← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃)

အချက်အလက်များ ဖလှယ်ခြင်း

ရှီရွှမ်းသည် ယောင်ရန်အား ဂတ်စ်မီးဖိုကို ပြသရင်း ပြောလိုက်လေသည်။

"ကျွန်တော် ဂတ်စ်မီးဖို နည်းနည်းကို ပြန်ပြင်ထားတယ်။ ဒီတစ်လုံးကတော့ မင်းအတွက်ပါ….။"

သူမသည် မီးဖိုကို လက်ခံလိုက်ပြီး ပြန်ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်ရှင်…။"

ရှီရွှမ်းက ခေါင်းညိတ်ပြ၍ ပြုံးရွှင်ကာ၊

"မယောင်ရန်... ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေက ဒီမှာ နေခွင့်ပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ ဒီနေ့ ညစာ ဖိတ်ကျွေးချင်လို့ပါ…။"

ထိုစကားကို ကြားသောအခါ ယောင်ရန်က ငြင်းပယ်ခြင်းမပြုဘဲ လက်ခံလိုက်လေသည်။

"ကောင်းပါပြီရှင်။ ကျွန်မ သေချာပေါက် လာခဲ့ပါ့မယ်။ ဖိတ်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… ။"

"ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာပါပဲ။ ဒါဆိုရင် ကျွန်တော် ပြန်သွားပြီး ညစာအတွက် ပြင်ဆင် လိုက်ပါဦးမယ်…။"

ရှီရွှမ်းက ပြုံးလျက် နှုတ်ဆက်ကာ ပြန်ထွက်သွားခဲ့လေသည် ။

သူထွက်သွားပြီးနောက် ယောင်ရန်သည် ဂတ်စ်မီးဖိုကို မီးဖိုချောင်တွင် ထားရှိကာ ထိုနေရာရှိ ဂတ်စ်အိုး တစ်လုံးနှင့် ချိတ်ဆက်လိုက်သည် ။ ထို့နောက် သူမသည် နေ့စဉ်ပြုလုပ်နေကျ လေ့ကျင့်ခန်းများကို ပြန် လည်လုပ်ဆောင်နေခဲ့လိုက်လေသည်။

နာရီအနည်းငယ်အကြာတွင် ယောင်ရန်သည် လေ့ကျင့်ခန်းများ ပြီးဆုံးသွား၍ ရေချိုးလိုက်သည်။ သူမ သည် နေရာလွတ်ထဲမှ ထွက်လာပြီးနောက် ဝရန်တာနှင့် စိုက်ပျိုးရေးခန်းများမှ ဟင်းသီးဟင်းရွက်များ နှင့် မှိုအချို့ကို ခူးလိုက်သည် ။ ထို့နောက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ မှိုများနှင့် ခရမ်း ချဉ်သီးများ အပြည့်ပါသော ခြင်းတောင်းကို ကိုင်ကာ တိုက်ခန်းမှ ထွက်လာခဲ့လေသည်။

သူမ အခန်း (၂၀၀၁) တံခါးကို ခေါက်လိုက်ချိန်မှာပင် လုံယုသည် အခန်း (၂၀၀၂) မှ ထွက်လာသည်ကို မြင် လိုက်ရသည် ။ သူမကို မြင်သောအခါ လုံယုသည် တံခါးကို သော့ခတ်၍ သူမထံသို့ လျှောက်လာခဲ့လေ သည်။

မကြာမီမှာပင် ကျားရှန်းက တံခါးဖွင့်ပေးပြီး သူတို့နှစ်ဦးကို ပြုံးလျက် ဖိတ်ခေါ်လိုက်လေသည်။

"ကြွကြပါရှင်။ ညစာက ပြင်ဆင်လို့ ပြီးခါနီးပါပြီ….။"

ယောင်ရန်က အထဲသို့ လှမ်းဝင်ရင်း ခြင်းတောင်းကို ကျားရှန်းထံ ကမ်းပေးကာ ပြောလိုက်သည်။

"ဒါက အိမ်တက်အထိမ်းအမှတ် လက်ဆောင်လေးပါ…။"

လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဉ်သီးများနှင့် မှိုများကို မြင်လိုက်ရသောအခါ ကျားရှန်း ၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည် ။ သဘာဝဘေးအန္တရာယ်များ စတင်ပြီးနောက်တွင် ဟင်းသီး ဟင်းရွက်၊ အသား၊ မှိုနှင့် သစ်သီးဝလံများကဲ့သို့သော လတ်ဆတ်သည့် ပစ္စည်းများသည် ဈေးကွက်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ မဆိုထားနှင့်အခြောက်လှန်းထားသော အသီးအရွက်များနှင့် အချဉ်ထုပ်များကိုပင် လူတို့က ကမ္ဘာ့အကောင်းဆုံး အစားအစာအနေဖြစ် လုယက်နေကြရသည်။ ထို့ ကြောင့် ဤလတ်ဆတ်သော အသီးအရွက်ခြင်းတောင်းသည် လက်ရှိအခြေအနေတွင် ရွှေထက်ပင် ပိုမို၍ တန်ဖိုးရှိနေခြင်း ဖြစ်သည်။

ကျားရှန်းသည် ခြင်းတောင်းကို တင်းတင်းကြပ်ကြပ် ပိုက်ထားကာ ယောင်ရန်ကို ကြည့်၍ ကျေးဇူးတင် စကားပြောလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ်၊ ယောင်ရန်…။"

သူမ၏ နောက်တွင်မူ လုံယုက တံခါးပိတ်ပြီး ပျော်ရွှင်နေသော ကျားရှန်းနောက်မှ ဧည့်ခန်းသို့ လိုက်သွား သည် ။ ဧည့်ခန်းတွင် ဟွမ်ချန်နှင့် ဟွမ်ကျိဟွေးတို့ နှစ်ဦးတည်းသာ ရှိနေသည်ကို မြင်သောအခါ လုံယု သည် မီးဖိုချောင်သို့ သွားကာ ခေါက်ဆွဲခြောက်ထုပ်များနှင့် စည်သွတ်ဘူးများပါသော ပလတ်စတစ် အိတ်ကို စင်ပေါ်တွင် တင်ထားလိုက်သည် ။ ရှီရွှမ်းနှင့် တန်ချီချီတို့မှာ ဟင်းချက်၍ အလုပ်ရှုပ်နေသော ကြောင့် လုံယုသည် ဘာမှမပြောဘဲ ပြန်ထွက်လာခဲ့လိုက်လေသည်။

လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ရရှိလာခြင်းကြောင့် ရှီရွှမ်းသည် ယနေ့ညစာအတွက် နောက် ထပ် ဟင်းပွဲအချို့ကို ထပ်မံပြင်ဆင်လိုက်လေသည်။

ရှီရွှမ်းနှင့် တန်ချီချီတို့က ဟင်းပွဲများကို မီးဖိုချောင်မှ သယ်ထုတ်လာစဉ် အားလုံးက ဧည့်ခန်းရှိ စားပွဲပု လေးတွင် ဝိုင်းထိုင်လိုက်ကြသည် ။ ဟင်းသီးဟင်းရွက်ကြော်၊ အာလူးချောင်းစပ်စပ်ကြော်၊ ဝက်သား ပလာတာ နှင့် မှိုစွပ်ပြုတ် အကြီးတစ်လုံးတို့ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ မစားရသေးခင်မှာပင် တူများကို အဆင်သင့် ကိုင်ထားကြပြီ ဖြစ်သည်။

ဟင်းပွဲများမှာ ရိုးရှင်းသော်လည်း ဟွမ်ချန်၊ ရှီရွှမ်း၊ ကျားရှန်း၊ တန်ချီချီနှင့် ဟွမ်ကျိဟွေးတို့မှာ ပထမဆုံး တစ်လုတ် စားလိုက်သည်နှင့် ငိုချင်စိတ်ပင် ပေါက်သွားကြသည် ။ ကမ္ဘာပေါ်သို့ မုန်တိုင်း တိုက်ခတ်ခဲ့ပြီး နောက် ဤနှစ်ရက်အတွင်းမှသာ သူတို့သည် လူပီသသော ဘဝကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်ပေသည်။

သူတို့မှာ ခိုနားရာ အမိုးအကာ ရှိလာပြီဖြစ်သလို ကိုယ်လက်သန့်စင်ရန် ရေနွေးနှင့် ဝမ်းဗိုက်ကို ဖြည့် တင်းပေးနိုင်သည့် အရသာရှိသော အစားအစာများကိုလည်း ရရှိလာကြပြီ ဖြစ်သည်။ ညဘက် အိပ်စက် သည့်အခါတွင်ပင် သူတို့သည် ပြုံးလျက် အိပ်ပျော်နေကြတော့သည် ။ အိမ်တစ်လုံးရှိခြင်းနှင့် ဝမ်းဝခြင်း မှာ အလွန်ပင် ကောင်းမြတ်သော ခံစားချက်ပင် ဖြစ်သည်။

စားသောက်နေစဉ်အတွင်း ဟွမ်ချန်က လုံယုကို ကြည့်ကာ ၊

"ခေါင်းဆောင်နဲ့ ယောင်ရန် တို့နှစ်ယောက်သာ မရှိရင် ကျွန်တော်တို့ ခုချိန်မှာ ကယ်ဆယ်ရေးစခန်းမှာ နေနေရလောက်ပြီ။ ဒီမှာ နေခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….။"

သူသည် ဖန်ခွက်ကို မြှောက်ကာ လုံယုကို ဂုဏ်ပြုလိုက်လေသည်။

"ဒီရက်ပိုင်းအတွင်း မင်းတို့နှစ်ယောက် ကျွန်တော်တို့ကို အများကြီး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင် တဲ့အနေနဲ့ တစ်ခွက် တိုက်ချင်ပါတယ်…။"

ဟွမ်ချန်က ရေကို သောက်လိုက်ပြီးနောက် အခြားသူများကလည်း လိုက်လံသောက်ခဲ့ကြလေသည်။

လုံယုသည် သူတို့၏ စိတ်ရင်းမှန်ကို သိရှိသောကြောင့် ပြောလိုက်သည်။

"ငါတို့က သူငယ်ချင်းတွေပဲ။ တစ်ယောက်နဲ့တစ်ယောက် ကူညီတာ ငါလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ…။"

သူတို့ တစ်ဦးကိုတစ်ဦး ဂုဏ်ပြုနေကြသည်ကို ကြည့်ရင်း ယောင်ရန်မှာ အနည်းငယ် အားကျစိတ် ဖြစ် ပေါ်လာမိသည် ။ သူမသည် ဘဝနှစ်ခုစာ ရှင်သန်ခဲ့သော်လည်း စိတ်ရင်းမှန်သော သူငယ်ချင်းတစ်ဦးမျှ မရှိခဲ့ဖူးပေ။

ယောင်ရန်သည် အခက်အခဲကြုံတွေ့ရချိန်တွင် ကူညီပေးမည့် သူငယ်ချင်း၊ နောင်အနာဂတ်တွင် ဘာပဲ ဖြစ်လာပါစေ သူမကို ဘယ်တော့မှ စွန့်ခွာသွားမည်မဟုတ်ဘဲ ယုံကြည်စိတ်ချရသည့် သူငယ်ချင်းတစ်ဦး ရှိခြင်းမှာ မည်သို့သော ခံစားချက်မျိုး ဖြစ်မည်ကို တကယ်ပင် သိလိုမိသည်။

သူမအနီးတွင် ထိုင်နေသော လုံယုက သူမ၏ စိတ်အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိပြီး မေး လိုက်သည်။

"ဘာဖြစ်လို့လဲ… အစားအစာတွေက မင်းအကြိုက် မဟုတ်လို့လား…။"

ယောင်ရန်မှာ အတွေးများထဲမှ ရုန်းထွက်လာပြီး ခေါင်းခါလျက် ပြုံး၍ ဖြေလိုက်လေသည်။

"မဟုတ်ပါဘူးရှင်။ အစားအသောက်တွေက အရမ်းစားလို့ကောင်းပါတယ်…။"

စားသောက်နေစဉ်တွင် ရှီရွှမ်းက ပြောလိုက်လေသည်။

"စစ်တပ်ရဲ့ ပြတ်သားတဲ့ နှိမ်နင်းမှုကြောင့် အပြင်ဘက်က အခြေအနေတွေက နည်းနည်း တည်ငြိမ်လာ ပြီ။ အစိုးရက ကုန်တိုက်တွေကို ရိက္ခာတွေ ခွဲတမ်းချပေးထားပြီး နိုင်ငံသားတွေက လိုအပ်သလို ဝယ်ယူ နိုင်တယ်လို့ ကြားတယ်။ ငါတို့ မနက်ဖြန် အတူတူ သွားကြည့်ကြမလား…။"

ယောင်ရန်က ခေါင်းညိတ်ကာ ၊

" ကျွန်မတို့ သွားမယ်ဆိုရင် မနက်ဖြန် စောစောထွက်တာ ပိုကောင်းလိမ့်မယ်…။"

ဟွမ်ချန်က ဟင်းရွက်တစ်ဖတ်ကို မြှောက်လျက် ပြောလေသည်။

"ဒါနဲ့... ဒီနေ့ လူတော်တော်များများ ရေအောက်ထဲ ငုပ်ပြီး ပစ္စည်းတွေ ဆယ်နေကြတာကို ကျွန်တော် တွေ့ခဲ့တယ်…။"

ကျားရှန်းကလည်း ခေါင်းညိတ်ကာ ဖြည့်စွက်ပြောလေသည်။

"ဟုတ်တယ်၊ ကျွန်မလည်း မြင်တယ်။ သူတို့ အနီးနားက စူပါမားကတ်ကို သွားကြတာ ရေထဲမှာ လူတွေ အများကြီးပဲ။ ကံမကောင်းတာကတော့ ရေက အရမ်းနက်ပြီး လူအများစုမှာက ကိရိယာတွေ မပါကြ ဘူးလေ။ တချို့ဆို ရေစီးနဲ့မျောပါသွားပြီး ပျောက်ဆုံးသွားကြတယ်…။"

ဟွမ်ချန်က သက်ပြင်းချရင်း ပြောလေသည်။

"ကျွမ်းကျင်တဲ့ ရေငုပ်သမားတချို့ကတော့ ပစ္စည်းအချို့ ဆယ်ယူနိုင်ခဲ့တယ်လို့ ကြားတယ်။ ဒါပေမဲ့ အများစုက ပျက်စီးနေတာတွေပဲ။ ဒါတောင်မှ အဲ့ဒီလူတွေက ပစ္စည်းတွေကို မစွန့်ပစ်နိုင်ကြဘူး…။"

ရှီရွှမ်းက ခေါင်းခါလျက် သက်ပြင်းချကာ၊

"ခေါင်းဆောင်ကသာ ကျွန်တော်တို့ကို ရိက္ခာတွေ ကြိုဝယ်ထားဖို့ သတိမပေးခဲ့ရင် ခုချိန်မှာ ကျွန်တော်တို့ ငတ်နေလောက်ပြီ…။"

ထိုစကားကို ကြားသောအခါ လုံယုက အေးဆေးစွာပင် ပြောလိုက်သည်။

"ယောင်ရန်က ငါ့ကို သတိပေးခဲ့တာပါ။ ငါ့ကို ကျေးဇူးတင်မယ့်အစား သူမကိုပဲ ကျေးဇူးတင်သင့်တယ်. ..။"

လေထုက အနည်းငယ် ခြောက်ကပ်နေသည်ဟု ခံစားရသဖြင့် ယောင်ရန်က အကြောင်းအရာ ပြောင်း သည့်အနေဖြင့် မေးလိုက်လေသည်။

"ရှီရွှမ်း... မနက်ဖြန် စူပါမားကတ် ဘယ်အချိန်ဖွင့်မလဲဆိုတာ ရှင် သိလား…။"

ရှီရွှမ်းက ခေတ္တမျှ စဉ်းစားပြီးနောက်၊

"မနက်ဖြန်ကစပြီး စူပါမားကတ်ကို မနက် (၈) နာရီမှာ ဖွင့်ပြီး ညနေ (၅) နာရီမှာ ပိတ်မယ်လို့ ပြော တယ်…။"

ယောင်ရန်သည် ခေတ္တစဉ်းစားပြီး အခြားသူများကို ကြည့်ကာ အကြံပြုလိုက်လေသည်။

"သွားမယ့်လူတွေ အများကြီး ရှိလိမ့်မယ်ထင်တယ်။ ကျွန်မတို့ မနက် (၆) နာရီလောက်မှာ ထွက်ကြရင် ရော ဘယ်လိုလဲ…။"

အခန်း ( ၆၄ )

ပိုက်ဆံသုံးခြင်း

လူတိုင်းက ယောင်ရန်၏ အကြံပြုချက်ကို သဘောတူကြပြီး လွန်ခဲ့သော ရက်အနည်းငယ်က သိရှိခဲ့ ရသည့် သတင်းများကို ဆက်လက်ဆွေးနွေးခဲ့ကြသည်။ ညစာစားပြီးနောက် လုံယုနှင့် ယောင်ရန်တို့ အိမ်ပြန်ခဲ့ကြလေသည်။

နောက်တစ်နေ့ နံနက် (၆) နာရီမထိုးမီတွင် သူတို့အားလုံး လူသွားစင်္ကြံ၌ စုရုံးခဲ့ကြသည်။ ယောင်ရန်က သံတံခါးကို သော့ခတ်လိုက်ပြီးနောက် လုံယုတွင် မည်သည့်ပစ္စည်းမှ ပါမလာသည်ကို တွေ့သောအခါ သူမက မေးလိုက်လေသည်။

"ရှင် ကျွန်မတို့နဲ့အတူ ကုန်တိုက်ကို မလိုက်ဘူးလား…။"

လုံယုက ခေါင်းခါပြကာ၊

"ငါ ဒီမှာပဲနေပြီး အထပ် (၂၀) ကို စောင့်ရှောက်ပေးထားမယ်….။"

ယနေ့တွင် လုံယုမှလွဲ၍ ကျန်ရှိသူအားလုံး ကုန်တိုက်သို့သွားရန် ဆုံးဖြတ်ထားကြသည်။ သူတို့သည် ကျောပိုးအိတ်များကိုယ်စီလွယ်လျက် လက်နက်များကို ဝှက်ယူခဲ့ကြပြီး နံနက် (၆) နာရီတွင် အဆောက် အအုံမှ ထွက်ခွာခဲ့ကြလေသည်။

နံနက် (၆) နာရီထိုးပြီ ဖြစ်သော်လည်း အပြင်ဘက်တွင် မှောင်နေဆဲပင်။ သို့သော်လည်း လူအများအပြား သည် အပြင်သို့ ထွက်နေကြပြီဖြစ်ပြီး အနီးဆုံးကုန်တိုက်သို့ ဦးတည်သွားနေကြသည်။

ယောင်ရန်နှင့် အခြားသူများသည် သူတို့နယ်မြေရှိ အနီးဆုံးကုန်တိုက်သို့ ရောက်ရှိရန် တစ်နာရီခန့် အချိန် ယူခဲ့ရသည်။ စတုတ္ထထပ်မှ တန်းဝင်လိုက်သောအခါ အတွင်း၌ စိုစွတ်နံစော်နေပြီး လူများစွာ ပြည့်နှက် နေသည်ကို တွေ့လိုက်ရသည်။ သူမရှေ့ရှိ လူအုပ်ကြီးကို ကြည့်ရင်း ယောင်ရန်သည် သူမကိုယ်သူမ ငါးသေတ္တာဘူးထဲမှ ငါးတစ်ကောင် ကဲ့သို့ ခံစားလိုက်ရလေသည်။

လူအုပ်ကို ကြည့်လိုက်သောအခါ အများစုမှာ နာမကျန်းဖြစ်ကာ ပိန်ချုံး၍ ဖျော့တော့နေကြသည်ကို သူမ သတိပြုမိလိုက်သည်။ ရုပ်ရည်သွင်ပြင် ကွာခြားချက်မှာ အလွန်သိသာလွန်းသဖြင့် ယောင်ရန်နှင့် သူမ၏ အဖော်များသည် လူအုပ်ကြားတွင် ထင်ရှားနေခဲ့သည်။ သူမက မျက်မှောင်ကြုတ်လျက် အနည်းငယ် စဉ်းစားခန်း ဝင်သွားမိလေသည်။

ကုန်တိုက်က ဆဌမထပ်တွင် ရှိသော်လည်း လူတန်းကြီးမှာ စတုတ္ထထပ်အထိ ရှည်လျားနေပေသည်။ အချို့ သူများမှာ စောစောဝင်နိုင်ရန် ညကတည်းက တန်းစီနေကြခြင်းဖြစ်နိုင်ပေသည်။ ယောင်ရန်နှင့် အခြားသူ များသည်လည်း ထိုရှည်လျားလှသော လူတန်းကြီးတွင် အမြန်ဝင်၍ တန်းစီလိုက်ကြလေ သည်။

တန်းစီနေစဉ် ယောင်ရန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသော စစ်သားများ ကင်းလှည့်နေသည်ကို တွေ့လိုက်ရလေသည်။ မနေ့က အစိုးရ၏ ပြတ်သားသော ကိုင်တွယ် မှုများ ကြောင့် မည်သူမျှ မကျေမနပ်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်းမျိုးကို ပေါ်ပေါ်ထင်ထင်မပြဝံ့ကြပေ။ အချိန် ကြာလာသည်နှင့်အမျှ လူများ ပိုမိုများပြားလာခဲ့လေသည်။

နံနက် (၈) နာရီ တိတိတွင် စစ်သားများက တံခါးကို ဖွင့်ပေးလိုက်ကြလေသည်။ တစ်ကြိမ်လျှင် လူ (၅၀) စီသာ ပေးဝင်ပြီး ဈေးဝယ်ရန် (၅) မိနစ်သာ အချိန်ပေးကာ အချိန်ပြည့်လျှင် ငွေပေးချေရန် အချက်ပြ သည်။ ဝယ်ယူခွင့် ကန့်သတ်ချက်မှာ အလွန်တင်းကျပ်ပြီး တစ်ဦးလျှင် ဆန် သို့မဟုတ် ဂျုံမှုန့် (၂) ကီလို ဂရမ်သာ ဝယ်ခွင့်ရှိပေသည်။

မှတ်ပုံတင်ပြသပြီးနောက် လက်ငင်းငွေသားဖြင့်သာ ပေးချေရလေသည်။သူတို့သည် (၃) နာရီကြာ တန်းစီခဲ့ ရသော်လည်း ဈေးဝယ်ရန် (၅) မိနစ်သာ အချိန်ရလေသည်။ ကျယ်ဝန်းလှသော ကုန်တိုက်ကြီး ထဲတွင် သူတို့သည် မြန်မြန်ဆန်ဆန် ဝယ်ယူရမည့်အပြင် အခြားသူများ၏ ခိုးယူမှုကိုလည်း သတိထား နေရသေးသည်။

တန်းစီနေစဉ် ယောင်ရန်နှင့် အခြားသူများ တိုင်ပင်ကြပြီး ဆန်နှင့် ဂျုံမှုန့်က ဗိုက်အဆာခံနိုင်ဆုံးဖြစ်သဖြင့် အခြားနှံစားသီးနှံများကို ရှောင်ရန် ဆုံးဖြတ်လိုက်ကြသည်။ ဟိုင်ချန်မြို့တွင် ကြီးပြင်းလာသူဖြစ်သည့်အ တွက် ယောင်ရန်က ဆန်ကို ရွေးချယ်ပြီး ကျန်သူများက ဆန် (၁) ကီလိုဂရမ်နှင့် ဂျုံမှုန့် (၁) ကီလိုဂရမ်စီ ဝယ်ရန် ရွေးချယ်ခဲ့ကြသည်။

သူတို့အလှည့်ရောက်သောအခါ အချိန်မဆွဲဘဲ ဈေးဝယ်ခြင်းတောင်းများကို ယူ၍ ဆန်ရောင်းသည့်နေရာ သို့ တန်းသွားခဲ့ကြလေသည်။ ယောင်ရန်က ဈေးနှုန်းကို ကြည့်လိုက်ရာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်း များ ကဲ့သို့ ကြီးမြင့်နေသော ဈေးနှုန်းကို တွေ့ရသော်လည်း သူမ မအံ့သြမိပေ။

လူအများစုအတွက် ဆန်တစ်ကီလိုဂရမ်လျှင် ယွမ် (၁၀၀) ပေးရသည်မှာ အလွန်စျေးကြီးသည်ဟု ထင်နိုင်သော်လည်း နောက်ရသတ္တပတ်အနည်းငယ်ကြာလျှင် ပိုက်ဆံရှိသော်လည်း ဆန်ဝယ်၍ရတော့ မည် မဟုတ်ကြောင်း ယောင်ရန်က သိနေခဲ့သည်။ ဆန်အရည်အသွေးမှာ သာမန်မျှသာဖြစ်သော်လည်း စားစရာရှိနေသည်ကပင် ကောင်းမွန်လှပြီဖြစ်သည်။

နောင်တွင် ကုန်ဈေးနှုန်းများ ဆက်တိုက်ထိုးတက်နေမည်ဖြစ်ပြီး အရာအားလုံး အလွန်ဈေးကြီးလာလိမ့် မည်။ နောက်ပိုင်းတွင် စက္ကူပိုက်ဆံများမှာ တန်ဖိုးမရှိတော့ဘဲ ဆားတစ်ပွင့်တောင် ဝယ်မရနိုင်တော့ပေ။ ကျွင်းချန်မြို့သည် လူဦးရေများပြားသဖြင့် ဆန်နှင့် ဂျုံမှုန့်များမှာ လျင်မြန်စွာ ကုန်သွားသည်။ အစိုးရက နောက်ပိုင်းတွင် ထပ်မံထုတ်ပေးမည်ဖြစ်သော်လည်း ထိုပစ္စည်းများမှာ ရေထဲမှ ဆယ်ယူကာ အခြောက် လှန်းထားသည့် ပစ္စည်းများသာ ဖြစ်လိမ့်မည်။

ရေစိုနေသောဆန်မှာ အရသာဆိုးရွားပြီး ကျန်းမာရေးအတွက် မကောင်းသော်လည်း လူများ ဗိုက်ဆာ လာသောအခါ ကျန်းမာရေးကို ဂရုမစိုက်နိုင်တော့ပေ။ ထိုအချိန်ကျလျှင် ထိုရေစိုဆန်ကို လိုချင်သော် လည်း ရချင်မှရတော့မည်ဖြစ်သည်။

အခြားသူများလည်း ထိုအတိုင်းပင် တွေးတောနေကြသည်ကို တွေ့ရသဖြင့် ယောင်ရန်က စင်ပေါ်မှ ဆန် (၂) ကီလိုဂရမ်ကို အမြန်ယူကာ သရေစာများရှိသော ဧရိယာသို့ လျှောက်သွားလိုက်သည်။ လူအများစုက အဓိကစားကုန်ကိုသာ အာရုံစိုက်နေကြပြီး ချောကလက်နှင့် အားဖြည့်မုန့်များကလည်း စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်သည်ကို မေ့နေခဲ့ကြသည်။

ယောင်ရန်၏ နေရာလွတ်ထဲတွင် ဆန်နှင့် ဂျုံမှုန့်များစွာ ရှိသည့်အပြင် စိုက်ပျိုးရေးမြေတွင်လည်း စိုက်ပျိုးနိုင်သဖြင့် သူမက ထုတ်လုပ်၍မရနိုင်သော ချောကလက်၊ မုန့်ပဲသရေစာ၊ အေးခဲစာ သို့မဟုတ် စည်သွပ်ဗူး စားသောက်ကုန်များကို ပိုမိုလိုချင်မိသည်ပင်။

သူမတွင် လက်ငင်းငွေသား ယွမ်နှစ်သိန်းကျော် ကျန်ရှိနေသေးရာ ယနေ့တွင် အကုန်သုံးပစ်ရန် စီစဉ်ထား သည်။ ဆန်နှင့် ဂျုံမှုန့်ကိုသာ ဝယ်ယူခွင့် ကန့်သတ်ထားသော်လည်း အခြားပစ္စည်းများအတွက် ကန့်သတ် ချက်မရှိသေးသောကြောင့် ပိုက်ဆံရှိသလောက် ဝယ်ယူ၍ရနိုင်ပေသည်။

မုန့်ပဲသရေစာ ဧရိယာသို့ ရောက်သောအခါ မည်သူမျှမရှိသည်ကို တွေ့ရသည်။ သူမက ဈေးနှုန်းများကို ကြည့်ကာ အရေးပေါ်အခြေအနေတွင် စွမ်းအင်ဖြည့်ပေးနိုင်မည့် ကယ်လိုရီမြင့် မုန့်မျိုးစုံကို အမြန်သိမ်း ကျုံးယူလိုက်ပြီး စည်သွပ်ဗူး စားသောက်ကုန် ဧရိယာသို့ ဆက်သွားလိုက်သည်။ စင်ပေါ်တွင် ဗူးအနည်း ငယ် သာ ကျန်တော့သဖြင့် အားလုံးကို ယူခဲ့လိုက်လေသည်။

ထိုဧရိယာမှ ထွက်လာသည်နှင့် ရှီရွှမ်းတို့အဖွဲ့နှင့် ဆုံလေသည်။ သူတို့ တစ်ဦးကိုတစ်ဦး ခဏမျှကြည့်ပြီး နောက် အခြောက်အခြမ်း ဧရိယာသို့ အတူတူ သွားခဲ့ကြလေသည်။

ပြင်ပအသုံးအဆောင် ပစ္စည်းများရောင်းသည့်နေရာကို ဖြတ်သွားသောအခါ ယောင်ရန်က သူတို့ကို တားလိုက်ပြီး မေးလိုက်လေသည်။

"ရှီရွှမ်း... ရှင် လှေတစ်စင်းလောက် မဝယ်ချင်ဘူးလား…။"

ရှီရွှမ်းက ခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သူနှင့် ဟွမ်ချန်တို့ လေထိုးလှေကို စစ်ဆေးနေစဉ် ယောင်ရန်နှင့် အခြားသူများသည် လူသုံးကုန်ပစ္စည်းများ ဝယ်ရန် အမြန်သွားလိုက်ကြသည်။ အမျိုးသမီး လစဉ်သုံး ပစ္စည်းများရောင်းသည့် နေရာကို ဖြတ်သွားသောအခါ အမျိုးသားနှစ်ဦး မရှိခိုက် အထုပ် အနည်းငယ်ကို အမြန်ယူလိုက်ကြလေသည်။

ဟင်းသီးဟင်းရွက်အခြောက်များ၊ ဆော့စ်များနှင့် ဟင်းခတ်အမွှေးအကြိုင် ဈေးနှုန်းများမှာလည်း အဆ (၂၀) ကျော် မြင့်တက်နေခဲ့သည်။ ယနေ့ အပြင်ထွက်ရသည့် ကုန်ကျစရိတ်နှင့် စွန့်စားရမှုမှာ အလွန်ကြီး မား လှသော်လည်း ကံကောင်းထောက်မစွာဖြင့် အချိန်မပြည့်မီ သူတို့ရှိသမျှ ပိုက်ဆံအားလုံးကို သုံးစွဲနိုင်ခဲ့ ကြလေသည်။

All Chapters