← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 26 Ch. 257-258

အခန်း။ ၂၅၇

သို့သော် ထိုသို့ပြုလုပ်ရန်မှာ ထင်သလောက်မလွယ်ကူသည်မှာ သိသာလှသည်။

မိစ္ဆာနွယ်ပင်များသည် အမဲလိုက်သည့်ဗီဇ ရှိနေကြကာ ယခုအခါတွင် ထူးကဲရတနာများ မြေသို့မကျခင်မှာပင် ၎င်းတို့သည် အလောင်းများပေါ်မှ လက်တံများသဖွယ် ဆန့်ထွက်လာပြီး ထိုရတနာများကို လှမ်း၍ဖမ်းဆုပ်ကြသည်။ ထူးကဲရတနာကို ထိမိသည်နှင့်တစ်ပြိုင်နက် ထိုရတနာမှာ ချက်ချင်းပင် တောင့်တင်းသွားတော့သည်။

ပိုင်ရွှယ်ဟန်သည် စိတ်ကူးတစ်ခုရသွားပြီး လက်ချောင်းများဖြင့် မန္တန်တစ်ခုကို ရုတ်တရက် ဖော်ဆောင်လိုက်သည်။ ၎င်းမှာ မှော်အတတ်ကြောင့်လား သို့မဟုတ် သူမ၏သွေးထဲမှ အစွမ်းကြောင့်လားမသိဘဲ ဝုန်းခနဲမြည်သံနှင့်အတူ ရေလှိုင်းများမှာ အပြင်ဘက်သို့ ဂယက်ထလာပြီး အလောင်းများ အနားမကပ်နိုင်စေရန် အတင်းအဓမ္မ တားဆီးလိုက်သည်။

ပိုင်ရွှယ်ဟန်က ခြေဆောင့်ကာ "ငါ့ရဲ့ မဟာဆူနာမီအတတ်က ဘာလို့ ဒီလိုကြီး ဖြစ်သွားရတာလဲ" ဟု အော်ပြောလိုက်သည်။

စုန်ယန်သည် ဒုက္ခပင်လယ်၏ အငွေ့အသက်များ ပါဝင်နေသော ထိုရေလှိုင်းသေများကို ကြည့်ကာ တိတ်တဆိတ် စဉ်းစားနေမိသည်။ မဟာဆူနာမီအတတ်သည် ကြီးမားသောစွမ်းအားရှိရမည်ဟု သူယုံကြည်သော်လည်း ဤမျှစွမ်းအားကြီးသော သွေးနီရောင်နန်းတော်အတတ်မှာ ဤရေကြီးမှုထဲတွင် ကလေးကစားသကဲ့သို့သာ ဖြစ်နေသည်မှာ အတော်ပင် ကြောက်စရာကောင်းလှသည်။

"ပိုနီးအောင်လုပ် ရေလှိုင်းတွေကိုသုံးပြီး သူတို့ကို တစ်နေရာတည်း စုလိုက်"

စုန်ယန်က အမိန့်ပေးလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့"

ပိုင်ရွှယ်ဟန်က "ကျွန်မမှာ မဟာဝဲဂယက်အတတ်လည်း ရှိသေးတယ်" ဟု ပြောကာ အသံတိုးတိုးဖြင့် အော်လိုက်သည်။ သူမ၏ခေါင်းပေါ်ရှိ ထူးကဲချီစွမ်းအင်များမှာ ပြင်းထန်စွာ လှုပ်ခတ်သွားသော်လည်း ရေအလယ်ဗဟိုတွင် ဝဲဂယက်အသေးလေးတစ်ခုသာ ဖြစ်ပေါ်လာသည်။ သို့သော် ထိုဝဲဂယက်မှာ အလောင်းနှစ်လောင်းကို တစ်ခုနှင့်တစ်ခု နီးကပ်သွားအောင် ဆွဲခေါ်နိုင်ခဲ့သည်။

စုန်ယန်သည် ပျားတိမ်တိုက် လူသတ်မြူခိုး၏ ဒဏ်ကို ဆက်လက်အောင့်အည်းခံရင်း အလောင်းများဆီသို့သာ အာရုံစိုက်ထားသည်။ အကယ်၍ ယနေ့အခြေအနေသာ မဟန်လျှင် သူတို့နှစ်ဦးစလုံး မိစ္ဆာနွယ်ပင်များ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ကြောင်း သူသိသည်။ ထို့ကြောင့် သူသည် အလွန်အမင်း သတိထားနေရသည်။

ရုတ်တရက် သူက "ဆေးလုံး ဘယ်မှာလဲ" ဟု အော်မေးလိုက်သည်။

ပိုင်ရွှယ်ဟန်မှာ အံ့အားသင့်သွားပြီး စုန်ယန်က ထပ်မံ၍ "ဆေးလုံးလို့ ပြောနေတယ်လေ" ဟု ဟောက်လိုက်သည်။

ပိုင်ရွှယ်ဟန်မှာ ချက်ချင်းသတိဝင်လာပြီး နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ထူးကဲနို့ရည်ဆေးလုံးကို ယူကာ သူ့ထံသို့ ပြေးလာသည်။ စုန်ယန်၏ခန္ဓာကိုယ်မှာ လှုပ်ရှား၍မရဘဲ တောင့်တင်းနေသည်ကို မြင်သောအခါ ထိုငွေရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ ခေတ္တစဉ်းစားပြီး ဆေးလုံးကို လက်ဖြင့်ခွံ့ပေးရန် ပြင်လိုက်သည်။

စုန်ယန်က မျက်မှောင်ကြုတ်လိုက်သဖြင့် ပိုင်ရွှယ်ဟန်မှာ ကြောက်လန့်တကြားနှင့် လက်ကိုအမြန်ပြန်ရုပ်လိုက်ရသည်။ ဆေးလုံးမှာ သေတ္တာထဲသို့ ပြန်ကျသွားသည်။

စုန်ယန်က "ငါ့ရှေ့မှာပဲ ချထားပေး" ဟု ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်က အမြန်စီစဉ်ပေးပြီးနောက် မဟာဝဲဂယက်အတတ်ကို ဆက်လက်လုပ်ဆောင်နေသည်။ စုန်ယန်သည် ရှေ့ရှိဆေးလုံးကို ကြည့်ကာ "ဒီဆေးလုံးကို ကျင့်ကြံခြင်းအတွက် အထောက်အကူအဖြစ် သုံးရမယ်" ဟု တိတ်တဆိတ် တွေးလိုက်သည်။

ဆေးလုံးမှာ အဆိပ်မပါဘဲ အာနိသင်ရှိကြောင်း အတည်ပြုပြီးနောက် သူသည် ဆေးကို သုံးဆောင်လိုက်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားအချို့ ထွက်ပေါ်လာသည်။ ထိုစွမ်းအားမှာ နည်းပါးသော်လည်း သူ၏ပြန်လည်နိုးထမှုကို မြန်ဆန်စေရန် အထောက်အကူပြုသည်။

သူသည် ပျားတိမ်တိုက် လူသတ်မြူခိုး၏ အပြင်းထန်ဆုံးသော ဒဏ်ကို ကြံ့ကြံ့ခံ၍ ကျော်ဖြတ်

နိုင်ခဲ့ပြီဖြစ်ရာ အပြည့်အဝ ပြန်လည်ကျန်းမာလာရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည်။

စုန်ယန်သည် သက်ပြင်းရှည်တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး မဟာဝဲဂယက်အတတ်ကြောင့် စုစည်းသွားသော အလောင်းများကို ပြန်ကြည့်လိုက်သည်။ အရာအားလုံးမှာ အဆင်ပြေချောမွေ့နေပုံပင်။ ရေ၏ဆွဲအားကြောင့် အလောင်းများမှာ သူ့ကို ဝိုင်းရံထားရာမှ ကွဲထွက်သွားပြီး တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်စွာ ပူးကပ်သွားကြသည်။

၎င်းတို့ကြားတွင် ထူးဆန်းသော စုစည်းမှုစွမ်းအားတစ်ခု ဖြစ်ပေါ်လာပြီး စုန်ယန်ထံသို့ ဦးတည်လာနေခြင်းကို ခေတ္တရပ်တန့်သွားစေသည်။

ပိုင်ရွှယ်ဟန်က ဝမ်းသာအားရဖြင့် "စီနီယာ... အလုပ်ဖြစ်နေပြီ" ဟု ပြောလိုက်သည်။

သို့သော် စုန်ယန်၏ မျက်နှာတွင်မူ ဝမ်းသာရိပ် အနည်းငယ်မျှ မရှိချေ။

ဤကမ္ဘာသို့ ကူးပြောင်းလာကတည်းက သူသည် ခြေလှမ်းတိုင်းတွင် တင်းမာစွာ နေထိုင်ခဲ့ရပြီး အရာရာ အဆင်ပြေချောမွေ့လွန်းနေလျှင် တစ်ခုခု မှားယွင်းနေပြီဟူသော ဗီဇမှာ သူ၏ရင်ထဲတွင် ကိန်းအောင်းနေခဲ့ပြီဖြစ်သည်။ ဘေးအန္တရာယ်များလှသော ဤစိမ်းသက်သည့် ပတ်ဝန်းကျင်တွင် ထိုဗီဇမှာ အပြည့်အဝ အလုပ်လုပ်နေသည်။

ရုတ်တရက် မိစ္ဆာအရိပ်ရုပ်သေးဟူသော အတွေးတစ်ခု သူ၏စိတ်ထဲသို့ လျှပ်ခနဲ ဝင်လာသည်။

တစ္ဆေကျင့်ကြံသူများသည် အရေပြားဆရာများ၏ လက်ရာများကို ဝါးမြိုတတ်ကြသည်။ ထိုအရေပြားဆရာများ ဖန်တီးထားသော အရာများသည် မိစ္ဆာချီစွမ်းအင်များ၏ ပူးကပ်ခြင်းကို ခံရလွယ်ကူပြီး ထိုသို့ပူးကပ်ခံရပါက အရုပ်သေးသည် ၎င်း၏ အသက်ရှင်စဉ်က ရှိခဲ့သော အစွမ်းများကို ပြန်လည်အသုံးပြုနိုင်ခြင်းပင်။

ဤအတွေးဝင်လာသည်နှင့် စုန်ယန်က ရုတ်တရက် "သူတို့ကို တစ်နေရာတည်း မစုမိပါစေနဲ့" ဟု အော်ပြောလိုက်သည်။

ပိုင်ရွှယ်ဟန်မှာမူ...

"ဟုတ်... ဟုတ်ကဲ့၊ နားလည်ပါပြီ စီနီယာ"

သူမသည် ထိုအလောင်းများကို တစ်စုတစ်ဝေးတည်းဖြစ်အောင် အပင်ပန်းခံ စုစည်းခဲ့ရခြင်းပင်။ ဤနည်းလမ်းသည် အလောင်းများ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ကာ လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့သည်။

ယခုမူ သူမသည် မဟာဆူနာမီအတတ်ကို အလျင်အမြန် အသုံးပြုကာ ထိုစုစည်းမှုစွမ်းအားကို ပြန်လည်ဖြိုခွဲရန် ကြိုးစားနေရပြန်သည်။

သူမ၏ စိတ်ထဲတွင်မူ ဤခရမ်းရောင်နန်းတော် အဘိုးကြီးများအပေါ် စိတ်ပျက်နေမိသည်။

"သူတို့ကတော့ အမြဲတမ်း စိတ်ပြောင်းလဲလွယ်ပြီး ခန့်မှန်းရ ခက်လွန်းတယ်။ ခုနလေးတင် စုခိုင်းနေပြီး အခုငါ ခက်ခက်ခဲခဲ စုပြီးတဲ့အခါကျတော့လည်း မစုခိုင်းပြန်တော့ဘူး။ တကယ်ပဲ စိတ်ကူးပေါက်ရာ လျှောက်လုပ်တတ်တဲ့ လူတွေပဲ"

မကြာမီမှာပင် ပိုင်ရွှယ်ဟန်က အလောတကြီး အော်ပြောလိုက်သည်။

"စီနီယာ... မကောင်းတော့ဘူး။ ဒီအလောင်းတွေရဲ့ ဆွဲအားက အရမ်းပြင်းနေတယ်။ သူတို့က မြန်မြန်ဆန်ဆန်ကို စုစည်းမိနေကြပြီ"

စုန်ယန်က "သူတို့ကို ခဏလောက် တောင့်ခံထားဦး" ဟု ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

ပိုင်ရွှယ်ဟန်သည် စိုးရိမ်တကြီးဖြင့် ထူးကဲရတနာများကို ထပ်မံပစ်ပေါက်တော့သည်။ တစ်ခုပြီးတစ်ခု ပစ်ပေါက်လိုက်သော်လည်း ခွေးကို အသားတုံးကျွေးသကဲ့သို့ပင် ပစ်သမျှအရာအားလုံးမှာ ပြန်မလာတော့ချေ။

ဤအတောအတွင်း စုန်ယန်မှာမူ ဆက်လက်ပြန်လည်ကုသနေဆဲပင်။ သို့သော် ဆွဲအားမှာ အလွန်ပြင်းထန်လှသည်။

နောက်ဆုံးတွင်မူ...

ဖောက်

ညင်သာသော အသံလေးတစ်ခုနှင့်အတူ အလောင်းနှစ်လောင်းမှာ တိုက်မိသွားကြသည်။ ချက်ချင်းဆိုသလိုပင် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။

အလောင်းတစ်လောင်းမှာ ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် တခြားအလောင်းတစ်လောင်း၏ အပေါ်သို့ မှောက်လျက်သား ပြုတ်ကျသွားသည်။ ထိုအခါ သဲနီရောင်အမှုန်များမှာ အောက်ရှိအလောင်းပေါ်သို့ တဖွားဖွား ကျဆင်းသွားပြီး ခန္ဓာကိုယ်အတွင်းသို့ အလျင်အမြန် တိုးဝင်သွားတော့သည်။

နောက်တစ်ခဏတွင် ထိုအလောင်း၏ အရေပြားမျက်နှာပြင်မှာ အမှုန်နီလေးများ လှုပ်ရှားနေသကဲ့သို့ ဖောင်းကြွလာသည်။ တည်ငြိမ်သွားသောအခါတွင်မူ ဖြူဖျော့နေသော မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။ သို့သော် သူ၏ သူငယ်အိမ်များမှာမူ သွေးရောင်ကဲ့သို့ နီမြန်းနေတော့သည်။

အလောင်းမှာ ကြောက်မက်ဖွယ်ကောင်းစွာ မတ်တပ်ရပ်လိုက်ပြီး လည်ပင်းကို တစ်ချက်လှည့်လိုက်သည်။ ထို့နောက် သူ၏ခါးတွင် စိုက်ဝင်နေသော ဓားပျံကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ သူ၏လက်ဖြင့် ဓားကို ပွတ်သပ်လိုက်ရာ ဓားပျံမှာ တုန်ခါသံများ ထွက်ပေါ်လာသည်။

ပိုင်ရွှယ်ဟန်မှာ ဤမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်နေမိသည်။ ထိုအလောင်းမှာ ဓားပျံကို အသုံးချနိုင်ဆဲ ဖြစ်သည်ကို သူမ သတိထားမိလိုက်ပြီဖြစ်သည်။

ခဏအကြာတွင်...

ရွှပ်

မိစ္ဆာနွယ်ပင် ပူးကပ်နေသော အလောင်းမှာ ဓားပျံကို အမှန်တကယ်ပင် ထိန်းချုပ်လိုက်ပြီး သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ စုန်ယန်ထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်တော့သည်။

စုန်ယန်၏ ခန့်မှန်းချက်မှာ မှန်ကန်ခဲ့သည်။ အကယ်၍ လတ်လတ်ဆတ်ဆတ် သေဆုံးထားသော အလောင်းများကို မိစ္ဆာနွယ်ပင်များက သိမ်းပိုက်လိုက်ပါက သူတို့သည် အသက်ရှင်စဉ်က ရှိခဲ့သော စွမ်းအားများကို အသုံးပြုနိုင်ရုံသာမက မိစ္ဆာနွယ်ပင်၏ စွမ်းအားကြောင့် အသက်ရှင်စဉ်ကထက်ပင် ပိုမိုအစွမ်းထက်လာနိုင်ခြင်းပင်။

ပိုင်ရွှယ်ဟန်မှာ နောက်ထပ် ထူးကဲရတနာတစ်ခုကို အလျင်အမြန်ထုတ်ယူကာ ခုခံရန် ပြင်

လိုက်စဉ်မှာပင် သူမ၏ နောက်ဘက်မှ ပြင်းထန်လှသော သွေးရောင်တိုင်ကြီးတစ်ခု တိုးထွက်လာသည်ကို ခံစားလိုက်ရတော့သည်။

အခန်း။ ၂၅၈

သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်နေသည့် သွေးရောင်လက်ဝါးကြီးတစ်ခုက လေထုကို ဆွဲဖြဲကာ ပေါ်ထွက်လာပြီး ထိုအလောင်းကို ယင်ကောင်တစ်ကောင်ကို ဖမ်းသကဲ့သို့ ဖမ်းဆုပ်ကာ ပြင်းထန်စွာ ချေမွပစ်လိုက်သည်ကို တွေ့လိုက်ရသည်။

ဘုန်း... ဘုန်း ဘုန်း ဘုန်း...

အလောင်းမှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားတော့သည်။

ထို့နောက် သွေးရောင်လက်ဝါးကြီး၏ လက်ထိပ်များမှာ သဲများ၊ သွေးရောင်သဲများအဖြစ် ပြောင်းလဲသွားသည်။ ထိုသဲများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး လေနှင့်အတူ လွင့်ပါးကာ ခရမ်းရောင်နန်းတော် အဘိုးကြီးရှိရာဘက်သို့ ရူးသွပ်စွာ ဦးတည်သွားကြသည်။ ၎င်းတို့သည် အစစ်အမှန် တိုက်ကွက်များဖြစ်သလို မိစ္ဆာနွယ်ပင်၏ အကြောက်စရာအကောင်းဆုံး အစိတ်အပိုင်းလည်း ဖြစ်သည်။

သို့သော် ခရမ်းရောင်နန်းတော် အဘိုးကြီးမှာမူ အလောတကြီးမရှိဘဲ ဟင်းလင်းပြင်ထဲမှ အလောင်းတစ်လောင်းကို လက်ဖြင့်လှမ်းဖမ်းကာ မိစ္ဆာနွယ်ပင်၏ သဲမှုန့်များနှင့် အလျင်အမြန် ပွတ်တိုက်ပေးလိုက်သည်။

ထိုသို့ ပွတ်တိုက်နေစဉ်အတွင်း အချိန်များ နှေးကွေးသွားသကဲ့သို့ ခံစားရပြီး ဖမ်းဆုပ်ထားသော အလောင်းအတွင်းမှ မိစ္ဆာနွယ်ပင်များမှာ နိုးထလာကာ ပွင့်အာလာသော ပန်းတစ်ပွင့်ကဲ့သို့ အပြင်ဘက်သို့ တိုးထွက်လာသည်ကို ပိုင်ရွှယ်ဟန် မြင်လိုက်ရသည်။

အကယ်၍ ထိုပန်းမှာ အလောင်းကို ဖောက်ထွက်သွားပါက အတွင်းရှိ မိစ္ဆာနွယ်ပင်များမှာ အပြင်သို့ လွတ်မြောက်သွားပြီး အလောင်းကို ထိန်းချုပ်ထားသူထံသို့ ပြန်လည်ခုန်အုပ်မည်

ဖြစ်သည်။

သို့သော် အကယ်၍ အလောင်းသည် လေထဲရှိ မိစ္ဆာနွယ်ပင် သဲမှုန့်များနှင့် ကြိုတင်ထိတွေ့ပြီးနောက် သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပါက မည်သည့်အရာမျှ ဖြစ်ပေါ်လာမည်မဟုတ်ပေ။

ပိုင်ရွှယ်ဟန်မှာ ထိတ်လန့်သွားပြီး ဘယ်လို ရူးသွပ်တဲ့ နည်းလမ်းမျိုးလဲဟု စိတ်ထဲမှ ရေရွတ်မိသည်။ သူမသည် သွေးများဖြင့် ဖုံးလွှမ်းကာ တရားထိုင်နေသော ခရမ်းရောင်နန်းတော် အဘိုးကြီးကို တစ်ဖန်ကြည့်လိုက်ရာ သူ၏တည်ငြိမ်အေးဆေးသော အမူအရာကို မြင်ရသဖြင့် ဤသို့ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိလိုက်ရသည်။

မိစ္ဆာကောင်... အရူးပဲ

ပိုင်ရွှယ်ဟန်မှာ ကြောက်ရွံ့သလိုလို ရှိသော်လည်း ဘာမှမပြောနိုင်တော့ချေ။

ရွှပ်

စုန်ယန်၏ အရှိန်မှာ အလွန်ပင် လျင်မြန်လှသည်။ သူသည် စီကုန်းတံဆိပ်၏ အဖျက်ချီစွမ်းအင်ကို အသုံးပြုကာ လေထဲရှိ မိစ္ဆာနွယ်ပင် သဲမှုန့်များကို နောက်တစ်ကြိမ် ချောမွေ့စွာ ဖျက်ဆီးပစ်လိုက်သည်။ သို့သော် သူသည် စီကုန်းတံဆိပ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ရန် ပြင်လိုက်စဉ်မှာပင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကျယ်ပြောလှသော ရေကန်မျက်နှာပြင်မှာ အေးစက်လှသော ရေငွေ့များဖြင့် ပြည့်နှက်နေသည်။ မြင့်မားလှသော ရှေးဟောင်းအိမ်ခေါင်မိုးများနှင့် ထူးဆန်းသော သစ်ပင်ထိပ်ဖျားများမှလွဲ၍ ကျန်ရှိသော ရေမျက်နှာပြင်မှာ ဒုက္ခပင်လယ်၏ အငွေ့အသက်များ လွှမ်းမိုးနေသည်။ စုန်ယန်

ပင် ထိုရေကို မထိရဲသော်လည်း ရေမျက်နှာပြင်မှာ လှိုင်းများ ထလာခဲ့သည်။

မီးခိုးရောင် ဝတ်စုံစုတ်ကို ဝတ်ဆင်ထားသော ကိုရင်လေးတစ်ပါး၏ အရိပ်သည် အဝေးမှနေ၍ ရေပေါ်လမ်းလျှောက်ကာ ရောက်ရှိလာပြီး စီကုန်းတံဆိပ်၏ အလောင်းကို လှမ်း၍ ဖမ်းဆုပ်

လိုက်သည်။

မထိတွေ့ရဘဲနှင့်ပင် စီကုန်းတံဆိပ်၏ အလောင်းမှာ လုံးဝငြိမ်သက်သွားတော့သည်။ အလောင်းအတွင်းရှိ မိစ္ဆာနွယ်ပင်များသည် ထိုခန္ဓာကိုယ်မှ လွတ်မြောက်ရန် ရူးသွပ်စွာ ရုန်းကန်နေသော်လည်း ထူးဆန်းသော မီးခိုးရောင်ဝတ် ကိုရင်လေးမှာ ထိုအလောင်းကို ဦးညွှတ်လိုက်ပြီဖြစ်သည်။

အလောင်းမှာ မလှုပ်မယှက် ရှိနေပြီး တစ်စုံတစ်ခုသော အခြေအနေတွင် ပိတ်မိနေပုံပင်။ သို့သော် ဤလုပ်ရပ်ကြောင့် စုန်ယန်မှာ စိတ်မရှည် ဖြစ်သွားရသည်။ သူသည် စီကုန်းတံဆိပ်၏ အလောင်းကို အသုံးပြုကာ မိစ္ဆာနွယ်ပင်များကို စုပ်ယူနေခြင်းမှာ သိုလှောင်ထားရန်သက်သက် မဟုတ်ဘဲ၊ ၎င်းကို သုတေသနပြုကာ သူ၏ ကိုယ်ပိုင်လက်နက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် မျှော်လင့်ထားခြင်းပင်။

ဤလျှို့ဝှက်နယ်မြေအတွင်းတွင် သူသည် မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်မခံလိုချေ။ အကြောင်းမှာ ရှေ့ဆက်ရမည့်လမ်းမှာ အလွန်ပင် အန္တရာယ်များလှသောကြောင့်ပင်။ ထို့ကြောင့် စီကုန်းတံဆိပ်ကို လွယ်လွယ်နှင့် အဆုံးရှုံးမခံနိုင်ပေ။

ယခုအချိန်တွင် ဖိတ်ခေါ်မထားသော ဒုက္ခပင်လယ်မှ ကိုရင်လေးက သူ၏ ရတနာကို တရားဓမ္မဖြင့် ချွတ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ အကယ်၍ ဒုက္ခပင်လယ်မှ ကိုရင်လေးကို တိုက်ခိုက်ပါက သူသည် လှံဦးလှည့်လာပြီး တိုက်ခိုက်သူကို ပြန်တိုက်ခိုက်လိမ့်မည်ဟူသော စကားကို သတိရသွားသည်။

ထို့ကြောင့် သူက ပိုင်ရွှယ်ဟန်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

"သူ့ကို တိုက်လိုက်စမ်း စိတ်ကူးယဉ်နယ်မြေထဲကို တစ်ခေါက်လောက် သွားကြည့်လိုက်ဦး"

ပိုင်ရွှယ်ဟန်မှာမူ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။

ပိုင်ရွှယ်ဟန်သည် အလွန်အမင်း အားကိုးရာမဲ့နေသော်လည်း အားယူကာ အော်ဟစ်လိုက်ပြီး ဒုက္ခပင်လယ်မှ ကိုရင်လေးထံသို့ မန္တန်တစ်ခု ပစ်လွှတ်လိုက်သည်။

အလောင်းအတွင်း၌ အိပ်စက်နေသော မိစ္ဆာနွယ်ပင်မှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဒုက္ခပင်လယ်မှ ကိုရင်လေးမှာ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာသည်။ သူငယ်အိမ်မရှိသလို မည်သည့်ခံစားချက်မှ မရှိသော မျက်ဝန်းများဖြင့် ပိုင်ရွှယ်ဟန်ကို စိုက်ကြည့်လာသည်။

ကိုရင်လေးက ပိုင်ရွှယ်ဟန်အား လက်အုပ်ချီကာ ဦးညွှတ်လိုက်သည်။

ပိုင်ရွှယ်ဟန်မှာ ချက်ချင်းပင် ကျောက်ရုပ်တစ်ခုကဲ့သို့ တောင့်တင်းသွားတော့သည်။ ထိုအချိန်ကို အခွင့်ကောင်းယူကာ စုန်ယန်သည် စီကုန်းတံဆိပ်၏ အလောင်းကို အမြန်ဖမ်းဆုပ်ပြီး သိုလှောင်အိတ်အတွင်းသို့ အတင်းအဓမ္မ ထိုးထည့်လိုက်သည်။

သူက အဝေးသို့ လှမ်းကြည့်လိုက်ရာ အနားသို့ ချဉ်းကပ်ရန် ပြင်နေကြသော မိစ္ဆာနွယ်ပင် အလောင်းများမှာ ဒုက္ခပင်လယ်မှ ကိုရင်လေးကို အလွန်အမင်း ကြောက်လန့်နေကြပုံရပြီး ဆုတ်ခွာသွားကြသည်ကို တွေ့ရသည်။

စုန်ယန်သည် မျက်မှောင်ကြုတ်ကာ ဤတစ္ဆေကဲ့သို့ အရာကို သေချာစစ်ဆေးရင်း တိတ်တဆိတ် စဉ်းစားနေမိသည်။

ဒီအရာက ဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာလို့ သူ့ဆီမှာ ချန်းဝမ်တစ္ဆေရဲ့ အငွေ့အသက်တွေ ရှိနေရတာလဲ။

တခြားသူများမှာမူ ထိုအငွေ့အသက်ကို မရနိုင်သော်လည်း သူ၏ခန္ဓာကိုယ်အတွင်း၌ ချန်းဝမ် ကျားသွေးရှိနေသောကြောင့် ခံစားသိရှိနိုင်ခြင်းပင်။

ယခုအချိန်တွင် သူသည် အားနည်းနေသေးသော်လည်း အတော်လေး ပြန်လည်သက်သာလာပြီ ဖြစ်သည်။ ပိုင်ရွှယ်ဟန်ပေးသော ဆေးလုံးမှာ အမှန်တကယ်ပင် အာနိသင်ရှိလှသည်။ အစပိုင်းတွင် စွမ်းအားအနည်းငယ်သာ ထွက်ပေါ်လာသော်လည်း နောက်ပိုင်းတွင် ထွက်ပေါ်လာသော စွမ်းအားမှာ အလွန်ပြင်းထန်လှသဖြင့် သူ၏ ပြန်လည်ကျန်းမာလာမှု အရှိန်မှာ အနည်းဆုံး ၈ ဆ သို့မဟုတ် ၉ ဆခန့် ပိုမိုမြန်ဆန်လာခဲ့သည်။

ထိုစဉ်မှာပင် ဒုက္ခပင်လယ်မှ ကိုရင်လေးသည် ကိုယ်ကို အနည်းငယ်ပြန်လှည့်ကာ စုန်ယန်ဘက်သို့ ကြည့်လာပြန်သည်။

နောက်တစ်ခဏတွင် စုန်ယန်သည် သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ကမ္ဘာကြီးမှာ မှောင်မိုက်သွားပြီး ကိုရင်လေးမှာ ပျောက်ကွယ်သွားတော့သည်။

"နောက်ထပ် စိတ်ကူးယဉ်နယ်မြေတစ်ခုပဲ..."

ဤအရာကို အတင်းအဓမ္မ ချိုးဖျက်၍မရနိုင်ကြောင်း စုန်ယန် သိရှိထားသည်။ ထို့ကြောင့် သူသည် သူ၏ စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းချုပ်ကာ အောင့်အည်းသည်းခံရန် ပြင်လိုက်သည်။

ယခုတစ်ကြိမ် စိတ်ကူးယဉ်နယ်မြေတွင်မူ သူနှင့် ပိုင်ရွှယ်ဟန်တို့သည် သေမင်းတံခါးဝမှ သီသီလေး လွတ်မြောက်လာခဲ့ကြသည်။ ထို့နောက် အပြင်လောကတွင် အမည်လွှဲများဖြင့် ပုန်းကွယ်နေထိုင်ကြရင်း တဖြည်းဖြည်း သံယောဇဉ်တွယ်ကာ ချစ်ခင်သွားကြပြီး ကျင့်ကြံခြင်းအဖော်များ ဖြစ်လာခဲ့ကြသည်။

၎င်းနောက် ထူးကဲချီစွမ်းအင်များ မရှိသလို အပြင်လောက၏ ပဋိပက္ခများနှင့်လည်း ဝေးကွာသော လူသူကင်းမဲ့သည့် နယ်စပ်ဒေသတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ထိုနေရာတွင် သူတို့သည် မြင်းများနှင့် သိုးများကို ထိန်းကျောင်းရင်း၊ မိုးနှင့် တိမ်များကို ငေးမောကြည့်ရှုရင်း နေထိုင်ကြသည်။

နွေဦးတွင် ပွင့်လန်းသော ပန်းများကို ကြည့်ရှုကြကာ နွေရာသီတွင် ကြယ်တာရာမြစ်ကြီးကို ငေးမောကြပြီး ဆောင်းဦးတွင် ကြွေကျသော သစ်ရွက်များကြား၌ လမ်းလျှောက်ကြကာ ဆောင်းရာသီတွင်မူ ဆီးနှင်းဖြူဖြူများကို ခံစားကြသည်။

ဖြည်းဖြည်းချင်းပင် သူတို့တွင် သားသမီးများ ထွန်းကားလာခဲ့သည်။ သူတို့၏ သားသမီးများသည် နယ်စပ်ရှိ ဒေသခံ ခြေသလုံးအိမ်တိုင် လူမျိုးစုများနှင့် ပဋိပက္ခဖြစ်ကြရာမှ ထိုမျိုးနွယ်စုများကို သိမ်းပိုက်နိုင်ခဲ့ပြီး မိသားစုကြီးတစ်ခုအဖြစ် အခြေချနိုင်ခဲ့ကြသည်။

သို့သော် နောက်ဆုံးတွင် ဤနေရာ၌ ထူးကဲချီစွမ်းအင်မရှိသောကြောင့် ပိုင်ရွှယ်ဟန်သည် ကျင့်ကြံ၍မရတော့ဘဲ တဖြည်းဖြည်း အိုမင်းရင့်ရော်လာခဲ့သည်။

၎င်းသည် စိတ်ကူးယဉ်နယ်မြေတစ်ခုသာ ဖြစ်သည်ဟု စုန်ယန်က သူ့ကိုယ်သူ အမြဲသတိပေးနေသော်လည်း ဤအချိန်အတောအတွင်း သူသည် ထိုခံစားချက်အားလုံးကို အမှန်တကယ်ပင် တွေ့ကြုံနေရသကဲ့သို့ ခံစားနေရသည်။

ဤစိတ်ခံစားချက်များမှာ သူ၏ ကိုယ်ပိုင်မှတ်ဉာဏ်များကိုပင် လွှမ်းမိုးသွားတော့မည့်အလားပင်။ ၎င်းမှာ စိတ်ကူးယဉ်နယ်မြေ ဖြစ်သည်ဟု သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးနေသော်လည်း သူ၏စိတ်မှာ မသိမသာ လှုပ်ရှားနေမိသည်။

အကြောင်းမှာ ဤစိတ်ကူးယဉ်နယ်မြေအတွင်းရှိ အရာအားလုံးမှာ သူ၏နှလုံးသားနက်နဲရာတွင် အမှန်တကယ် တောင့်တနေသော ဘဝမျိုး ဖြစ်နေသောကြောင့်ပင်။ ၎င်းမှာ လူသားတို့၏ သဘာဝပင်။

"တကယ်လို့... လူတစ်ယောက်ရဲ့ နှလုံးသားက သံ ဒါမှမဟုတ် ကျောက်တုံးလိုမျိုး မာကျောမနေဘူးဆိုရင် အခုလို အခြေအနေမျိုးကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင်မှာလဲ"

သူသည် အိုမင်းမစွမ်းဖြစ်နေသော သူ၏ ကျင့်ကြံခြင်းအဖော် ပိုင်ရွှယ်ဟန်၏ ခုတင်ဘေးတွင် ထိုင်ကာ သူမ၏လက်ကို ဆုပ်ကိုင်ထားစဉ်မှာပင် စိတ်ကူးယဉ်မြင်ကွင်းတစ်ခုမှာ သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြန်သည်။

နေရောင်ခြည် လွှမ်းခြုံထားသော မြက်ခင်းပြင်ကြီးပေါ်တွင် မြက်ပင်များမှာ မြင်းခွာများ မြုပ်သည်အထိ ရှည်လျားနေသည်။ ငယ်ရွယ်နုပျိုသော ပိုင်ရွှယ်ဟန်မှာ မြင်းကို အရှိန်ဖြင့် စီးလာပြီး သူ၏ဘေးတွင် ရပ်လိုက်သည်။ သူမက ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ လှပသော အပြုံးဖြင့် သူ့ကိုကြည့်ကာ လက်ကမ်းပေးရင်း ပြောလိုက်သည်။

"ယောကျ်ား... လာလေ"

All Chapters