← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) ဧကရာဇ်၏ ရတနာအတွက် သားအဖနှစ်ဦး လုယက်ကြခြင်း

ယွင်ဟွားသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် အတွေးတစ်ခု ရုတ်တရက် ဝင်လာလေ၏။

"အရှင်မင်းကြီး..."

ယွင်ဟွားက အော်ဟစ်လိုက်၏။

"အရှင်မင်းကြီး... အရှင်မင်းကြီးက ကျွန်တော်မျိုးမကို ရွှေလေးတွေ မချီးမြှင့်ရသေးဘူးလေ..."

ယွင်ဟွားသည် သူမ၏ စကတ်ကို ဆွဲမကာ နောက်မှ လိုက်သွားခဲ့ရာ ဆေးသေတ္တာကို သယ်ဆောင်လာသော သမားတော်ဝူနှင့် အချိန်ကိုက် ဝင်တိုက်မိသွားသည်။

သမားတော်ဝူသည် ယွင်ဟွားကို မြင်သောအခါ သူ၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး မျက်လုံးများ လန်သွားကာ မြေပြင်ပေါ်သို့ သတိလစ် လဲကျသွားတော့၏။

ယွင်ဟွားမှာ လန့်ဖျပ်သွားပြီး ချက်ချင်းပင် ခုန်ထွက်သွား၏။

သူ၏ ဘေးရှိ မိန်းမစိုးမှာ အလွန်အမင်း စိုးရိမ်ပူပန်သွားလေသည်။

“ရှောင်ရှူးရှူး... သူက ဘယ်သူလဲ... ဘာလို့ ငါ့ရှေ့မှာ သတိလစ်သွားရတာလဲ..”

ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်လေ၏။ သူ့ပန်းကလေး၏ မှတ်ဉာဏ်မှာ တစ်ခါတစ်ရံတွင် အမှန်တကယ်ပင် သိပ်မကောင်းလှပေ။

“ပြီးခဲ့တဲ့တစ်ခေါက် ကြာကန်ထဲကို ခုန်ချသွားတဲ့ သမားတော်ဝူလေ... အခုလေးတင် ဧကရာဇ်က သူ့ကို ဒီနေရာကို ဆင့်ခေါ်လိုက်တာ…”

ယွင်ဟွားက ရုတ်တရက် သဘောပေါက်သွားကာ…

"အိုး... သူကိုး..."

"အချိန်ကိုက်ပဲ... ဧကရာဇ်ဝမ်ရွှမ်းရဲ့ ကျန်းမာရေးကို စစ်ဆေးဖို့အတွက် သူ့ကို ပို့ပေးလို့ရတယ်..."

သူမ၏ ပခုံးလေးများမှာ သေသေချာချာ ထမ်းပိုးနိုင်ရန် သေးငယ်လွန်းလှသဖြင့် သူမသည် သမားတော်ဝူအား ရိုးရှင်းစွာပင် ပွေ့ချီလိုက်ပြီး တော်ဝင်စာကြည့်ဆောင်ဆီသို့ ပြေးသွားသည်။

"အရှင်မင်းကြီး... အရှင်မင်းကြီးအတွက် သမားတော်ဝူကိုပါ ကျွန်တော်မျိုးမ ခေါ်လာပေးတယ်..."

မိန်းမစိုးငယ်လေးမှာ ဆွံ့အသွားတော့၏။

နန်းတွင်းအစေခံမလေးများနှင့် အစောင့်များမှာမူ…

ယွင်ဟွားသည် သမားတော်ဝူအား ပွေ့ချီထားလျက် ဧကရာဇ်ထံမှ ရွှေလေးများကို တောင်းဆိုခဲ့သည်ဟူသော သတင်းမှာ နန်းဆောင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

သတိပြန်လည်လာပြီးနောက် သမားတော်ဝူက တစ်စက္ကန့်ပင် မပြည့်မီ ထပ်မံ၍ သတိလစ်သွားပြန်၏။

ယွင်ဟွားသည် ရွှေတုံးနှစ်သောင်းနှင့်အတူ ဧကရာဇ်ဝမ်ရွှမ်း၏ စားပွဲပေါ်မှ သူမ လုယူလာခဲ့သော ပစ္စည်းတစ်ခုအား သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့လေသည်။

ဧကရာဇ်ဝမ်ရွှမ်းက အထိန်းတော်ချောင်အား ဖက်ထားလျက် ငိုကြွေးလေသည်။

"ကိုယ်တော့်ရဲ့ အဖိုးတန်ရတနာလေး... အဲ့ကောင်မလေးက သိုင်းပညာရှင်ကျင့်ဝတ်ဆိုတာ နည်းနည်းမှ မရှိဘူး... သူမက ရွှေလေးတွေကိုပဲ ယူမယ်လို့ ကတိပေးထားပြီးတော့ ကိုယ်တော် အနှစ်သက်ဆုံး ရတနာကိုပါ ခိုးသွားတယ်..."

"ရှောင်ထောင်ဟွာ... မင်းသားစုအိမ်တော်ကို သွားပြီး ဒီနေ့အတွက် သတင်းအချက်အလက်တွေကို တော်ဝင်ကြင်ယာတော်စုကို ပြောပြလိုက်..."

ယွင်ဟွားက ရထားလုံးထဲမှနေ၍ ညွှန်ကြားလိုက်သည်။

သူတို့သည် ယခုနှစ်ကုန်တွင် သူတို့၏ 'အတင်းအဖျင်းမဂ္ဂဇင်း' ကို အပြီးသတ်ရန် ရည်ရွယ်ထားပြီး ထို့နောက် ၎င်းကို မြို့တော်တစ်ခုလုံးတွင် ရောင်းချမည် ဖြစ်သည်။ သေချာပေါက် အဓိကဇာတ်ကောင်များနှင့် နောက်ခံသမိုင်းကြောင်းများကို သင့်လျော်သလို ပြောင်းလဲရမည် ဖြစ်သည်။

*ဟီးဟီးဟီး…*

*အဲ့အခါကျရင် ငါ့ဆီကို မရေမတွက်နိုင်တဲ့ ရွှေပြားလေးတွေ ဝင်လာတော့မှာပဲ... ဘယ်လောက်တောင် ကောင်းလိုက်တဲ့အရာလဲ…*

"ဟုတ်ကဲ့ပါ..."

ရှောင်ထောင်ဟွာက ပြန်ဖြေလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ယွင်ဟွား၏ မျက်လုံးများမှာ မနာလိုမှုများဖြင့် တောက်လောင်နေ၏။ ဤသည်မှာ တောင့်တမှုများ ပြည့်နှက်နေသော နောက်ထပ်နေ့တစ်နေ့ပင် ဖြစ်သည်။

ယွင်အိမ်တော်သို့ ပြန်ရောက်သောအခါ ယွင်ဟွားသည် သူမ၏ အစ်ကိုကြီး၏ စာကြည့်ဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့လေသည်။

နေဝင်ချိန်တွင် နေရောင်ခြည်သည် သစ်သားပန်းပုပြတင်းပေါက်မှတစ်ဆင့် ဖြာကျနေပြီး ယွင်ချင်းမော့၏ အနည်းငယ် နိမ့်ချထားသော မျက်တောင်များပေါ်သို့ ကျရောက်နေ၏။ သူသည် လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားလျက် သစ်တော်သားကုလားထိုင်ပေါ်တွင် မှီထိုင်နေကာ အေးချမ်းပြီး ကျေနပ်နေပုံရသည်။

"အစ်ကိုကြီး..."

ယွင်ဟွားသည် တစ်စုံတစ်ခုကို ရင်ခွင်ထဲတွင် ပိုက်ထားလျက် တောက်ပသော မျက်နှာထားဖြင့် ပြေးလာခဲ့ပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းထံမှ သူမ ယူလာခဲ့သော 'ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်' ကို ယွင်ချင်းမော့၏ ရှေ့တွင် ချထားလိုက်လေသည်။

"ရော့... ဒါက အစ်ကိုကြီးအတွက် လက်ဆောင်ပဲ..."

ယွင်ဟွားသည် ဘေးတွင် လိမ္မာရေးခြားရှိစွာ ရပ်နေရင်း ဖားယားသော အပြုံးဖြင့် ပြုံးနေသည်။

ယွင်ချင်းမော့က အစပိုင်းတွင် အံ့အားသင့်သွား၏။ သူသည် ပုံမှန်အားဖြင့် အလွန်တည်ငြိမ်သူ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် အနည်းငယ် ထိတ်လန့်သွားလေသည်။

ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်ပင်တည်း...။

ဤမှင်သွေးကျောက်သည် ချင်းကျိုးဒေသတွင်သာ ရရှိနိုင်သော ကျောက်စိမ်းကဲ့သို့သော ရေခဲကျောက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းကို နက်ရှိုင်းသော ရေကန်များနှင့် ချောက်ကမ်းပါးများမှသာ ထွင်းထုရယူနိုင်သည်။ လက်မှုပညာနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ပြီးမြောက်ရန်အတွက် နှစ်နှစ်ခန့် အချိန်ယူရကြောင်းကိုမူ ဆိုဖွယ်ရာ မရှိတော့ပေ။

မှင်သွေးကျောက်များ၏ ဘုရင်ထံ ဆက်သရသော လက်ဆောင်ပစ္စည်းတစ်ခု ဖြစ်သည်။

ယွင်ချင်းမော့သည် မျက်ခုံးများကို ပင့်တင်လိုက်သည်။

*ဒီကောင်မလေးက ဧကရာဇ်ဆီကနေ လုယူလာခဲ့တာများလား…*

အကြောင်းပြချက်မရှိဘဲ မျက်နှာသာပေးခြင်းဆိုသည်မှာ မကောင်းသော ရည်ရွယ်ချက်ရှိခြင်း သို့မဟုတ် ခိုးယူလာခြင်း၏ လက္ခဏာတစ်ခုသာ ဖြစ်သည်။

"ပြောစမ်း... ဘာကိစ္စလဲ..."

ယွင်ဟွားက သူမ၏ လက်သေးသေးလေးများကို ပွတ်သပ်လိုက်ပြီး တော်ဝင်ဆရာကြီးနင်းက သူမအား ထိုနေ့အတွက် ပေးထားသော အိမ်စာများကို လှမ်းပေးလိုက်လေသည်။

"အစ်ကိုကြီး... တော်ဝင်ဆရာကြီးနင်းက သီချင်းများကျမ်းကို တစ်ကြိမ် ကူးရေးခိုင်းပြီး 'ဆောင်းဦးရာသီ' ခေါင်းစဉ်နဲ့ ကဗျာသုံးပုဒ် စပ်ဆိုခိုင်းထားတယ်..."

ယွင်ဟွားက ယွင်ချင်းမော့၏ လက်မောင်းကို ဆုပ်ကိုင်ကာ ရှေ့နောက် လှုပ်ခါလျက်…

"အစ်ကိုကြီး... ညီမဆီမှာ ဗဟုသုတ နည်းနည်းလေးပဲ ရှိတယ်ဆိုတာ အစ်ကိုကြီး သိပါတယ်... ဒါကြောင့် ကျေးဇူးပြုပြီး ညီမကို ကူညီပေးပါ..."

ယွင်ချင်းမော့မှာ အလှုပ်ခံရသဖြင့် ခေါင်းမူးသွားကာ အလျင်အမြန်ပင် အော်ပြောလိုက်၏။

"ရပ်လိုက်တော့..."

"သီချင်းများကျမ်းကိုတော့ ညီမလေး ကိုယ်တိုင် ကူးရေးလို့ရတယ်... ကဗျာစပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့..."

ယွင်ချင်းမော့က စကားကို ရပ်တန့်လိုက်လေသည်။ သူ၏ ညီမလေး၏ အရည်အချင်းကို အကဲခတ်ကြည့်ရသရွေ့ သူမသည် တစ်လကြာလျှင်တောင်မှ စာတစ်ကြောင်းမျှ ထွက်ပေါ်လာနိုင်မည် မဟုတ်ပေ။

"ကောင်းပြီ... နားလည်ရလွယ်တဲ့ တစ်ခုခုကို အစ်ကို စဉ်းစားပေးမယ်... ဒါပေမယ့် အစ်ကိုက ပါးစပ်ကပြောပြပြီး ညီမလေးက လိုက်ရေးရမယ်..."

ယွင်ဟွားမှာ တောင့်တင်းသွားပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

*ဒါက ချင်းကျိုး ရေခဲကျောက်စိမ်းရမှင်သွေးကျောက်လေ…*

*အစ်ကို့ကို တစ်သက်လုံး ရောင်းစားဖို့ ရည်ရွယ်ချက်နဲ့ ဒီပစ္စည်းကို ငါ ထုတ်ပေးခဲ့တာ... ပြီးတော့ ငါ ကိုယ်တိုင်တောင် ရေးရဦးမယ်တဲ့လား…*

*ဒါဆိုရင် ဒီစီးပွားရေးသဘောတူညီချက်က ရှေ့ဆက်လို့ မရတော့ဘူးပဲ…*

ယွင်ဟွားသည် ပေါ့ပါးစွာ နှာမှုတ်လိုက်ပြီး ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်ကို သိမ်းဆည်းကာ…

“ညီမ အဖေ့ဆီပဲ သွားတော့မယ်..."

သူမ၏ ဖခင်သည် ဧကရာဇ်ထံမှ ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်ကို အမြဲတမ်း လုယူချင်နေခဲ့ကြောင်းကို သူမ သတိရသွား၏။

ယွင်ဟွား၏ လှုပ်ရှားမှုမှာ အလွန်တရာ မြန်ဆန်လှသဖြင့် ယွင်ချင်းမော့အား တုံ့ပြန်ရန် အချိန်လုံးဝ မရလိုက်ပေ။

"နေပါဦး... ခဏစောင့်ပါဦး..."

ယွင်ချင်းမော့သည် ထွက်ပြေးရန် ဟန်ပြင်နေသော ယွင်ဟွားအား ဖမ်းဆွဲလိုက်ပြီး သူ၏ လက်သီးဆုပ်ကို နှုတ်ခမ်းတွင်ကပ်ကာ ဖြည်းညင်းစွာ ချောင်းဟန့်လိုက်လေသည်။

"ညီမလေး... ဒီကိစ္စကို အစ်ကိုတို့ထပ်ပြီး ဆွေးနွေးလို့ ရပါသေးတယ်..."

ယွင်ဟွား၏ မျက်ခုံးများမှာ ကျေနပ်ဂုဏ်ယူမှု တစ်စိတ်တစ်ပိုင်းဖြင့် တွန့်ချိုးသွားကာ သူမ၏ လက်များကို ပိုက်ထားလျက်…

"အစ်ကိုကြီး... ဒီချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်က တကယ်ကို တန်ဖိုးဖြတ်လို့ မရဘူးနော်... နောင်လာမယ့် ညီမရဲ့ ပညာရေးကိစ္စအားလုံးကို အစ်ကိုကြီးဆီ အပ်မယ်... ဒါပေမယ့် ဘယ်လို ဈေးဆစ်တာကိုမှ လက်ခံမှာ မဟုတ်ဘူး..."

"မေးခွန်းတစ်ခုပဲ... လက်ခံလား လက်မခံဘူးလား..."

“အကယ်၍ အားလုံး အဆင်မပြေဖြစ်သွားရင်တောင် အဖေ့ဆီ သွားလို့ရသေးတယ်... အဖေကတော့ သေချာပေါက် လုပ်ပေးမှာပဲ…”

"ညီမလေး…ဒါက သိပ်တော့ မမှန်သေးဘူး..."

ယွင်ချင်းမော့က "ကောင်းပြီ" ဟူသော စကားလုံးကိုပင် မပြောရသေးမီ ယွင်ဟွားသည် လှည့်၍ ထွက်ပြေးသွားကာ အော်ဟစ်လိုက်လေသည်။

"အဖေ... အဖေနဲ့ ဆွေးနွေးစရာ စီးပွားရေးသဘောတူညီချက်တစ်ခုရှိတယ်..."

“ဟွန့်…အစ်ကိုကြီးသာ ဧကရာဇ်ရဲ့ စာမေးပွဲကို ဖြေဆိုရတော့မယ့် အချက်သာ မရှိဘူးဆိုရင် ငါ ပထမဆုံး စဉ်းစားမယ့်သူက အစ်ကိုကြီး ဖြစ်မှာ မဟုတ်ဘူး…”

"ညီမလေး... အဲ့မှာပဲ ရပ်လိုက်စမ်း... ခဏစောင့်ပါဦး... အစ်ကိုတို့ ထိုင်ပြီးတော့ ဒီကိစ္စကို ဆက်ဆွေးနွေးကြတာပေါ့..."

နာရီဝက်ကြာပြီးနောက် ယွင်ရှောင်ထျန်း၏ စာကြည့်ဆောင်အတွင်း၌…

ယွင်ဟွားသည် အလယ်တွင် ထိုင်နေပြီး သူမ၏ ဘယ်ဘက်တွင် ဖခင်ဖြစ်သူရှိကာ ညာဘက်တွင် အစ်ကိုဖြစ်သူ ရှိနေလေသည်။ ထိုသူနှစ်ဦးမှာ အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားပုံရ၏။

"အဖေ... သားက နောက်နှစ်မှာ ဧကရာဇ်ရဲ့ စာမေးပွဲကို ဖြေဆိုရတော့မှာ... ဒီမှင်သွေးကျောက်ကို သားကို ဘာလို့ မပေးရတာလဲ..."

ယွင်ချင်းမော့က တည်ငြိမ်နေဆဲဖြစ်သော်လည်း ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်၏ ထောင့်စွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေလေသည်။

ယွင်ရှောင်ထျန်းသည်လည်း အားကုန်ထုတ်ထားပြီး အံကြိတ်လုနီးပါးဖြင့် ပြောလိုက်၏။

"မော့အာ... မင်းက ဂန္တဝင်စာအုပ်တွေ အများကြီး ဖတ်ဖူးတာပဲ... သက်ကြီးရွယ်အိုများကို လေးစားခြင်းဆိုတာကိုရော နားလည်ရဲ့လား... မြန်မြန် လွှတ်လိုက်စမ်း..."

"အဖေ... အဲ့စကားပုံမှာ လူငယ်များကို ချစ်ခင်ပါဆိုတဲ့ ဒုတိယတစ်ပိုင်း ရှိသေးတယ်လေ... သက်ကြီးရွယ်အိုတွေကို မလေးစားခင်မှာ လူငယ်တွေကို အရင် ချစ်ခင်ရမယ်... ဒါကြောင့် အဖေက အရင် လွှတ်ပေးသင့်တယ်..."

ယွင်ချင်းမော့က နောင်တရနေမိ၏။ ထိုစဉ်ကသာ သူ မတုံ့ဆိုင်းခဲ့လျှင် ကောင်းမည်ဖြစ်သည်။

"လွှတ်လိုက်စမ်း... ငါက မင်းရဲ့ အဖေ ဖြစ်နေသေးတယ်ဆိုတာ သေချာရဲ့လား... ယုံချင်ယုံ မယုံချင်နေ... မနက်ဖြန်ကျရင် ဘိုးဘေးခန်းမကိုဖွင့်ပြီး မင်းကို မိသားစုထဲကနေ နှင်ထုတ်ပစ်မယ်..."

"နှင်ထုတ်ချင်ရင်လည်း နှင်ထုတ်လိုက်လေ... ဘာပဲဖြစ်ဖြစ် အဖေက သားကို ပြန်ရေးသွင်းမှာပဲ... ဒါပေမယ့် အဖေ မမေ့နဲ့နော်... ဒီယွင်မိသားစုက နောင်တစ်ချိန်ကျရင် သားဆီကို လွှဲပြောင်းပေးရမှာ..."

ယွင်ရှောင်ထျန်းသည် မျက်လုံးလန်ပြလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ဒါက ပြောရခက်ပါတယ်... အကယ်၍ မင်းရဲ့ ညီမလေးက ငါ့ရဲ့ ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမယ်ဆိုရင်... မူဝါဒကို ပြောင်းလဲပြီး သူမကို မိသားစုခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်မယ်... အဲ့အခါကျရင် မင်း ငိုရလိမ့်မယ်..."

သူသည် ဤကောင်မလေး၏ ရည်မှန်းချက်များကို မမေ့သေးပေ။ မင်းသမီးတစ်ပါး ဖြစ်လာရန် သို့မဟုတ် သူ့ကို သတ်ရန်ပင် ဖြစ်သည်။

“ဟုတ်တယ်... ဟုတ်တယ်... ပန်းကလေး... နင့်အဖေမှာလည်း ကိုယ်ရေးကိုယ်တာ အသိဉာဏ်လေးတော့ ရှိသားပဲ... ငါတို့ သူ့ကို ဖြုတ်ချပစ်ကြမယ်..”

ယွင်ရှောင်ထျန်း…..

"လွှတ်စမ်း..."

"မလွှတ်ပေးနိုင်ဘူး..."

ယွင်ဟွားသည် သူမ၏ ဖခင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ အစ်ကိုဖြစ်သူအား ကြည့်လိုက်ရာ သူမ၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေပြီး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။

"ဒီလိုဆိုရင်ရော..."လေလံဆွဲကြမလား…”

ထိုသူနှစ်ဦးမှာ တစ်ချိန်တည်းတွင် လှည့်လာကြပြီး အော်ဟစ်လိုက်၏။

"ပါးစပ်ပိတ်ထား..."

"ကောင်းပါပြီ..."

ယွင်ဟွားမှာ နောက်သို့ ဆုတ်သွားလေသည်။ သူမ၏ ဖခင်နှင့် အစ်ကိုဖြစ်သူမှာ ပြင်းပြင်းထန်ထန် ငြင်းခုန်နေကြပြီဖြစ်ရာ သူမသည် လိမ္မာရေးခြားရှိစွာ နေရန်သာ ဆုံးဖြတ်လိုက်၏။

သူတို့သည် လမင်းကြီး မိုးကုတ်စက်ဝိုင်းအထက်သို့ တက်လာသည်အထိ၊ သူမ၏ မိခင်က ညစာစားရန် သူတို့ကို စောင့်နေရသည်အထိ၊ ခြိမ်းခြောက်နေသော အမူအရာဖြင့် သူမ အနားသို့ ရောက်လာသည်အထိ ငြင်းခုန်နေခဲ့ကြသည်။

နောက်ဆုံးတွင် သူမ၏ မိခင်က ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်ကို သိမ်းဆည်းသွားခဲ့လေသည်။

သူတို့သုံးဦးစလုံး အဆူခံလိုက်ရပြီး ညစာစားပြီးနောက်တွင် အားလုံး ယွင်မိသားစု ဘိုးဘေးခန်းမ၌ စုဝေးခဲ့ကြသည်။

ယွင်ရှောင်ထျန်းနှင့် ယွင်ချင်းမော့တို့က ဆုတောင်းဖျာများပေါ်တွင် မတ်မတ် ဒူးထောက်နေကြ၏။

ယွင်ဟွားနှင့် ပတ်သက်၍မူ...

အခန်း (၉၆) ယွင်မိသားစု ဘိုးဘေးများ၏ ဝိညာဉ်ကျင့်စဉ်နည်းလမ်းများ

သူမ၏ မိခင်က ဘိုးဘေးခန်းမထဲတွင် စားပွဲနှင့် ကုလားထိုင်တစ်စုံ ပြင်ဆင်ထားရန် အစေခံများကို အမိန့်ပေးခဲ့လေသည်။

“ဝါး... ရှောင်ရှူးရှူး... ဘာလို့ ငါကပဲ အမြဲတမ်း နောက်ဆုံးမှာ ဒုက္ခရောက်ရတာလဲ..”

ယွင်ဟွားက မျက်ရည်များကို သုတ်ရင်း သီချင်းများကျမ်းကို စုတ်တံဖြင့် ကူးရေးနေစဉ် အထိန်းတော်ကြီးနှစ်ဦးက သူမ၏ နောက်မှနေ၍ အသေအချာ စောင့်ကြည့်နေကြလေသည်။

“ချင်းကျိုး ရေခဲကျောက်စိမ်း မှင်သွေးကျောက်တစ်ခု ဆုံးရှုံးသွားရုံသာမက သီချင်းများကျမ်းကိုလည်း ကူးရေးရသေးတယ်... ကဗျာတွေလည်း စပ်ရသေးတယ်…ဒါက ငါ့ကို သတ်နေတာပဲ... ငါ့ကို သေအောင် သတ်နေတာပဲ..”

“ရှောင်ရှူးရှူး... ငါ အိမ်ကနေ ထပ်ပြီး ထွက်ပြေးချင်ပြန်ပြီ... ဒီတစ်ကြိမ်တော့ မြို့တော်ကနေ တတ်နိုင်သမျှ အဝေးဆုံးကို ပြေးဖို့ ဆုံးဖြတ်ထားတယ်..”

“ဝါး... ငါ အရမ်းကို သနားစရာကောင်းတာပဲ... အရမ်းကို သနားစရာကောင်းတာပဲ..ဝါး”

ယွင်ရှောင်ထျန်းနှင့် ယွင်ချင်းမော့တို့မှာ တစ်ညလုံး ညည်းတွားသံများကို နားထောင်နေခဲ့ရသဖြင့် သူတို့၏ ဦးရေပြားများပင် ထုံကျင်နေတော့၏။

“ပန်းကလေး... မငိုနဲ့တော့... မြန်မြန်သာ စာကူးရေးပါ... မဟုတ်ရင် မကြာခင် မိုးလင်းတော့မယ်..”

ရှင်ခြင်းသေခြင်းစာအုပ်က ၎င်း၏ နားများကို ပိတ်ထားလိုက်သော်လည်း ၎င်း၏ ပန်းကလေးမှာ အမှန်တကယ်ပင် အော်ဟစ်ငိုယိုနိုင်လွန်းလှသည်။

“စာအုပ်လေး... သွားပြီးတော့ စုတ်တံလေးနဲ့ မိတ်ဆွေဖွဲ့လိုက်ပါ... ပြီးတော့ သူ့ကို ငါ့အတွက် ရေးခိုင်းလိုက်... ဒါမှမဟုတ် နင် အခု ငရဲပြည်ကို ပြန်သွားပြီး သူ့ကို သွားပေးဖို့ ကြိုးစားကြည့်လိုက်လေ..”

ဘိုးဘေးခန်းမထဲရှိ လူများနှင့် သရဲတစ္ဆေများ…

ရှင်ခြင်းသေခြင်းစာအုပ်မှာ သွေးတစ်ပွက် အန်လုမတတ် ဖြစ်သွားလေသည်။ ၎င်းသည် စားပွဲရှေ့တွင် ခါးထောက်လျက် ရပ်ကာ ယွင်ဟွားအား အပြစ်တင်လိုက်၏။

“ပန်းကလေး... နင် ငါ့ကို ဒုက္ခပေးချင်ရင် တိုက်ရိုက်သာ ပြောလိုက်ပါ... အကယ်၍ ငါသာ ငရဲပြည်ကို ပြန်သွားရင် ကျားဂူထဲကို သိုးပေါက်လေး ဝင်သွားသလို ဖြစ်မသွားဘူးလား... အဲ့ရောက်မှ သူတို့က ငါ့ကို တခြားတစ်နေရာရာကို လွှင့်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ..”

ယွင်ဟွား၏ ရင်တွင်းမှ ငိုကြွေးသံမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။

မှန်ပေသည်။ အကယ်၍ သူတို့သာ ကွဲကွာသွားပါက သူမသည် လိမ်လည်လှည့်ဖြားသည့် အလုပ်ကို ဆက်လုပ်နိုင်မည် မဟုတ်တော့ပေ။

ယွင်ဟွားသည် သူမ၏ ဖခင်နှင့် အစ်ကိုဖြစ်သူထံသို့ အကြည့်လွှဲလိုက်ပြီး သူမ၏ အသံမှာ နူးညံ့သိမ်မွေ့နေ၏။

"အဖေ... အစ်ကိုကြီး..."

ယွင်ရှောင်ထျန်းနှင့် ယွင်ချင်းမော့တို့မှာ တစ်ပြိုင်နက်တည်း မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

သူတို့ ကူညီ၍ မရနိုင်ပေ။ သူတို့ လုံးဝ ကူညီ၍ မရနိုင်ပါချေ။

"ရက်စက်လိုက်တာ..."

ယွင်ဟွားက နှာမှုတ်လိုက်ပြီးနောက် စုတ်တံကို ပြန်လည်ကောက်ကိုင်ကာ ရှိုက်ငိုနေဆဲဖြင့် စာကူးရေးရန် စတင်လိုက်သည်။

အလွန်တရာ သနားစရာ ကောင်းလှပေသည်။

စိတ်ထားနူးညံ့နေဆဲဖြစ်သော ရှင်ခြင်းသေခြင်းစာအုပ်က ဆိုးယုတ်လှသော အကြံတစ်ခုကို ရရှိသွားလေသည်။

“ပန်းကလေး... နင့်ရဲ့ ဘိုးဘေးတွေကို ထွက်လာပြီး နင့်အတွက် ရေးပေးဖို့ ဘာလို့ မတောင်းဆိုရတာလဲ..”

ထိုစကားများကို ပြောဆိုလိုက်လေသည်။ ပူဇော်ပွဲစားပွဲပေါ်ရှိ ဖယောင်းတိုင်မီးတောက်များမှာ အဆက်မပြတ် တုန်ခါသွားကြ၏။

ဤမြင်ကွင်းက ယွင်ရှောင်ထျန်းနှင့် ယွင်ချင်းမော့တို့အား အလွန်အမင်း ထိတ်လန့်သွားစေခဲ့ပြီး သူတို့၏ နောက်ကွယ်ရှိ အထိန်းတော်ကြီးနှစ်ဦးပင်လျှင် မနေနိုင်ဘဲ တုန်ယင်သွားကြတော့သည်။

“ကောင်းလိုက်တဲ့ အကြံပဲ..”

ယွင်ဟွား၏ မျက်လုံးများက အရောင်လက်သွားလေသည်။

ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း ယခင်က ပန်းကလေး သန့်စင်ထားခဲ့သော အရာများကို ၎င်း၏ ဗိုက်ထဲမှ ဆွဲထုတ်ကာ လေထဲသို့ ဖြန့်ကြဲလိုက်လေသည်။ ထိုလူလေးဦးမှာ ရုတ်တရက် ခေါင်းမူးဝေသွားပြီးနောက် "ဘုန်း" ဟူသော အသံနှင့်အတူ သတိလစ်သွားကြတော့၏။

ယွင်ဟွားက ဘိုးဘေးကမ္ပည်းပြားရှေ့တွင် ဒူးထောက်လိုက်ရာ ရိုသေလေးစားမှု ရှိသော်လည်း သူမ၏ မျက်နှာပေါ်တွင်မူ ဖားယားသော အပြုံးတစ်ခု ရှိနေလေသည်။

"ဘိုးဘေးတို့... ရှင်တို့ မြေးစကားကို ကြားနိုင်တယ်ဆိုတာ ဒီမြေးသိပါတယ်... ယွင်မိသားစုရဲ့ မျိုးဆက်တစ်ယောက် ဖြစ်ရတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးကြပါ..."

"..."

“ပန်းကလေး... သူတို့က နင့်ကို လုံးဝ လျစ်လျူရှုထားပုံရတယ်... ငါတို့ သူတို့ကို ခြိမ်းခြောက်သင့်သလား…”

ရှင်ခြင်းသေခြင်းစာအုပ်က ဘိုးဘေးခန်းမကို တစ်ချက် ကြည့်လိုက်လေသည်။

“ဒါမှမဟုတ်... ဒီနေရာကို မီးရှို့ပစ်လိုက်ရင်ကော ဘယ်လိုလဲ..”

ဖယောင်းတိုင်မီးရောင်မှာ ပို၍ပင် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်တစ်စက္ကန့်တွင် ကမ္ပည်းပြားများအားလုံး လေထဲသို့ မြောက်တက်သွားကာ ယွင်ဟွားအား တညီတညွတ်တည်း တိုက်ခိုက်ကြတော့၏။

"ဘုရားရေ..."

ယွင်ဟွား၏ မျက်နှာမှာ ဖြူလျော့သွားပြီး ဘိုးဘေးခန်းမထဲတွင် ဟိုဟိုဒီဒီ ခုန်ပေါက်နေလေတော့သည်။

"ရှင်တို့က လူဆိုးတွေလိုပဲ ပြုမူနေကြတာပဲ... ရှင်တို့ရဲ့ ပစ္စည်းတွေကို မီးရှို့ပစ်မယ်လို့ ပြောခဲ့တာ ကျွန်မမှ မဟုတ်တာ... ဘာလို့ ကျွန်မကို လာရိုက်နေကြတာလဲ..."

ရှင်ခြင်းသေခြင်းစာအုပ်မှာလည်း အခန်းထဲတွင် ပျံဝဲနေလေသည်။

“ပန်းကလေး... သူတို့က ငါ့ကိုရော ရိုက်လို့ရလားဟင်..”

၎င်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ပေ။ သူတို့မှာ သရဲတစ္ဆေများဖြစ်ရာ သဘာဝကျကျပင် ၎င်းကို မြင်နိုင်ပြီး ၎င်းစကားပြောသည်ကို ကြားနိုင်ပေသည်။

“ငါ ပေါ့ဆသွားခဲ့တာပဲ…”

တံခါးအပြင်ဘက်တွင် အစောင့်ကျနေသော ရှောင်ထောင်ဟွာမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းကာ မလှုပ်ရှားနိုင်အောင် ဖြစ်နေလေသည်။

ဤကဲ့သို့သောအရာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

လူများ သေဆုံးပြီးနောက်တွင် ငရဲပြည်သို့ မသွားဘဲ နေကောင်းနေနိုင်သော်လည်း သူတို့သည် ဘိုးဘေးခန်းမထဲတွင်တော့ သေချာပေါက် ရှိနေကြမည် ဖြစ်သည်။

ယွင်ဟွားမှာ နာကျင်မှု သိပ်မရှိသော်လည်း ဤသည်မှာ အတော်လေး ကြောက်မက်ဖွယ်ကောင်းနေဆဲပင် ဖြစ်သည်။

"ကျွန်မဆီမှာ ဝိညာဉ်ကျင့်စဉ်နည်းလမ်းတွေ ရှိတယ်... ရှင်တို့ လိုချင်ကြလား..."

ယွင်ဟွားက အော်ဟစ်လိုက်ရာ ကမ္ပည်းပြားများအားလုံး လေထဲတွင် ရပ်တန့်သွားကြလေသည်။

“ပန်းကလေး…”

ရှင်ခြင်းသေခြင်းစာအုပ်က ထိတ်လန့်တကြား ရေရွတ်လိုက်၏။ ထိုကဲ့သို့သော ဝိညာဉ်ကျင့်စဉ်နည်းလမ်းကို မည်သို့လုပ်၍ ဤမျှ ပေါ့ပေါ့ဆဆ ထုတ်ပေးနိုင်ရမည်နည်း။

ရှင်ခြင်းသေခြင်းစာအုပ် ဘာကို စိုးရိမ်နေသနည်းဆိုသည်ကို ယွင်ဟွား သိထားသည်။ ၎င်းမှာ ကျင့်ကြံနေစဉ်အတွင်း တစ်စုံတစ်ရာ မှားယွင်းသွားပြီး ကျင့်ကြံသူအား မိစ္ဆာဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေမည်ကို စိုးရိမ်နေခြင်းသာ ဖြစ်သည်။

“ရှောင်ရှူးရှူး... ငါတို့က ဘယ်သူလဲဆိုတာ မမေ့နဲ့လေ..”

သူတို့နှစ်ဦး ရှိနေစဉ်တွင် ယွင်မိသားစု ဘိုးဘေးများ လမ်းလွဲသွားမည်ကို အဘယ်ကြောင့် ကြောက်ရမည်နည်း။ သူတို့က ထိုသူများကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးလိမ့်မည်။

လက်ရှိတွင် သူမ၌ ခွန်အားများ ကင်းမဲ့နေသော်လည်း သူမ သယ်ဆောင်လာသော အေးစက်လှသည့် ရောင်ဝါသည် ယင်စွမ်းအင်အဖြစ် ယာယီ ပြောင်းလဲသွားနိုင်ပြီး သာမန် ယင်ဝိညာဉ်များကို အလွယ်တကူ ခြယ်လှယ်နိုင်စေသည်။

“ရှောင်ရှူးရှူး... ငရဲပြည်မှာ သေမင်းတမန်တွေ အရမ်းနည်းနေတယ်ဆိုတာ နင် သိပါတယ်... အဲ့တုန်းက ယမမင်းက ငါတို့တစ်ယောက်ချင်းစီကို အလုပ်တွေ အများကြီး လုပ်ခိုင်းခဲ့တယ်... ဒါ့ကြောင့် ငါတို့က ပျင်းရိပြီး ဖရဲသီးစားပြီး ပွဲကြည့်နေတာကလွဲလို့ ဘာမှမလုပ်ဖြစ်ဘဲ လူ့ပြည်ကို အပစ်ခံလိုက်ရတာလေ..”

“ငါတို့ သူ့ကို ကူညီပြီးတော့ ယွင်မိသားစု ဘိုးဘေးတွေအားလုံးကို သေမင်းတမန်တွေဖြစ်လာအောင် လေ့ကျင့်ပေးလိုက်ကြရအောင်... အနည်းဆုံးတော့ ငါတို့ ငရဲပြည်ကို ပြန်ရောက်တဲ့အခါ ဒါက ကုသိုလ်တစ်ခုအနေနဲ့ သတ်မှတ်ခံရပြီး ယမမင်းက ငါတို့ကို ကပ်ဘေးဒုက္ခလို့ ခေါ်ပြီး လိုက်ဖမ်းနေတော့မှာ မဟုတ်ဘူး..”

ရှင်ခြင်းသေခြင်းစာအုပ်က တကျွတ်ကျွတ်စုပ်သပ်လိုက်လေသည်။

“ပန်းကလေး... နင်ပြောတာလည်း အဓိပ္ပာယ်ရှိသားပဲ..”

ပန်းကလေးက သေမင်းတမန်များကို မွေးမြူထားပြီး သင့်လျော်သည့်အချိန်တွင် ကိရိယာများအဖြစ်လည်း အသုံးပြုနိုင်သည်။

အလွန်ကောင်းပေသည်...။

အလွန်ကောင်းပေသည်…။

ယွင်ဟွားသည် ရှင်ခြင်းသေခြင်းစာအုပ်နှင့် သဘောတူညီမှုတစ်ခု ရရှိသွားခဲ့ပြီး ယွင်မိသားစု ဘိုးဘေးများသည်လည်း သူတို့၏ ဆွေးနွေးမှုများကို အဆုံးသတ်ကာ သက်ဆိုင်ရာ နေရာများသို့ ပြန်သွားကြလေသည်။

ဤအချိန်၌…

ကမ္ပည်းပြားထဲမှ ဝိညာဉ်ပုံရိပ်တစ်ခု အပြင်သို့ ထွက်ပေါ်လာ၏။

သွက်လက်ဖျတ်လတ်သော အဘိုးအိုသည် ကြင်နာတတ်ပြီး ဖော်ရွေကာ ယွင်ဟွားအား အလွန်အမင်း အလိုလိုက်လေသည်။

ယွင်ဟွားသည် သူ့အား မျက်လုံးပြူးကာ စိုက်ကြည့်လိုက်လေသည်။ သူသည်ကား အလွန် ရင်းနှီးနေပုံရ၏။

အဘိုးအိုသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ရယ်မောလိုက်လေသည်။

"မိုက်မဲတဲ့ ကလေးလေး... အဘိုးက ဟိုခွေးကောင် ယွင်ရှောင်ထျန်းရဲ့ အဖေအရင်း... မင်းရဲ့ အဘိုး ယွင်ကျန်းရှန်လေ..."

အံ့ဩစရာတော့ မဟုတ်ပေ။

သူမက အလွန်ရင်းနှီးနေသလို ခံစားရသည်ဟု ဆိုခဲ့သည်မဟုတ်ပါလား။

နောက်တစ်စက္ကန့်တွင် ယွင်ဟွားက ပြေးသွားပြီး ငိုကြွေးလေသည်။

"အဘိုး... အဘိုးရဲ့သားက မြေးကို အနိုင်ကျင့်တယ်..."

သူမ တိုင်တောတော့မည် ဖြစ်သည်။ သူမ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ သူမအပေါ် မကောင်းပြုခဲ့သမျှ ကိစ္စရပ်တိုင်းကို သူမ တိုင်တောတော့မည် ဖြစ်သည်။

ယွင်ကျန်းရှန်၏ အမူအရာမှာ တင်းမာသွားပြီး သတိလစ်နေသော ယွင်ရှောင်ထျန်းဆီသို့ သူ၏ အကြည့်များ ရက်စက်စွာ ရောက်ရှိသွားလေသည်။

"စိတ်မပူပါနဲ့... အဘိုးက ခဏနေရင် သူ့အိပ်မက်ထဲကို ဝင်ပြီး မြေးအတွက် လက်စားချေပေးမယ်..."

ယွင်ဟွားက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ သူမတွင် နန်းတော်၌ အစွမ်းထက်သော နောက်ခံလူ ရှိနေပြီး ယခုအခါ သူမ၏ မိသားစုတွင်လည်း နောက်ခံလူတစ်ဦးရှိနေပြီ ဖြစ်သည်။

ယွင်ကျန်းရှန်သည် သူ၏ လက်များကို ပွတ်သပ်လိုက်လေသည်။

"အဘိုးရဲ့ ချစ်လှစွာသော မြေးလေး... မြေးပြောတဲ့ ဟိုဝိညာဉ်ကျင့်စဉ်နည်းလမ်းဆိုတာက..."

ငရဲပြည်မှာ လူပြည့်ကျပ်နေပြီး ပြန်လည်ဝင်စားရန် အခွင့်အရေးပင် မရှိပေ။ သူတို့ကို ကိုးကွယ်မည့် မျိုးဆက်များရှိသူများသည် လူ့ပြည်သို့ ပြန်လာနိုင်သော်လည်း ဘိုးဘေးခန်းမမှ ထွက်ခွာ၍ မရနိုင်ချေ။ တစ်နေ့လုံး ကမ္ပည်းပြားထဲတွင် ပိတ်လှောင်ခံနေရခြင်းမှာ အလွန် ငြီးငွေ့စရာ ကောင်းလှပေသည်။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံက သူတို့ကို မျက်နှာသာပေးခဲ့ပြီး ယွင်မိသားစုမှ မြေအောက်ကမ္ဘာနှင့် အဆက်အသွယ်ရှိသူ တစ်ဦး ထွက်ပေါ်လာခဲ့သည်။

"ပြဿနာမရှိပါဘူး..."

ယွင်ဟွားသည် သူတို့အား ဝိညာဉ်အဖြစ် ကျင့်ကြံခွင့်ပြုမည်ဟု ကတိပေးခဲ့ပြီးဖြစ်ရာ သဘာဝကျကျပင် သူမ၏ ကတိကို ဖျက်မည်မဟုတ်ပေ။ သို့သော်…

သူမက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေသည်။

"အဘိုး... မြေးရဲ့ အိမ်စာတွေကို ကူလုပ်ပေးလို့ ရမလားဟင်..."

ယွင်ဟွားက သူမ၏ လက်သေးသေးလေးဖြင့် လက်ညှိုးထိုးပြလိုက်ရာ ထိုပန်းချီဆန်သော စာလုံးများက သူမကို အမှန်တကယ်ပင် သတ်ဖြတ်နိုင်ပေသည်။

ယွင်ကျန်းရှန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားလေသည်။

ထားလိုက်ပါတော့... ထားလိုက်ပါတော့လေ။

ဤကောင်မလေးသည် သူမ၏ မိခင်နှင့် တထေရာတည်းပင်ဖြစ်ပြီး သူတို့ကို အမြဲတမ်း ခြိမ်းခြောက်နေတတ်သည်။

"အဘိုး... ဒါက တစ်ရက်တည်းအတွက် မဟုတ်ဘူးနော်... နောင်ကျရင်လည်း ထပ်ရှိလာဦးမှာပဲ..."

သူတို့ နောင်တွင် ငြင်းဆန်မည်ကို ရှောင်ရှားရန် ယွင်ဟွားက အလျင်အမြန် သတိပေးလိုက်လေသည်။

ယွင်ကျန်းရှန်…

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပူဇော်ပွဲစားပွဲဆီသို့ လျှောက်သွားကာ ပြောလိုက်လေသည်။

"အပြင်ကို ထွက်လာခဲ့ကြပါ... ကောင်မလေးကို အရင်ဆုံး ဝိညာဉ်တွေနဲ့ မိတ်ဆက်ပေးကြတာပေါ့..."

မည်သို့ပင်ဖြစ်စေ သူ တစ်ဦးတည်းသာ သရဲဖြစ်နေသည်မှ မဟုတ်ဘဲ တစ်ရက်လျှင် သရဲတစ်ကောင်နှုန်းဖြင့် အလှည့်ကျလုပ်မည်ဆိုလျှင်တောင် အလှည့်ပြန်ရောက်ရန် အချိန်ကြာမြင့်ဦးမည် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်…

ဘိုးဘေးခန်းမတစ်ခုလုံး လှည့်လည်သွားလာနေသော ဝိညာဉ်များဖြင့် ပြည့်နှက်သွားလေတော့သည်။

အပြင်ဘက်မှ ရှောင်ထောင်ဟွာမှာ သတိလစ်သွားခဲ့လေပြီ။

"ယွင်မိသားစုရဲ့ မျိုးဆက်သစ် ယွင်ဟွားက ယွင်မိသားစု ဘိုးဘေးတွေကို အရိုအသေပေးပါတယ်..."

“ရှင်ခြင်းသေခြင်းစာအုပ်ကို တာဝန်ယူထားတဲ့ ငရဲပြည်က နတ်ဘုရားကလည်း ပန်းကလေးရဲ့ ဘိုးဘေးတွေကို အရိုအသေပေးပါတယ်..”

ဤဘဝရှိ ပန်းကလေး၏ မိသားစုဖြစ်ရာ ၎င်းအနေဖြင့် မျက်နှာသာ အနည်းငယ်တော့ ပေးသင့်ပေသည်။

ယွင်ဟွားက လူတိုင်းကို နှုတ်ဆက်လိုက်လေသည်။

သူမ၏ အဘိုး ယွင်ကျန်းရှန်နှင့် သူမ၏ သိမ်မွေ့နူးညံ့သော အဘွားကျန်းရှို့ရှို့တို့ကို မှတ်မိခြင်းမှလွဲ၍ သူမ ဘာကိုမျှ မမှတ်မိတော့ပေ။

ဘိုးဘေးများ အလွန်များပြားလွန်းလှသဖြင့် သူမသည် သူတို့ကို ခွဲခြား၍ပင် မသိနိုင်တော့ချေ။

All Chapters