← Chapters

အခန်း (၄၃၉-၄၄၀)

Vol. 44 Ch. 439-440

အခန်း (၄၃၉-၄၄၀)

Vol. 44 Ch. 439-440

အခန်း ၄၃၉ ၊ အပိုင်း (၂) - ဖမ်းဆီးခြင်း၊ ပိုင်နက်နှင့် လုချင်း၏ စည်းကမ်းချက်များ

ဤစကားကို ကြားသောအခါ အိမ်တော်ထိန်းဝေ့သည် နောက်ဆုံးတွင် ပစ္စည်းများကို လက်ခံလိုက်ရတော့၏။ "ဒီလိုဆိုရင်လည်း ဒီအစေခံအိုကြီးက ရိုသေစွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါဗျ ကျွန်တော် အခု ရွာကို ပြန်တော့မယ်။ နောက်တစ်ခါ ကျွန်တေယ်တို့ တွေ့တဲ့အခါကျ အိမ်တော်ထိန်းဝေ့လည်း မွေးရာပါနယ်ပယ်ကို ရောက်နေဖို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောပြီးနောက် လုချင်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကျိုးလီရွာဆီသို့ ဦးတည်သွားသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

အိမ်တော်ထိန်းဝေ့သည် မိုးကုပ်စက်ဝိုင်းအတွင်း တောက်ပသော အလင်းတန်းကြီး ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလေသည်။ တုန်လှုပ်နေသော်လည်း စိတ်ပိုင်းဖြတ်ထားမှုဖြင့် သူသည် ကျောက်စိမ်းအဆောင်နှင့် ပုလင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။ မွေးရာပါနယ်ပယ်သို့ ရောက်ရှိရန် သူ၏ မျှော်လင့်ချက်မှာ ၎င်းတို့အတွင်း၌ ရှိနေကြောင်း သူ သိနေပေသည်။

...

တည်းခိုခန်းအထက်တွင် လုချင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားသည်ကို မျက်မြင်တွေ့ရှိခဲ့သော ယန်ချန်းဟိုင်မှာလည်း အလားတူပင် အံ့အားသင့်သွားခဲ့လေသည်။ သူ၏ တည်ငြိမ်မှုကို ပြန်ပြီးရယူရန် အချိန်အတော်ကြာသည်အထိ ယူခဲ့ရပြီး သူ၏ မျက်နှာအမူအရာမှာလည်း ပြတ်သားနေလေ၏။

လုချင်း၏ စည်းကမ်းချက်များကို လက်ခံရန် သူ၏ မျိုးနွယ်စုကို သူ ဆွဲဆောင်ရမည်ဖြစ်ကြောင်း သူ နားလည်ထားပါသည်။

အကယ်၍ လုချင်းသာ ဒေါသထွက်သွားပါက ယန်မိသားစု တစ်ခုလုံးအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်နှင့် နှိုင်းယှဉ်လျှင် ယန်ထျန်းဟွာ၏သေဆုံးခြင်းမှာ အသေးအဖွဲ ကိစ္စလေးသာ ဖြစ်ပေလိမ့်မည်။

...

ခရိုင်မြို့တော်မှာ ကျိုးလီရွာနှင့် သိပ်မဝေးလှချေ။ မြင်းအမြန်ပြေးနှုန်းဖြင့်ဆိုလျှင် ခရီးစဉ်မှာ တစ်နေကုန် ကြာပေမည်။ သို့သော် လုချင်း၏ မယုံနိုင်လောက်သော ပျံသန်းမှုအမြန်နှုန်းဖြင့်ဆိုလျှင်တော့ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ရောက်ရှိနိုင်ပါ၏။ ထိုသို့ဖြင့် လုချင်းတစ်ယောက် သူ၏ အိမ်သို့ ပြန်ပြီးဆင်းသက်လာခဲ့လေသည်။

တောင်ခါးပန်းရှိ ခြံဝင်းအတွင်း၌ တရားထိုင်နေသော သမားတော်ကြီးချန်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်၏။

"အားချင်း ပြန်ရောက်လာပြီမလား"

သူသည် ခေတ္တမျှသာ လှုပ်ရှားလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်နေလေသည်။ လုချင်း၏ လက်ရှိ ခွန်အားဖြင့် သူ့ကို ခြိမ်းခြောက်နိုင်သူ ကမ္ဘာပေါ်တွင် မရှိချေ။ ထို့ကြောင့် သမားတော်ကြီးချန်သည် ထပ်မံမေးမြန်းရန် လိုအပ်သည်ဟု မခံစားရချေ။

မကြာမီက လုချင်း ပေးအပ်ခဲ့သော အရင်းအမြစ်များဖြင့် သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းမှာ ကြီးမားသော ခြေလှမ်းများဖြင့် တိုးတက်နေခဲ့လေသည်။ အခြေတည်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိရန် အချိန်သိပ်မကြာတော့ဟု သူ ခန့်မှန်းထားမိသည်။ ဤအဆင့်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်ပြီးသည်နှင့် ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန်မှာ လက်တစ်ကမ်းတွင်သာ ရှိနေပေလိမ့်မည်။

ရွှေအမြုတေအဆင့် ကျူးကျော်သူ နှစ်ဦး၏ မှတ်ဉာဏ်က သူ့ကို နာကျင်စေဆဲပင်။ သူ၏ လုံလောက်မှုမရှိသော ခွန်အားကြောင့် သူ၏ တပည့် အသက်လုတိုက်ပွဲဝင်နေသည်ကို သူ အကူအညီမဲ့စွာဖြင့်သာ စောင့်ကြည့်နေခဲ့ရ၏။ ဤအရာက ပိုမိုအားကောင်းလာစေရန် သူ့ကို နက်ရှိုင်းစွာဖြင့် လှုံ့ဆော်ပေးနေခဲ့သည်ပင်။

ထိုကျူးကျော်သူ နှစ်ဦး ရှုံးနိမ့်သွားခဲ့သော်လည်း ရွှမ်ခုန်းဘုရားကျောင်း၏ ခြိမ်းခြောက်မှုမှာ ရှိနေဆဲပင်။ သမားတော်ကြီးချန်သည် သူ့ကိုယ်သူ ကျေနပ်နေရန် ခွင့်ပြုမည် မဟုတ်ချေ။

လုချင်း အဝေးသို့ ရောက်နေသည့် အချိန်တိုလေးအတွင်းမှာပင် သူသည် ရွှမ်ခုန်းဘုရားကျောင်းကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီဖြစ်ကြောင်းကိုတော့ သမားတော်ကြီးမှာ အနည်းငယ်မျှပင် မသိရှိခဲ့ချေ။ သူတို့ကို ဆန့်ကျင်နေသော အကြီးမားဆုံး ရန်သူမှာ လုံးဝ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။

...

အိမ်သို့ ပြန်ရောက်သောအခါ လုချင်းသည် သူ၏ တရားထိုင်ခန်းအတွင်းသို့ ဝင်ရောက်ပြီး သူ၏ စိတ်ကို အာရုံစိုက်ကာ သူ၏ အသိစိတ်ကို လီဟော်ဒယ်အိုးအတွင်းသို့ နစ်မြုပ်လိုက်တော့၏။

"သခင်လေး" ယန်က သူ့ကို ချက်ချင်း နှုတ်ဆက်လိုက်သည်။

"ဟိုလူတွေ ဘယ်လိုနေလဲ" လုချင်းက မေးလိုက်၏။

"သူတို့ ကြောက်လန့်နေကြတယ်" ယန်က ပြုံးလျက် ပြန်ဖြေလိုက်သည်။ "အထူးသဖြင့် သခင်လေး ၇ ဆိုတဲ့ကောင်ပေါ့။ သူ့ခင်မျယ သေးတောင် ထွက်ကျချင်နေပြီလေ"

လုချင်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မင်းသားနှင့် သူ၏ အစောင့်များ၏ အခြေအနေကို မြင်ကွင်းအတွင်းသို့ ပုံဖော်ပြသလိုက်လေသည်။ နေရာလွတ်အကျဉ်းထောင်တစ်ခုအတွင်း၌ ယန် နိုင်ငံ၏ သခင်လေး ၇နှင့် သူ၏ ကိုယ်ရံတော်များသည် သူတို့၏ ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး စူးစမ်းကြည့်နေကြ၏။ သို့သော် သူတို့ မည်မျှပင် စုံစမ်းစစ်ဆေးစေကာမူ ဘာမျှ မတွေ့ရှိခဲ့ကြချေ။

နေရာလွတ်အကျဉ်းထောင်၏ ရှုပ်ထွေးသော တံဆိပ်ခတ်မှုများမှာ သူတို့၏ နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်နေပါ၏။ သူတို့၏ စွမ်းရည်များဖြင့် ယင်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

"ဒါက ဘယ်လိုတောင် ကျိန်စာသင့်နေတဲ့ နေရာကြီးလဲ" သခင်လေး ၇က ငိုယိုလိုက်လေ၏။

အချည်းနှီး ရှာဖွေမှု နောက်တစ်ကြိမ် ပြီးဆုံးပြီးနောက်၌ ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်သည် သူ၏ နှလုံးသားထဲရှိ ထိတ်လန့်မှုကို မထိန်းချုပ်နိုင်တော့ဘဲ စတင်အော်ဟစ်လေတော့သည်။

"သခင်လေး ၇... ကျွန်တော် မမှားဘူးဆိုရင် ကျွန်တော်တို့က ဟိုလူငယ်ရဲ့ ရှေးဟောင်း ဒယ်အိုး ဝိညာဉ်လက်နက်ထဲမှာ ပိတ်မိနေတာပဲ" အစောင့်တစ်ဦးက ပြောလိုက်သည်။

"အဲဒါကို ငါလည်း သိတာပေါ့။ အခု ငါ သိချင်တာက ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ငါတို့ ဘယ်လို ထွက်သွားနိုင်မလဲဆိုတာပဲ" လူငယ်က ဟိန်းဟောက်လိုက်၏။

"အဲဒါက ခက်ခဲပါလိမ့်မယ်" အစောင့်က ရှင်းပြသည်။ "ဒီလို ဝိညာဉ်လက်နက်တွေအကြောင်း ကျွန်တော်တို့ရဲ့ အကြီးအကဲ နည်းနည်းပြောပြတာကိုပဲ ကြားဖူးတာပါ။ အဲဒီအပြင် ကျွန်တော်တို့ သိပ်လည်းမသိပါဘူးဗျ။ ဒါပေမဲ့ အဲဒီလူငယ်က ဒီလို ဝိညာဉ်လက်နက်မျိုးကို အသက်သွင်းနိုင်တယ်ဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းက ကျွန်တော်တို့ နားလည်နိုင်စွမ်းထက်တောင် ကျော်လွန်နေရမယ်။ သူက ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ ဒဏ္ဍာရီလာ ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်နိုင်တယ်"

သခင်လေး ၇၏ မျက်နှာမှာ တွန့်လိမ်သွားပြီး သူက အော်ဟစ်လိုက်တော့၏။ "ဒါပေမဲ့ အဲဒီလူကို အရင်က ငါ တစ်ခါမှတောင် မမြင်ဖူးဘူးလေ။ သူ့ကို ငါ ဘယ်လိုလုပ် ရန်စမိမှာလဲ"

လုချင်းကို သူ တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးကြောင်း သူ သေချာသိသော်လည်း ရှင်းပြချက်လေးတစ်ခွန်းမျှ မရှိဘဲ ဤကျိန်စာသင့်နေသော နေရာသို့ ဆွဲသွင်းခံခဲ့ရသည်။ ငယ်စဉ်ကတည်းက အလိုလိုက်ခံရပြီး အခွင့်ထူးခံဖြစ်ခဲ့ရာ ဤကဲ့သို့သော အရှက်ခွဲခံရမှုမျိုးကို သူ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ ထိတ်လန့်မှုနှင့် စိတ်ပျက်မှုတို့က သူ့အတွင်း၌ တစ်ဟုန်ထိုး မြင့်တက်လာပြီး သူ၏ နှလုံးသားကို ခါးသီးမှုများဖြင့် လောင်ကျွမ်းစေခဲ့၏။

"အဲဒါက ထင်ရှားနေတာပဲ မဟုတ်ဘူးလား" အခြားအစောင့်တစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်လေသည်။ "စောစောက ဝေ့မိသားစုရဲ့ ရတနာကို သိမ်းပိုက်ဖို့ သခင်လေး အကြံအစည်ထုတ်ခဲ့တယ်လေ။ ပြီးတာနဲ့ အဲဒီလူငယ် ရောက်လာပြီး ရတနာက သူ့ဆီမှာ ရှိတယ်လို့ ကြေညာခဲ့တယ်မလား။ အဲ့တော့ ဘာတွေမှားသွားလဲဆိုတာ မထင်ရှားဘူးလား"

သခင်လေး ၇မှာ လမ်းပျောက်နေဆဲဖြစ်ပြီး ဖြစ်ပျက်နေသည်များကို နားလည်ရန် အလွန်အမင်း ထိတ်လန့်နေသည်ကို မြင်သောအခါ ၌အစောင့်များမှာ နေမထိထိုင်မသာ အချင်းချင်း ကြည့်လိုက်ကြလေသည်။ သူတို့သည် သူ့ကို ကာကွယ်ရန် သူတို့၏ အကြီးအကဲ၏ အမိန့်ကို သစ္စာရှိစွာ ထမ်းဆောင်ရင်း သူနှင့်အတူ အချိန်အတော်ကြာ လိုက်ပါလာခဲ့ကြသည်။ထို့ကြောင့် ယခုအချိန်တွင် သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် နည်းလမ်းများကို သူတို့ ကောင်းကောင်း နားလည်နေကြပြီပင်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့၏ အကြီးအကဲသည် သခင်လေး ၇၏ ထီးနန်းဆက်ခံမှု တောင်းဆိုချက်ကို အဘယ်ကြောင့် ထောက်ခံရန် ရွေးချယ်ခဲ့ကြောင်းကို သူတို့ လုံးဝ နားမလည်နိုင်ခဲ့ချေ။ သူတို့၏ အမြင်တွင် မင်းသားသည် စံပြအုပ်ချုပ်သူတစ်ဦးနှင့် အလွန်ဝေးကွာလှပေ၏။ ဉာဏ်ရည်မြန်သော်လည်း သူ၏ ဉာဏ်ကောင်းမှုမှာ ကောက်ကျစ်မှုနှင့် မကြာခဏ နီးစပ်နေလေသည်။ ထို့အပြင် သူ၏ တစ်ကိုယ်ကောင်းဆန်မှု၊ ကာမဂုဏ်လိုက်စားမှုနှင့် သဘောထားသေးသိမ်မှုတို့က သူ့အား ကြီးမြတ်သော ဘုရင်တစ်ပါး၏ အရည်အသွေးများကို ပိုင်ဆိုင်ရန် မသင့်လျော်စေခဲ့ချေ။

သို့သော် ညည်းညူမှုများကို ဘေးဖယ်ထားလျှင် အကြီးအကဲ၏ အမိန့်များမှာ လုံးဝ တိကျသေချာလှပေသည်။ မင်းသား၏ ဘေးကင်းမှုကို အရာအားလုံးထက် ဦးစားပေးရန်မှလွဲ၍ သူတို့တွင် အခြားရွေးချယ်စရာ မရှိချေ။

ထို့ကြောင့် အစောင့်များက သူ့ကို နှစ်သိမ့်ပေးရန် စတင်ခဲ့ကြတော့၏။

"သခင်လေး ၇... ထိတ်လန့်စရာ မလိုပါဘူး။ အဲဒီလူငယ်က ကျွန်တော်တို့ကို ဖမ်းဆီးခဲ့တယ်ဆိုတော့ ကျွန်တော်တို့ကို ချက်ချင်း ဒုက္ခပေးဖို့တော့ ရည်ရွယ်ထားတဲ့ပုံ မပေါ်ပါဘူး။ တကယ်လို့ သူက ကျွန်တော်တို့ကို တကယ် သတ်ချင်တယ်ဆိုရင် သူ့လို စွမ်းရည်ရှိတဲ့သူတစ်ယောက်က လွယ်လွယ်ကူကူပဲ လုပ်နိုင်မှာလေ"

သခင်လေး ၇ တိတ်ဆိတ်သွားသည်။ သူ့ကို အဆိုးရွားဆုံး မတည်မငြိမ် ဖြစ်စေခဲ့သည့်အရာမှာ တိတိကျကျ ဤအရာပင်ဖြစ်၏။ သူ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းမှာ အခြားတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်ဟူသော ခံစားချက်ပင်။

တော်ဝင်မိသားစုတွင် မွေးဖွားလာသူတစ်ဦးအနေဖြင့် သူ၏ အလိုဆန္ဒများက အခြားသူများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့် ဘဝတစ်ခုကို သူ ခံစားခဲ့ရသည်။ ဤကဲ့သို့သော ယုတ်ညံ့မှုမျိုးကို သူ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။

ထိုလူငယ်မှာ သူ ရန်မစရဲသော သူတစ်ယောက် ဖြစ်နိုင်ကြောင်း သူ နားလည်ထားသော်လည်း သူ၏ ရင်ဘတ်ထဲတွင်တော့ အငြိုးတကြီး ဒေါသများ လောင်ကျွမ်းလာခဲ့ပါ၏။ ဤအရာအားလုံး၏ တရားမျှတမှုမရှိခြင်းက သူ့ကို အဆုံးအစမဲ့သော အမုန်းတရားများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

"ထျန်းလောင်ကို ဆက်သွယ်ဖို့ ကြိုးစားပြီးပြီလား။ တကယ်လို့ ထျန်းလောင်သာ ကျွန်တော်တို့ရဲ့ အခက်အခဲကို သိရင် သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတွေက ကျွန်တော်တို့ကို သေချာပေါက် ကယ်တင်ပေးနိုင်မှာပဲ" မင်းသားက ရုတ်တရက် မေးလိုက်၏။

ဤမွေးရာပါနယ်ပယ် အစောင့်များသည် ကြီးမားသော အကွာအဝေးများမှတစ်ဆင့် မက်ဆေ့ခ်ျများ ပေးပို့နိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော ရတနာများကို သယ်ဆောင်ထားပြီး သာမန်အခြေအနေများအောက်တွင် ထျန်းလောင်ထံသို့ ရောက်ရှိနိုင်ကြောင်း သူ သိနေပေသည်။

"ကျွန်တော်တို့ အဖမ်းခံရတာနဲ့ ချက်ချင်း ကြိုးစားခဲ့ပါတယ်" အစောင့်တစ်ဦးက ရှင်းပြလေသည်။ "ကံဆိုးချင်တော့ ဒီနေရာက တော်တော်လေးကို ထူးဆန်းပါတယ်။ ဆက်သွယ်ဖို့ လုပ်ခဲ့သမျှအားလုံးကို ပိတ်ဆို့ထားခဲ့တဲ့ပုံပဲ။ ကျွန်တော်တို့ သယ်လာတဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားတွေက အကြီးအကဲနဲ့ ဘယ်လိုဆက်သွယ်မှုမှ လုပ်လို့မရဘူးလေ"

"သေစမ်းကွာ" ဤစကားကို ကြားသောအခါ လူငယ်၏ စိတ်အနှောင့်အယှက်ဖြစ်မှုများက ပို၍ပင်ပြင်းထန်လာခဲ့တော့၏။ သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ရှိ လွတ်ဟာနေသော နေရာကို လှမ်းကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် ကြီးထွားလာသော ထိတ်လန့်မှုကို ဖိနှိပ်ထားရန် မဖြစ်နိုင်တော့ချေ။ အကယ်၍ ဤသို့သာ ဆက်သွားနေမည်ဆိုလျှင် သူ၏ သတိတရား လုံးဝ ပျောက်ဆုံးသွားမည်ကို သူ စိုးရိမ်မိလေသည်။

နေရာလွတ်အကျဉ်းထောင်၏ အပြင်ဘက်တွင်တော့ လုချင်းသည် သခင်လေး ၇၏ ပိုမိုထိတ်လန့်လာသော မျက်နှာအမူအရာများကို စောင့်ကြည့်နေပြီး ခေါင်းယမ်းလိုက်၏။

ဤသူသည် ဉာဏ်နီဉာဏ်နက်များပြီး ကြံ့ခိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်ဟု သူ အစပိုင်းက ထင်ထားမိခဲ့တာပင်။

သူ အံ့အားသင့်သွားသည်မှာကတော့ မင်းသားဟုခေါ်သော သူသည် ဖိအားအနည်းငယ်ကိုပင် မခံနိုင်သော စက္ကူကျားတစ်ကောင်သာ ဖြစ်နေခြင်းပင်။ ကိုယ်တွင်းအင်္ဂါအဆင့်ရှိ ထိုလူ၏ ကျင့်ကြံခြင်းမှာ အရင်းအမြစ် အမြောက်အမြား၏ ရလဒ်သာဖြစ်ပုံရပြီး သူ၏ စိတ်နေသဘောထားမှာတော့ ထိုသည်နှင့် ထိုက်တန်ရလောက်အောင် နည်းနည်းလေးမျှတောင် နီးစပ်မနေခဲ့။

လူငယ်၏ အခြေအနေ ဆိုးရွားလာသည်ကို သတိပြုမိသဖြင့် လုချင်းသည် လက်ကို ဝှေ့ယမ်းလိုက်ကာ အကျဉ်းထောင်ကို ဖျောက်ဖျက်လိုက်တော့၏။

အတွင်းတွင် လူငယ် လုံးဝ ပြိုလဲတော့မည့် အချိန်လေးမှာပင် သူ၏ရှေ့တွင် အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အဆုံးအစမဲ့သော အမှောင်ထုကို လွင့်စင်သွားစေခဲ့တော့သည်။ ထို့နောက်တွင်တော့ သူ၏မျက်လုံးများရှေ့တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့တော့လေသည်။

....

အခန်း ၄၄၀ ၊ အပိုင်း (၁) - ကြောက်ရွံ့မှု၊ လင်းကျိယွဲ့၏ အမှန်တရား

လုချင်းသည် ခေါင်းပေါ်တွင် ဦးချိုတစ်စုံရှိပြီး ထူးခြားသော မျက်နှာသွင်ပြင်ရှိသည့် လူတစ်ဦးနှင့်အတူ ပေါ်လာခဲ့လေသည်။

မျှော်လင့်ချက်မဲ့နေသော ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်၏ မျက်လုံးများမှာ ရုတ်တရက် လင်းလက်သွားခဲ့သည်။ မြေကြီးပေါ်တွင် ခွေခွေလေး လဲကျနေခဲ့သော်လည်း သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရှေ့သို့ ပြေးထွက်ရန် ကြိုးစားလိုက်ရာ မျက်စိဖြင့်မမြင်နိုင်သော အကာအရံတစ်ခုကို ဝင်တိုက်မိသွား၏။ တိုက်မိမှုကြောင့် သူသည် နောက်သို့ လွင့်စင်သွားပြီး ကြယ်တွေလတွေကိုပင် မြင်ယောင်မိသွားရာ ဇဝေဇဝါနှင့် တွေဝေမိန်းမောစွာဖြင့် တစ်ဖန် ပြန်ပြီးလဲကျသွားလေတော့သည်။

"သခင်လေး ၇"

အစောင့်အချို့သည် သူ့ကို အလျင်စလို ကာကွယ်ပေးလိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ လုချင်းနှင့် သူ၏ အဖော်ကို ကြည့်နေစဉ် သတိထားနေကြလေ၏။

လုချင်းကတော့ ထိုမြင်ကွင်းကို ခံစားချက်ကင်းမဲ့စွာ စောင့်ကြည့်နေခဲ့ပြီး အစောင့်များ၏ သတိထားနေသော လှုပ်ရှားမှုများကို ဂရုမစိုက်ခဲ့ချေ။ ထိုအစား သူသည် ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်အား မေးလိုက်၏။ "မင်း ခုနကပြောခဲ့တဲ့ မြေပုံက ဘယ်မှာလဲ"

လူငယ်မှာ ခေတ္တမျှ မှင်သက်သွားပြီး လုချင်း ဆိုလိုသည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။ သူ၏ စိတ်များ ရှုပ်ထွေးနေစဉ် ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှသာ ပြောလိုက်၏ယ "ဒါဆို မင်းက အဲဒီမြေပုံကို လိုချင်နေတာပေါ့။ ငါ မင်းကို ပေးနိုင်ပါတယ်။ မင်းတို့ ငါတို့ကို လွှတ်ပေးသရွေ့တော့ အဲဒါကို ချက်ချင်း လွှဲပြောင်းပေးပါ့မယ်..."

သူ စကားမဆုံးမီမှာပင် သူ၏ ညာဘက်ခြမ်းတွင် ရုတ်တရက် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ ရပ်တန့်သွားခဲ့လေသည်။ ဇဝေဇဝါဖြင့် သူ၏ လက်မောင်းကို ငုံ့ကြည့်လိုက်ရာ လက်မောင်းရှိခဲ့သော နေရာတွင် လွတ်ဟာနေသည့် နေရာလွတ်တစ်ခုကိုသာ သူ တွေ့လိုက်ရ၏။ ထို့နောက်၌ သူ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ရှုံ့တွသွားပြီး မခံမရပ်နိုင်သော နာကျင်မှုများက သူ့ကို လွှမ်းခြုံသွားကာ အော်ဟစ်သံတစ်ခုအား ထွက်ပေါ်လာစေခဲ့တော့သည်။

"အား ငါ့ညာလက်မောင်း"

သူ၏ ညာလက်မောင်းမှာ ပျောက်ကွယ်သွားပြီပင်။ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့လေပြီဖြစ်၏။ အစောင့်များပင်လျှင် မှင်သက်သွားကြပြီး သခင်လေး ၇၏ လက်မောင်း မည်သို့ ပြတ်ထွက်သွားကြောင်းကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။ မည်သည့်အချိန်က ဖြစ်ပျက်သွားသည်ကိုပင် သူတို့ သတိမထားမိခဲ့ကြချေ။

"မင်းက ငါနဲ့ ညှိနှိုင်းရမယ့် အနေအထားမှာ မရှိဘူး။ တကယ်လို့ မင်း မြေပုံကို အခု မပေးရင် မင်းရဲ့ ခေါင်းကို လိမ်ချိုးပစ်ဖို့ ငါ နှောင့်နှေးနေမှာ မဟုတ်ဘူးနော်" လုချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

သူ့အသံ၏ အေးချမ်းတည်ငြိမ်သော လေသံက လူတိုင်း၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေခဲ့သည်။ ဤလူငယ်သည် သူ၏ စကားများအတိုင်း လုပ်ဆောင်ရန် နှောင့်နှေးမည် မဟုတ်ကြောင်း သူတို့ ခံစားသိရှိနိုင်ပါ၏။

ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်မှာ တုန်ရီနေပြီး သူ၏ စိတ်များကလည်း ရှုပ်ထွေးနေလေသည်။ ပြတ်ထွက်သွားသော သူ၏ လက်မောင်းမှ လောင်ကျွမ်းနေသော နာကျင်မှုကို လျစ်လျူရှုကာ သူသည် သူ၏ ဝတ်ရုံထဲမှ ဟောင်းနွမ်းနေသော သားရေပြားတစ်ခုကို အလျင်စလို ဆွဲထုတ်လိုက်၏။

"မြေပုံက... ဒီမှာ..."

သူ၏ စကားများ အပြည့်အဝ မဆုံးမီမှာပင် မြေပုံမှာ သူ၏ လက်ထဲမှ ပျောက်ကွယ်သွားပြီး လုချင်း၏ လက်ထဲတွင် ပြန်ပြီးပေါ်လာခဲ့လေသည်။ ဤအရာကို မြင်သောအခါ၌ လူငယ်သည် အရိုးခိုက်မတတ် အေးစက်မှုကို ခံစားလိုက်ရ၏။ လုချင်း၏ နည်းလမ်းများမှာ အလွန်တရာ ထူးဆန်းပြီး အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ အကယ်၍ ဤကဲ့သို့သော စွမ်းအားမျိုးကို သူ့အပေါ် အသုံးပြုခဲ့လျှင် သူ၏ အသက်ကို ယူခြင်းမှာ သစ်ရွက်တစ်ရွက်ကို ခူးယူသကဲ့သို့ပင် လွယ်ကူပေလိမ့်မည်။

သားရေပြားကို ကိုင်ထားရင်း လုချင်းသည် ယင်း၏ မျက်နှာပြင်ကို တွေးတောစွာဖြင့် ပွတ်သပ်ကြည့်လိုက်၏။ ယင်းမှာ ထူးဆန်းသော သတ္တဝါတစ်ကောင်၏ သားရေမှ ပြုလုပ်ထားပုံရပြီး ခိုင်လည်းခိုင်ခံ့သလို ပျော့လည်းပျော့ပျောင်းပါ၏။ ရာစုနှစ်ပေါင်းများစွာ ကြာရှည်ခံခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

သူ မြေပုံကို ဖြန့်လိုက်သောအခါ၌ ရှုပ်ထွေးသော ပုံစံများနှင့် ထူးဆန်းသော သင်္ကေတများကို သူ တွေ့မြင်လိုက်ရလေသည်။ ရိုးရှင်းသော မြေပြင်အနေအထား ပုံဖော်ချက်တစ်ခုလည်း ပါဝင်ပြီး လုချင်းအတွက် သဲ့သဲ့လေး ရင်းနှီးနေသကဲ့သို့ ဖြစ်နေလေ၏။ သူ၏ စိတ်ထဲတွင် သံသယတစ်ခု စတင်ဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် လုချင်းသည် သူ၏နတ်မျက်စိစွမ်းရည်ကို အသက်သွင်းကာ မြေပုံကို သေချာစွာ စစ်ဆေးကြည့်လိုက်တော့၏။

သားရေပြားပေါ်တွင် အနီရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး သူ၏ရှေ့တွင် အချက်အလက် စာတန်းများ လွင့်မျောလာခဲ့သည်။

[လျှို့ဝှက်ဆန်းကြယ် မြေပုံ: ဝိညာဉ်စွမ်းအင်ကို စားသုံး‌သော နွား၏ သားရေမှ ဖန်တီးထားသော မြေပုံတစ်ခု။]

[ယင်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ထူးခြားသော နည်းလမ်းများ လိုအပ်သည့် လျှို့ဝှက်သင်္ကေတများ ပါဝင်သည်။]

[မွေးရာပါနယ်ပယ် ကျင့်ကြံသူ လီဝေ့ထျန်းက အမွေအနှစ်တစ်ခုအဖြစ် ချန်ရစ်ခဲ့သည်။]

[အမွေအနှစ်ကို တွေ့ရှိထားပါသည်။ ၎င်းကို ကူးယူလိုပါသလား။]

စာတန်းကို ပြန်ပြီးသုံးသပ်ပြီးနောက် လုချင်းသည် သူ၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်တော့၏။ မြေပုံသည် တကယ်ကို လီဝေ့ထျန်း၏ အမွေအနှစ်ပင် ဖြစ်သည်။ ၎င်းကို လုပ်ထုံးလုပ်နည်းအတိုင်းဖြင့် အဓိပ္ပာယ်ဖော်ရန် နည်းလမ်းများ သူ့တွင် မရှိသော်လည်း သူ၏ နတ်မျက်စိစွမ်းရည်ကတော့ ယင်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးနိုင်ပေသည်။

သို့ဖြစ်၍ အမွေအနှစ်ကို ကူးယူရန် သူ ရွေးချယ်လိုက်တော့၏။

အံ့သြစရာကောင်းသည်မှာ မြေပုံထဲတွင် ထည့်သွင်းထားသော အချက်အလက်များမှာ အကန့်အသတ်ရှိသဖြင့် လုပ်ငန်းစဉ်မှာ မြန်ဆန်လှပေသည်။ ကူးယူမှု ပြီးဆုံးသွားသည်နှင့် လုချင်းသည် ထိုဗဟုသုတများကို ရယူလိုက်လေသည်။ သူ၏ မျက်လုံးများတွင် နားလည်မှုများဖြင့် တောက်ပသွားခဲ့၏။ သူ၏ သံသယများမှာ မှန်ကန်နေခဲ့သည်ပင်။

မြေပုံတွင် မွေးရာပါအဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုနှင့် ရတနာသိုက်တစ်ခု၏ တည်နေရာ နှစ်ခုစလုံး ပါဝင်နေလေသည်။

ကျင့်ကြံခြင်းနည်းစနစ်မှာ ယခုအခါ လုချင်းအတွက် အသုံးမဝင်တော့သော်လည်း ရတနာသိုက်မှာ လီဝေ့ထျန်း အဆင့်မတက်နိုင်ခဲ့လျှင် သူ၏ ကိုယ်ပိုင် သေဆုံးမှုကို မျှော်လင့်ထားခဲ့သည့် ယွီဟွာဂူမှလွဲ၍ အခြားမဟုတ်ချေ။ သူ၏ မျိုးဆက်များကို စနစ်တကျ သင်္ဂြိုဟ်ရန် သူ၏ ရုပ်အလောင်းကို ပြန်ပြီးရယူနိုင်စေရန် လမ်းညွှန်မှုအဖြစ် မြေပုံကို သူ ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ထားသော ဘေးအန္တရာယ်များက လီမိသားစုအပေါ် ကျရောက်လာခဲ့သည်။ လီဝေ့ထျန်း ပျောက်ကွယ်သွားပြီးနောက် သူ၏ မျိုးနွယ်စုသည် အစွမ်းထက်သော ရန်သူများ၏ ပစ်မှတ်ဖြစ်လာခဲ့ပြီး လူစုခွဲကာ လူသူကင်းမဲ့ရာသို့ ဆုတ်ခွာသွားရန် ဖိအားပေးခံခဲ့ရ၏။ ရာစုနှစ်များတစ်လျှောက် သူတို့၏ ကြွယ်ဝချမ်းသာမှုများ ဆုံးရှုံးသွားခဲ့ပြီး မြေပုံကို အဓိပ္ပာယ်ဖော်ရန် ဗဟုသုတများကိုပင် မေ့ပျောက်သွားခဲ့ကြလေသည်ပင်။

အချက်အလက်များကို စုပ်ယူပြီးနောက်၌ လုချင်းသည် မီးတောက်တစ်ခုကို ခေါ်ယူလိုက်ပြီး မြေပုံကို ဘာမျှမကျန်တော့သည်အထိ မီးရှို့ပစ်လိုက်တော့သည်။

ထိုအခါ၌ ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်နှင့် သူ၏ အစောင့်များမှာ မှင်သက်သွားကြလေ၏။

အထူးသဖြင့် လူငယ်သည် လုချင်းကဲ့သို့ အစွမ်းထက်သူတစ်ဦးက အလွန်အလိုရှိသော မြေပုံတစ်ခုမှာ ကြီးမားလှသော တန်ဖိုးရှိရမည်ဟု ယူဆထားခဲ့သည်။ သို့သော် လုချင်းသည် ခေတ္တမျှ ကြည့်ပြီးနောက် ၎င်းကို ရိုးရှင်းစွာဖြင့်ပဲ မီးရှို့ပစ်ခဲ့လေသည်။

မြေပုံက အတုဖြစ်နေလို့လား။

မတည်ငြိမ်မှု လှိုင်းလုံးတစ်ခုက သူ့ကို ဆုပ်ကိုင်ထားလေ၏။ အကယ်၍ မြေပုံသာ အတုဖြစ်နေပါက ဤအေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော လူငယ်က သူ့ကို အပြစ်တင်မည်လော။

"သခင်... ဒီမြေပုံက အဆင့်နိမ့် မိသားစုတစ်ခုဆီကနေ ရလာတာပါ။ အဲဒါ အစစ်လား၊ အတုလားဆိုတာ ကျွန်တော် တကယ် မသိခဲ့ပါဘူး။ တကယ်လို့ မြေပုံမှာ ပြဿနာတစ်ခုခု ရှိနေရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ရှင်ခွင့်ပေးပါ။ သခင့်ကို လှည့်စားခဲ့တဲ့ အဲဒီမိသားစုကို ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ အပြစ်ပေးပါ့မယ်"

လုချင်းသည် သူ့ကို လှည့်ကြည့်လိုက်လေသည်။ နောက်တစ်ခဏတွင်တော့ လူငယ်သည် သူ၏ ဘယ်ဘက်ခြမ်းတွင်ပါ မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားလိုက်ရတော့၏။ သူ၏ ဘယ်လက်မောင်းလည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း မယုံနိုင်စွာဖြင့် သူ ငုံ့ကြည့်လိုက်လေသည်။

"စိတ်ပူစရာ မလိုပါဘူး။ မြေပုံက အစစ်ပါ" လုချင်းက လူငယ်၏ အော်ဟစ်သံများကြားတွင် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ မင်းပြောတဲ့ အဆင့်နိမ့် မိသားစုရဲ့ ဘိုးဘေးဖြစ်တဲ့ လီဝေ့ထျန်းချန်‌ပေ့အပေါ်မှာ တစ်ချိန်က ကျေးဇူးကြွေးကြီးတစ်ခု တင်ခဲ့ဖူးတယ်။ မင်းရဲ့ လက်မောင်းနှစ်ဖက်စလုံး ဆုံးရှုံးသွားတာက လုံလောက်တဲ့ အပြစ်ပေးမှုလို့ မင်း ထင်လား"

လူငယ်၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် ပြူးကျယ်သွားခဲ့လေသည်။ လီဝေ့ထျန်းသည် ဤလူအတွက် ကျေးဇူးရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း သူသည် လီမျိုးဆက်များကို ဖမ်းဆီးကာ အမြတ်ထုတ်ခဲ့သည်။ သူ၏ နှလုံးသားမှာ နိမ့်ဆင်းသွားပြီး သူ၏ တစ်ကိုယ်လုံးမှာ အရိုးခိုက်မတတ် ကြောက်ရွံ့မှုဖြင့် တုန်ရီနေလေတော့၏။

ပြတ်ထွက်သွားသော သူ၏ လက်မောင်းများမှ နာကျင်မှုကို လျစ်လျူရှုကာ သူသည် ဒူးထောက်ကျသွားပြီး မျှော်လင့်ချက်မဲ့စွာဖြင့် စတင်ဦးညွှတ်လေတော့သည်။

"သခင်... လီချန်ပေ့နဲ့ သခင့်ရဲ့ ဆက်စပ်မှုကို ကျွန်တော် မသိခဲ့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါဗျာ"

တစ်ချိန်က မာနထောင်လွှားခဲ့သော သခင်လေး ၇သည် ယခုအခါတွင်တော့ ဂုဏ်သိက္ခာအားလုံးကို စွန့်လွှတ်လိုက်ပြီး ရှင်သန်လိုသည့် သူ၏ ပင်ကိုယ်အသိစိတ်ဖြင့်သာ လွှမ်းမိုးခံနေရလေပြီပင်။

"စိတ်မပူပါနဲ့။ လောလောဆယ်တော့ မင်းရဲ့ အသက်ကို ယူဖို့ ရည်ရွယ်ချက် ငါ့မှာ မရှိသေးပါဘူး။ မင်း အသက်ရှင်၊ မရှင်၊ သေ၊ မသေ ဆိုတာက မင်းရဲ့ အစ်ကို ၄က မင်းတို့ ယန်မိသားစုဆီကို ငါ့ရဲ့ စည်းကမ်းချက်တွေကို ပေးပို့နိုင်၊မနိုင်ရယ်၊ ပြီးတော့ မင်းတို့ မိသားစုက လက်ခံ၊မခံ အပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ ငါ မကျေနပ်ရင်တော့ မင်းတင်မကဘူး၊ မင်းတို့ ယန်မိသားစုလည်း ဒီကမ္ဘာလောကကြီးကနေ ဖျောက်ဖျက်ခံရလိမ့်မယ်"

သူ၏ စကားများ ဆုံးသွားသည်နှင့် လုချင်း၏ ပုံရိပ်မှာ စတင်လွင့်စင်သွားတော့၏။

ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်က ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။ "သခင်... ကျေးဇူးပြုပြီး..."

သူ စကားမဆုံးမီမှာပင် အမှောင်ထုက သူ့ကို လွှမ်းခြုံသွားပြီး သူ နေရာလွတ်အကျဉ်းထောင်ထဲသို့ ပြန်ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

"ဟင့်အင်း..."

ဈေးကြီးသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်၏ မျက်လုံးများတွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်လာသော်လည်း သူ မည်မျှပင် ကျယ်လောင်စွာ အော်ဟစ်စေကာမူ မည်သူကမျှ မတုံ့ပြန်ခဲ့ချေ။

သူ၏ အသံက နေရာလွတ်အကျဉ်းထောင်၏ ကန့်သတ်ချက်များကိုပင် မဖောက်ထွင်းနိုင်ခဲ့ချေ။

သူ့ပတ်ဝန်းကျင်ရှိ အစောင့်များသည် လူငယ်၏ မျှော်လင့်ချက်မဲ့နေမှုကို မြင်သောအခါ၌ ကျဆုံးသွားသော ယုန်တစ်ကောင်ကို ငိုကြွေးနေသည့် မြေခွေးများကဲ့သို့ ကြောက်ရွံ့မှုတစ်ခုကို မျှဝေခံစားလိုက်ကြရတော့၏။

...

အခန်း ၄၄၀ ၊ အပိုင်း (၂) - ကြောက်ရွံ့မှု၊ လင်းကျိယွဲ့၏ အမှန်တရား။

သခင်လေး ၇ကို သူတို့ သဘောမကျသော်လည်း အကယ်၍ သူသာ သေဆုံးသွားပါက သူ၏ အစောင့်များအနေဖြင့် သူတို့သည်လည်း သေချာပေါက် အပြစ်ပေးခံရမည်ပင်။

ထို့အပြင် သူတို့၏ ကိုယ်ပိုင် ရှင်သန်မှုမှာလည်း မသေချာချေ။

မည်သို့ပင်ဆိုစေ အစောပိုင်းက ထိုလူ ပြောခဲ့သည်မှာ တော်ဝင်မိသားစုက သူ့ကို မကျေနပ်စေနိုင်ပါက သူတို့၏ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးပစ်မည်ဟု ဆိုခဲ့သည် မဟုတ်ပါလော။

သူ တကယ် လုပ်နိုင်၊ မလုပ်နိုင်ဆိုတာက အရေးမကြီးဘူးလေ။ သူတို့ထဲက အနည်းငယ်ကို ရှင်းပစ်ဖို့ဆိုတာက သူ့အတွက် အားစိုက်စရာတောင် မလိုဘူးလေ။

အစောင့်တစ်ဦးက သက်ပြင်းချလိုက်ပြီး သူ၏ ဝတ်ရုံထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်လေသည်။

ရှေ့သို့ လျှောက်သွားရင်း သူက ပြောလိုက်၏။ "သခင်လေး... သခင်လေးက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာမလို့ သခင်လေးရဲ့ ဒဏ်ရာတွေကို အရင်ကုသသင့်ပါတယ်"

...

"သခင်လေး.... အဲ့ဒီ 'ယန် နိုင်ငံ' ဆိုတာကြီးက တောင်တန်းတစ်သိန်းကို သခင်လေးဆီ တကယ်ကြီး ပေးမှာလား။ ပြီးတော့ သခင်လေးကလည်း အဲ့တာကို အလိုရှိတယ်လား။"

ဝိညာဉ်လက်နက်အတွင်း၌ ယန်က လုချင်းကို ပြောလိုက်၏။

"အင်း၊ တောင်တန်းတစ်သိန်းက ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝပြီးတော့ ဝိညာဉ်ဆေးပင်တွေလည်း ပေါများတယ်လေ။ အဲဒါက အရမ်းကို ကောင်းမွန်တဲ့ နေရာတစ်ခုပဲ" လုချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။

"ကျုပ်ရဲ့အမြင်အရတော့လေ သခင်လေးရယ် ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးအောင် လုပ်နေရတာလဲ။ သခင်လေးရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် တောင်တန်းတစ်သိန်းကို သိမ်းပိုက်ဖို့ဆိုတာ ကြေညာချက်တစ်ခု ထုတ်ပြန်ရုံလောက်ပဲလေ။ ဘယ်သူတွေရဲ့ သဘောတူညီချက်ကို လိုဦးမှာတုံး"

ယန်မှာ ဇဝေဇဝါဖြစ်နေပုံရ၏။

အပိုင်ရယူလိုပါက လုချင်း၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ကမ္ဘာလောက တစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်မှုကို ကြေညာပြီး ရယူနိုင်သည်ပင်။ ယင်းမှာ အလွယ်တကူ ရရှိနိုင်သော အောင်မြင်မှုတစ်ခု ဖြစ်ပေ၏။

ထိုသို့ဆိုလျှင် တောင်တန်းတစ်သိန်းကဲ့သို့ အသေးအဖွဲအရာတစ်ခုကို လွှဲပြောင်းယူရန်အတွက် ယန် နိုင်ငံ၏ သဘောတူညီချက်ကို သူ အဘယ်ကြောင့် လိုအပ်ရသနည်း။

"အဲဒါက အကြောင်းပြချက်သက်သက်ပါ" လုချင်းက အပြုံးဖြင့် ပြောလိုက်သည်။

တကယ်တမ်းတော့ ဤအရာမှာ ခဏတာ စိတ်ကူးရ၍ လုပ်ဆောင်ခဲ့ခြင်းသာ။

တောင်တန်းတစ်သိန်းကို သူ သိမ်းပိုက်လိုရသည့် အဓိက အကြောင်းရင်းမှာ ယွီဟွာဂူ တည်ရှိနေခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် ယန် နိုင်ငံက မည်သို့ တုံ့ပြန်မည်ကို သူ သိချင်နေခဲ့ပါ၏။

ဟုတ်ပါ၏၊ အကယ်၍ ယန်မိသားစုကသာ အရမ်းခေါင်းမာနေမယ်ဆိုလျှင်တော့ သူတို့ကို မျိုးတုံးသတ်ဖြတ်ပစ်ဖို့ သူ ဝန်လေးမှာ မဟုတ်။

ယခုတော့ ယန်မိသားစု အခြေအနေမှန်ကို သိရှိရန် သူတို့အပေါ်တွင် မူတည်နေပြီ ဖြစ်သည်။

"မှင်နဲ့ စက္ကူ ယူခဲ့စမ်း"

ထိုအချိန်တွင် ခရိုင်မြို့တော်၌ ယန်ချန်းဟိုင်သည် ခရိုင်အုပ်ချုပ်ရေးမှူး အိမ်တော်သို့ ပြန်ရောက်လာပြီး ချက်ချင်းပင် အော်ဟစ်လိုက်တော့၏။

သို့သော် အစေခံများက မှင်နှင့် စက္ကူများကို ပြင်ဆင်ပေးပြီးနောက် သူသည် စားပွဲတွင် ထိုင်လိုက်သော်လည်း ရေးရန် တုံ့ဆိုင်းနေခဲ့လေသည်။

"ဒီကိစ္စရဲ့ အရေးကြီးပုံကို ငါ့မိသားစု သဘောပေါက်အောင်လို့ ငါ ဘယ်လိုလုပ်ရမလဲ"

ယန်ချန်းဟိုင်သည် အလွန်အမင်းခက်ခဲစွာဖြင့် တွေးတောနေရပါ၏။

လုချင်း ပြသခဲ့သော လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်၍မရနိုင်သည့် နည်းစနစ်မျိုးစုံနှင့် စွမ်းရည်များကို မျက်မြင်တွေ့ရှိခဲ့ပြီးနောက် ထိုလူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူ ချက်ချင်း နားလည်သွားခဲ့လေသည်။

လုချင်းသည် သူ၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်းအဆင့်မှာလည်း ယုတ္တိဗေဒကို ဖီဆန်ပြီး နတ်ဘုရားများနှင့် သရဲတစ္ဆေများကိုပင် ကြောက်ရွံ့စေသည့် အဆင့်တစ်ခု ဖြစ်ပေသည်။

ထိုသို့သောလူတစ်ယောက်ကို ဆန့်ကျင်ခြင်းက ယန်မိသားစုကို အသက်ရှင်ကျန်ရစ်လျှင်ပင် ဖျက်ဆီးခံရလောက်အောင် ဖြစ်သွားစေလိမ့်မည်သာ။

ထို့ကြောင့် လုချင်း၏ စည်းကမ်းချက်များကို လက်ခံရန် မိသားစုကို သူ ဆွဲဆောင်ရမည် ဖြစ်၏။

သို့သော် သူတို့ကို ဆွဲဆောင်ရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မည်ဆိုတာကိုလည်း သူ သိနေပေသည်။

ယန် နိုင်ငံကို ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော တော်ဝင်မိသားစုတစ်ခုအနေဖြင့် ယန်မိသားစု၏ မာနကို သူ အလွန်ကောင်းစွာ နားလည်ထားလေ၏။

တောင်တန်းတစ်သိန်းကဲ့သို့ ကျယ်ပြန့်သော ပိုင်နက်တစ်ခုကို ဤမျှ လွယ်ကူစွာ လွှဲပြောင်းပေးရန်ဆိုသည်မှာ မိသားစု အကြီးအကဲများအတွက် စိတ်ကူး၍ပင် မရနိုင်ချေ။

၎င်းက ပြင်းထန်သော တုံ့ပြန်မှုများကိုပင် ဖြစ်ပေါ်စေနိုင်ပေသည်။

ယန်ချန်းဟိုင်သည် ဤပြဿနာနှင့် အချိန်အတော်ကြာ လုံးပန်းနေခဲ့ပြီး သူ၏ စာကို မည်သို့ ရေးသားရမည်ကို မဆုံးဖြတ်နိုင်ခဲ့ချေ။

"သခင်... သခင်လေးလင်းကျိယွဲ့ တွေ့ခွင့်တောင်းနေပါတယ်ဗျ"

ယန်ချန်းဟိုင် စိတ်ပူနေဆဲမှာပင် အစေခံတစ်ဦးက ဝင်ရောက်လာပြီး သတင်းပို့လာ၏။

"ဘာ၊ လင်းကျိယွဲ့ ရောက်နေတာလား။ မြန်မြန်၊ သူ့ကို အထဲခေါ်လာလိုက်"

ယန်ချန်းဟိုင်မှာ အလွန်ပင်ဝမ်းမြောက်သွားပြီး တံခါးဝတွင် သူ့ကို ကြိုဆိုရန် ချက်ချင်းပင်မတ်တပ်ရပ်လိုက်တော့၏။

လင်းကျိယွဲ့ ဝင်လာပြီး ယန်ချန်းဟိုင်ကို မြင်သောအခါ၌ သူ ခေတ္တမျှ အံ့အားသင့်သွားခဲ့လေသည်။

"မင်းမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နေလွန်းလို့ မျက်မှောင်တွေတောင်ကြုတ်နေပါရောလား။ မင်းကို ဘာတွေကများ ဒုက္ခပေးနေလို့လဲ"

"မင်းရဲ့ အမြင်အာရုံကနေ ဘာမှ မလွတ်ကင်းနိုင်ပါဘူး ကျိယွဲ့ရယ်။ ဒီတစ်ကြိမ်တော့ မင်း ငါ့ကို ကယ်တင်ရလိမ့်မယ်။ ယန် နိုင်ငံကိုပါ ကယ်တင်ရလိမ့်မယ်" ယန်ချန်းဟိုင်က တောင်းပန်လိုက်လေသည်။

"ဘယ်လောက်တောင် အရေးကြီးနေလို့လဲ" လင်းကျိယွဲ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွား၏။

အိမ်နီးချင်း နိုင်ငံတစ်ခုက ကျူးကျော်တော့မလို့များလား။

ဤကဲ့သို့သော သတင်းမျိုးကို သူ မရရှိခဲ့ချေ။

"အဲဒါ သခင်လေးလုနဲ့ ပတ်သက်နေတယ်လေ..."

ယန်ချန်းဟိုင် စကားစပြောလိုက်သည်နှင့် လင်းကျိယွဲ့မှာ အလွန်အမင်း လေးနက်သွားတော့၏။

သူက ကြားဖြတ်ပြောလိုက်သည်။ "သခင်လေးလုအကြောင်းလို့ မင်း ပြောလိုက်တာလား"

"...ဟုတ်တယ်" ယန်ချန်းဟိုင်က တုံ့ဆိုင်းသွားလေသည်။

"ဆက်ပြော" လင်းကျိယွဲ့က တိုက်တွန်းလိုက်၏။

"...မနေ့က ယန်ချန်းရှန်က ငါ့ဆီကို အစောင့်အချို့နဲ့ ရောက်လာပြီး ငါ့အကူအညီကို တောင်းတယ်...ပြီးတော့......

အဲ့တာနဲ့ကွာ သခင်လေးလုက လီဝေ့ထျန်းရဲ့ မျိုးဆက်တွေကို သူ့ဆီ ပို့ပေးဖို့ ငါတို့ မိသားစုကို တောင်းဆိုခဲ့တယ်။

သူက တောင်တန်းတစ်သိန်းကိုလည်း လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့‌ သေးတယ်လေ။ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ မိသားစု အကြီးအကဲ အများစုက အရမ်း ခေါင်းမာကြတယ်လေကွာ။

သူတို့က သခင်လေးလုရဲ့ စည်းကမ်းချက်တွေကို လွယ်လွယ်ကူကူနဲ့တော့ သဘောတူမှာ မဟုတ်ဘူး။

တော်ဝင်နန်းတော်ကို ဘယ်လို တင်ပြရမလဲဆိုတာကို စဉ်းစားရင်း ငါ အခု အရမ်း စိတ်ရှုပ်နေတာ။

အံ့ဒါကြောင့် ကျိယွဲ့... ငါ အခု ဘာလုပ်သင့်လဲကွာ"

ယန်ချန်းဟိုင်သည် အခြေအနေတစ်ခုလုံးကို လင်းကျိယွဲ့အား အသေးစိတ် ပြောပြလိုက်လေသည်။

လင်းကျိယွဲ့ကလည်း ပိုမိုလေးနက်လာမှုဖြင့် နားထောင်နေလေ၏။

နောက်ဆုံးတွင် သူသည် ယန်ချန်းဟိုင်ကို စကားမပြောနိုင်လောက်အောင် လက်မြှောက်အရှုံးပေးလိုက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။

"မင်း ဘာလုပ်နိုင်သေးလို့လဲ။ အခု မင်းမှာ ရွေးချယ်စရာ တစ်ခုပဲ ရှိတော့တယ်။ ယန်မိသားစုကို သခင်လေးလုရဲ့ စည်းကမ်းချက်တွေကို လက်ခံလာအောင် ဆွဲဆောင်ဖို့ မင်းရဲ့ စွမ်းရည်အားလုံးကို သုံးရမယ်လေ။

မဟုတ်ရင်တော့ ယန်မိသားစုအပေါ် ဘေးအန္တရာယ် သေချာပေါက် ကျရောက်လာလိမ့်မယ်"

လင်းကျိယွဲ့သည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ပြောလိုက်သည်။

သူ၏ ပြတ်သားသော လေသံကို ကြားသောအခါ ဤကောက်ချက်ချမှုဘက်သို့ ယိမ်းယိုင်နေပြီဖြစ်သော ယန်ချန်းဟိုင်သည် မမေးဘဲ မနေနိုင်တော့ချေ။ "ကျိယွဲ့... သခင်လေးလုက တကယ်ပဲ အဲဒီလောက်တောင် ကြောက်စရာကောင်းတာလား။ သူက မွေးရာပါနယ်ပယ်ကိုတောင် ကျော်လွန်သွားပြီလား"

မွေးရာပါနယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်သူ တစ်ဦးသာလျှင် သက်ရှိလူသား အများအပြားကို ချက်ချင်း ဖမ်းဆီးနိုင်လောက်အောင် ဤကဲ့သို့သော နတ်ဘုရားဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားများကို ကိုင်စွဲထားနိုင်မည် ဖြစ်သည်။

"ဒီလိုမေးခွန်းမျိုး မမေးနဲ့။ မင်းတို့ မိသားစုရဲ့ ဘိုးဘေးတစ်ယောက်က မကြာသေးမီကမှ မွေးရာပါနယ်ပယ်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတာကို ငါ သိတယ်။

ဒါပေမဲ့ ဘယ်လို ထင်ယောင်ထင်မှားဖြစ်မှုမျိုးမှ မထားနဲ့။ သခင်လေးလုရဲ့ ခွန်အားက မင်း စိတ်ကူးယဉ်နိုင်တာထက်တောင် ကျော်လွန်နေတယ်။

မင်းတို့ရဲ့ ခုမှ အဆင့်တက်လှမ်းထားတဲ့ ဘိုးဘေးတောင်မှ သခင်လေးလုရှေ့မှာဆို လေတိုက်ခံရတဲ့ ဖယောင်းတိုင်မီးလေးလောက်ပဲ ရှိမှာလေ"

လင်းကျိယွဲ့သည် အလွန်အမင်း လေးနက်စွာဖြင့် ပြောလိုက်၏။

"ဖယောင်းတိုင်မီးလို ငြိမ်းသွားမယ် ဟုတ်လား ကျိယွဲ့... မင်း ချဲ့ကားပြောနေတာ မဟုတ်ဘူးဆိုတာ သေချာလား"

ယန်ချန်းဟိုင်သည် သူ၏ သူငယ်ချင်းကို တွေဝေစွာဖြင့် စိုက်ကြည့်နေလေသည်။

"ငါက နောက်နေတယ်လို့ မင်း ထင်နေတာလား။ ငါက တကယ့်ကို အဲဒီအတိုင်း ဆိုလိုချင်တာပဲ။ သခင်လေးလုရဲ့ လက်ရှိ ခွန်အားနဲ့ဆိုရင် သူက မင်းတို့ရဲ့ ဘိုးဘေးကို အသက်တစ်ရှိုက်စာနဲ့တင် ငြိမ်းသွားအောင် လုပ်နိုင်တယ်"

ယန်ချန်းဟိုင်၏ မယုံကြည်နိုင်သော မျက်နှာအမူအရာကို မြင်သောအခါ၌ လင်းကျိယွဲ့သည် သက်ပြင်းချလိုက်၏။

ဤကဲ့သို့သော ပြောဆိုချက်မျိုးမှာ ယုံကြည်ရန် ခက်ခဲကြောင်း သူ နားလည်ပါ၏။

သို့သော် သူသည် အနည်းငယ်မျှတောင် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ချေ။

မွေးရာပါနယ်ပယ်မှာ အခြေခံအုတ်မြစ် တည်ဆောက်ရုံသာဖြစ်၏။

လက်ရှိ ကမ္ဘာလောကတွင် ယင်းကို ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သည့် အထွတ်အထိပ် အဆင့်တစ်ခုအဖြစ် သတ်မှတ်ခံရသော်လည်း လုချင်း၏အဆင့်မှာတော့ ရွှေအမြုတေအဆင့် ဖြစ်ပေသည်။

ထို့အပြင် သူသည် အလွန်တရာ အစွမ်းထက်လွန်းသဖြင့် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူများ သို့မဟုတ် အခြားကမ္ဘာလောကမှ သတ္တဝါများကိုပင် လွယ်ကူစွာ အနိုင်ယူနိုင်ပေ၏။

သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူ့အတွက်တော့ လေတစ်ချက်မှုတ်လိုက်ရုံမျှသာ။

အကယ်၍ ယန်မိသားစုသာ လုချင်းကို တကယ် ဒေါသထွက်စေခဲ့မည်ဆိုလျှင် မျိုးတုံးသတ်ဖြတ်ခံရခြင်းကသာ သူတို့၏ တစ်ခုတည်းသော ကံကြမ္မာ ဖြစ်သွားပေလိမ့်မည်။

All Chapters