အခန်း (၄၃၁-၄၃၂)
Vol. 44 Ch. 431-432
အခန်း ၄၃၁ - လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ခြင်း၊ သတိပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခြင်း
"အဲဒီမိစ္ဆာကောင်က တကယ်ပဲ ဘယ်သူများလဲ"
ဤအချိန်တွင် အကြီးအကဲ ကျင်းချုံး၏ ရုပ်သွင်မှာ လုံးဝကို သနားစရာအတိပင်။ သူ၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူရော်နေပြီး သူ့ခန္ဓာကိုယ်ရှိ အရိုးများထဲမှ အကောင်းပကတိ ကျန်ရှိနေသည်မှာ တစ်ခုမျှတောင် မရှိသလောက်ပင်။ သူ၏ ခန္ဓာကိုယ်မှာ မြေကြီးများနှင့် ရောနှောနေသော သွေးများဖြင့် ဖုံးလွှမ်းနေပြီး ညစ်ပတ်ပေရေနေလေ၏။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ယခင်က ခွန်အားနှင့် ခမ်းနားကြီးကျယ်မှုတို့မှာ အရိပ်အယောင်မျှပင် မကျန်တော့ချေ။
လုချင်း ပျောက်ကွယ်သွားသော နေရာဆီသို့ စိုက်ကြည့်နေစဉ်မှာပင် အကြီးအကဲ ကျင်းချုံး၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုများမှာ ကျန်ရစ်နေဆဲဖြစ်ပြီး ပျောက်ကွယ်သွားရန် ငြင်းဆန်နေ၏။
သိပ်ကို အစွမ်းထက်လွန်းတယ်။
ထိုဝိညာဉ်စွမ်းအား လက်ဖဝါးကြီး၏ အစွမ်းအာဏာမှာ လုံးဝကို ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ယင်းသည် ကောင်းကင်ကြီးကိုယ်တိုင် ဆင်းသက်လာသကဲ့သို့နှယ် ယင်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ပြိုင်ဘက်ကင်းသော လွှမ်းမိုးနိုင်စွမ်းဖြင့် အမှုန့်ကြိတ်ပစ်ခဲ့သည်။
ယခု ပြန်၍အမှတ်ရသွားသောအခါ၌ အကြီးအကဲ ကျင်းချုံးမှာ သူ၏ ခန္ဓာကိုယ် တုန်ရီနေခြင်းကို မရပ်တန့်နိုင်သေးချေ။ ၎င်းမှာ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်ဟု သူ ခံစားရပါ၏။ ကမ္ဘာလောကကြီး ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာသည်မှာ မကြာသေးမီကမှ ဖြစ်ပါလျက် အဘယ်ကြောင့် ဤမျှလောက် လွှမ်းမိုးနိုင်လွန်းသော ပုဂ္ဂိုလ်တစ်ဦးက ပေါ်လာရသနည်း။
အဲ့ဒီမိစ္ဆာကောင်ကလည်း ပြင်ပကမ္ဘာကလူများ ဖြစ်နေမလား။
သို့သော် သူသာ ဤကမ္ဘာလောကကို ကျော်လွန်၍ လာသူဖြစ်ပါက ရွှမ်ခုန်းဘုရားကျောင်းအပေါ် အဘယ်ကြောင့် ဤမျှ နက်ရှိုင်းသော ရန်ငြိုးများ ထားရှိပြီး သူတို့အား မျိုးတုံးသည်အထိ လိုက်လံသတ်ဖြတ်နေရသနည်း။
အကြီးအကဲ ကျင်းချုံးသည် အကြောင်းရင်းကို စဉ်းစား၍မရနိုင်သော်လည်း အချက်တစ်ချက်ကိုတော့ သူ နားလည်ထားလေ၏။
ဤကိစ္စကို ကျောင်းထိုင်ဆရာတော်ထံ ချက်ချင်း အစီရင်ခံရမည်သာ။
ကံမကောင်းစွာဖြင့် သူ၏ အတိဒုက္ခအတွက် ပြင်ဆင်ရန် ဆက်သွယ်ရေး အဆောင်အပါအဝင် သူ၏ ပိုင်ဆိုင်မှုများအားလုံးကို လုံခြုံစွာ သိမ်းဆည်းထားဖို့အတွက် အကြီးအကဲ ချီရှင်းထံ သူ ပေးအပ်ထားခဲ့သည်။ ယခုအခါ အကြီးအကဲ ချီရှင်း၏ အလောင်းမှာ မြေကြီးအောက် အနက်ရှိုင်းဆုံးနေရာတွင် မြုပ်နှံခံထားရသဖြင့် ပြန်၍ရယူရန် မဖြစ်နိုင်တော့ချေ။
အကြီးအကဲ ချီရှင်းနှင့် အခြားသူများကို တွေးမိသောအခါ၌ အကြီးအကဲ ကျင်းချုံး၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်လေးတစ်ခု လက်ခနဲ ပေါ်လာခဲ့လေသည်။ မိစ္ဆာကောင်၏ မိစ္ဆာဆန်သော နည်းစနစ်များမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။ ဤမျှ ကြီးမားလှသော အစွမ်းအာဏာအောက်တွင် အကြီးအကဲ ချီရှင်း သို့မဟုတ် အခြားသူများမှာ အသက်ရှင်ကျန်ရစ်နိုင်ရန် အခွင့်အရေး မရှိချေ။
သူ၏ ရွှေအမြုတေအဆင့် ကျင့်ကြံခြင်းနှင့် သူ၏ အသက်ချည်နှောင် ဝိညာဉ်လက်နက်ဖြစ်သော ရွှေခေါင်းလောင်းကို နောက်ဆုံးစက္ကန့်တွင် ကိုယ်တိုင်ဖျက်ဆီးလိုက်ခြင်းတို့ကိုသာ မလုပ်ခဲ့လျှင်၊ ထို့အပြင် မိစ္ဆာကောင်၏ အာရုံကို လှည့်စားရန်အတွက် သေဟန်ဆောင်သည့် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ခြင်းကိုသာ မလုပ်ခဲ့လျှင် သူသည်လည်း သေဆုံးသွားမည်ပင်။
သူ၏ ခန္ဓာကိုယ်ကို အားယူ၍ ထူမလိုက်ရင်း အကြီးအကဲ ကျင်းချုံးသည် သူ့အတွင်းရှိ မှေးမှိန်ကာ ကွဲအက်လုနီးပါးဖြစ်နေသော ဝိညာဉ်စွမ်းအား ရွှေအမြုတေကို အသက်သွင်းလိုက်တော့၏။ ထို့နောက် ဝိညာဉ်စွမ်းအား ကြိုးမျှင်လေးတစ်ခုကို အတင်းအကျပ် ထုတ်ယူလိုက်ပြီး သူ၏ ဒဏ်ရာများကို ကုသရန် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူလိုက်လေသည်။
သူ၏ ဒဏ်ရာများမှာ ပြင်းထန်လှသဖြင့် ချက်ချင်း ပြန်၍ကောင်းမွန်လာရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက လျှို့ဝှက်နယ်မြေကို ဖွင့်ရန် မဖြစ်နိုင်ရုံသာမက သူ၏ ကျင့်ကြံခြင်းအဆင့်ပင် ကျဆင်းသွားနိုင်ပေ၏။
ထို့အပြင် သူ လျင်မြန်စွာ လှုပ်ရှားရမည်ပင်။ အကြီးအကဲ ချီရှင်းနှင့် အခြားသူများ သေဆုံးသွားပြီဖြစ်ရာ သူတို့၏ ဝိညာဉ်ကျောက်ပြားများလည်း ငြိမ်းသွားလောက်ပြီပင်။ ထို့ပြင် ဘုရားကျောင်းအတွင်း၌ ရှုပ်ထွေးမှုများလည်း ဖြစ်ပေါ်နေလောက်ပြီ ဖြစ်၏။ အကယ်၍ သူသာ မြန်မြန် မပြန်လျှင် အကျိုးဆက်များမှာ ဆိုးရွားလှပေလိမ့်မည်။
လွှမ်းမိုးနိုင်လွန်းသော အရေးတကြီးဖြစ်မှုဖြင့် တွန်းအားပေးခံရကာ အကြီးအကဲ ကျင်းချုံးသည် သူ့စိတ်ကို ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသည့်အလား အာရုံစိုက်လိုက်ပြီး သူ့ကိုယ်သူ ကုသရန်အတွက် ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် ဆွဲယူနေလေ၏။
ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ ပြန်၍ကောင်းမွန်နိုင်စွမ်းမှာ တကယ့်ကို မှတ်သားလောက်ဖွယ် ဖြစ်ပေသည်။ နာရီဝက်ခန့် ကုသပြီးနောက် အကြီးအကဲ ကျင်းချုံးသည် သူ၏ ဒဏ်ရာများ သိသိသာသာ တည်ငြိမ်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ ကွဲအက်လုနီးပါးဖြစ်နေသော ဝိညာဉ်စွမ်းအား ရွှေအမြုတေမှာလည်း တည်ငြိမ်မှုအချို့ ပြန်၍ရရှိလာပြီး သူ့အား သူ၏ စွမ်းအားအနည်းငယ်ကိုပင် အသုံးပြုခွင့် ပေးလာခဲ့လေသည်။
လှုပ်ရှားနိုင်ရန် သီသီလေးသာ စွမ်းဆောင်နိုင်တော့သည်ဟု ခံစားရရင်း အကြီးအကဲ ကျင်းချုံးသည်လည်း နောက်ထပ် အချိန်ဆွဲရန် မဝံ့ရဲတော့ချေ။ သူ၏ စွမ်းအားများကို ထုတ်သုံးကာ လေထဲသို့ ပျံတက်သွားပြီး တိကျသော နေရာတစ်ခုဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့၏။
နောက်ဆုံးတွင်တော့ သူသည် တောင်ထွတ်နှစ်ခု ပေါင်းဆုံရာမှ ဖြစ်ပေါ်နေသော သဘာဝ တံခါးပေါက်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာမှ ရှေးဟောင်း၊ နက်ရှိုင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေပြီး ဝိညာဉ်စွမ်းအင်နှင့် ကမ္ဘာမြေ စွမ်းအင်နှစ်ခုစလုံးက ဤနေရာတွင် သဲ့သဲ့လေး ပေါင်းဆုံနေကြလေသည်။
တံခါးပေါက်ရှေ့တွင် လွင့်မျောနေရင်း အကြီးအကဲ ကျင်းချုံးသည် တံခါးပေါက်အတွင်းရှိ နေရာလွတ်နှင့် ပဲ့တင်ထပ်ဖို့ရန် သူ၏ ဝိညာဉ်စွမ်းအားကို ပို့လွှတ်ရင်း လက်နှစ်ဖက်စလုံးဖြင့် ရှုပ်ထွေးသော လက်သင်္ကေတများကို ပြုလုပ်လိုက်၏။
လက်သင်္ကေတများကို ဆက်လက်လုပ်နေစဉ် တံခါးပေါက်၏ အလယ်တွင် နေရာလွတ် လှိုင်းဂယက်များ စတင်ပေါ်ထွက်လာခဲ့သည်။ ဖြည်းညင်းစွာဖြင့် လှည့်ပတ်နေသော နေရာလွတ် ဝဲကတော့ကြီးတစ်ခု ပေါ်လာခဲ့ကာ တဖြည်းဖြည်းချင်း တည်ငြိမ်သွားလေ၏။
နေရာလွတ် ဝဲကတော့ကြီး အပြည့်အဝ ဖွဲ့စည်းသွားသောအခါ အကြီးအကဲ ကျင်းချုံးသည် သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်သည်။ ပြင်းထန်စွာ ဒဏ်ရာရထားပြီးဖြစ်ရာ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ကို ဖွင့်ရန် အားထုတ်မှုက မကြာသေးမီကမှ သူ ပြန်ပြီးရရှိထားသော ဝိညာဉ်စွမ်းအား အများအပြားကို ကုန်ခမ်းသွားစေခဲ့ပါ၏။
ဒါပေမဲ့ နောက်ဆုံးတော့ ပွင့်သွားခဲ့ပြီပင်။
သက်ပြင်းတစ်ချက်ချလိုက်ပြီး အကြီးအကဲ ကျင်းချုံးသည် နေရာလွတ် ဝဲကတော့ကြီးအတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်လေသည်။ သို့သော် သူ၏ ခန္ဓာကိုယ် ရွေ့လျားသွားသည့် အချိန်လေးမှာပင် သူ အေးခဲသွားခဲ့လေ၏။ အစွမ်းထက်သော ဖိနှိပ်မှုစွမ်းအားကြီးတစ်ခုက သူ့ကို လွှမ်းခြုံသွားပြီး သူ့ကို လှုပ်ရှား၍မရအောင် ပြုလုပ်လိုက်၏။
"ဒါက ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ပေါ့လေ။ မျှော်လင့်ထားသလောက်တော့ ကောင်းကောင်း ဖုံးကွယ်မထားဘူးပဲ"
အနောက်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသောအခါ၌ အကြီးအကဲ ကျင်းချုံး၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့တော့၏။ တစ်ဆက်တည်းမှာပဲ သူ ချက်ချင်း မှတ်မိသွားသည်။
အဲဒါ ဟိုမိစ္ဆာကောင်ရဲ့ အသံပဲ
သူ မတုံ့ပြန်နိုင်မီမှာပင် သူ့ခေါင်းပေါ်သို့ လက်တစ်ဖက် ဖိချလိုက်သည်ကို သူ ခံစားလိုက်ရသည်။ ထို့နောက်၌ ဖော်ပြ၍မရနိုင်လောက်အောင် အစွမ်းထက်သော ဝိညာဉ်စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး ရေစီးကြောင်း နှစ်ခုအဖြစ် ကွဲထွက်သွားကာ သူ၏ ချီပင်လယ်၊ ဝိညာဉ်စွမ်းအား ရွှေအမြုတေနှင့် မျက်ခုံးကြားနေရာကိုပင် ပိတ်ဆို့လိုက်၏။
အကြီးအကဲ ကျင်းချုံး၏ ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်ခွန်အားတို့မှာ လုံးဝ ချိတ်ပိတ်ခံလိုက်ရသဖြင့် လုံးဝကို စွမ်းအားမဲ့သွားစေခဲ့သည်။
ထိုစဉ် သူ့ဘေးတွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုသည်မှာ လုချင်းမှလွဲ၍ အခြားသူ မဟုတ်။
အကြီးအကဲ ကျင်းချုံး၏ မျက်လုံးများထဲရှိ မယုံကြည်နိုင်မှုများကို မြင်သောအခါ လုချင်းက သဲ့သဲ့လေး ပြုံးလိုက်၏။ "ထိပ်ပြောင် ဘုန်းကြီးအိုကြီး... ကျောက်တုံးတွေအောက်မှာ ခင်ဗျား သေဟန်ဆောင်နေတာကို ကျုပ် သတိမထားမိဘူးလို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား။ ခင်ဗျားတို့ရဲ့ ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေရဲ့ ဝင်ပေါက်ကို ရှာတွေ့ဖို့အတွက် ခင်ဗျားကို အချိန်နည်းနည်းလောက် ပိုပြီးအသက်ရှင်ခွင့်ပေးထားရုံပဲ"
လုချင်း၏ရည်ရွယ်ချက်အစစ်အမှန်ကို ရုတ်တရက် သဘောပေါက်သွားသောအခါ၌ အကြီးအကဲ ကျင်းချုံး၏ မျက်လုံးများမှာ ကြောက်ရွံ့မှုကြောင့် ပို၍ပင်ပြူးကျယ်သွားခဲ့တော့၏။
အကြီးအကဲ ကျင်းချုံး၏ မျက်နှာအမူအရာရှိ ထိတ်လန့်မှုများကို မြင်သောအခါ လုချင်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ခင်ဗျား ခန့်မှန်းတာ မှန်တယ်။ ကျုပ် ရွှမ်ခုန်းဘုရားကျောင်းကို အပြီးတိုင်ချေမှုန်းပြီး ဒီကမ္ဘာလောကကနေ ဖျောက်ဖျက်ပစ်မလို့ပဲ"
အကြီးအကဲ ကျင်းချုံး၏ ဒေါသတကြီး စူးစိုက်ကြည့်နေမှုကို လျစ်လျူရှုကာ လုချင်းသည် သူ့ကို ခေါင်းမှ ကိုင်ဆွဲပြီး လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ဆီသို့ အာရုံစိုက်လိုက်၏။ ချက်ချင်း အန္တရာယ်မရှိကြောင်း အတည်ပြုရန် သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုများဖြင့် ခေတ္တမျှ စစ်ဆေးပြီးနောက်၌ လုချင်းသည် အကြီးအကဲ ကျင်းချုံးကို ဆွဲခေါ်ကာ နေရာလွတ် ဝဲကတော့ကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။
...
ပတ်ဝန်းကျင်ရှိ ရှုခင်းများ ပြောင်းလဲသွားပြီး တောက်ပလာသောအခါ၌ လုချင်း၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုမှာ အပြင်ဘက်သို့ ချက်ချင်းပင်ပျံ့နှံ့သွားလေ၏။ လက်လှမ်းမီနိုင်လောက်အောင် နီးကပ်နေပုံရသော တိမ်များ ဝန်းရံထားလျက်၊ ကျောက်စိမ်းခင်းထားသည့် ကြီးမားသော စင်မြင့်ကြီးတစ်ခုပေါ်တွင် သူ ရပ်နေသည်ကို သူ တွေ့ရှိလိုက်ရသည်။ အောက်ဘက်တွင်မူ ကျယ်ပြန့်သော မြေပြင်ကြီး ရှိနေလေ၏။
သူသည် ကြီးမားလှသော လွင့်မျောနေသည့် တောင်ကြီးတစ်ခုပေါ်တွင် ရပ်နေခြင်း ဖြစ်သည်။
"ရွှမ်ခုန်းဘုရားကျောင်းဆိုတဲ့ နာမည်က ဒီကနေ ဆင်းသက်လာတာများလား" သူ တွေးလိုက်မိ၏။
"ကျင်းချုံး အကြီးအကဲချုပ်... ဘာ... ဘာဖြစ်သွားတာလဲ"
တုန်ရီနေသော အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။ လှည့်ကြည့်လိုက်ရာ လုချင်းသည် လူလတ်ပိုင်း ဘုန်းကြီးနှစ်ပါးက သူနှင့် အညံ့ခံထားရသော အကြီးအကဲ ကျင်းချုံးအား ကြောက်ရွံ့စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရတော့၏။
ကံမကောင်းစွာဖြင့် သူတို့၏ မေးခွန်းမှာ အဖြေမရနိုင်ရန် ကံကြမ္မာဖန်တီးထားပြီးသားပင်။ အကြီးအကဲ ကျင်းချုံး၏ ချီပင်လယ်၊ ရွှေအမြုတေနှင့် သူ၏ သွေးကြောများအားလုံးမှာ ပိတ်ဆို့ခံထားရသဖြင့် သူ့ကို စကားမပြောနိုင်အောင်လုပ်ထားသည့်အပြင်ကိုမှ ဝိညာဉ်ချင်း ဆက်သွယ်၍ပင် မရအောင် ပြုလုပ်ထားလေ၏။ ထို့ကြောင့် သူတို့အား သတိပေးရန် ကြိုးစားသည့်အနေဖြင့် မျှော်လင့်ချက်မဲ့နေသော အကြည့်တစ်ချက်ကိုသာ သူ ပြသနိုင်လေသည်။
ဘုန်းကြီးများသည် သူ့အကြည့်ကို အဓိပ္ပာယ်မဖော်နိုင်သော်လည်း အခြေအနေကို လျင်မြန်စွာ ကောက်ချက်ချလိုက်ကြ၏။ အကြီးအကဲ ကျင်းချုံးကို ကိုင်ထားသော ပုံရိပ်မှာ ယခုအခါ ရွှမ်ခုန်းဘုရားကျောင်းတစ်ဝိုက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော သရဲမျက်နှာဖုံးကို တပ်ဆင်ထားလေသည်။
ဘုန်းကြီးတစ်ပါးမှာ လျင်မြန်စွာဖြင့် တုံ့ပြန်လိုက်ပြီး အနီးအနားရှိ ကြီးမားသော ရှေးဟောင်း ခေါင်းလောင်းကြီးဆီသို့ ပြေးသွားတော့၏။ ပြီးနောက်၌ သူ၏ သွေးစွမ်းအင်များကို ထည့်သွင်းကာ ခေါင်းလောင်းထိုးတံကို ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိုးချလိုက်တော့သည်။
ဒေါင်
ဟိန်းထွက်သွားသော ယင်းအသံကြီးက မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှမ်ခုန်းဘုရားကျောင်း လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေတော့၏။
ဤဖြစ်ရပ်ကို ကြည့်နေရင်း အကြီးအကဲ ကျင်းချုံးသည် မျှော်လင့်ချက်မဲ့စွာဖြင့်သာ သူ၏ မျက်လုံးများကို မှိတ်လိုက်လေတော့၏။
...
အခန်း ၄၃၂ - ဦးခေါင်းခွံကို ချေမှုန်းခြင်း။
ကြီးမားလှသော ခေါင်းလောင်းသံကြီးသည် ရွှမ်ခုန်းဘုရားကျောင်း၏ လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလေသည်။
အကြီးအကဲချုပ်များစွာ၏ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေပြီဖြစ်သောတောင်ပေါ်တွင် ဤရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် ခေတ္တမျှ မှင်သက်သွားကြ၏။
ခေါင်းလောင်းသံ၏ အရင်းအမြစ်ကို သူတို့ လျင်မြန်စွာဖြင့်ပဲ သဘောပေါက်လိုက်ကြသည်။ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ရှိ သတိပေးခေါင်းလောင်းကြီးကို ထိုးလိုက်ခြင်းပင်။
ထိုခေါင်းလောင်းသံ ထွက်ပေါ်လာရမည့် အကြောင်းရင်း တစ်ခုတည်းသာ ရှိ၏။ ပြင်ပမှ ကျူးကျော်ဝင်ရောက်လာခြင်းပင်။
ခုခံရန် မဖြစ်နိုင်လောက်အောင် အစွမ်းထက်သော ရန်သူတစ်ဦးက လျှို့ဝှက်နယ်မြေကို ဖောက်ထွင်းဝင်ရောက်လာမှသာ ခေါင်းလောင်းကို ထိုးလေ့ရှိပြီး ယင်းက ရွှမ်ခုန်းဘုရားကျောင်း တစ်ခုလုံး အမြင့်ဆုံး သတိပေးချက် အခြေအနေသို့ ဝင်ရောက်ရန် လိုအပ်ကြောင်း အချက်ပြနေခြင်း ဖြစ်သည်။
သို့သော် ထိုခေါင်းလောင်းမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်တစ်ခါမျှတောင် ခေါင်းလောင်းမထိုးခံခဲ့ရဖူးချေ။
အမှန်တကယ်တော့ လျှို့ဝှက်နယ်မြေအတွင်းရှိ ဘုန်းကြီးအများစုမှာ ယင်း၏ ဒဏ္ဍာရီကိုသာ ကြားဖူးကြပြီး အသံကိုတော့ တစ်ခါမျှ မကြားဖူးခဲ့ကြချေ။
ရွှမ်ခုန်းဘုရားကျောင်း၏ ကြီးမားလှသော အရင်းအမြစ်များနှင့် ပြိုင်ဘက်ကင်းသော စွမ်းအားတို့ကို ထောက်ရှုပါက လျှို့ဝှက်နယ်မြေကို ကျူးကျော်ရန်မဆိုထားနှင့်၊ ဤကမ္ဘာလောကတွင် မည်သူကများ သူတို့ကို ခြိမ်းခြောက်နိုင်မည်နည်း။
အဓိက လျှို့ဝှက်နယ်မြေ လေးခုကြားရှိ ကြီးမားသော ပဋိပက္ခတစ်ခုအတွင်း လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်က ခေါင်းလောင်းသံကို နောက်ဆုံးအကြိမ် ကြားခဲ့ရသည်ဟု ဆိုကြသည်။
သရဲမျက်နှာဖုံးရှင်သည် တပည့်များစွာကို သတ်ဖြတ်ခဲ့ပြီး ရွှမ်ခုန်းဘုရားကျောင်းအား အရှက်တကွဲဖြင့် သူတို့၏ လျှို့ဝှက်နယ်မြေအတွင်းသို့ ဆုတ်ခွာသွားရန် ဖိအားပေးခဲ့ချိန်တွင်ပင် ထိုအရှက်ရမှုများ ရှိနေသော်ငြား ခေါင်းလောင်းမှာ တိတ်ဆိတ်နေခဲ့ဆဲပင်။
သို့သော် ယခုအခါတွင်တော့ ခေါင်းလောင်းမှာ တစ်ဖန် ပြန်ပြီးအထိုးခံရလေပြီပင်။ မည်မျှလောက်အထိတောင် ကြီးမားသောအခြေအနေကြီးက တောင်ကြီးကို ဤအခြေအနေအထိ တွန်းပို့ခဲ့သနည်း။
ခေတ္တမျှ ရွှမ်ခုန်းဘုရားကျောင်းတစ်ဝိုက်ရှိ ဘုန်းကြီးများမှာ အံ့သြမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ရောနှောနေကြပြီး ဖြစ်ပျက်နေသည်များကို နားလည်နိုင်စွမ်း မရှိခဲ့ကြချေ။
သို့သော် သူတို့ထဲမှ အချို့မှာ လျင်မြန်စွာပင် စိတ်တည်ငြိမ်သွားကြပြီး လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်ရှိ စင်မြင့်ဆီသို့ အပြေးအလွှား သွားကြတေယ့၏။
...
"မျှော်စင်သခင်... ရွှမ်ခုန်းဘုရားကျောင်းအထက်မှာ ဘာတွေဖြစ်နေတာလဲ"
မြေကြီးအောက် အနက်ရှိုင်းဆုံးနေရာ၊ ဝူကျန့်မျှော်စင်၏ စခန်းချရာနေရာအတွင်း၌ အကြီးအကဲယွဲ့က စိုးရိမ်တကြီးဖြင့် မေးလိုက်ပြီး သူ၏ အသံမှာ တုန်ရီနေလေသည်။
ခေါင်းလောင်းသံ၏ အဓိပ္ပာယ်ကို သူ နားမလည်သော်လည်း နက်ရှိုင်းသော စိုးရိမ်ပူပန်မှုတစ်ခုကတော့ သူ၏ နှလုံးသားကို ကိုက်ခဲစေနေပြီပင်။
"ငါလည်း မသိဘူး"
မျှော်စင်သခင်၏ မျက်လုံးများတွင် အမည်းရောင် အလင်းတန်း သဲ့သဲ့လေး တောက်ပနေပြီး အထက်သို့ စိုက်ကြည့်နေ၏။
သို့သော် သူ၏ ဂါထာမန္တန်မှာ ရွှမ်ခုန်းဘုရားကျောင်းကို ကာကွယ်ထားသော ဝင်္ကပါ တိမ်တိုက်များကို ဖောက်ထွင်းသွားရန် မလုံလောက်သဖြင့် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ ခွဲခြား၍မရနိုင်ခဲ့ချေ။ သို့တိုင်အောင် အထက်ရှိ တောင်ပေါ်တွင် ရှုပ်ထွေးမှုများ ရှိနေသည်ဟူသော လွှမ်းမိုးနိုင်လွန်းသည့် ခံစားချက်တစ်ခုက သူ့ကို အလွန်အမင်း စိတ်မအေးဖြစ်စေခဲ့၏။
ကံမကောင်းစွာဖြင့် သူ၏ မကြာသေးမီက အဆင့်တက်မှုများ ရှိနေသော်ငြား သူသည် ပျံသန်းနိုင်စွမ်း မရှိသေးသဖြင့် အခြေအနေကို စုံစမ်းရန် နည်းလမ်းမရှိခဲ့ချေ။
...
"မိစ္ဆာကောင်၊ အကြီးအကဲ ကျင်းချုံးကို အခုချက်ချင်း လွှတ်ပေးလိုက်စမ်း။ ရွှမ်ခုန်းဘုရားကျောင်းက ကျွမ်းကျင်သူတွေ ရောက်လာတဲ့အခါကျ မင်း သေချာပေါက်ကို ကြောက်စရာကောင်းတဲ့ သေဆုံးမှုနဲ့ သေရလိမ့်မယ်။"
သတိပေးခေါင်းလောင်းကို အောင်မြင်စွာ ထိုးလိုက်နိုင်သော လူလတ်ပိုင်း ဘုန်းကြီးသည် ယုံကြည်မှုအသစ်ဖြင့် လုချင်းအား အော်ဟစ်လိုက်သည်။
လုချင်းကတော့ သူ့ကို ပေါ့ပေါ့ပါးပါးသာ ကြည့်လိုက်၏။ သို့ရာတွင် ဘုန်းကြီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်သို့ လွင့်စင်သွားစဉ် ပါးစပ်မှ သွေးများပင် ပန်းထွက်လာတော့၏။
သူ၏ ခန္ဓာကိုယ်မှာ ကြီးမားလှသော ခေါင်းလောင်းကြီးကို ဝင်တိုက်မိသွားပြီး နားကွဲမတတ် အသံကြီးတောင် ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက်၌ သူသည် မြေကြီးပေါ်သို့ လဲကျသွားပြီး နောက်ထပ် အသံတစ်သံမျှပင် မထွက်နိုင်တော့ဘဲ သေကိန်းဆိုက်သွားရတော့၏။
"အကြီးအကဲ မင်ယိ"
ကျန်ရှိနေသော လူလတ်ပိုင်း ဘုန်းကြီးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း သူ၏ ခေါ်သံများမှာ အချည်းနှီးသာ။ သူ၏အဖော်မှာတော့ တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။
မွေးရာပါနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် လုချင်း၏ ရွှေအမြုတေအဆင့် စွမ်းအားမှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်လွန်းသည့် အငွေ့အသက်ကို တိုက်ရိုက် ခံလိုက်ရခြင်း ဖြစ်သည်။ ရှင်သန်နိုင်ရန် မဖြစ်နိုင်ချေ။
ဤအရာကို သဘောပေါက်သွားသောအခါ၌ အသက်ရှင်ကျန်ရစ်သော ဘုန်းကြီးမှာ ကြောက်ရွံ့စွာဖြင့် နောက်ဆုတ်သွားပြီး မြေကြီးပေါ်တွင် တယိမ်းတယိုင်ဖြစ်သွားကာ "မိစ္ဆာကောင်... မိစ္ဆာကောင်..." ဟု ရေရွတ်နေလေသည်။
လုချင်းသည် သူ့ကို အဆုံးသတ်ပေးခြင်းမှ ရှောင်ကြဉ်လိုက်၏။ ထိုစဉ် အငွေ့အသက်များစွာ စင်မြင့်ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူ အာရုံခံမိလေသည်။
မကြာမီမှာပင် ပုံရိပ်တစ်ခုက စင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
"ညီလေး မင်ဟွေ့... ဘာမိစ္ဆာကောင်လဲ။ သတိပေးခေါင်းလောင်းကို ဘာလို့ ထိုးရတာလဲ။ ပြီးတော့ အစ်ကို မင်ယိ ဘာဖြစ်သွားတာလဲ"
အသစ်ရောက်လာသူက ချက်ချင်း မေးလိုက်သော်လည်း ခေါင်းလောင်းအနီးရှိ သက်မဲ့ခန္ဓာကိုယ်ပေါ်သို့ သူ၏ အကြည့် ရောက်သွားသောအခါ၌ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။
နောက်ထပ် ပုံရိပ်များ ပေါ်လာပြီးနောက်တွင်တော့ ထိုနေရာကို တစ်ယောက်ပြီးတစ်ယောက် ဝန်းရံလာကြတော့သည်။
"ညီလေး မင်ဟွေ့... ဒီမှာ ဘာဖြစ်သွားတာလဲ"
"အစ်ကို မင်ယိ"
ဘုန်းကြီးများသည် မင်ယိ၏ အလောင်းကို အလိုလိုပင် အရင်ဆုံး သတိပြုမိလိုက်ကြ၏။
မင်ဟွေ့မှာတော့ တိတ်ဆိတ်နေပြီး သူ၏ အကြည့်မှာ မလျော့ပါးသော ကြောက်ရွံ့မှုများဖြင့် လုချင်းအပေါ်တွင်သာ စူးစိုက်နေလေသည်။
အခြားဘုန်းကြီးများကလည်း သူ၏ အကြည့်လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ နောက်ဆုံးတွင်တော့ လုချင်းကို မြင်တွေ့လိုက်ရတော့၏။
သရဲမျက်နှာဖုံးရှင်ပဲ
ပြီးတော့ အကြီးအကဲ ကျင်းချုံးပါလား
ဘုန်းကြီးများမှာ အံ့အားသင့်မှုကြောင့် အသက်ရှူပင်မှားသွားကြတော့၏။
...
ထိုအခိုက်၌ လုချင်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေပြီး သူ့ကို ဝန်းရံလာသော ဘုန်းကြီးများကို အကဲခတ်ကြည့်နေလေသည်။
သူ၏ ဝိညာဉ်ရေးရာ အာရုံခံစားမှုမှတစ်ဆင့် ဤဘုန်းကြီးများစွာမှာ အစွမ်းထက်ကြောင်း သူ သိမြင်နိုင်ခဲ့ပါ၏။ အနည်းဆုံး လူတစ်ရာခန့်မှာ မွေးရာပါနယ်ပယ် ကျင့်ကြံသူများဖြစ်ပြီး အခြားသူများစွာမှာတော့ အခြေတည်အဆင့်တွင် ရှိကြသည်။
မသေမျိုးခေတ်အထိ နောက်ကြောင်းပြန်လှည့်နိုင်သော အမွေအနှစ်ရှိသည့် ဂိုဏ်းတစ်ခုအနေဖြင့် မျှော်လင့်ထားသည့်အတိုင်း သူတို့၏ အခြေခံအုတ်မြစ်မှာ တကယ်ကို နက်ရှိုင်းလှပေသည်။
ဘုန်းကြီးများ ပိုပို၍ရောက်ရှိလာပြီး သူ့ကိုဆန့်ကျင်ရန် ဝင်္ကပါတစ်ခု ဖွဲ့စည်းနေသော်လည်း လုချင်းကတော့ တုပ်တုပ်ပင်မလှုပ်။
ထိုအစား သူသည် သူ၏ အကြည့်ကို တောင်ထိပ်ဆီသို့ ပင့်မလိုက်ရာ ထိုနေရာတွင် အစွမ်းထက်သော တည်ရှိမှုတစ်ခု ပုန်းအောင်းနေသည်ကို သူ အာရုံခံမိလိုက်၏။
ထိုလူသည် ရွှေအမြုတေအဆင့် အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု သတင်းထွက်နေသော ကျောင်းထိုင်ဆရာတော်ပဲ ဖြစ်ရမည်။
လောလောဆယ်တွင်တော့ ကျောင်းထိုင်ဆရာတော်သည် လှုပ်ရှားရန် ဝန်လေးနေပုံရပြီး အခြေအနေကို ထပ်မံအကဲဖြတ်ရန် စောင့်ဆိုင်းနေပုံပင်။
လုချင်းသည် တိတ်တိတ်လေး ရယ်မောလိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် ဝင်္ကပါများ ပြင်ဆင်နေသော ဘုန်းကြီးများကို လှမ်းကြည့်လိုက်၏။
ရုတ်တရက် သူက ပြောလိုက်သည်။
"ထိပ်ပြောင် ဘုန်းကြီးအိုကြီး... ခင်ဗျားက လိပ်တစ်ကောင်လို တကယ်ပဲ ပုန်းနေတော့မလို့လား။ ခင်ဗျားရဲ့ တပည့်တစ်ယောက်ချင်းစီတိုင်းကို ကျုပ် သတ်ပစ်ပြီး ရွှမ်ခုန်းဘုရားကျောင်းကို ဖျက်ဆီးပစ်မှာကို ခင်ဗျား မကြောက်ဘူးလား"
တောင်ထိပ်ရှိ အစွမ်းထက်သော တည်ရှိမှုမှာ လှုပ်ရှားခြင်း မရှိချေ။
ထိုစဉ် ဘုန်းကြီးတစ်ပါးသည် သူ့ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ပြန်ပြီးအော်ဟစ်လိုက်လာ၏။ "မိစ္ဆာကောင်၊ မင်းရဲ့ မာနထောင်လွှားမှုတွေကို ရပ်လိုက်စမ်း။ အကြီးအကဲ ကျင်းချုံးကို အခုချက်ချင်း လွှတ်ပေး၊ မဟုတ်ရင် မင်း ကြောက်စရာကောင်းတဲ့ သေဆုံးမှုမျိုးနဲ့ သေရလိမ့်မယ်"
"ဒီထိပ်ပြောင် ဘုန်းကြီးအိုကြီးကို ပြောတာလား"
လုချင်းသည် အားလုံးမြင်တွေ့နိုင်ရန် အကြီးအကဲ ကျင်းချုံးကို မြှောက်ပြလိုက်၏။
တစ်ချိန်က ရိုသေလေးစားခံခဲ့ရသော အကြီးအကဲချုပ်တစ်ဦးကို ယခုအခါ ကျိုးပဲ့နေသော ရုပ်သေးရုပ်လေးတစ်ခုအလား ဆုပ်ကိုင်ခံထားရသည်ကို မြင်ရခြင်းက ဘုန်းကြီးများကို ဝမ်းနည်းမှုနှင့်တကွ ဒေါသတို့ဖြင့်တောင် ပြည့်နှက်သွားစေခဲ့သည်။
အကြီးအကဲ ကျင်းချုံးကိုယ်တိုင်အတွက်တော့ အရှက်ရမှုမှာ မခံမရပ်နိုင်အောင် ဖြစ်နေလေသည်။ ဂိုဏ်းအတွင်းရှိ သူ၏ လေးစားခံရသော နေရာမှ ယခုကဲ့သို့ အရှက်ခွဲခံရမှုအထိ ရောက်ရှိသွားခြင်းက သူ့ကို ဒေါသထွက်စေခဲ့သည်။
သူ၏ စွမ်းအားများကို ပိတ်ဆို့ထားသော ဖိနှိပ်မှုသာ မရှိခဲ့လျှင် လုချင်းနှင့်အတူ သေဆုံးရန် သူ၏ ရွှေအမြုတေကို သူ ကိုယ်တိုင်ဖျက်ဆီးပစ်မည်ပင်။
"အကြီးအကဲချုပ်ကို လွှတ်ပေးစမ်း" ဘုန်းကြီးတစ်ပါးက ထပ်မံအော်ဟစ်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ လှုပ်ရှားရန် မဝံ့ရဲကြချေ။
လုချင်းသည် တောင်ထိပ်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို အာရုံခံမိပြီး နှာခေါင်းရှုံ့လိုက်၏။
"ခင်ဗျားက ကိုယ့်ကိုကိုယ် ကိုယ်ထင်မပြဘူးဆိုမှတော့ ခင်ဗျားရဲ့ တပည့်တွေကို မျိုးတုံးသတ်ဖြတ်ပြီး ရွှမ်ခုန်းဘုရားကျောင်းရဲ့ အမွေအနှစ်ကို ဖြတ်တောက်တာကနေပဲ ကျုပ် စလိုက်တော့မယ်။ ပြီးရင် ခင်ဗျား ထွက်လာမလား၊ မလာဘူးလားဆိုတာ ကြည့်ကြသေးတာပေါ့"
ထိုသို့ပြောပြီးနောက်၌ သူသည် အကြီးအကဲ ကျင်းချုံး၏ ဦးခေါင်းခွံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရွံရှာဖွယ် အသံတစ်ခုနှင့်အတူ ချေမှုန်းပစ်လိုက်လေတော့၏။
....