← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း(၉၅)

“မင်းဆရာဆီကနေ မင်းအကြောင်း ကြားရတော့ ငါ တကယ် အံ့သြသွားတာ”

ဂျွန်မင်း က ဂန်ဟွမ် ကို တစ်ချက်ကြည့်လိုက်ပြီး မာရူး ဘက်ကို လှည့်ကာ ပြောလိုက်တာပေါ့။ တကယ်လည်း အံ့သြဖို့ ကောင်းနေတာပါ။ မာရူး ဆီကနေ တစ်ခုခုကို သူ မျှော်လင့်ထားခဲ့တာတော့ မှန်ပါတယ်။ ဒီကလေးမှာ ပါရမီရှိတယ်လေ။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းကတော့ သူက သူ့အရွယ် သရုပ်ဆောင် ကျောင်းသားတွေနဲ့ ယှဉ်ရင် နည်းနည်းလေး လိုနေသေးတာပါ။

‘ဒါပေမဲ့ သူ့ရဲ့ အချိန်ဇယားကို ကြည့်ရတာတော့ အခုပဲ အနားယူဖို့ ပြောလိုက်ချင်တော့တာပဲ’

မာရူး က စာမသင်ဘဲ နေနေတာလည်း မဟုတ်ပါဘူး။ သင်တန်းတွေ အကုန်ပြီးတာနဲ့ သရုပ်ဆောင် ပညာကို လေ့လာဖို့ အန်ယန် အထိ တကူးတက သွားတတ်တာလေ။ စနေ၊ တနင်္ဂနွေတွေမှာတောင် ပိုပြီး သိချင်တတ်ချင်လို့ ဂန်ဟွမ် နားမှာပဲ ကပ်နေတာပေါ့။

တစ်ချို့ကတော့ မာရူး က ရထားတဲ့ ပိုက်ဆံနဲ့ တန်အောင် လုပ်နေတာလို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ဂျွန်မင်း ကတော့ မာရူး က ဒါတွေကို ပိုက်ဆံ တစ်ခုတည်းအတွက် လုပ်နေတာ မဟုတ်ဘူးဆိုတာ သိနေတာပေါ့။ အခု မာရူး ဆီကနေ ထွက်နေတဲ့ စွမ်းအင်တွေက... အဲဒါ ဝါသနာ ပါပဲ။ ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ အရာတစ်ခုပေါ့။

“ဒါဆို မင်းရဲ့ တွန်းအားကို မင်း ရှာတွေ့သွားပြီပေါ့”

“စင်ပေါ်မှာ ရှိနေရတဲ့ ပျော်ရွှင်မှုကို ကျွန်တော် သင်ယူခဲ့ရတာပါ”

“ပျော်ရွှင်မှု ဟုတ်လား... ကောင်းတာပေါ့”

အခုအချိန်မှာတော့ ပျော်ရွှင်နေရရင်တင် လုံလောက်ပါပြီ။

‘ဒါပေမဲ့ လူတစ်ယောက်ကို တကယ် ကြီးထွားလာစေတာက အခက်အခဲတွေပဲလေ’

မာရူး က စင်ပေါ်မှာ ရှိနေရတာ ပျော်စရာကောင်းတယ်လို့ ထင်နေရင်တော့ သူက စင်မြင့်ရဲ့ အပေါ်ယံ သဘောတရားကိုပဲ မြင်နေသေးတာပါ။ ဒီကလေးသာ ပညာရှင်တစ်ယောက်လို သရုပ်ဆောင်ရတာ ဘယ်လောက် ခက်ခဲလဲဆိုတာကို သိလာတဲ့ အချိန်၊ ပြီးတော့ သူ သရုပ်ဆောင်နေတဲ့ ဇာတ်ကောင်က သူ့ကို ဘာမှ ပြန်မပြောတော့တဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရတဲ့ အချိန်ကျရင်တော့... သရုပ်ဆောင်ရတာက ပျော်စရာ မဟုတ်တော့ဘဲ ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်လာမှာပေါ့။

ဒါပေမဲ့လည်း ပါရမီရှင်တွေပဲ အဲဒီ အဆင့်အထိ ရောက်နိုင်တာပါ။ အဲဒီ အခက်အခဲရဲ့ အတိုင်းအတာက သရုပ်ဆောင်ရဲ့ ပါရမီပေါ်မှာ မူတည်နေတယ်လို့ ဂျွန်မင်း ယုံကြည်ထားတာလေ။

“ဒါဆို ဆရာက ဒီမှာပဲ ဒါရိုက်တာ လုပ်နေတာလား”

မာရူး က ဇာတ်တိုက်ခန်းကို နောက်တစ်ကြိမ် လှည့်ကြည့်ရင်း မေးလိုက်တာပေါ့။

“ဒါက ဒီပြဇာတ်ရုံရဲ့ ပထမဆုံး ပြဇာတ်ပဲလေ။ ဝါရင့် သရုပ်ဆောင်တွေက သူတို့ကိုယ်တိုင် သရုပ်ဆောင်တွေကို အကြံပြုပေးကြသလို အဲဒီထဲကမှ ရွေးချယ်ဖို့ လူရွေးပွဲလည်း လုပ်ခဲ့သေးတာ။ ဝါရင့်တွေကလည်း လူငယ်တွေကို နေရာပေးရတော့မယ်ဆိုတာကို သိနေကြပြီလေ”

“ဆရာလည်း နည်းပြ ပြောသလိုပဲ ပြောတာပဲနော်”

ဂန်ဟွမ် က အဲဒီစကားကို ကြားတော့ ပြုံးလိုက်သလို ဂျွန်မင်း ကလည်း ခေါင်းညိတ်ပြလိုက်တယ်။ သွေးမလည်ပတ်တော့တဲ့ သတ္တဝါတွေက သေဆုံးသွားတတ်ကြတာလေ။ သရုပ်ဆောင်ခြင်း ဆိုတဲ့ သတ္တဝါကြီး ရှင်သန်နေဖို့အတွက်ကတော့ သွေးတွေ အမြဲ စီးဆင်းနေဖို့ လိုတာပေါ့။ ဂျွန်မင်း ထက် ဝါရင့်တဲ့သူတွေက ဒီပြဇာတ်ရုံကို ပြန်လည် ထူထောင်ဖို့ အများကြီး ကြိုးစားခဲ့ကြတယ်။ အဲဒီထဲကို အသက်ဝင်အောင် လုပ်ဖို့ကတော့ လူငယ်မျိုးဆက်တွေရဲ့ တာဝန်ပဲလေ။

“ပြဇာတ်တွေ မစခင်မှာ တစ်ယောက်တည်း သရုပ်ဆောင်ရတဲ့ ပြဇာတ်တိုလေးတွေ အရင် လုပ်နေတာလား”

“ဟုတ်တယ်”

“ဇာတ်ညွှန်းကရော”

“မရှိဘူးဗျ။ ပြဇာတ်ဆိုတာထက် ပရိသတ်နဲ့ စကားပြောနေရသလိုမျိုးပဲ”

မာရူး က စကားပြောလို့ ပြီးတာနဲ့ ဂန်ဟွမ် က ဝင်ပြောတော့တာပေါ့။

“ဒီကလေးက တကယ်ကို မဆိုးဘူးဗျ၊ အထူးသဖြင့် လူကြီးနေရာမှာ သရုပ်ဆောင်တာက တကယ်ကို ပြောင်မြောက်တာ။ သူက အထက်တန်းကျောင်းသား ဖြစ်နေတာကိုက တစ်မျိုးကြီးပဲ”

“အဲဒီ ခံစားချက်ကို ငါ နားလည်ပါတယ်”

မာရူး က ဘယ်လို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာလဲဆိုတာ ဂျွန်မင်း မသိပေမဲ့ သာမန်တော့ မဟုတ်လောက်ပါဘူး။ ပထမဆုံး အနေနဲ့ ဘယ်လို အထက်တန်းကျောင်းသားကများ ဝမ် သန်း ၃၀၀ ကို ကြိုတောင်းရဲမှာလဲ။ ဒီကလေးက သူ နိုင်မယ်ဆိုတာ သေချာရင် လောင်းကြေးထပ်ဖို့ ဝန်မလေးဘူးလေ။ အပေးအယူ စားပွဲပေါ်က အတွေ့အကြုံရှိတဲ့ စီးပွားရေးသမား တစ်ယောက်လိုမျိုးပါပဲ။

“ဒါနဲ့... ကျွန်တော့်ကို ဒီနေ့ ဘာလို့ ခေါ်တာလဲဗျ”

“ပြဇာတ်ရုံ ဖွင့်ပွဲနဲ့အတူ ပရိုဂရမ် အချို့ကို စတင်ဖို့ ဆုံးဖြတ်လိုက်လို့လေ”

“ပရိုဂရမ်တွေ ဟုတ်လား”

“ပြဇာတ်တွေကို လူတွေနဲ့ ပိုပြီး နီးစပ်သွားအောင် လုပ်ချင်တာပါ။ ပထမဆုံး အနေနဲ့ စင်နောက်ကွယ်ကို လေ့လာတဲ့ ခရီးစဉ်တွေ စတင်မယ်။ ပြီးတော့ ဝါသနာရှင်တွေရဲ့ သရုပ်ဆောင်မှုတွေကိုလည်း လုပ်သွားမှာပေါ့”

မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ရဲ့ နာမည်ကို လူသိများအောင် လုပ်ဖို့ စိတ်ကူးတွေ အများကြီး ရှိခဲ့ပေမဲ့ အဲဒီထဲမှာ စင်နောက်ကွယ် လေ့လာရေးနဲ့ ဝါသနာရှင် ပြဇာတ်တွေက လူအကြိုက်ဆုံး ဖြစ်လာခဲ့တာလေ။

“လူအချို့ကို ရွေးချယ်ပြီး လှည့်ပတ်ပြမယ်၊ နားနေဆောင်တွေ ဘယ်လိုရှိလဲ၊ ဇာတ်တိုက်ခန်းနဲ့ စင်နောက်ကွယ် အပြင်အဆင်တွေက ဘယ်လိုလဲ ဆိုတာတွေကိုပေါ့။ အခုနောက်ပိုင်း အင်တာနက် ဘလော့ဂ်တွေက ခေတ်စားနေတယ် မဟုတ်လား”

“လူတွေ လုပ်နေကြတာတော့ သိပါတယ်၊ ဒါပေမဲ့ ခေတ်စားလားတော့ မသိဘူးဗျ။ လူအများစုက Cyworld လိုမျိုးပဲ သုံးကြတာ မဟုတ်လား”

(TR Note: Cyworld ဆိုတာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က တောင်ကိုရီးယားမှာ အလွန်ခေတ်စားခဲ့တဲ့ Social Media Platform)

“ငါတို့ နှစ်ယောက်လုံးက ဒီနည်းပညာပိုင်းတွေမှာ အားနည်းကြတာဆိုတော့ မသိတာက မဆန်းပါဘူး။ မင်းကော ဘယ်လို ထင်လဲ”

မာရူး က ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်တယ်။

“ကျွန်တော်လည်း ဘလော့ဂ် တစ်ခုတော့ ရေးနေတာပဲလေ...”

“အဲဒါဆိုရင်တော့ ပိုကောင်းတာပေါ့။ စမ်းသပ်တဲ့ အနေနဲ့ ဘလော့ဂ်မှာ စာလေးတစ်ပုဒ်လောက် ရေးကြည့်ပါလား။ ဓာတ်ပုံတွေလည်း ရိုက်ထားပေါ့။ အဲဒါက ကောင်းမွန်တဲ့ အကိုးအကား တစ်ခု ဖြစ်လာလိမ့်မယ်”

“ကျွန်တော် လုပ်လို့ ဖြစ်ပါ့မလားဗျ”

“စမ်းသပ်တာဆိုတော့ အဆင်ပြေပါတယ်။ ဒီလေ့လာရေး ခရီးစဉ်က အောင်မြင်သွားရင်တော့ ပုံမှန် လုပ်သွားဖို့ စီစဉ်ထားတာ”

“နားလည်ပါပြီ”

ဂျွန်မင်း က သူပြောလိုက်တဲ့ အချက်တွေကို သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ ချရေးလိုက်တာပေါ့။

“ပြီးတော့... မင်းတို့ နှစ်ယောက်ကို ခေါ်ရတဲ့ အကြောင်းရင်းက... မဟုတ်ဘူး၊ မင်းကို ခေါ်ရတဲ့ အကြောင်းရင်းက ဝါသနာရှင် ပြဇာတ်တွေကြောင့်ပဲ”

“သူ့ကို အဲဒီမှာ ပါဝင်ခိုင်းမလို့တော့ မဟုတ်ပါဘူးနော်” လို့ ဂန်ဟွမ် က ဝင်ပြောလိုက်တယ်။

ဂျွန်မင်း က ချက်ချင်းပဲ ခေါင်းညိတ်ပြလိုက်တာပေါ့။

“သူ့မှာ အချိန် သိပ်ရှိမှာ မဟုတ်ဘူးလေ”

“ဒါက နယ်ပယ်ပေါင်းစုံက လူအလွှာပေါင်းစုံအတွက် ရည်ရွယ်တာပါ။ ဆောင်ပုဒ်ကလည်း ‘လူထုအတွက် ပြဇာတ်’ လေ”

“ရုံးဝန်ထမ်းတွေတောင် ပါမှာလား။ အဲဒီလိုဆိုရင် အချိန်ညှိရတာ တကယ်ကို ရှုပ်ထွေးသွားမှာပေါ့”

“ငါတို့က သူတို့ကို ပြည့်စုံလွန်းတဲ့ ပြဇာတ်တစ်ခု ဖြစ်အောင် လုပ်ခိုင်းမှာ မဟုတ်ပါဘူး။ ဘယ်သူမဆို သရုပ်ဆောင်နိုင်တယ်ဆိုတာကိုပဲ ပြချင်တာပါ။ လာမယ့် ဖေဖော်ဝါရီမှာ လူစတင် ခေါ်ယူမယ်၊ မတ်လမှာ သင်တန်းပေးပြီး မေလမှာတော့ သူတို့ကို စင်ပေါ်တင်ပေးမှာပေါ့”

“ဒါဆို မာရူး ကို ခေါ်ရတဲ့ အကြောင်းရင်းက...”

ဂန်ဟွမ် က မာရူး ရဲ့ ပုခုံးကို လှမ်းဖက်လိုက်ပေမဲ့ ဂျွန်မင်း ကတော့ ခေါင်းခါပြလိုက်တာပေါ့။

“လူရွေးပွဲ လုပ်မှာဆိုတော့ မာရူး ကို အဲဒီထဲ ထည့်လို့ မရဘူးလေ။ ဒါပေမဲ့ ဒါကလည်း စမ်းသပ်မှု တစ်ခုဆိုတော့ အများပြည်သူက ဒီအပေါ်မှာ ဘယ်လို မြင်လဲဆိုတာကိုပဲ သိချင်တာပါ။ လောလောဆယ်တော့ တခြားသူတွေထက် အချိန်ပိုပေးနိုင်မယ့်သူတွေကိုပဲ အရင် ခေါ်ဖို့ ဆုံးဖြတ်ထားတယ်။ ဆိုလိုတာက ဆိုးလ် တစ်ဝိုက်က သရုပ်ဆောင် ကျောင်းသားတွေကိုပေါ့။ အဖွဲ့ နှစ်ဖွဲ့ ခွဲထားမယ်၊ တစ်ဖွဲ့က အထက်တန်းကျောင်းသားတွေအတွက်၊ နောက်တစ်ဖွဲ့ကတော့ တက္ကသိုလ် ကျောင်းသားတွေအတွက်ပေါ့”

“ဟာ... မဖြစ်နိုင်တာ။ ဒီကလေးက မြောင်ဒုံ ပြဇာတ်ရုံမှာ ကျွန်တော့်ထက် အရင် စင်ပေါ်တက်ရမှာလား။ မဖြစ်ဘူးဗျာ၊ ကျွန်တော်တော့ လုံးဝ ကန့်ကွက်တယ်။ ကျွန်တော် နည်းပြ လုပ်ပေးနေတဲ့ တပည့်ထက်တောင် အောက်ကျနေရမှာလား”

ဂန်ဟွမ် ရဲ့ အသံထဲမှာတော့ နောက်ပြောင်နေတဲ့ အသံတွေ ပါနေတာပေါ့။

“ရယ်စရာတွေ လျှောက်ပြောမနေနဲ့ဦး။ ဒါနဲ့... ငါ မင်းကို ဘာလို့ ခေါ်တာလဲဆိုတာတော့ မင်း သိမှာပါနော်”

“ကျွန်တော့်ကို အထက်တန်းကျောင်းသားတွေကို နည်းပြခိုင်းမလို့တော့ မဟုတ်ပါဘူးနော်”

“ကွက်တိပဲ”

“ကျွန်တော့်မှာ အလုပ်ရှိတယ်လေ”

“ဒါပေမဲ့ မင်းက အားနေတာပဲကို”

“ကျွန်တော် ပြဇာတ်တစ်ခုကိုပဲ အာရုံစိုက်နေတာပါဆို...”

“မင်းကို ဟုန်းဒေး မှာ တွေ့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်နော်”

“... ကျွန်တော် ပိုပြီး ကြိုးစားလိုက်ပါ့မယ်”

“ရက်သတ္တပတ်တွေမှာတော့ ခက်ခဲလိမ့်မယ်ဆိုတော့ စနေ၊ တနင်္ဂနွေတွေမှာပဲ လုပ်ပေးပေါ့”

“ဒါပေမဲ့... ပြင်ဆင်ဖို့ အချိန် တစ်လပဲ ရတာဆိုတော့ ပြဇာတ်ကြီးက ရှုပ်ထွေးသွားမှာ မဟုတ်ဘူးလား”

“ငါ ပြောပြီးပြီလေ၊ ပြဇာတ်က ဘယ်လောက်အထိ ကောင်းမလဲဆိုတာကို ငါတို့ သိပ်စိတ်မပူပါဘူး။ အများပြည်သူ ပါဝင်လာဖို့ကိုပဲ ကြိုးစားနေတာပါ။ ပြီးတော့ ဒါက စမ်းသပ်ကာလပဲလေ။ ပရိသတ်တွေကလည်း အဲဒါကို သိနေမှာပါ။ နောက်ဆုံး အချက်ကတော့ စင်နောက်ကွယ် လေ့လာရေးနဲ့ တွဲလုပ်မှာဆိုတော့ ပြဇာတ်နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား အပြစ်ပြောတာမျိုး ရှိမှာ မဟုတ်ဘူး။ ဒီပွဲကို စီစဉ်တဲ့သူတွေကလည်း မညံ့ကျပါဘူး၊ အဲဒါကြောင့် သိပ်စိတ်မပူပါနဲ့”

ဂန်ဟွမ် က ဂျွန်မင်း ကို ပြန်ပြီး မငြင်းနိုင်တော့တာကြောင့် သက်ပြင်းပဲ ချလိုက်တာပေါ့။ ဂန်ဟွမ် က သူကြိုက်တဲ့ ပြဇာတ်ဆိုရင်တော့ တကယ်ကို အာရုံစိုက်တတ်တဲ့သူပါ။ ဒါပေမဲ့ တစ်ဖက်မှာတော့ သူ စိတ်မဝင်စားရင် အာရုံပျံ့လွယ်တတ်တယ်လေ။ ပိုဆိုးတာက ဒီလူက အငြင်းပွားစရာ ကောင်းတဲ့ ပြဇာတ်မျိုးတွေကိုပဲ စိတ်ဝင်စားတတ်တာပါ။

‘သူ ပြောင်းလဲသွားမှာပါ၊ အဓိကကတော့ ဘဝမှာ အသည်းကွဲစရာတွေချည်းပဲ ရှိနေတာ မဟုတ်ဘူးဆိုတာကို သူလည်း သိနေမှာပဲလေ’

ဂန်ဟွမ် က ဒီလို ရင်နာစရာ ကောင်းတဲ့ ပြဇာတ်တွေကို သရုပ်ဆောင်ရတာကို ကြိုက်တာက လက်တွေ့ဘဝကို ဖော်ပြချင်လို့ ဖြစ်မှာပါ။ သူ စိတ်ကျေနပ်သွားတဲ့ အချိန်ကျရင်တော့ ပိုပြီး ပေါ့ပေါ့ပါးပါး ပြဇာတ်တွေကို လုပ်ပေးကောင်း လုပ်ပေးလိမ့်မယ်။ ဒီလူက တကယ်ကို ပါရမီတွေ ပြည့်နေတဲ့သူဆိုတော့ အဲဒီအချိန်ကျရင် လူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်မှာပေါ့။

“ဒါဆို ကျွန်တော် ဒီကလေးနဲ့ပဲ ဆက်ပြီး တွဲနေရမယ့် အခြေအနေက မပြောင်းလဲဘူးပေါ့”

“လုံးဝပဲ”

“ဒါဆိုလည်း လုပ်ပေးပါ့မယ်”

ဂန်ဟွမ် က ချက်ချင်းပဲ လက်ခံလိုက်တာပေါ့။ ဂျွန်မင်း က မာရူး ဘက်ကို လှည့်ကြည့်လိုက်တယ်။

“ကျွန်တော့်အတွက်ကရော အချိန် ဘယ်လောက် ပေးရမှာလဲဗျ” လို့ မာရူး က မေးလိုက်တယ်။

“တိတိကျကျတော့ မသတ်မှတ်ရသေးဘူး၊ ဒါပေမဲ့ စနေနဲ့ တနင်္ဂနွေမှာတော့ တစ်ဝက်လောက် ပေးရလိမ့်မယ်”

“ဒါက လာမယ့် ဆောင်းရာသီ ပြိုင်ပွဲအတွက် အခက်အခဲ ဖြစ်မသွားဘူးလား”

“ငါ ပြန်မေးမယ်လေ၊ မင်း အခု တက်နေတဲ့ သင်တန်းတွေက တကယ်ပဲ ခက်ခဲနေလို့လား၊ မင်း အချိန်ပြည့် ရှိနေဖို့ လိုအပ်တဲ့အထိလား”

မာရူး က ခဏလောက် စဉ်းစားပြီးမှ ခေါင်းခါပြလိုက်တယ်။

“သိပ်တော့ မခက်ပါဘူး”

“အဲဒါပဲလေ၊ အဖြေက ထွက်နေပြီပဲ။ ဆောင်းရာသီ ပြိုင်ပွဲက အရေးကြီးတာ မှန်ပေမဲ့ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ မှာ သရုပ်ဆောင်ရမယ့် အခွင့်အရေးကလည်း တကယ်ကို တန်ဖိုးရှိတာလေ။ အချိန်ကို သေချာ ခွဲဝေကြည့်ပေါ့၊ ပြီးတော့ နှစ်ခုလုံးမှာ အောင်မြင်အောင် လုပ်ကြည့်စမ်းပါ”

“နားလည်ပါပြီ”

မာရူး လည်း ချက်ချင်းပဲ လက်ခံလိုက်တာပေါ့။ သူ့အသက်နဲ့မလိုက်အောင် ကလေးဆန်တဲ့ ဂန်ဟွမ် ရယ်၊ အသက်နဲ့မလိုက်အောင် လူကြီးဆန်တဲ့ မာရူး ရယ်... တကယ်တော့ သူတို့ နှစ်ယောက်ကို တွဲပေးထားတာက ကောင်းတဲ့ အကြံဉာဏ်ပါပဲ။

‘သူတို့ နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် ကောင်းတဲ့ သြဇာတွေ သက်ရောက်နိုင်မှာပါ’

သူတို့တွေ တစ်ယောက်ဆီက ကောင်းကွက်တွေကို အပြန်အလှန် သင်ယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့။

“အာ... ဟုတ်သားပဲ၊ စီနီယာ”

“အင်း...”

“ဒီကလေးက တကယ်ပဲ ဝမ် ၂ ဘီလီယံ ကြိုတောင်းခဲ့တာလား”

“ဟုတ်တယ်လေ”

“ပြီးတော့ ဆရာက ဝမ် သန်း ၃၀၀ ပေးမယ်လို့ ကတိပေးလိုက်တာလား”

“ကတိပေးရုံတင် မဟုတ်ပါဘူး၊ ပေးလည်း ပေးပြီးသွားပြီ”

ဂန်ဟွမ် က ချက်ချင်းပဲ မာရူး ကို စိုက်ကြည့်လိုက်တာပေါ့။

“ဟေ့ရောင်...”

“ဘာလဲဗျ”

“ခုနက ထမင်းဖိုး ပြန်ပေးစမ်း”

ဒီလူကတော့ ထုံးစံအတိုင်း သူ့ရဲ့ ကလေးဆန်တဲ့ ပြက်လုံးတွေကို အရမ်း ကြိုက်တာပါပဲ။ ပြီးတော့...

“ရော့... ရပြီလား”

ဒီကလေးကလည်း အလိုက်သင့်လေးပဲ လုပ်ပေးနေတာလေ။

“ဟားဟား... တကယ်ကို လိုက်ဖက်တဲ့ အတွဲပါပဲဗျာ”

ဂျွန်မင်း က ဂုဏ်ယူသလိုမျိုး ပြုံးလိုက်မိတာပေါ့။

* * * * * * * * *

“ဒါဆို ဒါက မြောင်ဒုံ ဘုရားရှိခိုးကျောင်းကို သွားတဲ့ လမ်းပေါ့”

“ဝိုး...”

ဘာဒါ က လမ်းဘေးမှာ စိုက်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက်တယ်။ အဲဒီမှာ ဘုရားရှိခိုးကျောင်း အကြောင်းတွေကို ရေးထားသလို အနုပညာရှင်တွေရဲ့ ပုံတွေလည်း ပါတာပေါ့။ သူတို့အဖွဲ့က တောင်ကုန်းပေါ်ကို ဖြည်းဖြည်းချင်း တက်လာခဲ့ကြတယ်။

“ဓာတ်ပုံရိုက်ကြရအောင်”

လမ်းလျှောက်နေရင်းနဲ့လည်း သူတို့ ဓာတ်ပုံတွေ ရိုက်နေကြတာလေ။ ဘာဒါ လည်း ဘုရားရှိခိုးကျောင်းကြီးကို နောက်ခံထားပြီး ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တာပေါ့။ ဒါပေမဲ့ အဆောက်အအုံကြီးက သူ့ရဲ့ ဖုန်းမျက်နှာပြင်ထဲမှာ အပြည့် မဝင်ဘူး ဖြစ်နေတယ်။

“နောက် ဘယ်သွားကြမလဲ”

ကောင်မလေးတွေက မြောင်ဒုံ မှာ လည်ရပတ်ရတာကို တကယ် စိတ်လှုပ်ရှားနေကြတာပေါ့။ ဘာဒါ လည်း အတူတူပါပဲ။

“ဒီလမ်းအတိုင်း သွားရင် မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ကို ရောက်မယ်လို့ ကြားတယ်။ အဲဒီကို သွားကြမလား၊ အခုတင်ပဲ ပြန်ဖွင့်ထားတာဆိုတော့ အထဲကို ဝင်ကြည့်လို့ ရမှာ”

“ပြဇာတ်ရုံလား... ပျင်းစရာကြီး ဖြစ်နေဦးမယ်”

“ဟုတ်တယ်၊ ပျင်းစရာကြီး။ အဲဒီအစား အဝတ်အစားဆိုင်တွေပဲ သွားကြရအောင်လေ”

ဘာဒါ က ရှေ့ကို တိုးသွားပြီး သူ့သူငယ်ချင်းတွေကို ဆွဲခေါ်လိုက်တယ်။

“သွားကြရအောင်ပါ”

ပြဇာတ်ရုံ... အစ်ကို ပြောပြတာ ခဏခဏ ကြားဖူးတယ်လေ။ ပြဇာတ်ရုံတွေက တကယ်ကို ပျော်စရာကောင်းတဲ့ နေရာတွေလို့ ပြောတာ။ ရုပ်ရှင်ရုံတွေနဲ့ မတူတဲ့ ခံစားချက်မျိုး ရှိတယ်ဆိုတာလေ။

“ကဲ... ဘာဒါ သွားချင်တယ်ဆိုမှတော့ သွားကြတာပေါ့”

“သွားမယ်လေ”

ဘာဒါ ရဲ့ သူငယ်ချင်း သုံးယောက်ကလည်း စိတ်ပြောင်းသွားကြပြီး သူတို့အဖွဲ့ ဘုရားရှိခိုးကျောင်းကနေ အောက်ကို ဆင်းလာခဲ့ကြတော့တာပေါ့။

* * * * * * * * *

ဆွန်ဂျီ တစ်ယောက် ရင်ခုန်နေတာပေါ့။ စိတ်ကို တည်ငြိမ်အောင် ကော်ဖီ တစ်ငုံ သောက်လိုက်ပေမဲ့ ဘာမှ မထူးခြားပါဘူး။

အာ... ကဖင်းဓာတ်က စိတ်ကို ပိုပြီး ဂနာမငြိမ် ဖြစ်စေမလား မသိဘူး။

သူမ အပြင်ဘက်ကို လှည့်ကြည့်လိုက်တယ်။ အပြင်ဘက် စင်မြင့်နဲ့အတူ ပြန်လည် မွမ်းမံထားတဲ့ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ကို မြင်နေရတာပေါ့။ သူမ အဲဒီ အဆောက်အအုံကို စိုက်ကြည့်နေတုန်းမှာပဲ ဖုန်းထဲကို စာတစ်စောင် ရောက်လာတယ်။

“အခုပဲ စကားပြောကြည့်ပါလား”

သူမ အဖေဆီက စာပါပဲ။ ဒီနေ့ ဆွန်ဂျီ က စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အဖေနဲ့ တွေ့ဖို့ ဆုံးဖြတ်ခဲ့တာလေ။ အိမ်ကနေ ထွက်လာခဲ့တာလည်း ဆယ်နှစ်တောင် ရှိသွားပြီ။ အထက်တန်း ကျောင်းပြီးတာနဲ့ သူမ ဘာသာ သူမ ရပ်တည်ခဲ့တာပေါ့။

တကယ်တော့ သူမ ထွက်ပြေးခဲ့တာပါ။ အားနာစိတ်တွေကြောင့်ပေါ့။

ဖုန်းကို ခဏလောက် ကိုင်ထားပြီးနောက် သူမ ဖုန်းကို ဖွင့်လိုက်တယ်။ အဲဒီမှာ ဖုန်းဝင်လာတာပေါ့။

“ငါတို့ ရောက်ခါနီးပြီ။ အရင်သွားနေကျ ဆိုင်မှာပဲ တွေ့ကြတာပေါ့”

အဲဒါ သူမ အဖေ ပါပဲ။ ပြီးတော့...

“မင်း ဒိုဝူး နဲ့ မတွေ့ရတာလည်း ဆယ်နှစ်လောက် ရှိသွားပြီ မဟုတ်လား”

“... ဟုတ်ကဲ့”

“... အေးပါ၊ ဒါဆို ခဏနေမှ တွေ့ကြတာပေါ့”

ဆွန်ဂျီ က ဖုန်းချလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ သူမ အစ်ကိုနဲ့ ဆယ်နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်တွေ့ရတော့မှာလေ။

* * * * * * * * *

“ဘယ်မှာ တွေ့မှာလဲ”

“မြောင်ဒုံ ဘုရားရှိခိုးကျောင်းမှာ ထင်တယ်”

“ဘုရားရှိခိုးကျောင်းလား”

“မသိဘူးလေ၊ အဲဒီကိုပဲ လာခဲ့ဖို့ ပြောတာ”

ချန်ဟူး က သူ့သူငယ်ချင်း နှစ်ယောက်ကို ခေါ်ပြီး မြောင်ဒုံ ဘုရားရှိခိုးကျောင်းဆီကို လမ်းလျှောက်လာခဲ့တာပေါ့။ အဲဒီ မိန်းမအနားမှာ ကပ်ပြီး ပျော်ပါးရမယ့်အရေးကို တွေးပြီး သူ စိတ်လှုပ်ရှားနေတာပါ။

“သူက ချောလား”

“အတော်အတန်ပါပဲ”

“သောက်နိုင်လား”

“မသိဘူးလေ၊ သူ မူးသွားတာ တစ်ခါမှ မမြင်ဖူးသေးဘူး”

“တစ်ခွက်လောက်နဲ့တင် မှောက်သွားရင် ကောင်းမှာပဲ”

“ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒီလိုမျိုး မိန်းကလေးတွေက ဘယ်ရှိမှာလဲ။ သူက မင်းထက်တောင် ပိုသောက်နိုင်ဦးမယ်”

“ဟာ... ဒါဆိုရင်တော့ အိပ်ဖို့ဆိုတာ စိတ်ကူးယဉ်ရုံပဲ ရှိတော့မှာပေါ့”

“သောက်ပဲ သောက်စမ်းပါကွာ။ မင်းကတော့ အဲဒီကိစ္စ တစ်ခုတည်းပဲ သိတော့တာပဲလား”

သူတို့ သုံးယောက်လုံး စိတ်လှုပ်ရှားစွာနဲ့ ဘုရားရှိခိုးကျောင်းဆီကို ရောက်လာခဲ့ကြတော့တာပေါ့။

* * * * * * * * *

အခန်း(၉၆)

“ဒီအခန်းက မိတ်ကပ်လိမ်းတဲ့ အခန်းပဲ၊ ပြဇာတ်ရဲ့ အဓိက သရုပ်ဆောင်တွေပဲ သုံးခွင့်ရှိတာပေါ့”

ဂန်ဟွမ် က မနာလိုသလိုလို၊ လွမ်းဆွတ်သလိုလို အကြည့်မျိုးနဲ့ အခန်းတံခါးကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ အခန်းတံခါးပေါ်က ဆိုင်းဘုတ်အောက်မှာတော့ ‘ကင်ဂျီယွန်း’ ဆိုတဲ့ နာမည်လေး ရေးထားတာပေါ့။

“ဆရာ သိတဲ့သူလား”

“မသိပါဘူး။ ငါကိုယ်တိုင်လည်း ဒီလိုအခန်းမျိုးထဲကို ဘယ်တော့များမှ ဝင်ခွင့်ရပါ့မလဲလို့ တွေးနေမိလို့ပါ”

အဲဒီအချိန်မှာပဲ အခန်းတံခါး ပွင့်လာပြီး အမျိုးသမီး သရုပ်ဆောင် တစ်ယောက် ထွက်လာတာပေါ့။ ဂန်ဟွမ် နဲ့ မာရူး လည်း အနည်းငယ် လန့်သွားပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ကြတယ်။

“ဘာကိစ္စ ရှိလို့လဲရှင်” လို့ အဲဒီ သရုပ်ဆောင်က မေးလိုက်တယ်။

“ကျွန်တော်တို့ ဒီအတိုင်း လှည့်ပတ်ကြည့်နေတာပါ။ အနှောင့်အယှက် ဖြစ်သွားလား”

ဂန်ဟွမ် က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်တော့မှ အဲဒီအမျိုးသမီးက နည်းနည်း စိတ်လျှော့သွားပုံ ရတာပေါ့။

“မဟုတ်တာ၊ မဖြစ်ပါဘူး။ ဒါနဲ့... ကျွန်မတို့ အရင်က ဆုံဖူးသလားဟင်”

“ကျွန်တော်က ဒီလောကမှာ နာမည်မရှိတဲ့သူ တစ်ယောက်ပါ”

“ဟုတ်လို့လား”

အဲဒီအမျိုးသမီးက ဂန်ဟွမ် ကို စက္ကန့်အနည်းငယ်လောက် သေချာ စိုက်ကြည့်နေပြီးမှ အံ့သြတကြီး အော်လိုက်တာပေါ့။

“နေဦး... ရှင်က ဆရာ ယန်ဂန်ဟွမ် မဟုတ်လား”

“ကျွန်တော့်ကို သိတာလား”

“သိတာပေါ့။ ဆရာ့ရဲ့ နောက်ဆုံးပြဇာတ်ကို ကျွန်မ တကယ် သဘောကျခဲ့တာ။ အာ... သဘောကျတယ်ဆိုတာထက် ပိုပါတယ်”

အဲဒီ သရုပ်ဆောင်က ပြုံးပြပြီး သူတို့ နှစ်ယောက်ကို ခဏစောင့်ဖို့ ပြောလိုက်တယ်။ ပြီးတော့ မိတ်ကပ်ခန်းထဲ ပြန်ဝင်သွားပြီး စာအုပ်နဲ့ ဘောပင်တစ်ချောင်း ယူလာတာပေါ့။

“ကျွန်မကို အမှတ်တရ လက်မှတ်လေး တစ်ခုလောက် ရေးပေးပါလား”

“ကျွန်တော့် လက်မှတ်ကိုလား”

“ဟုတ်ကဲ့”

ဂန်ဟွမ် ရဲ့ ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးဖြီးသွားတာကို မာရူး မြင်လိုက်ရတာပေါ့။ အင်းလေ... လှပတဲ့ အမျိုးသမီး တစ်ယောက်က လက်မှတ်တောင်းတာကို မပျော်တဲ့ ယောကျ်ားဆိုတာ ရှားပါတယ်လေ။

‘ပြန်လည်ဖွင့်လှစ်တဲ့ ပွဲမှာ အဓိက သရုပ်ဆောင်ဆိုတော့... သူက နာမည်ကြီးလာမယ့် ကြယ်ပွင့်သစ် တစ်ယောက် ဖြစ်မှာပဲ’

အဲဒီ သရုပ်ဆောင်က လက်မှတ်ရသွားတော့ ပြုံးပြုံးလေးနဲ့ အခန်းထဲ ပြန်ဝင်သွားတယ်။

“ဖုန်းနံပါတ်ပါ တစ်ခါတည်း တောင်းလိုက်ရမှာ”

“... အေးပါ၊ ဟုတ်သားပဲ”

“ရည်းစားတောင် မရှိဘူးဆို။ တကယ် အောင်မြင်ချင်ရင် ဒီလို အခွင့်အရေးမျိုးတွေကို လက်လွတ်မခံသင့်ဘူးလေ”

“အေးပါကွာ... အခုတော့ အထက်တန်းကျောင်းသား တစ်ယောက်ကိုတောင် ပြန်မပြောနိုင်တော့ပါလား”

“ဒါနဲ့ အဲဒီ အမျိုးသမီးက တကယ်ပဲ လူသိများတာလား”

“ဟျဲဟွာ မှာတော့ နာမည်ကြီးပဲလေ။ သူက အစိုးရ ထောက်ပံ့တဲ့ ပြဇာတ်အဖွဲ့ကနေ ထွက်ပြီး ပုဂ္ဂလိက အဖွဲ့ဆီ ပြောင်းလာတာ”

“အစိုးရ အဖွဲ့ကနေ ထွက်လာတာလား... ဝိုး”

တကယ်ကို အံ့သြဖို့ကောင်းတဲ့ အမျိုးသမီးပဲလေ။ အစိုးရဆီက ရတဲ့ ပုံမှန်လစာထက် ပိုကောင်းတဲ့ ကမ်းလှမ်းမှုမျိုး ရခဲ့တာလား။ ဒါမှမဟုတ် သူ့ကိုယ်သူ စိန်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာလား။

“ဟင်း... ဒါဆို ငါကလည်း တော်တော်လေး အစွမ်းထက်တဲ့သူလို့ ပြောလို့ရတာပေါ့”

“ဘာကိုလဲဗျ”

“ငါလည်း အစိုးရ အဖွဲ့မှာ ရှိခဲ့တာလေ။ ပြီးတော့မှ ထွက်လာတာ။ ဘယ်လိုလဲ... မင်းရဲ့ ရင်ထဲမှာ ငါ့အပေါ် လေးစားစိတ်တွေ တိုးလာပြီလား”

“... အဲဒီကို ဘယ်သူမဆို ဝင်လို့ရတာ မဟုတ်ဘူး မဟုတ်လား”

“ဟေ့... ငါ့ကို အဲဒီလို အထင်သေးတဲ့ အကြည့်နဲ့ မကြည့်စမ်းနဲ့”

မာရူး အသာလေး ပြုံးလိုက်မိတယ်။ ဒီအချက်ကို သူ အခုမှ သိတာလေ။ ဒီလူက တကယ်ပဲ တော်တဲ့သူ ဖြစ်နေတာပဲ။

‘အနာဂတ်မှာ အဲဒီလောက်အထိ နာမည်ကြီးနေတာက မဆန်းတော့ပါဘူးလေ’

မာရူး က ဂန်ဟွမ် နောက်ကို လိုက်ပြီး မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ထဲကို ဆက်ပြီး လှည့်ပတ်ကြည့်ဖြစ်တယ်။ ကန့်သတ်ထားတဲ့ နေရာတွေ အများကြီး ရှိပေမဲ့ ဝန်ထမ်း ကတ်ပြားတွေ ရှိနေတော့ ဝင်ခွင့်ရခဲ့တာပေါ့။ မီးအလင်းအပေးအယူ လုပ်တဲ့ အဖွဲ့ရဲ့ အကူအညီနဲ့ စင်မြင့်ရဲ့ အပေါ်ဆုံး မီးဆိုင်းတွေ ရှိတဲ့ နေရာအထိတောင် သွားကြည့်ခဲ့သေးတာ။ အဲဒီနေရာက တကယ်ကို အန္တရာယ်များလို့ အဖွဲ့သားတွေတောင် သိပ်မသွားချင်ကြဘူးတဲ့။

“ဒါက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ”

စင်မြင့်ရဲ့ မျက်နှာကြက်မှာ အနက်ရောင် သံချောင်းတွေက ပင့်ကူအိမ်ကြီး တစ်ခုလို ဖြန့်ကျက်နေတာလေ။ အဲဒီ သံချောင်းတွေမှာ ချိတ်ထားတဲ့ မီးဆိုင်းတွေကပဲ အောက်က စင်မြင့်ကို အလင်းပေးနေတာပေါ့။

“စင်မြင့်က ကြီးလေလေ၊ ပြဇာတ် အောင်မြင်ဖို့အတွက် သရုပ်ဆောင်က ပိုပြီး ကြိုးစားရလေလေပဲ။ ဒါပေမဲ့ စင်နောက်ကွယ်က သူတွေကလည်း အဲဒီလောက်နီးနီး ပင်ပန်းကြတာပဲလေ။ စင်မြင့်ကို ဒီအတိုင်း ကြီးအောင် လုပ်လို့မှ မရတာ။ မီးအလင်းအမှောင်တွေက စင်ပေါ်ကို ဘယ်လို ကျရောက်မလဲ ဆိုတာနဲ့ အားလုံး တစ်သားတည်း ဖြစ်နေဖို့ကိုပဲ အဓိက အာရုံစိုက်ရတာပေါ့”

မာရူး ခေါင်းညိတ်လိုက်တယ်။ အခုတောင်မှ ဝန်ထမ်းတွေ အများကြီးက ဟိုပြေးဒီပြေးနဲ့ အသေးအဖွဲ ကိစ္စလေးတွေကို လိုက်ပြင်နေကြတာကို မြင်နေရတာလေ။ ဂန်ဟွမ် က ဝန်ထမ်းတွေဟာ မျက်နှာကြက်နဲ့ စင်ပေါ်တင်မကဘဲ စင်အောက်ဘက် နေရာတွေကိုပါ သေချာ ဂရုစိုက်ရတယ်လို့ ပြောပြနေတာပေါ့။

“ဒါတွေကို ကြည့်လိုက်တိုင်း ငါ့မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ ငါ အမှားမလုပ်သင့်ဘူးလို့ပေါ့။ အမှားမလုပ်ဖို့က ပရိသတ်အတွက်တင် အရေးကြီးတာ မဟုတ်ဘူး၊ ဒီပြဇာတ် အောင်မြင်ဖို့အတွက် ကြိုးစားနေကြတဲ့ လူအများကြီးရဲ့ အားထုတ်မှုတွေကို ငါက ဖျက်ဆီးပစ်လို့ မဖြစ်ဘူးလေ။ အဲဒါကြောင့် သရုပ်ဆောင်တွေက ပြဇာတ် မစခင်မှာ စင်ပေါ်ကို ခဏခဏ လာတတ်ကြတာ။ ဝန်ထမ်းတွေကို အားပေးရင်းနဲ့ သူတို့ကိုယ်သူတို့လည်း စိတ်လှုပ်ရှားနေအောင် လုပ်တာပေါ့။ ဒီပြဇာတ်က သူတို့ တစ်ယောက်တည်း ကြောင့် အောင်မြင်လာတာ မဟုတ်ဘူးဆိုတာကို သူတို့ စိတ်ထဲမှာ စွဲနေအောင်လို့လေ”

ဂန်ဟွမ် ရဲ့ စကားတွေက မာရူး ရဲ့ ရင်ထဲကို တိုးဝင်သွားတာပေါ့။ ဒီစကားတွေက စာအုပ်ထဲက သီအိုရီတွေ မဟုတ်ဘဲ အတွေ့အကြုံတွေကနေ ထွက်လာတဲ့ စကားတွေလေ။

“ကဲ... အောက်ဆင်းရအောင်”

“ဘယ်ကိုလဲဗျ”

“စားဖို့ပေါ့”

“နောက်တစ်ခါ ထပ်စားဦးမှာလား”

“နောက်တစ်ခါ ဟုတ်လား။ အခု ၃ နာရီ ရှိနေပြီလေ။ ငါတို့ စားခဲ့တာ ၃ နာရီတောင် ကြာသွားပြီ။ ပြီးတော့ စီနီယာ ဂျွန်မင်း လည်း အောက်မှာ ရှိနေတာပဲကို။ အဲဒီတော့ သူ့ဆီကနေ အလကား ကျွေးဖို့ တောင်းဆိုလို့ ရတာပေါ့။ ဟင်း... အမဲသားဆိုရင် ကောင်းမှာပဲ။ အမဲသား... ဟဲဟဲ”

ခုနက တည်တည်ငြိမ်ငြိမ် ပြောနေတဲ့ လူက ဘယ်ပျောက်သွားတာလဲ။ မာရူး ခေါင်းခါရင်းနဲ့ပဲ လှေကားပေါ်ကနေ ခုန်ဆင်းသွားတဲ့ ဂန်ဟွမ် နောက်ကို လိုက်သွားခဲ့တော့တာပေါ့။

* * * * * * * * *

“ဟေ့... မင်းက ဘာလို့ လိုက်မလာတာလဲ”

“ခဏလေးစောင့်ဦး”

ချန်ဟူး က သူ့သူငယ်ချင်းတွေကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ဖုန်းကို ထုတ်လိုက်တယ်။ အခု ၃ နာရီ ရှိပြီလေ။ သူတို့ ချိန်းထားတဲ့ အချိန်ပေါ့။

“ဖုန်းလာနေလို့”

ချန်ဟူး က ချောင်းတစ်ချက် ဟန့်လိုက်ပြီးမှ ဖုန်းကို ကိုင်လိုက်တယ်။ သူ ဘယ်လို ပြောရမလဲ ဆိုတာကို အထူး ဂရုစိုက်ရတာလေ။ ဒီအမျိုးသမီးတွေက သူ ကလေးလို ချွဲတာကို ကြိုက်ကြတာကိုး။

“ဟုတ်ကဲ့ အစ်မကြီး”

“တောင်းပန်ပါတယ် ချန်ဟူး ရယ်။ အစ်မ နေရာမှား ပြောမိလို့။ ဘုရားရှိခိုးကျောင်း နားမှာ စားသောက်ဆိုင်ကောင်းကောင်း မရှိဘူးလေ။ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ဆီကိုပဲ လာခဲ့ပါလား။ အဲဒီနေရာကို သိလား”

“မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ လား”

“အင်း။ အဲဒီနေရာက တော်တော် နာမည်ကြီးတာဆိုတော့ လမ်းမှာ မေးကြည့်ရင် သိမှာပါ။ သူငယ်ချင်းတွေနဲ့ လာနေတာ မဟုတ်လား”

“ဟုတ်ကဲ့။ သူတို့က ကလေးကောင်းလေးတွေပါပဲ။ အစ်မ သူငယ်ချင်းတွေရော ရောက်နေပြီလား”

“ရောက်နေပြီပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မြန်လာခဲ့နော်။ အစ်မပဲ ကျွေးမှာပါ။ ပြီးရင် ကာရာအိုကေ သွားကြတာပေါ့။ နေ့ခင်းဘက် ကာရာအိုကေ သွားရတာက တကယ် ပျော်ဖို့ကောင်းတာ”

“ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ အခုပဲ လာခဲ့ပါ့မယ်”

ချန်ဟူး က ဖုန်းချလိုက်တာနဲ့ ကြမ်းပြင်ပေါ်ကို တံတွေး တစ်ချက် ထွေးလိုက်တာပေါ့။

“ဟင်း... ဒီမိန်းမက ငါတို့ကို ခွေးတွေလို့ ထင်နေတာလား”

“ဘာလို့လဲ”

“အခု မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ဆီကို လာခဲ့ပါတဲ့”

“မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ... အဲဒါက ဘာကြီးလဲ”

“လမ်းမှာ မေးကြည့်ရင် သိမှာပါတဲ့”

“ဟုတ်လား။ သွားကြတာပေါ့။ ငါလည်း အေးလွန်းလို့ ဖင်တောင် ကျိန်းနေပြီ။ အနွေးထည် ပိုဝတ်လာခဲ့ရမှာ”

“မင်းကလည်း ငကြောင်ပဲ။ ဘာလို့ အပေါ်ထည် မယူလာတာလဲ”

“ဆိုင်ကောင်းကောင်း တစ်ခုခုကို ချက်ချင်း သွားရမယ် ထင်နေတာကိုး။ ပြီးတော့ အဝတ်အစား ထူထူတွေ ဝတ်ရင် ငါက ဝတုတ်ကြီး ဖြစ်နေမှာပေါ့”

ချန်ဟူး နဲ့ သူ့သူငယ်ချင်းတွေက တဟားဟား ရယ်မောရင်း ဘုရားရှိခိုးကျောင်းကနေ ဆင်းလာခဲ့ကြတယ်။ လမ်းမှာလည်း အဖွားအို တစ်ယောက်ဆီကနေ ပြဇာတ်ရုံ ဘယ်မှာလဲဆိုတာကို မေးမြန်းခဲ့ကြတာပေါ့။

“ဟေ့... ဒါနဲ့ ဆိုးလ် က မိန်းကလေးတွေက တကယ် လှတာပဲနော်” လို့ ချန်ဟူး ရဲ့ သူငယ်ချင်း တစ်ယောက်က ပြောလိုက်တယ်။

ချန်ဟူး လည်း အဲဒါကိုတော့ သဘောတူရမှာပဲ။ ဆောင်းတွင်းကြီးမှာတောင် စကတ်တိုလေးတွေနဲ့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတွေ အများကြီးပဲလေ။ တချို့ဆိုရင် ခြေအိတ်ရှည်လေးတွေတောင် ဝတ်ထားကြတာ။

“ငါတို့ မြို့ကတော့ တကယ်ကို အမှိုက်ပဲကွာ”

“ငါတို့ဆီမှာလည်း ဒီလို ကောင်မလေးတွေ ရှိရင် ကောင်းမှာပဲ”

“ဟေ့ ဟေ့... ဟိုက ရင်သားတွေကို ကြည့်စမ်း။ အနည်းဆုံးတော့ C cup လောက် ရှိမှာပဲ မဟုတ်လား”

“အဲဒါထက် ပိုကြီးမယ် ထင်တယ်”

“မသိဘူးလေ။ သူနဲ့ အတူ အိပ်ကြည့်မှ သိမှာပေါ့။ ဟား... ဒီနေ့ ငါ လူပျို မဟုတ်တော့တဲ့နေ့ ဖြစ်လာနိုင်မလား”

“ကံကောင်းပါစေကွာ။ ဒါပေမဲ့ မင်းက ကလေးရုပ်လေး ပေါက်နေတော့ ဖြစ်နိုင်ပါ့မလား”

“ဒီကောင်ကတော့... တကယ့် စော်ကြည်ဘဲ ဆိုတာ ဘယ်လိုလဲဆိုတာ ငါ ပြလိုက်မယ်”

သူတို့ လေးယောက် လမ်းလျှောက်လာရင်းနဲ့ နံရံမှာ ပြဇာတ် ပိုစတာတွေ အများကြီး ကပ်ထားတဲ့ ထူးထူးခြားခြား အဆောက်အအုံတစ်ခုဆီကို ရောက်လာခဲ့ကြတာပေါ့။

“အဲဒါ ဖြစ်မှာပဲ”

အဆောက်အအုံက အပြင်က ကြည့်ရင်တော့ ပြဇာတ်ရုံ တစ်ခုလိုပါပဲ။ နီးနီးကပ်ကပ် ရောက်သွားတော့မှ သူတို့ ထင်တာ မှန်တယ်ဆိုတာ သိလိုက်ရတာလေ။

“ဒီမှာ... ဒီမှာ”

တစ်ဖက်က ဘဏ်ရှေ့ကနေ သူတို့ကို လှမ်းခေါ်တဲ့ အသံကို ကြားလိုက်ရတယ်။ ချန်ဟူး က အသံလာရာဘက်ကို လက်လှမ်းပြလိုက်တာပေါ့။

“သူတို့ပဲ။ ဘယ်လိုလဲ”

“အိုး... မိုက်တယ်ဟ”

“ငါတော့ ပျော်သွားပြီ”

“ဟေ့... ပန်းရောင် ခြေအိတ်နဲ့ တစ်ယောက်က ငါ့အတွက်နော်”

ချန်ဟူး က အဲဒီ အမျိုးသမီးတွေကို အစ်မကြီးလို့ ခေါ်ဖို့နဲ့ သူတို့ရှေ့မှာ ကလေးလို ချွဲဖို့ တခြားသူတွေကို မှာကြားလိုက်တယ်။

“ပြီးမှ သူတို့ကို ဆွဲဆောင်ဖို့ စလုပ်ကြတာပေါ့။ မိန်းကလေးတွေက အဲဒီလိုမျိုးကို ကြိုက်ကြတာ”

“ငါ သိပါတယ်၊ တီဗွီထဲမှာ မြင်ဖူးတယ်”

“မဟုတ်ဘူးကွ၊ သီအိုရီနဲ့ လက်တွေ့က မတူဘူး။ ငါ ဘယ်လို လုပ်လဲဆိုတာ အရင်ကြည့်ဦး။ ငါ့ကိုပဲ ယုံလိုက်”

“အေးပါ၊ အေးပါ။ ဒီနေ့တော့ မင်းကဆရာကြီးလုပ်ခွင့်ပေးလိုက်မယ် ချန်ဟူး ရေ”

ချန်ဟူး က ပြုံးပြုံးလေးနဲ့ အမျိုးသမီးတွေဆီကို လမ်းလျှောက်သွားခဲ့တာပေါ့။ သူတို့က ရိုးရိုးရှင်းရှင်း အဝတ်အစားတွေပဲ ဝတ်ထားကြပေမဲ့ ပိုက်ဆံရှိပြီး ကိုယ်လုံးကိုယ်ပေါက် လှကြတယ်ဆိုတဲ့ အချက်ကတော့ မပြောင်းလဲပါဘူး။ အဲဒီအချက်ကတင် ချန်ဟူး ကို အရမ်း ပျော်ရွှင်စေတာလေ။

“မင်္ဂလာပါ အစ်မကြီးတို့”

“ကျွန်တော်တို့က ချန်ဟူး ရဲ့ သူငယ်ချင်းတွေပါ”

ကောင်းပြီ၊ သူတို့ အစီအစဉ်အတိုင်း သွားနေပြီပဲ။ ချန်ဟူး တစ်ယောက် အလကား စိတ်ပူနေခဲ့တာ ဖြစ်မှာပါ။

“သူတို့က တကယ်ပဲ အထက်တန်းကျောင်းသားတွေလား”

“အထက်တန်းကျောင်းသားဆိုတော့လည်း တော်တော် ကြည့်ကောင်းကြသားပဲ”

တခြား မိန်းကလေးတွေလည်း တကယ် ပျော်နေပုံ ရတာပေါ့။

“အမတို့ရေ... လူငယ်လေးတွေက အမြဲတမ်း အကောင်းဆုံးပဲ မဟုတ်လား။ ဒါနဲ့ ကျွန်တော်တို့ တကယ် အေးနေပြီ။ ဘယ်ကို သွားကြမှာလဲ”

“အို... ချန်ဟူး ရယ်၊ အေးနေတာလား။ အစ်မ တောင်းပန်ပါတယ်နော်”

“တောင်းပန်ချင်ရင် အရသာရှိတာ တစ်ခုခု ကျွေးလေ”

“ကျွေးတာပေါ့။ အစ်မပဲ ရှင်းမယ်။ အားလုံး အသားကင် ကြိုက်ကြလား”

ဆံပင်ရွှေဝါရောင်နဲ့ အမျိုးသမီးက သူ့ပိုက်ဆံအိတ်ထဲက ကတ်တစ်ခုကို ထုတ်ရင်း ပြုံးလိုက်တယ်။ ချန်ဟူး က သူ့သူငယ်ချင်းတွေကို တစ်ချက် မျက်စိမှိတ်ပြလိုက်တာပေါ့။

‘တွေ့လား၊ ဒီမိန်းမက ချမ်းသာတယ်’

‘မိုက်တယ်ဟ’

ချန်ဟူး နဲ့ သူ့သူငယ်ချင်းတွေက အမျိုးသမီးတွေကို စားသောက်ဆိုင် တစ်ခုဆီကို ချက်ချင်း ခေါ်သွားကြတယ်။ သူတို့ သဘောကျတဲ့ အမျိုးသမီးတွေရဲ့ လက်တွေကိုလည်း ကိုင်ထားကြတာပေါ့။ အမျိုးသမီးတွေကလည်း မငြင်းကြပါဘူး။

‘ကောင်းပြီ၊ ကောင်းပြီ’

အခုကတော့ သောက်ရမယ့် အချိန်ပဲ။

* * * * * * * * *

“မင်းကတော့ ရှက်တတ်ဖို့လည်း နည်းနည်းလောက် ကြိုးစားပါဦးလား”

“ဆရာက အဲဒီလို ပြောပေမဲ့လည်း ကျွန်တော်တို့ကို ကျွေးမှာပဲ မဟုတ်လား”

“မင်းကတော့ တစ်ခုခု ကျွေးမယ်ဆိုမှပဲ ဒီစီနီယာရဲ့ စကားကို အလေးအနက် ထားတော့တာပဲနော်”

ဂျွန်မင်း က မနိုင်တော့သလို သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ နောက်ဆုံးတော့ ဂန်ဟွမ် ရဲ့ ပူဆာမှုက အောင်မြင်သွားတာပေါ့။

“မာရူး... ဒီနေ့တော့ မင်းကို အရသာရှိတဲ့ အသားကင် ကျွေးရတော့မှာပဲ”

ဂန်ဟွမ် က ဂုဏ်ယူဝင့်ကြွားစွာနဲ့ အပြင်ကို အရင်ဆုံး ထွက်သွားခဲ့တာပေါ့။

“သူကတော့ ဘယ်တော့မှ မပြောင်းလဲဘူးနော်”

“ဘယ်တော့မှ မပြောင်းလဲဘူး၊ ဒါပေမဲ့ ကောင်းတဲ့ဘက်က မဟုတ်ဘူးလေ”

“ဆရာနဲ့ နည်းပြနဲ့က ဘယ်လို စဆုံခဲ့တာလဲဗျ”

“ငါနဲ့ ဂန်ဟွမ် လား။ ကြာလှပြီပေါ့။ အခုဆိုရင် ဆယ်နှစ်ကျော်တောင် ရှိပြီ။ သူက တက္ကသိုလ်ကနေ ထွက်လာပြီး ငါ့ရဲ့ ပြဇာတ်အဖွဲ့မှာ သရုပ်ဆောင်ချင်တယ်ဆိုပြီး ဘယ်ကမှန်းမသိ ပေါ်လာတဲ့သူလေ”

“ကျွန်တော်... နည်းနည်းလောက်တော့ ပုံဖော်ကြည့်လို့ ရပါတယ်”

“မင်း ဘယ်လိုပဲ ပုံဖော်ပုံဖော်၊ အပြင်မှာက အဲဒီထက် ပိုဆိုးပါတယ်။ သူဟာ ဘယ်လို အကျိုးအကြောင်း ဆင်ခြင်တုံတရားမျိုးကိုမှ လက်မခံခဲ့တဲ့ လူစားမျိုးလေ”

“သူ အိမ်ခြေမဲ့ဘဝနဲ့ သုံးလလောက် နေခဲ့ဖူးတယ်ဆိုတာ ကြားကတည်းက ကျွန်တော် အဲဒီလိုပဲ ထင်ထားတာပါ။ သူက တကယ်ကို ထူးခြားတဲ့သူပဲနော်”

“အင်း... အဲဒီလို အမြင်မျိုးနဲ့ဆိုရင် မင်းကလည်း ထူးခြားတဲ့သူပါပဲ။ အဲဒီ ဝမ် သန်း ၃၀၀ ကိုလည်း... ကောင်းကောင်း သုံးပါဦး”

ဂျွန်မင်း က မာရူး ရဲ့ ပုခုံးကို ပြုံးစစနဲ့ ပုတ်လိုက်တယ်။

“မြန်မြန်လာပါ စီနီယာရာ။ ကျွန်တော့်ဗိုက်ထဲက သူပုန်တွေက အခုပဲ အာဏာသိမ်းတော့မှာဗျ”

“ဒီလူက အသက် ၃၀ ကျော်နေတာတောင် အဲဒီလိုပဲ နေချင်နေသေးတာလား”

ဂျွန်မင်း က လျှာတစ်ချက် သပ်လိုက်ပြီး ခြေလှမ်းကို မြှင့်လိုက်တယ်။ သူတို့ သုံးယောက် ပြဇာတ်ရုံကနေ ထွက်လာပြီး လမ်းကြားလေးတစ်ခုထဲကို ဝင်လာခဲ့ကြတာပေါ့။ ဂျွန်မင်း ရဲ့ ပြောပြချက်အရ အဲဒီထဲမှာ တော်တော်ကောင်းတဲ့ အသားကင်ဆိုင် ရှိတယ်တဲ့။

“အမဲသား မစားရတာ ကြာပြီ၊ ရင်ခုန်နေပြီဗျာ”

“အဲဒီလောက်လေးနဲ့တင် ရင်မခုန်စမ်းပါနဲ့ဦး”

သူတို့ နှစ်ယောက်ကတော့ တကယ့် လူရွှင်တော်တွေလိုပဲ အပြန်အလှန် စကားပြောနေကြတာ။ တကယ်ကို ထူးဆန်းတဲ့ အတွဲပါပဲ။ မာရူး အသာလေး ပြုံးလိုက်မိတာပေါ့။

“ဒီဆိုင် မဟုတ်လား”

ဂန်ဟွမ် က အပေါ်ထပ်ကို မော့ကြည့်ရင်း မေးလိုက်တယ်။ အဆောက်အအုံပေါ်မှာ ‘အမဲသား’ ဆိုတဲ့ ဆိုင်းဘုတ်ကြီးက အကြီးကြီး ရေးထားတာလေ။

“ဒီဆိုင်က စားသောက်ဆိုင်ရော၊ အသားရောင်းတဲ့ဆိုင်ရော တွဲဖွင့်ထားတာ။ ဈေးလည်း သက်သာသလို အရသာလည်း ရှိတယ်”

“ဆရာ ပြောတဲ့အတိုင်းပါပဲဗျာ”

ဂန်ဟွမ် က လှေကားပေါ်ကို အရင်ဆုံး တက်သွားခဲ့တော့တာပေါ့။

* * * * * * * * *

“ကြီးတယ်နော်”

“ဟုတ်တယ်”

ဘာဒါ က သူ့သူငယ်ချင်းတွေနဲ့အတူ မြောင်ဒုံ အနုပညာ ပြဇာတ်ရုံ ထဲကနေ ထွက်လာခဲ့ကြတယ်။ ပြဇာတ် မစခင်မှာ စင်နောက်ကွယ်က အခြေအနေတွေကို လေ့လာခွင့်ရခဲ့တာ တကယ်ကို ကံကောင်းတာပဲ။ ပြဇာတ်ရုံကြီးက အထဲမှာ တကယ်ကို ကြီးမားလွန်းတာလေ။

“ပရိသတ်တွေအတွက် သုံးထပ်တောင် ရှိတာ”

“ဘယ်ဘက်နဲ့ ညာဘက်မှာလည်း အခန်းတွေ ရှိသေးတယ်နော်။ အဲဒါက VIP တွေအတွက် ဖြစ်မှာပဲ”

“ငါလည်း အဲဒီနေရာကနေ ကြည့်ချင်လိုက်တာ”

ဘာဒါ က အဝင်ဝရှေ့မှာ ပြုံးဖြီးပြီး ဓာတ်ပုံရိုက်လိုက်တာပေါ့။

“အခု ဘယ်သွားကြမလဲ”

“ဘယ်နှစ်နာရီ ရှိပြီလဲ”

“၃ နာရီ မိနစ် ၂၀”

“အဝတ်အစားဆိုင်တွေဘက် သွားကြမလား”

အဲဒီအချိန်မှာပဲ ဘာဒါ ရဲ့ သူငယ်ချင်း တစ်ယောက်က လက်ထောင်လိုက်တယ်။

“အဲဒါမသွားခင် ဝတ်ဖဲလ် အရင် စားကြရအောင်လေ” လို့ အနီးအနားက ဆိုင်တစ်ဆိုင်ကို လက်ညှိုးထိုးရင်း ပြောလိုက်တာပေါ့။

ဘာဒါ ကလည်း အားတက်သရော ခေါင်းညိတ်လိုက်တယ်။ ဝတ်ဖဲလ် ဆိုတဲ့ အသံကြားတာနဲ့တင် သွားရည်ကျချင်လာပြီလေ။

(TR Note: ဝတ်ဖဲလ် (Waffle) ဆိုတာ မုန့်သားအကြွပ်လေးထဲမှာ ပန်းသီးယိုနဲ့ ခရင်မ်တွေ သုတ်ပြီး စားရတဲ့ လူကြိုက်များတဲ့ ကိုရီးယား Street Food တစ်မျိုးဖြစ်ပါတယ်။)

* * * * * * * * *

“အဖေ... ဘယ်ကို သွားနေတာလဲ”

“မင်းနဲ့ တွေ့ချင်နေတဲ့သူ ရှိလို့လေ”

“အဲဒါ ပြောပြီးပြီလေ။ ဘယ်သူလဲဆိုတာကို သိချင်တာ”

ဒိုဝူး က မေးခွန်းတွေ သိပ်မမေးဖို့ ပြောနေတဲ့ သူ့အဖေ နောက်ကနေ လိုက်လာခဲ့တယ်။ သူတို့ ဘယ်သူနဲ့ တွေ့မှာပါလိမ့်။

“အာ... အဲဒါလေး ဝယ်သွားရင် ကောင်းမယ် ထင်တယ်” လို့ အဖေက ဝတ်ဖဲလ် ဆိုင်ကို ကြည့်ရင်း ပြောလိုက်တာပေါ့။

“တစ်ခုခု စားဖို့ သွားနေတာ မဟုတ်လား”

“အင်းလေ၊ ဒါပေမဲ့ သူက ဝတ်ဖဲလ် ကို တကယ် ကြိုက်တာ”

“သူ...”

“ဘာပဲဖြစ်ဖြစ် ဝယ်သွားရအောင်။ မင်းလည်း ဝတ်ဖဲလ် ကြိုက်တယ် မဟုတ်လား”

“... အဲဒါတွေ ခဏခဏ စားရလွန်းလို့ ရိုးနေပြီဗျာ”

ဒိုဝူး အဲဒီလို ပြောလိုက်တာကို ချက်ချင်း နောင်တရသွားတာပေါ့။ တကယ်လည်း သူ့အဖေရဲ့ မျက်နှာက ချက်ချင်း ပျက်သွားတာလေ။

“တောင်းပန်ပါတယ်၊ ကျွန်တော် အဲဒါကို သတိမထားမိလိုက်ဘူး”

“... ဝယ်လိုက်ရုံပါပဲ။ ငါပဲ ယိုတွေ စားလိုက်မယ်”

သူ့အဖေနဲ့အတူ ဝတ်ဖဲလ် ဆိုင်ဆီကို လမ်းလျှောက်သွားတုန်းမှာပဲ အလယ်တန်းကျောင်းသူ တစ်စုက တဟားဟား ရယ်မောရင်း သူ့နားက ဖြတ်သွားကြတယ်။

“ငါတို့ နည်းနည်းလောက် ပိုမြန်မြန် လာခဲ့သင့်တာ” လို့ အဖေက ပြောလိုက်တာပေါ့။

ဆိုင်ကို ရောက်တော့ ဒိုဝူး က ဝတ်ဖဲလ် သုံးခု မှာလိုက်တယ်။ အဖေက ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံထုတ်ပေးလိုက်ပြီး...

“ငါ ခဏလောက် ဖုန်းသွားဆက်ဦးမယ်”

အဖေက အပြင်ဘက်ကို ထွက်သွားခဲ့တယ်။ ဘာလို့ ခဏခဏ ဖုန်းထွက်ဆက်နေရတာလဲ။ အဖေရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ဆီဆိုင်ကဝန်ထမ်းတွေနဲ့ စကားပြောနေတာတော့ မဟုတ်လောက်ပါဘူး။

“ဝိုး... သူက တကယ် ချောတာပဲ”

“ရှူး... သူ ကြားသွားဦးမယ်”

ဒိုဝူး တစ်ချက် လှည့်ကြည့်လိုက်တော့ အလယ်တန်းကျောင်းသူတွေက လန့်သွားပြီး မျက်နှာလွှဲသွားကြတယ်။ ဒိုဝူး လည်း အနေခက်သွားတာကြောင့် နံရံက မှန်ထဲကိုပဲ ပြန်ကြည့်နေလိုက်တာပေါ့။ အဲ... ကြည့်ရတာ လူမိုက် တစ်ယောက်နဲ့တောင် တူနေသလားပဲ။

“အာ... ဟုတ်သားပဲ၊ ငါ နင့်အစ်ကိုကို မြင်ခဲ့သေးတယ်” လို့ ကောင်မလေး တစ်ယောက် ပြောသံ ကြားလိုက်ရတယ်။

“ဘာဒါ ရဲ့ အစ်ကိုလား... အာ၊ မာရူး လား”

‘မာရူး...’

ရင်းနှီးနေတဲ့ နာမည်တစ်ခု ကြားလိုက်ရတာကြောင့် ဒိုဝူး ချက်ချင်းပဲ လှည့်ကြည့်လိုက်မိတော့တာပေါ့။

All Chapters