တစ်ခါတလေကျရင် ကျွန်တော်တို့ ဘဝကို ဖြတ်သန်းနေရင်းနဲ့ အနည်းဆုံးတော့ တစ်ကြိမ်လောက် ဒီလိုအတွေးမျိုး ဝင်လာတတ်ကြတယ်။ “ငါသာ... အဲဒီအချိန်တုန်းက အခြေအနေကို ပြန်သွားလို့ရရင် ဘယ်လောက်ကောင်းမလဲ” ဆိုတဲ့ အတွေးမျိုးတွေးမိကျလိမ့်မယ်။ ရယ်စရာကောင်းတာက အဲဒီလို တွေးလိုက်တဲ့ အချိန်ဟာ တကယ်တော့ သင်ဟာ အနာဂတ်ကနေ အတိတ်ဆီကို တိတိကျကျ ပြန်ရောက်လာခဲ့တဲ့ အချိန်ပဲ ဖြစ်နေရင်ရော။ “နောက်ထပ် တစ်ကြိမ်လောက်သာ...” အတိတ်သို့ တကျော့ပြန်ခရီး။ ***** ဒီစာစဉ်ကတော့ ဘတ်စ်ကားမောင်းတဲ့သူက ကားမတော်တဆဖြစ်ချိန်မှာ စိတ်ကောင်းထားပြီးအနစ်နာခံခဲ့တဲ့အတွက် သူကူညီဖူးတဲ့အဖွားအိုကြောင့် သူ့ရဲ့ငယ်ဘဝကို နောက်တစ်ကြိမ်ပြန်ရောက်ခွင့်ရခဲ့တယ်။ သူများအတွေးကိုမြင်နိုင်တာလိုမျိုးစွမ်းရည်တချို့ပါလာသလို တခြားTime Travelစာစဉ်တွေလိုတော့ အနာဂါတ်မှာဖြစ်လာမှာတွေပေါ် အခွင့်အရေးရမယ့် မှတ်ဉာဏ်ကတော့ ကန့်သတ်ခံထားရပြီး မိသားစုဘဝ သူဖြတ်သန်းခဲ့တုန်းက အမှားတွေပြန်ပြင်ဆင်ခွင့် သူ့ပတ်ဝန်းကျင်ကလူတွေကို လူကြီးတစ်ယောက်လို ပြင်ဆင်ထောက်ပြတာတွေနဲ့ ၂၀၀၀ပြည့်လွန်ခေတ်အခြေအနေကို အေးအေးဆေးဆေးခံစားရမှာပါ။ ဒီလိုစာစဉ်ကိုဘာလို့ကြိုက်လဲဆိုတော့ တခါတလေ ကျတော်တို့ဘဝမှာ အမှားတွေလုပ်မိခဲ့လို့ အဲ့တုန်းကသာငါဒီလိုလုပ်ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး.. ငါဘာလို့ အဲ့လိုလုပ်မိပါလိမ့်ဆိုပြီး အတိတ်ကိုပြန်သွားပြီး ပြင်ချင်တဲ့အတွေးဝင်မိကျမယ်ထင်တယ်။ ကျတော်က စာဖတ်သူတစ်ယောက်ဆိုတော့ ဘာသာပြန်တွေဖတ်ရင် စာစဉ်ရပ်များသွားမလားဆိုတဲ့ ခံစားဖူးတော့ ဒါလေးကိုပြီးဆုံးအောင် ဘာသာပြန်ဖို့တာဝန်ယူပါတယ်။

