← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

Chapter 157+158

~

အခန်း ၁၅၇+၁၅၈

~

​အင်မော်တယ်များကို စိန်ခေါ်အနိုင်ယူမည်ဟု ကြုံးဝါးခဲ့သော၊ မာန်မာနထောင်လွှားခဲ့သော သိုင်းသူတော်စင်မှာ ကောင်းကင်ပြစ်ဒဏ် မိုးကြိုးအောက်တွင် ပြာအဖြစ်ပြောင်းလဲ၍ ပျောက်ကွယ်သွားလေပြီ ။ ပြာများနှင့်အတူ လေထဲတွင် သူ၏ မာန်မာနများမှာလည်း လွင့်စင်သွားရရှာပြီ။

​သိုင်းသမားတစ်ယောက်အတွက် ဤလောကတွင် အဆိုးဝါးဆုံးအရာမှာ အဘယ်နည်း ။

​သိုင်းလောကတွင် ပြိုင်ဘက်ကင်းသော သိုင်းသူတော်စင်မှ သူတို့ကို မျှော်လင့်ချက်အတုအယောင် ပေးခဲ့ပြီး ရုတ်တရက် သေဆုံးသွားခြင်းပင် ဖြစ်၏ ။ ထိုမျှော်လင့်ချက် ရောင်ခြည်တန်းမှာ ခဏချင်းမှာပင် ဘာမှမဟုတ်သော အရာအဖြစ် ပြောင်းလဲသွားခဲ့သည် ။ သိုင်းသမားများအတွက်မူ သိုင်းသူတော်စင်သည် ကောင်းကင်ယံကို ခဏတာ လင်းထိန်သွားစေသော အလွန်ထွန်းလင်းတောက်ပနေသည့် နေမင်းကြီးနှင့် တူလှပေသည် ။

​အကယ်၍ သူတို့သည် အလင်းရောင်ကို တစ်ခါမျှ မမြင်ဖူးခဲ့လျှင် မှောင်မိုက်မှုကို သည်းခံနိုင်ကောင်း သည်းခံနိုင်ကြပေလိမ့်မည် ။ သို့ရာတွင် သူတို့၏ နှလုံးသားထဲမှ တောက်ပသော နေမင်းကြီး ကြွေလွင့်သွားသောအခါ မြင့်မြတ်သော ရည်မှန်းချက်အားလုံးမှာလည်း ပျောက်ကွယ်သွားတော့သည် ။

​သိုင်းသူတော်စင်သည် ထူးခြားသော ပါရမီရှင်တစ်ဦးဖြစ်ပြီး သိုင်းလောက၏ တစ်ဝက်ခန့်ကို သုတ်သင်ကာ ခေါင်းဆောင်နေရာသို့ တက်လှမ်းခဲ့သူ ဖြစ်သည် ။ ယခင်မျိုးဆက်၏ အသန်မာဆုံးသော သိုင်းသမားများ စုစည်းထားသည့် အင်အားစုလည်း ဖြစ်၏ ။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် ဤမျှလွယ်ကူစွာ သေဆုံးသွားခဲ့ရပြီဆိုလျှင် သူတို့ကိုယ်တိုင် ကျင့်ကြံသူများကို မည်သို့ ခုခံနိုင်ပါတော့မည်နည်း ။ သူတို့၏ ဦးခေါင်းများကို အသုံးချ၍ တိုက်ခိုက်ကြရမည်လော ။

​" ဟားဟား.. နှစ်ပေါင်းငါးဆယ်လုံး သိုင်းပညာကို လေ့ကျင့်ခဲ့ပြီးမှ နောက်ဆုံးမှာ စိတ်ဝိညာဉ်သန့်စင်ခြင်း ကျင့်စဉ်ကို သိခဲ့ရတယ်.. အခုမှပဲ ငါဟာ အစကတည်းက လမ်းမှားကို လျှောက်နေခဲ့တာပါလားဆိုတာ သိလိုက်ရတော့တယ်.. "

​" ငါ ဒါကို လက်မခံနိုင်ဘူး.. ငါ့မှာသာ ဝိညာဉ်အမြစ် ရှိခဲ့ရင်.. ငါ့မှာသာ အင်မော်တယ်လမ်းစဉ်အတွက် ပါရမီ ရှိခဲ့ရင်.. ငါလည်း သေမျိုးတွေရဲ့ အမြင်မှာ နတ်တစ်ပါး ဖြစ်နေမှာပဲ .."

​ဝူကျိအသင်းမှ လုပ်ကြံသတ်ဖြတ်သူတစ်ဦးသည် ရူးသွပ်စွာ ရယ်မောလျက် ဓားကိုဝှေ့ယမ်းကာ ယုံဟဲဧကရာဇ်ထံသို့ ပြေးဝင်သွားတော့သည် ။ ကိုယ်ရံတော်ချူး၏ ကူညီမှုမပါဘဲ ယုံဟဲဧကရာဇ် ၏ ဘေးပတ်လည်ရှိ မမြင်ရသော မုန်တိုင်းစည်းတံတိုင်းကပင် ထိုသူ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းပြတ်တောက်သွားစေပြီး သွေးများနှင့် ခြေလက်အင်္ဂါများကို နေရာအနှံ့ ပျံ့လွင့်သွားစေခဲ့၏ ။

​စိတ်ဝိညာဉ်သန့်စင်ခြင်း အဆင့် ၃ ရှိသော သိုင်းသမားတစ်ဦးသည် သိုင်းသူတော်စင်ထက်ပင် ပို၍ လွယ်ကူစွာ သေဆုံးသွားခဲ့ရသည် ။

​အကြီးအကဲ ထျန်းရှင်းမှာမူ ယခုအချိန်တွင် ဤတောင်ပေါ်၌ မရှိတော့ချေ ။ သိုင်းသူတော်စင်ကို ရှင်းလင်းပြီးနောက် သူသည် ကောင်းကင်ယံပေါ်သို့ပြန်တက်သွားပြီး ထပ်မံလှုပ်ရှားခြင်း မရှိတော့ပေ ။ သိုင်းသူတော်စင်တစ်ဦးမှလွဲ၍ ကျန်ရှိသော သိုင်းသမားများမှာ အားနည်းလွန်းသဖြင့် တာအိုကျင့်ကြံသူချီယန်တို့ကဲ့သို့ လူများကပင် ကိုင်တွယ်နိုင်ပေသည် ။ ဤကဲ့သို့သော ကိစ္စအသေးအမွှားများကိုပင် အကြီးအကဲတစ်ဦးက ကိုယ်တိုင်ပါဝင်နေရမည်ဆိုပါက အင်မော်တယ်ဂိတ်မှ အစေခံများမှာ ဘာအသုံးကျတော့မည်နည်း ။

​သို့သော် သူချန်ထားခဲ့သော ကာကွယ်ရေးစွမ်းအင်မှာ အဆင့် ၃ သိုင်းသမားကို အကူအညီမဲ့သွားစေခဲ့သည်မှာ အမှန်ပင် ။

​" ဘာတွေ ကြောင်ကြည့်နေကြတာလဲ.. ဒီပုရွတ်ဆိတ်တွေကို အမြန် ရှင်းပစ်ကြစမ်း "

ချီယန်က သတိပြန်ဝင်လာပြီး အမိန့်ပေးလိုက်သည် ။

​ကျင့်ကြံသူများသည် သူတို့၏ မှော်ရတနာများနှင့် အဆောင်များကို တစ်ဖန်ပြန်လည် အသက်သွင်းလိုက်ကြရာ ရောင်စုံအလင်းတန်းများမှာ ကောင်းကင်သို့ ပျံတက်သွားတော့သည် ။

​" တိုက်ကြစမ်း .."

​ဝူကျိအသင်းမှ လုပ်ကြံသတ်ဖြတ်သူများ၏ မျက်လုံးများတွင်မူ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်နေ၏ ။ သိုင်းသူတော်စင် သေဆုံးသွားမှုကြောင့် သူတို့၏ စိတ်ဓာတ်မှာ များစွာ တုန်လှုပ်နေကြသည် ။ သူတို့သည် ဓားများကို ဆွဲထုတ်ကာ ဝေဝေဝါးဝါးဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကြပြီး မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကိုပင် မသိတော့ချေ ။

​ဝူကျိအသင်းသည် သိုင်းသူတော်စင်ကိုယ်တိုင် တည်ထောင်ခဲ့သော အဖွဲ့အစည်းဖြစ်၏ ။ အပေါ်ယံတွင် လောကတစ်ဝှမ်းရှိ သိုင်းပညာများကို စုဆောင်းကာ သိုင်းပညာ၏ အထွတ်အထိပ်သို့ ရောက်ရန် ရည်ရွယ်သော်လည်း လက်တွေ့တွင်မူ သိုင်းပညာဖြင့် အင်မော်တယ်လမ်းစဉ်ကို တန်ပြန်ရန် တည်ထောင်ခဲ့ခြင်း ဖြစ်သည် ။

​ယခုမူ သိုင်းသူတော်စင်မှာ အလွန်လွယ်ကူစွာ သေဆုံးသွားခဲ့ပြီဖြစ်ရာ သူတို့မှာ လမ်းပျောက်သွားကြရပြီး ကျင့်ကြံသူများ၏ လီမီးတောက်များနှင့် ဓားပျံများကို ရှောင်တိမ်းရန်သာ မိမိတို့၏ အသိစိတ်ဖြင့် ကြိုးစားနေကြတော့သည် ။ အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ပြီး အဖွဲ့အစည်း၏ ရည်မှန်းချက်မှာလည်း စိတ်ကူးယဉ်အိမ်မက်တစ်ခုသာ ဖြစ်ကြောင်း သက်သေပြပြီးဖြစ်ရာ သူတို့အနေဖြင့် ဘာများ ဆက်လုပ်နိုင်ပါဦးမည်နည်း ။

​သိုင်းသူတော်စင်၏ ဆန့်ကျင်ဘက်တွင် ရပ်တည်နေသော ယုံဟဲဧကရာဇ် ပင်လျှင် သူ၏နှလုံးသားထဲ၌ ဝမ်းနည်းမှုနှင့် အထီးကျန်မှုကို ခံစားလိုက်ရပေသည် ။ ထိုသိုင်းခေါင်းဆောင်၏ တည်ရှိမှုမှာ သာမန်လူသားတို့၏ အမြင့်ဆုံး အခြေအနေကို ကိုယ်စားပြုနေခြင်း ဖြစ်၏ ။

​ယခုမူ သူလည်း သေဆုံးသွားခဲ့ပြီဖြစ်ရာ.. ဤသည်မှာ သိုင်းသမားတို့၏ ခေတ်ကုန်ဆုံးသွားခြင်းနှင့် လောကတွင် သိုင်းပညာ မတည်ရှိတော့ခြင်းကို ဆိုလိုနေခြင်းလော ။

​ချောင်မူကမူ ဤမြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏ ။ သူသည် မသေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ရာ သေခြင်းတရားကို မကြောက်ပေ ။ ထို့ကြောင့် ဤကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် သူသည် တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်အားလုံးကို ကြည့်ရှုနားထောင်နိုင်ခြင်း ဖြစ်သည် ။

​ကောင်းကင်ပြစ်ဒဏ် မိုးကြိုးကျရောက်လာပြီး သိုင်းသူတော်စင် ပြာဖြစ်သွားသောအခါ မိုးကြိုးပစ်ပြီးနောက် ဖြစ်ပျက်သမျှကိုလည်း သူ မြင်တွေ့ခဲ့ရသည် ။ ခြေမသန်သော အဘိုးကြီးနှင့် လူအုပ်ကြီးက အောင်ပွဲခံနေကြသည်ကို သူမြင်ရ၏။ ဝူကျိအသင်းဝင်များ လမ်းပျောက်ကာ ဓားများကို ကိုင်ထားကြသည်ကို သူမြင်ရ၏။ အင်မော်တယ် ချီယန်က သူ၏ကျောကို ဆန့်ထုတ်လျက် အခြားကျင့်ကြံသူများကို ဝိုင်းရံရန် အမိန့်ပေးနေသည်ကိုလည်း သူမြင်ရ၏ ။ သိုင်းသူတော်စင်၏ သေဆုံးမှုမှာ တိုက်ပွဲ၏ ဦးတည်ချက်ကို ချက်ချင်းပင် ပြောင်းလဲသွားစေခဲ့သည်မှာ အမှန်ပင် ။

​" သိုင်းသူတော်စင် သေသွားပြီပဲ.. "

ချောင်မူက သက်ပြင်းချလိုက်မိ၏ ။

​သိုင်းသူတော်စင် ဤမျှလွယ်ကူစွာ သေဆုံးသွားလိမ့်မည်ဟု သူ မယုံကြည်နိုင်သော်လည်း ဤလောကရှိ အရာအားလုံးမှာ စိတ်တိုင်းကျ ဖြစ်မလာနိုင်ချေ ။

​" သိုင်းသူတော်စင်.. သြော်.. သိုင်းသူတော်စင်.. သူသေတာက ငါနဲ့ ဘာဆိုင်လို့လဲ.. ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း .."

​ချက်ချင်းဆိုသလိုပင် ချောင်မူ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြည့်နှက်သွားပြီး ယုံဟဲဧကရာဇ် ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည် ။

​" ဒိုင်း.. ဒိုင်း.. ဒိုင်း .."

​ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်းကို အသုံးပြုလိုက်သော ခဏ၌ သူ၏ရင်ဘတ်ထဲမှ ထူးဆန်းသော အသားစိုင်မှာ တုန်ခါသွားပြီး နွေးထွေးသော စွမ်းအားများမှာ သူ၏ သွေးကြောများထဲတွင် စီးဆင်းလာသည် ။ ထိုအခိုက်တွင် သူ၏အရှိန်မှာ သိသိသာသာ မြင့်တက်လာပြီး ခြေလှမ်းတိုင်းမှာ လေပြင်းများကို ဖန်တီးလျက် မြင်ကွင်းမှ ပျောက်ကွယ်လုမတတ် မြန်ဆန်လှပေသည် ။

​" နောက်ထပ် လုပ်ကြံသူတစ်ယောက်လား.. မြန်လိုက်တာ.. ဒါ ဘယ်အဆင့်လဲ.. "

ကိုယ်ရံတော်ချူး အံ့အားသင့်သွားသည် ။

​အဆင့် ၃ သိုင်းသမားဖြစ်သည့်အတွက် ချူးရှင်းသည် သိုင်းပညာ၏ ပထမအဆင့်သုံးဆင့်ကို ကျော်လွန်ထားပြီး ဖြစ်၏ ။ ခွန်အားပိုင်းတွင်မူ အဆင့် ၄ သိုင်းသမားနှင့် ကြီးကြီးမားမား ကွာခြားလိမ့်မည် မဟုတ်ချေ ။ အကြောင်းမှာ အဆင့် ၄ သည် သိုင်းသမားတို့အတွက် ခန္ဓာကိုယ်၏ အကန့်အသတ်ပင် ဖြစ်သောကြောင့် ဖြစ်သည် ။

​သို့သော် ယခုအခါ ချောင်မူ၏ ရုတ်တရက် မြင့်တက်လာသော အရှိန်မှာ ကိုယ်ရံတော်ချူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေချေပြီ ။ ၎င်းမှာ သူ၏ ကိုယ်ပိုင်စွမ်းအားကို ကျော်လွန်ရုံသာမက သိုင်းသူတော်စင်၏ စွမ်းအားများကိုပင် သွား၍ သတိရစေသည် ။ သို့သော် ချောင်မူ၏ အရှိန်မှာ ထိုမျှမြန်နေပါသော်လည်း ကိုယ်ရံတော်ချူး၏ အာရုံထဲတွင်မူ အချက်ပေးသံ ထွက်မလာခဲ့ချေ ။ ဧကရာဇ် ယုံဟဲဘေးရှိ လေမုန်တိုင်းစည်းတံတိုင်းကြောင့် ဖြစ်နိုင်ပါသလားဟု သူ တွေးနေမိသည် ။

​တာအိုကျင့်ကြံသူချီယန်မှာမူ အနည်းငယ်မျှသာ အံ့အားသင့်မိ၏ ။ လူသားတို့ကြားတွင် အသန်မာဆုံးဖြစ်သော သိုင်းသူတော်စင်ပင်လျှင် အမြစ်ပြတ်သွားခဲ့ပြီဖြစ်ရာ ကျန်ရှိနေသော ဝူကျိအသင်းဝင်များမှာ မည်သို့မျှ ဂယက်ထနိုင်တော့မည် မဟုတ်ဟု သူ ယူဆထားသည် ။

​မျက်စိတစ်မှိတ်အတွင်းမှာပင် အရှိန်ပြင်းစွာ ပြေးဝင်လာသော ချောင်မူသည် ဧကရာဇ် ယုံဟဲကို ကျော်ဖြတ်သွားပြီး ဘုရားကျောင်းအတွင်းသို့ ပြေးဝင်သွားတော့သည် ။ အကြီးအကဲ ထျန်းရှင်း၏ လေမုန်တိုင်းစည်းကို မိုးကြိုးဒဏ်သင့်သွားသော သိုင်းသူတော်စင်ပင်လျှင် မချိုးဖျက်နိုင်ခဲ့ပါက သူလည်း မည်သို့မျှ ချိုးဖျက်နိုင်မည် မဟုတ်ချေ ။ ထို့ကြောင့် သူသည် ဧကရာဇ်ကို လုပ်ကြံမည့် အစီအစဉ်ကို ပြတ်သားစွာ စွန့်လွှတ်လိုက်ပြီး ချင်းယွင်ကျောင်းတော် ခန်းမကြီးအတွင်းသို့သာ တည့်တည့် ဝင်သွားလိုက်တော့သည် ။

​ကောင်းကင်ယံမှ တိမ်တိုက်မျက်နှာကြီး ပျောက်ကွယ်သွားပြီးနောက် ခန်းမအတွင်းရှိ အင်မော်တယ်ရုပ်တုမှာ အလင်းရောင် အနည်းငယ် မှိန်သွားသည်ကို ချောင်မူ သတိထားမိလိုက်သည် ။ အခြားသူများမှာ သိုင်းသူတော်စင် သေဆုံးမှုကြောင့် တုန်လှုပ်နေစဉ်တွင် အရာအားလုံးကို စောင့်ကြည့်နေသော ချောင်မူမှာမူ ဤမြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်၏ ။

​ထို့ကြောင့် သူ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည် ။

​အခြေအနေမှာ ဤသို့ဖြစ်နေပြီဖြစ်ရာ အကြီးအကဲ ထျန်းရှင်းရှိနေသော ဤနေရာတွင် ဧကရာဇ် ယုံဟဲကို လုပ်ကြံရန်မှာ မဖြစ်နိုင်သော အစီအစဉ်ပင် ။ ထို့ကြောင့် သူ လုပ်နိုင်သည်မှာ အခြားသော ကိစ္စများအပေါ် အာရုံစိုက်ရန်သာ ဖြစ်ပေသည် ။

​ယခုအချိန်တွင် ချောင်မူ၏ တစ်ကိုယ်လုံးမှာ ထူးဆန်းသော အလင်းတန်းများဖြင့် ဖုံးလွှမ်းနေပြီး အတွင်းအားများမှာလည်း ဆူပွက်လျက် ရှိနေသည် ။ သူ၏ ရင်ဘတ်ထဲမှ အသားစိုင်မှာ ရုတ်တရက် ပူနွေးလာပြီး တစ်ကိုယ်လုံးသို့ စွမ်းအားများ စီးဆင်းစေသည် ။

​' ဝူချီကျန်းရဲ့ အသားစိုင်က တကယ်ကို ထူးခြားတာပဲ.. ငါ ဒီလောက် မသန်မာပါဘူး.. ဒါပေမဲ့ အခုတော့ အဲ့ဒါတွေကို စဉ်းစားနေဖို့ အချိန်မရှိဘူး ..'

​သူက ဒေါသတကြီးဖြင့် စင်မြင့်ထက်ရှိ အလင်းရောင်မှိန်နေသော ထျန်းရှင်းအင်မော်တယ် ရုပ်တုကို ကန်လိုက်တော့သည် ။ ထိုသို့ ကန်လိုက်သောအခါ ချောင်မူသည် သူ၏ အတွင်းအားများနှင့် သွေးများ အားလုံးမှာ ခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှ အသားစိုင်မှာလည်း လျင်မြန်စွာပင် ကျုံ့သွားတော့သည် ။

​သူ၏ တစ်ကိုယ်လုံးမှာ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလျက် ခန်းမကြီးကို ဖြတ်သန်းသွားပြီး မှိန်ပျပျ တောက်ပနေသော ထျန်းရှင်းအင်မော်တယ်ရုပ်တုကို အရှိန်ပြင်းစွာ ကန်လိုက်တော့သည် ။

​" ငါတို့ဟာ လွတ်လပ်စွာ မွေးဖွားလာတာ.. ဘယ်သူကများ ငါတို့အပေါ်မှာ မြင့်မြတ်ချင်နေတာလဲ.. "

​ခန်းမအတွင်း ဟိန်းထွက်လာသော အသံကြီးနှင့်အတူ သူသည် ကောင်းကင်မှ ကျဆင်းလာကာ စင်မြင့်ထက်တွင် တိုက်ရိုက် ရပ်တန့်လိုက်သည် ။ ထို့နောက် သူ၏ ဓားကို ဆွဲထုတ်လျက် ခေါင်းဆောင်ဖြစ်သော ရွှမ်ထျန်းအင်မော်တယ် ရုပ်တုကို အစွမ်းကုန် ခုတ်ပစ်လိုက်တော့သည် ။

​ကျယ်လောင်သော အသံကြီးနှင့်အတူ သူ၏ ဓားမှာ အပိုင်းပိုင်း ပြတ်တောက်သွားသော်လည်း ထွက်ပေါ်လာသော ဓားအလင်းတန်းမှာ ရွှမ်ထျန်းအင်မော်တယ် ရုပ်တုပေါ်တွင် ရှည်လျားသော အက်ကြောင်းကြီး တစ်ခုကို ထားရစ်ခဲ့သည် ။

​ထိုရုပ်တုနှစ်ခုမှလွဲ၍ ကျန်ရှိသော ရုပ်တုများကိုမူ မသိရသော စွမ်းအားတစ်ခုက ကာကွယ်ထားသဖြင့် ချောင်မူ မည်မျှပင် ကြိုးစားစေကာမူ မချိုးဖျက်နိုင်ခဲ့ချေ ။ တိုက်ခိုက်မှု၏ တန်ပြန်သက်ရောက်မှုကြောင့် ချောင်မူ၏ ခန္ဓာကိုယ်မှ သွေးများ စီးကျလာပြီး ရင်ဘတ်ထဲမှ အသားစိုင်မှာလည်း အံ့အားသင့်ဖွယ် အရှိန်ဖြင့် အရည်ပျော်သွားတော့သည် ။ သူ၏ တစ်ကိုယ်လုံးရှိ ဆူပွက်နေသော အရှိန်အဝါမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည် ။

​သူ၏ နောက်ကွယ်တွင်မူ အကြီးအကဲ ထျန်းရှင်း၏ ရုပ်တုကြီးမှာ ကြီးမားသော ခွန်အားကြောင့် အပိုင်းပိုင်း ကွဲအက်လျက် မြေပြင်ပေါ်သို့ ပြိုကျသွားတော့သည် ။ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရုပ်တုကြီး ပြိုကျသံကိုသာ ကြားနေရသည် ။

​ခန်းမရှေ့ရှိ ယုံဟဲဧကရာဇ်မှာလည်း ကြောင်အမ်းကာ ကြည့်နေမိပြီး ကြောက်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ ။ ဤလူမှာ မည်သို့မျှ ရဲဝံ့နိုင်လှသနည်း ။ သိုင်းသူတော်စင်သည် သူတို့၏ရှေ့တွင်ပင် သေဆုံးသွားသည်ကို မြင်လိုက်ရပါလျက်နှင့် သူသည် ရွှမ်ထျန်းဂိုဏ်း ကျင့်ကြံသူများရှေ့တွင် ရုပ်တုများကို ဖျက်ဆီးဝံ့သည်မှာ အံ့ဩစရာပင် ။

​ဓားပျံကို စီး၍ ရောက်ရှိလာသော ချီယန်၏ မျက်နှာမှာလည်း တဆတ်ဆတ် တုန်ရီနေပြီး ကျောထဲတွင် စိမ့်တက်သွားသည် ။

​'သွားပြီ.. အကြီးအကဲ ထျန်းရှင်းရဲ့ ရုပ်တုကြီး.. '

​' ဒီသိုင်းသမားက ဧကရာဇ် ယုံဟဲရဲ့ ပူဇော်ပွဲကို တမင်တကာ နှောင့်ယှက်တာလား.. ငါတို့ရွှမ်ထျန်းဂိုဏ်းရဲ့ ကောင်းမှုတွေကို ဖျက်ဆီးနေတာလား.. '

ထိုအတွေးမှာ သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်လာသည် ။

​ထိုအခိုက်တွင် ခန်းမကြီးတစ်ခုလုံး၏ လေထုမှာ ရုတ်တရက် တင်းမာလာတော့သည် ။ မည်သူမျှ မလှုပ်ရှားကြသော်လည်း မမြင်ရသော အန္တရာယ် အငွေ့အသက်များကြောင့် ယုံဟဲဧကရာဇ် နှင့် အခြားသူများမှာ အသက်ရှူပင် ကျပ်လာကြရ၏ ။

​တိတ်ဆိတ်စွာပင် ခန်းမအတွင်းရှိ နေရာအနှံ့မှ အင်မော်တယ် ရုပ်တုများမှာ သိသိသာသာ ပြောင်းလဲလာတော့သည် ။ ရုပ်တုများ၏ မူလ ဂရုဏာသက်ဟန်နှင့် သနားညှာတာဟန်များမှာ အေးစက်ခက်ထန်ပြီး မထီမဲ့မြင်ပြုသော အမူအရာများအဖြစ် ပြောင်းလဲသွားကာ မျက်လုံးများမှာလည်း အရပ်ရပ်မှ ချောင်မူကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည် ။

​အကယ်၍ ရွှမ်ထျန်းဂိုဏ်း ကျင့်ကြံသူများ၏ ကြိုးကိုင်မှုအောက်တွင် ဘုရားဖူး တစ်ထောင်၏ အကြည့်နှင့် ဟစ်အော်သံများကို ရင်ဆိုင်ခဲ့ရသော ယုံဟဲဧကရာဇ် သည် ပြိုကျလာသော တောင်ကြီးပမာ ဖိအားကို ခံစားခဲ့ရလျှင် ယခု စင်မြင့်ထက်တွင် မားမားမတ်မတ် ရပ်နေသော ချောင်မူကို ရွှမ်ထျန်းဂိုဏ်းမှ အင်မော်တယ် တစ်ရာခန့်က စိုက်ကြည့်နေသော ဖိအားမှာမူ နှိုင်းယှဉ်၍ပင် မရနိုင်တော့ချေ ။

​" လူသားတစ်ယောက်ဖြစ်လျက် နတ်ဘုရားတွေကို မရိုမသေလုပ်ပြီး အင်မော်တယ်တွေကို စော်ကားတာဟာ ကြီးမားတဲ့ ပြစ်မှုပဲ... "

ထူးဆန်းသော အသံကြီးမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိဘဲ ခန်းမအတွင်း ဟိန်းထွက်လာ၏ ။

​" သူဟာ မိုးကြိုးငါးသွယ် ပြစ်ဒဏ်ကို ခံရမယ်.. ရုပ်ခန္ဓာနဲ့ ဝိညာဉ်ပါ ပျက်စီးသွားစေရမယ် .."

နောက်ထပ် အသံတစ်ခု ပေါ်ထွက်လာပြန်သည် ။

​" သူဟာ ငရဲကိုးထပ်ကို ရောက်ရမယ်.. ထာဝရ ကျိန်စာသင့်စေရမယ်.. "

​ခန်းမတစ်ခုလုံးတွင် ထိုထူးဆန်းသော အသံများဖြင့် ပြည့်နှက်နေပြီး မမြင်ရသော စွမ်းအားတစ်ခုက ချောင်မူ၏ ခန္ဓာကိုယ်ကို လေထဲသို့ မြှောက်တင်လိုက်တော့သည် ။ ထိုခဏတွင် ချောင်မူသည် ရွှံ့နွံထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရပြီး ခွန်အား မထုတ်နိုင်တော့ဘဲ ပါးစပ်ကိုသာ လှုပ်ရှားနိုင်တော့သည် ။

​ထို့နောက် သူသည် ရယ်မောလိုက်၏ ။

​" နတ်ဘုရားတွေလို ဟန်ဆောင်ပြီး လှည့်စားနေကြတာပဲ.. မင်းတို့က ဘယ်လို အင်မော်တယ်မျိုးလဲ.. "

သူက မထီမဲ့မြင်ပြုသော အပြုံးဖြင့် လှောင်ရယ်လိုက်သည် ။

​" မင်းတို့က အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံဝံ့တယ်ပေါ့.. မင်းတို့ကိုယ်မင်းတို့ အင်မော်တယ်လို့ ခေါ်ဝံ့တယ်ပေါ့ .."

​" ဒီလောကထဲမှာ မွေးဖွားလာတဲ့သူတွေထဲမှာ စစ်မှန်တဲ့ သူတော်စင်ဆိုတာ မရှိဘူး.. ဘယ်သူမှ လောကကြီးကို ကျော်လွန်ပြီး ထာဝရ အသက်မရှင်နိုင်ဘူး .. "

​" မင်းတို့အားလုံးက အင်မော်တယ်တွေလို ဟန်ဆောင်ထားတဲ့ သတ္တဝါတွေသာ ဖြစ်ပြီး မင်းတို့ရဲ့ အသက်ရှည်မှုကို ကြွားဝါနေကြရုံပဲ .."

​ချောင်မူ၏ ခန္ဓာကိုယ်မှာ စွမ်းအားများ ပြည့်နှက်လာပြီး သူသည် ခက်ခဲစွာဖြင့် သူ၏လက်ကို မြှောက်လျက် နားထင်ကို လက်ညှိုးဖြင့် အသာအယာ တို့လိုက်သည် ။ ထို့နောက် သူသည် အကျယ်ကြီး ရယ်မောလျက် ပြောလိုက်သည် ။

​" ဒီလောကမှာ နတ်ဘုရားဆိုတာ လုံးဝ မရှိဘူး.. စင်မြင့်ထက်မှာ ထိုင်နေတဲ့ မျိုးနွယ်ခြား အစုအဖွဲ့တစ်ခုနဲ့ သာမန်လူတွေနဲ့ မတူတဲ့ စိတ်ဓာတ်ရှိတဲ့၊ လူသားကို လူသားလို မသတ်မှတ်တဲ့ လူတစ်စုပဲ ရှိတယ်.. "

All Chapters