← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇)

ဆေးဝါးများကို ဦးစားပေးခြင်း (၂)

ရုံးခန်းတည်နေရာကို ဟွမ်ကျိဟွေးတစ်ဦးတည်းသာ သိသောကြောင့် ယခုတစ်ခေါက်တွင် သူမ မဖြစ် မနေ လိုက်ပါရမည်ဖြစ်သည်။ ခေတ္တမျှ ဆွေးနွေးပြီးနောက် ကျားရှန်း၊ ဟွမ်ချန် နှင့် တန်ချီချီတို့ကို အထပ် (၂၀) တွင် စောင့်ရှောက်ရန် ချန်ထားခဲ့လိုက်ကြသည်။

ယခုတစ်ခေါက်တွင် လုံယုပါ ပူးပေါင်းလာပြီး ၎င်းတို့၌ စက်လှေတစ်စီးနှင့် ရော်ဘာလှေ နှစ်စီးရှိသည်။ လှေသုံးစီးဖြင့်ဆိုလျှင် ရိက္ခာအများအပြား သယ်ဆောင်လာနိုင်မည်ဖြစ်သော်လည်း လမ်းခရီးရှိ အန္တရာယ်များကိုမူ စိုးရိမ်နေကြဆဲပင်ဖြစ်သည်။

ပြင်ဆင်မှုများပြီးစီးသောအခါ လုံယု၊ ယောင်ရန်၊ ရှီရွှမ်း နှင့် ဟွမ်ကျိဟွေးတို့သည် မွန်းမတည့်မီမှာပင် လင်းယွမ်တိုက်ခန်းအဆောက်အအုံမှ ထွက်ခွာခဲ့ကြသည်။ ရုံးအဆောက်အအုံမှာ ကီလိုမီတာ (၂၀) ကွာဝေးပြီး လုံယု၏ စက်လှေဖြင့် ခရီးနှင်ခဲ့ကြလေသည်။

၎င်းတို့ မျှော်လင့်ထားသည့်အတိုင်းပင် မြို့ပြင်သို့ ရောက်လေလေ ရေစီးကြောင်းမှာ ပိုမိုရှုပ်ထွေးပြီး အန္တရာယ်များလေလေ ဖြစ်လာသည်။ ပတ်ဝန်းကျင်တွင် မြင့်မားသောအဆောက်အအုံများ မရှိသဖြင့် လေတိုက်နှုန်းမှာလည်း ပို၍ပြင်းထန်လာခဲ့လေသည်။

ထိုသို့သော အခြေအနေမျိုးတွင် ကျွမ်းကျင်သော လှေလှော်သမားပင်လျှင် သစ်သားလှေ သို့မဟုတ် ရော်ဘာလှေများကို အပြည့်အဝ ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ရှီရွှမ်းမှာမူ ဤနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်ရာ ရှုပ်ထွေးပြီး အန္တရာယ်ရှိသော ရေစီးကြောင်းများကြား တွင် မောင်းနှင်ရန် သူ့အတွက် ပြဿနာမရှိလှပေ။ ဟွမ်ကျိဟွေးက လမ်းပြပေးခဲ့ရာ မကြာမီမှာပင် မှောင်မဲနေသော ရေပြင်ကျယ်ကြီးထဲတွင် ထိုးထွက်နေသည့် မြင့်မားသော ရုံးအဆောက်အအုံအချို့ကို လှမ်းမြင်လိုက်ရလေသည်။

ဟွမ်ကျိဟွေးက တစ်ဖက်သို့ ညွှန်ပြကာ ပြောလိုက်လေသည်၊

"အစ်ကိုရွှမ်း... ဟိုဘက်က ကျွန်မတို့ပြောနေတဲ့ ရုံးအဆောက်အအုံပဲ…။"

ရှီရွှမ်းသည် သူမညွှန်ပြရာသို့ လိုက်ပါကာ အမြင့်ဆုံးရုံးအဆောက်အအုံဆီသို့ မောင်းနှင်သွားလိုက်သည်။ စက်လှေအရှိန်လျှော့လိုက်သောအခါ ငါးလွှာရှိ မှန်ပြတင်းပေါက်များမှတစ်ဆင့် ရေမြုပ်နေသော ရုံးခန်းများကို မြင်တွေ့နေရလေသည်။

လုံယုက ရုံးခန်းကို အကဲခတ်ကာ ပြောလိုက်သည်၊

"ရုံးခန်းက တော်တော်လေး သပ်သပ်ရပ်ရပ်ရှိနေတုန်းပဲ။ ဘယ်သူမှ လုယက်ထားပုံမပေါ်သေးဘူး…။"

ထိုသို့ပြောပြီးနောက် သူသည် ကျောပိုးအိတ်ထဲမှ မှန်ခွဲတူကို ထုတ်ယူကာ ရှီရွှမ်းကို အသင့်ပြင်ထားရန် အချက်ပြလိုက်လေသည်။

လုံယုက မှန်ပြတင်းပေါက်ကြီးကို ခွဲလိုက်သောအခါ ရေများက ရုံးခန်းထဲသို့ အလျင်အမြန် စီးဝင်သွား ခဲ့လေသည်။ ခဏအကြာတွင် ရှီရွှမ်းသည် စက်လှေကို ရေစီးကြောင်းထဲ မျောမပါသွားစေရန် ကျွမ်းကျင် စွာ ထိန်းချုပ်လိုက်လေသည်။

ရေငြိမ်သွားသောအခါမှ ၎င်းတို့သည် ရုံးအဆောက်အအုံအတွင်းသို့ ဝင်ရောက်ကာ စက်လှေကို ချည်နှောင်လိုက်ကြသည်။ ရှင်းလင်းသော ရည်မှန်းချက်ကိုယ်စီဖြင့် လေးဦးသား လှေကားမှတစ်ဆင့် အမြန်တက်လာကြရာ (၁၈) လွှာသို့ ရောက်ရှိလာခဲ့ကြလေသည်။ ဟွမ်ကျိဟွေးက ရှေ့မှဦးဆောင်ကာ လုံခြုံရေး တံခါးရှေ့တွင် ရပ်လိုက်သည်။

သူမက အခြားသူများကို လှည့်ကြည့်ကာ၊

"ဒါ ပြီးခဲ့တဲ့လက ကျွန်မတို့ လာခဲ့တဲ့ ကုမ္ပဏီပဲ…။"

လုံယုက ကျောပိုးအိတ်ထဲမှ သော့ဖျတ်ကရိယာကိုထုတ်ကာ သော့ကို ဖြတ်လိုက်ပြီးနောက် ၎င်းတို့ အမြန်ဝင် သွားလိုက်ကြလေသည်။ ဟွမ်ကျိဟွေးသည် ဆေးဝါးများ သိုလှောင်ထားသည့်နေရာကို မှတ်မိနေသေးသဖြင့် ရှေ့မှ ဦးဆောင်သွားခဲ့လေသည်။

တံခါးမှာ ပျက်စီးခြင်းမရှိသေးသည်ကို မြင်ရသောအခါ သူမ သက်ပြင်းချနိုင်သွားပြီး၊

"အဲဒီနေ့က ကုမ္ပဏီပိုင်ရှင်က ကျွန်မတို့ ပါမောက္ခကို ပြောတယ်။ ဆေးဝါးအသစ်တွေ အသုတ်လိုက် ထုတ်လုပ်ပြီး ဒီမှာ သိုလှောင်ထားတယ်တဲ့။ အခုထိ ဘယ်သူမှ မလာသေးဘူးဆိုတော့ ဆေးတွေက အထဲမှာ ရှိနေဦးမှာပါ….။"

ထိုသို့ပြောပြီးနောက် ဟွမ်ကျိဟွေးက ဘေးသို့ဖယ်ပေးလိုက်ရာ လုံယုက သော့ကို ဖြတ်လိုက်သည်။ တံခါးဖွင့်လိုက်သောအခါတွင်မူ ၎င်းတို့ စိတ်ပျက်သွားကြရလေသည်။

အခန်းထဲရှိ ဆေးဝါးများ သိုလှောင်ရန် သီးသန့်ပြုလုပ်ထားသည့် စင်များကို ကြည့်ကာ ဟွမ်ကျိဟွေးက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်လေသည်။

"လျှပ်စစ်မီးမရှိရင် ဒီဆေးတွေကို ကြာကြာ သိမ်းထားလို့မရဘူး…။"

ရှီရွှမ်းနှင့် ဟွမ်ကျိဟွေးတို့က ဆေးစင်များပေါ်မှ ဆေးများကို ကြည့်နေစဉ် ယောင်ရန်နှင့် လုံယုတို့က နောက်ဘက်ရှိ အခြားအခန်းငယ်တစ်ခုထဲသို့ လမ်းလျှောက်ဝင်သွားကြလေသည်။

အပြင်ခန်းနှင့်မတူဘဲ ဤအတွင်းခန်းမှာ ပို၍ သေးငယ်သော်လည်း သေတ္တာအချို့ကို တွေ့ရှိခဲ့ကြသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် သေတ္တာများကို တစ်ခုချင်းစီ ဖွင့်ကြည့်လိုက်သည်။

သေတ္တာများထဲတွင် အယောင်ကျဆေး၊ ပဋိဇီဝဆေး၊ အဆစ်အမြစ်ကိုက်ခဲပျောက်ဆေးနှင့် အအေးမိ ပျောက်ဆေးများ အပါအဝင် အများသုံးဆေးဝါးများဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ယောင်ရန်က ရှီရွှမ်းနှင့် ဟွမ်ကျိဟွေးတို့ကို လှမ်းခေါ်လိုက်လေသည်။

"ရှီရွှမ်း၊ ကျိဟွေး... ဒီမှာ လာကြည့်ပါဦး၊ ဆေးတွေ အများကြီးပဲ….။"

ထိုစကားကို ကြားသောအခါ ရှီရွှမ်းနှင့် ဟွမ်ကျိဟွေးတို့ အခြားအခန်းသို့ အပြေးအလွှား လာခဲ့ကြသည်။ ဟွမ်ကျိဟွေးသည် သေတ္တာ ဆယ်ဂဏန်းကျော်ကို မြင်လိုက်ရသောအခါ ပြုံးလိုက်မိသည်။

"တော်သေးတာပေါ့။ ဒီကိုလာရတာ အလဟဿမဖြစ်တော့ဘူး…။"

သေတ္တာအားလုံးမှာ အများသုံးဆေးဝါးများဖြစ်ကြောင်း သေချာသွားပြီးနောက် ၎င်းတို့သည် သေတ္တာ များကို အပြင်သို့ သယ်ထုတ်လိုက်ကြသည်။ အားလုံးသယ်ထုတ်ပြီးသောအခါ ယောင်ရန်သည် တံခါးမ ပိတ်မီ ဆေးသိုလှောင်စင်အားလုံးကို သူမ၏ နေရာလွတ်အ ထဲသို့ အမြန်ထည့်လိုက်သည်။

ထိုသီးသန့် ဆေးသိုလှောင်စင်ပေါင်းသည် နှစ်ရာကျော်ရှိရာ ယခုတစ်ခေါက်တွင် ဆေးဝါးအသစ်ပေါင်း ထောင်သောင်းချီ၍ ရရှိခဲ့သည်ဟု ခန့်မှန်းရလေသည်။

ထိုအခန်းမှ ထွက်ခွာလာပြီးနောက် ၎င်းတို့သည် ရုံးခန်းအတွင်း ရှာဖွေကာ အသုံးဝင်မည့် ပစ္စည်းများကို ယူဆောင်ပြီး ပြခန်းဆောင်သို့ ဦးတည်ခဲ့ကြလေသည်။

ပြခန်းဆောင်တွင် သွေးတိုးကျဆေး၊ ဆီးချိုကျဆေးနှင့် အဆီကျဆေးများမှစ၍ ကြွက်သားနာကျင်မှု အတွက် အပူပေးအိတ်များအထိ ဆေးဝါးမျိုးစုံ ရှိနေသည်။ အရေအတွက်မှာ အများကြီးမဟုတ် သော် လည်း အမျိုးအစား စုံလင်လွန်းသဖြင့် လျစ်လျူရှု၍ မရနိုင်ပေ။

ကြီးမားသောထုပ်ပိုးမှုများကို ကြည့်ကာ ယောင်ရန်က အကြံပြုလိုက်သည်၊

"အပြင်က ထုပ်ပိုးထားတဲ့ စက္ကူဗူးတွေကို ခွာထုတ်ပစ်ရအောင်။ ဒါဆို နေရာလွတ် အနည်းဆုံး သုံးပုံ နှစ်ပုံလောက် ပိုထွက်လာလိမ့်မယ်…။"

ကျန်သုံးယောက်လုံးက ခေါင်းညိတ်သဘောတူပြီး အလုပ်အမြန် စတင်လိုက်ကြလေသည်။

ဟွမ်ကျိဟွေးသည် ကျွင်းချန်တက္ကသိုလ်မှ ဇီဝဓာတုဗေဒ ကျောင်းသူဖြစ်ရာ ဆေးကုသမှုပိုင်းကို မကျွမ်း ကျင်သော်လည်း ဆေးဝါးများအကြောင်းကိုမူ အနည်းငယ်သိနားလည်သည်။ ထို့ကြောင့် အသုံးများ သော ဆေးဝါးများကို ခွဲခြားရသည်မှာ သူမအတွက် ပြဿနာမရှိပေ။

လုံယုနှင့် ရှီရွှမ်းတို့က အထုပ်များကို ဖွင့်ပေးပြီး ဟွမ်ကျိဟွေးက ပလတ်စတစ်အိတ်များထဲသို့ ဆေး အမျိုးအစားအလိုက် အမြန်ခွဲထည့်လိုက်သည်။ အခြားသုံးယောက် ဆေးဝါးများ ထုပ်ပိုးနေစဉ် ယောင်ရန်က အလုပ်စားပွဲများကို လိုက်လံရှာဖွေနေခဲ့သည်။

ထိုစားပွဲများပေါ်တွင် ကော်ဖီ၊ ဘီစကစ်၊ မုန့်မျိုးစုံ၊ အမျိုးသားနှင့် အမျိုးသမီးသုံး လက်ဖက်ခြောက် များနှင့် အလိုအလျောက် အပူပေးစနစ်ပါသော အစားအစာများကို တွေ့ရှိခဲ့သည်။ ပစ္စည်းအများကြီး မဟုတ်သော်လည်း ယောင်ရန်က အားလုံးကို သိမ်းဆည်းလိုက်လေသည်။

လေအိတ်ဖြင့် ထုပ်ပိုးထားသော မုန့်များကို မြင်သောအခါ သူမက အားမနာတော့ဘဲ သူမ၏ နေရာလွတ် ထဲသို့သာ ထည့်လိုက်သည်။ ဤမုန့်များမှာ ဗိုက်မဝသည့်အပြင် နေရာယူလွန်းသဖြင့် အခြားသူများ လည်း ယူဆောင်ကြလိမ့်မည် မဟုတ်ပေ။

သူမ ပြန်ရောက်လာသောအခါ လုံယုတို့အဖွဲ့သည် ဆေးဝါးများကို ထုပ်ပိုးပြီးစီးကာ ကျောပိုးအိတ်ကြီး နှစ်အိတ်စာ ရရှိထားကြပြီဖြစ်သည်။ လေးလံသော ကျောပိုးအိတ်များကို ထမ်းပိုးကာ ၎င်းတို့ (၁၉) လွှာ သို့ တက်ခဲ့ကြသည်။

ဤရုံးအဆောက်အအုံတွင် ဆေးဝါးကုမ္ပဏီ သုံးခုရှိရာ သူတို့သည် ထိုကုမ္ပဏီများကို ဦးစားပေး ရှာဖွေ နေခြင်း ဖြစ်သည်။ ဒုတိယကုမ္ပဏီတွင်လည်း ဆေးဝါးအများအပြား ကျန်ရှိနေသေးသည်။

အခန်း (၆၈)

နောက်တစ်ကြိမ် သိမ်းကျုံးရှာဖွေခြင်း (၁)

ဤကုမ္ပဏီသို့ ယခင်က ရောက်ဖူးသည့် ဟွမ်ကျိဟွေးက ပြောပြသည်မှာ၊

"ဒီကုမ္ပဏီရဲ့ အဓိကလုပ်ငန်းက ကာကွယ်ဆေးတွေပဲ။ တကယ့် ပစ္စည်းကောင်းတွေပေမဲ့ ကျွန်မတို့ သယ်သွားလို့ မရဘူး…။"

မှန်နံရံမှတစ်ဆင့် ယောင်ရန်သည် အထူးပြုလုပ်ထားသော ရေခဲသေတ္တာများထဲတွင် ထည့်ထားသည့် ကျောက်ရောဂါကာကွယ်ဆေး၊ မေးခိုင်ကာကွယ်ဆေး၊ ခွေးရူးပြန်ကာကွယ်ဆေး၊ ဦးနှောက်အမြှေး ယောင်ကာကွယ်ဆေး၊ အေအိုင်ဒီအက်စ် (AIDS) ကာကွယ်ဆေးနှင့် တုပ်ကွေးကာကွယ်ဆေး စသည် တို့ကို မြင်လိုက်ရသည်။

ထိုအထူးရေခဲသေတ္တာများတွင် ကိုယ်ပိုင်ဘက်ထရီပါရှိပြီး မီးပြတ်သွားသည့်တိုင် အနည်းဆုံး တစ်လခန့် အထိ လျှပ်စစ်စွမ်းအင် ပေးထားနိုင်သည်။ သို့သော် ကာကွယ်ဆေးများကို အပြင်သို့ ထုတ်ယူလိုက်သည် နှင့် အခန်းအပူချိန်တွင် ထား၍မရဘဲ (၂၄) နာရီအတွင်း အသုံးပြုရမည်ဖြစ်သည်။ သို့မဟုတ်ပါက ကာကွယ်ဆေးများမှာ ပျက်စီးသွားမည်ဖြစ်သည်။

ယောင်ရန်သည် ထိုအထူးရေခဲသေတ္တာများကို ခဏမျှ ကြည့်နေပြီးနောက် ကျန်ရှိသည့် ရိက္ခာများကို ဆက်လက်သိမ်းဆည်းရန် အခြားသူများနောက်သို့ လိုက်သွားခဲ့သည်။ ဆေးဝါးကုမ္ပဏီ သုံးခုကို သိမ်းကျုံးရှာဖွေပြီးနောက် ၎င်းတို့သည် ရော်ဘာလှေတစ်စီးစာ ပြည့်လျှံသွားအောင် ဆေးဝါးများနှင့် အခြားရိက္ခာများကို ရရှိခဲ့လေသည်။

တစ်မနက်လုံး အလုပ်လုပ်ပြီးနောက် လေးဦးသား နေ့လယ်စာစားရန် ခေတ္တနားလိုက်ကြသည်။ သူတို့ သည် အသင့်စား အစားအသောက် အတော်များများကို တွေ့ရှိခဲ့သဖြင့် ၎င်းတို့ကိုပင် နေ့လယ်စာအဖြစ် ပြင်ဆင်စားသောက်လိုက်ကြလေသည်။

နေ့လည်စာ စားနေစဉ် ရှီရွှမ်းက ဆေးဝါးများဖြင့် ပြည့်နေသည့် ရော်ဘာလှေကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ငါတို့ ဆေးဝါးတွေတော့ အလုံအလောက် ရှာနိုင်ခဲ့ပြီ…၊ ဒါပေမဲ့ စားစရာကတော့ သိပ်မပါသေးဘူး။ ဆေးဝါးတွေ လိုက်ရှာနေတုန်းက ဒီအဆောက်အအုံထဲမှာ နာမည်ကြီး တိုက်ရိုက်ထုတ်လွှင့်ရေး ကုမ္ပဏီ တချို့ကို ငါ တွေ့ခဲ့တယ်။ အဲဒီမှာ ကံစမ်းကြည့်ကြရင်ရော ဘယ်လိုလဲ…။"

အခြားသူများကလည်း ကန့်ကွက်ခြင်းမရှိသဖြင့် နေ့လယ်စာစားပြီးနောက် နောက်တစ်ကြိမ် သိမ်းကျုံး ရှာဖွေမှုကို စတင်ခဲ့ကြလေသည်။

ပထမဆုံး ရောက်ရှိသည့်ကုမ္ပဏီမှာ အလှကုန်နှင့် အရေပြားထိန်းသိမ်းမှုပစ္စည်းများ တိုက်ရိုက်ထုတ်လွှင့် ရောင်းချသည့် ကုမ္ပဏီဖြစ်သည်။ လုံယုနှင့် ရှီရွှမ်းတို့က စိတ်မဝင်စားသော်လည်း ဟွမ်ကျိဟွေးကမူ မြင်မြင်ချင်း မျက်လုံးများ အရောင်တောက်ပသွားတော့သည်။

သူမက ယောင်ရန်ကို ဆွဲခေါ်ကာ ပျော်ရွှင်စွာ ရွေးချယ်တော့သည်။ နာမည်ကြီး အလှကုန်ပစ္စည်းများ၊ မျက်နှာပေါင်းတင်စက်များ၊ နှုတ်ခမ်းနီများနှင့် ဈေးကြီးသော ခရင်မ်များမှာ နေရာအနှံ့ ပုံနေသည်။

ဟွမ်ကျိဟွေးသည် တွေဝေမနေဘဲ ဈေးကြီးသော ပစ္စည်းအားလုံးကို သူမ၏ ကျောပိုးအိတ်ထဲသို့ ထည့် လိုက်သည်။ ယောင်ရန်ကမူ ဟွမ်ကျိဟွေး မလိုချင်သည့် ပစ္စည်းများကို ကောက်ယူပြီး သူမ သတိ မထားမိခင်မှာပင် နေရာလွတ် ထဲသို့ တိတ်တဆိတ် ထည့်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် ကျားရှန်းနှင့် တန်ချီချီတို့အတွက်လည်း အလှကုန်အချို့ကို ရွေးချယ်ပေးခဲ့ကြလေသည်။

အမျိုးသားများမှာမူ ထိုပစ္စည်းများကို စိတ်မဝင်စားဘဲ အသက်ရှင်သန်ရေးအတွက် အသုံးဝင်မည့် ရိက္ခာ များကိုသာ ရှာဖွေနေကြသည်။ ရှာဖွေပြီးစီးသောအခါ ဒုတိယမြောက် တိုက်ရိုက်ထုတ်လွှင့်ရေး ကုမ္ပဏီ သို့ ဆက်သွားခဲ့လိုက်ကြသည်။

မထွက်ခွာမီ လုံယုက ၊

"ယောင်ရန်... ငါတို့ အပေါ်ထပ်ကို အရင်သွားကြည့်လိုက်ဦးမယ်။ မင်းတို့ အလုပ်ပြီးရင် ငါတို့ကို လာရှာ လိုက်လေ….။"

"ကောင်းပါပြီ…"

ယောင်ရန်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။

ဟွမ်ကျိဟွေးက သူမ၏ ကျောပိုးအိတ် တစ်ဝက်ခန့် ပြည့်သွားသောအခါ ၊

"အစ်မယောင်ရန်... ကျွန်မ အပေါ်ကို အရင်တက်သွားနှင့်မယ်နော်…။" ဟု ပြောလိုက်လေသည်။

"ရတယ်လေ…။"

ဟွမ်ကျိဟွေး ထွက်သွားသည်နှင့် ယောင်ရန်သည် ကျန်ရှိသမျှကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက် ပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့သည်။ ယောင်ရန်သည် ဒုတိယမြောက် ကုမ္ပဏီထဲသို့ မဝင်မီမှာပင် လုံယုနှင့် ရှီရွှမ်းတို့ ပြန်ထွက်လာသည်ကို တွေ့လိုက်ရသည်။

၎င်းတို့၏ အမူအရာမှာ အောင့်သက်သက် ဖြစ်နေသည်ကို တွေ့ရသဖြင့် သူမက နားမလည်နိုင်စွာ မေးလိုက်သည်။

"ဒီအထပ်ကို ရှာပြီးပြီလား…။"

လုံယုက ခေါင်းခါပြပြီး ပြောလိုက်လေသည်။

"ဒီကုမ္ပဏီကလည်း မင်းနဲ့ ကျိဟွေးတို့အတွက်ပဲ….။"

ထိုသို့ပြောပြီးနောက် ၎င်းတို့နှစ်ဦးသည် ယောင်ရန်က ထပ်မံမေးမြန်းခွင့်ပင်မရဘဲ အပေါ်ထပ်သို့ အလျင် အမြန် တက်သွားကြသည်။ သူမ ဇဝေဇဝါဖြစ်ရင်း ရုံးခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ ဆွဲဆောင်မှု ရှိသော အတွင်းခံအင်္ကျီ များကို ချိတ်များဖြင့် တန်းစီချိတ်ဆွဲကာ ပြသထားသည်ကို တွေ့လိုက်ရသည်။

လုံယုနှင့် ရှီရွှမ်းတို့ အဘယ်ကြောင့် အလောတကြီး ထွက်ပြေးသွားကြသည်ကို ယောင်ရန် တစ်ယောက် သဘောပေါက်သွားပြီး ခပ်တိုးတိုး ရယ်မောလိုက်မိလေသည်။

သူမ ရယ်နေစဉ် ဟွမ်ကျိဟွေးက လှမ်းမြင်သွားပြီး မေးလိုက်သည်။

"အစ်မယောင်ရန်... အင်္ကျီတွေ ရွေးဦးမလား…."

"ညီမ အရင်ရွေးလိုက်ပါ။ အစ်မ တခြားနေရာ သွားကြည့်လိုက်ဦးမယ်….။" ဟု ပြောကာ ယောင်ရန်သည် စီအီးအို ရုံးခန်းဆီသို့ လျှောက်သွားခဲ့လိုက်လေသည်။

သူမ၏ အတွေ့အကြုံအရ စီအီးအိုရုံးခန်းထဲရှိ ပစ္စည်းများမှာ အမြဲတမ်း ပိုကောင်းတတ်သည်ပင်။ ယောင်ရန် သည် ကျောပိုးအိတ်ထဲမှ တူကိုထုတ်ကာ သော့ကို ခွဲလိုက်ပြီးနောက် အတွင်းသို့ ဝင်သွားခဲ့ သည်။ စီအီးအိုရုံးခန်းထဲသို့ ရောက်သည်နှင့် သူမ၏ မျက်ခုံးများပင် ပင့်တက်သွားရလေသည်။

ဤမျှ ခမ်းနားထည်ဝါသော ရုံးခန်းထဲတွင် ပစ္စည်းကောင်းများ ရှိမည်မှာ သေချာသည်။ သူမ ပတ်ပတ် လည်ကို ကြည့်လိုက်သောအခါ အခန်းထောင့်ရှိ မီးခံသေတ္တာကို မြင်လိုက်ရသည်။ ၎င်းကို ဖွင့်ရန် အချိန် မရှိသဖြင့် ယောင်ရန်သည် မီးခံသေတ္တာကို သူမ၏ နေရာလွတ်ထဲသို့ တိုက်ရိုက် ထည့်လိုက်လေသည်။

ပြသထားသော ရှေးဟောင်းပစ္စည်းအချို့ကို တွေ့သောအခါတွင်လည်း ယောင်ရန်သည် အားမနာတော့ ဘဲ အားလုံးကို သိမ်းဆည်းလိုက်သည်။ သူမ စီအီးအိုရုံးခန်းမှ ထွက်လာသောအခါ ဟွမ်ကျိဟွေးသည် သူမကိုယ်တိုင်နှင့် တန်ချီချီ၊ ကျားရှန်းတို့အတွက် အဝတ်အစားများ ရွေးချယ်ပြီးနေပြီ ဖြစ်သည်။

သူမက ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည်။

"ဘာများကောင်းတာလေးတွေ တွေ့သေးလဲ…။"

"ဘာမှ ထူးထူးခြားခြား တွေ့တာမရှိပါဘူး။ ရှေးဟောင်းပစ္စည်း အနည်းနည်းပါးပါး ပါပဲ…။"

ယောင်ရန်က ခေါင်းခါပြကာ တည်ငြိမ်စွာပင် ဖြေလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ဟွမ်ကျိဟွေးက စိတ်မဝင်စားတော့ဘဲ ၊

"အစ်မယောင်ရန်... ကျွန်မ အစ်ကိုရွှမ်းဆီကို အရင်သွားလိုက်ဦးမယ်နော်….။" ဟု ပြောလိုက်သည်။

"ရတယ်လေ…။"

ယောင်ရန်သည် အဝတ်အစားများ ရွေးနေဟန် ဆောင်နေပြီး ဟွမ်ကျိဟွေး ထွက်သွားသည်နှင့် အသုံးဝင် မည့် အရာအားလုံးကို သူမ၏ နေရာလွတ်ထဲသို့ အလျင်အမြန် ထည့်လိုက်လေသည်။

အကယ်၍ လုံယုတို့အဖွဲ့ တစ်ခုခု ရိပ်မိသွားမှာကို စိုးရိမ်စရာမရှိပါက ယောင်ရန်သည် သစ်သား ပရိဘောဂ အားလုံးကိုပါ သယ်သွားချင်မိသည်။ အလွန်အမင်း အေးစက်သော ရာသီဥတု ရောက်လာ သည့်အခါ ဤအရာများက အသက်ကယ်ပေးနိုင်မည် ဖြစ်သည်။ ကံမကောင်းစွာဖြင့် လက်ရှိတွင် သူမ ထိုသို့ မလုပ်နိုင်သေးပေ။

ဒုတိယမြောက် ကုမ္ပဏီမှ ထွက်ခွာလာခဲ့ပြီးနောက် ယောင်ရန်သည် အပေါ်ထပ်သို့ တက်ခဲ့လိုက်သည်။ ဟွမ်ကျိဟွေးက သူမ လာသည်ကို မြင်သောအခါ လက်လှမ်းပြကာ ခေါ်လိုက်သည်။

"အစ်မယောင်ရန်... ဒီကိုလာပြီး အစ်မကြိုက်တဲ့ မုန့်တွေ လာရွေးဦးလေ….။"

ယောင်ရန်သည် တတိယမြောက် ကုမ္ပဏီသို့ ဝင်သွားသောအခါ ၎င်းမှာ အစားအသောက်နှင့် အချိုရည် များကို တိုက်ရိုက်ထုတ်လွှင့်ရောင်းချသည့် ကုမ္ပဏီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကံမကောင်းသည်မှာ ထိုနေရာတွင် မုန့်များနှင့် အချိုရည်ဘူးများကိုသာ အဓိက ကြော်ငြာရောင်းချခြင်း ဖြစ်သည်။

အမဲသားခြောက်၊ ဆိတ်သားခြောက်၊ အစေ့အဆန်များ၊ ပေါင်မုန့်နှင့် မုန့်မျိုးစုံ၊ နာမည်ကြီး အချိုရည်များ နှင့် ရေခဲမုန့်များ အပါအဝင် နာမည်ကြီး မုန့်အမျိုးမျိုး ရှိနေသည်။ သို့သော် ရေခဲမုန့်များမှာမူ ရေခဲ သေတ္တာထဲတွင် အရည်ပျော်နေကြပြီ ဖြစ်သည်။

ထိုပစ္စည်းများမှာ နေရာအတော်ယူသဖြင့် ပလတ်စတစ်အိတ်ကြီး အတော်များများ ပြည့်သွားခဲ့သည်။ ရှီရွှမ်းသည် အသုံးအဆောင်ပစ္စည်းများ ထားသည့်အခန်းတွင် အမှိုက်အိတ်အသစ် အချို့ကို တွေ့သဖြင့် ယူဆောင်လာခဲ့သည်။ ထိုအရာများမှာ နောင်တွင် အသုံးဝင်လာနိုင်ပေသည်။

အချိန်များက ကုန်ဆုံးသွားသည်မှာ မြန်လှသည်။ ဤကဲ့သို့ အတူတူ လိုက်ရှာနေခြင်းမှာ အချိန်ကုန်ပြီး ထိရောက်မှု မရှိပေ။

လုံယုက ၎င်းတို့ကို ကြည့်ကာ ပြောလိုက်သည်၊

"ငါတို့ လူခွဲလိုက်ကြရအောင်။ အပေါ်မှာ ရှာဖို့ ကျန်သေးတဲ့ အထပ်ပေါင်း တစ်ဆယ့်ခြောက်ထပ် ရှိသေး တယ်။ ငါတို့ တစ်ယောက်ကို လေးထပ်စီ ခွဲရှာကြတာပေါ့….။"

ကျန်သုံးယောက်လုံးကလည်း သဘောတူကြသဖြင့် အထပ်များကို အမြန်ခွဲဝေလိုက်ကြသည်။ ယောင်ရန် သည် အမြင့်ဆုံး လေးထပ်ကို ရွေးချယ်လိုက်ပြီး အပေါ်ဆုံးထပ်မှစ၍ အောက်ဘက်သို့ ဆင်းကာ ရှာဖွေရန် ဆုံးဖြတ်လိုက်လေသည်။

အပေါ်ဆုံးထပ်ရှိ ကုမ္ပဏီမှာမူ ရှို့တူးမြို့တော်မှ နာမည်ကြီး အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီ၏ ရုံးခွဲ တစ်ခု ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

All Chapters