← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း(၂၉၂)

သူငယ်ငယ်တုန်းက တကယ်ငိုတတ်တဲ့ကလေးလို့ အပြောခံခဲ့ရဖူးတယ်။ အဖွားပေးတဲ့ သကြားလုံးကို စားရင်းနဲ့လည်း ငိုတယ်၊ သူငယ်ချင်းတွေနဲ့ ဆော့နေရင်းလည်း ရုတ်တရက် ထငိုတတ်တယ်၊ နောက်ဆုံး သန်းခေါင်ယံ အိပ်ရာကနိုးရင်တောင် ထငိုတတ်လို့ အမေခမျာ သူ့အတွက် အတော်လေး စိတ်ပူခဲ့ရတယ်။ ဒါပေမဲ့ ထူးဆန်းတာက သူ့အမနဲ့အတူရှိနေတဲ့အချိန်တွေမှာတော့ သူ ဘယ်တော့မှ မငိုဘူး။ မျက်လုံးတွေ နီရဲလာပြီး ငိုတော့မလို ဖြစ်လာရင်တောင် မျက်ရည်ကျတာကိုတော့ လုံးဝ အသိမခံခဲ့ဘူးလေ။

ဘန်ဂျူးက အဲဒီအကြောင်းပြချက်ကို ခပ်ရေးရေးတော့ သဘောပေါက်ပါတယ်။ သူ့အဖွားနဲ့ အမေက သူ့အပေါ် အလိုလိုက်စေချင်တဲ့သူတွေဖြစ်ပြီး သူ့အမကျတော့ သူ အားကျအတုယူရတဲ့သူ ဖြစ်နေလို့ပေါ့။

မူလတန်းကျောင်းတက်နေတုန်း အဖွားရဲ့ ကျန်းမာရေးက အကြီးအကျယ် ဆိုးဝါးလာခဲ့တယ်။ အိမ်ထဲမှာ အမြဲတမ်း မှိုင်းညို့နေတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီး အဖွားရဲ့ တဟွတ်ဟွတ် အုန်းအုန်းချောင်းဆိုးသံကလည်း အဲဒီမှိုင်းညို့မှုတွေထဲ ရောယှက်နေခဲ့တယ်။ အဖွား ပြင်းပြင်းထန်ထန် ချောင်းဆိုးသံကြားရတိုင်း ဘန်ဂျူးက ငိုမိတယ်။ သူ အဲဒီလိုငိုတိုင်းလည်း အဖွားက ရွှင်ရွှင်လန်းလန်း အသံမျိုးနဲ့ သူ ဘာမှမဖြစ်ပါဘူးလို့ အတင်းအားယူ ပြောရှာတယ်။ အဲဒီစကားတွေက မုသားမှန်း သိသာလွန်းနေတော့ ဘန်ဂျူးက ပိုပြီးတော့တောင် ငိုမိပြန်ရော။ အဲဒီလို ဖြစ်တိုင်းလည်း သူ့အမက ရောက်လာပြီး သူ့ကို ဆူတတ်တယ်။

သူ့အမကို တားနေတဲ့ အဖွားနဲ့၊ အဖွားကို ဒီထက်မက ပိုနားလည်ပေးသင့်တယ်လို့ သူ့ကိုပြောနေတဲ့ သူ့အမကြားမှာ ဘန်ဂျူးကတော့ မျက်ရည်တွေကို အောင့်အီးမျိုသိပ်ထားခဲ့ရတယ်။ မျိုသိပ်ထားရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိခဲ့ဘူးလေ။ ဘန်ဂျူး သိတယ်။ သူ့အမက အမြဲတမ်း အသံတိတ် ငိုကြွေးတတ်မှန်း သူ သိနေတယ်။ အဖွားကို ဘယ်သူ့ထက်မဆို ပိုချစ်တဲ့ သူ့အမတောင် မငိုဘဲ အောင့်ခံနေတာ၊ သူက သူ့အမရှေ့မှာ သွားပြီး မငိုနိုင်ဘူးလေ။

မကြာခင်မှာပဲ လေကောင်းလေသန့်ရတဲ့ နေရာကို သွားမယ်ဆိုပြီး အဖွားက ဂျယ်ဂျူကို ပြောင်းသွားခဲ့တယ်၊ အဖေနဲ့အမေကလည်း အဖွားကို ပြုစုဖို့ အတူတူ လိုက်သွားကြတယ်။ သူ့အမ စင်မြင့်ထက်တွေပေါ် စပြီး တက်ရတဲ့အချိန်ကလည်း အဲဒီဝန်းကျင်လောက်မှာပဲ။ ဘန်ဂျူးက သူ့အမလက်ကို တွဲပြီး ပြဇာတ်ရုံ တော်တော်များများဆီ ရောက်ခဲ့ဖူးတယ်။ ပြဇာတ်ရုံအသေးလေးရဲ့ မီးမောင်းထိုးပြထားတဲ့အောက်မှာ သရုပ်ဆောင်နေတဲ့ သူ့အမက သူ့မျက်စိထဲမှာ သိပ်ကို လန်းလွန်းနေတော့ ငေးကြည့်နေမိရင်းကနေ ဘန်ဂျူးကိုယ်တိုင်လည်း သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို မွေးမြူမိခဲ့တော့တယ်။

သူက အဲဒီခေတ်က နာမည်ကြီးပြီး ဂျက်ကီချန်း ပါတဲ့ ကားတွေကို ကြည့်ပြီး သူ့အမကိုလည်း အဲဒီလို သရုပ်ဆောင်မျိုး ဖြစ်ချင်တယ်လို့ နေ့တိုင်း ပူဆာခဲ့ဖူးတယ်။ သူ့အမကတော့ အဲဒါက ခက်လိမ့်မယ်လို့ ပြုံးပြီး ပြောပေမဲ့ အခွင့်အရေးရတိုင်း သရုပ်ဆောင်ခြင်းဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးလေ့ရှိတယ်။ သရုပ်ဆောင်ဖြစ်ချင်တယ်ဆိုတာက စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်မိတာ ဖြစ်ပေမဲ့လည်း ဘန်ဂျူးကတော့ ဒါက မဆိုးပါဘူးလို့ပဲ တွေးခဲ့တယ်။

အဲဒီနောက်ပိုင်းကစပြီး သူ့အမဆီက သတင်းကောင်းတွေနဲ့အတူ ပျော်စရာနေ့ရက်တွေ ဆက်တိုက် ရောက်လာခဲ့တယ်။ သူ့အမရဲ့ သရုပ်ဆောင်မှုက အသိအမှတ်ပြုခံရပြီး ပိုကြီးတဲ့ စင်မြင့်ထက်ဆီ ကူးပြောင်းနိုင်ခဲ့သလို အဖွားရဲ့ ကျန်းမာရေးကလည်း ဘယ်သူ့အကူအညီမှမလိုဘဲ အပြင်မှာ လမ်းလျှောက်နိုင်တဲ့အထိ သိသိသာသာ ကောင်းမွန်လာခဲ့တယ်။ ဘန်ဂျူးကလည်း မူလတန်းကျောင်းရဲ့ ဘောလုံးကလပ်မှာ သူ့ပါရမီကို ပြသနိုင်ခဲ့လို့ ဒါကို အဓိကအနေနဲ့လုပ်ကြည့်မလားလို့တောင် အမေးခံခဲ့ရသေးတယ်။ အားကစားကို ဝါသနာပါတော့ ဇဝေဇဝါ ဖြစ်သွားခဲ့သေးပေမဲ့ နောက်ဆုံးတော့ သူ့အိပ်မက်က အက်ရှင်မင်းသား ဖြစ်ဖို့ပဲဆိုပြီး ငြင်းပယ်လိုက်တယ်။

တစ်နေ့မှာတော့ သူ့အမက ဒရာမာဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ခွင့်ရပြီဆိုပြီး ရွှင်ရွှင်လန်းလန်းနဲ့ အိမ်ပြန်လာခဲ့တယ်။ အဲဒီနေ့က ဖုန်းပြောရင်းနဲ့လည်း တောက်လျှောက် ငိုနေခဲ့သေးတာ။ ဘန်ဂျူးက ငယ်သေးပေမဲ့ သူ့အမ ငိုနေတာက ဝမ်းနည်းလို့ မဟုတ်မှန်းတော့ သိပါတယ်။ အဲဒီနောက်ပိုင်း သူ့အမက လူပင်ပန်းတဲ့ မျက်နှာပေးနဲ့ အိမ်ပြန်လာတတ်ပေမဲ့လည်း အပြုံးတွေကတော့ ဘယ်တော့မှ ပျောက်မသွားဘူး။ လအနည်းငယ်ကြာတော့ သူ့အမက တီဗီပေါ်မှာ ပေါ်လာခဲ့တယ်။ အဲဒါက ညဉ့်နက်ပိုင်းမှာ ပြသတဲ့ တစ်ခန်းရပ် ပြဇာတ်တိုလေးပေါ့။ သူ့အမက အမြဲတမ်း သူ့ကို စောစောအိပ်ဖို့ ပြောလေ့ရှိပြီး ညဉ့်နက်တဲ့အထိ တီဗီကြည့်ခွင့် မပေးတတ်ပေမဲ့ အဲဒီနေ့အတွက်တော့ အထူးခွင့်ပြုချက် ပေးခဲ့တယ်။ သူ့အမက တီဗီပေါ်မှာ သူ့ပုံရိပ်လေးတွေ ပေါ်လာမယ့်အချိန်ကို မျက်ရည်တွေ သုတ်ရင်း မျှော်စောင့်ကြည့်နေခဲ့တာ။ ဘာလို့ ငိုနေတာလဲလို့ မေးတော့ ပျော်လွန်းလို့ပါလို့ပဲ ပြန်ဖြေခဲ့တယ်လေ။

အဲဒီနောက်မှာတော့ သူ့အမက ပိုပြီး အလုပ်များလာခဲ့တယ်။ ဂျယ်ဂျူကနေ ပြန်လာတဲ့ အမေကလည်း အပြင်းအထန် အလုပ်လုပ်နေတဲ့ သူ့အမကိုကြည့်ပြီး စိတ်ပူနေခဲ့တယ်။ သူ့အမက သိပ်ကို အလုပ်များလာလွန်းလို့ သူရှိနေတဲ့ ပြဇာတ်အဖွဲ့ကနေတောင် ထွက်လိုက်ရပြီး အပြင်မှာပဲ ညအိပ်ညနေ နေရတဲ့အထိ ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ ဆယ်ရက်နေမှ တစ်ကြိမ်လောက်ပဲ အိမ်ကို ရောက်လာတော့တယ်။ သူ့အမက သူ့ကို လွမ်းနေလားဆိုပြီး စနောက်မေးတတ်ပေမဲ့ ဘန်ဂျူးကတော့ နှာခေါင်းရှုံ့ပြီး သူ့အလုပ်သူလုပ်ဖို့ပဲ ခပ်ပြတ်ပြတ် ပြောပစ်လိုက်တယ်။ နည်းနည်းတော့ ပျင်းခြောက်ခြောက် ဖြစ်မိတာ အမှန်ပေမဲ့ အပြင်ထုတ်ပြီးတော့ မပြောချင်ဘူးလေ။ သူက ယောကျာ်းလေးပဲဥစ္စာ။

အားလုံး အဆင်ပြေပြေ လည်ပတ်နေပုံရတဲ့အချိန်မှာပဲ တောင်ပိုင်းဆီကနေ သတင်းဆိုးတစ်ခု ရောက်လာခဲ့တယ်။ အဖွားက ထပ်ပြီး လဲကျသွားပြန်ပြီတဲ့။ အိမ်ပြန်ရောက်နေတဲ့ အမေကလည်း ဂျယ်ဂျူဆီကို ချက်ချင်း ပြန်ဆင်းသွားခဲ့တယ်။ အတူတူ လိုက်သွားလို့ရမလားလို့ မေးပေမဲ့လည်း အမေကတော့ ပြတ်ပြတ်သားသားပဲ ငြင်းခဲ့တယ်။ အမေ အဲဒီလောက်အထိ တင်းမာနေတာကို ကြည့်ပြီး ဘန်ဂျူးလည်း အဖွားရဲ့ အခြေအနေက တော်တော်လေး စိုးရိမ်ရမှန်း အလိုလို သဘောပေါက်လိုက်မိတယ်။ အိမ်ထဲမှာ မှိုင်းညို့နေတဲ့ အငွေ့အသက်တွေ ထပ်ပြီး ဖုံးလွှမ်းလာပြန်ရော။ အမေလည်း မရှိ၊ သူ့အမလည်း မရှိတဲ့အိမ်ပေါ့။ သူ့ဦးလေးဆီကနေ အကူအညီတွေ ရယူနေရတုန်းမှာပဲ သူ့အမဆီမှာလည်း မကောင်းတဲ့ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပြန်တယ်။

ဘန်ဂျူးက အဲဒီအချိန်ကို အထင်အရှား မှတ်မိနေတုန်းပဲ။ သူ့အမက မိုးရေတွေ ရွှဲရွှဲစိုပြီး ပြန်လာခဲ့တယ်၊ ပြီးတော့ ဟာလာဟင်းလင်း ဖြစ်နေတဲ့ လေဟာနယ်ကို ငေးကြည့်ရင်း အားအင်ကုန်ခမ်းစွာနဲ့ အိမ်ထဲကို လျှောက်ဝင်လာခဲ့တယ်။ ရေစိုနေတဲ့ သူ့ခြေလှမ်းတွေက စိတ်အနှောင့်အယှက်ဖြစ်စရာ အသံတွေကို မြည်ဟည်းစေခဲ့တယ်။ သူ့အခန်းဆီ လျှောက်သွားနေတဲ့ သူ့အမကို ဘန်ဂျူးက သတိထားပြီး စကားလှမ်းပြောကြည့်မိတယ်။ ခါတိုင်းဆို ဘာမှမဖြစ်ပါဘူးလို့ ပြန်ပြောတတ်တဲ့ သူ့အမက ဘာစကားမှမဆိုဘဲ သူ့အခန်းထဲကိုပဲ တိုက်ရိုက် ဝင်သွားခဲ့တယ်။

အဲဒီ တိတ်ဆိတ်မှုက သိပ်ကို ကြောက်စရာကောင်းလွန်းတယ်။ တင်းတင်းစေ့ထားတဲ့ သူ့အမရဲ့ နှုတ်ခမ်းတွေကို ကြည့်ပြီး ဘန်ဂျူး ရင်ထဲ ထိတ်လန့်သွားခဲ့ရတယ်။ အိမ်ထဲမှာလည်း စိတ်ပျက်အားလျော့စရာ လေထုကြီးက လေးလံစွာ ဖုံးလွှမ်းနေခဲ့တယ်။ ဘန်ဂျူးက သူ့အမကို ကူညီပေးချင်ခဲ့တာ။ သူငယ်ငယ်တုန်းက သူ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ သူ့အမကို သူ ပြန်ကူညီပေးချင်ခဲ့မိတယ်။ အဆင်ပြေရဲ့လားလို့ တံခါးကို ခေါက်ပြီး အကြိမ်ကြိမ် မေးခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ ပြန်မရခဲ့ဘူးလေ။

မိုးလင်းခါနီးအထိတောင် ဘန်ဂျူးက သူ့အမရဲ့ အခန်းတံခါးရှေ့ကနေ မခွာနိုင်ခဲ့ဘူး။ တစ်ခါတစ်ရံ ကြားရတဲ့ တိုးညင်းတဲ့ ငိုရှိုက်သံတွေကြောင့် သူ အဲဒီနေရာကနေ ဖယ်မသွားရဲခဲ့တယ်။ သူ့ဦးနှောက်အသေးလေးနဲ့ ဘာလုပ်ပေးနိုင်မလဲလို့ တွေးကြည့်ပေမဲ့ အဖြေကတော့ တစ်ခုပဲရှိတယ်။ သူ ဘာမှမလုပ်ပေးနိုင်ဘူး။ ငယ်ရွယ်ပြီး အင်အားမရှိတာက ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲဆိုတာ အဲဒီနေ့က အပြည့်အဝ ခံစားခဲ့ရတယ်လေ။

ဘန်ဂျူးက သူ့အခန်းထဲ ပြန်ဝင်လာပြီး ရေရွတ်မိတယ်။ သူ ဘာလုပ်နိုင်မှာမလို့လဲ။ အဲဒီမေးခွန်းကို ထုတ်လိုက်တဲ့အချိန်မှာပဲ သူ့ခေါင်းထဲ ပထမဆုံး ပေါ်လာတာက သူ့အမ ပထမဆုံးရိုက်ခဲ့တဲ့ ဒရာမာဇာတ်လမ်းတွဲပဲ။ သူ သန်းခေါင်ယံအထိ မအိပ်ဘဲ စောင့်ကြည့်ခဲ့ရတဲ့ အဲဒီတစ်ခန်းရပ် ပြဇာတ်တိုလေးပေါ့။ အဲဒီဇာတ်လမ်းထဲမှာ သူ့အမက အခက်အခဲဖြစ်နေတဲ့ သူ့ရည်းစားကို အသံအကျယ်ကြီးနဲ့ အားပေးခဲ့ဖူးတယ်။ အခြားသူတွေ ဘာလုပ်လုပ် ဂရုမစိုက်ဘဲ အော်ဟစ်အားပေးခဲ့တဲ့ အဲဒီဇာတ်ဝင်ခန်းက ဘန်ဂျူးရဲ့ စိတ်ထဲမှာ အကြီးအကျယ် စွဲထင်နေခဲ့တာလေ။

နေမင်းကြီး ပေါ်ထွက်လာတဲ့အချိန်မှာတော့ ဘန်ဂျူးက သူတတ်နိုင်သမျှ အကျယ်ဆုံးအသံနဲ့ ‘ထတော့’ လို့ အော်ဟစ်လိုက်တယ်။ အသံကုန် ညှစ်အော်လိုက်တယ်။ တံခါးပိတ်ထားတဲ့ သူ့အမက တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့တယ်။ သူ့ရဲ့ စိတ်ခံစားမှုတွေကို တခြားတစ်နေရာရာမှာ ချန်ထားခဲ့သလိုမျိုး မနေ့ကနဲ့ လုံးဝကွဲပြားတဲ့ လူတစ်ယောက်လို ဖြစ်နေပေမဲ့လည်း ဘန်ဂျူးကတော့ ဂရုမစိုက်ဘဲ ရွှင်ရွှင်လန်းလန်းနဲ့ပဲ စကားလှမ်းပြောလိုက်တယ်။ အဲဒီလိုလုပ်တော့မှ သူ့အမက သတိထားပြီး ပြုံးပြရင်း သူ အခု အဆင်ပြေသွားပါပြီလို့ ပြန်ပြောခဲ့တယ်လေ။

အဲဒီနေ့နောက်ပိုင်း သူ့အမက အရင်လို ကြင်နာတတ်ပြီး အပြုံးချိုတဲ့သူ မဟုတ်တော့ပေမဲ့ ပိုပြီး ကြံ့ခိုင်သန်မာလာခဲ့တယ်၊ နှစ်အနည်းငယ်ကြာတော့ စကားကြမ်းကြမ်းပြောတတ်တဲ့ မင်းသမီးအဖြစ်နဲ့ပါ လူသိများလာခဲ့တယ်။ သဘောကောင်းတဲ့ ပုံရိပ်နဲ့ မင်းသမီးလေး ပျောက်ကွယ်သွားခဲ့ပေမဲ့ သူကတော့ စိတ်ပျက်မနေခဲ့ဘူး။ အမှန်တော့ အသွင်ပြောင်းသွားတဲ့ သူ့ကိုယ်သူတောင် သဘောကျနေခဲ့တာလေ။ ပြီးတော့ တစ်နေ့မှာတော့ သူက ဘန်ဂျူးကို ဖြတ်ခနဲ စကားတစ်ခွန်း ပြောခဲ့သေးတယ် ‘အဲဒီနေ့က အားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်’ တဲ့။

* * * * * * * * *

“ကျွန်တော့်အထင် သူက သရုပ်ဆောင်လုပ်မယ့်အစား ဘာသာရေးခေါင်းဆောင် လုပ်ဖို့ လေ့လာသင့်တယ် ထင်တယ်”

“ငါလည်း အဲလိုပဲ ထင်တယ်”

ကဖေးဆိုင်ရဲ့ ဝရန်တာမှာ အသံအကျယ်ကြီးနဲ့ စကားပြောနေတဲ့ ဘန်ဂျူးကို မာရူးက လှမ်းကြည့်နေခဲ့မိတယ်။ သူတို့က မနှစ်ကလုပ်ခဲ့တဲ့အတိုင်းပဲ ထပ်လုပ်နေကြတာဖြစ်ပြီး ကလပ်အဖွဲ့ဝင် တစ်ယောက်ချင်းစီက ဧည့်သည်တွေ ပြည့်နှက်နေတဲ့ ဝရန်တာပေါ်မှာ တစ်ကိုယ်တော် ပြဇာတ်ကို သရုပ်ဆောင်နေကြတယ်။

နမူနာပြတဲ့အနေနဲ့ မာရူးက အရင်ဆုံး စတင်ခဲ့ပြီး ဒေးမြောင်က နောက်ကနေ လိုက်လုပ်ခဲ့တယ်။ မနှစ်ကလည်း ဒီနေရာမှာပဲ လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတော့ သူတို့အတွက် သိပ်ပြီး အနေမရခက်တော့ဘူး၊ အဓိကကတော့ တကယ့် စင်မြင့်ထက်တွေပေါ်မှာ ရပ်တည်ခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် စိတ်လှုပ်ရှားမှုကလည်း နည်းပါးသွားတယ်။ ဒေးမြောင်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကလွဲရင် ကျန်တဲ့ တစ်ဦးတည်းသော ဒုတိယနှစ်ကျောင်းသား အလှည့် ရောက်လာခဲ့တယ်။ သူက ကျော်သွားလို့ရမလားလို့ ဒေးမြောင်ကို မေးခဲ့ပေမဲ့ သရုပ်ဆောင်ခြင်းနဲ့ပတ်သက်ရင် စည်းကမ်းကြီးတဲ့ ဒေးမြောင်ကတော့ လုံးဝ ခွင့်မပြုခဲ့ဘူးလေ။ နောက်ဆုံးတော့ ဒိုဝူးက လူမိုက်တစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး အဲဒီက လူတွေရဲ့ အားပေးတဲ့ လက်ခုပ်သံတွေနဲ့အတူ ဆိုင်ထဲကို ပြန်ဝင်လာခဲ့တယ်။ ဒိုဝူးက ထိုင်ချလိုက်ပြီး မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို နီရဲနေတာကြောင့် ခေါင်းကို လုံးဝ ပြန်မဖော်ရဲတော့ဘူး။

အဲဒီနောက်မှာတော့ အရင်ဆုံး သွားချင်တယ်လို့ ပြောခဲ့တဲ့ အာရမ် အလှည့်ပေါ့။ သူ ယုံကြည်ချက်အပြည့်နဲ့ ဝင်သွားခဲ့တဲ့ ပုံစံနဲ့မတူဘဲ ဝရန်တာရဲ့ အလယ်ဗဟိုမှာ ရပ်လိုက်တာနဲ့ ရုပ်တုတစ်ခုလို တောင့်ခဲသွားခဲ့တယ်။ သူ့ရဲ့ မျက်နှာပေးက တောင့်တင်းနေပြီး ရေခဲရိုက်ခံထားရသလိုမျိုး သိပ်ကို အနေရခက်နေခဲ့တယ်။ သူက ယုံကြည်မှုအပြည့်နဲ့ တက်သွားခဲ့တာ ဖြစ်ပေမဲ့ ပြန်လာတဲ့အချိန်မှာတော့ သူ့ဘဝရဲ့ အဆိုးဝါးဆုံး အိမ်မက်ဆိုးကြီးကို မြင်တွေ့ခဲ့ရတဲ့ လူတစ်ယောက်လို ဖြစ်နေခဲ့တယ်။ သူ သရုပ်ဆောင်လို့ ရပါဦးမလားလို့ ညည်းတွားနေတာကို ကြည့်ပြီး သနားစရာတောင် ကောင်းနေခဲ့သေးတာ။

ပထမနှစ်ကျောင်းသားတွေထဲက ဒုတိယမြောက် တက်သွားတဲ့သူကတော့ မထင်မှတ်ဘဲ ဂျီယွန်း ဖြစ်နေခဲ့တယ်။ သူ့အတန်းဖော် အာရမ်ရဲ့ သတ္တိက သူ့ကို လှုံ့ဆော်ပေးလိုက်ပုံရတယ်။ ဂျီယွန်းက ရှက်ကိုးရှက်ကန်း ပုံစံမျိုးနဲ့ ဝရန်တာ အလယ်ကို လျှောက်သွားပြီး စကားပြောတဲ့အခါမှာလည်း အထစ်ထစ်အငေါ့ငေါ့နဲ့ စတင်ခဲ့ပေမဲ့ မကြာခင်မှာပဲ စိတ်တည်ငြိမ်သွားပြီး တော်တော်လေး ကောင်းမွန်တဲ့ သရုပ်ဆောင်မှုကို ပြသနိုင်ခဲ့တယ်။ သူက စင်ကြောက်တတ်တဲ့ လူစားမျိုး မဟုတ်ဘူးလေ။ လူအများကြီးရှေ့ ရောက်ရင် တောင့်ခဲသွားတတ်တဲ့ ယောက်ျားလျာလေး အာရမ်နဲ့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး လူအများရှေ့မှာ နူးညံ့ပျော့ပျောင်းသွားတတ်တဲ့သူမျိုးပေါ့။ ဂျီယွန်းရဲ့ လှုပ်ရှားမှုတွေက သူ့ရဲ့ စိတ်ဒဏ်ရာကြောင့်သာ တုန်လှုပ်နေခဲ့မှန်း သိသာစေခဲ့တယ်။ ဂျီယွန်းက ပျော်ရွှင်တဲ့ မျက်နှာပေးနဲ့ စားပွဲဆီ ပြန်လာခဲ့တယ်။ မီဆိုကလည်း သူ့ကို အောင်တယ်လို့ ပြောခဲ့သေးတယ်။ သူ့ရှေ့က တက်သွားခဲ့တဲ့ ဒိုဝူးနဲ့ အာရမ်တို့ကတော့ မနားတမ်း သက်ပြင်းတွေ ချနေကြတုန်းပဲ။

နောက်တစ်ယောက်ကတော့ ဘန်ဂျူး။ မာရူးကတော့ သူ ဘယ်တော့မှ စိတ်လှုပ်ရှားမှာမဟုတ်ဘူးလို့ တွေးထားခဲ့တာ၊ တကယ်လည်း ဟုတ်နေခဲ့တယ်။ သူက စင်ပေါ်မတက်ခင် အင်္ဂလိပ် လူကြီးမင်းတစ်ယောက်လို ဦးညွှတ်နှုတ်ဆက်ခဲ့ပြီး မစတင်ခင်မှာတင် လူအစုအဝေးဆီကနေ လက်ခုပ်တီးပေးဖို့ တောင်းဆိုလိုက်သေးတယ်။ အဲဒီနောက်မှာတော့ သူ သရုပ်ဆောင်မှုကို စတင်ခဲ့ပြီး အနည်းငယ် အနေရခက်တဲ့ အစိတ်အပိုင်းတချို့ ရှိနေခဲ့ပေမဲ့လည်း သူ့ရဲ့ ယုံကြည်ချက်နဲ့တင် အားလုံးက ဖုံးကွယ်သွားခဲ့တယ်။ ချက်ချင်းလက်ငင်း ဇာတ်ကွက်တစ်ခု ထွင်ဖို့က ခက်ခဲလွန်းတာကြောင့် သူတို့ ရရှိထားတဲ့ အခန်းကဏ္ဍအတိုင်း သရုပ်ဆောင်ဖို့ ညွှန်ကြားထားခဲ့တာ။ ဒါပေမဲ့ ဘန်ဂျူးကတော့ လမ်းဝက်မှာတင် စာသားတွေ မေ့သွားပုံရပြီး သူ ပြောချင်တာတွေကိုပဲ လျှောက်ပြောတော့တယ်။ သူ့ရဲ့ ပုံပြင်က ဒရာမာဇာတ်လမ်းတွဲတစ်ခုအကြောင်း ဖြစ်ပုံရပြီး ပျော်ရွှင်စရာကောင်းပေမဲ့ အနည်းငယ် လွမ်းဆွတ်စရာ ခံစားချက်မျိုးရှိတဲ့ မျက်နှာပေးနဲ့ ဇာတ်လမ်းကို အဆုံးအထိ ဆက်ပြောသွားခဲ့တယ်။

“ဒါ သူ့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းပဲ”

“နင်လည်း အဲလိုထင်လား”

“ဒီလောက်အထိ ကြွယ်ဝတဲ့ ခံစားချက် မျက်နှာပေးမျိုးက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာမျိုး မဟုတ်ရင် ထွက်မလာနိုင်ဘူး။ မိမိနှလုံးသားထဲမှာ ရှိနေတဲ့အရာကို ပြောပြတဲ့အခါမှပဲ အဲဒီလို မျက်နှာထားမျိုး လုပ်နိုင်တာလေ။ ဒါပေမဲ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆိုရင်တော့ သူ့ကို အမှတ်အများကြီး ပေးဖို့ ခက်လိမ့်မယ်”

မီဆိုက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။ မာရူးလည်း သူ ဘာကို ဆိုလိုလဲဆိုတာ နားလည်တာကြောင့် ခေါင်းညိတ်ပြလိုက်မိတယ်။ သူ့ကို သရုပ်ဆောင်လုပ်မယ့်အစား ဘာသာရေးခေါင်းဆောင်ပဲ လုပ်သင့်တယ်လို့ ပြောခဲ့တာက သူ့အပေါ် ပေးတဲ့ အကဲဖြတ်ချက်ပဲလေ။ ဘန်ဂျူးရဲ့ အသံထွက်က သိပ်ကို ပြတ်သားပြီး ရှင်းလင်းလွန်းတယ်။ ဘယ်လောက်ပဲ ဝေးဝေး ရောက်နေပါစေ အသံကို ကျယ်ကျယ်လောင်လောင်နဲ့ ရှင်းရှင်းလင်းလင်း ကြားရမယ့် အသံမျိုးပေါ့။

ဒါပေမဲ့ အဲဒါက အကုန်ပဲလေ။ အခြားသူတွေကတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေရင်တောင် အနည်းဆုံးတော့ သရုပ်ဆောင်ပြဖို့ ကြိုးစားခဲ့ကြသေးတယ်။ သရုပ်ဆောင်ခြင်းဆိုတာ ကိုယ်ခန္ဓာနဲ့ မျက်နှာပေးတင်မကဘဲ အသံကနေတစ်ဆင့်ပါ ဖော်ပြရမယ့် အရာမျိုးပေါ့။ စကားပြောတဲ့အထဲမှာ ခံစားချက်ကို ထည့်သွင်းရတာ။ ဒါက သင့်တော်တဲ့ လေ့ကျင့်မှု မရှိဘဲနဲ့ လုပ်ဖို့ ခက်ခဲတဲ့ အရာမျိုး ဖြစ်ပေမဲ့လည်း သူက အခြေခံတွေကို သင်ယူထားပြီးသားမို့ လုပ်နိုင်ရမှာပဲလေ။ ကျန်တဲ့ သုံးယောက်ကတော့ အနေရခက်နေပေမဲ့လည်း သူတို့ရဲ့ ခံစားချက်တွေကို အသံထဲ ထည့်သွင်းနိုင်ခဲ့ကြတယ်။ သူတို့ စာသားတွေ ပြောနေတဲ့အချိန်မှာ ခံစားချက်တွေကို သတိထားပြီး ဖော်ပြခဲ့ကြတယ်။

အခြားတစ်ဖက်မှာတော့ ဘန်ဂျူးက ‘အသံကောင်း’ တာ သက်သက်ပဲ ရှိနေခဲ့တယ်။ သူက ကွဲပြားတဲ့ မျက်နှာပေး တော်တော်များများ လုပ်ပြခဲ့တာတော့ မှန်ပေမဲ့ အသံကတော့ အစကနေ အဆုံးအထိ မြူးကြွနေခဲ့တာ။ သူက လွမ်းဆွတ်တမ်းတတဲ့ မျက်နှာပေးနဲ့ စကားပြောနေတာ ဖြစ်ပေမဲ့ သူ့အသံထဲမှာ လွမ်းဆွတ်မှု မပါဝင်နေရင်တော့ ပရိသတ်တွေက အဲဒီကွဲလွဲမှုကြောင့် ဝေခွဲမရ ဖြစ်သွားကြလိမ့်မယ်လေ။ ဒါတင်မကဘဲ သူတို့က ဒါကို black comedy တစ်ခုခုများလားလို့တောင် ဆက်ပြီး တွေးမိသွားနိုင်သေးတယ်။

“တမင်တကာ လုပ်နေတာက တမင်တကာ မဟုတ်သလိုမျိုး ခံစားရတယ်။ သူက အမြဲတမ်း အဲဒီလို အသံကျယ်ကျယ်ကြီးနဲ့ ပြောတတ်တာလား”

“ဟုတ်တယ်။ သူ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာတောင် သူ့အသံက အမြဲတမ်း တက်ကြွနေတတ်တာ”

“ဟင်း၊ ဒါကို သူ့ကို အသိပေးလိုက်ရင်တော့ ဒီပြဇာတ်မှာ ဘာပြဿနာမှ ရှိမှာမဟုတ်ပေမဲ့ ဒါကို မပြင်ဘူးဆိုရင်တော့ သူ တကယ့် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ ခက်လိမ့်မယ်။ နေဦး၊ သူက သရုပ်ဆောင်ကလပ်ထဲ ဝင်ထားရုံသက်သက်ပဲလား၊ ဒါကို သူ့ရဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းအဖြစ် မစဉ်းစားထားဘူး မဟုတ်လား”

“သူက အက်ရှင်မင်းသား ဖြစ်ချင်နေတာလေ”

“တကယ်လား။ ဒါဆိုရင်တော့ မလွယ်ဘူး။ ကင်ဆိုယွန်းက ဘာတွေ လုပ်နေတာလဲ။ သူက အသေးစိတ်အချက်အလက်တွေကို ဂရုမစိုက်ဘူးလား”

“နည်းပြဆူယွန်း က တစ်ဦးချင်းစီရဲ့ ပါရမီကို မြှင့်တင်ပေးတာထက် လူတိုင်းရဲ့ အရည်အချင်းကို ခြုံငုံပြီး မြှင့်တင်ပေးဖို့ကိုပဲ ပိုအာရုံစိုက်တာလေ”

“ဟူး၊ ငါက ဘာပြောပိုင်ခွင့် ရှိလို့လဲ။ ငါက အခု အဲဒါတွေနဲ့ ဘာမှမပတ်သက်တော့ပါဘူး။ ခိုင်းတာ အကုန်လုပ်ပေးရမယ့် အာဏာမရှိတဲ့ စီနီယာဟောင်းတစ်ယောက်ပဲဥစ္စာ”

“မနှစ်က ကျွန်တော်ပြောခဲ့တဲ့ စကားကြောင့် စိတ်ခုနေတာလား”

“စိတ်မခုဘဲ နေမလား။ စိတ်ခုတာပေါ့”

“....”

“နောက်တာပါ။ သူ့ရဲ့ နည်းလမ်းက မကောင်းဘူးလို့တော့ ငါ မဆိုလိုပါဘူး။ ဒါပေမဲ့လည်း မြင်နေရတဲ့ ပြဿနာကိုတော့ ပြင်ပေးဖို့ လိုအပ်တာပေါ့”

“နောက်မှ ကျွန်တော် သူ့ကို မေးကြည့်လိုက်မယ်လေ”

“အေး၊ အဲဒါက ပိုကောင်းလိမ့်မယ်။ ငါကိုယ်တိုင် သွားမေးဖို့ကျတော့လည်း နည်းနည်း အနေရခက်လို့ပေါ့”

မာရူးက လူတွေရဲ့ လက်ခုပ်သံတွေကို ရရှိနေတဲ့ ဘန်ဂျူးကို လှမ်းကြည့်နေခဲ့မိတယ်။ လူသားတွေက အကြောင်းနဲ့ အကျိုး တရားတွေရဲ့ သက်ရောက်မှုကို ခံကြရတာပဲလေ။ ဘန်ဂျူးရဲ့ အမြဲတမ်း တက်ကြွနေတဲ့ အသံရဲ့ အနောက်ကွယ်မှာ အကြောင်းပြချက်တစ်ခုခုတော့ ရှိနေရမယ်။ သူ ငယ်ငယ်ကတည်းက တစ်ယောက်တည်း နေထိုင်ခဲ့ရတာ ဖြစ်နိုင်သလို သူ့အမဆီမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတစ်ခုခုကြောင့်လည်း ဖြစ်နိုင်တယ်လို့ သူ လောင်းကြေးထပ်ရဲတယ်။

မီဆို ပြောသလိုပဲ၊ တကယ်လို့ သူ့ရဲ့ သရုပ်ဆောင်သက်တမ်းက ကလပ်လှုပ်ရှားမှုတွေနဲ့တင် ပြီးဆုံးသွားမှာဆိုရင်တော့ ဒါကို ပြင်ပေးဖို့ မလိုပါဘူး။ သူ့ရဲ့ ဒီလိုစရိုက်က လူ့အဖွဲ့အစည်းထဲမှာ အားနည်းချက် ဖြစ်မယ့်အစား အားသာချက်တစ်ခု ဖြစ်လာနိုင်လို့လေ။ ဒါပေမဲ့ သူက သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ ရည်မှန်းထားတာဆိုရင်တော့ ဒါက လုံးဝ ပြင်ရမယ့် အရာတစ်ခုပဲ။ သူ့အသံက ကျယ်ရုံသက်သက်ပဲဆိုရင် နှိမ်ချလို့ ရနိုင်ပေမဲ့ ဒီလို ထူးဆန်းတဲ့ တက်ကြွမှု အာဘော်ကြီးကိုတော့ ညှိယူရလိမ့်မယ်။ ဒေါသထွက်နေတဲ့ အခန်းကို သရုပ်ဆောင်နေတာ ဖြစ်ပေမဲ့ မြူးကြွနေတဲ့ အသံကြီးနဲ့ဆိုရင်တော့ သရုပ်ဆောင်မှုက အကြီးအကျယ် ပျက်စီးသွားမှာပေါ့။

“ငါ ကောင်းကောင်း လုပ်နိုင်ခဲ့တယ် မဟုတ်လား”

ဘန်ဂျူးက ဆိုင်ထဲကို ပြန်ဝင်လာရင်း လက်လှမ်းပြလိုက်တယ်။ မာရူးက ဒေးမြောင်နဲ့ မျက်လုံးချင်း တစ်ချက် ဖလှယ်လိုက်ပြီးနောက် ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်လို့ ပြန်ပြောလိုက်တယ်။

“ဒါဆို အခု ပြီးသွားပြီလား”

အာရမ်က အားအင်ကုန်ခမ်းနေတဲ့ မျက်နှာပေးနဲ့ မေးခဲ့တယ်။

“ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ ကျန်တာကိုတော့ တစ်ခုခုစားရင်းနဲ့ ဆက်လုပ်ကြတာပေါ့”

ဒေးမြောင်က နေရာရွှေ့ကြစို့လို့ ပြောရင်း ထရပ်လိုက်တယ်။ အဲဒီအချိန်မှာ မီဆိုက ဖုန်းတစ်ကောလ် ဝင်လာတာကြောင့် တွန့်ခနဲ ဖြစ်သွားပြီး ဖုန်းထဲကို အသံတိုးတိုးနဲ့ ပြောနေခဲ့တယ်။ ဖုန်းရဲ့ အခြားတစ်ဖက်မှာ ဘယ်သူရှိနေလဲဆိုတာကို မာရူး ချက်ချင်းပဲ ရိပ်မိလိုက်တယ်။

“စီနီယာ၊ အစ်မ ပြန်ရင် ပြန်တော့လေ။ ကျန်တာတွေကို ကျွန်တော်တို့ ဆက်လုပ်လိုက်မယ်”

“ဒါ… ဒါဆိုလည်း ငါ သွားလိုက်တော့မယ်"

မီဆိုက စိုးရိမ်တကြီးနဲ့ သူ့ကို လှမ်းကြည့်နေတဲ့အချိန်မှာ မာရူးက အပြုံးနဲ့အတူ လက်လှမ်းပြလိုက်တယ်။ မီဆိုက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး ‘နင့်ကို နာနာမှတ်ထားမယ်’ လို့ အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံ ပြောသွားခဲ့တယ်။

“နောက်မှ တွေ့ကြမယ်နော် ကလေးတို့”

မီဆိုကို လွှတ်လိုက်ပြီးတဲ့နောက် သူတို့က ညစာစားဖို့ အနီးနားက စားသောက်ဆိုင်တစ်ခုဆီကို လျှောက်သွားခဲ့ကြတယ်။ အခြားသူတွေနဲ့ စကားပြောနေတဲ့ ဘန်ဂျူးဆီကို ရုတ်တရက် ဖုန်းတစ်ကောလ် ဝင်လာခဲ့တယ်။ သူ ဖုန်းလက်ခံလိုက်တဲ့အချိန်မှာတင် အဲဒီနေရာမှာတင် ကျောက်ရုပ်လို တောင့်ခဲသွားခဲ့တယ်။ သူက အခက်တွေ့နေတဲ့ မျက်နှာပေးမျိုးနဲ့ ဖုန်းကို မျက်နှာကနေ ခွာလိုက်ပြီး လှမ်းမေးခဲ့တယ်။

“ဟို... စီနီယာ”

“အေး၊ ဘာလဲ”

“ကျွန်တော့်အမက လာချင်တယ်လို့ ပြောနေလို့။ ကျွန်တော်တို့ ဘယ်မှာလဲဆိုတာကို မပြောပြဘဲ နေလိုက်ရမလား။ မပြောပြတာက ပိုကောင်းတယ် မဟုတ်လား”

ဘန်ဂျူးက ပျာပျာသလဲနဲ့ စကားတွေကို ခပ်သွက်သွက် ပြောလိုက်တယ်။ မာရူးက ခဏလောက် စဉ်းစားလိုက်ပြီးနောက် ဘန်ဂျူးရဲ့ လက်ထဲကနေ ဖုန်းကို လှမ်းယူလိုက်တယ်။

“ဟဲလို၊ စီနီယာ။ ဟန်မာရူး ပါ။ ကျွန်တော်တို့ ညစာ မစားရသေးဘူး၊ အဲဒါကြောင့် စီနီယာကပဲ ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန် တစ်ခုခု ဝယ်ကျွေးပါလား။ ဟုတ်ကဲ့၊ ကျွန်တော်တို့ အခု ရှိနေတဲ့ နေရာကို ပြောပြမယ်လေ”

မာရူးက သူတို့ရှိနေတဲ့ နေရာကို အကျဉ်းချုံး ရှင်းပြပြီး ဖုန်းချလိုက်တယ်။ ပြီးတော့ ငေးအိုင်ပြီး ကျန်ခဲ့တဲ့ ဘန်ဂျူးဆီကို ဖုန်း ပြန်ပစ်ပေးလိုက်တယ်။

“အခွင့်အရေး ရတုန်းလေး သင်ယူထားရမှာပေါ့၊ ဟုတ်တယ်မလား”

ဘန်ဂျူးကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရတယ်။

အထူးသဖြင့် ပြိုင်ပွဲကလည်း နီးကပ်လာနေပြီ ဖြစ်တာကြောင့် သိပ်ကို နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက် လာမှာကို တားဆီးဖို့ အကြောင်းပြချက် မရှိပါဘူး။ သူ့ရဲ့ စကားတွေက ကလပ်အဖွဲ့ဝင်တွေအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာ အသေအချာပဲလေ။ ဒါတင်မကဘဲ ဘန်ဂျူးရဲ့ ပြဿနာကိုပါ သူ ကူညီဖြေရှင်းပေးနိုင်ရင် ပိုလို့တောင် ကောင်းဦးမယ်။

“ဟာ… ဟုတ်သားပဲ”

အာရမ်နဲ့ ဂျီယွန်းတို့ကတော့ အတိုင်းထက်အလွန် ဝမ်းသာသွားကြတယ်။ မာရူးက ဂျူဟယွန်းနဲ့ သူ ဆုံဖို့ သဘောတူထားခဲ့တဲ့ နေရာဆီကို ကလပ်အဖွဲ့ဝင်တွေကို ခေါ်ဆောင်သွားခဲ့တော့တယ်။

* * * * * * * * *

All Chapters