အခန်း (၉၈၇-၉၈၈)
Vol. 96 Ch. 987-988
အခန်း ၉၈၇ ပြဿနာ
လုဝမ်သည် သူ အသက်ပြန်ရှင်လာရခြင်းမှာ လုံချန်းအား ပြန်လည်တိုက်ခိုက်ရန်အတွက် အသုံးချခံရခြင်းသက်သက်သာ ဖြစ်သည်ဟု တွေးတောနေမိသည်။
'ဟင်း... အဲဒါက အမှန်တရားဆိုရင်တောင် ငါ ဘာလုပ်နိုင်မှာလဲ။ အဲဒီလူကလည်း အရမ်း အစွမ်းထက်လွန်းတယ်။ သူ ကိုယ်တိုင် လုံချန်းကို မသတ်တာက ဒီကိစ္စတွေထဲမှာ သူကိုယ်တိုင် ပါဝင်ပတ်သက်လို့ မရလို့ပဲ ဖြစ်ရမယ်။ ငါကတော့ သူ့စကားကို နားထောင်ရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ ဒါ့အပြင်... ဟိုအရာက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိနေတာပဲလေ'
"အဲဒီနောက်မှာတော့ သူတို့ ဒီကို ရောက်လာကြတာပဲ"
ဧကရာဇ်သည် မင်ယု ပြောပြခဲ့သည့် ဇာတ်လမ်းကို လုဝမ်အား ပြောပြ၍ အဆုံးသတ်လိုက်သည်။
"ကဲ... မင်း ဘာပြောမလဲ။ သူ ပြောတာက အမှန်လား၊ ဒါမှမဟုတ် မင်း ပြောတာက အမှန်လား" သူက သူ၏ သားဖြစ်သူအား မေးလိုက်၏။
လုဝမ်သည် ရှေ့သို့ နှစ်လှမ်းတိုးလိုက်ပြီး ဒူးတစ်ဖက် ထောက်လိုက်လေသည်။ လုကျွင်းဝေသည် သူ၏ သားဖြစ်သူ၏ တုံ့ပြန်မှုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူ ဘာလုပ်တော့မည်နည်း။
"ကျွန်တော် တောင်းပန်ပါတယ် ခမည်းတော်... ကျွန်တော် ခမည်းတော်ကို လိမ်ပြောခဲ့မိပါတယ်။ မင်ယု ပြောတာ မှန်ပါတယ်။ ဖေကျန်က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တာပါ" လုဝမ်က ခေါင်းငုံ့လျက် အမှန်အတိုင်း ဝန်ခံလိုက်လေသည်။
"မင်ယုက အဲဒါကို မြင်သွားတာ ဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ကျွန်တော် သေပြီအထင်နဲ့ ကျင်းထဲကို ပစ်ချခဲ့ကြတာ။ ကံကောင်းလို့ အဖိုးအိုတစ်ယောက်က ကျွန်တော့်ကို ကူညီခဲ့တာပါ။ ကျွန်တော် အကြာကြီး သတိမေ့နေခဲ့ပြီး အခုတလောမှ ပြန်နိုးလာတာ။ အဲဒီနောက်မှာတော့ ဒီကို တန်းပြန်လာခဲ့တာပါ" သူက ထပ်လောင်း အကြောင်းပြချက် ပေးလိုက်သည်။
ဧကရာဇ်သည် ဒေါသတကြီးဖြင့် ပလ္လင်၏ လက်တန်းကို ရိုက်ချလိုက်ကာ ထရပ်လိုက်လေတော့သည်။
"ဒီသုံးလောကက ကောင်တွေ၊ ငါတို့ရှေ့မှာတော့ သူငယ်ချင်းလိုလိုနဲ့ အနောက်ကနေ ကျောကို ဓားနဲ့ ထိုးဖို့ ကြိုးစားနေကြတာလား။ ငါ့သားကို သတ်ဖို့အထိတောင် သတ္တိရှိနေကြတာပဲ။ သူတို့ကို ငါ အမှုန့်ကြိတ်ပစ်မယ်" သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
ကံကောင်းသည်မှာ သူ၏ ဟိန်းဟောက်သံကို သူ၏ သားဖြစ်သူမှလွဲ၍ မည်သူမျှ မကြားနိုင်ခြင်းပင် ဖြစ်သည်။
"မင်း ဘာလို့ ငါ့ကို လိမ်ပြောခဲ့တာလဲ" သူက သားဖြစ်သူကို စိုက်ကြည့်ကာ မေးလိုက်၏။
"အဲဒီအကြောင်းပြချက်ကြောင့်ပါပဲ။ ခမည်းတော် စိတ်အနှောင့်အယှက်ဖြစ်ပြီး နောက်ထပ် စစ်ပွဲတစ်ပွဲ ဖြစ်လာမှာကို ကျွန်တော် မလိုလားလို့ပါ။ ကျွန်တော် ပြန်ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အင်ပါယာရဲ့ အခြေအနေက စစ်ပွဲတွေ အကြာကြီး တိုက်ခိုက်ခဲ့ရလို့ အတော်လေး ဆိုးရွားနေပါပြီ။ နောက်ထပ် စစ်ပွဲတစ်ပွဲကို ကျွန်တော်တို့ မတိုက်နိုင်တော့ဘူး။ ဒါကြောင့် အမှန်တရားကို ဖုံးကွယ်ပြီး လိမ်ပြောခဲ့မိတာပါ" မင်းသားက ခေါင်းငုံ့လျက် ပြန်ဖြေလိုက်၏။
ဧကရာဇ်သည် သူ၏ သားဖြစ်သူကို ထူးဆန်းသလို ကြည့်လိုက်မိသည်။ ဤကလေးသည် ထိုကဲ့သို့ အခြေအနေမျိုး ကြုံခဲ့ရပါလျက်နှင့် ကလဲ့စားချေလိုစိတ်ထက် အင်ပါယာ၏ အကျိုးကိုသာ ရှေးရှုနေသည်လော။ ဤကဲ့သို့သော သားမျိုးကို သူ မည်သို့ ဒေါသထွက်နိုင်မည်နည်း။
သူသည် သက်ပြင်းတစ်ချက်ချရင်း အောက်သို့ ငုံ့ကြည့်လိုက်မိသည်။
"ရပါပြီ။ မင်း တောင်းပန်စရာ မလိုပါဘူး။ ဒါပေမဲ့လည်း မင်း ငါ့ကို အမှန်အတိုင်း ပြောပြသင့်တာပေါ့။ မင်ယုက အမှန်အတိုင်း ပြောနေတာကို ငါက သူ့ကို လိမ်နေတယ်လို့ ထင်ခဲ့မိတာ။ ငါ့သမီးကို သံသယဝင်ခဲ့မိတာ တကယ့်ကို ရှက်ဖို့ကောင်းလိုက်တာ" ဧကရာဇ်က ခေါင်းခါရင်း ဆိုလိုက်သည်။ "ငါ သူမကို အခု သွားပြီး တောင်းပန်ရမယ်"
"ထပါ... မင်းရဲ့ စိတ်ထဲမှာ အကောင်းဆုံး ရည်ရွယ်ချက် ရှိနေခဲ့တာပဲ။ အဲဒီအတွက် စိတ်မကောင်း မဖြစ်ပါနဲ့။ ငါ့ကို လိမ်ပြောခဲ့တဲ့ အမှားအတွက်လည်း ငါ ခွင့်လွှတ်ပါတယ်။ မင်းက ငယ်ပါသေးတယ်... စိုးရိမ်တာကတော့ သဘာဝပါပဲ။ ငါ အော်မိတာကိုလည်း တောင်းပန်ပါတယ်"
လုံချန်းသည် မင်ယုအား နမ်းနေရင်း သူ၏ လက်များက သူမ၏ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်နေမိသည်။
"နေဦး" မင်ယုက လုံချန်း၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၏။
"ဘာဖြစ်လို့လဲ" လုံချန်းက သူမ၏ လှပသော မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"အခု မလုပ်ရသေးဘူးလေ" သူမက ရှက်ရွှံ့နေသော မျက်နှာဖြင့် ဆိုလိုက်၏။
"ဘာလို့လဲ" လုံချန်းက သူ၏ လက်များကို သူမ၏ ရင်သားပေါ်တွင် တင်ထားဆဲပင်။
"ငါ သွားစရာ ရှိလို့ပါ။ မယ်တော် နေမကောင်းဘူးဆိုတော့ ဒီနေ့ ငါ သူ့အနားမှာ နေပေးရမယ်။ ညထိ စောင့်ပေးလို့ ရမလား" သူမက ချစ်စဖွယ် မျက်လုံးလေးများဖြင့် ခွင့်တောင်းလေသည်။
လုံချန်းက အဘယ်ကြောင့်မှန်း မသိသော်လည်း အိမ်ပြန်ရောက်နေသော မင်ယုမှာ ပို၍ ချစ်စရာကောင်းနေသည်ဟု ခံစားလိုက်ရသည်။ ယခင်က သူမသည် စိတ်ဓာတ်ပြင်းထန်သော အမျိုးသမီးတစ်ဦး ဖြစ်ခဲ့သော်လည်း အိမ်တွင်မူ သူမသည် ကလေးတစ်ယောက်ကဲ့သို့ ခွင့်တောင်းနေသည် မဟုတ်လော။
လုံချန်းက သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွလေး နမ်းလိုက်ပြီး ဘေးသို့ လှိမ့်ချလိုက်ကာ သူမအား လွှတ်ပေးလိုက်လေသည်။
"ကောင်းပါပြီ။ အဲဒါကလည်း အရေးကြီးတာပဲလေ" သူက အမိုးကို ကြည့်ရင်း ရေရွတ်လိုက်၏။
မင်ယုက ထထိုင်လိုက်ပြီး သူ၏ ရင်ဘတ်ပေါ်သို့ လက်တင်ကာ မေးလိုက်သည်။ "စိတ်ဆိုးသွားတာလား... ငါ တောင်းပန်ပါတယ်နော်"
"မဟုတ်ပါဘူး... စိတ်မပူပါနဲ့။ ငါ စိတ်မဆိုးပါဘူး။ နင် မရှိတဲ့ အချိန် နာရီပိုင်းလေးတောင် နင့်ကို ငါ ဘယ်လောက်အထိ လွမ်းနေမလဲဆိုတာကို တွေးနေတာပါ" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်သည်။
"ငါ ခဏနေရင် ပြန်လာမှာပါ။ နင်က ငါ့ကို သိပ်တောင် လွမ်းဖို့ အချိန်ရမှာ မဟုတ်ပါဘူး" မင်ယုက ကျေးဇူးတင်သည့်အလား လုံချန်းကို ပြန်လည် နမ်းလိုက်လေသည်။
ဤတစ်ကြိမ် နမ်းရှိုက်မှုက အတော်လေး ကြာရှည်သွားပြီး ငါးမိနစ်ခန့် ကြာပြီးမှသာ သူမသည် လုံချန်းကို လွှတ်ပေးလိုက်၏။ သူမ၏ အသက်ရှူသံများမှာ မောဟိုက်နေပြီး မျက်ဝန်းများမှာလည်း ဝေဝါးနေလျက် လုံချန်း၏ ရွှေရောင်မျက်လုံးများကို စိုက်ကြည့်နေသည်။
"နင့်ကို ငါ သိပ်ချစ်တာပဲ" သူမက ပြောဆိုပြီးနောက် ကုတင်ပေါ်မှ ဆင်းလိုက်လေသည်။
"ညကို မစောင့်နိုင်တော့ဘူး" သူမက ထပ်ပြောကာ အခန်းထဲမှ ပြေးထွက်သွားလေတော့သည်။
အခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော လုံချန်းသည် မျက်လုံးများကို မှိတ်ကာ လက်မောင်းဖြင့် အုပ်ထားလိုက်မိသည်။
"ကျိချင်းနဲ့ တခြားသူတွေကိုလည်း ငါ လွမ်းနေမိပြီ။ သူတို့ကို မတွေ့ရတာ တော်တော်တောင် ကြာသွားပြီပဲ။ သူတို့ကို ဒီကို ခေါ်ထုတ်လာသင့်သလား။ ဒါပေမဲ့ မင်ယုရဲ့ အဖေက ငါ့မှာ တခြားဇနီးတွေ ရှိတာကို မသိသေးဘူး။ သူသာ သိသွားရင် ငါ့ကို တကယ်ကြီး သတ်ပစ်မှာ။ သူအပေါ်မှာ တည်ဆောက်ထားတဲ့ ငါ့ရဲ့ ပုံရိပ်ကောင်းတွေ အကုန် ချက်ချင်း ပျက်စီးသွားလိမ့်မယ်" သူက တခြားဇနီးသည်များနှင့် မည်သို့ တွေ့ဆုံရမည်ကို တွေးတောနေမိသည်။
ဧကရာဇ်က သိသွားမည်လား သူ မသေချာချေ။ ထိုလူကြီးသည် သူ အခန်းထဲတွင် မရှိသည်ကိုပင် သိနိုင်စွမ်းရှိသည် မဟုတ်လော။ အကယ်၍ သူသာ တခြားဇနီးသည်များကို ထုတ်ပြလိုက်လျှင် ထိုလူ သိသွားနိုင်ပြီး ၎င်းမှာ ပြဿနာအကြီးကြီး ဖြစ်လာပေလိမ့်မည်။
မိမိသမီး၏ ခင်ပွန်းတွင် ဇနီးသည် ငါးယောက်ထက်မက ရှိနေသည်ကို ဖခင်တစ်ယောက် သိသွားပါက မည်သို့မျှ အခြေအနေကောင်းမည် မဟုတ်ပေ။
"ဟင်း... ငါသာ သူ့နေရာမှာဆိုရင်လည်း ဒေါသထွက်မှာပဲ။ ငါ့သမီးရဲ့ ခင်ပွန်းမှာ တခြားမိန်းမတွေ ရှိနေရင် သူ့ခြေထောက်ကို ငါ ရိုက်ကျိုးပစ်မှာ။ ဒါက ဒီကမ္ဘာမှာ ပုံမှန်ကိစ္စ ဖြစ်နေရင်တောင်မှ ဖခင်တိုင်းရဲ့ စိတ်ကတော့ ဘယ်ကမ္ဘာမှာမဆို အတူတူပဲ ဖြစ်ရမယ်" လုံချန်းက ခပ်ယဲ့ယဲ့ ပြုံးလျက် ရေရွတ်လိုက်၏။
"မနက်ဖြန်ကျရင် မြို့ထဲ လည်ပတ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နန်းတော်အပြင်ကို ခဏ ထွက်ရမယ်။ သူတို့ကို အပြင်ထုတ်ပြီး အခြေအနေကို ရှင်းပြမှ ဖြစ်မယ်။ ဒီမှာ ကံကြမ္မာ နိယာမကို နားလည်အောင် ကြိုးစားရဦးမှာဆိုတော့ လနဲ့ချီပြီး ကြာနိုင်တယ်။ သူတို့ကို အမှောင်ထဲမှာ ပစ်မထားနိုင်ဘူး။ အဖေနဲ့ အမေလည်း စိုးရိမ်နေကြမှာပဲ"
"မနက်ဖြန် မြို့ထဲ လည်မယ်လို့ ပြောရင် သူတို့ တားမှာ မဟုတ်ပါဘူး။ အဲဒီအချိန်ကျမှ လုပ်လို့ရမယ်။ ပြဿနာတစ်ခုကတော့ ငါ့နောက်ကို အစောင့်တွေ ထည့်ပေးလိုက်ရင်ပဲ..."
"အဲဒီအစောင့်ကို ဖယ်ထုတ်ပစ်တာ ဒါမှမဟုတ် တစ်နေရာရာမှာ မျက်ခြေဖြတ်ခဲ့မှ ဖြစ်မယ်" သူက ဆုံးဖြတ်လိုက်လေသည်။
အခန်း ၉၈၈ ရတနာ
လုံချန်းသည် နေ့လယ်ခင်း တစ်ခင်းလုံးကို သူ၏ အခန်းထဲ၌ပင် ကုန်ဆုံးစေခဲ့ပြီး လောလောဆယ်တွင် ထွေထွေထူးထူး လုပ်စရာ မရှိသေးသဖြင့် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကို အသုံးချနေခဲ့သည်။
သူသည် ညနေခင်းတွင် ဧကရာဇ်နှင့် တွေ့ဆုံရန် စီစဉ်ထားသဖြင့် ထိုအချိန်အထိ ကျင့်ကြံနေခြင်း ဖြစ်သည်။
တောက်ပသော နေ့အလင်းရောင်များ တဖြည်းဖြည်း မှိန်ဖျော့လာပြီး ညနေခင်း ရောက်ရှိလာတော့မည်ကို အချက်ပြနေသကဲ့သို့ အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
လုံချန်းသည် ကုတင်ပေါ်တွင် ထိုင်နေခဲ့ပြီး လှုပ်ရှားရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်ရသည့် အခါမှသာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ကုတင်ဘေးသို့ တိုးသွားကာ ကုတင်ပေါ်တွင် ခင်းထားသော ကတ္တီပါ အိပ်ရာခင်းပေါ်မှ ဆင်းလိုက်၏။
ခြေထောက်များကို မြေပြင်ပေါ်တွင် ချလိုက်ပြီး သူ၏ အဝတ်အစားများအား သေသေချာချာ ပြန်လည် ပြင်ဆင်လိုက်သည်။ အေးစိမ့်နေသော တံခါးလက်ကိုင်ကို ဆွဲဖွင့်ကာ စင်္ကြံရှည်ကြီးထဲသို့ ခြေလှမ်းလိုက်လေသည်။
သူသည် ယခင်က မြင်တွေ့ဖူးသည့် ပလ္လင်ခန်းမဆီသို့ လျှောက်လှမ်းသွား၏။ ၎င်းမှာ သူနှင့် မင်ယု ပထမဆုံးအကြိမ် ကြယ်တာရာ ဧကရာဇ်ကို စတင်တွေ့ဆုံခဲ့သော လှပခမ်းနားလှသည့် ခန်းမကြီးပင် ဖြစ်သည်။
သူ ပလ္လင်ခန်းမသို့ လျှောက်သွားစဉ်တွင် ထက်မြက်သော လက်နက်များကို ကိုင်ဆောင်ထားကြသည့် အစောင့်အကြပ်များစွာအား ဖြတ်သန်းသွားခဲ့ရသည်။
"ကြင်ယာတော်မင်းသားကို ဂါရဝပြုပါတယ်"
အစောင့်အားလုံးက လုံချန်းအား ရိုသေစွာ နှုတ်ဆက်ကြသည်။ သူသည် မင်ယု၏ ခင်ပွန်းဖြစ်သဖြင့် ဤကြီးမားလှသော နန်းတော်သို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း အစောင့်များအားလုံးမှာ သူ့အကြောင်းကို ကြိုတင် အသိပေးခြင်း ခံထားရပြီးသား ဖြစ်သည်။
လုံချန်းကို တစ်ခါမျှ မမြင်ဖူးသည့် အစောင့်များပင်လျှင် လုံချန်းအတွက် ပြဿနာတစ်စုံတစ်ရာ မဖြစ်စေရန်အတွက် သူ၏ ပုံတူပန်းချီကားအား ကြိုတင် ကြည့်ရှုထားကြရသည်။
လုံချန်းကလည်း အစောင့်များ၏ နှုတ်ဆက်မှုကို ခေါင်းညိတ်ပြရင်း ခရီးဆက်ခဲ့၏။ အတော်အတန် လျှောက်လှမ်းပြီးနောက်တွင် သူသည် ပလ္လင်ခန်းမသို့ ရောက်ရှိသွားလေတော့သည်။
"ဧကရာဇ်မင်းမြတ် အထဲမှာ ရှိလား" သူက အပြင်တွင် ရပ်နေသော အစောင့်များကို မေးလိုက်၏။
"ရှိပါတယ်" အစောင့်များက တိုတိုတုတ်တုတ်ပင် ပြန်ဖြေကြသည်။
လုံချန်းသည် ရှေ့သို့ တိုးသွားကာ တံခါးကို တွန်းဖွင့်လိုက်ပြီး အတွင်းသို့ ဝင်လိုက်လေသည်။ သူသည် ပလ္လင်ခန်းမ အလယ်သို့ လျှောက်သွားကာ ခေါင်းကို အနည်းငယ် ညွှတ်၍ ဂါရဝပြုလိုက်၏။ "ယောက္ခမ... ကျွန်တော်ကို လာတွေ့ဖို့ ပြောထားတယ်ဆိုလို့ပါ"
ယနေ့တွင် ပလ္လင်ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်ကို သူ သတိပြုမိလိုက်သည်။ ဧကရာဇ်နှင့် သူမှလွဲ၍ မည်သူမျှ မရှိချေ။
ဧကရာဇ်သည် လုဝမ်နှင့် စကားပြောဆိုပြီး၍ ပြန်လွှတ်လိုက်ပြီ ဖြစ်သဖြင့် လုံချန်း ရောက်လာချိန်တွင် သူတစ်ဦးတည်းသာ ရှိနေခြင်း ဖြစ်သည်။
"မှန်တယ်။ ငါ မင်းကို ဒီကို ခေါ်လိုက်တာပါ။ ဘာကြောင့် ခေါ်ရသလဲဆိုတာကိုလည်း မင်း သိပြီးသားဖြစ်မှာပါ... ဟုတ်တယ်မလား" ဧကရာဇ်က ရွှန်းလဲ့သော အပြုံးဖြင့် မေးလိုက်၏။
"သြော်... ကျွန်တော့်ကို ဆုလာဘ်တစ်ခု ပေးဖို့လား" လုံချန်းက တိုက်ပွဲတွင် အနိုင်ရပါက ထူးခြားသော ဆုလာဘ်တစ်ခု ပေးမည်ဟု ထိုလူ ပြောခဲ့သည်ကို ပြန်လည် သတိရကာ မေးလိုက်သည်။
"မင်းကို ဆုလာဘ်ပေးဖို့ရော၊ ပြီးတော့ ငါတို့ မိသားစုထဲကို တရားဝင် လက်ခံဖို့အတွက်ရော ခေါ်လိုက်တာပါ။ အခု မင်းက ငါတို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီ။ ကဲ... ဆုလာဘ်ကို မြင်ရဖို့ စိတ်လှုပ်ရှားနေပြီလား" ဧကရာဇ်က မေးလိုက်သော်လည်း လုံချန်း၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။
ဧကရာဇ်က စိတ်လှုပ်ရှားနေပုံရသော်လည်း လုံချန်းမှာမူ ရတနာပစ္စည်းများအပေါ် ရမ္မက်ဆန္ဒ ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် ရတနာများ ရရှိခြင်းကို ကြိုက်နှစ်သက်သော်လည်း ၎င်းတို့မှာ သူ့အား ယခင်ကကဲ့သို့ ကျေနပ်မှုကို မပေးနိုင်တော့ချေ။
သူက မည်သည်ကိုများ တောင်းဆိုနိုင်ဦးမည်နည်း။ သူ့တွင် အနည်းဆုံး ကောင်းကင်ဘုံအဆင့် ရှိသော ခုခံရေးလက်နက် ဖီးနစ်သွေးဝတ်ရုံ ရှိထားပြီးသား ဖြစ်သည်။
ထို့အပြင် သူနှင့်အတူ အမြဲ အားကောင်းလာနေသည့် ဘုရင်ဓားလည်း ရှိသေးသည်။
၎င်းတင်မကဘဲ ထူးခြားသော စွမ်းအားများ ရှိသည့် ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး လက်နက်ဖြစ်သော အချိန်ဓားလည်း ရှိနေပြန်သည်။
ထိုလက်နက်တွင် ယခုထက် ပိုမိုသော စွမ်းအားများ ရှိနေဦးမည်ကို သူ သေချာပေါက် သိထားသော်လည်း ၎င်း၏ စွမ်းအားအပြည့်အဝအား မည်သို့ ထုတ်ဖော်ရမည်ကိုမူ မသိသေးချေ။ လောလောဆယ်တွင် ၎င်းကို ရိုးရိုးလက်နက်တစ်ခုကဲ့သို့သာ သုံးနိုင်သေးသော်လည်း ၎င်းမှာ နတ်ဘုရားအဆင့် လက်နက် ဖြစ်နေသည်မှာ အမှန်ပင်။
တခြားသော ရတနာများစွာလည်း သူ့တွင် ရှိနေသော်လည်း သူ အသုံးမပြုဖြစ်သည်မှာ များလှသည်။ ထိုအထဲတွင် နတ်ကောင်းကင်ဘုံဂိုဏ်းမှ ရရှိခဲ့သော ထူးဆန်းသည့် လက်အိတ်များလည်း ပါဝင်သည်။ ၎င်းတို့၏ ထူးခြားချက်ကိုလည်း သူ ရှာမတွေ့သေးချေ။
အတွေ့အကြုံများစွာ ဖြတ်သန်းလာပြီးနောက်တွင် သူသည် ရတနာများကို မြင်ရုံနှင့် စိတ်လှုပ်ရှားတတ်သည့် ကလေးတစ်ယောက် မဟုတ်တော့ချေ။ သူ၏ ခရီးတစ်လျှောက်တွင် ထိုကဲ့သို့သော အရာများကို မြင်တွေ့ခဲ့ရသည်မှာ များလှပြီ မဟုတ်လော။
ဧကရာဇ်သည် လုံချန်းကို ဇဝေဇဝါဖြင့် စိုက်ကြည့်လိုက်မိသည်။ မင်ယု ပြောပြချက်အရဆိုလျှင် လုံချန်းသည် အစွမ်းထက်ဆုံး ကျင့်ကြံသူမှာ မြေကမ္ဘာအဆင့်မျှသာ ရှိသော နိမ့်ကျသည့် တိုင်းပြည်ငယ်လေးတစ်ခုမှ လာသူဖြစ်သည်။
သူသည် ယခုမျှအထိ တိုးတက်လာနိုင်ခဲ့သည်မှာ ကံကောင်းလှသော်လည်း ကမ္ဘာပေါ်တွင် အစွမ်းထက်ဆုံး ဧကရာဇ်တစ်ဦးက ဆုလာဘ်ပေးမည်ဟု ဆိုလျှင် သူ ပျော်ရွှင်သင့်သည် မဟုတ်လော။ အဘယ်ကြောင့် လုံချန်း၏ အမူအရာမှာ ရတနာကို လက်ခံရယူရသည့်အတွက် ကျေးဇူးတင်နေပုံ မပေါ်ဘဲ ဧကရာဇ်ကသာ သူ့အား ရတနာပေးရသည့်အတွက် ကျေးဇူးတင်နေရသကဲ့သို့ ဖြစ်နေရသနည်း။
"မင်း အနည်းဆုံးတော့ အပြုံးလေးတစ်ခုလောက် ပြသင့်တယ်လေ" ဧကရာဇ်က မနေနိုင်ဘဲ ပြောလိုက်မိသည်။
"သြော်... တောင်းပန်ပါတယ်။ ကျွန်တော် တစ်ခုခုကို တွေးနေမိလို့ပါ။ ကျွန်တော်ရဲ့ ရတနာကို မြင်ရဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်" လုံချန်းက ပြုံး၍ ဆိုလိုက်၏။
"ဒီကောင်လေး... ငါ့ကို အပြုံးတုတွေ လာမပြနဲ့။ ငါ့ကို ငတုံး ထင်နေတာလား" ဧကရာဇ်က ခေါင်းခါရင်း မေးလိုက်သည်။ ထိုအပြုံးမှာ စစ်မှန်သော အပြုံးမဟုတ်သည်ကို သူ ခံစားမိနေသည်။
"ဘာပဲဖြစ်ဖြစ်... ငါ မင်းကို ရတနာ ပေးမှာပါ။ ဒါပေမဲ့ ဒါက ထူးခြားတဲ့ ပုံစံမျိုးနဲ့ လာမှာနော်" သူက ပြုံးလျက် ထပ်လောင်းပြောဆိုလိုက်သည်။
သူသည် ပလ္လင်၏ လက်တန်းပေါ်မှ သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လုံချန်းဘက်သို့ ဝှေ့ယမ်းလိုက်၏။
သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် လုံချန်း၏ ရှေ့မှောက်တွင် လှပသော သေတ္တာနှစ်လုံး ပေါ်လာလေသည်။
သေတ္တာတစ်လုံးမှာ ရွှေစင်ဖြင့် ပြုလုပ်ထားပုံရပြီး ဒုတိယ သေတ္တာမှာမူ ငွေစင်ဖြင့် ပြုလုပ်ထားပုံရသည်။ သေတ္တာနှစ်လုံးစလုံးမှာ အရွယ်အစား တူညီကြပြီး လုံချန်း၏ ဒူးဆစ်အမြင့်လောက် ရှိကြသည်။
"ဒီနှစ်လုံးစလုံးက ကျွန်တော့် အတွက်လား။ ဘာရတနာတွေလဲ" လုံချန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
"တစ်လုံးက မင်းအတွက်၊ နောက်တစ်လုံးကတော့ ငါ့သားအတွက်" ဧကရာဇ်က ပြုံးလျက် ပြန်ဖြေသည်။
"ဒီသေတ္တာ နှစ်လုံးစလုံးက ငါတို့ လုမိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာတွေပဲ။ အဲဒါကို အမျိုးသားတွေကိုပဲ ပေးလေ့ရှိတယ်။ ငါ့မှာ ညီအစ်ကို မရှိတော့ နှစ်လုံးစလုံးကို ငါပဲ ဆက်ခံခဲ့ရတာ" သူက မြေပြင်ပေါ်တွင် ရှိနေသော လှပသည့် သေတ္တာနှစ်လုံးကို ကြည့်ကာ ဆိုလိုက်သည်။
"ငါ့ရဲ့ တစ်ဦးတည်းသော သားကိုပဲ ဒီရတနာနှစ်လုံးစလုံး ပေးမယ်လို့ ငါ မဆုံးဖြတ်ခဲ့ဘူး။ ငါ့ရဲ့ သမက်ဟာလည်း ငါ့သားနဲ့ အတူတူပဲလို့ ငါ သတ်မှတ်ထားတယ်။ ဒါကြောင့် တစ်လုံးက လုဝမ်အတွက် ဖြစ်ပြီး နောက်တစ်လုံးကတော့ ငါ့သမက်အတွက်ပေါ့။ မင်ယု အိမ်ထောင်ကျတဲ့အထိ ငါ ဒီသေတ္တာတွေကို ထုတ်မပြဘဲ စောင့်နေခဲ့တာ" သူက လုံချန်းအား ပြောလိုက်ရာ လုံချန်းမှာမူ မည်သည့်သေတ္တာက သူ့အတွက် ဖြစ်လာမည်နည်းဟု တွေးတောနေမိလေသည်။