← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း - ၁၂၂

အိုးရန်ရှန်း၏ နေအိမ်တွင် ညစာစားပွဲဝိုင်းလေးမှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းနေခဲ့သည်။ ရှီလဲ့သည် သူ၏ ပင်ကိုယ်ဉာဏ်ဖြင့် ပြက်လုံးတစ်ခုပြီးတစ်ခု ပြောကာ အိုးရန်ရှန်းအား မကြာခဏ ရယ်မောစေခဲ့သည်။ သို့သော် ည ၇ နာရီနီးပါးတွင် ဖုန်းတစ်ကောလ် ဝင်လာခဲ့ရာ ရှီလဲ့နှင့် အိုးရန်ရှန်းတို့ကြားရှိ လေထုမှာ ရုတ်ချည်း အေးစက်ခက်ခဲသွားတော့သည်။

အိုးရန်ရှန်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး သူမက ရှီလဲ့ကို ကြည့်ကာ “ဖုန်းဖြေလိုက်လေ၊ အရေးကြီးတဲ့ကိစ္စ တစ်ခုခု ဖြစ်နေမှာပေါ့” ဟု ပြောလိုက်သည်။

ရှီလဲ့ ဖုန်းကို ထုတ်ကြည့်လိုက်ရာ လင်းယွီမော့ဟု ပြနေသဖြင့် ရှီလဲ့၏ မျက်နှာအမူအရာမှာ ပို၍ပင် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ သူသည် အိုးရန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သွားကိုကြိတ်ကာ ဖုန်းလက်ခံခလုတ်ကို နှိပ်လိုက်တော့သည်။

“ရှီလဲ့... နင် ဘယ်မှာလဲ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ” လင်းယွီမော့သည် ရှီလဲ့အတွက် အလွန် စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။ မွန်းလွဲပိုင်းတွင် သူမသည် ရှီလဲ့၏ အခြေအနေကို စုံစမ်းရန်အတွက် အဆက်အသွယ်များကို ထပ်မံအသုံးပြုခဲ့သည်။ သို့သော် ရှယွီ ဘက်မှ ပြန်လည်ရရှိသော အချက်အလက်များအရ ရှီလဲ့သည် ရဲစခန်းမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်ကြောင်း သိရသည်။

လင်းယွီမော့သည် တစ်နေ့လုံး ရှီလဲ့ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ မိုးချုပ်သွားသည့်တိုင်အောင် ပြန်မလာသဖြင့် နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ ရှီလဲ့၏ အခြေအနေကို မေးမြန်းရန် ဖုန်းဆက်လိုက်ခြင်း ဖြစ်ပေသည်။

“ယွီမော့... ငါ ကျောင်းအပြင်ဘက်မှာ ရောက်နေတာ ရဲစခန်းက ကိစ္စတွေအားလုံး အဆင်ပြေသွားပါပြီ ဒါနဲ့... နင် ညစာစားပြီးပြီလား” ရှီလဲ့က အားနာစွာဖြင့် ပြောလိုက်သည်။

“ဟွန်း” လင်းယွီမော့က ထူးထူးခြားခြား အနည်းငယ် စိတ်ဆိုးသော လေသံဖြင့် “ရှီလဲ့... ငါ နင့်အတွက် စိုးရိမ်နေတာကို နင်မသိဘူးလား ရဲစခန်းမှာ အားလုံးအဆင်ပြေနေရင် ဘာလို့ ကျောင်းကို ချက်ချင်း ပြန်မလာတာလဲ အရေးကြီးတဲ့ကိစ္စ ရှိရင်တောင်မှ ငါ့ကို ဖုန်းဆက်ပြီး အကြောင်းကြားသင့်တာပေါ့”

ရှီလဲ့ ဆိတ်ဆိတ်နေမိသွားသည်၊ သူ၏ နှလုံးသားထဲမှ ကြိုးတစ်မျှင်ကို ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရဲစခန်းမှ ထွက်ခွာလာပြီးနောက် သူသည် လင်းယွီမော့ထံသို့ ချက်ချင်း ဖုန်းမဆက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်၊ ထိုအကြောင်းကိုပင် သူ မတွေးမိခဲ့ချေ။ သို့သော် လင်းယွီမော့မှာမူ သူ့အတွက် တိတ်တဆိတ် စိုးရိမ်ပူပန်ပေးနေပြီး သူ ဘေးကင်းလုံခြုံဖို့ ဆုတောင်းပေးနေခဲ့သည်။ ဤအရာက ရှီလဲ့အား အလွန်ပင် အပြစ်ရှိသကဲ့သို့ ခံစားရစေသည်။

သူ့ပတ်ဝန်းကျင်ရှိ အလှနတ်သမီးလေးများနှင့် ပတ်သက်၍ ရှီလဲ့သည် ပိုက်ကွန်ကျယ်ကျယ်ဖြန့်ကာ ဖမ်းသည့် ကစားပွဲတစ်ခုကဲ့သို့ စိတ်ဓာတ်မျိုး ထားရှိခဲ့ခြင်း ဖြစ်သည်၊ ၎င်းသည် လှပသောအရာများကို မက်မောတွယ်တာတတ်သည့် အမျိုးသားတစ်ဦး၏ လောဘဇောသက်သက်သာ ဖြစ်ပေသည်။

ဥပမာအားဖြင့် လင်းယွီမော့ကို ကြည့်မည်ဆိုလျှင် သူမသည် အမြဲတမ်း တောင်းပန်စကား ဆိုတတ်ပြီး အနည်းငယ် အူကြောင်ကြောင်နိုင်သော နူးညံ့သိမ်မွေ့သည့် ကျောင်းတွင်းအလှပဂေးလေး ဖြစ်သည်။ ရှီလဲ့က မိမိကိုယ်မိမိ သူမ၏ ရည်းစားဟု သတ်မှတ်ထားသော်လည်း လင်းယွီမော့သည် ရှီလဲ့၏ နှလုံးသားထဲတွင် ပထမနေရာ၌ ရှိမနေခဲ့ချေ။

ရှီလဲ့၏ နှလုံးသားထဲတွင် ပထမနေရာ၌ ရှိနေသူမှာ လီကျစ်ယွဲ့ ဖြစ်သည်။ ပြီးခဲ့သည့် ဘဝက သူတို့နှစ်ဦးကြားရှိ သံယောဇဉ်နှောင်ကြိုးများကြောင့် ရှီလဲ့အနေဖြင့် သူမကို မေ့ပစ်ရန် သို့မဟုတ် လက်လွှတ်ရန် မစွမ်းသာခဲ့ချေ။ သူ လင်းယွီမော့ကို လိုက်လံပိုးပန်းရခြင်းမှာလည်း ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာသူ တစ်ဦး၏ သာလွန်မှုခံစားချက်နှင့် အမျိုးသားတစ်ဦး၏ လောဘကြောင့်သာ ဖြစ်သည်။(ငိုးမတရုတ်-ဘာသာပြန်ရင်းဆဲချင်လာတယ်)

သို့သော် ယခုအခါ လင်းယွီမော့၏ မေးခွန်းထုတ်သံက ရှီလဲ့ကို မိမိ မှားယွင်းခဲ့ကြောင်း သတိပြုမိသွားစေသည်။ စိတ်ခံစားချက်များနှင့် အချစ်ဆိုသည်မှာ သူ စိတ်တိုင်းကျ ကစားရမည့် ကစားပွဲတစ်ခု မဟုတ်ချေ။

“တောင်းပန်ပါတယ် ယွီမော့” ရှီလဲ့က တည်ကြည်လေးနက်သော လေသံဖြင့် “ငါ့ကို ခွင့်လွှတ်ပါ၊ ငါ မင်းရဲ့ ခံစားချက်ကို ထည့်မတွေးမိခဲ့ဘူး”

ဖုန်းအခြားတစ်ဖက်မှ လင်းယွီမော့သည် မူလက အနည်းငယ် စိတ်ဆိုးနေခဲ့သော်လည်း ရှီလဲ့၏ တောင်းပန်စကားကြောင့် သူမ၏ စိတ်ထဲရှိ အာဃာတများမှာ ရုတ်ချည်း အရည်ပျော်သွားတော့သည်။ “ရပါတယ်၊ ရပါတယ် ရှီလဲ့ရဲ့... ဒါနဲ့ နင် ဒီနေ့ ပြန်လာမှာလား”

ရှီလဲ့ စဉ်းစားလိုက်သည်၊ ဒီညတွင် သူ လုပ်စရာ အခြားအရေးကြီးကိစ္စများ ရှိနေသေးသည်။ ပင်လယ်ရပ်ခြားကုမ္ပဏီ ကိုယ်စားလှယ်၏ လုပ်ဆောင်ပေးမှုဖြင့် စီးခရတ် နည်းပညာကုမ္ပဏီ ကို မှတ်ပုံတင်ခြင်းလုပ်ငန်းမှာ ပြီးစီးလုနီးပါး ဖြစ်နေလောက်ပြီ။ ရှီလဲ့အနေဖြင့် စီးခရတ်ကုမ္ပဏီ၏ အမည်ကို အသုံးပြုကာ ပတ်ထရီးရော့နှင့် စာချုပ်ချုပ်ဆိုမည့် ကိစ္စရပ်အားလုံးကို မိမိကိုယ်တိုင် စီမံခန့်ခွဲခွင့်ရှိကြောင်း အပြည့်အဝ လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်းကို ပြုလုပ်ရန် လိုအပ်သည်။

“ယွီမော့... ငါ ဒီနေ့ လုပ်စရာတွေ ရှိသေးလို့ ပြန်မလာဖြစ်တော့ဘူး နင်လည်း စောစောအိပ်နော်၊ ညမနက်စေနဲ့” ရှီလဲ့က လင်းယွီမော့ကို ပြန်လည်ဖြေကြားလိုက်သည်။

အမှတ် (၁) ပါရဂူဘွဲ့ကြို အဆောင်၊ အခန်း ၅၀၂ အတွင်း လင်းယွီမော့သည် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းချလိုက်သည်။ မုရွှမ်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကို စိုက်ကြည့်ရင်း “သူ ပြန်လာမှာတဲ့လား” ဟု မေးလိုက်သည်။

လင်းယွီမော့က ခေါင်းခါပြလိုက်ပြီး စိတ်ဓာတ်ကျနေသော လေသံဖြင့် “မလာဘူး မုရွှမ်းအစ်မ... ရှီလဲ့က အပြင်မှာ တကယ်ပဲ ဘာတွေလုပ်နေတယ်လို့ ထင်လဲဟင်”

မုရွှမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မျက်ဝန်းများ လင်းလက်သွားကာ ပြောလိုက်သည်။ “ယောက်ျားတွေက ပိုက်ဆံရှိလာရင် ဖောက်ပြန်တတ်ကြတယ်လို့ ငါ ကြားဖူးတယ် ရှီလဲ့ကကော အဲဒီလိုလူမျိုး ဖြစ်နေမလား မသိဘူး”

“အစ်မ ဆိုလိုတာက...” လင်းယွီမော့၏ မျက်နှာလေး စိုးရိမ်ပူပန်သွားပြီး “ရှီလဲ့က အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”

မိန်းကလေးနှစ်ဦးမှာ အမျိုးမျိုး တွေးတောကာ စိတ်ပူနေကြတော့သည်။ တစ်ဖက်တွင်မူ ဂျင်းယာဥယျာဉ်ရှိ အိုးရန်ရှန်း၏ အခန်းအတွင်း၌ ရှီလဲ့သည် အိုးရန်ရှန်းကို ကြည့်ကာ မချိပြုံး ပြုံးပြနေမိသည်။

အိုးရန်ရှန်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။ မူလက ကောင်းမွန်နေသော လေထုမှာ ဖုန်းတစ်ကောလ်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်ရင်း ဆိတ်ဆိတ်နေမိကြရာ၊ နောက်ဆုံးတွင် အိုးရန်ရှန်းက စတင်၍ စကားဆိုလိုက်သည်။ “ရှီလဲ့... မင်း ပြန်လိုက်ပါတော့”

ရှီလဲ့ အနည်းငယ် မျက်မှောင်ကြုတ်ကာ အိုးရန်ရှန်းကို ကြည့်ပြီး ရှင်းပြရန် နှုတ်ခမ်းပြင်လိုက်သည်။ “အိုးရန် ငါ...”

“မပြောနဲ့တော့” အိုးရန်ရှန်းက ရှီလဲ့၏ စကားကို ကြားဖြတ်တားဆီးလိုက်သည်။ “ရှင်းပြနေဖို့ မလိုပါဘူး၊ ငါ နားလည်ပါတယ် ငါတို့ရဲ့ အချိန်ကိုက မမှန်ကန်ခဲ့တာပါ”

ရှီလဲ့ ဘာမှ ဆက်မပြောတော့ချေ။ အိုးရန်ရှန်းနှင့် ပတ်သက်၍လည်း ရှီလဲ့သည် လောဘဇော သက်သက်သာ ဖြစ်ပေသည်။ ဤရဲရင့်ပြတ်သားသော အမျိုးသမီးလေးသည် ရှီလဲ့၏ နှလုံးသားထဲတွင် လင်းယွီမော့ကဲ့သို့ပင် နေရာတစ်ခု ရရှိထားသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လီကျစ်ယွဲ့လောက်တော့ အဆင့်မမြင့်သေးချေ။

ယောက်ျားဟူသည် သဘာဝအတိုင်း စိတ်ကူးနှင့် ရူးတတ်ကြပြီး ရှီလဲ့သည်လည်း ခြွင်းချက်မဟုတ်ပေ။ သို့သော် ဤအရာက အမျိုးသမီးများအပေါ် အလွန် မတရားရာ ရောက်ပေသည်။ ပို၍ ကံမကောင်းသည်မှာ ဥပဒေအရ ဇနီးအမြောက်အမြား ယူဆောင်ခြင်းကို ခွင့်မပြုထားခြင်းပင် ဖြစ်သည်။

ရှီလဲ့နှင့် ဤမိန်းကလေး အနည်းငယ်တို့၏ အနာဂတ်က မည်သို့အဆုံးသတ်မည်ကိုမူ ကံကြမ္မာကသာ ဆုံးဖြတ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သံယောဇဉ်များ နက်ရှိုင်းလာသည့်အခါ တစ်စုံတစ်ဦးကို ချစ်ရခြင်း၌ အကြောင်းပြချက် ဟူ၍ မရှိတော့ခြင်းကြောင့် ဖြစ်သည်။ အသက်အရွယ်၊ အကွာအဝေး၊ နောက်ခံ သို့မဟုတ် ထိုလူသည် အခြားသူတစ်ဦး၏ အသည်းစွဲ ချစ်ရသူဖြစ်နေပါ‌စေ မည်သည့်အရာကမျှ တားဆီးနိုင်မည် မဟုတ်ချေ။

ထိုညက အိမ်သို့ ပြန်ရောက်ပြီးနောက် ရှီလဲ့သည် ဆာဗာနံပါတ် (၁) ၏ ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ ကို ဖွင့်လိုက်ပြီး အဆင့်မြင့်ကွန်ပျူတာ ‘ယန်’ မှတစ်ဆင့် ပင်လယ်ရပ်ခြားကုမ္ပဏီ ကိုယ်စားလှယ်နှင့် ဆက်သွယ်လိုက်သည်။

ယခုအချိန်တွင် ရှနိုင်ငံ၌ ညအချိန်ဖြစ်သော်လည်း ကမ္ဘာ့တစ်ဖက်ခြမ်းတွင်မူ နေ့အချိန်ဖြစ်ရာ အချိန်ကွာခြားချက်မှာ အလွန် ထူးဆန်းလှသည်။ ပင်လယ်ရပ်ခြားကုမ္ပဏီ ကိုယ်စားလှယ်၏ ကူညီမှုဖြင့် ရှီလဲ့သည် စီးခရတ်နည်းပညာကုမ္ပဏီအတွက် အပြည့်အဝ လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ခြင်းစာချုပ်ကို ထုတ်ပြန်ခဲ့သည်။ ပတ်ထရီးရော့ကုမ္ပဏီနှင့် စီးခရတ်ကုမ္ပဏီတို့ကြားရှိ သဘောတူညီချက် အားလုံးကို ရှီလဲ့ ကိုယ်တိုင် စီမံခန့်ခွဲခွင့် ရှိစေရန် အာဏာလွှဲအပ်လိုက်ခြင်း ဖြစ်သည်။ဒုတိယမြောက်နေ့၊ အောက်တိုဘာလ၏ နောက်ဆုံးရက်တွင် ရှီလဲ့ နံနက်အစောကြီး ထကာ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ် ပြုလုပ်ခဲ့ပြီး၊ ရေမိုးချိုးပြီးနောက် ကျောင်းသို့ လာခဲ့လိုက်သည်။

မနေ့ညက ရှီလဲ့ သေသေချာချာ စဉ်းစားခဲ့ပြီးသား ဖြစ်သည်။ မိန်းကလေး လေးယောက်နှင့် ပတ်သက်သော ဆက်ဆံရေးများကိုမူ သဘာဝအတိုင်းသာ စီးဆင်းစေတော့မည် ဖြစ်သည်။ သူ တတ်နိုင်သမျှ အဝေးဆုံးအထိ ဆက်လက်လျှောက်လှမ်းသွားပေမည်။

စာသင်ခန်းအတွင်း၌ ရှီလဲ့သည် ထုံးစံအတိုင်း လင်းယွီမော့၏ ဘေးတွင် ထိုင်လိုက်သည်။ လင်းယွီမော့က ထူးဆန်းသော မျက်ဝန်းများဖြင့် ရှီလဲ့ကို တစ်ချက်ကြည့်ကာ “ရှီလဲ့... ဒီနေ့တော့ တကယ်ကို အံ့ဩစရာပဲနော်၊ နင်က စာသင်ခန်းကို ကိုယ်တိုင် လာတက်တယ်ပေါ့” ဟု ပြောလိုက်သည်။

လင်းယွီမော့၏ စနောက်မှုကို ကြားရသောအခါ ရှီလဲ့ မသိမသာ မျက်မှောင်ကြုတ်လိုက်မိသည်။

‘ဒါက ယွီမော့ရဲ့ ပင်ကိုယ်စရိုက် မဟုတ်ဘူး ဒါက ဟိုရေခဲတုံးမ မုရွှမ်းရဲ့ ပုံစံနဲ့ ပိုတူနေတယ်’

“ယွီမော့ မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်၊ မနေ့က ငါ…” ရှီလဲ့ ရှင်းပြရန် ပြင်လိုက်သော်လည်း လင်းယွီမော့က စကားဖြတ်ပြောလိုက်သည်။

“အင်း... ငါ နားလည်ပါတယ် ယောကျာ်းလေးတွေဆိုတာ လုပ်စရာကိစ္စတွေ အမြဲရှိတတ်တာပဲ၊ ငါ့ကို လာရှင်းပြနေဖို့ မလိုပါဘူး” လင်းယွီမော့က မျက်နှာတွင် အပြုံးလေးဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ရှီလဲ့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ လင်းယွီမော့၏ ပုံမှန်မဟုတ်သော အခြေအနေကြောင့် ရှီလဲ့ အနည်းငယ် နေရခက်သွားသည်။ သူက စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် “ယွီမော့... ငါ မနက်ဖြန် ကျင်းချန်မြို့ကို သွားဖို့ အစီအစဉ်ရှိတယ်၊ သုံးရက်လောက် ကြာလိမ့်မယ် ဆိုလိုတာက ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ငါ စာသင်ခန်းကို လာတက်နိုင်မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

လင်းယွီမော့သည် နောက်ဆုံးတွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး “ရှီလဲ့ နင် ကျင်းချန်မြို့ကို ဘာသွားလုပ်မလို့လဲ” ဟု မေးလိုက်သည်။

ရှီလဲ့ အမှန်အတိုင်း အကုန်မပြောဘဲ၊ ပတ်ထရီးရော့ကုမ္ပဏီသို့ သွားရောက်ကာ ‘အပြုံးဖမ်းယူမှု ပရိုဂရမ်’ ကို ၎င်းတို့၏ စနစ်အတွင်း ထည့်သွင်းပေးရန်အတွက် စီးပွားရေးအရ သွားရောက်ခြင်းဖြစ်ကြောင်းသာ ရှင်းပြလိုက်သည်။

ငြီးငွေ့စရာကောင်းသော ကျောင်းသားဘဝ၏ တစ်ရက်တာမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ နိုဝင်ဘာလ၏ ပထမဦးဆုံးရက်တွင် ရွှမ်ချင်းမြို့မှ ကျင်းချန်မြို့သို့ တိုက်ရိုက်ပျံသန်းမည့် လေယာဉ်ပေါ်၌ ရှီလဲ့သည် ပထမတန်း ထိုင်ခုံတွင် ထိုင်ကာ သတင်းစာတစ်စောင်ကို စိတ်မပါလက်မပါ ဖတ်ရှုနေခဲ့သည်။

သူ့ဘေးတွင်မူ နေကာဦးထုပ် ဆောင်းထားပြီး ကြီးမားသော နေကာမျက်မှန် တပ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်။ ဤအမျိုးသမီးသည် အလွန်ထူးဆန်းလှသည်၊ လေယာဉ်ပေါ်တွင် ထိုင်နေသည့်တိုင်အောင် ဦးထုပ်နှင့် မျက်မှန်ကို လုံးဝ မချွတ်သေးပေ။ ရှီလဲ့ မနေနိုင်ဘဲ သူမကို အကဲခတ်ရန် သေသေချာချာ လှမ်းကြည့်မိသော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရချေ။

လေယာဉ်သည် ပြေးလမ်းပေါ်တွင် စတင်မောင်းနှင်လာပြီး တာဘိုင်အင်ဂျင်များ၏ အသံမှာ ပိုမိုကျယ်လောင်လာသည်။ ရှီလဲ့သည် နားကြပ်ဖြင့် သီချင်းနားထောင်နေလိုက်သည်။

နှစ်နာရီခန့် ကြာပြီးနောက် လေယာဉ်သည် ကျင်းချန်မြို့ နန်းယွမ်လေဆိပ်သို့ ဘေးကင်းစွာ ဆိုက်ရောက်ခဲ့သည်။ ရှီလဲ့ သမ်းဝေလိုက်ပြီး MP3 ပလေယာကို ပျင်းရိစွာ သိမ်းဆည်းကာ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်တော့သည်။

လူအုပ်ကြီးနှင့်အတူ လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ရှီလဲ့သည် တာမီနယ်အဆောက်အအုံ ပြင်ပသို့ လှမ်းကြည့်လိုက်ရာ မီးချောင်းများ၊ ပန်းစည်းများနှင့် ပိုစတာများကို ကိုင်ဆောင်ထားကြသော လူအုပ်ကြီးကို တွေ့ရသဖြင့် အံ့ဩသွားမိသည်။

‘ဟင်... ဘာတွေဖြစ်နေတာလဲ ဆယ်လီ ရောက်နေလို့လား’

ရှီလဲ့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ဆယ်လီနှင့် တူသောသူတစ်ဦးမျှ မတွေ့ရချေ။

ထိုစဉ် ရှီလဲ့သည် သူ၏ လက်မောင်းကို တစ်စုံတစ်ဦးက တင်းကျပ်စွာ လာရောက်ဆွဲကိုင်ခြင်း ခံလိုက်ရသည်။ သူ ရုန်းကန်ရန် အားစိုက်လိုက်စဉ်မှာပင် ဆန်းပြားသော မိန်းကလေးအသံတစ်ခု ထွက်ပေါ်လာသည်။ “ကောင်လေး... မလှုပ်နဲ့ဦး၊ ငါ့ကို ကူညီပါဦး”

ရှီလဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ လေယာဉ်ပေါ်တွင် သူ့ဘေး၌ ထိုင်လာခဲ့သော ထူးဆန်းသည့် အမျိုးသမီး ဖြစ်နေသည်ကို တွေ့ရသည်။ မျက်နှာကို ကာကွယ်ထားသော ဤအမျိုးသမီးသည် ရှီလဲ့၏ လက်မောင်းကို တင်းကျပ်စွာ ဆွဲကိုင်ထားခြင်း ဖြစ်သည်။ စိတ်အထင်ကြောင့်လား မသိသော်လည်း ရှီလဲ့သည် သူမ၏ ကိုယ်ခန္ဓာမှ နူးညံ့မှုလှိုင်းတံပိုးတစ်ခုကို ခံစားလိုက်ရသည်။

“ဟို... မင်းကို ငါက ဘယ်လိုကူညီပေးရမှာလဲ” ရှီလဲ့သည် သူတော်စင်တစ်ဦး မဟုတ်သော်လည်း လူဆိုးလူမိုက်တစ်ဦးတော့လည်း လုံးဝမဟုတ်ချေ။ အကယ်၍ ကူညီပေးရုံသက်သက်ဆိုလျှင် ဤထူးဆန်းသော လူစိမ်းအမျိုးသမီးကို ကူညီပေးရန် သူ စိတ်မရှိပေ။

“ရိုးရိုးလေးပါပဲ၊ နင်က ငါ့ရဲ့ ရည်းစားအဖြစ် ဟန်ဆောင်ပေးပြီး ငါတို့ ဒီအတိုင်း အပြင်ကို အတူတူ လမ်းလျှောက်ထွက်သွားရအောင်” ထိုဆန်းပြားသော အမျိုးသမီးက နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

ရှီလဲ့ စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ “ကောင်းပြီလေ ဒါပေမဲ့ ခဏနေရင် အပြင်ရောက်တဲ့အခါ မင်းရဲ့ မျက်မှန်ကို ချွတ်ပြီး မင်းက ရုပ်ဆိုးမကြီး ဟုတ်မဟုတ် ငါ့ကို ကြည့်ခွင့်ပေးရမယ်နော် အကြောင်းပြချက်မရှိဘဲ မျက်မှန်ကြီး တပ်ထားတာက မင်းက သူများမကြည့်ရဲလောက်အောင် ရုပ်ဆိုးလွန်းလို့လား”

ရှီလဲ့က တမင်သက်သက် စနောက်လိုက်ခြင်း ဖြစ်သည်။

“ဟွန်း” ထိုထူးဆန်းသောအမျိုးသမီးက နှာခေါင်းရှုံ့လိုက်ပြီး ပြန်လည်ချေပလိုက်သည်။ “ငါက နတ်သမီးလေးတစ်ပါးလို လှပလွန်းလို့ လူတိုင်းရဲ့ အချစ်ကို ခံနေရတဲ့သူကော ဖြစ်နေလို့ မရဘူးလား”

ဤထူးဆန်းသော အမျိုးသမီးသည် ရှီလဲ့၏ လက်မောင်းကို ဆွဲကိုင်ထားရင်း တာမီနယ်အပြင်ဘက်သို့ အတူတူ ထွက်ခွာလာခဲ့ကြပြီး တက္ကစီဂိတ်သို့ ရောက်ရှိလာခဲ့သည်။ ရှီလဲ့က “မိန်းကလေး... မင်းရဲ့ မျက်မှန်ကို ချွတ်ပြီး ငါ့ကို ပြပါဦး” ဟု ပြောလိုက်သည်။

ထိုထူးဆန်းသော အမျိုးသမီးက တခစ်ခစ်ရယ်မောကာ ငြင်းဆိုလိုက်သည်။ “မပြပါဘူး ငါသာ မျက်မှန်ချွတ်လိုက်ရင် နင် ငါ့ကို သေချာပေါက် ကြွေသွားလိမ့်မယ် ဒါပေမဲ့ ငါတို့က မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေမို့လို့ ငါ နင့်ကို အန္တရာယ်မပြုချင်ပါဘူး”

ရှီလဲ့ ဆွံ့အသွားတော့သည်။ ဤထူးဆန်းသော အမျိုးသမီးက ဤမျှအထိ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တတ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် စူးစမ်းလိုစိတ်များ တားမနိုင်ဆီးမရ ဖြစ်ပေါ်လာသည်။ ဤအမျိုးသမီးသည် မည်မျှပင် လှပသည်ဆိုစေဦး လီကျစ်ယွဲ့၊ အိုးရန်ရှန်း၊ လင်းယွီမော့နှင့် မုရွှမ်းတို့နှင့် တကယ်ပဲ ယှဉ်နိုင်ပါမည်လား။

ရှီလဲ့သည် အလှပဂေးပေါင်းများစွာကို မြင်တွေ့ဖူးပြီးသား ဖြစ်သည်။

“မိန်းကလေး... မင်း ဘယ်လောက်တောင် လှလဲဆိုတာ ငါ တကယ် မြင်ချင်မိပြီ ငါ့ရဲ့ ရည်းစားတွေက အားလုံး ကမ္ဘာကျော် အလှပဂေးတွေချည်းပဲ ငါ မင်းကို ပြန်ကြိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အရာပဲ”

“ဟယ် ကောင်လေး... နင်က ဘာတွေ လာကြွားနေတာလဲ ‘ရည်းစားတွေ’ ဟုတ်လား နင်က ရည်းစားတွေ အများကြီး ရှိနေတာလား ဘာလဲ” ထိုဆန်းပြားသော အမျိုးသမီးက လှောင်ပြောင်လိုက်သည်။

ရှီလဲ့က သဘာဝအတိုင်းပင် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ “ငါ့မှာ ရည်းစား လေးယောက် ရှိတယ်၊ သူတို့ တစ်ယောက်ချင်းစီက ညို့ဓာတ်ပြင်းတဲ့ အလှပဂေးတွေချည်းပဲ ငါက မင်းလို လူမြင်မခံရဲအောင် ရုပ်ဆိုးတဲ့သူကို ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ”

ထိုစကားကို ကြားသောအခါ ထူးဆန်းသော အမျိုးသမီးသည် သူမ၏ မျက်မှန်ကြီးကို ချက်ချင်း ချွတ်ပစ်လိုက်တော့သည်။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိလှသော မျက်နှာလေးတစ်ခုမှာ ရှီလဲ့၏ မျက်ဝန်းများထဲတွင် ထင်ဟပ်သွားခဲ့သည်။ သူမ၏ မျက်ဝန်းများမှာ လမင်းကဲ့သို့ တောက်ပနေပြီး၊ ကြည့်ရသည်မှာ ‘မြေခွေးမလေး’ တစ်ကောင်နှင့် ဆင်တူလှပေသည်။

ရှီလဲ့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိတော့သည်။ ဤအမျိုးသမီးသည် လီကျစ်ယွဲ့၊ လင်းယွီမော့၊ အိုးရန်ရှန်း သို့မဟုတ် မုရွှမ်းတို့နှင့် ယှဉ်လျှင်ပင် လုံးဝနိမ့်ပါးခြင်းမရှိချေ။တစ်ယောက်တစ်မျိုးစီ ကိုယ်စီအလှတရားများ ရှိကြပြီး မည်သူက ပိုသာသည်၊ နိမ့်သည်ဟု ပြောရန် ခက်ခဲလှပေသည်။

ထိုမြေခွေးမလေးသည် မျက်မှန်ကို ချွတ်လိုက်ပြီးနောက်၊ သူမ၏ ညာဘက်လက်ကို ဆန့်ထုတ်ကာ ရှီလဲ့၏ မျက်နှာရှေ့တွင် ဝှေ့ယမ်းရင်း စနောက်လိုက်လေသည်။ “ကဲ... အသိပြန်ဝင်လာခဲ့ပါဦး”

All Chapters