← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

Chapter 199

"တံခါးက... သူ့အလိုလို ပွင့်သွားတာလား... ဘာလို့လဲ..."

လူသားဧကရာဇ်ငယ် ရွှမ်ယွမ်ဖိုသည် မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ကာ အမှန်တရားကို မြင်တွေ့နိုင်ရန် ကြိုးစားရင်း ဧကရာဇ် မှော်စာလုံးများက သူ၏မျက်လုံးများထဲတွင် လျှင်မြန်စွာ လည်ပတ်နေသည်။

မင်ကျိုးယို၏မျက်လုံးများထဲတွင် လောဘနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး သူက တီးတိုးရေရွတ်လိုက်သည်။

"တံခါး ပွင့်သွားပြီ... ဒါက ငါ့ရဲ့ အခွင့်အရေးပဲ... ဒါ ငါ့ရဲ့ အခွင့်အရေးပဲ..."

"ဟား ဟား..."

ဝမ်တန်၏လှောင်ပြောင်သံသည် ဖုံးကွယ်ရန် မကြိုးစားဘဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူသည် မင်ကျိုးယိုကို ကြည့်လိုက်ကာ သူ့ထံ၌ ဧကရာဇ်အရှိန်အဝါ စွမ်းအားများ ဖြာထွက်နေပြီး ပြောလိုက်သည်။

"ရေမြောင်းထဲက နံစော်နေတဲ့ ကြွက်စုတ်... မြေအောက်ကမ္ဘာလမ်းစဉ်ရဲ့ အစွန်အဖျားလေးကိုပဲ ရထားတဲ့ မင်းက ဖရိုဖရဲ ခန်းမဆောင်ကို တပ်မက်ရဲတယ်ပေါ့... မင်းရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ဂိတ်တံခါးနဲ့ သုံးကျန်းအကွာအဝေးကို ရောက်တာနဲ့ ဖရိုဖရဲချီတွေကြောင့် အရည်ပျော်သွားလိမ့်မယ်..."

မင်ကျိုးယို၏မျက်နှာ ချက်ချင်းဖြူရော်သွားပြီး သူ၏နံဘေးပတ်လည်ရှိ မြေအောက်ကမ္ဘာ အင်မော်တယ်ချီများ ဆူပွက်လာကာ ငိုကြွေးနေသော တစ္ဆေများနှင့် ဟိန်းဟောက်နေသည့် စိတ်ဝိညာဉ်များ၏ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ဖော်ပြနေသည်။ သူသည် အေးစက်သည့် အရှိန်အဝါဖြင့် ပြောလိုက်၏။

"ဝမ်တန်... မင်းရဲ့ ဝမ်မိသားစုက အရင်ကလို ဂုဏ်ကျက်သရေ ရှိနေတုန်းပဲလို့ မင်း တကယ်ကြီး ထင်နေတာလား... မပြည့်စုံတဲ့ 'ဖရိုဖရဲ ရှေးဟောင်း ဧကရာဇ်ကျမ်းစာ' ရဲ့ လက်ရေးမူလေးတစ်ခုနဲ့များ ငါ့ရဲ့ မြေအောက်ကမ္ဘာ မဟာ တာအိုအကြောင်းကို ဆွေးနွေးရဲတယ်ပေါ့..."

"အော်..."

ဝမ်တန်က ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများမှ ဧကရာဇ်အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ သူ၏နောက်တွင် ပုံရိပ်ယောင် နဂါးကိုးကောင်သည် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ဖိအားက ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။ သူသည် လောကကြီးပေါ်သို့ ဧကရာဇ် တစ်ပါး ဆင်းသက်လာသည့်အလား အေးစက်သောလေသံဖြင့် ပြောလိုက်၏။

"လွန်ခဲ့တဲ့ နှစ်သုံးရာက မြေအောက်ကမ္ဘာက မင်းတို့ရဲ့တစ္ဆေအိုကြီးက ငါတို့ဝမ်မိသားစုရဲ့ ဘိုးဘေးနယ်မြေရှေ့မှာ သုံးရက်တိတိ ဒူးထောက်ပြီး ငိုကြွေးတောင်းပန်ခဲ့လို့ အသက်ရှင်ခွင့်လေးတစ်ခု ရခဲ့တယ်ဆိုတာကို မင်း မေ့သွားပုံရတယ်..."

လေထုအပူချိန်သည် ရုတ်တရက် ရေခဲမှတ်အထိ ထိုးကျသွားပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများသည် ထိတွေ့နိုင်သည့် အစိုင်အခဲတစ်ခုအလား ပျံ့နှံ့သွားသည်။

မင်ကျိုးယို၏ခြေထောက်အောက်ရှိ ရှေးဟောင်းရေခဲများသည် နားကွဲလုမတတ် တုန်ခါသံနှင့်အတူ ပေါက်ကွဲသွားပြီး မြေအောက်ကမ္ဘာ အင်မော်တယ်ချီများက ရက်စက်ကြမ်းကြုတ်သော ခေါင်းကိုးလုံး မြေအောက်ကမ္ဘာ မြွေကြီးတစ်ကောင်အဖြစ် စုစည်းသွားသည်။ ထိုမြွေကြီး၏လျှာမှ အလွန်အေးစက်သော အလင်းရောင်များကို ထုတ်လွှတ်ထားပေ၏။

ဝမ်တန်၏နောက်ရှိ ပုံရိပ်ယောင်နဂါးကိုးကောင်သည်လည်း မတ်မတ်ရပ်ကာ ဒေါသတကြီး ရှေ့သို့စိုက်ကြည့်နေကြပြီး ဧကရာဇ် စွမ်းအားမျာ တောက်ပစွာ လင်းလက်နေကာ အချိန်မရွေး ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသည်။

"ဒီအချိန်မှာ တိုက်ခိုက်နေတာက ဘာအဓိပ္ပာယ် ရှိလို့လဲ..."

အေးခဲနေသော စမ်းပေါက်ထဲမှ ကျိုးပဲ့သွားသည့် ကျောက်စိမ်းအလား ကြည်လင်ပြီး အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ဤသည်က တလိမ့်လိမ့်ထနေသည့် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ချက်ချင်း ဖယ်ရှားလိုက်သည့် ထူးဆန်းသော တည်ငြိမ်မှုတစ်ခုကို သယ်ဆောင်လာပေ၏။

လော့ကျဲ့ရှန်းသည် သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တင်းမာသော အခြေအနေတွင် ရှိနေသည့် အမျိုးသားနှစ်ဦးကို တည်ငြိမ်စွာ ဝေ့ဝိုက်၍ ကြည့်ရှုလိုက်သည်။

"ဖရိုဖရဲ ခန်းမဆောင်မှာ သူ့သခင်နဲ့သူ ရှိတယ်... နင်တို့ ပြိုင်ဆိုင်ဖို့ မဟုတ်ဘူး..."

"ဒီတံခါးပေါ်က နတ်ဘုရား မှော်စာလုံးတွေရဲ့ ခုနစ်ဆယ် ရာခိုင်နှုန်းကို ငါ လေ့လာပြီးပြီ... ဒီအရာရဲ့ အဓိကတားမြစ်ချက်ကို မွေးရာပါ ဖရိုဖရဲ မူလအစ ပိုင်ဆိုင်ထားတဲ့သူကလွဲရင် ဘယ်သူမှ ထိတွေ့လို့ မရဘူး... အခုတံခါး ပွင့်သွားတာက အခွင့်အရေး ရောက်လာလို့ မဟုတ်ဘူး... မွေးရာပါ ဖရိုဖရဲ မူလအစကို ပိုင်ဆိုင်တဲ့သူ ရောက်လာလို့ပဲ... တကယ်လို့ တခြားသူတွေက အတင်းအကြပ် ဝင်ဖို့ ကြိုးစားရင် အဲ့ဒီအရာရဲ့ တန်ပြန်သက်ရောက်မှုက ဟင်းလင်းပြင်တာအိုနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ကိုတောင် ချက်ချင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်တယ်..."

သူမ၏အသံသည် တည်ငြိမ်ပြီး ကျယ်လောင်ခြင်းမရှိသော်လည်း စကားလုံးတိုင်းက ပီပြင်ရှင်းလင်းနေခဲ့သည်။

ဤစကားများကို ကြားချိန်၌ ကျန်းချီလီသည် သူ့ကို ဝန်းရံထားသော လောင်ကျွမ်းနေသည့် နေမင်းပုံရိပ်ယောင်ကို အနည်းငယ် လျှော့ချလိုက်ပြီး နက်ရှိုင်းသည့် လေသံဖြင့် မေးလိုက်သည်။

"နတ်မိမယ်လော့ပြောတဲ့ စကားတွေရဲ့ အဓိပ္ပာယ်က ဒီတံခါးက လူတစ်ယောက်ကြောင့် ပွင့်သွားတာလို့ ပြောချင်တာလား... အဲ့ဒါက ဘယ်သူဖြစ်နိုင်လဲ..."

ရွှမ်ယွမ်ဖို၏မျက်လုံးများ အနည်းငယ် လင်းလက်သွားပြီး ပြောလိုက်သည်။

"ဖန်ရွှမ်ရဲ့ခန္ဓာကိုယ်ထဲမှာ အရမ်းဖျော့တော့ပေမဲ့ အရမ်းသန့်စင်တဲ့ ဖရိုဖရဲစွမ်းအား အစအနလေး တစ်ခု ရှိနေတာကို ငါ တစ်ချိန်က အာရုံခံမိဖူးတယ်... သူက ဒီတံခါးရဲ့ လှိုင်းဂယက်ကို လှုံ့ဆော်နိုင်ခဲ့တာက တိုက်ဆိုင်မှု မဟုတ်ဘူး..."

"ဖရိုဖရဲ အရှိန်အဝါ..."

ဝမ်တန်က မျက်ခုံးပင့်လိုက်ပြီး သူ၏ အထင်သေးမှုကို ပြသလိုက်၏။

"အလယ်ကောင်းကင်နယ်မြေရဲ့ ဥပဒေသတွေက မပြည့်စုံဘူး... ပြီးတော့ သူ့ရဲ့တာအိုကလည်း အပိုင်းအစတွေ ဖြစ်နေတယ်... သူက ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ ဖရိုဖရဲ အရာတွေကို မွေးဖွားပေးနိုင်မှာလဲ... အလွန်ဆုံးအနေနဲ့ ဖရိုဖရဲတာအို ရဲ့ အစအနတချို့ပဲ ဖြစ်လိမ့်မယ်..."

လော့ကျဲ့ရှန်းက ခေါင်းအနည်းငယ် ခါယမ်းပြီး အတည်ပြုလိုက်သည်...

"ငါလည်း အဲ့ဒီအရှိန်အဝါကို အာရုံခံမိတယ်... ​ဒါက လေထဲက ဖယောင်းတိုင်လေးလို ဖျော့တော့နေပေမဲ့ အဲ့ဒီအရာရဲ့အနှစ်သာရက အရမ်းမြင့်မြတ်လွန်းတယ်.... အဲ့ဒါက သံသယဖြစ်စရာ မလိုဘဲ မွေးရာပါ ဖရိုဖရဲ စွမ်းအားပဲ..."

ဤစကားများကို ကြားသောအခါ ပါရမီရှင်တချို့၏မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားသည်။

တခြားအချိန်များတွင်သာဆိုလျှင် သူသည် မွေးရာပါ ဖရိုဖရဲ စွမ်းအင်ကို နားလည်သဘောပေါက်သွားခြင်းမှာ သူတို့အတွက် ကြီးကြီးမားမား ပြဿနာတစ်ခု ဖြစ်လာမည် မဟုတ်ချေ။ သို့သော် ပြဿနာမှာ ယခုချိန်၌ အခြေအနေများ မတူတော့ခြင်းပင်။ ကောင်းကင်ဂိတ်တံခါး ဆယ့်ခြောက်ခုထဲမှ အမြင့်ဆုံး ဂိတ်တံခါးသည် ဖရိုဖရဲတာအိုနှင့် သက်ဆိုင်နေလေ၏။

"ဟင်..."

ကျန်းချီလီသည် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် အာရုံခံမိသွားပြီး သူ၏အကြည့်က ပတ်ဝန်းကျင်သို့ ဝေ့ဝိုက်သွားကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"ဘုန်းတော်ကြီး ပုယွီ ဘယ်ရောက်သွားတာလဲ..."

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်တည်းနီးပါးမှာပင်...

ထာဝရဆောင်းရာသီ တားမြစ်နယ်မြေ၏ အစွန်အဖျားရှိ အဝင်ဝတွင်....

ဤနေရာ၌ လေနှင့်နှင်းများသည် တိတ်ဆိတ်ပြီး ငြိမ်သက်နေပုံရသည်။

"အော် မီ တော ဖော..."

အကန့်အသတ်မဲ့ ဗုဒ္ဓအရှိန်အဝါများ ပါဝင်နေသည့် ငြိမ်းချမ်းသော ဗုဒ္ဓရွတ်ဆိုသံတစ်သံသည် လူအများ၏စိတ်နှလုံးသားထဲရှိ အညစ်အကြေး များအားလုံးကို သန့်စင်ပေးလိုက်သည့်အလားပင်။

ဤသည်မှာ နှစ်သုံးရာအတွင်း ဘုန်းတော်ကြီး ပုယွီ ပထမဆုံးအကြိမ် စကားပြောခြင်းဖြစ်သည်။

သူ၏အသံသည် နူးညံ့ညင်သာသော်လည်း ကယ်တင်ခြင်း စွမ်းအားတစ်ခုကို သယ်ဆောင်ထားပြီး ပတ်ဝန်းကျင်ရှိ လေနှင့် နှင်းများသည် ဖျော့တော့သည့် ရွှေရောင်ဗုဒ္ဓအရှိန်အဝါတစ်ခုဖြင့် ဆေးဆိုးထားသည့်အလားပင်။

သူသည် သူ၏လက်များကို ပူးဆုပ်လိုက်ပြီး သူ၏ ကြည်လင်ကာ ရှေးကျသော မျက်လုံးများက မလှမ်းမကမ်းတွင် မည်သည့်နေရာမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည့် အစိမ်းရောင်ဝတ်ရုံဝတ် လူငယ်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

"ဒကာလေးရဲ့ သက်စောင့်စွမ်းအားက ဒီဘုန်းတော်ကြီး တစ်သက်လုံး မြင်ဖူးသမျှလူတွေထဲမှာ ပြိုင်ဘက်ကင်းပဲ... ဒကာလေး လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်က အရင်က မရှိခဲ့ဖူးသလို ခန့်မှန်းလို့လည်း မရနိုင်ဘူး..."

"ဒီနိမ့်ကျတဲ့ ဘုန်းတော်ကြီးက အတင့်ရဲပြီး မေးပါရစေ... ဒကာလေးက ငါတို့ရဲ့ ဗုဒ္ဓအသိုင်းအဝိုင်းထဲကို ဝင်ဖို့ ဆန္ဒရှိလား..."

သူ၏မျက်နှာချင်းဆိုင်တွင်မူ....

စူးချန်ကဲသည် အနည်းငယ် ရပ်တန့်သွားပြီး သူ၏လမ်းကို ရုတ်တရက် ပိတ်ရပ်လိုက်သော ဘုန်းတော်ကြီးငယ်လေးကို အံ့အားသင့်စွာ မော့ကြည့်လိုက်ကာ ဝေ့ရွှမ်ကို မမေးဘဲ မနေနိုင်ခဲ့ချေ။

"မင်းရဲ့မိတ်ဆွေလား..."

တခြားလူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာမှုကို သူ လုံးဝသတိမထားမိခဲ့သည့်အတွက် သူ အနည်းငယ် အံ့အားသင့်သွားသည်။

ဤသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

"ဘုန်းတော်ကြီး ပုယွီ..."

ဝေ့ရွှမ်သည် သူ့ရှေ့ရှိ ဘုန်းတော်ကြီးကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း...

မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း...

ဘုန်းတော်ကြီးပုယွီသည် စကားပြောဆိုလိုက်သလော...

သူ ပြောဆိုသည့် ပထမဆုံးစကားမှာ သခင်လေး စူးကို ဗုဒ္ဓအသိုင်းအဝိုင်းထဲသို့ ဝင်စေလိုခြင်း ဖြစ်သလော...

ဤသည်မှာ အလွန်အမင်း ရယ်ရွှင်ဖွယ် ကောင်းနေလေပြီ။

သို့သော် နောက်တစ်စက္ကန့်တွင်...

ယခင်ထက်ပို၍ အသက်ရှူမှားလောက်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာတော့သည်။

ဂိတ်တံခါးများအားလုံး၏ အထက်တွင် မြင့်မားစွာ တည်ရှိပြီး ဖန်တီးခြင်း၏အရှိန်အဝါများကို ထုတ်လွှတ်နေသော ဖရိုဖရဲ ဧရာမဂိတ်တံခါးကြီးအတွင်း၌ လှိုင်းထနေသည့် အကန့်အသတ်မဲ့ ဖရိုဖရဲအလင်းရောင်သမုဒ္ဒရာ ရုတ်တရက် ပြင်းထန်စွာ ကျဥ်းမြောင်းသွားသည်။

နောက်တခဏတွင်...

အလင်းလှေကားတစ်ခုသည် တံခါး၏အနက်ရှိုင်းဆုံးအပိုင်းမှ ပျံ့လွင့်လာပေ၏။

ထိုအရာသည် နတ်ဘုရားသက်တန့်တစ်စင်း မဟုတ်ဘဲ သမိုင်းမြစ်ရှည်ကြီး၏ အရင်းအမြစ် မှ ရေးဆွဲထားသော လမ်းကြောင်းတစ်ခုနှင့် ပို၍တူညီနေသည်။

ထိုအလင်းလှေကားကို ရှေးအကျဆုံး ဖရိုဖရဲ စွမ်းအားများဖြင့် ယက်လုပ်ထားသည့်အတွက် မယုံနိုင်လောက်အောင် ခိုင်မာလေ၏။ လှေကားထစ်တစ်ဆင့်စီတိုင်းသည် အသစ်ဖန်တီးထားသော ကမ္ဘာတစ်ခုကို သယ်ဆောင်ထားပုံရပြီး ထိုနေရာတွင် မြေ၊ ရေ၊ မီး နှင့် လေ တို့က အလှည့်ကျ မွေးဖွားပြီး သေဆုံးသွားကြသည်။ ဖရိုဖရဲမှော်စာလုံးများသည် လှေကားထစ်များ၏တစ်ဖက်တစ်ချက်စီတွင် ကြယ်များအလား မြုပ်နှံထားပြီး ထာဝရကာလ၏ စည်းချက်အတိုင်း မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်နေသည်။

ဤသည်မှာ ကောင်းကင်ကိုတက်လှမ်းသည့် ဖရိုဖရဲလှေကားပင်။

ထိုအရာသည် ဧရာမဂိတ်တံခါးကြီးအတွင်းမှ ဆန့်တန်းလာပြီး ဟင်းလင်းပြင် အကွာအဝေးကို လျစ်လျူရှုကာ ကျယ်ပြန့်သော အေးခဲနေသည့် ရေခဲပြင်ကို ချက်ချင်းဖြတ်ကျော်ပြီး စူးချန်ကဲ ၏ခြေထောက်အောက်သို့ တိုက်ရိုက်ရောက်လာခဲ့လေ၏။

လှေကား၏အဆုံးသတ်သည် စူးချန်ကဲ၏ရှေ့ သုံးပေအကွာ၌ တည်ငြိမ်စွာ ဆင်းသက်လာခဲ့ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သည့်အလား ပင်။

ထို့ထက်ပို၍ လူအများ၏စိတ်နှလုံးသားကို တုန်လှုပ်စေပြီး စိတ်ဆန္ဒကို ယိမ်းယိုင်သွားစေသည်မှာ...

ကောင်းကင်လှေကား၏ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုအရာ ဆန့်တန်းလာသည်နှင့်အမျှ မရေမတွက်နိုင်သော မှုန်ဝါးပြီး ရှေးကျသည့် ပုံရိပ်ယောင်များ အလိုအလျောက် ထွက်ပေါ်လာခြင်းပင်။

ဤပုံရိပ်ယောင်များသည် လူလည်းမဟုတ် သားရဲလည်းမဟုတ်ဘဲ သူတို့၏ ပုံစံများမှာ လျှို့ဝှက်ဆန်းကြယ်နေသည်။ ပုံရိပ်ယောင်တချို့သည် ကောင်းကင်ကို ထောက်မထားသည့် နတ်ဘုရားတောင်ကြီးတစ်လုံးအလား ကြီးကျယ်ခမ်းနားကြ၏။ တချို့သည် ကွေ့ကောက်နေသော ကြယ်စင်မြစ်တစ်ခုအလား ကျယ်ပြန့်ကာ တချို့ကမူ မဟာတာအို မှော်စာလုံးများကိုယ်တိုင်၏ သရုပ်သကန်ထင်ဟပ်မှုနှင့် တူညီနေသည်။

သူတို့အားလုံးသည် အင်မော်တယ်ခေတ်ထက်ပင် ပို၍ရှေးကျသော ခေတ်တစ်ခေတ်မှ လာသည့်အလား သူတို့ထံမှ အလွန်သီးသန့်ဆန်သည့် အရှိန်အဝါတစ်ခု ဖြာထွက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့၏အရှိန်အဝါ သက်သက်ဖြင့်ပင် တောင်များနှင့်မြစ်များကို ခြေမွှရန် လုံလောက်သော ထိုရှေးဟောင်းပုံရိပ်ယောင်များအားလုံးသည် ကောင်းကင် လှေကားပေါ် ခြေမချရသေးသည့် စူးချန်ကဲဘက်သို့ လှည့်ပြီး ယခင်က မရှိခဲ့ဖူးသော အပြုအမူတစ်ခုကို ပြုလုပ်လိုက်ကြ၏။

"ကျွန်တော်က ရိုသေလေးစားစွာ ဦးညွှတ်ပါတယ်..."

"ကျွန်တော်က အရှင့်ကိုမြင်ရတာ အံ့အားသင့်မှင်တက်မိပါတယ်..."

ဤှအသံများကို တိုးညှင်းစွာ ပြောဆိုလိုက်သော်လည်း မိုးကြိုးပစ်ခတ်သံထက်ပင် ပို၍ကျယ်လောင်နေသည်။

ထိုအရာသည် ကောင်းကင်တာအိုဥပဒေသများ၏ နက်ရှိုင်းသော နေရာတွင် ရေးထွင်းထားသည့် ရိုသေလေးစားမှုနှင့် အမိန့်နာခံမှုမျိုးပင်။

တစ်ချိန်တည်းမှာပင်...

"ဒေါင်..."

"ဒေါင်..."

"ဒေါင်..."

ကြီးကျယ်ခမ်းနာကာ အထီးကျန်ဆန်ပြီး အချိန်ကာလကို ကျော်လွန်နေသော မဟာတာအို ခေါင်းလောင်းသံသည် ဖရိုဖရဲဂိတ်တံခါး၏ အနက်ရှိုင်းဆုံးနေရာ၊ ကောင်းကင်လှေကား၏ လှေကားထစ်တိုင်းနှင့် ဟင်းလင်းပြင်၏ မရေမတွက်နိုင်သော လမ်းကြောင်းများထံမှ သတိပေးချက်မရှိဘဲ ပဲ့တင်ထပ်သွားခဲ့သည်။

ဖရိုဖရဲ လှေကားက မင်းကို ဒီနေရာဆီ ခေါ်ဆောင်လာတာပဲ...

ထာဝရပုံရိပ်ယောင်တွေက မင်းကို ကြိုဆိုဖို့ ရိုရိုသေသေ ဦးညွှတ်ပါတယ်...

ခေါင်းလောင်းသံ မြည်လာပြီး ရှည်လျားသော ပဲ့ထပ်ထပ်သံက စူးချန်ကဲအတွက် လမ်းခင်းပေးနေသည်။

(Note...E siteမှာ ဒီအပိုင်းတွေမရှိလို့ တရုတ်က ရှာထည့်ထားတာပါ...ဒါကြောင့် subtitleတွေ ထည့်မပေးတော့ပါဘူး)

အခန်း ၂၀၀: ဖရိုဖရဲခန်းမဆောင်က အဲ့ဒီအရာရဲ့ သခင်ကိုပဲ စောင့်မျှော်နေတယ်...

ဤမကြုံစဖူး သဘာဝလွန်ဖြစ်စဉ်သုံးခုက တပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး ကမ္ဘာအသင်္ချေ၏ သမိုင်းမှတ်တမ်းများတွင် ရေးထွင်းရန် ထိုက်တန်သော လောကကြီးကို တုန်လှုပ်စေမည့် မြင်ကွင်းတစ်ခုအဖြစ် ရောယှက်သွားသည်။

ဤအချိန်အခိုက်အတန့်တွင် အချိန်သည် ခေါင်းလောင်းသံကြောင့် အေးခဲသွားပုံရပြီး ဟင်းလင်းပြင်မှာ ထိုလှေကားကြောင့် ဖိနှိပ်ခံလိုက်ရပုံရသည်။

စက်ဝိုင်းပုံတောင်ကြား၏ အတွင်းနှင့်အပြင်၌ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ ရှိနေသည်။ သူတို့သည် အင်မော်တယ် ရှေးရိုးစွဲဂိုဏ်းများမှ သူတော်စင်များ၊ လျှို့ဝှက် ရှေးဟောင်း နယ်မြေများမှ မျိုးဆက်များ သို့မဟုတ် မောက်မာပြီး ဂုဏ်ယူဝင့်ကြွားသော ပြိုင်ဘက်ကင်း ပါရမီရှင်များပင်။ ဤအချိန်အခိုက်အတန့်တွင် လူတိုင်း၏အမူအရာများ တစ်ချိန်တည်းမှာပင် လုံးဝအေးခဲတောင့်တင်းသွားခဲ့သည်။

"ဒီအရာက ဘာလဲ..."

"တံခါးကို ခေါက်နေတာလား..."

"ဒါပေမဲ့ သူ ဘာမှ မလုပ်ခဲ့ဘူးလေ..."

"သူက ဒီလိုမျိုး ခေါက်လို့ ရတာလား..."

ကွင်းပြင်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်စွာ ရှိနေခဲ့သည်။

ကောင်းကင်မှမြေကြီးသို့ ဆန့်တန်းနေသော ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်း လှေကားက တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေသည်။ ထာဝရပုံရိပ်ယောင်များ၏ ဦးညွှတ်အရိုအသေပြုနေသော ကိုယ်ဟန်အနေအထားပင်လျှင် အေးခဲတောင့်တင်းသွားပေ၏။ မဟာတာအိုခေါင်းလောင်း၏ မြည်သံသာလျှင် စကြဝဠာ တလျှောက် အကြိမ်ကြိမ် ပဲ့တင်ထပ်ကာ အတိတ် ပစ္စုပ္ပန်နှင့်အနာဂတ်မှ မျက်မြင်သက်သေများ အားလုံး၏ စိတ်ကို လှုပ်ခတ်သွားစေသည်။

ဤအရာကို အခွင့်အရေး တစ်ခုဟု ဖော်ပြ၍ မရနိုင်တော့ချေ။ ထို့ထက်ပို၍ တိကျစွာ ပြောဆိုရလျှင် ဤသည်က သရဖူဆောင်းခြင်း အခမ်းအနားနှင့် အနည်းငယ် တူညီနေသည်။

တားမြစ်နယ်မြေ၏အဝင်ဝတွင်...

ဘုန်းတော်ကြီးပုယွိ၏ ကြည်လင်သော မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့ရာတွင် သူ နောက်တစ်ကြိမ် စကားမပြောနိုင်မီမှာပင် စူးချန်ကဲသည် ခေါင်းအနည်းငယ် မော့ထားပြီးဖြစ်သည်။ သူ၏ အကြည့်က ဘုန်းတော်ကြီးကို ကျော်ဖြတ်ကာ ကောင်းကင်၏အဆုံးမှ ပျံ့နှံ့လာသော ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်းလှေကား၊ ထာဝရ ပုံရိပ်ယောင်များနှင့် မြည်ဟီးနေသော မဟာတာအိုခေါင်းလောင်းဆီသို့ ကျရောက်သွားသည်။

စူးချန်ကဲ၏မျက်လုံးများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်တစ်ရပ် လင်းလက်သွားပြီးနောက် နက်ရှိုင်းသော တည်ငြိမ်မှုသို့ ပြန်လည်ရောက်ရှိသွားသည်။

"အဲ့ဒါက မွေးရာပါ ဖရိုဖရဲနှလုံးသားကြောင့်လား..."

စူးချန်ကဲ၏ခန္ဓာကိုယ်အတွင်းရှိ ကြာမြင့်စွာ အိပ်မောကျနေသော မွေးရာပါ ဖရိုဖရဲ နှလုံးသားက ရှင်းလင်းသော ပဲ့တင်ထပ်မှု တစ်ခုကို ထုတ်လွှတ်လိုက်သည်နှင့်အမျှ သူ၏ အတွေးများ ယောက်ယပ်ခတ်နေသည်။

ဤ သဘာဝလွန်ဖြစ်စဉ်များအားလုံး၏ အရင်းအမြစ်မှာ သူ၏နှလုံးသားနေရာတွင် ရှိနေလေ၏။

တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ..

ထုံထိုင်းသွားသည်အထိ အံ့အားသင့်နေသော အကြည့်ပေါင်းများစွာ၏ အာရုံစိုက်မှုအောက်တွင် စူးချန်ကဲသည် ရှေ့သို့ခြေတစ်လှမ်း ဖြည်းညှင်းစွာ လှမ်းလိုက်သည်။

သူသည် သူ့အတွက် ဆင်းသက်လာခဲ့သော ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်း လှေကားပေါ်သို့ ခြေချလိုက်သည်။

"ဝုန်း..."

သူ၏ခြေထောက် ကျဆင်းသွားသည့် အချိန်အခိုက်အတန့်တွင် ထိုအရာမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မိသံမဟုတ်ဘဲ တာအိုတစ်သောင်း၏ အဆစ်များကို နင်းလိုက်သည့်အလား မဟာတာအို၏ ကြီးကျယ်ခမ်းနားသောအသံပင်။

လှေကား၏တစ်ဖက်တစ်ချက်တွင် ဦးညွှတ်အရိုအသေနေသော ထာဝရပုံရိပ်ယောင်များသည် ပို၍ပင် ရိုသေလေးစားလာကြ၏။ သူတို့ ထုတ်လွှတ်လိုက်သော ရှေးဟောင်း အရှိန်အဝါသည် အမှန်တကယ်ကို အသန့်စင်ဆုံး ဖရိုဖရဲ မူလအစ တာအိုစည်းချက် အမျှင်တန်းများအဖြစ် ပြောင်းလဲသွားပေ၏။ ထိုအရာများသည် မြစ်တစ်ရာ ပင်လယ်သို့စီးဝင်သည့်အလား စူးချန်ကဲဆီသို့ ပေါင်း​စည်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တိတ်ဆိတ်စွာ စွမ်းအားဖြည့်တင်းပေးနေသည်။

ခြေတစ်လှမ်း..ခြေနှစ်လှမ်း...ခြေသုံးလှမ်း...

သူသည် မြန်မြန်လျှောက်လှမ်းခဲ့ခြင်းမရှိဘဲ အလွန်တည်ငြိမ်နေသည်။

ဖရိုဖရဲအလင်းကွင်းနှင့် မရေမတွက်နိုင်သော ရှေးဟောင်း ပုံရိပ်ယောင်များ၏ စောင့်ရှောက်မှုဖြင့် အစိမ်းရောင်ဝတ်ရုံဝတ် ပုံရိပ်သည် အမြင့်မြတ်ဆုံး ဂိတ်တံခါးဆီသို့ ဦးတည်နေသော လှေကားတလျှောက် အေးအေးလူလူ တက်လှမ်းသွားသည်။

သူ၏ကျောပြင်သည် မတ်မတ်ဖြစ်နေပြီး အတိတ် ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ဆက်သွယ်ပေးသော လမ်းကြောင်းတစ်ခုပေါ်တွင် သူတစ်ယောက်တည်း လမ်းလျှောက်နေသည့်အလားပင်။ သူသည် ပို၍ပို၍မြင့်မားစွာ ရွေ့လျားသွားပြီး နောက်ဆုံးတွင် အကန့်အသတ်မဲ့ ဖရိုဖရဲ အလင်းပင်လယ်၏ အရှိန်အဝါများကြားတွင် အလိုအလျောက် ပွင့်သွားသော ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးထဲသို့ ဖြည်းညှင်းစွာ တိုးဝင်ပျောက်ကွယ်သွားသည်။

"ဘုန်း..."

သူ၏ပုံရိပ် အပြည့်အဝ ဝင်ရောက်သွားသည့် အချိန်အခိုက်အတန့်တွင် ဧရာမဂိတ်တံခါးကြီးသည် လှောင်ပိတ်သွားသော ရှေးဟောင်းနတ်ဘုရားတောင်တစ်လုံးအလား ခပ်အုပ်အုပ်အသံတစ်သံကို ထုတ်လွှတ်လိုက်၏။ ထို့နောက် ကောင်းကင်နှင့်မြေကြီးကို လင်းထိန်စေသော ဖရိုဖရဲအလင်းတန်းများ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။ ပေါက်ကွဲထွက်လာသော အရှိန်အဝါများ ဖြည်းညှင်းစွာ လျော့ကျသွားကာ လောကကြီးကို တုန်လှုပ်စေမည့် ဖရိုဖရဲကောင်းကင်တက်လှမ်းခြင်းလှေကားပင်လျှင် ပုံရိပ်ယောင်တစ်ခုအလား ပျောက်ကွယ်သွားသည်။

တံခါးပေါ်ရှိ ရှေးဟောင်းနတ်ဘုရားပုံစံများသာလျှင် ယခင်ကထက် အရောင်အနည်းငယ် ပို၍တောက်ပနေပြီး တိတ်ဆိတ်စွာ တည်ရှိနေသည်။ ဂိတ်တံခါးသည် အနည်းငယ် ခပ်ဟဟလေး ပွင့်နေသော်လည်း မည်သည့် အရှိန်အဝါမျှ ထွက်မလာတော့ချေ။

တိတ်ဆိတ်ခြင်း...

အကြွင်းမဲ့ တိတ်ဆိတ်မှုက အသက်သုံးရှိုက်စာ အချိန်အထိ ကြာမြင့်ခဲ့သည်။

ထို့နောက် ကမ္ဘာအသင်္ချေမှ ပါရမီရှင် ထောင်ပေါင်းများစွာက ရူးသွပ်စွာ စတင်၍ ဆွေးနွေးကြတော့သည်။

"အစိမ်းရောင်ဝတ်ရုံ ဝတ်ထားတဲ့ အဲ့ဒီလူက ဘယ်သူလဲ... ကောင်းကင်ဘုံတွေအားလုံးရဲ့ လူငယ် အမြင့်မြတ်ဆုံး အဆင့်သတ်မှတ်ချက် မှာ အဲ့ဒီလို ပုံရိပ်မျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး..."

"ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်း လှေကားရဲ့ ကြိုဆိုမှုကို ခံရတယ်.... ထာဝရ ပုံရိပ်ယောင်တွေရဲ့ ဦးညွှတ်အရိုအသေပြုမှုကို ခံရတယ်... ဒါက ကြားတောင် မကြားဖူးဘူး... ရှေးဟောင်းခေတ်ကတည်းက ဒါမျိုးကို မမြင်ဖူးဘူး... သူက တကယ်တော့ ဘယ်သူလဲ..."

"သူက နတ်ဘုရားရင်းမြစ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ချိတ်ပိတ်ပြီး ဒီခေတ်ကာလမှ ချိုးဖျက်ပြီးထွက်ပေါ်လာခဲ့တဲ့ ရှေးဟောင်းမွန်းစတားတစ်ကောင်များလား... ဒါမှမဟုတ် အင်မော်တယ် ရှေးဟောင်းခေတ်က ကြီးမြတ်တဲ့ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ ပြန်လည်ဝင်စားခြင်း လား..."

"သူ့ရဲ့မျက်နှာကို သေသေချာချာ မြင်လိုက်တဲ့သူ ရှိလား... သူ့ရဲ့ အရှိန်အဝါကို အာရုံခံမိလား... သူက ဘယ်နယ်မြေကလဲ... ဘယ်ရှေးရိုးစွဲဂိုဏ်း ကလဲ..."

"အောက်ဘုံ... သူက အောက်ဘုံက လာတယ်လို့ အရင်က တစ်ယောက်ယောက် ပြောတာ ငါ ကြားလိုက်သလိုပဲ... အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဥပဒေသတွေ မပြည့်စုံတဲ့ အောက်ဘုံလို နေရာမျိုးက ဖရိုဖရဲ ခန်းမဆောင် ကနေ ဒီလိုသဘာဝလွန်ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေတဲ့ တည်ရှိမှု တစ်ခုကို ပြုစုပျိုးထောင်ပေးနိုင်တာလား..."

"အဲ့ဒီလူ ဖြစ်နိုင်မလား..."

"မဖြစ်နိုင်ဘူး... တကယ်လို့ အဲ့ဒါသာ သခင်စူးယွီ ဖြစ်မယ်ဆိုရင် သူ့ရဲ့အရှိန်အဝါက ဒီလိုမျိုး သေချာပေါက် ဖြစ်မှာ မဟုတ်ဘူး... ဒါ့ပြင် ကမ္ဘာအသင်္ချေမှာ သခင်စူးယွီကို မသိတဲ့သူ ဘယ်သူရှိလဲ... ဒီလူက အရမ်းစိမ်းနေတယ်..."

လူအများထံမှ အသံလှိုင်းများ လွှမ်းမိုးနေသည်။ ထိတ်လန့်တုန်လှုပ်မှု၊ သံသယ၊ မနာလိုမှု၊ ကြောက်ရွံ့ရိုသေမှု၊ ရူးသွပ်မှုစသည့် အမျိုးမျိုးသော စိတ်ခံစားမှုများ သူတို့ထံတွင် ရောယှက်နေပြီး ဤထာဝရ အေးခဲနေသောမြေကို လောင်ကျွမ်းလုနီးပါး ဖြစ်နေသည်။

အစိမ်းရောင်ဝတ်ရုံဝတ်ပုံရိပ်၏ မူရင်းဇစ်မြစ်ကို ခန့်မှန်းရန် ကြိုးစားရင်း မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများ ဝေ့ဝိုက်ကာ ရူးသွပ်စွာ ဖလှယ်နေကြ၏။

ဤအချိန်အခိုက်အတန့်တွင်...

တားမြစ်နယ်မြေ၏ အဝင်ဝတွင်...

ဝေ့ရွှမ်သည် တိုက်ရိုက်ကြောင်အမ်းသွားပြီး ကြောင်အမ်းအမ်း အမူအရာဖြင့် နေရာတွင် ရပ်နေကာ သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်သည်။

"ငါ တွေးထင်ထားတဲ့အတိုင်းပဲ...ကောလာဟလတွေအားလုံးက လိမ်ညာမှုတွေချည်းပဲ... ကောင်းကင်ဧကရာဇ်ရဲ့ တစ်ဦးတည်းသော သားက ဘယ်လိုလုပ်ပြီး သာမန် ဖြစ်နိုင်မှာလဲ... ဒါက သောက်ရမ်းမိုက်လွန်းတယ်..."

သူ၏နံဘေးရှိ ဘုန်းတော်ကြီးပုယွိက တွေးတောနေသော အမူအရာတစ်ခုကို ပြသလေသည်။ သူသည် ဧရာမဖရိုဖရဲဂိတ်တံခါးကြီးကို သူ၏ ဉာဏ်ပညာမျက်စိဖြင့် ကြည့်ကာ မည်သည့်စကားမျှမပြောဘဲ သူ၏လက်များကို တိတ်ဆိတ်စွာ လက်အုပ်ချီထားလိုက်သည်။

ကောင်းကင် ဂိတ်တံခါးများကို ခေါက်ဖွင့်ပြီး အင်မော်တယ်ချီကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း ပါရမီရှင် အနည်းငယ် အတွက်မူ သူတို့၏တုံ့ပြန်မှုများက ပို၍ပင် ကွဲပြားသည်။

ဝမ်တန်နှင့်ကျန်းချီလီတို့က စူးချန်ကဲ ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်း လှေကားပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြ၏။

သူတို့၏မျက်လုံးများထဲရှိ မူလက ထိတ်လန့်တုန်လှုပ်မှုများသည် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုခံစားချက်တစ်ခုဖြင့် လျှင်မြန်စွာ အစားထိုးခြင်းခံလိုက်ရသည်။

"အဲ့ဒါက အစ်ကိုစူးလား..."

ကျန်းချီလီက လျှို့ဝှက်နည်းစနစ်တစ်ခုမှတစ်ဆင့် အသံပေးပို့လိုက်ရာ သူ၏အသံ မယုံကြည်နိုင်မှုများဖြင့် တုန်ရီနေခဲ့သည်။

"သောက်ကျိုးနည်း....ဒီရုတ်ရုတ်သဲသဲဖြစ်မှုက... နည်းနည်းကြီးလွန်းမနေဘူးလား..."

"အစ်ကိုစူးက အဲ့ဒါကို ဘယ်လို လုပ်လိုက်တာလဲ..."

"ဒါက မဖြစ်သင့်ဘူး..."

ဝမ်တန်သည် ယခုလေးတင် ပိတ်သွားသော ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးကို စိုက်ကြည့်နေပြီး သူ၏နောက်ကျောတွင် ဆုပ်ကိုင်ထားသော လက်များ ဖြည်းညှင်းစွာ ပြေလျော့သွားသည်။

သူ၏နှုတ်ခမ်းထောင့် တွန့်ကွေးသွားပြီး သူ၏ ပုံမှန်မောက်မာမှုက စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ သူကလည်း ပြန်လည်၍ အသံပေးပို့လိုက်သည်။

"သူပဲ....အဲ့ဒါက အစ်ကိုစူးပဲ... သူ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ် အရှိန်အဝါကို ငါ မမှားနိုင်ဘူး... သောက်ကျိုးနည်း...သူက ငယ်ငယ်ကတည်းကအတိုင်းပဲ... စည်းမျဉ်းတွေနဲ့အညီ မကစားခဲ့ဘူး... ဒါက အရမ်းကောင်းတယ်...ငါတို့က သူ့အတွက် တံခါးတစ်ပေါက် ချန်ထားပေးဖို့ မလိုတော့ဘူး...အကြီးဆုံးနဲ့ ဖွင့်ဖို့ အခက်ဆုံး တံခါးကို သူ ကိုယ်တိုင်ဖွင့်ဖို့ ဆင့်ခေါ်လိုက်တာပဲ..."

သူတို့နှစ်ဦးလုံး၏နှလုံးသားများ လုံးလုံးလျားလျား ဗြောင်းဆန်နေသည်။

သူတို့သည် စူးချန်ကဲကို မှတ်မိကြ၏။ သို့သော် "ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်း လှေကားမှ ကြိုဆိုမှုနှင့် ထာဝရ ပုံရိပ်ယောင်များ ဦးညွှတ်အရိုအသေပြုခြင်း"တို့၏ မြင်ကွင်းက သူတို့၏ မျှော်လင့်ချက်များနှင့် စူးချန်ကဲနှင့် ပတ်သက်သည့် သူတို့၏ရင်းနှီးကျွမ်းဝင်မှုတို့ကို လုံးဝကျော်လွန်သွားသည်။

အကြောင်းအရင်းမှာ သူတို့သည် တစ်ယောက်၏ပါရမီကို တစ်ယောက်က ကောင်းမွန်စွာ နားလည်သောကြောင့်ပင်။

"ရှီး... မင်း ခုဏက အာရုံခံမိတယ် မဟုတ်လား... အစ်ကိုစူးရဲ့ကျင့်ကြံဆင့်နယ်ပယ်က..."

ကျန်းချီလီက လေအေးတစ်ချက် ရှူသွင်းပြီး နောက်တစ်ကြိမ် အသံပေးပို့လိုက်သည်။

"အင်း...ဒါက အရမ်းအစွမ်းထက်တယ် ငါ အဲ့ဒါကို လုံးဝထွင်းဖောက်မမြင်နိုင်ဘူး... ဒီနှစ်တွေအတွင်းမှာ အစ်ကိုစူးရဲ့ အပြောင်းအလဲတွေက အရမ်းကြီးမားခဲ့ပုံရတယ်..."

ဝမ်တန်က ပြန်ဖြေလိုက်ပြီး သူ၏ မျက်လုံးများတွင် ဝမ်းသာမှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် မလှမ်းမကမ်းတွင်..

လော့ကျဲ့ရှန်း၏နံဘေးပတ်လည်ရှိ ဝေဝါးသော တာအိုစည်းချက်များ အနည်းငယ် လှိုင်းထသွားသည်။ ကြယ်စင်၏ စီးဆင်းမှုကို ထင်ဟပ်နေပုံရသော သူမ၏လှပသည့် မျက်လုံးများက ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့လေ၏။ သူမ၏ အေးစက်ပြီး လှပသော မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုမှာ ဖြည်းညှင်းစွာ လျော့ကျသွားပြီး တည်ငြိမ်မှု အသိတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။

"ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်း လှေကား က သူ့အလိုလို ထွက်ပေါ်လာတယ်...မဟာတာအိုခေါင်းလောင်းက ကြိုဆိုတဲ့အနေနဲ့ မြည်ဟီးလာတယ်... ကြီးမားတဲ့ ကံကြမ္မာနဲ့ ကြီးမားတဲ့ မူလအစ ရှိတဲ့သူတွေကလွဲရင် တခြားဘယ်သူမှ ဒါကို မလုပ်နိုင်ဘူး..."

သူမက သူမ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။

သူမ၏မွေးရာပါ တာအိုသန္ဓေသားနှင့် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများ ကြားရှိ ပဲ့တင်ထပ်မှုက တခြားသူများ မသိမြင်နိုင်သော ပို၍သိမ်မွေ့သည့် တာအို စည်းချက်များကို ခံစားနိုင်စေခဲ့သည်။

"အဲ့ဒီ အစိမ်းရောင်ဝတ်ရုံဝတ်လူ... သူ့ရဲ့ အရှိန်အဝါက ကောင်းကင်နဲ့မြေကြီးရဲ့ ဖရိုဖရဲစွမ်းအားနဲ့ ဝိုးတဝါးလိုက်ဖက်ညီနေပြီးတော့ ပြီးပြည့်စုံစွာ ပေါင်းစပ်နေပေမဲ့ တွင်းနက်ကြီးတစ်ခုလို နက်ရှိုင်းပြီး မခန့်မှန်းနိုင်ဘူး...ဒါက ရှေးဟောင်း စာအုပ်တွေမှာ မှတ်တမ်းတင်ထားသလိုပဲ... ဖရိုဖရဲခန်းမဆောင်က သခင်ကိုပဲ စောင့်မျှော်နေတယ်... အဲ့ဒါက..."

သူမ၏မျက်လုံးများတွင်ပင် ခေတ်ကာလများကို တုန်လှုပ်သွားစေလောက်အောင် လုံလောက်သော အတွေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"အဲ့ဒါက မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်များ ဖြစ်နေမလား..."

ဤခန့်မှန်းချက်က သူမ၏ ပုံမှန်အားဖြင့် တည်ငြိမ်သော တာအို နှလုံးသားတွင် ယခင်က မရှိဖူးသော လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ ဤအရာသာ မှန်ကန်ပါက ဤခေတ်တွင် တာအိုရရှိရေးအတွက် ပါရမီရှင်များ၏ ရုန်းကန်မှုမှာ ဤလူတစ်ယောက် ထွက်ပေါ်လာမှုကြောင့် ပြန်လည်ရေးသားခြင်း ခံရနိုင်သည်။

သူမသည်လည်း သူမ၏ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့လေပြီ။

Book 20 end.

All Chapters