အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း - ၅
ပေကျန်းခရိုင် တိုင်းရင်းဆေးရုံကြီးအတွင်း၌ ရှီလဲ့သည် သူ၏လက်တော့ပ်ကို ကိုင်ကာ အနားယူသွားပြီဖြစ်သော တိုင်းရင်းဆေးပညာရှင်ကြီး ကွမ်းချန်ဟွာ ၏ အိုင်ဒီကို အသုံးပြု၍ ဆေးမှတ်တမ်းအတုကို စတင်ဖန်တီးတော့သည်။
“၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်။ ပထမအကြိမ် ရောဂါရှာဖွေမှု - မီနီယာ ရောဂါစု (Meniere’s Syndrome) ဖြစ်နိုင်ခြေရှိ။ ထိန်းချုပ်ကုသရန် Sibelium ဆေးကို အသုံးပြုရန် အကြံပြုသည်။
၂၀၀၆ ခုနှစ်၊ ဧပြီ ၂၃ ရက်။ ပထမအကြိမ် ဆေးပြန်စစ်ခြင်း။ စစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက် မီနီယာ ရောဂါစု ဖြစ်ကြောင်း အတည်ပြု။
၂၀၀၆ ခုနှစ်၊ ဇွန် ၁၇ ရက်။ လူနာသည် အာရုံကြောဖြတ်တောက် ကုသမှု (Vestibular nerve amputation) ပြုလုပ်ရန် ငြင်းဆိုသည်။
၂၀၀၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်။ လူနာ နောက်ဆက်တွဲ ပြန်လည်ပြသခြင်း။ ဆေးဝါးများ ဆက်လက်သောက်သုံးရန် ညွှန်ကြား။ အာရုံကြောများ ပြန်လည်ကောင်းမွန်လာစေရန် ထိန်းညှိနေဆဲ။”
ဆေးကုသမှုမှတ်တမ်း လေးခုသာရှိပြီး တစ်ခုနှင့်တစ်ခု အချိန်ကွာခြားချက်မှာလည်း ရှည်လျားလှသည်။ ထို့ကြောင့် အနားယူသွားသော ဆရာဝန်ကြီးမှာ လူနာကို မှတ်မိနိုင်ခြေ မရှိဟု ရှီလဲ့ တွက်ဆထားသည်။
ရှီလဲ့သည် အချက်အလက်များကို သုံးကြိမ်တိုင်တိုင် ပြန်စစ်ပြီးနောက် “Enter” ခလုတ်ကို နှိပ်လိုက်သည်။ ဆေးမှတ်တမ်းကို အောင်မြင်စွာ ဖန်တီးပြီးပြီ ဖြစ်သည်။
သူသည် လက်တော့ပ်ကို အသာအယာပိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မှတ်ပုံတင်ကောင်တာသို့ ထွက်လာခဲ့သည်။ ပေကျန်းဆေးရုံတွင် မှတ်ပုံတင်ရန်အတွက် ပဏာမအချက်အလက်ဖောင် ဖြည့်ရန် လိုအပ်သည်။ နာမည်၊ ကျား/မ၊ အသက်နှင့် ပြသမည့်ဌာနကို ဖြည့်စွက်ရုံသာ ဖြစ်သည်။
ရှီလဲ့သည် နံပါတ် (၅) ပြတင်းပေါက်သို့ သွားခဲ့သည်။ ထိုနေရာတွင် ငယ်ရွယ်သော သူနာပြုဆရာမလေး ကျန်းလဲ့ ရှိနေသည်။
“ဆရာမကျန်း... ကျွန်တော့်ရဲ့ ဆေးမှတ်တမ်းစာအုပ် ပျောက်သွားလို့ပါ.. အသစ်လေး တစ်အုပ်လောက် လုပ်ပေးလို့ ရမလား”
ကျန်းလဲ့က ဘာမှမသင်္ကာဘဲ “အရင်က ဒီဆေးရုံမှာ ပြဖူးလား...” ဟု မေးသည်။ ရှီလဲ့က အမြန်ခေါင်းညိတ်ကာ “ဟုတ်ကဲ့... ဒါနဲ့ဆို ငါးကြိမ်မြောက် ရှိပါပြီ” ဟု ဖြေလိုက်သည်။
သူနာပြုမလေးက ရှီလဲ့၏ မှတ်ပုံတင်ကို ယူကာ ကွန်ပျူတာထဲတွင် စစ်ဆေးကြည့်လိုက်သည်။ ရှီလဲ့ ဖန်တီးထားသော ဆေးမှတ်တမ်းအတုများ ပေါ်လာသည်ကို မှန်အကာအရံနောက်မှ ရှီလဲ့ မြင်နေရသည်။ ခဏအကြာတွင် ဆေးမှတ်တမ်းအသစ်နှင့် ဆေးရုံကတ်ကို ရရှိခဲ့သည်။
သို့သော် တိုင်းရင်းဆေးဌာနရှေ့တွင် လူနာများ အလွန်များပြားလှသည်။ ရှီလဲ့သည် မျက်လုံးလှန်ကြည့်ကာ ‘ငါ့ရဲ့ ဟက်ကာစွမ်းရည်က ကောင်းကင်အထိ ထိနေပေမယ့် ဒီလူတွေကိုတော့ မောင်းထုတ်လို့ မရဘူးပဲ’ ဟု တွေးမိသည်။ သုံးနာရီခန့် စောင့်ဆိုင်းပြီးနောက် ရှီလဲ့၏ အလှည့် ရောက်လာသည်။
ဆရာဝန်ကြီး ကွမ်းချန်ဟွာမှာ အသက် ၆၀ ကျော်ခန့်ရှိပြီး ဆံပင်များ ဖြူဖွေးနေသည်။ သူက ရှီလဲ့ကို ကြည့်ကာ “ဆေးမှတ်တမ်း ပေးပါ” ဟု ဆိုသည်။
ခဏအကြာတွင် ဆရာဝန်ကြီးက “ရှီ... ငါ ပြီးခဲ့တဲ့အကြိမ်က ပြောပြီးပြီလေ...မီနီယာရောဂါစုက အမြစ်ပြတ်အောင် ကုဖို့ မလွယ်ဘူး... ဆေးသောက်မလား၊ ခွဲစိတ်မလားဆိုတာ မင်းသဘောပဲ”
ရှီလဲ့သည် ခေါင်းငုံ့ကာ စဉ်းစားဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်တော့ ရယ်နေမိသည်။ ‘ဝါရင့်ပညာရှင်ဆိုတာ တကယ်ကို မခေဘူးပဲ၊ ငါ့ကို မြင်ဖူးသလိုလိုနဲ့ မှတ်မိနေတဲ့ ပုံစံမျိုးတောင် လုပ်နေသေးတယ်’ စင်စစ် ဆရာဝန်ကြီးသည် လူနာများလွန်းသဖြင့် မှတ်တမ်းကို ကြည့်ကာ သူကုပေးခဲ့ဖူးသည်ဟုသာ မှတ်ယူလိုက်ခြင်း ဖြစ်သည်။
ရှီလဲ့က တိုးတိုးလေး ပြောသည် - “ဆရာကြီး... ကျွန်တော် အခု ရွှမ်ဟူခရိုင်က တက္ကသိုလ်မှာ ကျောင်းတက်နေရလို့ပါ..ဒါကြောင့် ရွှမ်ဟူခရိုင် ပြည်သူ့ဆေးရုံကြီးကို ပြောင်းပြချင်ပါတယ်”
ဆရာဝန်ကြီး ကွမ်းက နှာခေါင်းရှုံ့ကာ “ရွှမ်ဟူဆေးရုံ...အအေးမိတာနဲ့ ခေါင်းကိုက်တာကလွဲရင် သူတို့ ဘာလုပ်တတ်လို့လဲ” ဟု ဆိုသည်။
ရှီလဲ့က ထပ်မံတောင်းဆိုသဖြင့် ဆရာဝန်ကြီးမှာ မကျေမနပ်နှင့်ပင် ဆေးရုံပြောင်းရွှေ့ရန် ထောက်ခံစာတွင် လက်မှတ်ထိုးပေးလိုက်သည်။ ရှီလဲ့သည် ဆေးရုံမှ အမြန်ဆုံး ထွက်လာခဲ့သည်။
ညနေ ၆ နာရီခန့်တွင် ရွှမ်ဟူခရိုင် ဆေးရုံကြီးသို့ ရောက်ရှိသွားသည်။ ထိုအချိန်မှာ ဆရာဝန်အများစု အလုပ်ဆင်းချိန်ဖြစ်သော်လည်း ရှီလဲ့က ဂရုမစိုက်ပေ။ သူက ဆေးကုသရန် လာခြင်းမဟုတ်ဘဲ ကျောင်းအတွက် ဆေးထောက်ခံစာ ယူရန်သာ ဖြစ်သောကြောင့်ပင်။
မှတ်ပုံတင်ကောင်တာမှ သူနာပြုမလေးက ရှီလဲ့၏ ဆေးရုံပြောင်းစာရွက်နှင့် ဆေးမှတ်တမ်းကို မြင်သောအခါ ပြုံးလိုက်ပြီး - “မောင်ရင်က ကျောင်းသားမလား..စစ်ပညာသင်တန်း ကင်းလွတ်ခွင့် ထောက်ခံစာ လာယူတာမလား..ဒုတိယထပ်က စီမံခန့်ခွဲရေးရုံးကို တန်းသွားလိုက်ပါ” ဟု လမ်းညွှန်ပေးသည်။
ရှီလဲ့ ဒုတိယထပ်သို့ ရောက်သောအခါ ရုံးခန်းရှေ့တွင် ကျောင်းသားများစွာ တန်းစီနေသည်ကို တွေ့ရသည်။ အနောက်ဆုံးတွင် ရပ်နေသော ကျောင်းသားတစ်ဦးက ရှီလဲ့ကို ကြည့်ကာ “ညီလေး... မင်းလည်း နေမကောင်းလို့လား” ဟု လှောင်ပြုံးဖြင့် မေးသည်။
ရှီလဲ့က “ဆေးမှတ်တမ်း ရှိတယ်လေ” ဟု ရိုးရိုးလေး ဖြေသည်။
“ညီလေး... ငါ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်.. ဒီက စစ်ဆေးရေးက အရမ်းတင်းကျပ်တာ...မင်းရဲ့ ဆေးမှတ်တမ်းက သိပ်ပြီး... အဟမ်း... မခိုင်လုံဘူးဆိုရင်တော့ အခုကတည်းက ပြန်လှည့်ဖို့ အကြံပေးချင်တယ်” ဟု ထိုကျောင်းသားက စေတနာဖြင့် သတိပေးသည်။
ရှီလဲ့က တည်တည်ငြိမ်ငြိမ်ပင် “ကျွန်တော် တကယ် ဖျားနေတာပါ” ဟု ပြန်ပြောလိုက်သည်။
ရုံးခန်းအတွင်း၌ ဌာနမှူး လျူပင် သည် ကျောင်းသားများ၏ ဆေးမှတ်တမ်းများကို စစ်ဆေးနေသည်။ သူသည် ကျောင်းသားတစ်ဦး၏ ‘အာရုံကြောအားနည်းရောဂါ’ မှတ်တမ်းကို ကြည့်ကာ သက်ဆိုင်ရာ ဆေးရုံသို့ ဖုန်းဆက်စစ်ဆေးလိုက်သည်။ ဆေးရုံဘက်မှ ထိုသို့သော လူနာမရှိကြောင်း ဖြေကြားလိုက်သောအခါ ထိုကျောင်းသားမှာ မျက်နှာပျက်ကာ အမြန်ထွက်ပြေးသွားရတော့သည်။
အခြားကျောင်းသားများလည်း သူတို့၏ ဆေးမှတ်တမ်းများမှာ အတုဖြစ်နေသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရာ နောက်ဆုံးတွင် ရှီလဲ့နှင့် စောစောက စေတနာရှင် ကျောင်းသားသာ ကျန်တော့သည်။
စေတနာရှင် ကျောင်းသားမှာလည်း သူ၏ ဆေးမှတ်တမ်းကို ဌာနမှူးက လက်မခံသဖြင့် အရေးနိမ့်ကာ ထွက်လာခဲ့သည်။ သူသည် ရှီလဲ့ အရှက်ကွဲမည့်ပုံကို ကြည့်ရန် တံခါးဝတွင် ရပ်စောင့်နေသည်။
ရှီလဲ့က ရှေ့တိုးကာ သူ၏ ဆေးမှတ်တမ်းနှင့် ထောက်ခံစာကို ဌာနမှူး လျူပင်ထံ ကမ်းပေးလိုက်သည်။
“ဌာနမှူးလျူ... ကျွန်တော် ပေကျန်း တိုင်းရင်းဆေးရုံကနေ ပြောင်းလာတာပါ”
ဌာနမှူးလျူသည် ပေကျန်းဆေးရုံမှ မှတ်တမ်းနှင့် ဆရာဝန်ကြီး ကွမ်းချန်ဟွာ၏ လက်မှတ်ကို မြင်သောအခါ အမူအရာ ပြောင်းလဲသွားသည်။
“ရှီလဲ့... မင်းက မီနီယာရောဂါ ဖြစ်နေတာလား ဘာလို့ ပေကျန်းဆေးရုံမှာ ဆက်မပြတာလဲ”
ရှီလဲ့က ကျောင်းနှင့် ဆေးရုံ ဝေးလွန်းသဖြင့် သွားလာရ ခက်ခဲသောကြောင့် ဖြစ်ကြောင်း ယုတ္တိရှိရှိ ရှင်းပြလိုက်သည်။ ဌာနမှူးလျူသည် ဆရာဝန်ကြီး ကွမ်းထံသို့ ဖုန်းဆက်၍ အတည်ပြုလိုက်ရာ ဆရာဝန်ကြီးကလည်း ရှီလဲ့မှာ သနားစရာကောင်းကြောင်းနှင့် ရောဂါမှာ အတော်လေး ဆိုးရွားနေကြောင်း ရှီလဲ့ ဖန်တီးထားသော ဒေတာများကို အမှန်ဟု ယူဆပြီး ပြောကြားလိုက်သည်။
ဖုန်းချပြီးနောက် ဌာနမှူးလျူက သက်ပြင်းချကာ - “ရှီလဲ့... ဆရာကြီးကတော့ မင်းကို ခွဲစိတ်စေချင်နေတာပဲ.. ဒီရောဂါက မင်းရဲ့ ပညာရေးကို အများကြီး ထိခိုက်စေနိုင်တယ်” ဟု ဆိုသည်။
ရှီလဲ့က စိတ်မကောင်းဟန်ဆောင်ကာ “ကျေးဇူးတင်ပါတယ် ဌာနမှူး... ကျွန်တော် ဆေးနဲ့ပဲ ဆက်ကုကြည့်ပါဦးမယ်” ဟု ဖြေလိုက်သည်။
နောက်ဆုံးတွင် ဌာနမှူးလျူသည် ရှီလဲ့အတွက် စစ်ပညာသင်တန်း ကင်းလွတ်ခွင့် ထောက်ခံစာ ကို ထုတ်ပေးလိုက်လေသည်။
စင်္ကြံလမ်းသို့ ထွက်လာသောအခါ စောစောက စေတနာရှင် ကျောင်းသားမှာ ရှီလဲ့ကို အံ့သြတကြီး ကြည့်ကာ - “ညီလေး... မင်း တကယ် တော်တာပဲ...မင်းမှာ ဘယ်လို အဆက်အသွယ်တွေ ရှိတာလဲ.. ငါ့ကိုလည်း လမ်းစလေး ပေးပါဦး၊ ငါ ငွေအများကြီး ပေးပါ့မယ်” ဟု တိုးတိုးလေး မေးသည်။
ရှီလဲ့က တည်တည်ကြည်ကြည်ပင် ပြောလိုက်သည် - “ဒီခေတ်ကြီးက တကယ်ကို ထူးဆန်းတယ်နော်..ချမ်းသာဖို့ အခွင့်အရေး၊ အလှလေးတွေနဲ့ တွေ့ဖို့ အခွင့်အရေး၊ ရာထူးတက်ဖို့ အခွင့်အရေးတွေ ရှိနေတဲ့ကြားထဲ... နေမကောင်းဖြစ်ဖို့ အခွင့်အရေးကိုတောင် လိုချင်နေကြသေးတယ်”
ထိုကျောင်းသားမှာ ကြောင်အသွားပြီး “ဘာကို ဆိုလိုတာလဲ” ဟု မေးသည်။
ရှီလဲ့က အလေးအနက် ပြန်ပြောလိုက်သည် - “ကျွန်တော် တကယ် နေမကောင်းတာပါ”
( ရှီလဲ့ အတုလုပ်ထားသော မီနီယာ ရောဂါစု (Meniere’s Disease) သည် အတွင်းနားရှိ အရည်များ မမျှတမှုကြောင့် ဖြစ်ပွားတတ်ပြီး ပြင်းထန်သော ခေါင်းမူးခြင်း၊ နားအူခြင်းနှင့် အကြားအာရုံ ချို့ယွင်းခြင်းတို့ကို ခံစားရတတ်သည်။ စက်ကိရိယာများဖြင့် ရောဂါရှာဖွေရန် ခက်ခဲသောကြောင့် ရှီလဲ့ကဲ့သို့ သင်တန်းရှောင်လိုသူများအတွက် အသုံးချရန် အကောင်းဆုံး ရောဂါတစ်ခု ဖြစ်သည်။ )
အခန်း - ၆
ညနေစောင်းအချိန်တွင် ရှီလဲ့ သည် စစ်ပညာသင်တန်း ကင်းလွတ်ခွင့်လက်မှတ်ကို ကိုင်ဆောင်ကာ ဒေါက်တာဘွဲ့ယူကျောင်းသားများ အဆောင်၏ ပထမဆုံးအဆောက်အအုံအတွင်းသို့ ဝင့်ကြွားစွာ ဝင်ရောက်လာခဲ့သည်။
အခန်းအမှတ် ၅၀၁ အတွင်း၌မူ အနည်းငယ် နုနယ်ပျိုမြစ်ပြီး ကလေးဆန်သောရုပ်ရည်ရှိသည့် လူငယ်တစ်ဦးသည် ရှိသမျှအားအင်အကုန်သုံးကာ ကြမ်းတိုက်နေလေသည်။ သူသည် ကြမ်းတိုက်ရင်း သီချင်းတစ်ပုဒ်ကိုလည်း တညည်းညည်းသီဆိုနေ၏။
“ဒီနေ့တော့ ငါ့ကိုယ်ငါ တကယ့်ကို ဂုဏ်ယူမိတယ်၊ တကယ့်ကို ဂုဏ်ယူမိတယ်ဟေ့” သူ၏ ပြုံးဖြီးနေသော ပါးစပ်အနေအထားအရ ထိုသူသည် လက်ရှိတွင် အလွန်ပျော်ရွှင်နေကြောင်း ခန့်မှန်းရန် မခက်ခဲပေ။
အခန်း ၅၀၁ ၏ တံခါးမှာ ပိတ်မထားဘဲ ပွင့်နေသည်။ အခန်း ၅၀၂ နှင့် မျက်စိချင်းဆိုင်တွင်ရှိသောကြောင့် ဖြစ်နိုင်၏။ ရှီလဲ့သည် ဝင့်ကြွားစွာ ခြေလှမ်းကျဲဖြင့် ဝင်လာပြီး ကြမ်းတိုက်နေသော ထိုလူကို မြင်သည့်အခါ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ -
‘လီချိုင်... လီချိုင်.. မင်းကတော့ အရင်အတိုင်း ဖျတ်လတ်တက်ကြွနေတုန်းပဲလား’
“ဟိုင်း” ရှီလဲ့က အရင်ဦးအောင် နှုတ်ဆက်လိုက်သည်။
လီချိုင်သည် ရှီလဲ့ကို တောက်ပသော အပြုံးဖြင့် ကြည့်လိုက်သည်။ သို့သော် သူ၏ ကလေးမျက်နှာကြောင့် ကြည့်ရသည်မှာ ကောင်လေးတစ်ယောက်နှင့်သာ တူနေ၏။ “ဟယ်လို... မင်းက ငါ့ရဲ့ အခန်းဖော် မဟုတ်လား”
ရှီလဲ့က ခေါင်းညိတ်ပြလိုက်သည်။
လီချိုင်က ရယ်မောရင်း သူ့ကိုယ်သူ မိတ်ဆက်လေသည်။ “ငါ့နာမည်က လီချိုင် ပါ..ငါတို့ တက္ကသိုလ်မှာ လေးနှစ်လုံးလုံး အခန်းဖော်တွေ ဖြစ်မှာနော်”
ရှီလဲ့က မသိချင်ယောင်ဆောင်ပြီး ဝေခွဲမရသည့်မျက်နှာဘေးဖြင့် - “ငါ့ကို ခန့်မှန်းခိုင်းတာလား”
“အဲ...” လီချိုင်းက အိုးတိုးအန်းတန်း ဖြစ်သွားပြီး “ငါ့နာမည်က လီချိုင်း လို့ ပြောတာပါ”
ရှီလဲ့က ဆက်လက်၍ လူအူကြောင်လုပ်ကာ - “မင်းက ငါ့ကို ခန့်မှန်းခိုင်းနေတာလား..နာမည်တစ်ခုမှာ ဘာခန့်မှန်းစရာ ရှိလို့လဲ..မင်းဖင်ကိုပဲ သွားခန့်မှန်းလိုက်”
လီချိုင်း၏ ကလေးမျက်နှာလေးမှာ ရှက်ကိုးရှက်ကန်းဖြင့် နီရဲသွားကာ အလျင်အမြန်ပင် - “ငါ့မျိုးရိုးက လီ မူဇီလီ လို့ခေါ်တဲ့ လီ နာမည်က ချိုင် ထင်းဆိုတဲ့ အဓိပ္ပာယ်ရတဲ့ ချိုင်”
ထိုအခါမှ ရှီလဲ့က ရုတ်တရက် သဘောပေါက်သွားဟန်ဖြင့် - “ဪ... မင်းက လီချိုင် ကိုး...ငါ့နာမည်က ရှီလဲ့ ရှီ ဆိုတာ ကျောက်တုံး၊ လဲ့ ဆိုတာလည်း ကျောက်တုံးပဲ...မင်း ငါ့ကို ‘အစ်ကိုရှီ’ လို့ ခေါ်နိုင်ပါတယ်”
လီချိုင်က လေသံပျော့လေးဖြင့် ကန့်ကွက်ရှာသည်။ “ဘာဖြစ်လို့လဲ”
“ငါက မင်းထက် အသက်ကြီးလို့ ဖြစ်မှာပေါ့” ရှီလဲ့က ရှင်းပြလိုက်သည်။
“ငါကသာ အစ်ကိုကြီး ဖြစ်သင့်တာ” လီချိုင်က ချက်ချင်း ပြန်ချေပသည်။
ရှီလဲ့၏ မျက်နှာမှာ အထင်သေးရိပ်များဖြင့် ပြည့်သွားသည်။ ထို့နောက် လီချိုင် ကြားနိုင်လောက်သည့် အသံဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည် - “ငါ့ရဲ့ ပညာရပ်ဆိုင်ရာ အမြင်အရဆိုရင်တော့ မင်းက ငါ့ထက် ငယ်တာ သေချာပါတယ်.. ဒီကောင်လေး လီချိုင်က ကြည့်ရတာ ရှိုတာ (shota - ကလေးရုပ်ပေါက်သောကောင်လေး) တစ်ယောက်လိုပဲ၊ သူ လူလားမြောက်ရဲ့လားတောင် မသိဘူး”
လီချိုင်က မျက်လုံးလှန်ကြည့်လိုက်ပြီး - “ဟေး... ငါ ပြောမယ်၊ ငါက လူကြီးဖြစ်နေပြီ..လွန်ခဲ့တဲ့ နှစ်လကတည်းက ၁၈ နှစ် ပြည့်သွားတာ”
ရှီလဲ့က တဟားဟား ရယ်မောကာ - “ဪ... အခုမှ လူကြီးဖြစ်တာပေါ့.. ဒါပေမဲ့ ငါက အခု ၁၉ နှစ် ရှိနေပြီ..လီချိုင်လေးရေ... ဒီနေ့ကစပြီး ငါ့ကို ‘”အစ်ကိုရှီ’ လို့ ခေါ်ရမယ်.. ရွှမ်ချင်း တက္ကသိုလ် မှာ အစ်ကိုကြီးက မင်းကို ကာကွယ်ပေးပါ့မယ်..”
လီချိုင်က တစ်ဖန် မျက်လုံးလှန်ပြပြန်သည်။ ထို့နောက် လည်ပတ်သော အမူအရာဖြင့် - “ရှီလဲ့... ငါ မင်းကို သတင်းကောင်းတစ်ခု ပြောပြမယ်”
ရှီလဲ့က စိတ်မဝင်စားဟန်ဖြင့် - “ဘာသတင်းကောင်းလဲ”
လီချိုင်က မျက်လုံးများ အရောင်တောက်လျက် မျက်စိချင်းဆိုင်ရှိ အခန်း ၅၀၂ ကို ညွှန်ပြလိုက်သည်။ “ရှီလဲ့... မင်း မသိသေးဘူး မဟုတ်လား...တို့အခန်းရဲ့ တစ်ဖက်ခြမ်းမှာ ချောမောလှပတဲ့ မိန်းကလေး နှစ်ယောက် နေတာကွ.. ငါ့ရဲ့ ကျွမ်းကျင်မှုအရဆိုရင် သူတို့က ကျောင်းအလှမယ်အဆင့်တွေပဲ..ရှီလဲ့... မင်း အခုသွားပြီး တံခါးခေါက်လို့ သူတို့ကို အောင်အောင်မြင်မြင် စကားပြောနိုင်မယ်ဆိုရင် ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့ ‘အစ်ကို’ လို့ ခေါ်မယ်”
ရှီလဲ့က မသမာသော အပြုံးဖြင့် - “မင်း သေချာလား”
လီချိုင်က ပြောသည့်အတိုင်း လုပ်မည့်သူပီပီ ရင်ကို မော်လိုက်ရင်း - “သေချာတာပေါ့၊ သေချာတယ်.. သွားလေ ကံကောင်းပါစေ”
ရှီလဲ့က လက်ဖျောက်တစ်ချက်တီးကာ မျက်မှန်ကို အသာပင့်တင်ပြီး အခန်း ၅၀၂ ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
လီချိုင်က ရှီလဲ့၏ နောက်ကျောကိုကြည့်ကာ လက်မထောင်ပြပြီး တိုးတိုးလေး ရေရွတ်လိုက်သည် - “ဆူခံရဖို့သာ ပြင်ထားတော့..”
“ဒေါက်... ဒေါက်... ဒေါက်...”
ရှီလဲ့သည် အခန်း ၅၀၂ ရှေ့တွင် ရပ်ကာ တံခါးခေါက်လိုက်သည်။ အတွင်းမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏။
“ငါ သတိပေးလိုက်မယ်၊ နင်တို့ ငါတို့ကို ထပ်ပြီး လာနှောင့်ယှက်နေရင် ရဲခေါ်လိုက်မှာနော်..”
ရှီလဲ့ အံ့အားသင့်သွားသည်။ ‘ဘာတွေဖြစ်နေတာလဲ’ သူ လီချိုင်ဘက်သို့ လှည့်ကြည့်လိုက်ရာ လီချိုင်က မသမာသော အပြုံးဖြင့် ပြုံးနေသည်ကို မြင်လိုက်ရသည်။ သူ အောက်လမ်းနည်းဖြင့် အကြံပေးခံလိုက်ရမှန်း ချက်ချင်း သိလိုက်၏။ ဒီကောင် လီချိုင်သည် ချောမောသော မိန်းကလေးများကို မြင်ပြီး သွားရောက် နှောင့်ယှက်ခဲ့သည်မှာ သေချာသည်။
လီချိုင်ကို တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် ရှီလဲ့က တံခါးကို ထပ်မံ ခေါက်လိုက်သည်။
“ဒေါက်... ဒေါက်... ဒေါက်...”
အေးစက်စက်အသံက ထပ်မံထွက်ပေါ်လာပြန်သည်။ “နင် မပြီးနိုင်သေးဘူးလား.. ငါ ရဲတကယ်မခေါ်ရဲဘူးလို့ မထင်နဲ့နော်...ဟွန့် ရဲခေါ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားဦး..ကျောင်းထုတ်မခံရအောင် သတိထား”
ရှီလဲ့က ဂရုမစိုက်ဘဲ ဆက်တိုက် တံခါးခေါက်နေလေသည်။
လီချိုင်က ရှီလဲ့ကို သူရဲကောင်းတစ်ယောက်လို ကြည့်ရင်း - “တကယ့် ပါရမီရှင်ပဲ..တကယ့် ဟီးရိုးပဲ ငါတို့မျိုးဆက်ရဲ့ စံပြပုဂ္ဂိုလ်ပဲဟေ့” ဟု တိုးတိုးလေး ရေရွတ်နေမိသည်။
ထိုစဉ် အခန်း ၅၀၂ ၏ တံခါးမှာ ဝုန်းခနဲ ပွင့်လာသည်။
လရောင်ကဲ့သို့ ဖြူဖွေးသော အင်္ကျီနှင့် ပေါ့ပေါ့ပါးပါး ဘောင်းဘီရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ရှီလဲ့ကို ဒေါသတကြီး ကြည့်နေသည်။ ဒေါသထွက်နေသော်လည်း သူမ၏ လှပမှုမှာ လျော့ပါးမသွားပေ။ သူမ၏ မျက်ခုံးများမှာ လခြမ်းကဲ့သို့ ကွေးညွတ်နေပြီး မျက်လုံးများမှာ ကြယ်ပမာ တောက်ပနေကာ နှာတံစင်းစင်းနှင့် စိုစွတ်သော နှုတ်ခမ်းလွှာတို့မှာ ဆူပုတ်နေသည်။ သူမ လက်ရှိတွင် စိတ်မကြည်မလင် ဖြစ်နေသည်မှာ အထင်အရှားပင်။
ဤအမျိုးသမီးသည် အနည်းဆုံး ၁.၇ မီတာ (၅ ပေ ၇ လက်မခန့်) မြင့်ပုံရသဖြင့် ရှီလဲ့ပင် အနည်းငယ် ဖိအားဝင်သွားမိသည်။
“နင် မလုပ်နိုင်... အင်.. နင်က ဘယ်သူလဲ”
လီချိုင်ဟု ထင်ကာ ဖွင့်လိုက်ခြင်းဖြစ်သော်လည်း မြင်လိုက်ရသည်မှာ ရှီလဲ့ ဖြစ်နေသောကြောင့် သူမ အနည်းငယ် ရှက်သွားသည်။ သို့သော် လုံးဝ လျှော့မပေးပေ။
မျက်မှန်နောက်ကွယ်မှ ရှီလဲ့၏ မျက်လုံးများသည် ထိုအမျိုးသမီး၏ သွယ်လျသော ခြေထောက်များ တင်းမာနေသည်ကို မြင်နေရသည်။ အကယ်၍ သူသာ ထူးဆန်းသော လှုပ်ရှားမှုတစ်ခုခု လုပ်မိပါက ထိုခြေတံရှည်များက သူ့အား ချက်ချင်းပင် နှုတ်ဆက်လာလိမ့်မည် ဖြစ်သည်။
ရှီလဲ့က ခေါင်းကို ညာလက်ဖြင့် ကုတ်ကာ အူတူတူ အပြုံးဖြင့် - “ဟို... ကျွန်တော် လာရှာတာက... ဪ ဒါနဲ့ မင်းက ဘယ်သူလဲ”
ဤအမျိုးသမီးမှာ စီးပွားရေးစီမံခန့်ခွဲမှုဌာန၏ အလှမယ်၊ ‘ဆီးနှင်းကြာပန်း’ ဟု လူသိများသော မုရွှမ်း ဖြစ်ကြောင်း ရှီလဲ့ သိသော်လည်း အမှတ်တမဲ့ဖြင့် နာမည်ကို တန်းခေါ်၍ မရပေ။
မုရွှမ်းက မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့လိုက်သည်။ “နင်က ဟိုကောင့်ရဲ့ အခန်းဖော် မဟုတ်လား” သူမက လီချိုင်ကို ညွှန်ပြရင်း ဆက်ပြောသည် - “သူ့ရဲ့ ရုပ်ဆိုးဆိုးမျက်နှာကို ကြည့်ရုံနဲ့ လူကောင်းမဟုတ်မှန်း သိတယ်..နင်လည်း လူကောင်းဖြစ်မှာ မဟုတ်ဘူး”
လီချိုင်ခမျာ မျက်ရည်ကျချင်စရာ ဖြစ်သွားသည်။ ‘ ရုပ်ဆိုးတယ် ဟုတ်လား သူကတောင် ချောမောနုနယ်တဲ့ ရှိုတာလေးပါဆို ဒီမိန်းကလေးကတော့ အမြင်မရှိလိုက်တာ ‘
ရှီလဲ့က - “ဟယ်လို... ကျွန်တော့်နာမည်က ရှီလဲ့ ပါ... ရှီ ဆိုတာ ကျောက်တုံး လဲ့ ဆိုတာလည်း ကျောက်တုံးပါပဲ..ကျွန်တော့်ကို ‘အစ်ကိုရှီ’ လို့ ခေါ်လို့ရတယ်”
မုရွှမ်းက တံတွေးထွေးဟန်ဖြင့် - “ဘယ်သူက နင့်ကို အစ်ကိုခေါ်ချင်မှာလဲ”
ရှီလဲ့က ပြုံးကာ - “အခုပဲ ခေါ်လိုက်တာ မဟုတ်လား”
မုရွှမ်းက နှာမှုတ်ကာ တံခါးပြန်ပိတ်ရန် ပြင်သည်။
ရှီလဲက အလျင်အမြန်ပင် “ငါ ရှောင်မော့ကိုရှာနေတာ..သူ့ကို ခေါ်ပေးပါဦး”
“ ရှောင်မော့”
မုရွှမ်း ခဏစဉ်းစားပြီးနောက် သဘောပေါက်သွားကာ - “နင်က ယွီမော့ ကို ပြောတာလား”
လင်းယွီမော့ သည် တံခါးနားသို့ လျှောက်လာပြီး ရှီလဲ့ကို အပြုံးဖြင့် ကြည့်လိုက်သည်။ “စီနီယာ... ရောက်လာပြီလား”
ရှီလဲ့က ရိုးရိုးသားသားပင် - “ရှောင်မော့.. ကိုယ်က စီနီယာ မဟုတ်ပါဘူး”
ရှီလဲ့က သူသည်လည်း ကျောင်းသားသစ်ဖြစ်ကြောင်း ပြောပြလိုက်သော်လည်း ဆာဗာကို ဟက်ကာ ကိုယ့်ဘာသာ ကျောင်းအပ်ခဲ့သည့်အချက်ကိုမူ ဖုံးကွယ်ထားလိုက်သည်။ “ဒါပေမဲ့ ကိုယ်က မင်းထက် အသက်ကြီးတယ်.. မင်း ကိုယ့်ကို ‘အစ်ကိုရှီ’လို့ ခေါ်လို့ရတယ်” ရှီလဲ့က အလေးအနက် ပြောလိုက်သည်။
လင်းယွီမော့က မျက်လုံးလေး လှန်ကြည့်ကာ တခိခိ ရယ်မောလိုက်သည်။ “ဝါး... အဲဒီတော့ စီနီယာက ကျွန်မကို လိမ်ခဲ့တာပေါ့...ကျွန်မတော့ စီနီယာ့ကို ‘မေကာင်းဆိုးဝါးရှီ’ လို့ပဲ ခေါ်တော့မယ်...ဒီနေ့ကစပြီး မကောင်းဆိုးဝါးရှီ လို့ပဲ ခေါ်မှာနော်”
ရှီလဲ့က သက်ပြင်းချရင်း - “ကောင်းပါပြီ... ကြိုက်သလို ခေါ်ပါ.. ေရှာင်မော့... ကိုယ့်ရဲ့ ခရီးဆောင်အိတ်က မင်းတို့အခန်းထဲမှာ ရှိနေသေးတယ် မဟုတ်လား”
လင်းယွီမော့က ခေါင်းညိတ်ပြသည်။ “ဟုတ်ကဲ့၊ ကျွန်မ အခန်းထဲမှာ ရှိပါတယ်”
ရှီလဲ့က ဘာမှမစဉ်းစားဘဲ အခန်း ၅၀၂ အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။
မုရွှမ်းက ချက်ချင်း တားဆီးလိုက်သည်။ “နင် ဘာလုပ်မလို့လဲ”
ရှီလဲ့က သူမလက်ကို အသာဖယ်ကာ - “အိတ်ပြန်ယူမလို့လေ”
မုရွှမ်းက လင်းယွီမော့ဘက် လှည့်ကာ - “ယွီမော့... ဒါက မိန်းကလေးအဆောင်လေ..ယောကျ်ားလေးတစ်ယောက်ကို ဘယ်လိုလုပ် အထဲပေးဝင်မှာလဲ”
လင်းယွီမော့က လျှာလေးထုတ်ပြကာ - “တောင်းပန်ပါတယ် အစ်မမုရွှမ်း”
“မိစ္စာရှီ... ဒါ နင့်ကြောင့်ပဲ” လင်းယွီမော့က ရှီလဲ့ကို စိုက်ကြည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားပြီး ခရီးဆောင်အိတ်ကို ဆွဲထုတ်လာပေးသည်။ “မိစ္ဆာရှီ... ရော့၊ နင့်အိတ်”
ရှီလဲ့သည် မိန်းကလေးအဆောင်ထဲသို့ ဝင်ခွင့်မရသဖြင့် နောင်တရသွားသော်လည်း အတင်းအကျပ် မလုပ်ခဲ့ပေ။
လောလျှင် အမှားပါတတ်သည် မဟုတ်ပါလား။
သူ ဤသဘောကို ကောင်းကောင်းနားလည်သည်။ “ရှောင်မော့.. ကျေးဇူးပဲနော်”
လင်းယွီမော့က မေးလေးမော့ကာ - “ကျေးဇူးတင်တတ်ရင် ပြီးတာပါပဲ”
ရှီလဲ့က အရှက်မရှိဘဲ - “ရှောင်မော့... ကိုယ် မင်းကို ညစာ ကျွေးပါရစေလား”
“အင်း...” လင်းယွီမော့သည် ရှီလဲ့အပေါ် အမြင်ကောင်းရှိသော်လည်း ရှီလဲ့နှင့် နှစ်ယောက်တည်း ညစာစားရမည်ကို အနည်းငယ် ရှက်ရွံ့ပြီး စိုးရိမ်နေမိသည်။
လင်းယွီမော့က မုရွှမ်းဘက် လှည့်ကာ - “အစ်မမုရွှမ်း... ကျွန်မနဲ့အတူ လိုက်ခဲ့ပေးမလားဟင်”
မုရွှမ်းက ရှီလဲ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီးနောက် ထူးဆန်းသောအမူအရာဖြင့် - “ဟိုး... နင် တော်တော် လက်သွက်တာပဲနော်”
ရှီလဲ့က အူကြောင်ကြောင် လုပ်ပြန်သည်။ ခေါင်းနောက်စိကို ကုတ်ရင်း - “ဘာကိုလဲ”
မုရွှမ်းက မျက်လုံးလှန်ကြည့်ကာ ပြုံးလိုက်ရာ ‘အေးခဲနေသော ဆီးနှင်းကြာပန်း’ အရည်ပျော်သွားသကဲ့သို့ ရှီလဲ့ ငေးကြည့်နေမိသည်။ “ညီမလေး ယွီမော့ကို နင် အနိုင်မကျင့်နိုင်အောင် ငါပဲ အနစ်နာခံပြီး ညစာ လိုက်စားပေးမယ်”
လီချိုင်မှာ ပါးစပ်အဟောင်းသားဖြင့် - “တောက်..ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ” လီချိုင်က ရှက်ကိုးရှက်ကန်းမျက်နှာဖြင့် အနားတိုးလာကာ - “ဟေး... အစ်ကိုရှီ၊ ငါ့ကိုလည်း ညစာ လိုက်ကျွေးဦးလေ”
ရှီလဲ့က ပြုံးလျက် သဘောတူလိုက်သည်။ “ငါတို့က တစ်ခန်းတည်းသားတွေပဲဟာ၊ မင်းကိုလည်း ထည့်တွက်ပေးရမှာပေါ့”
လီချိုင်က ဝမ်းသာအားရ အော်ဟစ်လေသည် - “အစ်ကိုရှီက အကောင်းဆုံးပဲဟေ့”
ရှီလဲ့က အပြင်ဘက်ကောင်းကင်ကို ကြည့်ပြီး - “ကျောင်းအပြင်ဘက်မှာ ဟော့ပေါ့ဆိုင် တစ်ဆိုင် ရှိတယ်၊ တကယ် အရသာကောင်းတယ်..ငါတို့ ဟော့ပေါ့ သွားစားကြမလား”
လင်းယွီမော့သည် ရွှမ်ချင်းမြို့သူဖြစ်သဖြင့် အစပ်ကို မကြောက်ပေ။ မုရွှမ်းမှာ ရှန့်ကျင်း မှ ဖြစ်သဖြင့် အစပ်စားနိုင်မစားနိုင် ရှီလဲ့ မသေချာသောကြောင့် ကြိုတင်မေးမြန်းလိုက်သည်။ ချန်အန်း မှ ဖြစ်သော လီချိုင်ကိုမူ ရှီလဲ့က လျစ်လျူရှုထားလိုက်၏။
“မုရွှမ်း... မင်း အစပ်စားနိုင်လား” ရှီလဲ့ မေးလိုက်သည်။
မုရွှမ်းက စိတ်အားထက်သန်သော အမူအရာဖြင့် - “ဟော့ပေါ့လား အဲဒါ ရွှမ်ချင်းမြို့ရဲ့ နာမည်ကြီးအစားအစာပဲလေ ငါ ကြားဖူးတယ်၊ ဒါပေမဲ့ တို့ ရှန့်ကျင်းက ဟော့ပေါ့တွေက မစပ်ဘူး”
ရှီလဲ့က ရယ်မောရင်း - “ရှန့်ကျင်းက ဟော့ပေါ့က မင်းတို့အရသာနဲ့ ကိုက်အောင် ပြင်ထားတာလေ လာ... သွားရအောင်.. အစ်ကိုရှီက ရွှမ်ချင်းမြို့ရဲ့ အကောင်းဆုံးနဲ့ အရသာအရှိဆုံး ဟော့ပေါ့ဆီ ခေါ်သွားပေးမယ်”
တက္ကသိုလ်နယ်မြေ အများစုသည် ရွှမ်ဟူ ခရိုင် တွင် တည်ရှိပြီး ကျောင်းသားပေါင်း ၅ သိန်းကျော် ရှိသည်။ ထိုမျှ များပြားသော စားသုံးသူလူတန်းစားကြောင့် စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများစွာ ထွန်းကားနေသည်။
ရွှမ်ချင်း တက္ကသိုလ်၏ နောက်ဖေးပေါက်သည် စားသောက်တန်း တစ်ခုလုံးဆီသို့ ဦးတည်နေ၏။
ရှီလဲ့သည် သူ၏ အရင်ဘဝတွင် နောက်ဖေးလမ်းဟု ခေါ်သော ဤလမ်း၌ အလွန် အောင်မြင်ခဲ့သူ ဖြစ်သည်။ မည်သည့်ဆိုင်က ဘာကောင်းသည်၊ မည်သည့်ဆိုင်တွင် ဘာထူးခြားသည်ကို ရှီလဲ့ ကောင်းကောင်း သိထားသည်။
အဆောင်မှ ထွက်လာသည့်အခါ ရှီလဲ့သည် လင်းယွီမော့၏ ဘယ်ဘက်မှ လျှောက်လာပြီး ညာဘက်တွင်မူ မုရွှမ်း ရှိနေသည်။
လူရှုပ်လေး လီချိုင်မှာမူ နောက်ဆုံးတွင် အမေ့လျော့ခံ အဖြစ် ကျန်ရစ်ခဲ့သည်။
ရှီလဲ့က လမ်းလျှောက်ရင်း ကြွားလုံးထုတ်နေသည် - “အစ်ကိုရှီရဲ့ နောက်ကို လိုက်ရင် စားစရာ၊ သောက်စရာနဲ့...”