← Chapters

အခန်း (၂၉-၃၀)

Vol. 2 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 2 Ch. 29-30

အခန်း (၂၉) မင်္ဂလာဦး ခွဲစိတ်မှုည

မင်္ဂလာခန်းဆောင်ဟာ ယွီးရှောင်ရှောင်ကြောင့် ခဏချင်းမှာတင် ရိုးရှင်းတဲ့ ခွဲစိတ်ခန်းတစ်ခု ဖြစ်သွားတော့တယ်။ ကုရှင်းလန် ခုတင်ပေါ်မှာ လှဲနေတာကလွဲရင် ကျန်တဲ့သူတွေအားလုံး အလုပ်ရှုပ်နေကြတာပေါ့။

ယွီးရှောင်ရှောင် အဝတ်အစားလဲဖို့ အပြင်ထွက်သွားတဲ့အချိန်မှာပဲ ဆေးနည်းရေးပေးတဲ့ သမားတော်ကြီးက ခုတင်ဘေးကို တိုးသွားပြီး ကုရှင်းလန်ကို တိုးတိုးလေး ပြောရှာတယ်။

"တတိယသခင်လေး... ကျုပ်ကြည့်ရတာ မင်းသမီးလေးက သခင်လေးရဲ့ ခြေချင်းဝတ်က ဒဏ်ရာကို နောက်တစ်ခါ ပြန်ခွဲချင်နေပုံရတယ်" လို့ ပြောပြီး ဇဝေဇဝါနဲ့ ဆက်ပြောတယ်။

"သခင်လေး... ကျုပ်ကို ခွင့်လွှတ်ပါဦး၊ အခု သခင်လေးရဲ့ ဒဏ်ရာက ပြည်တည်တာ သက်သာပြီး အသားနုတက်နေပြီလေ။ ဒီအချိန်မှာ နောက်တစ်ခါ ထပ်ခွဲမယ်ဆိုရင်၊ တကယ်လို့ ဒဏ်ရာက ပြန်ပြီး ပြည်တည်လာရင်တော့... အဆိုးဆုံးက သခင်လေးရဲ့ ခြေထောက်နှစ်ဖက်လုံးကို ဖြတ်ပစ်ရလိမ့်မယ်။ အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်"

ကုရှင်းလန် ခဏလောက် တိတ်သွားမိတယ်။ လင်းလုံမင်းသမီးရဲ့ ဆေးပညာက ဘယ်လောက်အထိ ရှိမှန်း ဘယ်သူမှ မသိတာမို့ သူလည်း စွန့်စားနေရတာလေ။

သမားတော်ကြီးက ပြောလိုက်တယ်။ "တတိယသခင်လေး... သေသေချာချာ ထပ်စဉ်းစားပါဦး"

ကုရှင်းလန်က အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်တယ်။ "မင်းသမီးလေးက ကျုပ့်ကို ဒုက္ခပေးမှာ မဟုတ်ဘူး။ သူက ကျုပ်ကို ကယ်ချင်နေတာပါ"

သမားတော်ကြီးလည်း ခေါင်းခါပြီး ဆက်မပြောတော့ဘူး။

ကုရှင်းလန်က အခန်းအပြင်ကို လှမ်းအော်လိုက်တယ်။ "ဘယ်သူရှိလဲ”

အစေခံတစ်ယောက် ပြေးဝင်လာတော့ ကုရှင်းလန်က ခိုင်းလိုက်တယ်။ "ငါ့အစ်ကိုကြီးကို သွားခေါ်ပေးပါဦး၊ ငါပြောစရာရှိလို့လို့ ပြောလိုက်"

မကြာခင်မှာပဲ ကုရှင်းနော့က အရက်နံ့တွေနဲ့ အခန်းထဲ ရောက်လာတယ်။ ခန်းဆောင်ထဲက အစီအစဉ်တွေကို ကြည့်ပြီး မေးလိုက်တယ်။ "မင်းတို့ ဘာတွေ လုပ်နေကြတာလဲ”

ကုရှင်းလန်က မေးလိုက်တယ်။ "အစ်ကိုကြီး အရက်တွေ အများကြီး သောက်ထားတာလား”

ကုရှင်းနော့က ပြောလိုက်တယ်။ "အဖွဲ့ကလူတွေက အရက်သောက်ရမဲ့ အခွင့်အရေးရရင် အသေအလဲ သောက်ကြတာလေ။ မင်းရဲ့ ဒုတိယအစ်ကိုတောင် မူးနေပြီ။ မင်းတို့ကော..."

ကုရှင်းလန်က အစ်ကိုဖြစ်သူရဲ့ စကားကို ဖြတ်ပြီး ပြောလိုက်တယ်။ "မင်းသမီးလေးက ကျွန်တော့်ဒဏ်ရာကို ကုပေးမလို့ပါ"

ကုရှင်းနော့ ကြောင်သွားတော့တာပေါ့။ "မင်း ဘာပြောလိုက်တာလဲ”

ကုရှင်းလန်က ထပ်ပြောတယ်။ "မင်းသမီးလေးက ကျွန်တော့်ကို ကုပေးမလို့ပါ။ အစ်ကိုကြီးကို ခေါ်လိုက်တာက၊ တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒါက ကျွန်တော့်ရဲ့ ဆန္ဒကြောင့်ပဲမို့ မင်းသမီးလေးနဲ့ မဆိုင်ဘူးဆိုတာကို သိစေချင်လို့ပါ"

ကုရှင်းနော့ ရင်ထဲမှာတော့ ဒါက သေတမ်းစာလို ဖြစ်နေတော့တာပေါ့။ "ဒီကိစ္စက... ဒီကိစ္စက မင်းရဲ့ အသက်ကိုတောင် အန္တရာယ်ဖြစ်စေနိုင်လို့လား” လို့ မေးပြီး "သူက ဘယ်လိုမျိုး ကုမှာမို့လို့လဲ”

ကုရှင်းလန်က ပြောပြတယ်။ "မင်းသမီးလေးက ခွဲစိတ်မယ်လို့ ပြောတာပဲ"

အဲဒီအချိန်မှာပဲ သမားတော်ကြီးက အိုးအဖုံးကို ဖွင့်လိုက်တော့ ဆူနေတဲ့ရေထဲက ချွန်ထက်တဲ့ ဓားတွေကို မြင်လိုက်ရတာကြောင့် ကုရှင်းနော့ တစ်ကိုယ်လုံး အေးစိမ့်သွားတော့တယ်။ "ဒါက ဘာလုပ်တာလဲ။ မင်းသမီးက မင်းရဲ့ ကိုယ်ပေါ်မှာ ဓားနဲ့ ခွဲမလို့လား”

ကုရှင်းလန်ကတော့ ဘာမှ မဖြစ်သလိုပဲ ပြန်ပြောလိုက်တယ်။ "ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် အသုံးမကျတဲ့လူ ဖြစ်နေပြီပဲ။ မင်းသမီးလေး ကြိုက်သလို လုပ်ပါစေတော့"

ယွီးရှောင်ရှောင် အဝတ်အစားလဲပြီး ပြန်ဝင်လာတော့ "အစ်ကိုကြီး ရောက်နေပြီလား” လို့ နှုတ်ဆက်လိုက်တယ်။

ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။ "ကျွန်တော်ပဲ အစ်ကိုကြီးကို ခေါ်ခိုင်းလိုက်တာပါ။ ဒီကိစ္စက မိသားစုဝင်တွေ သိထားသင့်တယ် မဟုတ်လား"

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။ "ကောင်းပြီလေ၊ အချိန်လည်း မစောတော့ဘူးဆိုတော့ ကျွန်မ အခုပဲ စလိုက်မယ်နော်"

ကုရှင်းနော့က မေးရှာတယ်။ "မင်းသမီးလေး... မင်းသမီးက ရှင်းလန်ရဲ့ ဒဏ်ရာကို ဘယ်လိုမျိုး ကုမှာလဲဆိုတာ ကျွန်တော့်ကို အရင်ပြောပြလို့ ရမလား”

ယွီးရှောင်ရှောင်က ရိုးရိုးလေးပဲ ပြန်ဖြေတယ်။ "ပြတ်နေတဲ့ အကြောတွေကို ပြန်ဆက်ပေးမှာလေ။ ပြီးရင် သူ့ဘာသာသူ ပြန်ပြီး ကျန်းမာလာမှာပေါ့"

သမားတော်ကြီးက ပြောလိုက်တယ်။ "ပြတ်သွားတဲ့အကြောက ပြန်ဆက်လို့ ရတာလား”

ယွီးရှောင်ရှောင်က ပြန်ပြောတယ်။ "အရိုးတောင် ပြန်ဆက်တာပဲ၊ အကြောက ဘာလို့ ပြန်မဆက်ရမှာလဲ”

ကုရှင်းနော့က စိုးရိမ်တကြီး မေးတယ်။ "မင်းသမီးလေးမှာ ဘယ်လောက်အထိ အာမခံချက် ရှိလို့လဲ”

ကုရှင်းလန်က ဝင်ပြောလိုက်တယ်။ "အစ်ကိုကြီး... မင်းသမီးလေးက အကောင်းဆုံး ကြိုးစားမှာပါ"

ယွီးရှောင်ရှောင်ကလည်း ကုရှင်းနော့ကို ခေါင်းညိတ်ပြလိုက်ပြီး "အစ်ကိုကြီး စိတ်မပူပါနဲ့၊ ကျွန်မ အကောင်းဆုံး ကြိုးစားပါ့မယ်" လို့ ပြောလိုက်တယ်။

ကုရှင်းနော့ကတော့ ညီဖြစ်သူရဲ့ မျက်နှာကို ကြည့်ပြီး စကားမပြောနိုင်တော့ဘူး။

ယွီးရှောင်ရှောင်က သမားတော်ကြီးကို လှည့်မေးလိုက်တယ်။ "ထုံဆေး ကျိုပြီးပြီလား”

သမားတော်ကြီးက ဆေးခွက်ကို ယွီးရှောင်ရှောင်ဆီ ကမ်းပေးလိုက်တော့ ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပေးလိုက်ပြီး "သောက်လိုက်ပါ" လို့ ပြောလိုက်တယ်။

ကုရှင်းလန် ဆေးသောက်ပြီး အိပ်ပျော်သွားတော့မှ ကုရှင်းနော့က အခန်းအပြင်ဘက်က စင်္ကြံလမ်းမှာ သွားရပ်နေတော့တယ်။ အိမ်ရှေ့က ပွဲလမ်းသဘင်သံတွေကို ကြားနေရပေမဲ့ သူ့ရဲ့ ရင်ထဲမှာတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေတာပေါ့။

ခန်းဆောင်ထဲမှာတော့ မှန်တွေကတစ်ဆင့် အလင်းပြန်လာတဲ့ မီးရောင်က ကုရှင်းလန်ရဲ့ ခြေချင်းဝတ်ပေါ်ကို ကျနေတယ်။ သမားတော်တွေက ဒါကို ကြည့်ပြီး အံ့သြနေကြတာပေါ့။

ယွီးရှောင်ရှောင်က ပြောလိုက်တယ်။ "ဒါက အလင်းပြန်တဲ့ နည်းပညာလေ"

သမားတော်တွေ ဘာမှ နားမလည်ကြဘူး။ ယွီးရှောင်ရှောင်ကတော့ ဒဏ်ရာကို သေသေချာချာ ပိုးသတ်ပြီး ဓားနဲ့ စပြီး ခွဲစိတ်တော့တယ်။

အချိန်တွေ တစ်နာရီ၊ နှစ်နာရီ ကုန်သွားပြီး အပြင်က ပွဲသံတွေလည်း တိတ်သွားပြီ။ မိုးလည်း စပြီး ရွာလာတော့တာပေါ့။

ကုရှင်းနော့ကတော့ အပြင်မှာ စောင့်ရင်း ရင်တထိတ်ထိတ်နဲ့ပဲ။ အဲဒီအချိန်မှာပဲ အိမ်ရှေ့ကနေ သခင်မကြီးရဲ့ အသံ ထွက်လာတယ်။ "ရှင်းလန်”

ကုရှင်းနော့လည်း ချက်ချင်းပဲ သခင်မကြီးဆီကို ပြေးသွားလိုက်ရတော့တယ်။ သခင်မရွှီကလည်း ကုရှင်းနော့ကို မြင်တာနဲ့ မေးတော့တာပဲ။

"မင်းသမီးက ရှင်းလန်ရဲ့ ကိုယ်ပေါ်မှာ ဓားနဲ့ တကယ် ခွဲနေတာလား”

သခင်မကြီးက အခန်းထဲကို ဇွတ်ဝင်ဖို့ ပြင်နေတာကြောင့် ကုရှင်းနော့က တားလိုက်ရတယ်။

"အဘွား... မင်းသမီးလေးက ရှင်းလန်ကို ကုပေးနေတာပါ။ ကျွန်တော်တို့တွေ အပြင်မှာပဲ စောင့်ကြရအောင်"

သခင်မကြီးက ဒေါသတကြီး အော်လိုက်တယ်။ "ဖယ်စမ်း။ ငါ အထဲဝင်ကြည့်မယ်”

…

အခန်း (၃၀) ဒေါသထွက်နေတဲ့ သခင်မကြီး

ကုရှင်းနော့က သခင်မကြီးကို တားဖို့ ကြိုးစားနေတုန်းမှာပဲ အခန်းတံခါး ပွင့်လာပြီး ဝမ်မောမော ထွက်လာတယ်။

သခင်မကြီးနဲ့ သခင်မရွှီတို့က အထဲကို ချောင်းကြည့်ပေမဲ့ ဝမ်မောမောရဲ့ ကိုယ်လုံးကြီးက တံခါးဝမှာ ပိတ်နေတာကြောင့် ဘာမှ မမြင်ရဘူး။

ဝမ်မောမောက အပြင်ကို ထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်ကာ သခင်မကြီးကို ကြည့်ပြီး ပြောလိုက်တယ်။

"ဘယ်သူကများ သခင်မကြီးကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ။ ဘာလို့ ဒီလောက်အထိ ဆူညံနေရတာလဲ”

သခင်မကြီးလည်း ဝမ်မောမောကို မြင်တော့ နည်းနည်းတော့ ငြိမ်သွားတယ်။ နန်းတော်က လာတဲ့လူဆိုတော့ သူမလည်း လျှော့ပေးရတာပေါ့။

"မင်းသမီးလေးက ရှင်းလန်ကို တကယ် ကုပေးနေတာလား” လို့ မေးရှာတယ်။

ဝမ်မောမောက ပြောလိုက်တယ်။ "ဒီကိစ္စကို အကြီးဆုံးသခင်လေးတောင် သိနေတာပဲ၊ သခင်မကြီးကို မပြောပြထားဘူးလား”

သခင်မကြီးလည်း ကုရှင်းနော့ကို လှည့်ကြည့်လိုက်တော့တာပေါ့။ ကုရှင်းနော့လည်း ဘာမှ မတတ်နိုင်တော့ဘဲ "အဘွား... ဒါက ရှင်းလန်ကိုယ်တိုင် သဘောတူထားတာပါ" လို့ ရှင်းပြရတယ်။

သခင်မကြီးက ပိုပြီး ဒေါသထွက်သွားပြီး "ဒါဆိုရင်လည်း မိသားစုကို ဘာလို့ ကြိုမပြောတာလဲ” လို့ ကုရှင်းနော့ကို ဆူတော့တာပဲ။

ဝမ်မောမောက ပြောလိုက်တယ်။ "ဟော... သခင်မကြီးကလဲ… အကြီးဆုံးသခင်လေးက သမက်တော်ရဲ့ မိသားစုဝင် မဟုတ်လို့လား”

သခင်မကြီးက ဝမ်မောမောကို အဖက်မလုပ်ဘဲ ကုရှင်းနော့ကိုပဲ ဆက်ပြောဆိုနေတော့တယ်။

"မင်းတို့မျက်စိထဲမှာ လူကြီးသူမဆိုတာ မရှိတော့ဘူးလား။ ရှင်းလန်က လူငယ်မို့လို့ မသိနားမလည်တာ ထားဦး၊ မင်းကော ဘာလို့ ဒီလောက်အထိ မိုက်မဲရတာလဲ”

ကုရှင်းနော့က ပြောလိုက်တယ်။ "အဘွား... မင်းသမီးလေးက အထဲမှာ ကုပေးနေတာမို့ ခဏလောက် စောင့်ပေးပါဦး"

သခင်မကြီးက ဇွတ်ဝင်ဖို့ လုပ်နေတာကြောင့် ဝမ်မောမောက အရှေ့ကနေ ပိတ်ရပ်လိုက်ပြီး ပြောလိုက်တယ်။

"သခင်မကြီး... ဒါက မင်းသမီးလေးရဲ့ မင်္ဂလာခန်းဆောင်လေ။ သခင်မကြီးက လူကြီးဆိုပေမဲ့ တော်ဝင်မိသားစုရဲ့ စည်းကမ်းတွေကိုတော့ လိုက်နာသင့်တယ် မဟုတ်လား”

ဝမ်မောမောက မင်းသမီးရဲ့ ဂုဏ်ဒြပ်နဲ့ ဖိပြောလိုက်တာကြောင့် သခင်မကြီးလည်း ရင်ထဲမှာ အောင့်သွားရတယ်။ အခု သူမက အဆင့်မြင့်အရာရှိရဲ့ ဇနီးလည်း မဟုတ်တော့ဘူးဆိုတော့ ဝမ်မောမောကို ပြန်ပြောဖို့ စကားလုံး မရှိတော့ဘဲ တစ်ကိုယ်လုံး တုန်နေတော့တာပေါ့။

သခင်မရွှီက ဝမ်မောမောကို မေးရှာတယ်။ "မောမော... မင်းသမီးလေးက ဆေးပညာ တတ်တာလား”

ဝမ်မောမောက ပြောလိုက်တယ်။ "ဆေးပညာမတတ်ဘဲနဲ့ သမက်တော်ကို ဘယ်လို ကုပေးမှာလဲ”

သခင်မရွှီက ထပ်မေးတယ်။ "မင်းသမီးလေး ဆေးပညာတတ်တာ တို့တွေ တစ်ခါမှ မကြားဖူးဘူးလေ"

ဝမ်မောမောက ပြောလိုက်တယ်။ "မင်းသမီးလေး သိုင်းတတ်တာကော အရင်က ကြားဖူးလို့လား”

အခုတော့ သခင်မရွှီလည်း ဆွံ့အသွားတော့တယ်။

သခင်မကြီးက မေးပြန်တယ်။ "တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်သူ တာဝန်ယူမှာလဲ”

ဝမ်မောမောက ပြောလိုက်တယ်။ "မင်းသမီးလေးက ကိုယ့်ခင်ပွန်းကို ကိုယ်ပြန်သတ်မှာတဲ့လား”

သခင်မကြီးက ကုရှင်းနော့ကို ကြည့်ပြီး အော်တော့တယ်။ "မင်းက ဒီအတိုင်းပဲ ကြည့်နေမှာလား”

ကုရှင်းနော့က သခင်မကြီးကို တားရင်း"အဘွား... ခဏလောက်ပဲ သည်းခံပြီး စောင့်ပေးပါဦး" လို့ တောင်းပန်ရှာတယ်။

သခင်မကြီးကတော့ စိတ်မထိန်းနိုင်တော့ဘဲ ကုရှင်းနော့ရဲ့ ပါးကို တစ်ချက် ရိုက်လိုက်ပြီး "မင်းက မင်းညီလေး သေတာကိုပဲ ထိုင်ကြည့်နေတော့မှာလား” လို့ အော်ဟစ်လိုက်လေတော့တယ်။

…

မင်္ဂလာခန်းဆောင်ထဲမှာတော့ သမားတော်တွေက အပြင်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတာတွေကို နားထောင်ရင်း ခေါင်းငုံ့ပြီး ခွဲစိတ်နေတဲ့ ယွီးရှောင်ရှောင်ကို ကြည့်ကာ ချီးကျူးမဆုံး ဖြစ်နေကြတယ်။ အပြင်မှာတော့ ရန်တောင် ဖြစ်တော့မလို အပြောအဆိုတွေလည်း နားမခံသာအောင် ဖြစ်နေပေမဲ့ မင်းသမီးလေးကတော့ ဘာမှ မကြားသလိုပဲ တည်တည်ငြိမ်ငြိမ် ရှိနေတာ။

အာရုံကို အစွမ်းကုန် စုစည်းထားရတာကြောင့် ယွီးရှောင်ရှောင် တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ။ မျက်လုံးထဲကို ချွေးတွေ ဝင်လာတော့မှ သူမက လက်မောင်းနဲ့ အသာသုတ်လိုက်ပြီး အသက်ဝဝ တစ်ချက် ရှူလိုက်တယ်။

သမားတော်ကြီးက အခွင့်ကောင်းယူပြီး အမြန် မေးလိုက်တယ်။

"မင်းသမီးလေး၊ တတိယသခင်လေးရဲ့ ဒဏ်ရာက ဘယ်လိုနေလဲ”

ယွီးရှောင်ရှောင်က ဖြေလိုက်တယ်။

"မပြီးသေးဘူး”

ယွီးရှောင်ရှောင်ရဲ့ လက်နှစ်ဖက်က ကုရှင်းလန်ရဲ့ ဒဏ်ရာထဲမှာ အလုပ်ရှုပ်နေတာကို ကြည့်ပြီး သမားတော်တွေဟာ ကြက်သီးတဖြန်းဖြန်း ထနေကြတော့တယ်။ သူတို့ရဲ့ အသိပညာက မြားခေါင်း ထုတ်တာတို့၊ အရိုးဆက်တာတို့လောက်ပဲ ရှိတာလေ။ ဒီလိုမျိုး အသားတွေကို လှန်ပြီး လုပ်နေတာကို မြင်တော့ သူတို့ ရင်တုန်နေကြတာပေါ့။

"အဘိုးနဲ့ ဒုတိယဦးလေးကလည်း မူးနေကြပြီ" သခင်မစွင်းက ကုရှင်းနော့ရဲ့ ရှေ့မှာ ကာရပ်ရင်း ခင်ပွန်းဖြစ်သူကို မေးလိုက်တယ်။

"အခု ဘယ်လိုလုပ်ကြမလဲ"

ကုရှင်းနော့လည်း ဘာလုပ်နိုင်မှာလဲ။ သူ့အဘွားကို သူက ပြန်ရိုက်မှာလား။ သူလည်း ဘာမှ မတတ်နိုင်တော့တာကြောင့် ခြိမ်းခြောက်တဲ့ နည်းပဲ သုံးရတော့တယ်။

"အဘွား၊ မင်းသမီးလေးကို ဒေါသထွက်အောင် လုပ်လို့ ရှင်းလန်အတွက် ဘာထူးမှာလဲ”

အဘွားကြီးက ကုရှင်းနော့ရဲ့ အင်္ကျီလက်ကို ဆွဲပြီး မျက်ရည်တွေ ကျမတတ် ပြောတော့တယ်။

"မင်းသမီးက ရှင်းလန်ကို ဘာလုပ်ဖို့ ကြံနေတာလဲ။ သမားတော်တွေက ရှင်းလန်ရဲ့ ဒဏ်ရာက အသားနုတက်နေပြီလို့ ပြောတာကို မင်းသမီးက ဘာလို့ ပြန်ခွဲရတာလဲ။ ဒါက ရှင်းလန်ကို သတ်နေတာပဲ”

ဝမ်မောမောကတော့ တံခါးဝမှာ ရပ်ရင်း အံကြိတ်နေမိတော့တယ်။ သမားတော်တွေက ကုရှင်းလန်ကို တိုးတိုးတိတ်တိတ် ပြောခဲ့တဲ့ စကားတွေကို ဒီအဘွားကြီးက ဘယ်လို သိနေတာလဲ။ သူတို့ဆီမှာ အရိပ်ကိုယ်ရံတော် နှစ်ယောက် ရှိနေလို့ အထဲက အကြောင်းတွေကို သိနိုင်ပေမဲ့ ဒီအဘွားကြီးကလည်း အထဲမှာ လူယုံ ထည့်ထားတာလား။

ကုရှင်းနော့က ပြောလိုက်တယ်။ "ဒါက ဘာစကားလဲ အဘွား။ မင်းသမီးလေးက ရှင်းလန်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး”

အဘွားကြီးက ပြန်အော်တယ်။ "သူက ရှင်းလန်ရဲ့ ဆေးကိုတောင် သွန်ပစ်လိုက်တာလေ”

ကုရှင်းနော့က ချင်းယွိကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့တယ်။ ချင်းယွိကတော့ အဘွားကြီးရဲ့ နောက်မှာ ခေါင်းငုံ့ပြီး ရပ်နေတုန်းပဲ။

အဘွားကြီးကတော့ အထဲကိုပဲ ဝင်ကြည့်ချင်နေတုန်းပဲ။ သူ့မြေးလေးက သနားဖို့ ကောင်းရှာတယ်။ ငယ်ငယ်ကတည်းက အဖေ ဆုံးခဲ့ရပြီး လူငယ်ဘဝမှာ စစ်ထဲဝင်ခဲ့ပေမဲ့ လူယုတ်မာတွေကြောင့် ခြေထောက်နှစ်ဖက်လုံး မကောင်းတော့ဘူး။ အခုမှ လက်ထပ်ရတဲ့ ဇနီးလက်ထဲမှာပဲ ထပ်ပြီး အသက်ဆုံးရမယ်ဆိုရင် သူမ နောက်ဘဝရောက်ရင် သူ့သားကို ဘယ်လို မျက်နှာပြရမှာလဲ။

အဘွားကြီးက အထဲကို ဇွတ်ဝင်ဖို့ လုပ်တော့ အရိပ်ကိုယ်ရံတော် ရှောင်ကျွမ်းနဲ့ ရှောင်ဝေတို့က ဝမ်မောမော ရှေ့မှာ ကာရပ်လိုက်ကြတယ်။ သူတို့ရဲ့ လက်တွေက ဓားရိုးပေါ်မှာ ရှိနေပြီး အဘွားကြီး ရှေ့တိုးတာနဲ့ ဓားထုတ်မဲ့ ပုံစံပဲ။

အဘွားကြီးလည်း ဒေါသရော၊ စိတ်ပူတာရော ပေါင်းပြီး အော်ငိုပါလေရော။

ဝမ်မောမောကတော့ တံခါးဝမှာ နတ်ရုပ်လို ရပ်နေတယ်။ အဘွားကြီးရဲ့ နည်းလမ်းတွေက နန်းတော်ထဲက မိဖုရားတွေနဲ့ ယှဉ်ရင်တော့ ကလေးကစားစရာပဲ။ အော်ငိုပြီး တို့မင်းသမီးလေးကို သိက္ခာချဖို့ လုပ်နေတာလား။ သူမကတောင် ဒီအဘွားကြီးက မင်းသမီးကို စော်ကားတယ်လို့ ပြန်ပြောရဦးမယ်။ ဝမ်မောမော ပြောလိုက်လေရဲ့။ "ဘယ်သူမှ မလှုပ်နဲ့။ တို့တွေ ဒီအဘွားကြီး ဘာတွေ ဆက်လုပ်မလဲ ကြည့်ကြတာပေါ့”

ရှောင်ကျွမ်းက မေးလိုက်တယ်။ "တကယ်လို့ အဘွားကြီးက တက်လာရင် တကယ် လက်ပါရမှာလား”

"အကြီးဆုံးသခင်လေးက တားနေတာပဲ” လို့ ဝမ်မောမောက ကုရှင်းနော့ကို သနားသလို ကြည့်ရင်း ပြောလိုက်တယ်။ ကုအိမ်တော်က အဘွားကြီးက စစ်သူကြီးသမီး ဆိုတော့ လုပ်ချင်ရာ လုပ်တတ်တာပဲ။

ဝမ်မောမော ပြောလိုက်သည်။

"အကြီးဆုံးသခင်လေးကလည်း စစ်သူကြီး တစ်ယောက်ဖြစ်ပြီးတော့ အခုတော့ မြေးတစ်ယောက်လိုပဲ အဆူခံနေရတယ်လေ”ဝမ်မောမောက သက်ပြင်းချလိုက်လေရဲ့။

…

All Chapters