထဲတွင် ကြောက်ရွံ့ ထိတ်လန့် မှုများ အပြည့်အဝ ဖုံးလွှမ်း နေပြီး၊ သူတို့၏ စိတ်အာရုံများမှာလည်း အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေ၏။
"ဟိုက်... အဲဒီ လူ က... သေချာပေါက် မူလဝိညာဉ် အထွတ်အထိပ် အဆင့်ကိုတောင် ကျော်လွန် နေတဲ့ ကြောက်စရာ ကောင်းတဲ့ အရှင်သခင်ကြီး တစ်ပါး ပဲ..."
ထိုက်ရွှီ မဟာမိတ် အဖွဲ့ ခေါင်းဆောင် နှင့် ချင်းရွှမ် ဂိုဏ်းချုပ် တို့သည် လွှမ်းမိုး ချေမှုန်း နိုင်စွမ်း ရှိသော အကြောက်တရားကြီး ၏ ဝါးမျိုခံလိုက်ကြရတော့သည်။
'သွားပြီ... ငါတို့တော့ တကယ် သွားပြီ။ ရွှမ်ထျန်း ဂိုဏ်း က ကောင်တွေ က ငါတို့ကို ထားခဲ့ပြီ။ အခု ငါတို့ ဘယ်လို ဆက်လုပ် ကြမလဲ။’