← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉)

ဖရဲသီးစားခြင်းစနစ်သည် ဆရာတူအစ်ကိုကြီးအား “တကယ်ကို ပြီးဆုံးတော့မည့်” အဖြစ် ဖော်ပြခဲ့သည်။ ထိုဝါကျသည် နဉ်ရွှီ၏နားများသို့ ရောက်ရှိလာသောအခါ သူမသည် သူမ၏အစ်ကိုကြီးသည် သေလုနီးပါးဖြစ်နေသည်ဟု နားလည်သွားခဲ့သည်။

နဉ်ရွှီသည် ခဏတာ တုန်လှုပ်သွားခဲ့ပြီး ဖရဲသီးစားခြင်းစနစ်အား “သူ့ကို… တကယ် မကယ်တင်နိုင်တော့ဘူးလား?”

နဉ်ရွှီသည် နောက်ဆုံးတွင် ၎င်းနှင့်ပြန်လည် စကားပြောခဲ့သည်ကို မြင်သောအခါ ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလာ၏။ [မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အနည်းဆုံး နှစ်ပေါင်းတစ်ရာလောက် အနားယူဖို့ လိုလိမ့်မယ်။] ကျင့်ကြံခြင်းလောကတွင် နှစ်တစ်ရာသည် တိုတောင်းသော အချိန်တစ်ခုမဟုတ်ပေ။

ထို့နောက် ဖရဲသီးစားခြင်းစနစ်သည် [ဒါက ခိုးကူးထားတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံခြင်းရဲ့ ရလဒ်ပဲ!] ဟူ၍ ရေရွတ်ခဲ့သည်။

[အကောင်းဆုံးကတော့ ကျရှုံးမှာ၊ အဆိုးဆုံးကတော့ သေဆုံးမှာ!]

အခြားသူများ: “…”

နဉ်ရွှီက လူတိုင်းသိချင်နေသော မေးခွန်းကိုမေးမြန်းခဲ့၏။ “အစ်ကိုကြီးရဲ့ အခြေအနေက ပြင်းထန်လား၊ မပြင်းထန်ဘူးလား?”

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့သည်။ [သူက မပြင်းထန်တာနဲ့ ပြင်းထန်တာရဲ့ ကြားက အခြေအနေမှာ ရှိနေတယ်။]

အခြားသူများ: “!!!”

နောက်ဆုံးတွင် အစ်ကိုကြီးကို သူ၏ ဂိုဏ်းဖော်များက သယ်ဆောင်လာခဲ့သည်။ သူတို့ဘယ်ကို ခေါ်သွားသည်ကိုမူ နဉ်ရွှီ မသိခဲ့ပေ။

ကြိုဆိုပွဲတွင် ဤအဖြစ်အပျက်လေးကြောင့် ပွဲသည် ရုတ်တရက် နိဂုံးချုပ်ခဲ့ရ၏။

စားသောက်ပွဲတွင်ရှိသော အရသာရှိသည့် အစားအစာများ အများအပြားကို သိပ်မထိခဲ့ကြပေ။

ဝမ့်အန်း တောင်ထိပ်၏တပည့်များသည် ရှင်းလင်းခြင်းကို စတင်သောအခါ နဉ်ရွှီသည် ရှေ့သို့တိုးလာပြီး “ကျန်တဲ့ အစားအစာတွေကို ကျွန်မ ယူသွားလို့ရမလား?”

ရှင်းလင်းရေး တာဝန်ခံတပည့်သည် တောင်းဆိုမှုကြောင့် အံ့အားသင့်သွားခဲ့ပြီး “ရပါတယ်! ဒီဟင်းလျာတွေကို မယူသွားရင် အလဟဿဖြစ်သွားလိမ့်မယ်။ တာအိုမိတ်ဆွေ၊ မင်း ကြိုက်တာကို ယူသွားပါ”

“ကျေးဇူးတင်ပါတယ်။”

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်က တောင်းဆိုခဲ့သော ဟင်းလျာများ အများအပြားကို ထုပ်ပိုးခဲ့၏။ ပြီးဆုံးပြီးနောက် သူမသည် အချိန်နောက်ကျနေပြီဖြစ်သည်ကို သိရှိသွားခဲ့သည်။ ထို့နောက် သူမသည် သူမ၏မိတ်ဆွေများအား နှုတ်ဆက်ခဲ့ပြီး မြောက်နှင့်တောင်တောင်ထိပ်သို့ ပြန်လာခဲ့တော့သည်။

သူမ၏မြက်တဲငယ်သို့ ပြန်ရောက်သောအခါ နဉ်ရွှီသည် သူမ၏သိုလှောင်လက်စွပ်မှ သိုးသားဟင်းချိုနှင့် အခြားအစားအစာများကို ထုတ်ယူခဲ့သည်။ ပန်းကန်များနှင့် ဟင်းချိုများနှစ်ခုလုံးကို ယူဆောင်လာခဲ့ပေသည်။

ထိုညစားသောက်ပွဲတွင်ရှိသော အစားအစာများသည် အရောင်အဆင်း၊ မွှေးရနံ့နှင့် အရသာများဖြင့် ပြည့်နေ၏။ ကြွယ်ဝသော မွှေးရနံ့ကြောင့် ဖြစ်နိုင်သည်၊ ဝက်ညီလေးဟာ လဲလျောင်းနေရာမှ ရပ်လာခဲ့သည်။

သူသည် သူ၏ ဝက်နှာခေါင်းဖြင့် လေကိုရှူရှိုက်လိုက်ချေသည်။ နဉ်ရွှီအား အလျင်စလိုလုပ်ရန် တိုက်တွန်းသကဲ့သို့ နှစ်ကြိမ် နှာမှုတ်ခဲ့လေသည်။

ဝက်ညီလေးသည် စိတ်မရှည်ဖြစ်မည်ကို စိုးရိမ်သောကြောင့် နဉ်ရွှီသည် သူမ ထုပ်ပိုးခဲ့သော အစားအစာများ အားလုံးကို သူ့ ရှေ့တွင်တိုက်ရိုက် ချထားပေးခဲ့သည်။

မကြာမီ သူမသည် “လေသည် တိမ်များကို သုတ်သင်ခြင်း” ၏ အမှန်တကယ် အဓိပ္ပာယ်ကို မျက်မြင်တွေ့ခဲ့ရတော့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝက်ညီလေး၏ပါးစပ်သည် ပွင့်ပြီး ပိတ်လိုက်ရုံဖြင့် သူသည် အစားအစာ အများစုကို ဝါးမျိုသွားခဲ့၏။

“ဝက်ညီလေး၊ နင်…”

ဝက်ညီလေး ပို၍မြန်မြန် စားနေသည်ကို မြင်သောအခါ နဉ်ရွှီသည် ခဏတာ ရပ်တန့်သွားခဲ့ပြီး သူမ၏ ဝါကျကိုဖြည်းဖြည်းချင်း အဆုံးသတ်ခဲ့သည်။ “ဖြည်းဖြည်းစား။”

သူမသည် နောက်ဆုံး စကားလုံးကိုပြောလိုက်သည်နှင့် သူမ၏ရှေ့ရှိ အစားအစာများ အားလုံးသည် ပျောက်ကွယ်သွားခဲ့သည်။

ပြီးဆုံးပြီးနောက် ဝက်ညီလေးသည် လှည့်ပြီး ပြန်လည် လဲလျောင်းခဲ့တော့သည်။

နဉ်ရွှီ: “…”

ဖရဲသီးစားခြင်းစနစ်: [!!!]

တစ်မိနစ်ကြာသွားခဲ့သော်လည်း ဝက်ညီလေးသည် လှုပ်ရှားခြင်း၏လက္ခဏာများ မပြခဲ့ပေ။

ဆယ့်ငါးမိနစ်ကြာသွားခဲ့သော်လည်း ဝက်ညီလေးသည် ဟောက်ခြင်းကိုသာ စတင်ခဲ့လေ၏။

နာရီဝက်ကြာသွားခဲ့သော်လည်း ဝက်ညီလေးသည် ကောင်းစွာ အိပ်ပျော်နေခဲ့ပြီး တစ်ခါတစ်ရံ ဟောက်နေခဲ့သည်။ အိပ်မက်ကောင်းများမက်နေခြင်း ဖြစ်နိုင်ပေသည်။

ဤအချက်တွင် ဖရဲသီးစားခြင်းစနစ်သည် သည်းမခံနိုင်တော့ပေ။ ၎င်းသည် ကျယ်လောင်စွာ ညည်းညူလာတော့သည်။ [ဘာလို့ အဲဒီ အားဖြည့်ဟင်းချိုက ဘာအကျိုးသက်ရောက်မှုမှ မရှိရတာလဲ?!]

[ဝက်ညီလေး၊ နင်ဘာဖြစ်နေတာလဲ?]

[နင်က အရမ်းဖြူစင်နေလို့ ဖုန်မှုန့်တွေနဲ့ မထိတွေ့ချင်တာလား?!]

[နင် ဝက်ကလေးတွေ မလိုချင်ဘူးလား?]

[ဝက်ညီလေး၊ တစ်ခုခု ပြောပါဦး!]

ဝက်ညီလေးထံမှ တုံ့ပြန်မှုမှာ အလွန်ကျယ်လောင်သော ဟောက်သံတစ်ခုသာ။

ဝက်ညီလေးနှင့် အရှုံးကိုတွေ့ကြုံပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် နောက်နှစ်ရက် အတွင်းစိတ်ဝင်စားမှု ပျောက်ဆုံးသွားပုံရသည်။

ဤနှစ်ရက်အတွင်း ၎င်းသည် ဝက်ညီလေးအကြောင်း ဆက်တိုက်ရေရွတ်နေခဲ့၏။

[ဝက်ညီလေးက ဘယ်လိုလုပ်အားဖြည့်ဟင်းချိုတွေ အများကြီး သောက်ပြီး ဘာမှ တုံ့ပြန်မှုမရှိရတာလဲ? အားဖြည့်စာ မလုံလောက်လို့လား?]

[သူက ဒီဘဝမှာ စားသောက်တာကလွဲလို့ တခြားဘာကိုမှမလိုချင်လောက်အောင် ပျင်းနေတာလား?]

[သူက နဝမအဆင့် စိတ်ဝိညာဉ်သားရဲ တစ်ကောင်ပဲ၊ ဒါ့အပြင် သူက…]

ဖရဲသီးစားခြင်းစနစ်သည် ၎င်း၏ဝါကျကို ဆက်မပြောခဲ့ပေ။

၎င်းသည် ဤအတွေးများကို လွန်ခဲ့သော နှစ်ရက်အတွင်း အကြိမ်ပေါင်းများစွာ ပြန်လည်ပြောဆိုခဲ့၏။

ပထမတွင် နဉ်ရွှီသည် နားထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် မည်သည့် တုံ့ပြန်မှုမှ မလိုအပ်သောကြောင့် သူမသည် ပေါ့ပေါ့ပါးပါး ထားလိုက်ခဲ့သည်။

ဂိုဏ်းက မှောင်ခိုဈေးကွက်ကို ကျင်းပသည့်နေ့ရောက်မှ ဖရဲသီးစားခြင်းစနစ်သည် ပြန်လည် အားအင်ပြည့်ဝလာခဲ့သည်။

၎င်းသည် တက်ကြွစွာ “host၊ နင်က အထွေထွေခန်းမဆောင်ကနေ ဟန်ဆောင်ဆေးပြားကို လဲလှယ်ပြီးပြီဆိုတော့ နင်ဒီတစ်ကြိမ် ဘာအဖြစ် ဟန်ဆောင်ဖို့ စီစဉ်ထားလဲ?”

နဉ်ရွှီသည် မဖြေခဲ့သော်လည်း မကြာမီ သူမ၏အဖြေကို လုပ်ရပ်ဖြင့် ပြသခဲ့ပါသည်။

သူမအောင်မြင်စွာ ဟန်ဆောင်ပြီးနောက် ဖရဲသီးစားခြင်းစနစ်က အံ့အားသင့်သွားခဲ့ပြီး [ဒီလောက်တောင် ခန့်ညားတာလား?] ဟူ၍ ချီးကျူးခဲ့တော့သည်။

နဉ်ရွှီသည် နေရာတွင် လှည့်ပတ်ပြီး သူမ၏အသွင်အပြင်အသစ်ကို သဘောကျနေခဲ့သည်။ “ငါဂိမ်းတစ်ခုမှာ တစ်ချိန်က ကစားဖူးတဲ့ ဇာတ်ကောင်တစ်ခုကို ပုံစံယူခဲ့တာ။”

ထိုအချိန်တွင် နဉ်ရွှီသည် ဆံပင်ရှည်ရှည် အေးစက်စက် ယောက်ျားလေးတစ်ယောက်အဖြစ် ဟန်ဆောင်ခဲ့သည်။ သူမ၏ ဆံပင်မှာ အနည်းငယ် လှိုင်းထနေခဲ့ပြီး သူမ၏ မျက်လုံးများမှာ ကျဉ်းမြောင်းနေ၏။ အေးစက်သော အရှိန်အဝါတစ်ခုကို ဖော်ပြနေပေသည်။ သူမမျက်နှာတွင် အမာရွတ်တစ်ခုပင်ရှိနေသည်။ ၎င်းသည် သူမ၏ ခန့်ညားသောပုံပန်းသွင်ပြင်ကို မပျက်စီးစေဘဲ တင်းမာမှု၏ အရိပ်အယောင်အား ထပ်ပေါင်းပေးခဲ့၏။ သူမသည် သူမ၏အမျိုးသမီး ဝတ်ရုံကို အနီရောင်၊ အဖြူရောင်နှင့် အနက်ရောင် ဝတ်ရုံအဖြစ် ပြောင်းလဲခဲ့သည်။ သူမ၏အရပ်သည် ၁.၇ မီတာမှ ၁.၈ မီတာသို့ပင် မြင့်တက်သွားခဲ့လေ၏။

မင်ယွဲ့ဓားကို သာမန်သံဓားတစ်ခုနှင့် အစားထိုးခဲ့သည်။

သံဓားကို ကိုင်ထားပြီး ဓားကို မြေပြင်သို့ ညွှန်ပြထားသောကြောင့် သူမသည် ဓားကိုင် အမျိုးသားကျင့်ကြံသူတစ်ဦးနှင့် တကယ်ဆင်တူနေခဲ့သည်။

ပြင်ဆင်ပြီးနောက် နဉ်ရွှီသည် လူမရှိခြင်းကို အခွင့်ကောင်းယူပြီး သူမ၏ အသွင်သဏ္ဍာန်အသစ်ဖြင့် မှောင်ခိုဈေးကွက်သို့ သွားရောက်ခဲ့လေ၏။

သူမ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသည်နှင့် သူမသည် စောစောမရောက်ရှိကြောင်း သိရှိသွားခဲ့သည်။ ဂိုဏ်း၏တပည့်များအများစုသည် ဆိုင်ခန်းများကိုပင် ပြင်ဆင်ပြီး အခြားသူများအား သူတို့၏ကုန်ပစ္စည်းများကို ဝယ်ယူရန် ဖိတ်ဝေါ်နေခဲ့ကြသည်။

ဖရဲသီးစားခြင်းစနစ်က ရယ်မောခဲ့သည်။ [ဒီမှာ ဘာရတနာတွေ ရှိလဲဆိုတာ ငါကြည့်လိုက်မယ်။]

ဖရဲသီးစားခြင်းစနစ် လေ့လာနေစဉ် နဉ်ရွှီသည် အတွင်းသို့ ဆက်လက် လျှောက်သွားခဲ့သည်။ တစ်ခါတစ်ရံတွင် ရပ်တန့်ပြီး သူမ၏ ဂိုဏ်းဖော်များ ရောင်းချနေသည်ကို စစ်ဆေးခဲ့သည်။ အများစုမှာ သာမန်ကုန်ပစ္စည်းများ ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် သူမ မမြင်ဖူးသော အရာအချို့ကို တွေ့ရှိခဲ့ပါသည်။

ထိုအခါ သူမ မမှတ်မိသော ပစ္စည်းများအတွက် သူမသည် ဖရဲသီးစားခြင်းစနစ်အား မေးမြန်းခဲ့လေသည်။

ဗလာဖြစ်နေသော ဆိုင်ခန်းကို ကျော်ဖြတ်ပြီးနောက် သူမသည် ထိုင်ချခဲ့ပြီး သူမ ရေးဆွဲခဲ့သော ဖောက်ခွဲရေး အဆောင်များကို စတင်ရောင်းချခဲ့တော့၏။

ဖောက်ခွဲရေး အဆောင်ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ နှုန်းဖြင့် စျေးနှုန်းသတ်မှတ်ထား၏။ ၎င်းသည် တော်တော်လေး သင့်လျော်သည့် စျေးနှုန်းပင်။

အလားတူ ဖောက်ခွဲရေးအဆော်တစ်ခုကို အခြားနေရာများတွင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀ဖြင့် ရောင်းချခဲ့သည်။ ၎င်းသည် အကျိုးသက်ရောက်မှု ပိုနည်းလေ၏။

သူမ၏ဖောက်ခွဲရေးအဆောင်ကို အသုံးပြုသော မည်သူမဆိုသည် ၎င်းကို ချီးကျူးလိမ့်မည်!

ဤတစ်ကြိမ်တွင် နဉ်ရွှီသည် ဂိုဏ်းအား ပြန်လည်ပေးဆပ် နေခြင်းလည်းဖြစ်ပေ၏။

သူမ၏ ဖောက်ခွဲရေး အဆောင်များဖြင့် သူမဂိုဏ်းဖော်များ၏လျှို့ဝှက်နယ်မြေတွင် ရှင်သန်နိုင်စွမ်းသည် သိသိသာသာ တိုးလာလိမ့်မည်။ ကျင့်ကြံသူများအတွက် အရေးအကြီးဆုံးအရာမှာ အခြားဘာကိုမှ မပြောမီ သူတို့၏အသက်ကို ထိန်းသိမ်းခြင်းဖြစ်သည်။ မဟုတ်ပါက အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သွားလိမ့်မည်။

သူမ၏ ဂိုဏ်းဖော်များသည် ထိုးထွင်းသိမြင်မှုရှိခြင်း သို့မဟုတ် အခြားအကြောင်းပြချက် တစ်ခုကြောင့်လားဆိုတာ မရှင်းသော်လည်း မကြာမီ သူမ၏ဖောက်ခွဲရေးအဆောင်များ အားလုံးသည် ရောင်းကုန်သွားခဲ့၏။

မရရှိခဲ့သူများသည် စောစောရောက်လာခဲ့လျှင်ကောင်းမှာဟူ၍ နောင်တရစွာ သက်ပြင်းချခဲ့ကြ၏။

ဝယ်ယူခဲ့သူများသည် အဆောင်များကို သူတို့၏သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်ခဲ့ကြသည်။

နဉ်ရွှီသည် စက္ကန့်အနည်းငယ် အနားယူခဲ့ပြီး သူမ၏ စိတ်ထဲတွင် ဖရဲသီးစားခြင်းစနစ်အား “ဂိုဏ်းဖော်တွေက အတော်လေး အမြင်ရှိပုံရတယ်။ ငါတို့ကျန်ရှိတာတွေကို ရွေးချင်ရင် လွယ်မှာမဟုတ်လောက်ဘူး”

လေ့လာခြင်းကို ပြီးဆုံးခဲ့သော ဖရဲသီးစားခြင်းစနစ်က သဘောတူခဲ့သည်။ [တကယ်ပဲ၊ မလွယ်ဘူး။]

[ငါ ဆိုင်ခန်းအားလုံးကို စကန်ဖတ်ပြီးပြီ။]

နဉ်ရွှီဟာ ဖရဲသီးစားခြင်းစနစ်သည် ဤမျှတိုတောင်းသော အချိန်အတွင်းဆိုင်ခန်းများ အားလုံးကို စကန်ဖတ်ခြင်းအား ပြီးစီးခဲ့သည်ကို မျှော်လင့်မထားခဲ့ပေ။

သူမသည် ဘာမှမပြောခဲ့ဘဲ စနစ်၏ နောက်စကားလုံးများကိုသာ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။

ဖရဲသီးစားခြင်းစနစ်သည် မဆိုင်းမတွပင် [အခြေခံအားဖြင့် ဒါတွေအားလုံးက အမှိုက်တွေပါပဲ။]

[တန်ဖိုးရှိတာ ဘာမှမရှိဘူး။]

ထို့နောက် ၎င်းက [ဒါပေမဲ့…]ဟူ၍ ဖြည့်စွက်လာခဲ့၏။

ဤ ပြောင်းလဲမှုကိုကြားသောအခါ နဉ်ရွှီက “ဒါပေမဲ့ ဘာလဲ?”

[ဒါပေမဲ့၊ ငါ အမှိုက်များစွာထဲက ရတနာတစ်ခုကို ရှာတွေ့ခဲ့တယ်။]

ထိုအရာကိုပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်သည် [နင် ယုံနိုင်လား? ဒီဆိုင်ခန်းတွေ အားလုံးနဲ့ ဒီပစ္စည်းတွေ အားလုံးထဲမှာ ရယူဖို့ ရတနာတစ်ခုပဲ ရှိတယ်! တစ်ခုပဲ! ဝမ့်ရှင်းဂိုဏ်းရဲ့ ကံက တကယ်ဆိုးဝါးတယ်၊ တပည့်တွေကလည်း ရတနာတစ်ခုတောင် မတွေ့နိုင်လောက်အောင်ကံဆိုးကြတယ်။] ဟူ၍ ကျိန်ဆဲပြောဆိုခဲ့လေ၏။

နဉ်ရွှီ: “!!!”

အခြားသူများ: “!!!” ကျိန်ဆဲတာကို ရပ် ရပ်လိုက်။

ဒါပေမဲ့ ခဏလေး၊ တကယ် ရတနာ တစ်ခုရှိတယ်လား?!

နဉ်ရွှီမှာမူ စိတ်ကျေနပ်မှုရှိနေဆဲဖြစ်ပါသည်။ သူမက “ရတနာတစ်ခုရှိနေတာ ကောင်းပါတယ်။”

“ဘယ်မှာလဲ? ငါတို့ နောက်ကျရင် ယူနိုင်မှာမဟုတ်ဘူး။”

ဖရဲသီးစားခြင်းစနစ်က လျှို့ဝှက်ဆန်းကြယ်သော တုံ့ပြန်မှုတစ်ခုကို ပေးလာ၏။ [စိတ်မပူပါနဲ့၊ ဒီရတနာကို… ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး။]

ဘယ်သူမှ လိုချင်မှာ မဟုတ်ဘူး?

ဘာကြောင့်လဲ?

နဉ်ရွှီသည် သူမ၏ နှလုံးသားထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု တိုးပွားလာသည်ကို ခံစားခဲ့မိသည်။

သူတို့သည် ရတနာတစ်ခုကို ရှာတွေ့ခဲ့သော်လည်း ဖရဲသီးစားခြင်းစနစ်သည် ထင်ရှားသော အထင်အမြင်သေးမှုကို ပြသနေပေသည်။

အရင်ကကဲ့သို့ပင် ၎င်းသည် ရွေးချယ်မှုကို နဉ်ရွှီအားပေးခဲ့၏။

[သတင်းကောင်းတစ်ခု၊ သတင်းဆိုးတစ်ခုရှိတယ်။ ဘယ်တစ်ခုကို အရင်ကြားချင်လဲ?]

နဉ်ရွှီသည် ဤတစ်ကြိမ် သတင်းကောင်းကို အရင်ကြားရန် ရွေးချယ်ခဲ့သည်။ လွန်ခဲ့သော အချိန်က သူမသည် သတင်းဆိုးကို အရင်ကြားရန် ရွေးချယ်ခဲ့သော်လည်း နောက်ဆုံးတွင် အံ့အားသင့်စရာမရှိခဲ့ပေ။ ထို့ကြောင့် ဤတစ်ကြိမ်တွင် သူမသည် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့တော့၏။

“သတင်းကောင်းကို အရင်နားထောင်မယ်။”

ဖရဲသီးစားခြင်းစနစ်သည် ချက်ချင်းပြောလာ၏။ [သတင်းကောင်းကတော့ အဲဒီရတနာက နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်အနှစ်သာရပဲ။]

ဘာ?!

နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဝိညာဉ်အနှစ်သာရ?

ဤအရာသည် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေလေသည်။ အပိုင်းအစလေး တစ်ခုပင် လေလံပွဲတွင် မရေမတွက်နိုင်သော စျေးနှုန်းကို ရရှိနိုင်ပါသည်။

နဉ်ရွှီ၏ မကောင်းသော အငွေ့အသက်သည် ပို၍ အားကောင်းလာတော့သည်။ “ဒါဆို သတင်းဆိုးကဘာလဲ?”

[သတင်းဆိုးကတော့… ဒီနှစ်တစ်ရာ သက်တမ်းရှိတဲ့ ဝိညာဉ် အနှစ်သာရက အနှစ်တစ်ရာကျော်ကြာ မစင်တွင်းထဲမှာရှိနေခဲ့ပြီး အဝါရောင်တောင်ဖြစ်နေပြီ။]

နဉ်ရွှီ: “…”

အခြားသူများ: “…”

အဝါရောင် ဖြစ်နေပြီ…

ဖရဲသီးစားခြင်းစနစ်၏ဖော်ပြချက်များသည် အမြဲတမ်း ထိုမျှ ထင်ရှားပြီး တိကျလှပါသည်။ ၎င်းသည် ချက်ချင်း စိတ်ထဲ၌ပင်ပုံရိပ်ကို ဖန်တီးပေးနိုင်၏။

ဤအလှည့်အပြောင်းသည် ပုံမှန် တည်ငြိမ်သော နဉ်ရွှီကိုပင် တိတ်ဆိတ်စေတော့သည်။

ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီ၏သန့်ရှင်းမှုအား အနည်းငယ် စွဲလမ်းခြင်းကို သိရှိသောကြောင့် သူမသည် နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ် အနှစ်သာရကို စားရန်ခက်ခဲလိမ့်မည်ကို သဘာဝအတိုင်း သိရှိသွားခဲ့၏။

နဉ်ရွှီ ကိုယ်တိုင်ဆိုဖွယ်မရှိ ဖရဲသီးစားခြင်းစနစ်ပင်လျှင် သူမကို စားရန် အကြံမပေးခဲ့ပေ။ မစင်တွင်း၏အတွေ့အကြုံကြောင့် နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ်အနှစ်သာရသည်ပင် ထိုမျှ အဖိုးတန်သည်ဟု မခံစားရတော့ပေ။

ခဏတာ တိတ်ဆိတ်မှုပြီးနောက် နဉ်ရွှီက “နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဝိညာဉ် အနှစ်သာရရဲ့ အသုံးဝင်တာ‌လေးတွေ ပိုပြောပြပါဦး”

[အဲ့တာကို ဝိညာဉ်စွမ်းအားသန့်စင်ဖို့အတွက် အသုံးပြုနိုင်တယ်။ နှစ်ထောင်ချီ၊ သောင်းချီ သက်တမ်းရှိတဲ့ဟာလောက်က သိပ်ထိရောက်မှုမရှိပေမဲ့၊ ဒါကရဖို့ ခက်တာဖြစ်‌နေတုန်းပဲ။]

နဉ်ရွှီ: “ဒါဆို နင်ဘယ်လိုလုပ်ချင်လဲ?”

ဖရဲသီးစားခြင်းစနစ်က မဆိုင်းမတွ ပြန်ဖြေလာ၏။ [ငါ လုပ်ချင်တာက ဒါကို ယူလိုက်၊ ပြီးတော့ လေလံပွဲကိုယူသွား။ အခြားသူတစ်ယောက်ကို စားခိုင်းလိုက်!] နင်ကိုယ်တိုင် စားဖို့ ခက်ခဲရင် အမှန်တရားကို မသိတဲ့တခြားတစ်ယောက်ကို စားခိုင်းလိုက်ရုံပဲလေ။ ဘာပဲဖြစ်ဖြစ်၊ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် တခြားဘာမှ မလိုအပ်တော့ဘူး!

နဉ်ရွှီ: “…”

အခြားသူများ: “!!!”

ဖရဲသီးစားခြင်းစနစ်သည် မျှော်လင့်ထားသကဲ့သို့ ထိုသို့သော အတွေးတစ်ခုကို ပိုင်ဆိုင်သော တစ်ဦးတည်းသောစနစ်ပင်!

အခန်း (၃၀)

ဖရဲသီးစားခြင်းစနစ်အတွက်မူ အခြားသူများကို လှည့်စားနိုင်လျှင်ပင် ၎င်း၏လူများကို လှည့်စားမည်မဟုတ်သည်မှာ သေချာပါသည်။ အခြားသူများကို လှည့်စားတာက တကယ် လှည့်စားတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား? မဖြစ်နိုင်ပါဘူး။

ဤအချိန်တွင် နဉ်ရွှီကနှလုံးသားကို ထိမှန်စေသော မေးခွန်းတစ်ခုကို မေးခဲ့သည်။ “ဒီဂိုဏ်းဖော်က ဒီ…ထူးဆန်းတဲ့ အပေါ်ယံအလွှာနဲ့ ဖုံးအုပ်ထားတဲ့…နှစ်တစ်ရာ သက်တမ်းရှိတဲ့ဝိညာဉ် အနှစ်သာရကို ဘာလို့ကောက်ယူခဲ့တာလဲ?”

ဤမေးခွန်းကို ကြားသောအခါ ပျင်းရိစွာ လှည့်လည်နေသော တပည့်များနှင့် မလှည့်လည်နေသော တပည့်များများသည် တိတ်ဆိတ် သွားခဲ့ကြရသည်။

ဟုတ်ပါသည်။ ဘာလို့ ဤတာအို မိတ်ဆွေက ဒီလို အရာတစ်ခုကို ကောက်ယူခဲ့တာလဲ?

ဤအချက်တွင် ဖရဲသီးစားခြင်းစနစ်က ကျေနပ်အားရစွာ ပြန်ဖြေလိုက်၏။ [ဘာလို့လဲဆိုတော့ အပေါ်ယံအလွှာက အရမ်းကို ထူးခြားပြီး လှပနေလို့လေ၊ တောက်ပတဲ့ ရွှေဝါရောင်လေ။ မူလက သာမန်…. နင် သိတဲ့အတိုင်းပဲ၊ ဒါပေမဲ့ တစ်ချိန်က နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်အနှစ်သာရရဲ့ အရှိန်အဝါကို စုပ်ယူလိုက်တဲ့အခါ အဲ့တာရဲ့ အနှစ်သာရအချို့ကို ရရှိခဲ့တယ်။]

[အနည်းဆုံး အပြင်ပန်းမှာတော့ အဲ့တာကအပြစ်အနာအဆာ မရှိသလိုပါပဲ။]

[ဒီတာအိုမိတ်ဆွေက အဲဒါကို မြင်လိုက်တဲ့အခါ ရတနာတစ်ခုလို့ ထင်ပြီး ချက်ချင်း ယူလိုက်တာ။ ဟုတ်တယ်၊ သူ(မ)က အပေါ်ယံအလွှာပါတဲ့ ဝိညာဉ်အနှစ်သာရကို ကောက်ယူလိုက်တဲ့တော့ အနှစ်သာရက မစင်‌တွင်းထဲ မနေရတော့ဘူးလေ။]

[အရင်ပိုင်ရှင်က သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေး မနိုးထသေးတဲ့ သားရဲဝိညာဉ်ပဲ]

နဉ်ရွှီ: “…”

သူမသည် လူတိုင်း သိလိုသော မေးခွန်းကို ဆက်လက် မေးမြန်းခဲ့၏။ “သူ(မ)က ဒါကို ရတနာတစ်ခုလို့ထင်တယ်ဆိုပြီး ဘာလို့ ရောင်းချတာလဲ?”

ဤတစ်ကြိမ်မှာတော့ ဖရဲသီးစားခြင်းစနစ်ပင်လျှင် ခဏတာ တိတ်ဆိတ်နေခဲ့ရသည်။

အချိန်အကြာကြီး နားပြီးနောက် ၎င်းသည် အမှန်တရားကို ပြောပြလာသည်။ [ဘာကြောင့်လဲဆိုတော့ အဲဒါက အရမ်းကိုနံနေလို့ပဲ။]

နဉ်ရွှီ: “!!!”

လူတိုင်း: “!!!”

ဒါက မှန်ကန်တဲ့ အကြောင်းပြချက်ပါပဲ!

ဖရဲသီးစားခြင်းစနစ်က ရယ်မောလိုက်ချေသည်။ [အပြင်ပန်းမှာတော့ အပေါ်ယံအလွှာပါတဲ့ ဝိညာဉ်အနှစ်သာရက နူးညံ့တဲ့ ရတနာတစ်ခုလိုဖြစ်နေပြီး တော်တော်လေးတန်ဖိုးရှိပုံရပေမဲ့ အဲဒါက အဆက်မပြတ်နံစော်နေတဲ့ အနံ့ကို ထုတ်လွှတ်နေတယ်ရယ်…..ဒီကျင့်ကြံသူက ကျင့်ကြံမှု အဆင့်နိမ့်တာကြောင့် သူ့ရဲ့ အာရုံငါးပါးကိုသာ ပိတ်နိုင်ပေမဲ့ သူ့ရဲ့အနံ့ခံအာရုံကိုတော့ မပိတ်နိုင်ဘူး။]

[နှစ်ပေါင်းများစွာကြာလာတဲ့အခါ အပေါ်ယံအလွှာက အနှစ်သာရရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပါတယ်။ သူ(မ)က အပေါ်ယံအလွှာကိုဖြိုဖျက်လို့ မရခဲ့သလို အတွင်းပိုင်းကိုလည်း မမြင်နိုင်ခဲ့ဘူး။]

[သူ(မ)က မူလက အဲဒါကိုပစ်ချင်ခဲ့တယ်။ ဒါပေမဲ့ အပေါ်ယံအလွှာက အရမ်းကို ထင်ရှားလွန်းနေတာလေ။]

[သူ(မ)က ရတနာတစ်ခုလို့အလိုလိုခံစားမိပေမဲ့လည်း အနံ့ကအရမ်းဆိုးဝါးခဲ့နေတာ၊ သူ(မ) ဘာမှလုပ်လို့မရခဲ့ဘူး၊ ဒါကြောင့် သူ(မ)က ပိုင်ရှင်အသစ်ကိုပဲ ရှာလိုက်မယ်လို့ တွေးခဲ့တာ.…]

ဤအရာကို ကြားပြီးနောက် နဉ်ရွှီသည် တိတ်တဆိတ် သူမ၏အာရုံငါးပါးကို ပိတ်ပစ်ခဲ့သည်။ ထို့နောက် တိတ်တဆိတ် လက်အိတ်များကို ထုတ်ယူခဲ့တော့၏။

မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ရှားပါးသော နှစ်တစ်ရာသက်တမ်းရှိသည့် ဝိညာဉ် အနှစ်သာရပင်။

ဝိညာဉ်ကျောက်တုံးများနှင့်ဆိုလျှင် ဘာကြောင့် ခက်ခဲနေရဦးမှာလဲ?

အမြတ်ထုတ်ဖို့ အခွင့်အရေးရှိရင် ယူလိုက်ပါ။

သူမသည် တိကျစွာ “သွားကြမယ်” ဟုပြောခဲ့သည်။

ဖရဲသီးစားခြင်းစနစ်: [ကောင်းပြီ!]

သူတို့ လမ်းလျှောက်နေစဉ် နဉ်ရွှီက “ငါ့ရဲ့ ကျင့်ကြံမှုက မမြင့်မားဘူး၊ ဒါကြောင့် အပေါ်ယံအလွှာကိုဖျက်ဖို့ ခက်ခဲနိုင်တယ်”

မဆိုင်းမတွ ဖရဲသီးစားခြင်းစနစ်က ပြန်ဖြေလာ၏။ [တောင်နဲ့မြောက် တောင်ထိပ်သခင်ဆီကို အကူအညီတောင်းဖို့ သွားလိုက်။]

[နင်က သူ့နဲ့ အရင်ကသဘောတူညီချက် လုပ်ခဲ့တာမလား၊ ဒါကြောင့် အဲ့ဒါနဲ့ဆက်ဆက်ပြီး‌ပြောရရင် နင်က သူ့နဲ့တော်တော်လေးရင်းနှီးနေပြီလေ။ သူက ကူညီဖို့ငြင်းဆိုမှာ မဟုတ်ဘူး။]

တောင်နှင့်မြောက် တောင်ထိပ်သခင်: “!!!”

အကြီးအကဲများသည် သူတို့၏ရယ်မောခြင်းကို ဖိနှိပ်ထားရ၏။

တကယ်ပင် ယခင်က ယင်ယန်ကြေးမုံသည် ကိုင်တွယ်ရလွယ်ကူခြင်းမရှိခဲ့ပေ။

သူတို့ စကားပြောနေစဉ် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်က ညွှန်ပြခဲ့သော ဆိုင်ခန်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။

ဆိုင်ခန်းပိုင်ရှင်သည် ကလေးမျက်နှာရှိသော ချစ်စရာအမျိုးသမီး ကျင့်ကြံသူတစ်ဦးပင်။ သူမ ပြုံးလိုက်သောအခါ သူမ၏ပါးများရှိ ပါးချိုင့်နှစ်ခုအား ထင်ပေါ်စေ၏။ သူမသည် နဉ်ရွှီချဉ်းကပ်လာသည်ကို မြင်သောအခါ သူမသည် တက်ကြွစွာနှုတ်ဆက်ခဲ့သည်။ “တာအို မိတ်ဆွေ၊ ရှင် လိုချင်တာ တစ်ခုခုရှိလား?”

နဉ်ရွှီ၏ ပစ်မှတ်မှာ အပေါ်ယံအလွှာပါသော ဝိညာဉ် အနှစ်သာရဖြစ်ပေသည်။

သို့သော် သူမသည် အမြတ်ထုတ်ခြင်း၏အနှစ်သာရကို နားလည်ပါသည်။ ထို့ကြောင့် သူမ၏ပစ်မှတ်အပေါ်တွင်သာ အာရုံစိုက်ခဲ့ခြင်းမရှိပေ။

သူမသည် ဆိုင်ခန်းကို လှည့်လည်ကြည့်ရှုဟန် ဟန်ဆောင်လိုက်ချေသည်။ နောက်ဆုံးတွင် သူမသည် ပစ္စည်းခြောက်ခုကို ရွေးထုတ်ခဲ့ပြီး “ဒါတွေအားလုံးကို ကျွန်မယူမယ်။ စုစုပေါင်း ဘယ်လောက်လဲ?”

ဆိုင်ခန်းပိုင်ရှင်သည် မူလစျေးနှုန်းဖြင့် ရောင်းချရန်နှင့် စျေးနှုန်းမတိုးမြှင့်ရန် ဂိုဏ်းချုပ်ထံမှ ညွှန်ကြားချက်များကို ရရှိထားပြီးဖြစ်ပါသည်။ ဂိုဏ်းသည် နောက်ပိုင်းတွင် သူမကို အနည်းငယ် လျော်ကြေးပေးလိမ့်မည်။

အမျိုးသမီး ကျင့်ကြံသူက နဉ်ရွှီ ရွေးထုတ်ခဲ့သော ပစ္စည်းများကို ကြည့်ရှုခဲ့ပြီး ပြုံးပြလာ၏။ “စုစုပေါင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၀၀ပါ။”

“ကောင်းပြီ!”

ဝိညာဉ်ကျောက်တုံးများကို ပေးဆောင်ပြီးနောက် နဉ်ရွှီသည် ပစ္စည်းများကို သူမ၏သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်းထည့်ခဲ့သည်။ ၎င်းတို့ကို အချိန်အကြာကြီး ကြည့်ရန် မရဲခဲ့ပေ။

ဖရဲသီးစားခြင်းစနစ်: [ငါတို့ကံဆိုးတဲ့ နောက်လူကို မြန်မြန်ရှာရမယ်။]

လူတိုင်းက နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ်အနှစ်သာရကို လက်ခံရရှိမည့် ကံကောင်းသော ဖောက်သည်သည် မည်သူဖြစ်မည်ကိုတွေးမိခဲ့ကြသည်။

မြင်ကွင်းကို စိတ်ကူးရုံဖြင့် သူတို့သည် တုန်လှုပ်ခဲ့မိကြကုန်၏။

မှောင်ခိုဈေးကွက်မှ ထွက်ခွာပြီးနောက် နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်၏ အကြံပေးချက်ကို လိုက်နာခဲ့ပြီး တောင်နှင့်မြောက် တောင်ထိပ်သခင်ကို ရှာဖွေရန် သွားရောက်ခဲ့သည်။

ဤသည်မှာ သူမတောင်ထိပ်သခင်၏ ဂူသို့ ဒုတိယအကြိမ် ဝင်ရောက်ခြင်းပင်။ ၎င်းသည် ပထမဆုံးအကြိမ်ကဲ့သို့ အလွန်တူညီနေပါသည်။

သို့သော် တောင်နှင့်မြောက် တောင်ထိပ်သခင်၏ အသွင်အပြင်သည် ဤတစ်ကြိမ်တွင် အများကြီး ပြောင်းလဲနေပေသည်။

နဉ်ရွှီသည် သူ့ကို လွန်ခဲ့သောအချိန်ကလာတွေ့ခဲ့သောအခါ သူသည်ရှုပ်ပွသော မုတ်ဆိတ်ရှိ၍ အရက်နံ့နံခဲ့ပြီး ရှုပ်ပွနေလေ၏။

ဤတစ်ကြိမ်တွင် သူသည် သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ထားပေသည်။ ပွယောင်းယောင်း မုတ်ဆိတ်သည် ပျောက်ဆုံးနေခဲ့ပြီး ခန့်ညားသောမျက်နှာကိုသာ ဖော်ပြနေပါသည်။

မမျှော်လင့်ဘဲ သူသည် အသားညိုညိုဖြင့် ခန့်ညားသော လူတစ်ဦးဖြစ်နေခဲ့၏။

ဖရဲသီးစားခြင်းစနစ်က ချီးကျူးလာခဲ့သည်။ [သူ့ရဲ့ ကျင့်ကြံမှု တိုးတက်လာခဲ့တယ်၊ ယင်ယန်ကြေးမုံက သူ့ကို အများကြီးကူညီပေးခဲ့ပုံပဲနော်။]

နဉ်ရွှီ: “ဒါက အကူအညီဖြစ်နေသရွေ့ အဆင်ပြေပါတယ်။”

ဘာပဲဖြစ်ဖြစ်၊ တောင်နှင့်မြောက် တောင်ထိပ်သခင်သည် ယင်ယန်မှန်အတွက် သူမကို ဝိညာဉ်ကျောက်တုံးအများအပြားပေးဆပ်ရန် ရှိနေသေးပါသည်။

တောင်နှင့်မြောက် တောင်ထိပ်သခင်သည် သူ၏လည်ချောင်းကို ရှင်းလင်းခဲ့သည်။ နဉ်ရွှီ ဘာကြောင့်လာခဲ့သည်ကို သိရှိနေပြီးဖြစ်သော်လည်း သင့်လျော်သော လုပ်ထုံးလုပ်နည်းကို ဆက်လက်လိုက်နာရန် လိုအပ်နေသေး၏။

“ဘာကိစ္စလဲ?”

နဉ်ရွှီသည် သူမ၏ရည်ရွယ်ချက်ကို တိုက်ရိုက်သာ ပြောပြခဲ့သည်။

တောင်နှင့်မြောက် တောင်ထိပ်သခင်: “….သေချာတယ်။”

ချီသန့်စင်ခြင်း အဆင့်ကျင့်ကြံသူအတွက် အပေါ်ယံအလွှာကို ဖြိုဖျက်ခြင်းသည် ခက်ခဲသော်လည်း သူ့အတွက်မူ လက်တစ်ဖျစ်စာလောက်သာကြာသည့် ကိစ္စတစ်ခုဖြစ်ပေသည်။

အပေါ်ယံအလွှာသည်ကွဲထွက်ခဲ့ပြီး အတွင်းပိုင်းရှိ နှစ်တစ်ရာ သက်တမ်းရှိသော ဝိညာဉ် အနှစ်သာရကို ဖော်ပြနေတော့သည်။

ဤသည်မှာ ကျင့်ကြံခြင်းလောကမှ ပေါက်ဖွားလာသော ရတနာတစ်ခုကို ပထမဆုံးအကြိမ်မြင်တွေ့ရခြင်းပင်။

ရိုးရိုးသားသားပြောရလျှင် သူမသည် အံ့အားသင့်မိပါသည်။ ဝိညာဉ်အနှစ်သာရသည် ဖောက်ထွင်းမြင်နိုင်သော ရေခဲပြာ အရောင်ရှိနေခဲ့၏။ အဖြူရောင်အငွေ့များကို ထုတ်လွှတ်နေပေသည်။ အငွေ့များဟာ ပေါ့ပါးနူးညံ့နေ၍ အနှစ်သာရ၏ အနည်းငယ်မှုန်ဝါးသော ပုံပန်းကို ပေးစွမ်းနေ၏။ အပေါ်ယံအလွှာမှ ထွက်ခွာပြီးနောက် ၎င်းသည် ကြွယ်ဝသော ဝိညာဉ်စွမ်းအင်ကိုပင် ထုတ်လွှတ်နေတော့သည်။

ယခင် ဖရဲသီးစားခြင်းစနစ်က အနှစ်သာရသည် ဝိညာဉ်စွမ်းအင်ကို သန့်စင်နိုင်သည်ဟူ၍ပြောခဲ့သည်။ ၎င်းသည် ကဗျာဆန်သော ဗားရှင်းတစ်ခုပင်။

၎င်းကို ပိုမိုရိုးရှင်းသော နည်းလမ်းဖြင့် ပြောရလျှင် အနှစ်သာရသည် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို တိုက်ရိုက်မြှင့်တင်နိုင်ပါသည်။

ဥပမာအားဖြင့်၊ ဤနှစ်တစ်ရာ သက်တမ်းရှိသော အနှစ်သာရကို ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးကသာ စားသုံးလိုက်ပါက ၎င်းသည် သူတို့ကို အခြေခံအုတ်မြစ်တည်ထောင်ခြင်း၏ အစွန်းသို့ တိုက်ရိုက် တွန်းပို့လိမ့်မည်။

ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူအတွက်ပင် နှစ်တစ်ရာ သက်တမ်းရှိသော ဝိညာဉ် အနှစ်သာရသည် အသုံးဝင်နေဆဲဖြစ်ပေသည်။

တောင်နှင့်မြောက် တောင်ထိပ်သခင်သည် အပေါ်ယံအလွှာအတွင်း၌ ဘာရှိသည်ကို သိရှိခဲ့ပြီး ဖြစ်သော်လည်း နှစ်တစ်ရာ သက်တမ်းရှိသော အနှစ်သာရအား မြင်သောအခါ အံ့အားသင့်ခြင်းကို မထိန်းနိုင်ခဲ့ပေ။ အကယ်၍ သူက ၎င်း၏မူရင်းကိုမသိရှိခဲ့ပါက သူသည် ၎င်းကို ကိုယ်တိုင်ဝယ်ယူလိမ့်မည်။

ကံမကောင်းစွာဖြင့် ၎င်း ဘယ်ကလာခဲ့သည်ကို သိရှိသောကြောင့် သူသည် ၎င်းအားယူရန် မလုပ်နိုင်ခဲ့ပေ။ သူ့တစ်ဦးတည်းမဟုတ်၊ ဝမ့်ရှင်းဂိုဏ်းရှိ လူတိုင်းနီးပါးသည် ၎င်း၏ မူရင်းကို သိရှိကြပါသည်။ သူတို့သည်မသိလိုက်သော ဝယ်သူကိုသာ လှည့်စားနိုင်လိမ့်မည်။

လုပ်ထုံးလုပ်နည်းကို လိုက်နာရင်း သူက “ဒီ နှစ်တစ်ရာ သက်တမ်းရှိတဲ့ ဝိညာဉ် အနှစ်သာရနဲ့ဘာလုပ်ဖို့ စီစဉ်ထားလဲ?”

နဉ်ရွှီသည် သူမ၏ လက်များကို ပူးယှက်ခဲ့သည်။ “တောင်ထိပ်သခင်၊ ကျွန်မက ဒါကို လေလံပွဲကိုရောင်းဖို့ ပို့ချင်ပါတယ်။”

တောင်နှင့်မြောက် တောင်ထိပ်သခင်က ခေါင်းညိတ်ပြခဲ့သည်။ “ဒါကောင်းပါတယ်။ နှစ်ရက်နေရင် မေပယ်လ်ရွက်မြို့မှာ လေလံပွဲငယ်လေးတစ်ခု ရှိလိမ့်မယ်။ မင်းက ငါနဲ့အတူ လိုက်ခဲ့ပြီး အတွေ့အကြုံတချို့ရယူနိုင်တယ်။”

မူလကလေလံပွဲကို တက်ရောက်ရန် တောင်နှင့်မြောက် တောင်ထိပ်သခင်၏ အလှည့်မဟုတ်သော်လည်း ဂိုဏ်းချုပ်က ထိုနေရာအား သူ့ကို ခွဲဝေပေးခဲ့သည်။

နဉ်ရွှီ၏ မျက်လုံးများသည် တောက်ပလာခဲ့ပြီး သူမသည် သူမလက်များကို ထပ်မံပူးယှက်ခဲ့၏။ “ကျေးဇူးတင်ပါတယ်၊ တောင်ထိပ်သခင်။”

တောင်ထိပ်သခင်က ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေခဲ့သည်။ “ဘာမှမဟုတ်ပါဘူး။”

တောင်ထိပ်သခင်၏ ဂူမှ ထွက်ခွာပြီးနောက် နဉ်ရွှီသည် အံ့အားသင့်နေဆဲပင်။ “တောင်နှင့်မြောက် တောင်ထိပ်သခင်က ရိုင်းစိုင်းပုံရတယ်လို့ မထင်ခဲ့ဘူး ဒါပေမဲ့ သူက တကယ်ကိုကြင်နာပြီး ကောင်းတဲ့လူပဲ။”

ဖရဲသီးစားခြင်းစနစ်က ရယ်မောလာခဲ့သည်။ [ဟုတ်တယ်၊ သူက တကယ်ကို တစ်ခုခုပါပဲ။ လေလံပွဲကိုသွားရတာ ကောင်းတယ်၊ ငါတို့အတွေ့အကြုံတချို့ သင်ယူနိုင်တယ်။ နောက်တစ်ကြိမ်ကျရင် ငါတို့ ကိုယ်ပိုင်လေလံပွဲကိုဖွင့်မယ်၊ ငါတို့ရဲ့အလှည့်ဖြစ်လာလိမ့်မယ်!]

နဉ်ရွှီသည် ဖရဲသီးစားခြင်းစနစ်ဟာ လေလံပွဲ ဖွင့်ခြင်းအကြောင်း တွေးနေဆဲဖြစ်သည်ကို မမျှော်လင့်ခဲ့ပေ။ သူမက “ဒါဆို နင့်ရဲ့ နောက်ဆုံးပန်းတိုင်က ငါ့ကို အချမ်းသာဆုံးလူ ဖြစ်စေဖို့လား?”

ဖရဲသီးစားခြင်းစနစ်: [အချမ်းသာဆုံးလူ ဖြစ်လာတာက တစ်စိတ်တစ်ပိုင်းပါပဲ။]

နဉ်ရွှီ: “နားလည်ပြီ၊ ပြီးရင် နတ်ဘုံကို တက်မယ်။”

ဖရဲသီးစားခြင်းစနစ်က မရေရာစွာ ပြန်ဖြေလာ၏။ [ဒါတွေပဲ မဟုတ်ပါဘူး။]

ဒါတွေပဲ မဟုတ်ဘူး?

အချမ်းသာဆုံးဖြစ်ခြင်းနှင့် နတ်ဘုံကို တက်ခြင်းက မလုံလောက်ဘူးလား? ထိုအရာနှစ်ခုတည်းကပင် အချိန်နှင့် အားထုတ်မှုအများကြီးယူလိမ့်မည်။

နဉ်ရွှီက “နင် ဘာကို ဆိုလိုတာလဲ?”

ဖရဲသီးစားခြင်းစနစ်က မရှင်းလင်းစွာ ပြန်ဖြေလာ၏။ [အချိန်ရောက်လာရင် နင်သဘာဝအတိုင်း နားလည်လာလိမ့်မယ်။]

၎င်းသည် တူညီသောအဖြေသာဖြစ်ခဲ့၏။

နဉ်ရွှီသည် ဤအဖြေမျိုးကို တစ်ကြိမ်ထက်မက ကြားဖူးပေသည်။ သို့တိုင် သူမသည် အလွန်အမင်း တူးဖော်မည့်သူ မဟုတ်ပေ။ ဖရဲသီးစားခြင်းစနစ်က မပြောချင်သောကြောင့် သူမသည် ဖိအားပေးမည် မဟုတ်ချေ။

ဖြစ်နိုင်သည်မှာ သူမ၏နှလုံးသားတွင် မျှော်လင့်ချက်အချို့ ရှိနေ၍ နောက်နှစ်ရက်သည် အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသလိုခဲ့စားရ၏။

သူမ မသိလိုက်မီမှာပင် ၎င်းသည် လေလံပွဲ၏ နေ့ရက်ရောက်နေပြီပင်။

နဉ်ရွှီသည် စောစောရောက်ရှိခဲ့ပြီး တောင်နှင့်မြောက်တောင်ထိပ် သခင်၏ဂူအပြင်ဘက်၌ စောင့်ဆိုင်းခဲ့သည်။ မနက်အရုဏ်တက်ချိန်၌ တောင်နှင့်မြောက် တောင်ထိပ်သခင်သည် ဂူမှ ထွက်လာခဲ့သည်။

သူမ အပြင်ဘက်တွင် ရှိနေသည်ကို မြင်သောအခါ သူသည် မအံ့သြခဲ့ပေ။ သူသည် ရိုးရှင်းစွာပင် “သွားကြမယ်”

“ကောင်းပါပြီ!”

သူတို့သည် ဂိုဏ်းဝင်ပေါက်သို့ ရောက်ရှိသောအခါ သူတို့သည် အထွေထွေခန်းမ၏ ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် သူတို့သုံးဦးသည် ပျံသန်းနိုင်သောယာဉ်ကို စီးနင်းခဲ့ပြီး မေပယ်လ်ရွက်မြို့ဆီသို့ ဦးတည်ခဲ့ကြတော့၏။

မေပယ်လ်ရွက်မြို့ရှိ လေလံပွဲအဆောက်အအုံသည် နှိုင်းယှဉ်၍မရလောက်အောင်ပင် ခမ်းနားနေပေသည်။ ၎င်းကို လှပစွာထွင်းထုထားသည်ဟု ဖော်ပြနိုင်ပါသည်။ ရွှေရောင် ရောင်ခြည်များနှင့် တောက်ပသော အလှဆင်ခြင်းများရှိခဲ့ပြီး ခြေလှမ်းတိုင်းသည် ကွဲပြားသော မြင်ကွင်းအား ဖော်ပြနေ၏။

ထို့အပြင် ဝင်ပေါက်တွင် ဧည့်သည်များကို ကြိုဆိုရန်ရပ်နေသော ကျင့်ကြံသူသည် ဖော်ရွေသောအပြုံးနှင့် ချိုသာသောအသံရှိခဲ့သည်။

တောင်နှင့်မြောက် တောင်ထိပ်သခင်သည် ဝမ့်ရှင်းဂိုဏ်း ဖိတ်စာအား ပေးအပ်ပြီးနောက် သူတို့ကို အတွင်းသို့ လျင်မြန်စွာကြိုဆိုခဲ့၏။

ဤသည်မှာ နဉ်ရွှီ၏ ကျင့်ကြံခြင်းလောကရှိ လေလံပွဲကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပါသည်။ သူမသည် သူမ၏ ရှေ့တွင်ရှိသော ခမ်းနားမှုနှင့် ကြွယ်ဝမှုများကို အံ့ဩမိကြောင်း ဝန်ခံရမည်ပင်။

ဖရဲသီးစားခြင်းစနစ်သည် ပျင်းရိစွာပြောလာ၏။ [ဒါကမေပယ်လ်ရွက်မြို့လို ဒုတိယအဆင့်မြို့ရဲ့ လေလံပွဲအဆောက်အအုံတစ်ခုရဲ့ အဆင့်အတန်းပဲ။]

နဉ်ရွှီသည် အံ့အားသင့်ခဲ့ရသည်။ “ဒုတိယအဆင့်မြို့တစ်ခုလား?”

[ဟုတ်တယ်၊ ဝမ့်ရှင်းဂိုဏ်းတည်ရှိတဲ့ တိုက်ကြီးက အတော်လေး ဝေးလံခေါင်သီလွန်းတယ်။ လက်ရှိမှာတော့ ကျင့်ကြံခြင်းလောကရဲ့ ထိပ်တန်းဂိုဏ်း သုံးခုက အချက်အချာကျတဲ့နတ်ဘုရားတိုက်ကြီးမှာ အားလုံးရှိနေတယ်၊ အဲဒီမှာပဲ တကယ်စည်ကားတာ။]

နဉ်ရွှီက “ငါအဲဒါကို မြင်တွေ့ဖို့ အခွင့်အရေး ရလိမ့်မယ်လို့ မျှော်လင့်တယ်”

ဖရဲသီးစားခြင်းစနစ်က ပြန်လည် ပြောဆိုလာသည် [မဟုတ်သေးဘူး၊ host၊ နင်က အနာဂတ်မှာ အဲဒီမှာဌာနခွဲတစ်ခု ဖွင့်ကြတာပေါ့လို့ ပြောသင့်တာ။]

နဉ်ရွှီ: “???”

လက်ရှိအချိန်အထိ သူတို့သည် လေလံပွဲတစ်ခုပင် မဖွင့်ရသေးပေ!

နဉ်ရွှီ: “…ကောင်းပြီ၊ နင်က ငါ့ထက် ပိုအလုပ်လုပ်လိုတဲ့ စိတ်ဓာတ်ရှိတယ်ဆိုတာ ငါသိပါတယ်။”

ဤနေရာသို့မရောက်မီ နဉ်ရွှီသည် နှစ်တစ်ရာသက်တမ်းရှိသော ဝိညာဉ်အနှစ်သာရကို တောင်နှင့်မြောက် တောင်ထိပ်သခင်အား ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

လေလံပွဲနှင့် ဝေစုကို ညှိနှိုင်းခြင်းကဲ့သို့သော နောက်ပိုင်းကိစ္စများကို တောင်နှင့်မြောက် တောင်ထိပ်သခင်ကပဲ ကိုင်တွယ်လိမ့်မည်။

ဖရဲသီးစားခြင်းစနစ်သည် လျှာအားတီးခေါက်၍ ပေါ့ပေါ့ပါးပါး ပြောလာ၏။ [သူက ငါ့ကို သတိပေးခဲ့တာပဲ၊ ငါတို့ လေလံပွဲတစ်ခုကို ဘယ်လိုဖွင့်ရမယ်ဆိုတာတောင် သင်ယူဖို့မလိုပါဘူး။ ငါတို့က နောက်မှ ယုံကြည်စိတ်ချရတဲ့ လူတစ်ယောက်ကိုရှာပြီး ကိုင်တွယ်ခိုင်းလိုက်လို့ရတယ်၊ ဟုတ်တယ်မလား?]

နဉ်ရွှီ: “နင်က တောင်နှင့်မြောက် တောင်ထိပ် သခင်ကို ခိုးချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးမလား?”

ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့တန်တန်ပင် [ငါလုပ်ချင်တယ်။ ဒါပေမဲ့ သူက ဂိုဏ်းချုပ်လိုမဟုတ်ဘူး၊ ခိုးဖို့ မလွယ်ဘူး။]

[ဂိုဏ်းချုပ်မှာ ကြီးမားတဲ့ နောက်ခံမရှိပါဘူး။ ဒါပေမဲ့သူက ဂုဏ်းချုပ်လေ၊ တခြား တောင်ထိပ်သခင်တွေနဲ့နှိုင်းယှဉ်လို့မရဘူး။]

နဉ်ရွှီ: “…” နင့်မှာ တကယ်ကို ကြီးမားတဲ့ စိတ်ကူးတွေရှိတာပဲလား။

သူတို့ စကားပြောနေစဉ် နဉ်ရွှီသည် အထွေထွေခန်းမ၏ခေါင်းဆောင် နောက်သို့ လိုက်ပါခဲ့ပြီး သီးသန့်ခန်းတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ တောင်နှင့်မြောက် တောင်ထိပ် သခင်သည် နှစ်တစ်ရာ ဝိညာဉ်အနှစ်သာရကို လေလံပွဲ၏ ဝန်ထမ်းများအား ပေးအပ်ရန် သွားရောက်ခဲ့ပြီး မကြာမီပြန်လာလိမ့်မည်ပင်။

အထွေထွေခန်းမ၏ခေါင်းဆောင်က နဉ်ရွှီအား နှုတ်ဆက်လာသည်။ “ထိုင်ပါ၊ စားချင်တာ ရှိရင်ယူပါ။”

“ကောင်းပါပြီ၊ ခန်းမခေါင်းဆောင်။”

အထွေထွေ ခန်းမ၏ခေါင်းဆောင်သည် ဂိုဏ်း၏ဘဏ္ဍာရေးကို တာဝန်ယူရသည်။ ထို့ကြောင့် သူမသည် လေလံပွဲတိုင်းကို လိုက်ပါရ၏။ သူမသည် အနည်းငယ်ဝိုင်းစက်သော မျက်နှာရှိပြီး အနည်းငယ်ဝဖြိုးပေသည်။ သူမသည် ပေါင်းသင်းဆက်ဆံရေး လွယ်ကူပုံရပါသည်။

နဉ်ရွှီသည် သူမ၏ရှေ့ရှိ ဝိညာဉ်လက်ဖက်ရည်ကို အနည်းငယ် သောက်ခဲ့ပြီး ဝိညာဉ် သစ်သီးများအား စားခဲ့သည်။ မကြာမီ လေလံပွဲ စတင်တော့၏။

လေလံဆရာသည် လှပသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးပင်။ သူမသည် သင့်တော်သော အသံအနေအထားဖြင့် စကားပြောခဲ့သည်။ သူမသည် ချိုသာသောအပြုံးရှိခဲ့ပြီး မင်ပန်းချီများဖြင့် ခြယ်သထားသော ရှေးဟောင်းစတိုင်ဂါဝန်အား ဝတ်ဆင်ထားပေ၏။

သူမသည် အရည်အချင်းရှိသော လေလံဆရာပင်။

သို့သော် အရည်အချင်းသာရှိသည်။

နဉ်ရွှီက တွေးတွေးဆဆဖြင့် မှတ်ချက်ပေးလာခဲ့၏။ “ဂိုဏ်းချုပ်က သူ့ထက်ပိုပြီး ဆွဲဆောင်မှုရှိတာ သေချာတယ်။” နှိုင်းယှဉ်ကြည့်ရရင် ဂိုဏ်းချုပ်၏ အပြုံး တစ်ခုတည်းကပင် ချမ်းသာသော အမျိုးသမီးများကို လေးစားမှုဖြင့် ဦးညွှတ်စေနိုင်၏။

[ဟုတ်တယ်မလား? ငါက လူကို ရွေးချယ်မယ်၊ နင်က ငါ့ကိုယုံကြည်ရုံပဲ။]

[အကယ်၍ ဒါကသာ ဂိုဏ်းချုပ်ဖြစ်ခဲ့ရင် ချမ်းသာတဲ့ အမျိုးသမီးတွေနဲ့ ချမ်းသာတဲ့ အမျိုးသားတွေက ချက်ချင်း လေလံစခေါ်မှာ မဟုတ်ဘူးလား?]

နဉ်ရွှီသည် ပြန်လည်တုံ့ပြန်ရန် ပြင်ဆင်နေစဉ် လေလံတင်ရန် ပထမဆုံးပစ္စည်းကို တင်ပြပြီးဖြစ်သည်။

လေလံဆရာသည် အချိန်မဖြုန်းခဲ့ဘဲ ပရိသတ်ဖြစ်သည့် ကျင့်ကြံသူများအား တိုက်ရိုက်ပြောခဲ့သည် “ဒီနေ့ရဲ့ ဖွင့်ပွဲပစ္စည်းက တင်ပြမှာက နှစ်တစ်ရာ ဝိညာဉ်အနှစ်သာရပါ!”

လူတိုင်း: “!!!”

နဉ်ရွှီ: “???”

နှစ်တစ်ရာ ဝိညာဉ် အနှစ်သာရကို ကြားလိုက်သည်နှင့် အခန်းအတွင်းရှိ လေထုသည် ချက်ချင်း အားအင်ပြည့်ဝသွားခဲ့သည်။

“ဟုတ်ပါတယ်၊ ဒါကနှစ်တစ်ရာ ဝိညာဉ် အနှစ်သာရပါ၊ ပြီးတော့ ဒါက ဝိညာဉ်စွမ်းအင်လုံးဝ မဆုံးရှုံးသေးတဲ့ တစ်ခုပါ၊ အလွန်မြင့်မားတဲ့ ဝိညာဉ်သိပ်သည်းဆရှိတဲ့ ထူးခြားတဲ့ ဝိညာဉ် အနှစ်သာရတစ်ခုပါပဲ!”

ဤစကားလုံးများတွင် လူအုပ်သည် စိတ်လှုပ်ရှားမှုဖြင့် ပေါက်ကွဲသွားရသည်။

ဝိညာဉ်စွမ်းအင် မဆူံရှုံးသေးဘူးလား?

၎င်းကို အလွန် ကောင်းမွန်စွာထိန်းသိမ်းထားခြင်း ဖြစ်လောက်မည်။

နဉ်ရွှီသည် လေလံဆရာကိုင်ထားသော ဝိညာဉ် အနှစ်သာရ အပိုင်းအစအား ကြည့်ရှုရင်း “အဲဒါ ကျွန်မရဲ့ နှစ်တစ်ရာ ဝိညာဉ်အနှစ်သာရလား?”

နောက်တစ်ခဏတွင် တောင်နှင့်မြောက် တောင်ထိပ်သခင်များ၏ အသံသည် ဝင်ပေါက်မှ ထွက်ပေါ်လာခဲ့၏။

“ဟုတ်တယ်။”

နဉ်ရွှီသည် ခဏတာ တုန်လှုပ်သွားခဲ့ရသည်။ “ဒီပစ္စည်းက ဒီလောက် မြန်မြန်လေလံတင်ခံရတာလား?”

တောင်နှင့်မြောက် တောင်ထိပ်သခင်များက ရှင်းပြလာခဲ့သည်။ “ဒါကို လေလံတင်ပြီးတာနဲ့ မင်းကြိုက်တာကို ဝယ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ ရလိမ့်မယ်။”

“အိုး”

နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်နှစ်ဦးစလုံးသည် လေးစားမှုကို ခံစားခဲ့ရသည်။ “တောင်နဲ့မြောက် တောင်ထိပ်သခင်က တကယ်ကို အသေးစိတ်ကျပါလား! သူက အရမ်းကိုကြင်နာတာပဲ၊ ငါ ငိုမိတော့မယ်။”

ဖရဲသီးစားခြင်းစနစ်က သဘောတူခဲ့သည်။ [ဟုတ်တယ်မလား? ဘာပဲဖြစ်ဖြစ်၊ ဒီအဖိုးကြီးက အခုဆိုရင် အသက်မငယ်တော့ဘူး။ သူက ကျွမ်းကျင်သူဟောင်းတစ်ယောက်၊ သူက ဒီအသေးစိတ်အချက်အလက်တွေကို မလွဲမသွေ သတိထားမိမှာပဲ။]

တောင်နှင့်မြောက် တောင်ထိပ်သခင်: “…”

ဒီလောက် ကျွမ်းကျင်တာမျိုး မရှိပါဘူး။

တောင်ထိပ်သခင်များအကြားတွင် သူ့ကို လူငယ်အဖြစ် မှတ်ယူနိုင်ပါသေးသည်။

ဖရဲသီးစားခြင်းစနစ်သည် တောင်နှင့်မြောက် တောင်ထိပ်သခင်ကို စနောက်နေစဉ် နှစ်တစ်ရာ ဝိညာဉ် အနှစ်သာရသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆ သန်း၏ လေလံစျေးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။

သို့သော် ဤသည်မှာ အစသာ။

နဉ်ရွှီသည် ပိုက်ဆံကို ဂရုမစိုက်ဘဲ ပစ်နေပုံရသော ဤကျင့်ကြံသူများ၏ စိတ်နေစိတ်ထားကြောင့် တုန်လှုပ်ခဲ့မိသည်။

အကယ်၍ သူတို့သည် ဤဝိညာဉ် အနှစ်သာရ၏ စစ်မှန်သော မူရင်းကို သိရှိခဲ့ပါက…..

၎င်း၏ မူရင်းသည် တကယ် အရေးမကြီးပေ။

ဝိညာဉ်အနှစ်သာရသည် ယခင်က ဘာဖြစ်ခဲ့သည်ဆိုသည်က ၎င်း၏ ထိရောက်မှုကို မထိခိုက်ပါပေ။

သူတို့သာ မသိရှိခဲ့ပါက သူတို့သည် လေလံဆွဲရန် မတွန့်ဆုတ်ကြသလို မည်သည့်စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးမှ ရှိလိမ့်မည်မဟုတ်ပါပေ။

ထိုသို့ တွေးတောလိုက်သည့်အခါ ၎င်းသည် အလွန်ကျိုးကြောင်းဆီလျော်သွားပေ၏!

နဉ်ရွှီသည် ဤအရာကို တွေးလိုက်သည်နှင့် ကျင့်ကြံသူတစ်ဦးသည် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁ သန်းကို ချက်ချင်း လေလံဆွဲခဲ့သည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ သန်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း ၁၀၀နှင့် ညီမျှသည်။

ထိုအခါ နဉ်ရွှီသည် ထိတ်လန့်သွားခဲ့ရ၏။

နဉ်ရွှီသည် တိတ်ဆိတ်သွားခဲ့ရလေ၏။

ထို့နောက် ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာသည်။ [ဘာပဲဖြစ်ဖြစ်၊ ဒါက ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်တောင် အသုံးဝင်တဲ့ ရှားပါးရတနာတစ်ခုပဲ။ ဒီစျေးနှုန်း ရရှိတာကပုံမှန်ပါပဲ။]

နဉ်ရွှီသည် ခဏတာ ထိတ်လန့်သွားရုံသာ။ သူမသည် တည်ငြိမ်လာပြီးး လေလံပွဲကို ဆက်လက်ကြည့်ရှုလိုက်ချေသည်။

ကျင့်ကြံသူက အဆင့်မြင့်ဝိညာဉ်ကျောက်တုံး ၁သန်းအား လေလံဆွဲပြီးနောက် အခြားကျင့်ကြံသူများသည် နောက်သို့ ဆုတ်ခွာခဲ့ကြသည်။

နှစ်တစ်ရာ ဝိညာဉ်အနှစ်သာရသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၈၀၀,၀၀၀ မှ ၉၀၀,၀၀၀ ခန့်သာ တန်ဖိုးရှိပါသည်။

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ သန်းအား လေလံဆွဲခဲ့သော ကျင့်ကြံသူသည် ဤပစ္စည်းကိုရယူရန် စိတ်ပိုင်းဖြတ်ထားသည်မှာ ရှင်းလင်းနေ၏။

အခြားသူများက ဆုတ်ခွာရန်သာ တိတ်တဆိတ် ရွေးချယ်ခဲ့ကြကုန်သည်။

နောက်ဆုံးတွင် နှစ်တစ်ရာ ဝိညာဉ်အနှစ်သာရအား အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ သန်းဖြင့် ရောင်းချခဲ့တော့သည်။

နဉ်ရွှီသည် သူမအခုလေးတင် ရရှိခဲ့သော များပြားလှသည့် ဝိညာဉ်ကျောက်တုံးများအတွက် အောင်ပွဲခံရန် အချိန်မရခဲ့ပေ။ သူမသည် ကျင့်ကြံသူက ဝိညာဉ် အနှစ်သာရ၏ စစ်မှန်မှုအား စစ်ဆေးပြီး ၎င်းကို ချက်ချင်းနေရာတွင် စားသုံးသည်ကို စောင့်ကြည့်ခဲ့သည်။

နဉ်ရွှီ: “…”

သူမသည် တစ်ဖန် ထိတ်လန့်သွားခဲ့ရ၏။

ထို့နောက် သူမသည် တိတ်ဆိတ်သွားခဲ့ရပြန်၏။ သူမသည် “ဒီလူက တကယ်ကို ရက်စက်ပါလား” ဟုသာ ပြောနိုင်ခဲ့လေသည်။

All Chapters