← Chapters

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း (၇၉-၈၀)

Vol. 8 Ch. 79-80

အခန်း(၇၉)

“ဒီအဆုံးထိ ရောက်အောင် လုပ်နိုင်ခဲ့တာပဲနော်။ ကိုယ်တိုင်ရေးတဲ့ ပြဇာတ်ကို စင်တင်နိုင်ခဲ့တာကို ပြောတာပါ။ ဒါနဲ့ ဒါရိုက်တာကို ဘယ်လိုများ စည်းရုံးလိုက်တာလဲ။ သူ သဘောမတူမချင်းပဲ အတင်းကပ်ပြီး တောင်းဆိုခဲ့တာ မဟုတ်လား”

ဇာတ်ရုံနားက ကဖေးတစ်ခုမှာ ယန်မီဆိုနဲ့ ယန်ဂန်ဟွန်းတို့ အတူထိုင်နေကြတာပါ။

“အတင်းတောင်းဆိုခဲ့တယ်။ ဟုတ်လား။ မဟုတ်တာ၊ သူက ဒီစိတ်ကူးကို ကြားတာနဲ့တင် ချက်ချင်းကို သဘောကျသွားတာဗျ။ ပြီးတော့ တကယ့် အနုပညာရှင်စစ်စစ်ဆိုတာ ပိုက်ဆံနောက်ကိုပဲ တကောက်ကောက် လိုက်မနေသင့်ဘူးလေ။ ဒါရိုက်တာနဲ့ အဆင်ပြေသွားလို့ စိတ်မပူပါနဲ့။ မင်းလည်း မြင်သားပဲ၊ ခုံတွေမှာ လူတွေ ဘယ်လောက်တောင် ပြည့်နေလဲဆိုတာ”

“ဒါပေမဲ့ ဒီပြဇာတ်က တကယ်တမ်း ဘယ်လိုမျိုးလဲဆိုတာ လူတွေ သိသွားရင်တော့ ဘယ်သူမှ လာကြည့်မှာ မဟုတ်တော့ဘူးနော်”

“မင်း တကယ်ပဲ အဲဒီလို ထင်လို့လား”

ဂန်ဟွန်းကတော့ ယုံကြည်ချက် အပြည့်ရှိနေပါတယ်။ သေချာတာကတော့ ပြဇာတ်မှာ အပြစ်ပြောစရာ မရှိဘူးလေ။ သရုပ်ဆောင်တွေကလည်း တကယ်ကို ပိုင်နိုင်ကြသလို စင်ပေါ်က အပြင်အဆင်တွေကလည်း အဆင့်အတန်းရှိလှပါတယ်။ ပရိသတ်တွေရဲ့ စိတ်ခံစားချက်ကိုလည်း လွယ်လွယ်ကူကူပဲ ဖမ်းစားနိုင်ခဲ့တာပါ။ တစ်ခုတည်းသော ပြဿနာကတော့ အဲဒီပြဇာတ်က ပရိသတ်တွေကို ပေးတဲ့ ခံစားချက်က အရမ်းကို နာကျင်စရာ ကောင်းနေတာပါပဲ။

“ဒီပြဇာတ်က လူတိုင်းအတွက်တော့ မဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ ပြောရရင် လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်လောက်တဲ့အထိ ငါ့မှာ ပါရမီ မရှိသေးတာလည်း ပါတာပေါ့”

“ပါရမီ မရှိဘူး ဟုတ်လား။ မင်းက အဲဒီလို စကားမျိုး ပြောထွက်ရက်တယ်နော်။ ဒါနဲ့ နေပါဦး၊ ဘာတွေ ဖြစ်ခဲ့တာလဲ။ အရင်တုန်းကတော့ အိမ်ခြေမဲ့တွေကို ကြည့်မရဖြစ်နေတဲ့သူက အခုကျတော့ ဒီပြဇာတ်ထဲမှာ သူတို့ကို ကာကွယ်ပေးသလိုမျိုး ဖြစ်နေရတာလဲ”

“ငါ ဆိုလိုတာကတော့'သိလေ မြင်လေ'ဆိုသလိုပါပဲ။ ဒီပြဇာတ်ကို မပြင်ဆင်ခင် သုံးလလောက်မှာ အိမ်ခြေမဲ့တစ်ယောက်လို ငါ နေထိုင်ကြည့်ခဲ့ဖူးတယ်။ ပထမဆုံး လကတော့ တကယ်ကို ဆိုးရွားတာပေါ့။ ခန္ဓာကိုယ် ပင်ပန်းတာထက် လူတွေက ပိုပြီး ပြဿနာပဲ”

“လူတွေ ဟုတ်လား”

“အေးလေ၊ လူတွေပေါ့။ မစ္စတာကင်၊ မစ္စတာလီနဲ့ မစ္စတာပတ် တို့လို ဇာတ်ကောင်တွေကပဲ အိမ်ခြေမဲ့တွေ မဟုတ်ဘူးလေ။ သူတို့ထဲက အများစုကတော့ သူများကို နှောင့်ယှက်တာ၊ စိတ်အနှောင့်အယှက် ပေးတာအပြင် ပြစ်မှုအမျိုးမျိုးကိုတောင် ကျူးလွန်ကြတာ။ သူတို့အားလုံးကတော့ ဘဝကို လက်လျှော့လိုက်ကြပြီဆိုတော့ ရတဲ့ ပိုက်ဆံနဲ့ အရက်သောက်ဖို့လောက်ပဲ သိကြတော့တာပေါ့”

“အဲဒါကြောင့် မင်းက ဒီပြဇာတ်ထဲမှာ သူတို့ကို ပုံဖော်ဖို့ ဆုံးဖြတ်လိုက်တာပေါ့”

“မဟုတ်ဘူး။ ငါ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က တကယ့် လက်တွေ့ဘဝထဲမှာ ရှိတဲ့လူပဲ”

ဂန်ဟွန်းက သူ့ရဲ့ မှတ်စုစာအုပ်ကို ထုတ်လိုက်ပါတယ်၊ ယန်မီဆိုကတော့ အဲဒါက ဘာလဲဆိုတာကို ကောင်းကောင်း သိနေတာပေါ့။

“ဒုတိယလကစပြီး ငါ သိထားတဲ့ ပုံစံခွက်ထဲက အိမ်ခြေမဲ့တွေနဲ့ မတူတဲ့သူတွေကို ငါ စပြီး တွေ့ခဲ့ရတယ်။ ဘဝရဲ့ အနိမ့်ဆုံးကို ရောက်နေပေမဲ့ ပြန်ပြီး ရုန်းကန်ချင်နေတဲ့သူတွေ၊ ဒီ စစ်မြေပြင်လို လူ့ပတ်ဝန်းကျင်ထဲကို ပြန်ဝင်လာချင်တဲ့သူတွေပေါ့။ သူတို့နဲ့ စကားတွေ အများကြီး ပြောဖြစ်တဲ့အခါမှာတော့ သူတို့ ဘာလို့ အိမ်ခြေမဲ့ ဖြစ်ခဲ့ရတာလဲဆိုတာကို ငါ တွေးမိသွားတယ်။ သူတို့ရဲ့ ပုံပြင်တွေကို စုစည်းလိုက်တဲ့အခါမှာတော့ တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်ကောင်တစ်ယောက် ထွက်လာခဲ့တာပဲ”

“မင်းကတော့ တကယ့် ထူးဆန်းတဲ့လူပဲ။ မင်း ပျောက်သွားတုန်းက မင်းအတွက် စိုးရိမ်ခဲ့တဲ့ လူတွေကိုတောင် ငါ သနားမိတယ်”

ဂန်ဟွန်းကတော့ ပြုံးပြုံးလေးနဲ့ ပခုံးတွန့်ပြလိုက်ပါတယ်။

“ဒါနဲ့ ယန်မီဆို၊ မင်း ငါ့ကို ဘာများ အကူအညီ တောင်းချင်လို့လဲ”

မီဆိုက ဂန်ဟွန်းနားကို တိုးလိုက်ပြီး

“ငါ မင်းကို တစ်ယောက်ယောက်ကို နည်းပြပေးစေချင်တယ်”

“နည်းပြပေးရမယ် ဟုတ်လား။ ဘာတွေ ပြောနေတာလဲ”

ဂန်ဟွန်းကတော့ ဇဝေဇဝါနဲ့ စိုက်ကြည့်နေပါတယ်။

“ခဏနေရင် မင်း သိလာမှာပါ။ ဒါက ငါ့ရဲ့ တောင်းဆိုချက်တင် မဟုတ်ဘူး၊ ဂျွန်မင်း ဆီကလည်း ပါတာ။ ပြောရရင် သူ့ရဲ့ အမိန့်လို့တောင် ဆိုရမလားပဲ”

* * * * * * * * *

ဆူဝမ် က ကဖေးတစ်ခုထဲမှာ လူသုံးယောက် ထိုင်နေကြတာပါ။

“ကဲ၊ နှုတ်ဆက်လိုက်ကြဦး”

ဟန်မာရူး က သူ့ရှေ့က လူကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ အနေရခက်နေတဲ့ အပြုံးကို ကြည့်ရတာ မီဆိုက အတင်းခေါ်လာတာ ဖြစ်ပုံရတယ်။

“မင်္ဂလာပါ၊ ကျွန်တော်က ဟန်မာရူး ပါ”

“တွေ့ရတာ ဝမ်းသာပါတယ်။ ငါက ယန်ဂန်ဟွန်း ပါ”

ယန် ဟုတ်လား။ မာရူးက မီဆိုကို တစ်ချက် ကြည့်လိုက်ပါတယ်။ ယန်မီဆို… သူတို့က မောင်နှမတွေများလား။

“သူက သရုပ်ဆောင်လောကထဲမှာ ငါနဲ့ ဆုံခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။ ပြီးတော့ မင်းအတွက် ရှေ့လျှောက် နည်းပြပေးမယ့်သူလည်း ဖြစ်လိမ့်မယ်”

“နည်းပြ ဟုတ်လား”

“အော်၊ ဒါဆို သူက အဲဒီလူပေါ့”

မာရူးရော ဂန်ဟွန်းပါ အံ့ဩသွားကြပါတယ်။ ကြည့်ရတာ ဂန်ဟွန်းလည်း ဘာမှ မသိဘဲ ဒီကို အခေါ်ခံလိုက်ရတာ ထင်ပါရဲ့၊ အဲဒါက မီဆိုရဲ့ ပုံစံပဲလေ။

“မင်း ဂျွန်မင်းနဲ့ ဘာတွေ ပြောထားလဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ နောက်ထပ် သုံးနှစ်လောက်အထိ သရုပ်ဆောင်တာကိုပဲ အာရုံစိုက်မယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား။ အဲဒီတော့လည်း သေသေချာချာ သင်ယူတာက ပိုကောင်းမှာပေါ့၊ ဟုတ်တယ်မလား”

မာရူးလည်း နားလည်တယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းညိတ်လိုက်ပါတယ်။ သူကတော့ စာအုပ်တွေဖတ်ပြီး ကိုယ့်ဘာသာ လေ့လာမယ်လို့ ပြောခဲ့ပေမဲ့ ကိုယ့်ဘာသာ သင်ယူရတာကတော့ ခက်တာပေါ့။ အတွေ့အကြုံရှိတဲ့ ဆရာတစ်ယောက် ရှိတာကတော့ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။

“ကဲ၊ အခြေအနေက အဲလိုဆိုတော့လည်း လက်ဆွဲနှုတ်ဆက်လိုက်ကြဦး”

မီဆိုက ဂန်ဟွန်းရဲ့ လက်မောင်းကို ဆွဲပြီး ရှေ့ကို ကမ်းပေးလိုက်ပါတယ်။ မာရူးလည်း အဲဒီလူရဲ့ လက်ကို ဖွဖွလေး ဆွဲပြီး နှုတ်ဆက်လိုက်ပါတယ်။

“ကဲ၊ ငါ သွားတော့မယ်။ တခြားကလေးတွေကိုလည်း သူတို့ရဲ့ ဆရာတွေနဲ့ မိတ်ဆက်ပေးရဦးမှာ”

“တခြားကလေးတွေ ဟုတ်လား”

“ဟောင်ဂွန်ဆော့ နဲ့ ပတ်ဒေးမြောင် ပေါ့။ ဂျွန်မင်းက ကလေးတွေကို မြေတောင်မြှောက်ပေးမယ်လို့ ဆုံးဖြတ်လိုက်ရင် အကုန်အကျခံပြီး လုပ်တတ်တဲ့ လူစားမျိုးဆိုတော့ ငါ သူတို့နဲ့ စကားပြောဖို့ လိုတယ်”

မီဆိုက အပြင်ကို မထွက်ခင်မှာ ရပ်ပြီး သူတို့နှစ်ယောက်ဘက်ကို ပြန်လှည့်လိုက်ပါတယ်။

“ဘာပဲဖြစ်ဖြစ်၊ မင်းတို့နှစ်ယောက်ကတော့ အတော်လေးကို လိုက်ဖက်တာပဲ။ လူကြီး အရူးတစ်ယောက်နဲ့ ကလေး အရူးတစ်ယောက်ပေါ့”

အရူး ဟုတ်လား။

မာရူးက ဂန်ဟွန်းကို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာက ထောင့်ကျကျနဲ့ ယောက်ျားပီသတဲ့ ပုံစံရှိပေမဲ့ အလုံးစုံ ကြည့်မယ်ဆိုရင်တော့ လူကောင်းတစ်ယောက်ရဲ့ ပုံစံမျိုးပါ။ သူ့ရဲ့ ပါးစပ်နဲ့ မျက်ခုံးတွေကို ကြည့်ရတာ သူဟာ နေ့စဉ်ဘဝမှာ အမြဲလိုလို ပြုံးနေတတ်တဲ့သူ ဖြစ်မှန်း သိသာလှပါတယ်။ ဒီလူက အရူးတစ်ယောက်လား။

“မင်းက ဘာလို့ အရူး ဖြစ်နေရတာလဲ"ဂန်ဟွန်းက မေးလိုက်ပါတယ်။

“ဗျာ”

“မီဆိုက ငါ့ကို အရူးလို့ ခေါ်ပြီး နောက်နေကျပါ။ အခု မင်းကိုကျတော့ ဘာလို့ အဲဒီလို ခေါ်နေရတာလဲ”

“သူက ကျွန်တော့်ကိုလည်း နောက်နေတာပါပဲ။ အရူး ဟုတ်လား။ မဟုတ်တာ၊ ကျွန်တော်က လုံးဝကို သာမန်လူပါ”

“ဟုတ်လို့လား”

“ဟုတ်ပါတယ်”

“အဲဒါဆိုရင်တော့ ကောင်းတာပေါ့။ ငါက သာမန်လူတွေနဲ့ပဲ စကားပြောတာ။ ဘာပဲဖြစ်ဖြစ်၊ အခု ငါ သိတာက မင်းရဲ့ နာမည် တစ်ခုတည်းပဲ ရှိသေးတာဆိုတော့ တခြား ဘာတွေများ သိချင်သေးလဲလို့ တွေးနေမိတယ်”

“အဲဒီမတိုင်ခင်မှာ၊ ခင်ဗျားက ဒီကိစ္စကို သဘောတူရဲ့လား”

“ဘာကိစ္စလဲ၊ မင်းကို သင်ပေးရမှာကိုလား”

“ဟုတ်ပါတယ်။ ခင်ဗျား ဒီအကြောင်းကို လုံးဝ မသိထားခဲ့တဲ့ ပုံစံမျိုး ဖြစ်နေလို့ပါ”

“ငါ တစ်ယောက်ယောက်ကို သင်ပေးရမယ်ဆိုတာတော့ သိထားပြီးသားပါ။ အဲဒါထက် မင်းကရော သိပြီးပြီလား။ မင်းကို တစ်ယောက်ယောက်က နည်းပြပေးမယ်ဆိုတာကိုလေ”

“ကျွန်တော်လည်း လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကမှ သိခဲ့ရတာပါ”

“အဲဒါကတော့ မီဆိုရဲ့ ပုံစံအတိုင်းပါပဲ။ ဘာပဲဖြစ်ဖြစ်၊ အခုကစပြီး ငါက မင်းရဲ့ နည်းပြဆရာ ဖြစ်သွားပြီပေါ့။ အော်၊ ငါ့ကိုတော့ ထူးထူးခြားခြားကြီးတော့ မမှတ်ယူပါနဲ့ဦး။ မင်းကို အံ့ဩစရာကောင်းတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်သွားအောင် လုပ်ပေးနိုင်မယ့် မှော်ပညာတွေ ငါ့မှာ မရှိပါဘူး။ ငါ တတ်နိုင်တာကတော့ ဟိုဟိုဒီဒီ အကြံဉာဏ်လေးတွေ ပေးရုံလောက်ပါပဲ။ အရမ်းကြီးတော့ မမျှော်လင့်ထားနဲ့ဦး၊ ဟုတ်ပြီလား”

ဂန်ဟွန်းက အဲဒီလိုပြောရင်း ပြုံးလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ မာရူးရဲ့ ခေါင်းထဲမှာ မှတ်ဉာဏ်တစ်ခုက ပြန်ပေါ်လာပါတယ်။ သူက အဲဒီလူနဲ့ ပတ်သက်ပြီး တစ်ခုခုကို သတိရသွားလို့ ခေါင်းထဲမှာ နည်းနည်း ထိုးကိုက်လာတာပါ။

‘ဒီလူလည်း ပါနေတာပဲ’

ဂန်ဟွန်းဟာ ဟောင်ဂွန်ဆူး ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် လူသိများတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ ရုပ်ရှင်ကားကြီးတွေမှာ တစ်ခါမှ မပါဝင်ခဲ့ဖူးပေမဲ့ အများကြီး ကျော်ကြားခဲ့တဲ့သူပေါ့။ လူ့ပတ်ဝန်းကျင်ရဲ့ အမှောင်ဖက်ခြမ်းတွေကို ပုံဖော်ပေးတဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်ရတာကို နှစ်သက်တဲ့သူဖြစ်လို့ ဝေဖန်မှုရော ချီးကျူးမှုတွေကိုပါ တစ်ပြိုင်တည်း ရခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဇာတ်ကောင်ထဲမှာ စီးမျောနိုင်စွမ်းကတော့ ဘယ်သူနဲ့မှ မတူအောင် ကျော်ကြားလှတာပါ။ တကယ်တော့ သူ့ရဲ့ ပရိသတ်အများစုက သူ့ရဲ့ ပြဇာတ်တွေကို'နာကျင်စရာ ပြဇာတ်'လို့တောင် တင်စားခေါ်ဝေါ်ကြတာပါ။

‘ဟင်း၊ ငါ ဒီလူ့အကြောင်း တော်တော်များများ သိနေတာပဲ’

မာရူးက ဒီအချက်အလက်တွေကို ဘယ်ကရတာပါလိမ့်။ သတင်းတွေထဲကတော့ မဟုတ်တာ သေချာပါတယ်။ သူ အလုပ်တွေ အရမ်းများနေတာဆိုတော့ မဂ္ဂဇင်းတွေထဲကနေလည်း ဖတ်ခဲ့တာ မဟုတ်လောက်ပါဘူး။

‘... ငါ့မိန်းမဆီကများလား’

အဲဒါကတော့ အဖြစ်နိုင်ဆုံး ရှင်းပြချက်ပါပဲ။ ဒါမှမဟုတ် သူ ရှုတင်မန်နေဂျာ လုပ်နေတုန်းက ကြားခဲ့တာများလား။ ဘာပဲဖြစ်ဖြစ်၊ ဒီလူက ကျော်ကြားတဲ့သူတစ်ယောက်ဆိုတာကတော့ အသေအချာပါပဲ။

‘အော်’

သူ နောက်ထပ် တစ်ခု သတိရသွားပြန်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဟောင်ဂွန်ဆူး ကို ပြဇာတ်လောကထဲကို ပြန်ခေါ်လာခဲ့တဲ့သူက ဒီလူပဲလေ။ တီဗီပေါ်မှာ ဟောင်ဂွန်ဆူးရဲ့ အင်တာဗျူးကိုတောင် သူ သတိရပါသေးတယ်။ သူ မှတ်မိသလောက်ဆိုရင်တော့ ဂွန်ဆူးက'ဂန်ဟွန်း ရဲ့ တောင်းဆိုချက်သာဆိုရင် စင်ပေါ်ကို ဝမ်းသာအားရ ပြန်တက်ပါ့မယ်'လို့ ပြောခဲ့တာပါ။

“ဟို၊ ခင်ဗျား ဟောင်ဂွန်ဆူး ကိုများ သိပါသလား”

“ဂွန်ဆူး ဟုတ်လား။ အာ၊ ငါ လုံးဝ မေ့သွားတာ။ မင်းက မိုးပြာရောင် ကလပ်ကပဲ။ အေးလေ၊ ငါက သူ့ရဲ့ သူငယ်ချင်းဟောင်းပါ”

အဲဒီလူက'သူငယ်ချင်း'ဆိုတဲ့ စကားလုံးကို ပြောလိုက်တဲ့အခါမှာတော့ တကယ့်ကို သက်သောင့်သက်သာရှိတဲ့ အပြုံးမျိုးကို ပြုံးလိုက်ပါတယ်။ သူတို့က တကယ့်ကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်မှာပါ။

“ငါတို့ စကားပြောရင်းနဲ့ တစ်ခုခု စားကြမလား။ ငါ ဗိုက်ဆာလာပြီ”

သူတို့နှစ်ယောက် အပြင်ကို ထွက်လာပြီး အနားက စားသောက်ဆိုင်တစ်ခုကို သွားလိုက်ကြပါတယ်။ နေ့လယ်စာ အထူးမီနူးကို မှာပြီးတဲ့နောက်မှာတော့ စကားပြန်စဖြစ်ကြတာပေါ့။

“မင်း စီနီယာ ဂျွန်မင်း နဲ့ ဘယ်လို သိခဲ့တာလဲ။ သူက သူ့ရဲ့ မျက်လုံးတွေနဲ့ ဘယ်သာမန်ကလေးကိုမှ အလွယ်တကူ ဆက်ဆံတတ်တဲ့သူ မဟုတ်ဘူးလေ”

“ကျွန်တော်တို့ သင်တန်းဆရာက သူ့ကို တိတ်တိတ်လေး လာကြည့်ဖို့ ဖိတ်ခဲ့တာပါ၊ အဲဒီမှာ ကျွန်တော်တို့ ခဏလောက် သရုပ်ဆောင်ပြခဲ့ကြတယ်”

“အော်၊ အဲဒီမှာတင် မင်းက သူ့မျက်စိထဲ ရောက်သွားတာပေါ့။ အဲဒီလူကတော့ ဒီအရွယ်ထိ လောဘကြီးတုန်းပဲ။ သူ နားနေတာကို တစ်ခါမှ မမြင်ဖူးသေးဘူး။ သူက အမြဲတမ်း တစ်ယောက်ယောက်ကို စီမံခန့်ခွဲပေးနေတာ ဒါမှမဟုတ် သင်တန်းပေးနေတာပဲ။ တကယ့်ကို အံ့ဩစရာပဲ။ ဘာပဲဖြစ်ဖြစ်၊ အခု မင်းရဲ့ အစီအစဉ်က ဘာလဲ။ သရုပ်ဆောင်ဘာသာရပ်နဲ့ ဘွဲ့ယူဖို့များလား”

မာရူးကတော့ ခေါင်းခါပြလိုက်ပါတယ်။

“ကျွန်တော် သရုပ်ဆောင်တာကို ဆက်လုပ်ဖြစ်ရင်တောင် ကောလိပ်တက်ဖို့ စိတ်ကူးမရှိပါဘူး၊ ဒီ လုပ်ငန်းခွင်ထဲမှာပဲ သင်ယူချင်တာပါ”

“တကယ်လား။ ကောလိပ် မတက်ဘူး ဟုတ်လား။ မဟုတ်တာ”

“အဲဒါက ထူးဆန်းလို့လား”

“အရမ်းကို ထူးဆန်းတာပေါ့။ စီနီယာက မင်းတို့လို ကလေးတွေကို သရုပ်ဆောင်ဖို့ မြေတောင်မြှောက်ပေးတဲ့နေရာမှာ နာမည်ကြီးလေ။ သူက စောစောသင်လေ ပိုကောင်းလေလို့ ပြောတတ်တာ။ ဒါပေမဲ့ မင်းတို့အရွယ် ကလေးတစ်ယောက်ကို ခေါ်လိုက်တိုင်း သူ အမြဲတမ်း တစ်ခုပဲ ပြောတတ်တာ၊ အဲဒါကတော့ ကောလိပ်တက်ဖို့ပဲ။ သရုပ်ဆောင်ဘာသာရပ်တင် မဟုတ်ဘူးနော်။ လူမှုသိပ္ပံ၊ ဒဿနိကဗေဒ အစရှိသဖြင့်ပေါ့။ သူက သူ့ရဲ့ တပည့်တွေကို ကျောင်းမှာ ကမ္ဘာကြီးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင်စေချင်တာလေ”

အဲဒီစကားက မာရူးအတွက်တော့ ယုတ္တိရှိပေမဲ့ သူကတော့ ဂန်ဟွန်း ပြောပြတဲ့ ကလေးမျိုး မဟုတ်ဘူးလေ။ ပြောရရင် ဂျွန်မင်းနဲ့ သူ ချုပ်ခဲ့တဲ့ စာချုပ်က လုံးဝကို ကွဲပြားနေတာပါ။

“ပြီးတော့'သရုပ်ဆောင်တာကို ဆက်လုပ်ဖြစ်ရင်'ဆိုတဲ့ စကားက ဘာလဲ။ ကြားထဲမှာ လက်လျှော့လိုက်မှာမို့လို့လား”

“ဟုတ်ကဲ့။ လောလောဆယ်တော့ အထက်တန်းကျောင်း ပြီးတဲ့အထိပဲ သရုပ်ဆောင်ဖို့ သဘောတူထားတာပါ။ အဲဒီနောက်မှာတော့ မစ္စတာ ဂျွန်မင်း က စာချုပ်ကို ဆက်ချုပ်မလားဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။ မဟုတ်ရင်တော့ အားလုံး ပြီးသွားပြီပေါ့။ ကျွန်တော်လည်း သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သေချာ မသိသေးတာဆိုတော့ ဒါက ကျွန်တော့်အတွက် ကောင်းမယ်လို့ ထင်လို့ပါ”

“... ဒါက တကယ်ကို ထူးဆန်းတာပဲ။ သူက မင်းလို လူမျိုးကို လက်ခံခဲ့တာပေါ့။ သူ ပြောင်းလဲသွားတာလား။ ဂျွန်မင်းက မင်းကို အဲဒီလို လုပ်ဖို့ အကြံပေးခဲ့တာလား”

“မဟုတ်ပါဘူး၊ ဒါက ကျွန်တော် သူ့ကို တောင်းဆိုခဲ့တဲ့ အချက်ပါ”

“မ-မင်းက သူ့ကို တောင်းဆိုခဲ့တာ ဟုတ်လား”

ဂန်ဟွန်းရဲ့ ပါးစပ်ကတော့ အံ့ဩလွန်းလို့ ဟသွားပါတယ်။

“အဲဒါဆိုရင် စီနီယာက မင်းကို ခိုင်းတာ မဟုတ်ဘဲ မင်းကပဲ အထက်တန်းကျောင်း ပြီးလို့မှ မကြိုက်ရင် ထွက်မယ်လို့ သူ့ကို ပြောခဲ့တာပေါ့”

“ဟုတ်ပါတယ်”

“ပြီးတော့ သူက အဲဒါကို လက်ခံခဲ့တာပေါ့”

“အဲဒါကြောင့်လည်း ကျွန်တော်တို့ အခု ဒီမှာ ရှိနေကြတာ မဟုတ်လား”

“နေက အနောက်ဘက်က ထွက်တယ်လို့ ပြောရင်တောင် ငါက ပိုပြီး ယုံဦးမယ်”

ဂန်ဟွန်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး နံပါတ်တစ်ခုကို အမြန်နှိပ်လိုက်ပါတယ်။ ပြီးတော့မှ"ဟုတ်ကဲ့ စီနီယာ။ ကျွန်တော် ဂန်ဟွန်း ပါ"လို့ ပြောလိုက်တာကို ကြည့်ရတာ ဂျွန်မင်း ဆီကို ဖုန်းဆက်နေတာ ဖြစ်မှာပါ။ ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြီးတဲ့နောက်မှာတော့ မာရူးကို မယုံနိုင်သလိုမျိုး လှည့်ကြည့်လိုက်ပါတယ်။

“ဟုတ်ကဲ့၊ နားလည်ပါပြီ။ ဟုတ်ကဲ့။ မကြာခင်မှာ ကျွန်တော် လာတွေ့ပါ့မယ်”

ဂန်ဟွန်းက ဖုန်းကို ချလိုက်ပြီးမှ ပြန်ပြောပါတယ်။

“အေးပါ၊ မင်းကတော့ တကယ့်ကို အရူးတစ်ယောက်ပဲ”

* * * * * * * * *

‘ဝမ် သန်း ၃၀၀၊ ပြီးတော့ အထက်တန်းကျောင်း တတိယနှစ်…’

ဂန်ဟွန်းကတော့ မာရူးကို စိုက်ကြည့်ရုံကလွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။ အဲဒီ အထက်တန်းကျောင်းသားလေးကတော့ သူ့ရှေ့က ငါးကင်ကို တော်တော်လေး သေသေသပ်သပ် စားနေတာပေါ့။ ဒီလို အထက်တန်းကျောင်းသား တစ်ယောက်က… ဝမ် သန်း ၃၀၀ စာချုပ်အကြောင်း ပြောနေတာလား။

“မင်းမှာ သတ္တိရှိတာပဲ။ တစ်နှစ်ကို သန်း ၁၀၀ လား။ အသက် ၁၇ နှစ်အရွယ်နဲ့လား။ မင်းကိုယ်မင်း အဲဒီလောက်အထိ တန်ကြေးရှိတယ်လို့ တကယ်ပဲ ထင်လို့လား”

“မထင်ပါဘူး”

ဟော၊ ဒီကလေးကို ကြည့်စမ်း။ သူကတော့ လုံးဝကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ပြောနေတာပါ။

“ဒါတောင်မှ မင်းက ပိုက်ဆံ အဲဒီလောက်အထိ တောင်းခဲ့တာပေါ့”

“ဟုတ်ကဲ့”

“မင်း သရုပ်ဆောင် မလုပ်ချင်လို့လား”

“အဲဒီလို မဟုတ်ပါဘူး၊ ကျွန်တော် သရုပ်ဆောင်တာကို စမ်းကြည့်ချင်ခဲ့တာပါ။ ဘေးနားက လူတွေ ပြောနေကြသလို ကျွန်တော့်ရဲ့ ပါရမီက တကယ် ဟုတ်မဟုတ်ဆိုတာကို သိချင်ခဲ့တာပါ”

“ဒါတောင်မှ မင်းက သန်း ၁၀၀ တောင်းခဲ့တာပေါ့”

“အစတုန်းကတော့ ၂ ဘီလီယံပါ”

“....”

“ဘာဖြစ်လို့လဲခင်ဗျာ”

“ငါ အိမ်ခြေမဲ့ ဖြစ်နေတုန်းက ဝမ်ရဲ့ တန်ဖိုးက အောက်ကို ထိုးကျသွားလို့လားလို့ တွေးနေမိတာ။ အဲဒီလို မဟုတ်ပါဘူးနော်”

“သေချာတာပေါ့ ခင်ဗျာ”

“ဝိုး၊ ၂ ဘီလီယံ ဟုတ်လား… ငါ့ရဲ့ ဘဏ်အကောင့်ထဲမှာ ဘယ်လောက်တောင် ရှိနေပါလိမ့်”

ဂန်ဟွန်းက မာရူးကို အသေအချာ စိုက်ကြည့်လိုက်ပါတယ်။ ဒီကလေးက တကယ်တော့ ဘယ်လိုလူမျိုးပါလိမ့်။ သူ ပြောတာတွေက တကယ်ကို အလေးအနက်ထားပြီး ပြောနေတာမှန်း သူ သိပါတယ်။ ပြီးတော့ ဂျွန်မင်းကလည်း နောက်ပြောင်တာတွေကို လက်ခံမယ့် လူစားမျိုး မဟုတ်ဘူးလေ။

‘သူက ဒီကလေးကို တော်တော်လေး သဘောကျခဲ့တာပဲ’

ဂန်ဟွန်းကတော့ လူ့အသက်ဟာ ပိုက်ဆံထက် ပိုပြီး တန်ဖိုးရှိတယ်လို့ မယုံကြည်ပါဘူး။ ပိုက်ဆံဟာ အမြဲတမ်း လူတွေရဲ့ အထက်မှာ ရှိနေတာပါ၊ အဲဒါက အရင်းရှင်စနစ်ရဲ့ အလုပ်လုပ်ပုံလေ။ သူ အိမ်ခြေမဲ့ ဖြစ်နေတုန်းက ဒါကို ကောင်းကောင်း သင်ခန်းစာ ရခဲ့တာပါ။ ပိုက်ဆံက ကမ္ဘာကြီးကို လည်ပတ်စေတယ်၊ ပိုက်ဆံက လူတွေကို အသက်ရှင်စေသလို၊ ပိုက်ဆံကပဲ လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ လူတွေကို သေစေနိုင်တယ်။

ဝမ် သန်း ၃၀၀ ဆိုတာ… လူပေါင်းများစွာကို သေစေနိုင်လောက်တဲ့ ပိုက်ဆံပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတင် ဝမ် ၂ သန်း အကြွေးတင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သတင်းကို သူ သတိရလိုက်ပါသေးတယ်။ သန်း ၃၀၀ ဆိုတာကတော့ တကယ်ကို မယုံနိုင်စရာကောင်းတဲ့ ပိုက်ဆံပမာဏပါ၊ အဲဒီပိုက်ဆံကို စီနီယာက ဒီကလေးဆီကို ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။

“မင်းက ပိုက်ဆံအတွက် သရုပ်ဆောင်တာလား”

“ကျွန်တော် ပိုက်ဆံ လိုချင်တာပါ။ အဲဒီ သန်း ၃၀၀ ကိုလည်း ရထားပြီးသားလေ။ ပေးရတဲ့ ပမာဏနဲ့ တန်အောင် အာရုံစိုက်ဖို့ ကျွန်တော် စီစဉ်ထားပါတယ်”

မာရူးက သူ့ရဲ့ တူကို ချလိုက်ပါတယ်။

“ပိုက်ဆံအတွက် သရုပ်ဆောင်တယ်လို့ ကျွန်တော် ပြောတာက ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေသလား”

“မဟုတ်ပါဘူး၊ လုံးဝ မဖြစ်ပါဘူး။ ငါက ဒီကိုလာတုန်းက သူတော်စင်တစ်ယောက်နဲ့ တွေ့ရမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ လူတိုင်းက ပိုက်ဆံအတွက် အလုပ်လုပ်ကြတာပဲ။ ဒါပေမဲ့… ပိုက်ဆံဟာ မင်းရဲ့ ဘဝအတွက် အမြဲတမ်း တွန်းအားတစ်ခု မဖြစ်နိုင်ဘူးဆိုတာကိုတော့ သိစေချင်တယ်”

ပိုက်ဆံရှာဖို့အတွက် တစ်ခုခုကို စတင်နိုင်ပါတယ်။ အဲဒါက ကိစ္စမရှိပါဘူး။ ဘဝတစ်လျှောက်လုံး ပိုက်ဆံရှာဖို့ကိုပဲ အာရုံစိုက်နေရင်လည်း ရပါတယ်။ အဲဒါကလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အချိန်တစ်ခုမှာတော့ ပိုက်ဆံထက် ပိုတဲ့ တခြား တွန်းအားတစ်ခုကို မင်း ရှာတွေ့လာပါလိမ့်မယ်။ ဂန်ဟွန်းက ဒါကို ကိုယ်တိုင် ကြုံဖူးထားတာဆိုတော့ ကောင်းကောင်း သိတာပေါ့။

“ဆရာကရော ဘာလို့ သရုပ်ဆောင်တာလဲ”

“ငါလား။ ပိုက်ဆံရှာဖို့ပေါ့”

“အဲဒါတင် မကဘူးလို့ ထင်တယ်နော်”

ကောင်လေးက ဖွဖွလေး ပြုံးနေတာကို ကြည့်ပြီး ဂန်ဟွန်းက သူ့နှာခေါင်းကို ကုတ်လိုက်ပါတယ်။ ဒီကလေးက သူ့စိတ်ကို ဖတ်နေသလိုမျိုး ခံစားရလို့ပါ။

“မင်း ကိုယ်တိုင် သရုပ်ဆောင်လာတဲ့အခါ သိလာပါလိမ့်မယ်။ စာရေးဆရာတွေ၊ အဆိုတော်တွေ၊ ဒါမှမဟုတ် ကာတွန်းဆရာတွေပဲဖြစ်ဖြစ် အားလုံးက အတူတူပါပဲ။ သူတို့တွေဟာ ပိုက်ဆံရှာဖို့အတွက် ဒီအလုပ်ကို စတင်ခဲ့ကြတာ ဖြစ်နိုင်ပေမဲ့ နောက်ဆုံးမှာတော့ အားလုံးက ပန်းတိုင်တစ်ခုတည်းဆီကိုပဲ သွားကြတာ”

“အဲဒါက ဘာလဲ”

“ကိုယ့်ရဲ့ အသံကို လူတွေဆီ ရောက်အောင် လုပ်ဖို့ပေါ့၊ အဲဒါက လူတိုင်းရဲ့ နောက်ဆုံး ပန်းတိုင်ပဲ”

ထမင်းစားပြီးတဲ့နောက် သူတို့နှစ်ယောက် အပြင်ကို ထွက်လာခဲ့ကြပါတယ်၊ ဂန်ဟွန်းကတော့ မာရူးအကြောင်းကို အကုန်လုံး သေသေချာချာ မသိသေးပါဘူး။ အနည်းဆုံးတော့ သူက ဒီကောင်လေးကို မမုန်းပါဘူး၊ မာရူးကသာ ရိုးရိုးသားသား မရှိဘဲ ဟန်ဆောင်နေရင် သူ စိတ်ပျက်မိမှာပါ။

“ဒါနဲ့၊ ခင်ဗျား အိမ်ခြေမဲ့ အကြောင်း ပြောခဲ့တာနဲ့ ပတ်သက်ပြီးတော့…”

“အော်၊ အဲဒါလား။ ငါ့ရဲ့ ပြဇာတ်ကို ပြင်ဆင်တုန်းက မှတ်စုတွေ မလုံလောက်လို့လေ။ အဲဒါကြောင့် မှတ်စုတွေ သွားစုတာပေါ့။ ငါ့ရဲ့ ကိုယ်ပိုင် ခံစားချက်တွေကိုလည်း ချရေးဖြစ်တယ်။ မိုက်တယ် မဟုတ်လား”

“အော်၊ အဲဒါဆို ရက်အနည်းငယ်လောက် သွားနေခဲ့တာပေါ့…”

“ရက်အနည်းငယ် ဟုတ်လား။ ဘာတွေ ပြောနေတာလဲ။ သုံးလလောက် နေပြီးတာတောင် ငါက ဘာမှ မသိသေးသလိုပဲ။ ပြဇာတ်အတွက် တကယ် ပြင်ဆင်ဖို့ အချိန်လိုနေလို့သာ ငါ ရပ်လိုက်ရတာ”

“... သုံးလတောင်လား”

“ဘာဖြစ်လို့လဲ”

“လူတွေက အဲဒီလောက်အထိ လုပ်ကြလို့လား”

“ဖြစ်နိုင်တာပဲ”

“ခင်ဗျား အိမ်ကိုတော့ ပြန်ခဲ့တယ် မဟုတ်လား”

“မပြန်ပါဘူး။ ဘာလို့လဲ။ အိမ်ခြေမဲ့ တစ်ယောက်မှာ ပြန်စရာ အိမ် ရှိလို့လား”

“အဲဒီတော့ ခင်ဗျားက သုံးလလုံးလုံး အပြင်မှာ အိပ်ခဲ့တာပေါ့…”

“ဟုတ်တယ်”

“....”

“ဘာဖြစ်လို့လဲ”

“ခင်ဗျားက တကယ့် အရူးပဲ”

“ငါလား။ မဟုတ်တာ။ အနည်းဆုံးတော့ ခင်ဗျားနဲ့ ယှဉ်ရင် ကျွန်တော်က သာမန်ထက်ကို ပိုပြီး သာမန်ဆန်ပါတယ်။ ဘယ်လို လူမျိုးကများ အစကတည်းက ဝမ် ၂ ဘီလီယံ တောင်းရဲတာလဲ။ ငါသာဆိုရင် အဲဒီလို တောင်းဖို့တောင် တော်တော် ရှက်မိမှာ”

“အတွေ့အကြုံ ရဖို့အတွက်နဲ့ သုံးလလောက် အိမ်ခြေမဲ့ ဖြစ်ဖို့ ရွေးချယ်ခဲ့တဲ့သူနဲ့ ယှဉ်ရင်တော့ ကျွန်တော်က လုံးဝကို သာမန်လူပါ။ အဲဒီလောက် အန္တရာယ်များတဲ့ အလုပ်ကတော့…”

ဂန်ဟွန်းက မျက်မှောင်ကြုတ်ပြီး မာရူးကို ကြည့်လိုက်ပါတယ်၊ ကောင်လေးကလည်း သူ့ကို အဲဒီလိုပဲ ပြန်ကြည့်နေပါတယ်။ အဲဒီအချိန်မှာပဲ သူတို့နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် အတူတူပဲ တွေးနေကြတာပါ။

ဒီလူကတော့ တစ်မျိုးကြီးပဲ။ တကယ်ကို ထူးထူးဆန်းဆန်းကြီးဗျာ။

* * * * * * * * *

အခန်း(၈၀)

“ဂျွန်မင်း ဆရာကြီးက တော်တော်ချမ်းသာပုံရတယ်နော်”

မာရူးနဲ့ ဂန်ဟွန်းတို့ဟာ လူစည်ကားတဲ့ လမ်းဘေးက စတိုးဆိုင်လေးတစ်ဆိုင်ရှေ့မှာ ထိုင်နေကြတယ်။

“ချမ်းသာတာမှ တကယ့်ကို သူဌေးကြီးပေါ့။ အခု ဂန်းနမ်ဘက်မှာ မြေဈေးတွေ အဆမတန် တက်နေတာ မင်းလည်း သိသားပဲ မဟုတ်လား”

“ဟုတ်ကဲ့ သိပါတယ်”

“လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့။ အဲဒီတုန်းက ငါ သူနဲ့အတူ အလုပ်ကိစ္စနဲ့ ဂန်းနမ်ဘက်ကို သွားဖြစ်တယ်။ ဆရာကြီးက လမ်းဘေးက အဆောက်အအုံတချို့ကို လက်ညှိုးထိုးပြပြီး'ဒါတွေက ငါ့ဟာတွေလေ'လို့ အေးအေးဆေးဆေး ပြောပြတာ။ အဲဒီတုန်းကတော့ သူပြောတာတွေက မယုံနိုင်စရာကြီး ဖြစ်နေလို့ ငါတောင် မရယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ့ကို တကယ်အံ့ဩဖို့ကောင်းစေတာက သူ့ပိုင်ဆိုင်တဲ့ မြေကွက်တွေကြောင့် မဟုတ်ဘူး။ သူ့နာမည်တစ်ခွန်း ပြောလိုက်ရုံနဲ့ ခေါ်လို့ရတဲ့ လူတွေကြောင့်ပဲ”

“သူက နာမည်ကြီး အနုပညာရှင်တွေတက်တဲ့ ပွဲလမ်းသဘင်တွေကို သိပ်သွားလေ့မရှိဘူးလို့ ကျွန်တော် သတိထားမိတယ်။ လူမှုရေး သိပ်မလုပ်တာလား”

“မင်း သူ့အကြောင်းကို တော်တော်လေး စိတ်ဝင်စားနေတာပဲ”

“ဘာပဲပြောပြော သူက ကျွန်တော့်ရဲ့ အထက်လူကြီး ဖြစ်နေတာကိုး။ ဝမ်သန်း ၃၀၀ တန် စာချုပ်ကြီးနဲ့လေ။ ဒါကြောင့် သူ့အကြောင်း ကြိုသိထားရင် ကောင်းမယ်လို့ ထင်လို့ပါ”

“အင်း ... ဟုတ်တာပေါ့။ သူက ရှုပ်ရှုပ်ထွေးထွေးတွေကို သိပ်မနှစ်သက်ဘူး။ ခွေးတွေနဲ့ ပတ်သက်တာကလွဲရင်ပေါ့။ တစ်နေ့ကျရင် တစ်နေရာရာမှာ အိမ်ကြီးတစ်လုံးဝယ်ပြီး ခွေးတွေနဲ့အတူ အေးအေးဆေးဆေး နေဖို့က သူ့ရဲ့ အိပ်မက်ပဲ။ ဒါပေမဲ့ သူသာ တကယ်လုပ်ချင်ရင် အခုချက်ချင်းတောင် လုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ”

ခွေးချစ်တတ်တဲ့သူပေါ့ ...။ နောင်ကျရင် ခွေးလည်ပတ်လေးတစ်ကွင်းလောက် လက်ဆောင်ပေးရင် ကောင်းမယ်လို့ ဟန်မာရူး စဉ်းစားနေမိတယ်။ စီးပွားရေးအရ ပတ်သက်နေရတဲ့ ဆက်ဆံရေးမျိုးမှာတော့ အသေးအဖွဲ လက်ဆောင်လေးတွေက အရေးကြီးတာကိုး။ ဒီပတ်သက်မှုက ဘယ်လောက်အထိ ကြာရှည်မလဲ မသိနိုင်တာကြောင့် ရနိုင်တဲ့အချိန်မှာ ယုံကြည်မှု တည်ဆောက်ထားတာ အကောင်းဆုံးပဲ။

သူတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောနေတုန်းမှာ ပတ်ဝူချန်းက ရုတ်တရက် သူ့နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး တားလိုက်တယ်။

“ဟိုဘက်ကို ကြည့်လိုက်စမ်း”

ပတ်ဝူချန်းက မီးခိုးရောင် ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဆီကို မေးဆတ်ပြတယ်။ သူမက အဲဒီအင်္ကျီနဲ့ လိုက်ဖက်သလို ဆင်တူအရောင်ရှိတဲ့ ဦးထုပ်လေးကိုလည်း ဆောင်းထားသေးတယ်။

“သူ့အသက် ဘယ်လောက်ရှိပြီ ထင်သလဲ”

“၂၄ နှစ်လောက်လား”

“သူ ဘာလုပ်တဲ့သူ ဖြစ်မလဲ”

“ကျောင်းသူ ဖြစ်မှာပေါ့။ သူငယ်ချင်းတွေကို စောင့်နေတာ ထင်တယ်”

“သူ့သူငယ်ချင်းတွေကရော ဘယ်လိုလူမျိုးတွေ ဖြစ်မလဲ”

“အဲဒါတော့ ကျွန်တော် မသိ ..."

စုံထောက်ဝတ္ထုထဲက စုံထောက်တွေမှသာ အဲဒီလောက်အထိ အတိအကျ သိနိုင်မှာပေါ့။ ဟန်မာရူးက ပတ်ဝူချန်းကို နားမလည်နိုင်သလို ကြည့်လိုက်တယ်။

“ငါက အဖြေမှန်ကို မေးနေတာ မဟုတ်ဘူး။ မင်းဘာသာ စိတ်ကူးကြည့်စမ်း။ အဲဒီအမျိုးသမီးကို ဇာတ်ကောင်တစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်။ သူ့ဖိနပ်ကို ကြည့်ဦး။ ဒေါက်ဖိနပ် မဟုတ်ဘဲ ဝတ်ထားတာက ဖိနပ်အပါးတွေ။ ဘာဖြစ်လို့လဲလို့ မင်းထင်သလဲ။ တကယ်လို့ သူက ရည်းစားနဲ့ ချိန်းထားတာဆိုရင် သူ့ထက်အရပ်ပုတဲ့ ရည်းစားနဲ့ အရပ်ချင်း ညှိချင်လို့ ဖြစ်နိုင်တာပဲ”

“ဒါမှမဟုတ် ခြေကျင်းဝတ် နာနေလို့လည်း ဖြစ်နိုင်တာပဲလေ”

“ကောင်းတဲ့ အမြင်ပဲ။ နောက်ထပ် သေချာလေး ထပ်ကြည့်ဦး။ စူးစူးစိုက်စိုက်ကြီးတော့ မကြည့်နဲ့ဦးပေါ့။ နောက်ထပ် ဘာတွေ တွေ့သေးလဲ”

ဟန်မာရူးက အဲဒီအမျိုးသမီးကို သေချာလေး ထပ်ပြီး အကဲခတ်ကြည့်တယ်။

“သူ့လက်မှာ လက်စွပ်တစ်ကွင်း ဝတ်ထားတယ်”

“အလှဆင်တဲ့ လက်စွပ်လား၊ ဒါမှမဟုတ် တခြားအဓိပ္ပာယ် ရှိတာလား”

“စေ့စပ်လက်စွပ်နဲ့ တူတယ်”

“သူ့ရဲ့ ခံစားချက်ကရော”

“ရည်းစားကို စောင့်နေရလို့ စိတ်လှုပ်ရှားနေတာ ဖြစ်မှာပေါ့”

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလူကို သူ အရမ်းစိတ်တိုနေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”

“ဗျာ”

အဲဒီအချိန်မှာပဲ မီးခိုးရောင် ကုတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးက ဝုန်းခနဲ ထရပ်လိုက်တယ်။ သူ့လက်သီးနှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားသေးတယ်။ ဟန်မာရူးက သူမ စိုက်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းကို လှမ်းကြည့်လိုက်တော့ အမျိုးသားတစ်ယောက်က ပြုံးဖြီးဖြီးနဲ့ သူမဆီကို လျှောက်လာနေတာကို တွေ့လိုက်ရတယ်။ ထိုအမျိုးသားက သူမထက် အရပ်နည်းနည်း ပိုမြင့်တယ်။

သူမအနားကို ရောက်လာပြီး"ဆောရီး၊ နောက်ကျသွားတယ်"လို့ ပြောလိုက်တဲ့အချိန်မှာပဲ အဲဒီအမျိုးသမီးက သူ့လက်ထဲက ဖုန်းကို မြေကြီးပေါ် ဆောင့်ပစ်လိုက်တော့တယ်။

ဖုန်းကွဲသွားတဲ့ အသံက တော်တော်လေး ကျယ်လောင်တယ်။ ထိုအမျိုးသားက ကြောင်တောင်တောင်နဲ့ ကြည့်နေပြီးမှ တစ်ခုခုကို သတိရသွားပုံရတယ်။ သူက တစ်ခုခု ရှင်းပြဖို့ ကြိုးစားပေမဲ့ အမျိုးသမီးကတော့ နားထောင်မယ့်ပုံ မပေါ်ဘူး။ သူ့ခြေထောက်က ဝုန်းခနဲ မြောက်တက်သွားပြီး ထိုအမျိုးသားရဲ့ ဝမ်းဗိုက်ဆီကို တည့်တည့်ကြီး ရောက်သွားတယ်။ အဲဒီကန်ချက်က တော်တော်လေး အားပါပုံရတယ်။ ထိုအမျိုးသား နောက်ကို လန်ကျသွားတော့တာပဲ။

“ဝိုး”

ဂန်ဟွန်းက လေချွန်လိုက်ပြီး လက်ခုပ်တီးတယ်။ စတိုးဆိုင်နားက လူတွေအားလုံး ဘာဖြစ်တာလဲဆိုပြီး လှည့်ကြည့်ကုန်ကြတယ်။

“ငါ့ကို နောက်တစ်ခါ ထပ်မဆက်သွယ်နဲ့တော့၊ လူယုတ်မာရဲ့”

အမျိုးသမီးက သူ့အိတ်ကို ဆွဲပြီး ထွက်သွားတော့တယ်။ ခဏလေးအတွင်းမှာပဲ သူမရဲ့ အိတ်ထဲမှာ တိုက်ကွမ်ဒိုဝတ်စုံနဲ့ ကာရာတေး ခါးပတ်နက်တစ်ခု ရှိနေတာကို ဟန်မာရူး တွေ့လိုက်ရတယ်။

“သူတို့ ရန်ဖြစ်တော့မယ်ဆိုတာ ဆရာ ဘယ်လိုသိတာလဲ”

“မင်း ကော်ဖီသွားဝယ်နေတုန်းက သူဖုန်းပြောနေတာ ငါကြားခဲ့လို့လေ”

". . ."

“ဘာလဲ”

“ဒါဆို ဘာလို့ ကျွန်တော့်ကို အဲဒီမေးခွန်းတွေ လာမေးနေတာလဲ”

“မင်းရဲ့ စိတ်ကူးဉာဏ်ကို နှိုးဆွပေးချင်လို့ပေါ့။ ဒါက ရိုးရိုးရှင်းရှင်း ဂိမ်းတစ်ခုပါပဲ”

ပတ်ဝူချန်းက စားပွဲပေါ်က သူ့ဖျော်ရည်ကို လှမ်းယူလိုက်တယ်။

“သရုပ်ဆောင်ဆိုတာ ဘာလဲ”

သူတို့ စတင်တွေ့ဆုံခဲ့တာ နှစ်ရက်ပဲ ရှိသေးပေမဲ့ ဟန်မာရူးကတော့ ပတ်ဝူချန်းရဲ့ စကားပြောပုံကို တော်တော်လေး ကျင့်သားရနေပြီ။ ဒီလူက စိတ်ကူးယဉ်သမားတစ်ယောက်လိုပဲ။ လေထဲကို ခဏလောက် ငေးကြည့်နေတတ်ပြီးမှ ဘာမဟုတ်တဲ့ မေးခွန်းတွေကို ရုတ်တရက် မေးတတ်တယ်။ သူ့ဆီကနေ အကြောင်းအရာ တစ်ခုခုရဲ့ အစအဆုံးကို သိဖို့ ကြိုးစားနေတာက အလကားပဲ။ သူနဲ့ ရှိနေတဲ့အချိန်မှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေကိုပဲ အာရုံစိုက်ဖို့ လိုတယ်။

“သရုပ်ဆောင်တဲ့သူပေါ့”

မီးခိုးရောင် ကုတ်အင်္ကျီနဲ့ အမျိုးသမီးအကြောင်း မပြောခဲ့ဖူးတဲ့အတိုင်း သူတို့ရဲ့ စကားဝိုင်းက ပြောင်းလဲသွားတယ်။ ဟန်မာရူးလည်း ကော်ဖီကို တစ်ငုံ သောက်လိုက်တယ်။

“ဒါဆို သရုပ်ဆောင်တာက ဘာလဲလို့ မင်းထင်သလဲ”

နောက်ဆက်တွဲ မေးခွန်းတစ်ခုပေါ့။ ဒီတစ်ခါတော့ ဟန်မာရူး ခဏလောက် စဉ်းစားပြီးမှ ဖြေလိုက်တယ်။

“စိတ်ကူးထဲက ဇာတ်ကောင်တစ်ယောက်ကို တုပတာလို့ ကျွန်တော် ထင်ပါတယ်”

“ဇာတ်ကောင်ကို တုပတာ ... ဟုတ်တယ်၊ အဲဒါ အဖြေမှန်ပဲ”

“ဆရာ့ခေါင်းထဲမှာ အဖြေမှန်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။ အခုထိ ကျွန်တော်ပြောသမျှ အကုန်မှန်နေတာပဲ”

“ဒီလောကမှာ မှားတဲ့အဖြေဆိုတာ မရှိဘူးလို့ ငါထင်တယ်။ ငါ့ရဲ့ အဖြေက မင်းကြောင့် မှားသွားနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာပဲ။ မှားတဲ့အဖြေဆိုတာ မရှိဘူး၊ ဖြစ်နိုင်ခြေတွေပဲ ရှိတာ”

“ဒါဆို တစ်ပေါင်းတစ်က ဘယ်လောက်လဲ”

“တခြား စကြာဝဠာမှာဆိုရင်တော့ အဖြေက သုံး ဖြစ်နေမှာပေါ့ ကောင်လေးရာ”

“အဲဒါကိုပဲ လက်ခံလိုက်ပါ့မယ်”

“နေမင်းက လွန်ခဲ့တဲ့ ရက်ပေါင်းတစ်ရာကလည်း အရှေ့က ထွက်ခဲ့တယ်၊ လွန်ခဲ့တဲ့ ဆယ်ရက်ကလည်း အရှေ့ကပဲ ထွက်ခဲ့တယ်၊ မနေ့ကလည်း အရှေ့ကပဲ ထွက်ခဲ့တယ်။ ဒါကြောင့် မနက်ဖြန်လည်း နေက အရှေ့ကပဲ ထွက်မှာပဲ။ ယုတ္တိဗေဒအရတော့ အဲဒါက မှန်ကောင်းမှန်လိမ့်မယ်။ ဒါပေမဲ့ ဘယ်သူ တကယ်သိမှာလဲ။ မနက်ဖြန်ကျရင် နေက အနောက်က ထွက်လာရင် ထွက်လာမှာပေါ့”

“အဲလိုသာ ဖြစ်ရင်တော့ ကမ္ဘာကြီး ပျက်စီးသွားမှာပေါ့”

“ငါ ဘာကို ဆိုလိုတာလဲဆိုတာ မင်းသိသားပဲ။ သိပ္ပံနည်းကျ ယုတ္တိဗေဒတွေကို ငါက မေးခွန်းထုတ်နေတာ မဟုတ်ဘူး။ သရုပ်ဆောင်တာက လူသားတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်း လိုအပ်တဲ့ အလုပ်တွေထဲက တစ်ခုပဲ။ ဒါပေမဲ့ တခြားအလုပ်တွေနဲ့ မတူတာက သရုပ်ဆောင်တာဟာ ကိုယ့်ကိုယ်ကိုယ် ဖျောက်ပစ်နိုင်လေလေ ပိုပြီး တောက်ပလာလေလေပဲ”

“ကိုယ့်ကိုယ်ကိုယ် ဖျောက်ပစ်မှ တောက်ပလာမယ် ဟုတ်လား”

“Method Acting အကြောင်း ကြားဖူးလား”

“ဟုတ်ကဲ့ ကြားဖူးပါတယ်”

“မင်းက ဉာဏ်ကောင်းသားပဲ။ ငါပြောချင်တဲ့ အနှစ်သာရကို မင်းနားလည်မယ်လို့ ငါယုံကြည်တယ်”

“နားလည်ပါတယ်”

သရုပ်ဆောင်တွေမှာ တာဝန်ရှိတယ်။ အခြေအနေပေါ် မူတည်ပြီး အဲဒီတာဝန်က ပြောင်းလဲသွားနိုင်ပေမဲ့ များသောအားဖြင့်တော့ သရုပ်ဆောင်ရဲ့ ပင်ကိုယ်ပုံစံနဲ့ လုံးဝကို ကွဲပြားနေတတ်တယ်။ အဲဒါက စိတ်ကူးယဉ် ဇာတ်ကောင် ဖြစ်နိုင်သလို တကယ့်လူတစ်ယောက်လည်း ဖြစ်နိုင်တယ်။

ဒါပေမဲ့ အရေးကြီးတာက သရုပ်ဆောင်နဲ့ သူသရုပ်ဆောင်နေတဲ့ ဇာတ်ကောင်က လူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာပဲ။ Method Actingဆိုတာကတော့ သရုပ်ဆောင်က သူ့ရဲ့ ဇာတ်ကောင်ထဲကို အပြည့်အဝ စီးမျောသွားတာမျိုးကို ခေါ်တာပေါ့။

“စီးမျောတာ ... အဲဒါက ဘာကို ဆိုလိုတာလဲလို့ မင်းထင်သလဲ”

“အာရုံစူးစိုက်တာ ဒါမှမဟုတ် တစ်ခုခုထဲကို နစ်မြုပ်သွားတာလို့ ကျွန်တော် ထင်ပါတယ်။ ယန်မီဆို ဆရာမကတော့'တစ်ခုခုအတွက် ရူးသွပ်သွားတာ'လို့ တင်စားတတ်တယ်”

“အာရုံစိုက်တာ၊ နစ်မြုပ်တာ၊ ရူးသွပ်တာ။ ဒီသုံးခုမှာ တူညီတဲ့အချက်က ဘာလဲဆိုတာ မင်းသိလား”

“အာရုံစိုက်တာလား”

“မှန်တယ်။ ဒါပေမဲ့ နည်းနည်းလောက် ထပ်ပြီး နက်နက်ရှိုင်းရှိုင်း စဉ်းစားကြည့်ရင် ငါစောစောက ပြောခဲ့တဲ့ အဖြေဆီကိုပဲ ပြန်ရောက်သွားလိမ့်မယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် မေ့ပျောက်သွားတာပဲ။ မင်း ရုပ်ရှင် ကြိုက်လား”

“ကြိုက်ပါတယ်”

“ဘယ်လို အမျိုးအစားလဲ”

“သည်းထိတ်ရင်ဖိုတွေကို ကြိုက်တယ်”

“ကောင်းပြီ။ မင်းအကြိုက်ဆုံး သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ စုပြီး ရုပ်ရှင်တစ်ကား ရိုက်တယ် ဆိုပါစို့။ အဲဒီရုပ်ရှင်ကို ကြည့်နေတဲ့အချိန်မှာ မင်းက အဲဒီရုပ်ရှင်အကြောင်းပဲ တွေးနေမှာ မဟုတ်လား”

“ဟုတ်ကဲ့”

“မင်းရဲ့ စိတ်ထဲက တခြား အတွေးအစအနလေးတွေကိုတောင် မေ့သွားလိမ့်မယ်။ တကယ်တော့ မင်းက အဲဒီရုပ်ရှင်ထဲကိုပဲ အာရုံရောက်နေတာ။ ရုပ်ရှင်ရဲ့ အထွတ်အထိပ်ရောက်တဲ့အချိန်မှာ ဆိုရင်တော့ တခြား ဘာကိုမှတောင် တွေးနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ မနက်ဖြန် ဘာဖြစ်မလဲ၊ အခု ငါဘာလုပ်နေတာလဲ၊ ရုပ်ရှင်ပြီးရင် ဘာစားရမလဲ ဆိုတာတွေကို မင်း တွေးနေဦးမှာလား”

“မတွေးမိတာတော့ သေချာပါတယ်။ ရုပ်ရှင်အကြောင်းပဲ တွေးနေမှာပါ”

“အဲဒါပဲပေါ့။ မင်း အာရုံစိုက်လိုက်တဲ့အခါ ပထမဆုံး မေ့သွားတာက ကိုယ့်ကိုယ်ကိုယ်ပဲ။ မင်းရဲ့ လိုအပ်ချက်တွေ အားလုံးက မင်းစိတ်ထဲကနေ ပျောက်ကွယ်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် မေ့သွားတယ်ဆိုတာတောင် သတိမထားမိတော့တဲ့ အထိပေါ့။ မြင်စရာ တခြားဘာမှ မရှိတော့ဘူး။ လက်ရှိ လုပ်နေတာကိုပဲ ကြည့်နေတော့တာ။ အဲဒါ မပါဘဲ မနေနိုင်တော့တဲ့ အခြေအနေမျိုးပေါ့”

“မူးယစ်ဆေးဝါးလိုမျိုးပေါ့”

“နာမည်ကြီး သရုပ်ဆောင်တွေက အကြောင်းမရှိဘဲ မူးယစ်ဆေးသုံးကြတာ မဟုတ်ဘူး။ အဲဒါက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ မေ့သွားစေနိုင်တာကိုး။ အာရုံစူးစိုက်မှုဆိုတာ လူတစ်ယောက် ခံစားနိုင်တဲ့ အကြီးမားဆုံး ပျော်ရွှင်မှုပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ အာရုံစိုက်ရမယ့် အရာတစ်ခုကို တွေ့သွားတဲ့အခါ တခြားအရာအားလုံးကို မေ့သွားတတ်ကြတယ်။ အာရုံမစိုက်နိုင်တော့တဲ့ အခါမျိုးမှာပဲ သူတို့ နာကျင်စွာ ရုန်းကန်ကြရတာ”

“အဲလိုဆိုတော့ ကျွန်တော် အာရုံမစိုက်ချင်တော့သလိုပဲ”

ပတ်ဝူချန်းက ရယ်လိုက်တယ်။

“ဖြစ်နိုင်ပါတယ်။ အာ ... ဒါနဲ့။ သရုပ်ဆောင်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ဖျောက်ပစ်နိုင်လေလေ ပိုတောက်ပလာလေလေလို့ ငါပြောခဲ့တယ် မဟုတ်လား”

“ဟုတ်ကဲ့”

“ဒါပေမဲ့ တစ်ချိန်မှာတော့ မင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ ဇာတ်ကောင်က တစ်ထပ်တည်း ကျလာမယ့် အချိန်တစ်ခု ရောက်လာလိမ့်မယ်။ အနုပညာဆိုတာ အဲလိုပဲ။ အစပိုင်းမှာတော့ လူတိုင်းက တခြားတစ်ယောက်ယောက်ကို တုပကြတာပဲ။ သီချင်းရေးတာပဲဖြစ်ဖြစ်၊ ပုံပြင်ရေးတာပဲဖြစ်ဖြစ်ပေါ့။ ကိုယ့်ထက် တော်တဲ့သူကို အတုယူကြတာပဲ။ သရုပ်ဆောင်တာလည်း ထူးမခြားနားပါဘူး”

ပတ်ဝူချန်းက ဝမ်းနည်းစရာ ပြဇာတ်ထဲက ဇာတ်ကောင်တစ်ယောက်လို သူ့ရဲ့ မျက်နှာအမူအရာကို တည်တင်းလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ လေသံကတော့ ပေါ့ပေါ့ပါးပါးပဲ ရှိနေသေးတာကြောင့် ဟာသဇာတ်ကောင်တစ်ယောက်နဲ့ ပိုတူနေတယ်။

“လူတိုင်းက အဲလိုမျိုး အဆင့်ဆင့် တိုးတက်လာကြပြီးမှ ကိုယ်ပိုင်အရာတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိလာကြတာ။ အဲဒါက ကိုယ်ပိုင်သက်သက်ကြီးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ကိုယ်ပိုင်ဟန်လေးတွေ ထည့်သွင်းထားတဲ့ လက်ရာတစ်ခုဆိုတာတော့ ဝန်ခံရလိမ့်မယ်။ သရုပ်ဆောင်မှုမှာတော့ တခြားအလုပ်တွေထက် ပိုပြီး ကြာကြာ တုပနေရတာပဲ။ အဲဒါကို မင်းကိုယ်မင်း သက်သေပြဖို့ မဟုတ်ဘဲ မင်းသရုပ်ဆောင်နေတဲ့ ဇာတ်ကောင်တွေအတွက် သက်သေပြရမှာ။ မင်းလည်း ဒီစကားမျိုး ကြားဖူးမှာပေါ့'ဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသားထက် ဘယ်သူ့ကိုပဲ မြင်နေရတယ်'ဆိုတာမျိုးလေ”

“ဟုတ်ကဲ့။ တီဗီက ရုပ်ရှင်အညွှန်းတွေမှာ တွေ့ဖူးပါတယ်”

“အဲဒီစကားက သရုပ်ဆောင်တစ်ယောက်အတွက်တော့ စော်ကားမှုရော ချီးကျူးမှုရော နှစ်မျိုးလုံးပဲ။ နာမည်မရှိတဲ့ သရုပ်ဆောင်တစ်ယောက် စင်ပေါ်မှာ သရုပ်ဆောင်နေတယ် ဆိုပါစို့။ ပရိသတ်တွေက သူ့ကိုကြည့်ပြီး ပြဇာတ်ထဲက ဇာတ်ကောင်ကိုပဲ မြင်ယောင်နေမိတယ်လို့ ပြောရင် သူပျော်မှာပဲ မဟုတ်လား”

“ဟုတ်တာပေါ့။ ချီးကျူးခံရတာကိုး”

“ဒါပေမဲ့ အဲဒီနာမည်မရှိတဲ့ သရုပ်ဆောင်က နာမည်ကြီးလာတဲ့အခါမှာတော့ ပုံစံပြောင်းသွားပြီ။ လူတွေက တစ်ပြိုင်တည်းမှာ အချက်နှစ်ချက်ကို တောင်းဆိုလာကြတယ်'ဒီသရုပ်ဆောင်က ပုံဖော်မယ့် ဇာတ်ကောင်ကိုပဲ ငါတို့ မြင်ချင်တယ်'ဆိုတာမျိုးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်ပစ်ပြီးတဲ့နောက် နောက်ထပ် အဆင့်ကတော့ ကိုယ့်ရဲ့ ပင်ကိုယ်ပုံစံကို ဇာတ်ကောင်ထဲမှာ အရည်ဖျော်လိုက်ဖို့ပဲ”

“ဒါကြောင့်လည်း တစ်ခန်းတည်းမှာ သရုပ်ဆောင်နှစ်ယောက် ထားတာမျိုးတွေ ရှိတာပေါ့နော်”

“အဲဒါကတော့ သူ့အကြောင်းပြချက်နဲ့သူ ရှိတာပေါ့။ ဒါပေမဲ့ မင်းပြောတာလည်း မမှားပါဘူး။ တချို့လူတွေက ပြဇာတ်ကို ပြဇာတ်သက်သက်ကြောင့် ကြည့်တာမဟုတ်ဘဲ တခြားသရုပ်ဆောင်တစ်ယောက်က အဲဒီဇာတ်ကောင်နေရာမှာ ဝင်သရုပ်ဆောင်တဲ့အခါ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ချင်ကြတာ။ ဂျွန်ဒိုယွန်း သရုပ်ဆောင်တဲ့'ဂျန်ဟီဘင်'နဲ့ ကင်ဟဲဆူး သရုပ်ဆောင်တဲ့'ဂျန်ဟီဘင်'လိုမျိုးပေါ့။ သရုပ်ဆောင်တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ ဖျောက်ပစ်ဖို့ ကြိုးစားပါစေ၊ သူ့ရဲ့ ပင်ကိုယ်ဟန် တချို့ကတော့ ဇာတ်ကောင်ထဲမှာ ကျန်ရစ်နေမှာပဲ။ ပြီးတော့ သူတို့ နာမည်ကြီးလာတဲ့အခါမှာ သူတို့ရဲ့ ပင်ကိုယ်ဟန်ကို ဇာတ်ကောင်နဲ့ ဘယ်လို ပေါင်းစပ်နိုင်သလဲ ဆိုတာပေါ် မူတည်ပြီး သူတို့ရဲ့ အရည်အချင်းကို ဆုံးဖြတ်ကြတာ”

“ဆရာ့မှာရော ကိုယ်ပိုင်ဇာတ်ကောင်ပုံစံ ရှိလား”

ပတ်ဝူချန်းက ခေါင်းကို အမြန်ခါလိုက်တယ်။

“ငါက ကိုယ့်ကိုယ်ကိုယ်တောင် အပြည့်အဝ မဖျောက်နိုင်သေးတဲ့ ကြက်ပေါက်စလေးပဲ ရှိသေးတာ။ အဲဒါတွေကိုတော့ နောက်မှပဲ စဉ်းစားရတော့မယ်”

“ဒါဆို ကျွန်တော်ကတော့ ကြက်ပေါက်စရဲ့ ကြက်ပေါက်စလေးပေါ့”

". . . အပြင်သွားတဲ့အခါ အဲလို ဟာသတွေ လုံးဝမပြောနဲ့နော်။ မင်းပြောတဲ့ ဟာသတွေက ဘိုးတော်ကြီးတွေ ပြောတဲ့အတိုင်းပဲ။ ဒီအသက်အရွယ်နဲ့ အဲလို ဟာသမျိုး ဘယ်လိုလုပ် ပြောနိုင်ရတာလဲ”

“ဘယ် ... ဘယ်သူသိမှာလဲ”

ဟန်မာရူးက မျက်လုံးချင်း မဆုံအောင် ခဏလောက် ရှောင်လိုက်တော့ ပတ်ဝူချန်းက မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။

“ကဲ ... ဒီနေ့အတွက် သီအိုရီပိုင်းကတော့ ဒီလောက်ပဲ။ လက်တွေ့ပိုင်းကို ပြန်သွားရအောင်”

ပတ်ဝူချန်းက ထရပ်လိုက်တာကြောင့် ဟန်မာရူး သက်ပြင်းချမိတယ်။

“ဒါကို တကယ် လုပ်ရဦးမှာလား”

“သရုပ်ဆောင်တွေက ခန္ဓာကိုယ်ကို အသုံးချတတ်ဖို့ လိုတယ်။ အတွေ့အကြုံလည်း လိုတယ်။ ရနိုင်တဲ့အချိန်မှာ အတွေ့အကြုံ ယူထားတာ အကောင်းဆုံးပဲ”

ဟန်မာရူးက သူ့မျက်ခုံးကို ကုတ်လိုက်ပြီး ပတ်ဝူချန်း ပေးထားတဲ့ နေကာမျက်မှန်ကို တပ်လိုက်တယ်။ သူ မျက်လုံးကို မှိတ်ပြီး သူ့ဘေးက တုတ်ကောက်ကို ကိုင်လိုက်တယ်။ ပတ်ဝူချန်းရဲ့ အကူအညီနဲ့ သူ ထရပ်လိုက်တယ်။

“မင်းရဲ့ ခေါင်းထဲမှာ လမ်းမကြီးရဲ့ ပုံရိပ်ကို ဖော်လိုက်စမ်း။ စောစောက မင်းမြင်ခဲ့ပြီးသားပဲ”

“ကျွန်တော့်ကို ဘယ်လို ပါရမီရှင်ကြီးလို့ ထင်နေတာလဲ”

“မင်းက ပါရမီရှင် မဟုတ်တာ ငါသိပါတယ်။ ဒါပေမဲ့ မင်းမှာ မှတ်ဉာဏ် တော်တော်ကောင်းတယ်ဆိုတာလည်း ငါသိတယ်။ လုပ်သာလုပ်စမ်းပါ။ မင်းရဲ့ အမြင်အာရုံ ပျောက်ကွယ်သွားတဲ့အခါ ခန္ဓာကိုယ်က အဆင်ပြေအောင် တခြားနည်းလမ်းတွေကို ရှာဖွေလာလိမ့်မယ်။ မင်းပတ်ဝန်းကျင်က အသံတွေကို နားထောင်စမ်း။ လေက မင်းရဲ့ အသားအရေကို ထိတွေ့သွားတာကို ခံစားကြည့်။ မင်းခြေထောက်အောက်က မြေကြီးရဲ့ အထိအတွေ့ကို သတိထားကြည့်စမ်း”

“ဒါက တကယ်ပဲ ကျွန်တော့်ကို ကူညီနိုင်မှာလား”

“မင်း ဘယ်လိုလုပ်သလဲ ဆိုတာပေါ်မှာပဲ မူတည်တယ်”

“ဟူး ..."

ဟန်မာရူးက သူ့ရဲ့ တုတ်ကောက်ကို အမြင်အာရုံအဖြစ် အားကိုးပြီး ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တယ်။

“ဘယ်သူသိမှာလဲ။ နောင်ကျရင် မင်းက မျက်မမြင်ဇာတ်ရုပ် သရုပ်ဆောင်ရရင် ရမှာပေါ့”

ဟန်မာရူးရဲ့ နောက်ကနေ ပတ်ဝူချန်း ရယ်နေတဲ့ အသံကို ကြားနေရတယ်။ သူက ဟန်မာရူးကို နောက်နေတာလား၊ ဒါမှမဟုတ် တကယ်ပဲ သင်ပေးချင်တာလား။ ဟန်မာရူးတစ်ယောက် လမ်းပေါ်မှာ မျက်လုံးမှိတ်ပြီး လမ်းလျှောက်နေတာ အခုဆိုရင် နှစ်ရက်တောင် ရှိသွားပြီ။

All Chapters