အခန်း (၉၉၃-၉၉၄)
Vol. 96 Ch. 993-994
အခန်း ၉၉၃ အကွက်အတွင်းသို့ သက်ဆင်းရခြင်း
မင်းသားလုဝမ်နှင့် လုံချန်းတို့သည် သဘာဝတရားကို အခြေခံ၍ အလှဆင်ထားသော ခမ်းနားထည်ဝါလှသည့် အခန်းတစ်ခန်းအတွင်းသို့ ခြေချလိုက်ကြ၏။ အခန်းတွင်း၌ လှပသော အပင်များဖြင့် ဝေဆာနေပြီး အလယ်ဗဟိုတွင်မူ ငွေသားဖြင့် ပြုလုပ်ထားသော စားပွဲတစ်လုံး ရှိလေသည်။ ထိုစားပွဲပေါ်တွင် ရွှေရောင်ဝင်းပနေသော ဖန်ခွက်နှစ်လုံးကို အသင့်ချထားသည်ကို တွေ့ရ၏။
"ကျေးဇူးပြုပြီး ခဏလောက် ထိုင်စောင့်ပေးပါရှင်။ အစားအသောက်တွေကို အခုပဲ လာပို့ပေးပါ့မယ်" လမ်းပြ အမျိုးသမီးငယ်များက တော်ဝင်မင်းသားနှစ်ဦးအား ရိုသေစွာ လျှောက်တင်ပြီးနောက် အခန်းပြင်သို့ ထွက်ခွာသွားကြသည်။
လုဝမ်က ကုလားထိုင်တစ်လုံးတွင် အေးဆေးစွာ ထိုင်လိုက်သလို လုံချန်းကလည်း ကျန်ရှိသော ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်လိုက်ကာ အစားအသောက်များ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
"ဒါက သဘာဝအလှကို အသားပေးထားတဲ့ စားသောက်ဆိုင်ပေါ့" လုံချန်းက မေးလိုက်သည်။
"ဟုတ်တယ်... ဒါက ဒီမှာ အကျော်ကြားဆုံးနေရာပဲ။ ဒီက အစားအသောက်တွေရဲ့ အရသာဟာ ဒီကုန်းမြေကြီးတစ်ခုလုံးမှာ ဘယ်နေရာမှာမှ ရှာမရနိုင်တဲ့ ထူးခြားမှုမျိုး ရှိတယ်" လုဝမ်က ပြန်ပြော၏။
သူက ဆက်လက်၍ ဆိုပြန်သည်။ "ဝိုင်ဆိုရင်လည်း ဒီနေရာမှာပဲ ရနိုင်တဲ့ အထူးဝိုင်ပေါ့။ အဝေးကလူတွေတောင် ဒီဝိုင်အရသာကို မြည်းစမ်းဖို့ လာကြတာ၊ ဒါပေမဲ့ တော်ဝင်မိသားစုနဲ့ အထက်တန်းလွှာတွေလောက်ပဲ သောက်ခွင့်ရှိတာလေ။ မင်းကလည်း အခု ငါတို့ရဲ့ မိသားစုဝင် ဖြစ်နေပြီဆိုတော့ ဒီနေရာကနေပဲ ခရီးစဉ်ကို စလိုက်တာပေါ့"
‘သီးသန့် ကလပ် တစ်ခုထဲ ရောက်နေသလိုပဲပေါ့လေ’ လုံချန်းက ခပ်ပြုံးပြုံးဖြင့် တွေးလိုက်မိသည်။ အစားအသောက် ကောင်းသည်ဆိုသည်ကို သူ နားလည်သော်လည်း လုဝမ်ကမူ ဤနေရာအား အလွန်အမင်း ထူးခြားသည့် နတ်ဘုံနတ်နန်းကဲ့သို့ တင်စားပြောဆိုနေခြင်းပင်။ ‘တကယ်ပဲ အရသာ ရှိ၊ မရှိတော့ ငါလည်း သိချင်သားပဲ’
ထိုစဉ် လုဝမ်သည် တံခါးဘက်သို့ တစ်ချက်ကြည့်ကာ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားဟန် ပြုမူလိုက်၏။ သူသည် ကုလားထိုင်ကို အနောက်သို့ တွန်းထုတ်ကာ မတ်တပ်ရပ်လိုက်သဖြင့် ကြမ်းပြင်နှင့် ကုလားထိုင် ပွတ်တိုက်သံမှာ အခန်းတွင်း၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"မင်း ဒီမှာပဲ ခဏစောင့်နေဦး၊ ငါ တစ်ခုခုသွားလုပ်စရာ ရှိလို့ အခုပဲ ပြန်လာခဲ့မယ်"
သူသည် တံခါးဆီသို့ လျှောက်သွားပြီး အခန်းပြင်သို့ ထွက်သွားလေ၏။ တံခါးကို ပြန်ပိတ်သွားရန်လည်း သူ မမေ့ခဲ့ချေ။
"ဒီကောင် ဘာဖြစ်တာလဲ... တစ်ခုခု မေ့ကျန်ခဲ့လို့လား" လုံချန်းက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူသည် ဤအချိန်ကို အခွင့်ကောင်းဟု ယူဆလိုက်၏။ နန်းတော်မှ ထွက်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာလည်း တစ်ကိုယ်တည်း လွတ်လပ်ချိန်ရရန်ဖြစ်ပြီး မိမိ၏ မိသားစုထံသို့ ဆက်သွယ်ကာ အခြေအနေအရပ်ရပ်ကို အသိပေးရန် ဖြစ်သည်။ ယခုမူ သူ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီဖြစ်ရာ ဤနေရာမှ ခေတ္တခဏ မျက်ခြေဖြတ်ရန် ဆုံးဖြတ်လိုက်ပြီး မတ်တပ်ရပ်ကာ အခန်းပြင်သို့ ထွက်ခွာခဲ့လေတော့သည်။
အခြားသော အခန်းတစ်ခုအတွင်း၌မူ...
"မင်း ဘာလုပ်ရမလဲဆိုတာ သေချာနားလည်ရဲ့လား"
လုဝမ်သည် ကုလားထိုင်တစ်လုံးတွင် ထိုင်နေပြီး သူ၏ရှေ့ဝယ် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပသော အမျိုးသမီးတစ်ဦးက မျက်တောင်လေးများ ပုတ်ခတ်ကာ ကြည့်နေ၏။
"နားလည်ပါတယ် မင်းသားကြီး... ဒါပေမဲ့ ဒါက နည်းနည်း များမသွားဘူးလားရှင်။ သူက အခု တော်ဝင်မိသားစုဝင် ဖြစ်နေပြီလေ။ တစ်ယောက်ယောက်က အမှန်တရားကို သိသွားရင် ကျွန်မ အသတ်ခံရနိုင်တယ်" ထိုအမျိုးသမီးက စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။
"မပူပါနဲ့... ဘာမှမဖြစ်စေရဘူး။ ငါခိုင်းတဲ့အတိုင်းသာ လုပ်၊ ကျန်တာကို ငါ အကုန်ကိုင်တွယ်မယ်" လုဝမ်က အေးစက်စွာ အာမခံလိုက်၏။
"ဟူး... ကောင်းပါပြီရှင်၊ မင်းသားကြီး အလိုရှိတဲ့အတိုင်းပါပဲ" အမျိုးသမီးက ခေါင်းညိတ်ကာ အခန်းပြင်သို့ ထွက်ခွာသွားလေသည်။
ကိုယ်လုံးတောင့်တောင့်နှင့် ထိုအမျိုးသမီးသည် လုံချန်းရှိနေရမည့် အခန်းရှေ့သို့ ရောက်ရှိလာ၏။ သူမ၏ လက်ထဲတွင် အစားအသောက်များ တင်ထားသော လင်ဗန်းတစ်ချပ် ပါလာသည်။ သူမ တံခါးကို တွန်းဖွင့်၍ အခန်းထဲသို့ ဝင်လိုက်သော်လည်း အခန်းတွင်း၌ မည်သူမျှ မရှိသည်ကို တွေ့ရသဖြင့် မှင်တက်သွားရ၏။
"ဒီလူ ဘယ်ရောက်သွားတာလဲ" သူမက အံ့သြစွာ ရေရွတ်လိုက်သည်။
ခဏတာ စဉ်းစားပြီးနောက် သူမ ခေါင်းညိတ်လိုက်၏။ ထိုလူ ဤနေရာ၌ မရှိသော်လည်း သူမ၏ အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်၍ ရသေးသည် မဟုတ်လော။ သက်ရောက်မှု အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း မည်သို့ဖြစ်စေ... မင်းသားကြီးက အားလုံး ကိုင်တွယ်မည်ဟု သူမက တွေးတောလိုက်သည်။
သူမသည် လင်ဗန်းကို စားပွဲပေါ်သို့ တင်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ တံခါးကို ဂျိတ်ထိုး ပိတ်လိုက်၏။ ထို့နောက် သူမ၏ အဝတ်အစားများကို တစ်ထည်ပြီးတစ်ထည် ဆွဲဖြတ်ကာ ဖြူဖွေးသော အသားအရေ ပေါ်ထွက်လာသည်အထိ ချွတ်ပစ်လိုက်တော့သည်။ မကြာမီပင် သူမ၏ ကိုယ်ပေါ်၌ မည်သည့်အဝတ်အစားမျှ မရှိတော့ဘဲ စုတ်ပြတ်နေသော အဝတ်စများသာ ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေ၏။
သူမသည် သူမ၏ ရင်သားများနှင့် လက်မောင်းများကို လက်ဖြင့် အတင်းဆုပ်ကိုင်ကာ လက်ရာများ ထင်ကျန်အောင် ပြုလုပ်လိုက်ပြီး ကိုယ်ပေါ်တွင်လည်း ကုတ်ခြစ်ရာအချို့အား ဖန်တီးလိုက်သည်။
"ဟူး... တကယ်ကို ရှက်စရာကောင်းလိုက်တာ" သူမက ရေရွတ်ရင်း ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ကာ သူမ၏ လက်ချောင်းကို အသုံးပြု၍ သာယာမှုရှာရင်း ကာမစိတ်အား နှိုးဆွလိုက်၏။ မိနစ်အနည်းငယ်အတွင်း၌ပင် သူမ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားကာ သူမ၏ ပေါင်ကြားရှိ ကြမ်းပြင်ပေါ်၌ အရည်ကြည်များ စီးကျလာလေသည်။
"အဆင်သင့်ဖြစ်ပြီ... နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ်"
သူမသည် သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မျိုချလိုက်၏။ ထိုဆေးလုံးသည် သူမအား သတိလစ်သွားစေရန် ပြုလုပ်ပေးနိုင်သော ဆေးပင်ဖြစ်သည်။ မကြာမီပင် သူမသည် ကြမ်းပြင်ပေါ်၌ သတိလစ်မေ့မြောကာ ကျန်ရစ်ခဲ့လေတော့သည်။
တစ်ဖက်တွင်မူ လုဝမ်သည် ပန်းမဏ္ဍိုင်တွင် အလုပ်လုပ်နေသော အလုပ်သမားအချို့နှင့် စကားပြောနေ၏။
"ငါ့လက်စွပ်ကို ရှာပေးနိုင်တဲ့အတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်" သူက ချီးကျူးဟန်ဖြင့် ပြောလိုက်သည်။
အမှန်စင်စစ် သူသည် ဝင်္ကပါထဲသို့ ဝင်လာစဉ်ကပင် သူ၏လက်စွပ်ကို တမင်တကာ ချန်ထားခဲ့ခြင်း ဖြစ်သည်။ လုံချန်းအနားမှ ထွက်လာပြီးနောက် အမျိုးသမီးနှင့် တွေ့ဆုံကာ ထိုအလုပ်သမားများထံသို့ သွား၍ သူ၏လက်စွပ် ပျောက်ဆုံးသွားကြောင်း ရှာပေးကြရန် ခိုင်းစေခဲ့ခြင်းပင်။
လက်စွပ်ကို ရရှိပြီးနောက် သူသည် လုံချန်းအား ထားခဲ့သော အခန်းဆီသို့ အလုပ်သမားများကို ခေါ်ဆောင်ကာ ပြန်လာခဲ့လေသည်။
လုဝမ်သည် အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် အဝတ်မဲ့လျက် သတိလစ်နေသော အမျိုးသမီးကို တွေ့လိုက်ရ၏။
‘ဒီကောင် ဘယ်မှာလဲ... ကြောက်ပြီး ထွက်ပြေးသွားတာလား’ သူက တွေးတောလိုက်သည်။ ‘ဘာပဲဖြစ်ဖြစ်... လူတွေ အာရုံစိုက်လာအောင် လုပ်ဖို့ပဲ လိုတာ’ သူ ဆုံးဖြတ်လိုက်သည်။
သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ၏ ကျင့်စဉ်စွမ်းအား ချီစွမ်းအင်ကို အသုံးပြု၍ ဟိန်းဟောက်လိုက်တော့သည်။
"လုံချန်း... မင်း တကယ် ယုတ်မာလှချေလား"
သူ၏ ဟိန်းဟောက်သံကြောင့် ပန်းမဏ္ဍိုင်ရှိ အလုပ်သမားများနှင့် အခြားသော ဧည့်သည်များမှာ ထိတ်လန့်တကြား ပြေးဝင်လာကြ၏။ ထိုအခါ လုဝမ်က ဆက်လက်၍ ဒေါသတကြီး ဟစ်အော်ပြန်သည်။
"မင်း... လူယုတ်မာ၊ ငါ့ညီမလေးနဲ့ လက်ထပ်ထားပြီးသားကို အခု ဒီမှာ အလုပ်အကျွေးပြုနေတဲ့ သာမန်အရပ်သူလေးကို အဓမ္မကျင့်ရဲတယ်ပေါ့လေ။ အဲဒါတင်မကဘဲ... မင်းက ထွက်တောင် ပြေးသေးတယ်လား"
"ဘာ... တော်ဝင်သမက်တော်က အရပ်သူလေးကို စော်ကားတယ် ဟုတ်လား"
ဧည့်သည်များမှာ အံ့သြထိတ်လန့်ကုန်ကြ၏။ သူတို့သည် လုဝမ်၏အနားသို့ တိုးသွားကာ အခန်းတွင်းကို ကြည့်လိုက်ကြရာ ကြမ်းပြင်ပေါ်၌ သတိလစ်နေသော အမျိုးသမီးကို တွေ့လိုက်ရသည်။ သူမ၏ ပေါင်ကြားရှိ အရည်ကြည်များနှင့် ပြန့်ကျဲနေသော အဝတ်အစားများက အတင်းအဓမ္မ စော်ကားခံထားရသည်ကို သက်သေပြနေသကဲ့သို့ ရှိနေ၏။
လုံချန်းနှင့် လုဝမ်အား ဆီးကြိုခဲ့သော အမျိုးသမီးများမှာလည်း ရွံရှာစက်ဆုပ်သော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့သည် သူတို့၏ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးလေးအား အဝတ်အစားများဖြင့် အမြန်ဖုံးအုပ်ပေးလိုက်ကြ၏။
"မယုံနိုင်စရာပဲ... ကြည့်တော့ဖြင့် လူကြီးလူကောင်းလိုလိုနဲ့၊ ဒီလို နူးညံ့တဲ့ မျက်နှာဖုံးနောက်ကွယ်မှာ တကယ့်မိစ္ဆာကြီး ရှိနေတာကိုး" အမျိုးသမီးတစ်ဦးက မုန်းတီးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"မင်းသမီးလေးကို သနားလိုက်တာ... ဒီလိုလူမျိုးနဲ့မှ လက်ထပ်လိုက်ရတယ်လို့၊ တကယ် စိတ်မကောင်းစရာပဲ" နောက်တစ်ဦးကလည်း မျက်မှောင်ကြုတ်လျက် တွေးတောနေမိလေသည်။
ထိုအချိန်တွင်... လုံချန်းသည် လူသူကင်းဝေးသော နေရာတစ်နေရာ၌ မိမိ၏ ဖခင်နှင့် စကားပြောဆိုပြီးစီးသွားပြီ ဖြစ်သည်။ သူ ဘေးကင်းလုံခြုံနေကြောင်းနှင့် နောက်ထပ် လအနည်းငယ်ခန့်အထိ တွေ့ဆုံနိုင်ဦးမည် မဟုတ်ကြောင်း အသိပေးပြီးနောက် သူသည် အခန်းဆီသို့ တည်ငြိမ်စွာ ပြန်လည် လျှောက်လှမ်းလာခဲ့လေသည်။
အခန်း ၉၉၄ အဖမ်းခံရခြင်း
လုံချန်းသည် သူ၏ဖခင်နှင့် စကားပြောဆိုပြီးနောက် သိလိုသမျှကို အသိပေးကာ အေးအေးလူလူပင် ပြန်လည်လျှောက်လှမ်းလာခဲ့၏။ မိမိ၏ ကျောဘက်ဝယ် မည်မျှကြီးမားသော မုန်တိုင်းတစ်ခု ဆင်နွှဲနေသည်ကို သူ လုံးဝ သတိမမူမိခဲ့ချေ။
မိမိ မကျူးလွန်ခဲ့သော အပြစ်တစ်ခုအတွက် သူသည် အကွက်ဆင် စွပ်စွဲခံလိုက်ရလေပြီ။ ယခု သူ ရင်ဆိုင်ရတော့မည့်အရာမှာ ထိုကိစ္စကြောင့် ပေါ်ပေါက်လာမည့် ပြဿနာအရပ်ရပ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည် ဆိုသည်ပင်။
သူသည် နားနေဆောင်အခန်းဆီသို့ ပြန်လာရင်း မည်သို့အကြောင်းပြရမည်ကို စဉ်းစားနေမိ၏။
‘လုဝမ် အခန်းထဲ ပြန်ရောက်နေလောက်ပြီ။ ငါ ဘယ်သွားနေလဲဆိုတာ သူ သေချာပေါက် မေးတော့မှာပဲ။ အပေါ့အပါး သွားနေလို့ပါဆိုတဲ့ အကြောင်းပြချက်အညံ့စားလေး ပေးရင် ကောင်းမလား’ လုံချန်းက ခပ်ယဲ့ယဲ့ပြုံးရင်း တွေးတောနေမိသည်။
အခန်းအနီးသို့ ရောက်ရှိလာချိန်တွင်မူ အခန်းရှေ့၌ လူအုပ်ကြီး စုရုံးနေသည်ကို တွေ့လိုက်ရသဖြင့် လုံချန်း အံ့သြသွားရ၏။
‘ဘာဖြစ်လို့ပါလိမ့်... လုဝမ်က ဒီလောက်တောင် နာမည်ကြီးလို့ လူတွေ ဒီလောက် စုရုံးနေကြတာလား။ သူက မင်းသားတစ်ပါးဆိုတော့လည်း ဟုတ်နိုင်တာပဲ’ သူက ရိုးရိုးသားသားပင် ထင်မှတ်လိုက်မိသည်။
သူသည် လူအုပ်ကြီးအနားသို့ တိုးသွားလိုက်၏။
"ဟေ့... ခဏလောက် ဖယ်ပေးကြပါဦး။ ကျုပ် ဝင်ပါရစေ" သူက လူအုပ်ကြားမှ တိုးထွက်နိုင်ရန် ပြောလိုက်သည်။
သူ၏အသံကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီးမှာ သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြားဖြင့် လုံချန်းအား ကြည့်လိုက်ကြ၏။ သူတို့သည် လုံချန်း ကျူးလွန်ခဲ့သည်ဟု ထင်မှတ်ထားသောအရာကြောင့် ခေတ္တမျှ မှင်တက်သွားကြသော်လည်း မသိစိတ်၏ စေခိုင်းမှုဖြင့် လမ်းဖယ်ပေးလိုက်ကြလေသည်။
လုံချန်းသည် ယခုအခါ တော်ဝင် မိသားစုဝင်တစ်ဦး ဖြစ်နေသည် မဟုတ်လော။
"ငါတို့က ဘာလို့ သူ့ကို ကြောက်နေရမှာလဲ။ သူက တော်ဝင်မိသားစုဝင် ဖြစ်နေရင်တောင် သူက မုဒိမ်းကောင်ပဲလေ။ သူ လုပ်ခဲ့တဲ့ အပြစ်အတွက် အကျိုးဆက်ကို ခံစားရမှာပေါ့"
"မှန်တယ်... မင်းလို ယုတ်မာတဲ့ကောင်၊ အပြစ်မရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုတောင် ရက်ရက်စက်စက် စော်ကားရဲတာလဲ"
"မင်းမှာ အရှက်တရားဆိုတာ နည်းနည်းလောက် ရှိသေးရင် လျှိုမြောင်ထဲ ခုန်ချပြီး သေလိုက်စမ်း။ ဒီကမ္ဘာကြီးက မင်းလို လူမျက်နှာဖုံးစွပ်ထားတဲ့ တိရစ္ဆာန်မျိုးနဲ့ မထိုက်တန်ဘူး"
မကြာမီပင် လူအုပ်ကြီးမှာ အစောပိုင်းက ထိတ်လန့်မှုမှ နိုးထလာကာ လုံချန်းအား ဝိုင်းဝန်း ဆဲဆိုကြတော့သည်။
"ဟမ်... သူတို့ ဘာတွေ ပြောနေကြတာလဲ" လုံချန်းမှာ သူတို့၏ စကားများကို နားမလည်နိုင်ဘဲ အံ့သြနေမိ၏။ တစ်စုံတစ်ခုတော့ မှားနေပြီဆိုသည်ကို သူ ခံစားမိလိုက်သည်။
သူတို့က သူ့ကို ပြောနေသည်လော။ မုဒိမ်းကောင် ဆိုသည်မှာ အဘယ်နည်း။ သူ မည်သည်များ လုပ်ခဲ့မိသနည်း။
သူ ဇဝေဇဝါ ဖြစ်နေသော်လည်း မိမိ မည်သည်မျှ မလုပ်ခဲ့သည်ကိုတော့ သူ ကိုယ်တိုင် အသိဆုံးပင်။ လုဝမ်သာလျှင် ဤဖြစ်ရပ်ကို ရှင်းပြနိုင်လိမ့်မည်ဟု သူ တွေးလိုက်သည်။
သူသည် အခန်းဝသို့ ရောက်ရှိသွားချိန်တွင် ကြမ်းပြင်ပေါ်၌ အဝတ်များဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦး လဲလျောင်းနေသည်ကို မြင်လိုက်ရ၏။
ထိုအမျိုးသမီးမှာ သတိလစ်နေသော်လည်း မြင်တွေ့လိုက်ရသော အခြေအနေနှင့် လူအုပ်ကြီး၏ စကားများအရ မည်သို့ ဖြစ်ခဲ့သည်ကို လုံချန်း ရိပ်မိလိုက်ပြီ ဖြစ်သည်။ တစ်စုံတစ်ဦးက ထိုမိန်းကလေးကို အဓမ္မပြုကျင့်ခဲ့ပြီး လူအများက ထိုသူမှာ သူဖြစ်သည်ဟု ထင်မှတ်နေကြခြင်းပင်။
သို့သော် သူက ဤနေရာတွင် ရှိမနေပေ။ မည်သူက လုပ်ခဲ့သနည်း။
"လုဝမ်"
အခန်းထဲ၌ ရှိနေသော လုဝမ်ကို မြင်လိုက်ရချိန်တွင် လုံချန်း၏ မျက်မှောင်များ ကြုတ်သွား၏။ ‘ဒီကောင်ပဲ ဒီယုတ်မာတဲ့အလုပ်ကို လုပ်ပြီး၊ လူမိသွားတော့မှ ငါ့ကို အပြစ်ပုံချနေတာလား’
လုဝမ်က လုံချန်းအား မုန်းတီးမှုအပြည့်ရှိသော အကြည့်ဖြင့် ပြန်လည်စိုက်ကြည့်လိုက်သည်။
သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ ဓားတစ်လက် ပေါ်ထွက်လာပြီး လုံချန်း၏ရှေ့သို့ ချက်ချင်းဆိုသလို ရောက်ရှိလာ၏။ လုံချန်းသည်လည်း မိမိကိုယ်ကို ကာကွယ်ရန်အတွက် သူ၏ဓားအား ထုတ်ယူလိုက်ရလေသည်။ ဓားနှစ်လက်မှာ အရှိန်အဟုန်ဖြင့် ထိခိုက်မိသွားသော်လည်း တစ်ဦးကိုတစ်ဦး သေစေလိုသော ဆန္ဒဖြင့် တိုက်ခိုက်နေခြင်းမျိုးတော့ မဟုတ်ချေ။
"မင်း... မင်း ဘာတွေလုပ်ခဲ့တာလဲ။ မင်ယုက သူစိမ်းတစ်ယောက်နဲ့ လက်ထပ်တာ မှားမှာမဟုတ်ဘူးလို့ ငါ စပြီး တွေးမိကာရှိသေးတယ်၊ မင်းကတော့ ဒီလိုအောက်တန်းကျတဲ့အလုပ်ကို လုပ်ရဲတယ်ပေါ့လေ။ မင်း ဘယ်လောက်တောင် ယုတ်မာနိုင်ဦးမှာလဲ" လုဝမ်က လုံချန်းအား ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။
"ငါ မင်းကို အခုပဲ သတ်ပစ်လိုက်ချင်တာ၊ ဒါပေမဲ့ မင်းလုပ်ခဲ့တဲ့ အပြစ်အတွက် ခမည်းတော်ကပဲ တရားသူကြီး၊ ဂျူရီအဖွဲ့နဲ့ ကွပ်မျက်သူအဖြစ် ဆုံးဖြတ်ပါလိမ့်မယ်။ ခုခံမနေနဲ့တော့... အညံ့ခံလိုက်စမ်း" သူက ဆက်ပြောသည်။
"ခင်ဗျားက ငတုံးပဲ... ဘာလို့ ကျုပ်ကို အပြစ်ပုံချနေတာလဲ။ ကျုပ် ဘာမှမလုပ်ခဲ့ဘူး။ ခင်ဗျား အခန်းထဲက ထွက်သွားပြီးနောက်မှာ ကျုပ်လည်း ထွက်သွားခဲ့တာပဲ၊ အခုမှ ပြန်ရောက်တာ။ ဆိုတော့... ဘယ်သူသိမှာလဲ၊ ဒါဟာ ခင်ဗျားရဲ့ လက်ချက်လည်း ဖြစ်နိုင်တာပဲလေ" လုံချန်းက သတိလစ်နေသော အမျိုးသမီးကို ကြည့်ရင်း တည်ငြိမ်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။
"အရှက်မရှိတဲ့ လူယုတ်မာ၊ မင်းက ငါ့ကိုတောင် ပြန်စွပ်စွဲရဲသေးတယ်ပေါ့။ ငါက ငါ့လက်စွပ် ပျောက်သွားလို့ ရှာဖို့ ထွက်သွားတာ။ အခုမှ ပြန်ရောက်တာပဲ။ ဒီမှာရှိတဲ့ အမျိုးသမီးတွေက ငါ့လက်စွပ်ကို ရှာပေးခဲ့တဲ့ သက်သေတွေပဲ" လုဝမ်က ပန်းမဏ္ဍိုင်ရှိ အလုပ်သမား အမျိုးသမီးများဘက်သို့ လက်ညှိုးထိုးပြရင်း ဟိန်းဟောက်လိုက်၏။
"မှန်ပါတယ်... မင်းသားလုဝမ်က ကျွန်မတို့နဲ့အတူ ရှိနေတာပါ။ သူ ဒါမျိုး မလုပ်နိုင်ပါဘူး။ ရှင်ကပဲ လုပ်တာ ဖြစ်ရမယ်။ ကျွန်မတို့ ရှင့်အပေါ် အထင်ကြီးခဲ့မိတာ တကယ်မှားတာပဲ။ ရှင့်ကိုယ်ရှင် အရှက်ရသင့်တယ်" အမျိုးသမီးတစ်ဦးက တော်ဝင်မိသားစုဝင်တစ်ဦးအား ပြန်လည်ပြောဆိုရန် သတ္တိမွေး၍ ဆိုလိုက်သည်။
သူတို့၏ မျက်ဝန်းထဲတွင်မူ တရားမျှတပြီး ဖြောင့်မတ်သော မင်းသားလုဝမ်သာ ရှိနေတော့၏။
"အခု မင်း ဘာပြောဦးမလဲ။ ငါမရှိတဲ့အချိန်မှာ ဒီမှာ မင်းတစ်ယောက်တည်း ရှိနေခဲ့တာလေ" လုဝမ်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"ဒါပေမဲ့ ကျုပ် မလုပ်ခဲ့ဘူး။ တကယ်လို့ ခင်ဗျားလည်း မဟုတ်ဘူးဆိုရင် တခြားတစ်ယောက်ယောက်က လုပ်သွားတာ ဖြစ်ရမယ်။ ကျုပ် ဒီမှာ တကယ် မရှိခဲ့ဘူး" လုံချန်းက ပြန်လည်တုံ့ပြန်၏။
"ဒါဆို မင်းက အပြစ်မရှိဘူးလို့ ပြောချင်တာပေါ့လေ"
"ဟုတ်တယ်။ ကျုပ်က လုံးဝ အပြစ်မရှိတဲ့သူပဲ"
"ကောင်းပြီ... ငါ မင်းကို သံသယရှိနေပေမဲ့ မင်ယု မျက်နှာကြောင့် မင်းကို ယုံပေးကြည့်မယ်။ တကယ်လို့ မင်း မဟုတ်ခဲ့ရင်လည်း တခြားတစ်ယောက်ယောက်က ဒီယုတ်မာတဲ့အလုပ်ကို လုပ်ခဲ့တာ ဖြစ်မှာပေါ့" လုဝမ်က မေးစေ့ကို ပွတ်သပ်ရင်း ရေရွတ်လိုက်၏။ "ဒီမိန်းကလေး နိုးလာမှပဲ အမှန်တရားကို သိနိုင်တော့မယ်"
"သူ နိုးလာတဲ့အထိ ကျုပ်တို့ စောင့်ကြတာပေါ့။ အဲဒီအချိန်ကျရင်တော့ အမှန်တရားက အားလုံးရှေ့မှာ ပေါ်လာလိမ့်မယ်" လုဝမ်က ပြောရင်း သူ၏လက်နက်ကို အောက်သို့ ချလိုက်၏။ လုံချန်းသည်လည်း ထိုနည်းတူပင် ပြုလုပ်လိုက်သည်။
"သဘောတူတယ်။ ဘယ်သူပဲဖြစ်ဖြစ်... မကြာခင်မှာ အမှန်တရား ပေါ်လာမှာပဲ" လုံချန်းက ပြောလိုက်သော်လည်း သူသည် ဤကောက်ကျစ်သော အကွက်ထဲမှ ရုန်းထွက်ရန် နည်းလမ်းမရှိတော့သည်ကို မသိရှိသေးချေ။
"အဲဒီအချိန်အတောအတွင်းမှာ မင်း အဲဒီမိန်းကလေးအနားကို မချဉ်းကပ်ရဘူး။ မင်း သက်သေဖျောက်ဖို့ သူ့ကို သတ်မှာ ငါ မလိုလားဘူး။ ဒါကြောင့် သူ့ကို တခြားနေရာမှာ ဆေးကုသနေချိန်မှာ မင်း ငါနဲ့အတူ ရှိနေရမယ်" လုဝမ်က ဆိုသည်။
"ဟင့်အင်း... ကျုပ် သဘောမတူဘူး။ ကျုပ် သူ့အနားမှာ မရှိတဲ့အချိန်မှာ တကယ့်တရားခံက သူ့ကို သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အမှန်တရားက မြုပ်သွားလိမ့်မယ်၊ ကျုပ်လည်း အပြစ်မရှိကြောင်း သက်သေပြနိုင်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ကျုပ်တို့ နှစ်ယောက်လုံး သူ့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် အနားမှာပဲ ရှိနေသင့်တယ်။ ခင်ဗျားက ကျုပ်ကို စောင့်ကြည့်သလို၊ ကျုပ်ကလည်း ခင်ဗျားကို စောင့်ကြည့်တာပေါ့" လုံချန်းက အကြံပြုလိုက်သည်။
"ကောင်းပြီလေ" လုဝမ်က သဘောတူလိုက်ပြီးနောက် အမျိုးသမီးများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ "သူ့ကို ဆေးကုသဖို့ ခေါ်သွားလိုက်ကြ၊ ငါတို့ မင်းတို့နောက်ကနေ လိုက်ခဲ့မယ်"
သုံးနာရီခန့် ကြာမြင့်သွား၏။ လုံချန်းနှင့် လုဝမ်တို့သည် အခန်းတစ်ခန်း အတွင်း၌ ရပ်နေကြသည်။ သူတို့၏ ရှေ့ဝယ် ကုတင်တစ်ခုရှိပြီး ထိုကုတင်ပေါ်တွင် သတိလစ်နေသော အမျိုးသမီးမှာ စောင်တစ်ထည်ဖြင့် လွှမ်းခြုံလျက် လဲလျောင်းနေလေသည်။