ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း လျှို့ဝှက်ချက်တွေကို ထိုးဖောက်ခိုးယူနိုင်ခဲ့တဲ့ ထိပ်တန်းဟက်ကာ ရှီလဲ့။ ဒါပေမဲ့ သူ့ရဲ့ အရည်အချင်းကပဲ သူ့အတွက် ဘေးဒုက္ခဖြစ်လာခဲ့ပါတယ်။ ကိုယ်ပိုင်အဖွဲ့အစည်းရဲ့ သစ္စာဖောက်ရောင်းစားခြင်းကို ခံလိုက်ရပြီး ရန်သူ့တိုက်ခိုက်မှုအောက်မှာ သူ့ရဲ့ဘဝက ပြာအဖြစ် နိဂုံးချုပ်သွားခဲ့ရပါတယ်။ နောက်တစ်ကြိမ် မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့သူဟာ လွန်ခဲ့တဲ့ ၆ နှစ်၊ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ဆောင်းဦးရာသီဆီကို ပြန်ရောက်နေခဲ့ပါပြီ။ အတိတ်က ပါလာတဲ့ ကမ္ဘာ့အဆင့်မီ ဟက်ကာနည်းပညာတွေဟာ သူ့လက်ထဲမှာ အဆင်သင့်ရှိနေဆဲပင်။ အရင်ဘဝက သူဟာ အမှောင်ထဲမှာပဲ ပုန်းအောင်းနေထိုင်ရတဲ့ လုပ်ကြံသတ်ဖြတ်သူဟက်ကာ တစ်ယောက်သာ။ လူတွေ ကြောက်လန့်ရပေမဲ့ အလင်းရောင်နဲ့ ဝေးခဲ့ရသူပင်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ရှီလဲ့က အမှောင်ထဲမှာပဲ ရပ်တည်မှာ မဟုတ်တော့ပေ။ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကို တည်ထောင်ပြီး လူအများရဲ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရင်း သူ့ရဲ့လက်နှစ်ဖက်နဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ကိုင်လှုပ်ပစ်ဖို့ သူ စတင်ခြေလှမ်းပြင်လိုက်ပါပြီ။ ဤတွင် ရှီလဲ့၏ ဒဏ္ဍာရီတစ်ခု အစပြုခဲ့ပေတော့သည်။

