နဥ်ရွှီတစ်ယောက် တခြားကမ္ဘာကို ကူးပြောင်းလာခါစ ဘာမှန်းမသိသေးခင်မှာပင် သူ့ဆရာတူအစ်မကြီးသည် မနက်ခင်းအတန်းဆီသို့ ဆွဲခေါ်သွားပါတော့သည်။ ဆရာတူအစ်မကြီး: "နင်က ဝိညာဉ်အမြစ် သုံးခုပဲရှိတော့ သိပ်ထူးချွန်တာ မဟုတ်ဘူး။ ထူးထူးခြားခြား တစ်ခုခုမဖြစ်လာရင် တစ်သက်လုံး အပြင်ဂိုဏ်းတပည့်ဘဝနဲ့ပဲနေရလိမ့်မယ်။ ကံကောင်းပြီး တကယ့်ဆရာကောင်းတစ်ယောက်ရဲ့ မျက်စိကျတာခံရရင်တော့ အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့ အခွင့်အရေးရနိုင်တယ်" "သေချာနားထောင်ပြီး ကြိုးစားလိုက်!" နဥ်ရွှီ: ဟမ်? ကျင့်ကြံခြင်းလောက၏ မနက်ခင်းအတန်းချိန်တွင် သင်ကြားနေသောစာများမှာ နားမလည်နိုင်သော ကျမ်းစာများကဲ့သို့ပင်။ နဥ်ရွှီတစ်ယောက် အိပ်မပျော်အောင် မနည်းကြိုးစားနေချိန် ရွှေလက်ချောင်း(စနစ်) တစ်ခု ကောင်းကင်ကနေ ရုတ်တရက် ဆင်းသက်လာလေ၏။ [ဂုဏ်ပြုပါတယ်။ ဖရဲသီးစားတဲ့စနစ်မှ ကြိုဆိုပါတယ်။ နေ့တိုင်း အဆုံးမဲ့ အတင်းအဖျင်းတွေမှာ ပျော်မွေ့လိုက်ပါ။ အိပ်ငိုက်တာက ဘယ်တော့မှ သင့်ကို ဒုက္ခပေးတော့မှာ မဟုတ်ပါဘူး။] နဥ်ရွှီ: ကောင်းပြီလေ၊ ဒါဆိုရင် ငါတော့ အိပ်ငိုက်တော့မှာမဟုတ်ပါဘူး.jpg [ဒီနေ့ရဲ့ ထိပ်တန်းအတင်းအဖျင်း : အခု စာသင်နေတဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ရန်သူရဲ့ သားကို ကိုယ့်သားအရင်းမှတ်ပြီး အနှစ် ၈၀၀ ကြာအောင် မွေးထားတာလေ။ တကယ်တော့ ဒါက သူ့ပြိုင်ဘက် စီစဉ်ထားတဲ့ လှည့်စားမှုသက်သက်ပဲ။ အနှစ် ၈၀၀ လုံး အကောင်းဆုံး အရင်းအမြစ်တွေ၊ ဂရုစိုက်မှုတွေ၊ ကာကွယ်မှုတွေ အကုန်ပေးခဲ့တာ - လုံးဝ အလှည့်စားခံလိုက်ရတာပဲ။] နဥ်ရွှီမှာ တုန်လှုပ်နေသည့်အမူအရာဖြင့် : "ဟမ်၊ တကယ်လား? ဘယ်လိုတောင် ကံဆိုးတဲ့လူအကြီးလဲ!" နဉ်ရွှီနှင့် စနစ်တို့၏ စကားပြောသံများကို နားမလည်နိုင်စွာဘဲ ကြားနေရသော တပည့်များ : !!! အမှန်တရားကို မတော်တဆ သိသွားသည့် ဂိုဏ်းခေါင်းဆောင် : ??? စာသင်နေချိန် တစ်ဝက်လောက်ရောက်သည့်အခါ၌ ဂိုဏ်းခေါင်းဆောင်သည် ဘာအကြောင်းကြောင့်မှန်းမသိ၊ ရုတ်တရက် အလျင်အမြန် ထွက်သွားပေတော့သည်။ ထိုအခါ ခန်းမထဲ၌ တိတ်ဆိတ်သွားချေတော့၏။ ထို့နောက် တိတ်ဆိတ်ဆွံ့အနေသည့်ကြားကနေ အူကြောင်ကြောင်အသံတစ်ခု ထွက်ပေါ်လာခဲ့သည် : "ဂိုဏ်းခေါင်းဆောင်က ဘာလို့ ထွက်သွားတာလဲ? အရေးပေါ်အိမ်သာသွားချင်တာများလား?" လူတိုင်း : wth?!

